ရက္ေဂးဂီတရဲ႕ ဖခင္ျကီး (သို႔) ဂီတျဖင့္ ျငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ခဲ့သူ

Posted on

ေရးသားသူ – Htet Wa Na

“မင္​းက ​ေျပာ​ေတာ့ မိုးကို ခ်စ္​တယ္​တဲ့…။
ဒါ​ေပမယ္​့… မိုးရြာရင္​ ထီး​ေဆာင္​းၿပီး လမ္​း​ေလ်ွာက္​တယ္​။

မင္​းက ​ေန​ေရာင္​ျခည္​ကို ခ်စ္​တယ္​တဲ့…။
ဒါ​ေပမယ္​့… ​ေနပူရင္​ အရိပ္​ လိုက္​႐ွာတယ္​။

မင္​းက ​ေလ​ေျပ​ေလညႇင္​း​ေလး​ေတြကို ခ်စ္​တယ္​ ​ေျပာတယ္​…။
ေလတိုက္​​ေတာ့လည္​း ျပတင္​း​ေပါက္​​ေတြကို ပိတ္​ပစ္​တယ္​။

ဒါ​ေၾကာင္​့… မင္​း ငါ့ကို ခ်စ္​တယ္​လို႔ ​ေျပာတုန္​းက ငါ အရမ္​း​ေၾကာက္​ခဲ့မိတယ္​ ခ်စ္​သူ”
[BOB MARLEY]

“အမုန္းတရားထက္ ၿငိမ္းခ်မ္းျခင္းကသာ ေအာင္နိုင္တဲ့ တိုက္ပြဲေတြကို ဖန္တီး​ေပးတယ္။ ေသနတ္နဲ႔ ၿငိမ္းခ်မ္းေရး ယူတာက စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ဘယ္ေတာ့မွ မျဖစ္လာဘူး”
[BOB MARLEY]

ဒုတိယကမာၻစစ္ဒဏ္ကို အလူးအလဲ ခံခဲ့ရတဲ့ ဂ်ေမကာနိုင္ငံ Nine Mile မွာေပါ့။ အခ်ိန္အားျဖင့္ ၁၉၄၅ခုႏွစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႕မွာ Bob ကို ​​ေမြးဖြားခဲ့ပါတယ္။

အသက္အ႐ြယ္ ၾကီးလြန္းတဲ့ မိဘေတြကေန ​ေမြးဖြားခဲ့တဲ့ Bob ဟာ ဂ်ေမကာ အဂၤလန္ အစပ္မ်ိဳးႏြယ္ကေန ဆင္းသက္လာတယ္လို႔ ​ေျပာရမယ္။ အရမ္းလည္း မျဖဴသလို အရမ္းလည္း မမည္းဘူး။ အေဖက အသက္ ၆၀ ေက်ာ္ေနၿပီ။ ဒီေတာ့ သားျဖစ္သူဟာ အဖိုးအ႐ြယ္ ဖခင္ရဲ႕ တယုတယ ခ်စ္ျခင္းေတြၾကား အလိုလိုက္ ခံခဲ့ရပါတယ္။ Bob ေက်ာင္းစေနတဲ့ အ႐ြယ္မွာ ဒီကိစၥေၾကာင့္ အဟားခံရတယ္။ ေက်ာင္းမွာလည္း အေပါင္းအသင္း ရွားခဲ့ပါတယ္။ ဒီလိုနဲ႕ပဲ Bob အသက္၁ဝႏွစ္မွာ ဖခင္ျဖစ္သူဟာ ႏွလုံးေရာဂါနဲ႔ ဆုံးပါးသြားခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Bob တို႔ မိသားစုဟာ ဦးေလးျဖစ္သူရဲ႕ အိမ္ကို လိုက္ေနခဲ့ရၿပီး Bob ဟာလည္း Stepney Primary School မွာ တက္ခဲ့ရပါတယ္။ ဒီေက်ာင္းက Bob ဂီတကို စတင္ ​ေလ့လာဖို႔ ပထမဆုံးဌာေန ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႕အသက္ ၁၂ ႏွစ္မွာ မိခင္ျဖစ္သူ အလုပ္ေၾကာင့္ ကင္စတန္းၿမိဳ႕ကို ထပ္ေျပာင္းရျပန္တယ္။

မိခင္ျဖစ္သူ အိမ္ကို အလုပ္ ကိစၥနဲ႔ ျပန္မလာတဲ့ အခ်ိန္ေတြဆို အိမ္နီးခ်င္း အေဒၚႀကီး တစ္ေယာက္လုပ္​တဲ့ ေရဒီယိုခန္းကို လိုက္သြားေလ့ရွိတဲ့ Bob ဟာ နဂိုကတည္းက ဂီတကို ဝါသနာပါသူပီပီ သူ႕အတြက္ ေလ့လာမႈ မ်ားစြာရခဲ့ပါတယ္။

