စိဂီရိယေတာင္ ေပၚက ေကာင္းကင္နန္းေတာ္ သမုိင္းေၾကာင္း

Posted on

Via: သီရိလကၤာ ဘုရားဖူး

စီဂီရိယေတာင္ (Sigiriya) ကုိ ျခေသၤ့ေတာင္လုိ႔လည္းသိၾကတယ္။ သိရိလကၤာႏုိင္ငံ မာတေလျပည္နယ္ ဒမၻဴလၿမဳိ႕အနီးမွာ တည္ရွိတဲ့ေတာင္ျဖစ္ပါတယ္။ ေတာင္ေပၚမွာေတာ့ ခံတပ္ နန္းေတာ္ေဟာင္းတစ္ခု ရွိခဲ့ပါတယ္။ သိရိလကၤာရဲ႕ အေက်ာ္ၾကားဆုံးေနရာတစ္ခုျဖစ္တဲ့ ဒီေတာင္ဟာ အျမင့္ေပ ၆၆၀ ရွိပါတယ္။ ဒီေတာင္ေပၚက နန္းေတာ္ကုိ ေအဒီ ၄၇၇ မွာ ကႆပဘုရင္(Kasyapa) က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ဒီေတာင္ရဲ႕ သမုိင္းကေတာ့ ဒီလုိပါ။

စိဂီရိယေတာင္အေၾကာင္း ေျပာေတာ့မယ္ ဆိုရင္ ကႆပဘုရင္ရဲ႕ဖခမည္းေတာ္ ဓာတုေသနမင္းႀကီးနဲ႔ သူညီေတာ္ ေမာဂၢလာနအေၾကာင္းကို မေျပာမျဖစ္ေျပာရမွာ ျဖစ္တယ္။ ဓာတုေသနမင္းႀကီးဟာ ဗိသုကာပညာရွင္ တစ္ေယာက္ျဖစ္တယ္။ ဗိသုကာပညာရပ္နယ္ပယ္မွာ သီရိလကၤာႏိုင္ငံရဲ႕ ေခတ္သစ္အင္ဂ်င္နီယာေတြေတာင္ လိုက္မမွီေလာက္ေအာင္ ေတာ္တဲ့သူျဖစ္ပါတယ္။ ေရသြင္းေရထုတ္လုပ္ငန္းအတြက္ သူတည္ေဆာက္ခဲ့တဲ့ ဆည္ႀကီးေတြဟာ ယေန႔တိုင္ ျပည္သူေတြကို အက်ဳိးျပဳေနဆဲျဖစ္ပါတယ္။

ဓာတုေသနမင္းႀကီးဟာ သူရဲ႕ေခတ္မွာ သူ႔အခါတုန္းက ေက်ာက္ေတာင္ႀကီးတစ္ေတာင္ကုိ ရပ္ေတာ္မူတစ္ဆူအျဖစ္ ထုလုပ္ခဲ့ပါတယ္။ ဆင္းထုေတာ္နာမည္ကေတာ့ အာဝုကနျဖစ္ပါတယ္။ ေက်ာက္ဆစ္လက္ရာက အလြန္ေကာင္းမူၿပီး ယေန႔ထိုင္ သပၸါယ္ေနဆဲျဖစ္တယ္။ ဆင္းတုေတာ္ရဲ႕ ဗိသုကာလက္ရာကလည္း ယေန႔တိုင္ ေႏွာင္းလူတုိ႔အတြက္ ေလ့လာစရာ စံနမူနာျဖစ္ဆဲျဖစ္တယ္။ ဘုရားဖူးေတြလည္း ေန႔စဥ္လူမျပတ္ေအာင္ လာေရာက္ဖူးျမင္ၾကတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။

အာဝုကန ဆင္းတုေတာ္

ဓာတုေသနမင္းဟာ သားေတာ္ ၂ပါးနဲ႔ သမီးေတာ္တစ္ပါး႐ွိပါတယ္။ အရံမိဖုရားရဲ႕သားေတာ္ ကႆပမင္းသားကို ေမြးဖြားတယ္။ မိဖုရားေခါင္ႀကီးရဲ႕ သားေတာ္ ေမာဂၢလာန မင္းသားျဖစ္တယ္။ မင္းသား ကႆပက သားေတာ္ႀကီးျဖစ္ၿပီး ေမာဂၢလာနအငယ္ျဖစ္ပါတယ္။ မင္းႀကီးဟာ သူ႔ရဲ႕စစ္သူႀကီးကို သူရဲ႕သမီးေတာ္နဲ႔ လက္ဆက္ေပးခဲ့တယ္။

