မုိင္ေပါင္း ၄၀၀၀ အကြာအေ၀းက ခ်စ္သူဆီကုိ စက္ဘီးနဲ႔သြားေရာက္ခဲ့သူ

Posted on

ဒီအေၾကာင္းကေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၄၀ခန္႔က ဂႏၱ၀င္တြင္တဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ အိႏၵိယက လူငယ္ေလးတစ္ဦးဟာ ဆြီဒင္က သူ႔ရဲ႕ခ်စ္သူထံသို႔ စက္ဘီးတစ္စီးနဲ႔အတူ မုိင္ေပါင္းေထာင္ခ်ီကုိ ျဖတ္သန္းကာ သြားေရာက္ခဲ့တဲ့ ျဖစ္ရပ္ပါ။

သူ႔နာမည္က ကူးမား။ အျပည့္အစုံဆုိိရင္ေတာ့ ပရာဂ်ဴးမန ကူးမား မဟာနန္ဒီးယား ပါ။ သူ႔ကုိ အိႏၵိယႏုိင္ငံက ကန္ဒါပဒါ ဆုိတဲ့ရြာငယ္ေလးမွာ ၁၉၄၉ခုႏွစ္က ေမြးဖြားခဲ့ပါတယ္။ ကူးမား ကိုေမြးခဲ့တုန္းက ေဗဒင္ဆရာတစ္ေယာက္က ဒီလုိ ထူးထူးျခားျခားေဟာခဲ့ပါတယ္။ ကူးမား ဟာ တခ်ိန္မွာ အလြန္ေ၀းတဲ့ ႏုိင္ငံရပ္ျခားတုိင္းျပည္တစ္ခုက သစ္ေတာတစ္ေတာကုိပုိင္တဲ့ ၿပိႆရာသီဖြား ဂီတပညာရွင္အမ်ဳိးသမီးနဲ႔ ဖူးစာဆုံၿပီး လက္ထပ္ရလိမ့္မယ္ ဆုိတဲ့ေဟာခ်က္ပါ။
“ေဗဒင္ ဆရာရဲ႕ ေဟာေျပာခ်က္ကုိ ကြ်န္ေတာ္စြဲစြဲၿမဲၿမဲယုံၾကည္ခဲ့တယ္။ အခုသူေျပာခဲ့တာ တစ္ခုမွမလြဲပဲ မွန္ေနခဲ့ၿပီေလ” လုိ႔ ကူးမားက Nat Geo သတင္းကို ေျပာပါတယ္။

ကူးမားနဲ႔ သူ႔ရဲ႕စက္ဘီး

ေဗဒင္ဆရာရဲ႕ေဟာေျပာခ်က္ ဟာ တကယ္ပဲမွန္္လာခဲ့ပါတယ္။ ကူးမားဟာ သူ႔ရဲ႕ဘ၀ကုိ ပုံမွန္အတုိင္းျဖတ္သန္းခဲ့ၿပီး လမ္းေဘးပန္းခ်ီဆရာတစ္ေယာက္အျဖစ္ အသက္ေမြးခဲ့ပါတယ္။ ေဗဒင္မွန္ဖုိ႔အစျပဳလာတဲ့ေန႔က ၁၉၇၅ခုႏွစ္ ဒီဇင္ဘာလ ၁၇ရက္ေန႔ပါ။ အဲဒီေန႔က ကူးမား ဆီကုိ မ်က္လုံးအျပာနဲ႔ လူမ်ဳိးျခားအမ်ဳိးသမီးတစ္ေယာက္ ေရာက္လာခဲ့တယ္။ သူမနာမည္က Charlotte Von Schedvin လုိ႔ သိရတယ္။ သူမက ကူးမားကုိ သူမရဲ႕ပုံတူေရးေပးဖုိ႔ အပ္ခဲ့ပါတယ္။ အမ်ဳိးသမီးနဲ႔ စဆုံစဥ္မွာပ ကူးမားစိတ္ေတြအရမ္းလႈပ္ရွားခဲ့ရၿပီး လက္ေတြတုန္ေနတာေၾကာင့္ ေနာက္တစ္ေန႔မွ ျပန္လာၿပီး ပုံတူအဆြဲခံဖုိ႔မွာလုိက္ရတယ္။