ဒီအခ်ိန္မွာ သူ႕ၿမိဳ႕ကို ထပ္ေျပာင္းလာသူက ငယ္​ငယ္​ကတည္းက အတူတူ ဂီတကို ဝါသနာပါခဲ့တဲ့ Neville။ ေနာင္တစ္ခ်ိန္မွာ Bunny Wailer ဆိုၿပီး ျဖစ္လာမယ့္ ပါရမီရွင္ႀကီးေပါ့။ သူတို႔ႏွစ္ဦးကို ဂီတသမားေတြ ျဖစ္လာဖို႔ ပထမဆံုး လက္​ဦးဆရာ ျဖစ္လာသူက Joe Higgs ပါပဲ။ Higgs ဟာ Bob Marley ဆိုၿပီး ျဖစ္​လာဖို႔ မ်ားစြာ အေရးပါသူတစ္ဦးပါ။ Higgs ဟာ Bob နဲ႔ Wailer ကို ဟာမိုနီ gp တစ္ခုမွာ သြင္းေပးရင္း သူတို႔ရဲ႕ ဆယ္ေက်ာ္သက္ဘဝ ဂီတသမား အစကို ေအာက္ေျခကေန စတင္ခဲ့ပါေတာ့တယ္။

လူငယ္ဘ၀က Bob

ဒီလိုနဲ႕ Bob အသက္၁၇ ႏွစ္မွာ သူ႔ရဲ႕ ပထမဆံုး ကိုယ္ပိုင္သီခ်င္း သုံးပုဒ္ကို စတင္ဖန္တီးၿပီး ခ်ျပလာခဲ့ပါတယ္။ ဒီလိုနဲ႔ Bob ဟာ Wailer နဲ႕အတူ တျခား ဂ်ေမကာက သူငယ္ခ်င္း ၄ ဦးနဲ႕ The Teenagers ဆိုတဲ့ အဖြဲ႔ကို အသက္​ ၁၈ ႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။ ၁၉၆၅ ခုႏွစ္ အ​ေရာက္မွာေတာ့ ဒီ gp ထဲက လူတခ်ိဳ႕နဲ႔ သူပါဝင္တဲ့ ပထမဆုံး Album “The Wailing Wailers” ကို ျဖန႔္ခ်ိခဲ့ပါတယ္။ Album ဟာ အာဖရိကတိုက္မွာ ​ေနာက္ပိုင္း လူေတာ္ေတာ္ႀကိဳက္ခဲ့တဲ့ Bob ပါဝင္တဲ့ အေခြေပါ့။

အဲ့ဒီေနာက္ သူ႕တစ္ကိုယ္ေတာ္ Soul Rebels ကို ၁၉၇၀ ခုႏွစ္​ နိုဝင္ဘာလ ၂၁ ရက္ ေန႕မွာ ျဖန႔္ခ်ိခဲ့ၿပီး Soul Rebel လို၊ Try Mevdk My Cup လို ရက္ေဂး ဂီတသမိုင္းမွာ အထင္ကရ ျဖစ္လာမယ့္ သီခ်င္းေတြ စတင္လာခဲ့ပါေတာ့တယ္။

ရက္​ေဂး ဂီတသမိုင္းကို ​ေလ့လာရသေလာက္ ​ေဖာက္သည္ခ်ရရင္ ရက္ေဂးကို စတင္ခဲ့တာ ဂ်ေမကာ လူမည္းေတြကပါ ။ Mento လို ​ေပါ့ပါးတဲ့ လိုင္းရယ္၊ Jazz လို ရႈပ္ေထြးတဲ့ လိုင္းရယ္၊ Rock အေငြ႕အသက္လည္း ပါမယ္။ လြတ္လပ္တဲ့ Hip Hop အေငြ႕အသက္လည္​း ပါတယ္။ feelလို႔ သိပ္ေကာင္းတဲ့ Soul ပုံစံေတြလည္း ပါမယ္။ ဒါေတြကိုအေျခခံၿပီး ရက္ေဂးဂီတကို ဖန္တီးခဲ့ၾကပါတယ္။

၁၉၆၃ခုႏွစ္မွာ ရက္ေဂး စတင္ေခတ္စားလာၿပီ။ ရက္ေဂးကို သမိုင္းအရ စတင္တာဆို ဂ်ေမကာ အလုပ္သမား အေရးအခင္းမွာ ဆႏၵျပ မိုင္းအလုပ္သမားေတြက ရက္ေဂးသီခ်င္း ပုံစံေတြနဲ႔ အစိုးရကို ၿငိမ္းခ်မ္းေရး ​ေဖာ္ေဆာင္တဲ့ စာသားေတြနဲ႕ ​ေတာ္လွန္ခဲ့ၾကတယ္။