တစ္ေန႔ေသာအခါ စစ္သူႀကီးရဲ႕ ဖခင္ဟာ နာမက်န္းျဖစ္၍ အေဖဆီကို ျပန္ၾကည့္ဖို႔ မင္းႀကီး ခြင့္ေတာင္းခဲ့တယ္။ သို႔ေသာ္ မင္းႀကီးက ခြင့္မျပဳခဲ့ဘူး။ ဒီလို စစ္သူအေဖကဆုံးသြားတယ္။ အေဖနာေရးကို ျပန္ဖို႔ခြင့္ေတာင္းေတာ့လည္း ေပးမျပန္ဘူး။ စစ္သူႀကီးဟာ မင္းႀကီးကို အေတာ္စိတ္ဆိုး ရန္ၿငိဳးထားတယ္။

မင္းႀကီးရဲ႕သား ကႆပဟာ အလြန္မင္းျဖစ္ခ်င္တယ္။ ဒါေၾကာင့္ ဖခမည္းေတာ္အေပၚ ရန္ၿငဳိးထားတဲ့ စစ္သူႀကီးက သူ႔ကိုစည္း႐ုံးၿပီး မင္းႀကီးသတ္ခိုင္းတယ္။ ကႆပဟာ စစ္သူႀကီးနဲ႔ေပါင္းၿပီး ခမည္းေတာ္ျဖစ္တဲ့ ဓာတုေသနမင္းကို သတ္ၿပီး ထီနန္းယူခဲ့တယ္။ ထီးနန္းရၿပီးေနာက္ အႏုရာဓပူရ ၿမိဳ႕ေတာ္ကို မေနရဲေတာ့ဘဲ ရဟန္းသံဃာမ်ားေနတိုင္တဲ့ စိဂိရိေတာင္ကို ထီးနန္းစိုက္ဖို႔ရန္အတြက္ သံဃာေတာ္ေတြကို ႏွင္ထုတ္လိုက္တယ္။

ေပ ၆၆၀ေလာက္ျမင့္တဲ့ ေတာင္ထိပ္ေပၚမွာ ေနာက္ဆုံးခံတပ္အျဖစ္ နန္းေတာ္ကို ေဆာက္လုပ္လိုက္တယ္။ ေတာင္ေျခနဲ႔မနီးမေဝး တစ္မိုင္ေက်ာ္ေက်ာ္ေလာက္မွာ က်ဳံးေတြ အထပ္ထပ္ ထူးေဖာ္ေဆာက္လုပ္ခဲ့တယ္။ သူဟာလည္း ေဆာက္လုပ္ေရး ဗိသုကာအတတ္မွာ သူ႔ခမည္းေတာ္လုိပဲ ေတာ္တယ္လို႔ ယူဆႏိုင္တယ္။ သူ႔ရဲ႕နန္းေတာ္ေတြ နန္း႐ိုး က်ဳံးေတြ ၾကည့္ေသာအားျဖင့္ သိႏိုင္တယ္။

သူဟာ အာဇာတသတ္လို သားတစ္ေယာက္ျဖစ္ေပမယ့္ ယေန႔ထိုင္ သီရိလကၤာ ျပည္သူေတြကို အလုပ္အေကြၽးျပဳေနဆဲျဖစ္တယ္။ သူေဆာက္ထားခဲ့တဲ့ ေကာင္းကင္နန္းေတာ္ကလည္း ကမာၻ႔အေမြအႏွစ္အျဖစ္ UNESCO အသိအမွတ္ျပဳထားၿပီး ျဖစ္ပါတယ္။ ကမာၻလွည့္ခရီသြားမ်ားနဲ႔ ဘုရားဖူးမ်ားကလည္း မသြားမျဖစ္ သြားရမယ့္ ေနရာတစ္ခုလည္းျဖစ္လာပါတယ္။ သူထီးနန္းအုပ္ခ်ဳပ္ ဘုရင္လုပ္ၿပီး ၁၈ႏွစ္အၾကာ ေအဒီ၄၉၅ မွာ သူ႔ညီေတာ္ ေမာဂၢလာန လာေရာက္တုိက္ခိုက္ခဲ့ပါတယ္။ တုိက္ပြဲမွာ ကႆပစစ္ရႈံးၿပီး က်ဆုံးသြားတဲ့အတြက္ ညီေတာ္ေမာဂၢလာန က ထီးနန္းကုိရရွိသြားတယ္။

ေမာဂၢလာနမင္းျဖစ္လာတဲ့ အခ်ိန္မွာေတာ့ စီဂိရယေတာင္နဲ႔ နန္းေတာ္ေဟာင္းကို သံဃာေတာ္ေတြ သီတင္သုံးဖို႔အတြက္ လႉဒါန္းခဲ့ၿပီး အႏုရာဓပူရ ၿမိဳ႕ေတာ္ ထီးနန္းျပန္လည္စိုက္ခဲ့တယ္။