“သူနဲ႔ စေတြ႔တုန္းက ခံစားခ်က္ကုိေဖာ္ျပလုိ႔ေတာင္မရပါဘူး။ သူ႔မ်က္လုံးေတြက ႀကီးတယ္၊ ၀ုိင္းတယ္ ၊ ၿပီးေတာ့အျပာေရာင္ … သူ ကြ်န္ေတာ့္ကုိ ၾကည့္တဲ့အခ်ိန္မွာ သူ႔အၾကည့္ေတြက X-ray စက္တစ္ခုလုိ ကြ်န္ေတာ့္တစ္ကုိယ္လုံး ထြင္းေဖာက္သြားသလုိ ခံစားရပါတယ္”

ေနာက္တစ္ေန႔ အမ်ဳိးသမီးျပန္လာတယ္။ ကူးမားက သူမရဲ႕ပုံတူ ၃ပုံဆြဲေပးခဲ့တယ္။ ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ အမ်ဳိးသမီးဟာ ၿပိႆရာသီဖြား flute နဲ႔ Piano တီးတယ္ဆုိတာသိလုိက္ရတယ္။ ထူးျခားတာက အမ်ဳိးသမီးမွာ ကုိယ္ပုိင္သစ္ေတာငယ္ေလးတစ္ခုရွိေနတယ္ဆုိတာပါ။ ေဗဒင္ဆရာေဟာခဲ့တဲ့ သူ႔နဲ႔ဖူးစာဆုံမယ့္ အမ်ဳိးသမီးလုိ႔ ကူးမားသိလုိက္တယ္။ ခ်ာေလာ့တီကလည္း ကူးမားကို လူမ်ဳိးျခားေပမယ့္ ျမင္ျမင္ခ်င္းခ်စ္ခဲ့တယ္။ အဲဒီေနာက္ေတာ့ ရက္ပုိင္းအတြင္းမွာပဲ သူတုိ႔ႏွစ္ဦး ခ်စ္သူေတြျဖစ္ၿပီး ေပ်ာ္ရႊင္ခဲ့ၾကတယ္။

ဒါေပမယ့္ ဘ၀အေျခအေနခ်င္း မတူညီတာေၾကာင့္ ၃ပတ္ၾကာတဲ့အခါ ခ်ာေလာ့တီဟာ ဆြီဒင္ႏုိင္ငံကုိျပန္သြားခဲ့ရတယ္။ အဲဒီတုန္းက သူမအသက္က ၁၉ႏွစ္ပဲ ရွိေသးခဲ့တာကို။ ဒါေပမယ့္ သူမဟာ ကူးမားအတြက္ စာႏွစ္ေစာင္ခ်န္ထားခဲ့ပါတယ္။ စာထဲမွာပါတဲ့ အဓိက အေၾကာင္းကေတာ့ သူမကုိ တစ္ကယ္ခ်စ္ရင္ သူမရွိရာ ဆြီဒင္ကို လုိက္လာခဲ့ပါ ဆုိၿပီးျဖစ္ပါတယ္။

ဒီမွာတင္ သူတုိ႔ရဲ႕အခ်စ္ဇာတ္လမ္းက ဒီမွာတင္ေရွ႕ဆက္ဖုိ႔ မျဖစ္ႏုိင္ေတာ့ပဲ ရပ္တန္႔သြားခဲ့ရပါၿပီ။ ဒါေပမယ့္ ကူးမားက ရပ္တန္႔ခြင့္မျပဳခဲ့ပါဘူး။ တစ္ႏွစ္ခြဲေလာက္ၾကာေအာင္ သူဟာ ခ်စ္သူကုိ လြမ္းတဲ့ဒုကၡကုိ ခံစားခဲ့တယ္။ မခံစားႏုိင္ေတာ့တဲ့အဆုံးမွာ သူ႔ပုိင္ဆုိင္သမွ်ကိုေရာင္းခ်ခဲ့ၿပီး စက္ဘီးအေဟာင္းတစ္စီးေလး၀ယ္ခဲ့တယ္။ ၿပီးေတာ့ သူ႔ရဲ႕ရြာကေန ခ်စ္သူရွိတဲ့ ဆြီဒင္ႏုိင္ငံကုိ ဒီစက္ဘီးအေဟာင္းကုိ စီးသြားခဲ့တယ္။