ရက္ေဂးဂီတက Metal လို အၾကမ္းနည္းနဲ႕ စိတ္ဓာတ္​ ျပင္​းျပင္းထန္ထန္ စာသား ေတြနဲ႕ ဘာသာေရး၊ လူမႈေရး၊ နိုင္ငံေရးေတြကို ခ်ျပတာမ်ိဳး မဟုတ္ဘူး။ ၿငိမ္းခ်မ္းေရး၊ လြတ္လပ္ေရးကို ရင္ထဲကလိုခ်င္တဲ့ ခ်စ္တဲ့ဟာေလးကိုပဲ ခ်ျပတဲ့ဂီတလို႔ ဆိုခ်င္တယ္။

ရက္ေဂး ဘယ္ကစလဲဆိုရင္ ဂ်ေမကာ။ ဒါေၾကာင့္လည္း ရက္ေဂး ဖက္ရွင္ကေတာင္​ ဂ်ေမကာ လူမ်ိဳးေတြရဲ႕ အေငြ႕အသက္ အ​ေရာင္ေတြျဖစ္တဲ့ ဝါစိမ္းနီ ပုံစံမ်ိဳးေတြ ျဖစ္လာခဲ့တာေပါ့။ ရက္​ေဂး ဘယ္သူစဆိုလဲေတာ့ မသိဘူး။ ဒါေပမယ့္ ရက္​ေဂးကို ကမာၻက သိေစတဲ့အထဲ ဘယ္သူ အေရးပါဆုံးလဲဆိုရင္​ Bob Marley ပါပဲ။

Bob ရဲ႕ အေအာင္ျမင္ဆုံး သီခ်င္းေတြ ​ေျပာပါဆိုရင္ Album တိုင္းမွာ ေတာ္​ေတာ္​ မ်ားခဲ့တယ္​။

-No Woman No Cry
-3 Little Birds
-Buffalo Soldier
-Redemption Song

-One Love People Get Ready
-Is This Love
-Get Up Stand Up
– Could You Be Loved

-War လို သီခ်င္းမ်ိဳးေတြကေတာ့ အေအာင္ျမင္ဆုံး လူသိအမ်ားဆုံးလို႔ ဆိုရပါမယ္။

Bob ရဲ႕ ဂီတကရွင္းတယ္။ အခ်စ္ အလြမ္း ၿငိမ္းခ်မ္းျခင္​း ဒႆနေတြကို အထိေရာက္ဆုံး ​ေပးစြမ္းနိုင္တယ္။ သူလုပ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရး ​ေဖာ္ေဆာင္မႈ သီခ်င္းေတြကလည္း ဂီတေလာကအျပင္ လူထုေလာက အတြက္ပါ မ်ားစြာ အေထာက္အကူ ျဖစ္ခဲ့ပါတယ္။ ​ေတာင္အာဖရိက လူမည္း ၃ဝဝ ​ေက်ာ္ အေမရိကကို ​ေရာင္းစားခံရမူ ျပႆနာေတြမွာ သူပါဝင္ခဲ့သလို လူ႕အခြင့္အေရး ၿငိမ္းခ်မ္းေရး ျပႆနာတခ်ိဳ႕မွာလည္း သူပါဝင္ခဲ့ပါတယ္။

သူငယ္ခ်င္းျဖစ္သူ Wailer နဲ႕လည္း ဂီတမ်ားစြာကို ခ်ျပခဲ့သလို Album ေတြလည္း ထြက္ခဲ့ပါတယ္။ Album အခ်ပ္ေရ ၁၅ ခ်ပ္ ထြက္ခဲ့သလို ၇၆ သန္း နီးပါးေသာ အခ်ပ္ေရကိုလည္း ေရာင္းခ်ခံခဲ့ရသူပါ။ Best Seller Singer ထဲ ပါဝင္ခဲ့သလို သူလုပ္ခဲ့တဲ့ ကိစၥ​ေတြအတြက္​ ဂုဏ္ထူးေဆာင္ ဆု​ေတြကလည္း ၈ ဆု​ေတာင္ ရခဲ့သူပါ။

ဒါေပမယ့္ သူေအာင္ျမင္မႈ အထြတ္အထိပ္ကို ေရာက္ေနခ်ိန္ ၁၉၇၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႕ အေပ်ာ္တမ္း ​ေဘာလုံးကန္ရင္း သူျဖစ္ခဲ့တဲ့ အနာကို ဆရာဝန္ကို ျပသရာမွာေတာ့ သူဟာ ကင္ဆာျဖစ္ေနတာ ၂ ႏွစ္ၾကာခဲ့တာကို သိခဲ့ရပါေတာ့တယ္။ သူ႔​ေျခေထာက္​ ျဖတ္​ခဲ့ရပါတယ္။ ဒီအခ်ိန္မွာပဲ သူ႔ Album “Uprising” ကို ၁၉၈ဝ မွာ ျဖန႔္ခဲ့ပါတယ္။