VIDEO

ေတာင္ေပၚသုိ႔တက္ရန္ ေအာက္ေျခေလွကားထစ္

ဒီအေၾကာင္းကို ဘုရားဖူးလမ္းၫြန္စာအုပ္၊ ဗုဒၶသာသနိကပထဝီဝင္က်မ္း နဲ႔ အင္တာေဆာင္းပါးမ်ားမွ ကိုးကားၿပီး ေရးသားေဖာ္ျပျခင္းျဖစ္ပါတယ္။
သီရိလကၤာ ဘုရားဖူး


စိဂီရိယတောင် ပေါ်က ကောင်းကင်နန်းတော် (unicode)

Via: သီရိလင်္ကာ ဘုရားဖူး

စီဂီရိယတောင် (Sigiriya) ကို ခြင်္သေ့တောင်လို့လည်းသိကြတယ်။ သိရိလင်္ကာနိုင်ငံ မာတလေပြည်နယ် ဒမ္ဘူလမြို့အနီးမှာ တည်ရှိတဲ့တောင်ဖြစ်ပါတယ်။ တောင်ပေါ်မှာတော့ ခံတပ် နန်းတော်ဟောင်းတစ်ခု ရှိခဲ့ပါတယ်။ သိရိလင်္ကာရဲ့ အကျော်ကြားဆုံးနေရာတစ်ခုဖြစ်တဲ့ ဒီတောင်ဟာ အမြင့်ပေ ၆၆၀ ရှိပါတယ်။ ဒီတောင်ပေါ်က နန်းတော်ကို အေဒီ ၄၇၇ မှာ ကဿပဘုရင်(Kasyapa) က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီတောင်ရဲ့ သမိုင်းကတော့ ဒီလိုပါ။

စိဂီရိယတောင်အကြောင်း ပြောတော့မယ် ဆိုရင် ကဿပဘုရင်ရဲ့ဖခမည်းတော် ဓာတုသေနမင်းကြီးနဲ့ သူညီတော် မောဂ္ဂလာနအကြောင်းကို မပြောမဖြစ်ပြောရမှာ ဖြစ်တယ်။ ဓာတုသေနမင်းကြီးဟာ ဗိသုကာပညာရှင် တစ်ယောက်ဖြစ်တယ်။ ဗိသုကာပညာရပ်နယ်ပယ်မှာ သီရိလင်္ကာနိုင်ငံရဲ့ ခေတ်သစ်အင်ဂျင်နီယာတွေတောင် လိုက်မမှီလောက်အောင် တော်တဲ့သူဖြစ်ပါတယ်။ ရေသွင်းရေထုတ်လုပ်ငန်းအတွက် သူတည်ဆောက်ခဲ့တဲ့ ဆည်ကြီးတွေဟာ ယနေ့တိုင် ပြည်သူတွေကို အကျိုးပြုနေဆဲဖြစ်ပါတယ်။

ဓာတုသေနမင်းကြီးဟာ သူရဲ့ခေတ်မှာ သူ့အခါတုန်းက ကျောက်တောင်ကြီးတစ်တောင်ကို ရပ်တော်မူတစ်ဆူအဖြစ် ထုလုပ်ခဲ့ပါတယ်။ ဆင်းထုတော်နာမည်ကတော့ အာဝုကနဖြစ်ပါတယ်။ ကျောက်ဆစ်လက်ရာက အလွန်ကောင်းမူပြီး ယနေ့ထိုင် သပ္ပါယ်နေဆဲဖြစ်တယ်။ ဆင်းတုတော်ရဲ့ ဗိသုကာလက်ရာကလည်း ယနေ့တိုင် နှောင်းလူတို့အတွက် လေ့လာစရာ စံနမူနာဖြစ်ဆဲဖြစ်တယ်။ ဘုရားဖူးတွေလည်း နေ့စဉ်လူမပြတ်အောင် လာရောက်ဖူးမြင်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဓာတုသေနမင်းဟာ သားတော် ၂ပါးနဲ့ သမီးတော်တစ်ပါးရှိပါတယ်။ အရံမိဖုရားရဲ့သားတော် ကဿပမင်းသားကို မွေးဖွားတယ်။ မိဖုရားခေါင်ကြီးရဲ့ သားတော် မောဂ္ဂလာန မင်းသားဖြစ်တယ်။ မင်းသား ကဿပက သားတော်ကြီးဖြစ်ပြီး မောဂ္ဂလာနအငယ်ဖြစ်ပါတယ်။ မင်းကြီးဟာ သူ့ရဲ့စစ်သူကြီးကို သူရဲ့သမီးတော်နဲ့ လက်ဆက်ပေးခဲ့တယ်။