“အမုန္းတရားထက္ ၿငိမ္းခ်မ္းျခင္းကသာ ေအာင္နိုင္တဲ့ တိုက္ပြဲေတြကို ဖန္တီး​ေပးတယ္။ ေသနတ္နဲ႔ ၿငိမ္းခ်မ္းေရး ယူတာက စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ဘယ္ေတာ့မွ မျဖစ္လာဘူး”
[BOB MARLEY]

“စစ္သားတိုင္း ေသနတ္ မကိုင္ခ်င္ဘူး။ စစ္သားတိုင္း စစ္မတိုက္ခ်င္ဘူး။ စစ္​သားတိုင္​း လူမသတ္ခ်င္ဘူး။ စစ္မွန္တဲ့ စစ္သားတိုင္းဟာ ၿငိမ္းခ်မ္းေရးကို လိုလားၾကတယ္​။ ဒါကို အုပ္ခ်ဳပ္တဲ့ အစိုးရက သိတဲ့တစ္ေန႔ ၿငိမ္းခ်မ္းတဲ့ နိုင္ငံ ျဖစ္လာလိမ့္မယ္”
[BOB MARLEY]

“ၿငိမ္​းခ်မ္​း​ေရးဆိုတာ လူသားခ်င္​း ခ်စ္​ျခင္​း​ေမတၱာက လာတာ။ အာဏာကို တလြဲ ေခါင္းစဥ္ေတြနဲ႔ ၿငိမ္းခ်မ္းေရးကို မဖ်က္ဆီးၾကပါနဲ႕ဗ်ာ”
[BOB MARLEY]

Bob ဟာ ဒီကင္​ဆာ​ေၾကာင္​့ပဲ ၁၉၈၁ ခုႏွစ္​ ​ေမလ ၁၁ ရက္​​ေန႔မွာ ကြယ္​လြန္​ခဲ့ပါတယ္​။ သူဆံုး​ေတာ့ ၃၆ ႏွစ္​သာ ႐ွိပါ​ေသးတယ္​။ Bob ရဲ႕ စ်ာပနကို AYD အားကစားကြင္​းႀကီးမွာ တခမ္​းတနား ျပဳလုပ္​ခဲ့ၿပီး Kiston ၿမိဳ႕မွာ Bob ရဲ႕ ​ေၾကး႐ုပ္​တု ၁၀ ႐ုပ္​ကို အမွတ္​တရ ထား႐ွိခဲ့သလို ႏိုင္​ငံတကာ ပန္​းျခံ​ေတြမွာလည္​း Bob ကို ဂုဏ္​ျပဳတဲ့ အ​ေနနဲ႔ ႐ုပ္​တု​ေတြ ထား႐ွိခဲ့ပါတယ္​။

“မင္​းက ​ေျပာ​ေတာ့ မိုးကို ခ်စ္​တယ္​တဲ့…။
ဒါ​ေပမယ္​့… မိုးရြာရင္​ ထီး​ေဆာင္​းၿပီး လမ္​း​ေလ်ွာက္​တယ္​။

မင္​းက ​ေန​ေရာင္​ျခည္​ကို ခ်စ္​တယ္​တဲ့…။
ဒါ​ေပမယ္​့… ​ေနပူရင္​ အရိပ္​ လိုက္​႐ွာတယ္​။

မင္​းက ​ေလ​ေျပ​ေလညႇင္​း​ေလး​ေတြကို ခ်စ္​တယ္​ ​ေျပာတယ္​…။
ေလတိုက္​​ေတာ့လည္​း ျပတင္​း​ေပါက္​​ေတြကို ပိတ္​ပစ္​တယ္​။

ဒါ​ေၾကာင္​့… မင္​း ငါ့ကို ခ်စ္​တယ္​လို႔ ​ေျပာတုန္​းက ငါ အရမ္​း​ေၾကာက္​ခဲ့မိတယ္​ ခ်စ္​သူ”
[BOB MARLEY]

“အ​ေကာင္​းဆံုး အရာတစ္​ခုကို ​ေတြးတယ္​။ ဂီတ။ ဒီအရာကို မင္​းသိသြားရင္​ နာက်င္​ရတဲ့ ခံစားခ်က္​ကို မင္​းခံစားရ​ေတာ့မွာ မဟုတ္​ဘူး”
[BOB MARLEY]

“​ေငြဆိုတာ အ​ေရအတြက္​။ အဲဒီ အ​ေရအတြက္​ဟာ အဆံုးမ႐ွိဘူး။ ​ေငြရရင္​ မင္​း​ေပ်ာ္​​ေလ့႐ွိတယ္​။ ​ေငြနဲ႔ ​ေပ်ာ္​ရႊင္​မႈကို ႐ွာ​ေနသ​ေရြ႕ မင္​းရဲ႕​ေပ်ာ္​ရႊင္​မႈက ဘယ္​​ေတာ့မွ ဆံုးမွာ မဟုတ္​​ေတာ့ဘူး”
[BOB MARLEY]

သူ ​ေသသြားပါၿပီ။ ဒါ​ေပမယ္​့ BOB MARLEY ဆိုတဲ့ နာမည္​ဟာ​ေတာ့ လံုးဝ မ​ေသ​ေသးပါဘူး။

“War” Bob Marley

Ref: Wail Martin Book (Village of Voice)

[ Metal Crazy ျဖစ္တဲ့အတြက္ခုလို ရက္ေဂးဖက္က ဖခင္ႀကီးကိုေရးမိတဲ့ေနရာမွာ လိုအပ္ခ်က္ေတြရွိနိုင္ပါတယ္။ ဒါေၾကာင့္ Bobရဲ႕အမာခံပရိတ္သတ္အကိုမ်ား ဦးေလးမ်ားအမွားပါရင္ ႀကိဳတင္ေတာင္းပန္အပ္ပါတယ္]
ထက္ဝန


ရက်ဂေးဂီတရဲ့ ဖခင်ကြီး (သို့) ဂီတဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့သူ (unicode)

ရေးသားသူ – Htet Wa Na

“မင်​းက ​ပြော​တော့ မိုးကို ချစ်​တယ်​တဲ့…။
ဒါ​ပေမယ်​့… မိုးရွာရင်​ ထီး​ဆောင်​းပြီး လမ်​း​လျှောက်​တယ်​။

မင်​းက ​နေ​ရောင်​ခြည်​ကို ချစ်​တယ်​တဲ့…။
ဒါ​ပေမယ်​့… ​နေပူရင်​ အရိပ်​ လိုက်​ရှာတယ်​။

မင်​းက ​လေ​ပြေ​လေညှင်​း​လေး​တွေကို ချစ်​တယ်​ ​ပြောတယ်​…။
လေတိုက်​​တော့လည်​း ပြတင်​း​ပေါက်​​တွေကို ပိတ်​ပစ်​တယ်​။

ဒါ​ကြောင်​့… မင်​း ငါ့ကို ချစ်​တယ်​လို့ ​ပြောတုန်​းက ငါ အရမ်​း​ကြောက်​ခဲ့မိတယ်​ ချစ်​သူ”
[BOB MARLEY]

“အမုန်းတရားထက် ငြိမ်းချမ်းခြင်းကသာ အောင်နိုင်တဲ့ တိုက်ပွဲတွေကို ဖန်တီး​ပေးတယ်။ သေနတ်နဲ့ ငြိမ်းချမ်းရေး ယူတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မဖြစ်လာဘူး”
[BOB MARLEY]

ဒုတိယကမ္ဘာစစ်ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ဂျမေကာနိုင်ငံ Nine Mile မှာပေါ့။ အချိန်အားဖြင့် ၁၉၄၅ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ Bob ကို ​​မွေးဖွားခဲ့ပါတယ်။

အသက်အရွယ် ကြီးလွန်းတဲ့ မိဘတွေကနေ ​မွေးဖွားခဲ့တဲ့ Bob ဟာ ဂျမေကာ အင်္ဂလန် အစပ်မျိုးနွယ်ကနေ ဆင်းသက်လာတယ်လို့ ​ပြောရမယ်။ အရမ်းလည်း မဖြူသလို အရမ်းလည်း မမည်းဘူး။ အဖေက အသက် ၆၀ ကျော်နေပြီ။ ဒီတော့ သားဖြစ်သူဟာ အဖိုးအရွယ် ဖခင်ရဲ့ တယုတယ ချစ်ခြင်းတွေကြား အလိုလိုက် ခံခဲ့ရပါတယ်။ Bob ကျောင်းစနေတဲ့ အရွယ်မှာ ဒီကိစ္စကြောင့် အဟားခံရတယ်။ ကျောင်းမှာလည်း အပေါင်းအသင်း ရှားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Bob အသက်၁ဝနှစ်မှာ ဖခင်ဖြစ်သူဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

ဒါကြောင့်ပဲ Bob တို့ မိသားစုဟာ ဦးလေးဖြစ်သူရဲ့ အိမ်ကို လိုက်နေခဲ့ရပြီး Bob ဟာလည်း Stepney Primary School မှာ တက်ခဲ့ရပါတယ်။ ဒီကျောင်းက Bob ဂီတကို စတင် ​လေ့လာဖို့ ပထမဆုံးဌာနေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက် ၁၂ နှစ်မှာ မိခင်ဖြစ်သူ အလုပ်ကြောင့် ကင်စတန်းမြို့ကို ထပ်ပြောင်းရပြန်တယ်။