တစ်နေ့သောအခါ စစ်သူကြီးရဲ့ ဖခင်ဟာ နာမကျန်းဖြစ်၍ အဖေဆီကို ပြန်ကြည့်ဖို့ မင်းကြီး ခွင့်တောင်းခဲ့တယ်။ သို့သော် မင်းကြီးက ခွင့်မပြုခဲ့ဘူး။ ဒီလို စစ်သူအဖေကဆုံးသွားတယ်။ အဖေနာရေးကို ပြန်ဖို့ခွင့်တောင်းတော့လည်း ပေးမပြန်ဘူး။ စစ်သူကြီးဟာ မင်းကြီးကို အတော်စိတ်ဆိုး ရန်ငြိုးထားတယ်။
မင်းကြီးရဲ့သား ကဿပဟာ အလွန်မင်းဖြစ်ချင်တယ်။ ဒါကြောင့် ဖခမည်းတော်အပေါ် ရန်ငြိုးထားတဲ့ စစ်သူကြီးက သူ့ကိုစည်းရုံးပြီး မင်းကြီးသတ်ခိုင်းတယ်။ ကဿပဟာ စစ်သူကြီးနဲ့ပေါင်းပြီး ခမည်းတော်ဖြစ်တဲ့ ဓာတုသေနမင်းကို သတ်ပြီး ထီနန်းယူခဲ့တယ်။ ထီးနန်းရပြီးနောက် အနုရာဓပူရ မြို့တော်ကို မနေရဲတော့ဘဲ ရဟန်းသံဃာများနေတိုင်တဲ့ စိဂိရိတောင်ကို ထီးနန်းစိုက်ဖို့ရန်အတွက် သံဃာတော်တွေကို နှင်ထုတ်လိုက်တယ်။

ပေ ၆၆၀လောက်မြင့်တဲ့ တောင်ထိပ်ပေါ်မှာ နောက်ဆုံးခံတပ်အဖြစ် နန်းတော်ကို ဆောက်လုပ်လိုက်တယ်။ တောင်ခြေနဲ့မနီးမဝေး တစ်မိုင်ကျော်ကျော်လောက်မှာ ကျုံးတွေ အထပ်ထပ် ထူးဖော်ဆောက်လုပ်ခဲ့တယ်။ သူဟာလည်း ဆောက်လုပ်ရေး ဗိသုကာအတတ်မှာ သူ့ခမည်းတော်လိုပဲ တော်တယ်လို့ ယူဆနိုင်တယ်။ သူ့ရဲ့နန်းတော်တွေ နန်းရိုး ကျုံးတွေ ကြည့်သောအားဖြင့် သိနိုင်တယ်။

သူဟာ အာဇာတသတ်လို သားတစ်ယောက်ဖြစ်ပေမယ့် ယနေ့ထိုင် သီရိလင်္ကာ ပြည်သူတွေကို အလုပ်အကျွေးပြုနေဆဲဖြစ်တယ်။ သူဆောက်ထားခဲ့တဲ့ ကောင်းကင်နန်းတော်ကလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီသွားများနဲ့ ဘုရားဖူးများကလည်း မသွားမဖြစ် သွားရမယ့် နေရာတစ်ခုလည်းဖြစ်လာပါတယ်။ သူထီးနန်းအုပ်ချုပ် ဘုရင်လုပ်ပြီး ၁၈နှစ်အကြာ အေဒီ၄၉၅ မှာ သူ့ညီတော် မောဂ္ဂလာန လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ ကဿပစစ်ရှုံးပြီး ကျဆုံးသွားတဲ့အတွက် ညီတော်မောဂ္ဂလာန က ထီးနန်းကိုရရှိသွားတယ်။

မောဂ္ဂလာနမင်းဖြစ်လာတဲ့ အချိန်မှာတော့ စီဂိရယတောင်နဲ့ နန်းတော်ဟောင်းကို သံဃာတော်တွေ သီတင်သုံးဖို့အတွက် လှူဒါန်းခဲ့ပြီး အနုရာဓပူရ မြို့တော် ထီးနန်းပြန်လည်စိုက်ခဲ့တယ်။

ဒီအကြောင်းကို ဘုရားဖူးလမ်းညွန်စာအုပ်၊ ဗုဒ္ဓသာသနိကပထဝီဝင်ကျမ်း နဲ့ အင်တာဆောင်းပါးများမှ ကိုးကားပြီး ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
သီရိလင်္ကာ ဘုရားဖူး

Leave a Reply