မိခင်ဖြစ်သူ အိမ်ကို အလုပ် ကိစ္စနဲ့ ပြန်မလာတဲ့ အချိန်တွေဆို အိမ်နီးချင်း အဒေါ်ကြီး တစ်ယောက်လုပ်​တဲ့ ရေဒီယိုခန်းကို လိုက်သွားလေ့ရှိတဲ့ Bob ဟာ နဂိုကတည်းက ဂီတကို ဝါသနာပါသူပီပီ သူ့အတွက် လေ့လာမှု များစွာရခဲ့ပါတယ်။

ဒီအချိန်မှာ သူ့မြို့ကို ထပ်ပြောင်းလာသူက ငယ်​ငယ်​ကတည်းက အတူတူ ဂီတကို ဝါသနာပါခဲ့တဲ့ Neville။ နောင်တစ်ချိန်မှာ Bunny Wailer ဆိုပြီး ဖြစ်လာမယ့် ပါရမီရှင်ကြီးပေါ့။ သူတို့နှစ်ဦးကို ဂီတသမားတွေ ဖြစ်လာဖို့ ပထမဆုံး လက်​ဦးဆရာ ဖြစ်လာသူက Joe Higgs ပါပဲ။ Higgs ဟာ Bob Marley ဆိုပြီး ဖြစ်​လာဖို့ များစွာ အရေးပါသူတစ်ဦးပါ။ Higgs ဟာ Bob နဲ့ Wailer ကို ဟာမိုနီ gp တစ်ခုမှာ သွင်းပေးရင်း သူတို့ရဲ့ ဆယ်ကျော်သက်ဘဝ ဂီတသမား အစကို အောက်ခြေကနေ စတင်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ Bob အသက်၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်း သုံးပုဒ်ကို စတင်ဖန်တီးပြီး ချပြလာခဲ့ပါတယ်။ ဒီလိုနဲ့ Bob ဟာ Wailer နဲ့အတူ တခြား ဂျမေကာက သူငယ်ချင်း ၄ ဦးနဲ့ The Teenagers ဆိုတဲ့ အဖွဲ့ကို အသက်​ ၁၈ နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် အ​ရောက်မှာတော့ ဒီ gp ထဲက လူတချို့နဲ့ သူပါဝင်တဲ့ ပထမဆုံး Album “The Wailing Wailers” ကို ဖြန့်ချိခဲ့ပါတယ်။ Album ဟာ အာဖရိကတိုက်မှာ ​နောက်ပိုင်း လူတော်တော်ကြိုက်ခဲ့တဲ့ Bob ပါဝင်တဲ့ အခွေပေါ့။

အဲ့ဒီနောက် သူ့တစ်ကိုယ်တော် Soul Rebels ကို ၁၉၇၀ ခုနှစ်​ နိုဝင်ဘာလ ၂၁ ရက် နေ့မှာ ဖြန့်ချိခဲ့ပြီး Soul Rebel လို၊ Try Mevdk My Cup လို ရက်ဂေး ဂီတသမိုင်းမှာ အထင်ကရ ဖြစ်လာမယ့် သီချင်းတွေ စတင်လာခဲ့ပါတော့တယ်။

ရက်​ဂေး ဂီတသမိုင်းကို ​လေ့လာရသလောက် ​ဖောက်သည်ချရရင် ရက်ဂေးကို စတင်ခဲ့တာ ဂျမေကာ လူမည်းတွေကပါ ။ Mento လို ​ပေါ့ပါးတဲ့ လိုင်းရယ်၊ Jazz လို ရှုပ်ထွေးတဲ့ လိုင်းရယ်၊ Rock အငွေ့အသက်လည်း ပါမယ်။ လွတ်လပ်တဲ့ Hip Hop အငွေ့အသက်လည်​း ပါတယ်။ feelလို့ သိပ်ကောင်းတဲ့ Soul ပုံစံတွေလည်း ပါမယ်။ ဒါတွေကိုအခြေခံပြီး ရက်ဂေးဂီတကို ဖန်တီးခဲ့ကြပါတယ်။

၁၉၆၃ခုနှစ်မှာ ရက်ဂေး စတင်ခေတ်စားလာပြီ။ ရက်ဂေးကို သမိုင်းအရ စတင်တာဆို ဂျမေကာ အလုပ်သမား အရေးအခင်းမှာ ဆန္ဒပြ မိုင်းအလုပ်သမားတွေက ရက်ဂေးသီချင်း ပုံစံတွေနဲ့ အစိုးရကို ငြိမ်းချမ်းရေး ​ဖော်ဆောင်တဲ့ စာသားတွေနဲ့ ​တော်လှန်ခဲ့ကြတယ်။

ရက်ဂေးဂီတက Metal လို အကြမ်းနည်းနဲ့ စိတ်ဓာတ်​ ပြင်​းပြင်းထန်ထန် စာသား တွေနဲ့ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကို ချပြတာမျိုး မဟုတ်ဘူး။ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးကို ရင်ထဲကလိုချင်တဲ့ ချစ်တဲ့ဟာလေးကိုပဲ ချပြတဲ့ဂီတလို့ ဆိုချင်တယ်။

ရက်ဂေး ဘယ်ကစလဲဆိုရင် ဂျမေကာ။ ဒါကြောင့်လည်း ရက်ဂေး ဖက်ရှင်ကတောင်​ ဂျမေကာ လူမျိုးတွေရဲ့ အငွေ့အသက် အ​ရောင်တွေဖြစ်တဲ့ ဝါစိမ်းနီ ပုံစံမျိုးတွေ ဖြစ်လာခဲ့တာပေါ့။ ရက်​ဂေး ဘယ်သူစဆိုလဲတော့ မသိဘူး။ ဒါပေမယ့် ရက်​ဂေးကို ကမ္ဘာက သိစေတဲ့အထဲ ဘယ်သူ အရေးပါဆုံးလဲဆိုရင်​ Bob Marley ပါပဲ။

Bob ရဲ့ အအောင်မြင်ဆုံး သီချင်းတွေ ​ပြောပါဆိုရင် Album တိုင်းမှာ တော်​တော်​ များခဲ့တယ်​။

-No Woman No Cry
-3 Little Birds
-Buffalo Soldier
-Redemption Song

-One Love People Get Ready
-Is This Love
-Get Up Stand Up
– Could You Be Loved

-War လို သီချင်းမျိုးတွေကတော့ အအောင်မြင်ဆုံး လူသိအများဆုံးလို့ ဆိုရပါမယ်။

Bob ရဲ့ ဂီတကရှင်းတယ်။ အချစ် အလွမ်း ငြိမ်းချမ်းခြင်​း ဒဿနတွေကို အထိရောက်ဆုံး ​ပေးစွမ်းနိုင်တယ်။ သူလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ​ဖော်ဆောင်မှု သီချင်းတွေကလည်း ဂီတလောကအပြင် လူထုလောက အတွက်ပါ များစွာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ​တောင်အာဖရိက လူမည်း ၃ဝဝ ​ကျော် အမေရိကကို ​ရောင်းစားခံရမူ ပြဿနာတွေမှာ သူပါဝင်ခဲ့သလို လူ့အခွင့်အရေး ငြိမ်းချမ်းရေး ပြဿနာတချို့မှာလည်း သူပါဝင်ခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူ Wailer နဲ့လည်း ဂီတများစွာကို ချပြခဲ့သလို Album တွေလည်း ထွက်ခဲ့ပါတယ်။ Album အချပ်ရေ ၁၅ ချပ် ထွက်ခဲ့သလို ၇၆ သန်း နီးပါးသော အချပ်ရေကိုလည်း ရောင်းချခံခဲ့ရသူပါ။ Best Seller Singer ထဲ ပါဝင်ခဲ့သလို သူလုပ်ခဲ့တဲ့ ကိစ္စ​တွေအတွက်​ ဂုဏ်ထူးဆောင် ဆု​တွေကလည်း ၈ ဆု​တောင် ရခဲ့သူပါ။

ဒါပေမယ့် သူအောင်မြင်မှု အထွတ်အထိပ်ကို ရောက်နေချိန် ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ အပျော်တမ်း ​ဘောလုံးကန်ရင်း သူဖြစ်ခဲ့တဲ့ အနာကို ဆရာဝန်ကို ပြသရာမှာတော့ သူဟာ ကင်ဆာဖြစ်နေတာ ၂ နှစ်ကြာခဲ့တာကို သိခဲ့ရပါတော့တယ်။ သူ့​ခြေထောက်​ ဖြတ်​ခဲ့ရပါတယ်။ ဒီအချိန်မှာပဲ သူ့ Album “Uprising” ကို ၁၉၈ဝ မှာ ဖြန့်ခဲ့ပါတယ်။

“အမုန်းတရားထက် ငြိမ်းချမ်းခြင်းကသာ အောင်နိုင်တဲ့ တိုက်ပွဲတွေကို ဖန်တီး​ပေးတယ်။ သေနတ်နဲ့ ငြိမ်းချမ်းရေး ယူတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မဖြစ်လာဘူး”
[BOB MARLEY]

“စစ်သားတိုင်း သေနတ် မကိုင်ချင်ဘူး။ စစ်သားတိုင်း စစ်မတိုက်ချင်ဘူး။ စစ်​သားတိုင်​း လူမသတ်ချင်ဘူး။ စစ်မှန်တဲ့ စစ်သားတိုင်းဟာ ငြိမ်းချမ်းရေးကို လိုလားကြတယ်​။ ဒါကို အုပ်ချုပ်တဲ့ အစိုးရက သိတဲ့တစ်နေ့ ငြိမ်းချမ်းတဲ့ နိုင်ငံ ဖြစ်လာလိမ့်မယ်”
[BOB MARLEY]

“ငြိမ်​းချမ်​း​ရေးဆိုတာ လူသားချင်​း ချစ်​ခြင်​း​မေတ္တာက လာတာ။ အာဏာကို တလွဲ ခေါင်းစဉ်တွေနဲ့ ငြိမ်းချမ်းရေးကို မဖျက်ဆီးကြပါနဲ့ဗျာ”
[BOB MARLEY]

Bob ဟာ ဒီကင်​ဆာ​ကြောင်​့ပဲ ၁၉၈၁ ခုနှစ်​ ​မေလ ၁၁ ရက်​​နေ့မှာ ကွယ်​လွန်​ခဲ့ပါတယ်​။ သူဆုံး​တော့ ၃၆ နှစ်​သာ ရှိပါ​သေးတယ်​။ Bob ရဲ့ ဈာပနကို AYD အားကစားကွင်​းကြီးမှာ တခမ်​းတနား ပြုလုပ်​ခဲ့ပြီး Kiston မြို့မှာ Bob ရဲ့ ​ကြေးရုပ်​တု ၁၀ ရုပ်​ကို အမှတ်​တရ ထားရှိခဲ့သလို နိုင်​ငံတကာ ပန်​းခြံ​တွေမှာလည်​း Bob ကို ဂုဏ်​ပြုတဲ့ အ​နေနဲ့ ရုပ်​တု​တွေ ထားရှိခဲ့ပါတယ်​။

“မင်​းက ​ပြော​တော့ မိုးကို ချစ်​တယ်​တဲ့…။
ဒါ​ပေမယ်​့… မိုးရွာရင်​ ထီး​ဆောင်​းပြီး လမ်​း​လျှောက်​တယ်​။

မင်​းက ​နေ​ရောင်​ခြည်​ကို ချစ်​တယ်​တဲ့…။
ဒါ​ပေမယ်​့… ​နေပူရင်​ အရိပ်​ လိုက်​ရှာတယ်​။

မင်​းက ​လေ​ပြေ​လေညှင်​း​လေး​တွေကို ချစ်​တယ်​ ​ပြောတယ်​…။
လေတိုက်​​တော့လည်​း ပြတင်​း​ပေါက်​​တွေကို ပိတ်​ပစ်​တယ်​။

ဒါ​ကြောင်​့… မင်​း ငါ့ကို ချစ်​တယ်​လို့ ​ပြောတုန်​းက ငါ အရမ်​း​ကြောက်​ခဲ့မိတယ်​ ချစ်​သူ”
[BOB MARLEY]

“အ​ကောင်​းဆုံး အရာတစ်​ခုကို ​တွေးတယ်​။ ဂီတ။ ဒီအရာကို မင်​းသိသွားရင်​ နာကျင်​ရတဲ့ ခံစားချက်​ကို မင်​းခံစားရ​တော့မှာ မဟုတ်​ဘူး”
[BOB MARLEY]

“​ငွေဆိုတာ အ​ရေအတွက်​။ အဲဒီ အ​ရေအတွက်​ဟာ အဆုံးမရှိဘူး။ ​ငွေရရင်​ မင်​း​ပျော်​​လေ့ရှိတယ်​။ ​ငွေနဲ့ ​ပျော်​ရွှင်​မှုကို ရှာ​နေသ​ရွေ့ မင်​းရဲ့​ပျော်​ရွှင်​မှုက ဘယ်​​တော့မှ ဆုံးမှာ မဟုတ်​​တော့ဘူး”
[BOB MARLEY]

သူ ​သေသွားပါပြီ။ ဒါ​ပေမယ်​့ BOB MARLEY ဆိုတဲ့ နာမည်​ဟာ​တော့ လုံးဝ မ​သေ​သေးပါဘူး။

Ref: Wail Martin Book (Village of Voice)

[ Metal Crazy ဖြစ်တဲ့အတွက်ခုလို ရက်ဂေးဖက်က ဖခင်ကြီးကိုရေးမိတဲ့နေရာမှာ လိုအပ်ချက်တွေရှိနိုင်ပါတယ်။ ဒါကြောင့် Bobရဲ့အမာခံ
ပရိတ်သတ်အကိုများ ဦးလေးများအမှားပါရင် ကြိုတင်တောင်းပန်အပ်ပါတယ်]
ထက်ဝန

Leave a Reply