သူ႔လက္ထဲမွာ ရွိတာက ေဒၚလာ၈၀ သြားရမယ့္ခရီးက မုိင္ေပါင္း ၄၀၀၀..။ လမ္းခရီးမွာ ဒုကၡေပါင္း ေသာင္းေျခာက္ေထာင္ကုိ ႀကဳံခဲ့ရတယ္။ လမ္းခရီးတစ္ေလွ်ာက္ လမ္းေဘးမွာအိပ္ခဲ့တယ္ ၊ တခါတရံကုန္တင္ကားေတြနဲ႔လုိက္တယ္ ၊ ကူညီမယ့္သူရွိတဲ့အခါ သူတုိ႔အိမ္မွာလုိက္တည္းတယ္ ၊ သူတုိ႔ေကြ်းတဲ့အစာကိုစားခဲ့တယ္ ၊ မစားရတဲ့အခါလည္းရွိခဲ့တယ္။

“ကြ်န္ေတာ့္အိတ္ထဲမွာ ေဒၚလာ ၈၀ပဲ ရွိတဲ့အတြက္ ဒီခရီးဟာ မျဖစ္ႏုိင္သေလာက္ စိတ္ဓာတ္က်စရာခရီးပါ။ ဒါေပမယ့္ ကြ်န္ေတာ္လုံး၀ စိတ္ဓာတ္မက်ခဲ့ပါဘူး။ ကမာၻသစ္တစ္ခုကို သြားရတယ္လုိ႔ပဲထင္တယ္။ လမ္းမွာလူမ်ဳိးေပါင္းစုံနဲ႔ ဆုံတယ္။ သူတုိ႔ကြ်န္ေတာ့္ရဲ႕ အခက္အခဲေတြကို ကူညီၾကတယ္။ ကြ်န္ေတာ့္ကုိအားေပးတယ္ လမ္းညႊန္ၾကတယ္။ ၿပီးေတာ့ ကြ်န္ေတာ့္ရဲ႕ခ်စ္သူထံကလည္း ကြ်န္ေတာ့္ကုိအားေပးတဲ့ စာေတြရခဲ့တယ္ေလ။ ဒါေၾကာင့္လည္း ကြ်န္ေတာ္ဒီခရီးကုိ ေပ်ာ္ေပ်ာ္ႀကီးသြားခဲ့တာေပါ့” လို႔ ကူးမားက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ က သူ႔ရဲ႕အေတြ႔အႀကဳံကုိ ျပန္ေျပာခဲ့ပါတယ္။

အဲဒီတုန္းက ႏုိင္ငံေတြမွာ ျပည္၀င္ခြင့္ သိပ္မတင္းက်ပ္ေသးတဲ့အတြက္ ခင္ဗ်ားသြားလုိ႔ရခဲ့တာ။ ဒီေန႔ဆုိရင္ေရာျဖစ္ႏုိင္ပါ့မလား ဆုိတဲ့ သတင္းေထာက္ရဲ႕အေမးကုိ ကူးမားက ဒီလုိျပန္ေျဖပါတယ္။
“မွန္ပါတယ္။ အဲဒီတုန္းက သိပ္မခက္ဘူး။ အခုေတာ့ ခက္သြားၿပီ။ ပုိခက္သြားေပမယ့္ ျဖစ္ႏုိင္ပါေသးတယ္။ မျဖစ္ႏုိင္ဘူးဆုိတာ မရွိပါဘူး။ အေရးႀကီးတာက ခင္ဗ်ားဘယ္လုိေတြးသလဲ ဆုိတာေပၚမွာပဲ မူတည္ပါတယ္။

အေၾကာက္တရား နဲ႔ သံသယ ႏွစ္ခုကုိ တုိက္ထုတ္ႏုိင္ရင္ ေအာင္ျမင္ပါတယ္။ ကြ်န္ေတာ္တုိ႔ဘ၀ေတြခက္ခဲေနရာ ဒီရန္သူေတာ္ႏွစ္ေယာက္ေၾကာင့္ပါ။ အေၾကာက္တရား နဲ႔ သံသယ ေတြကုိ တုိက္ထုတ္ၿပီး ကုိယ့္ကုိယ္ကို ယုံၾကည္မယ္ ဆုိရင္ ဘယ္အခက္အခဲကို မဆုိေက်ာ္ျဖတ္ဖုိ႔နည္းလမ္းေတြ႔ႏုိင္ပါတယ္”

အခ်စ္အတြက္ ဘာမဆုိျဖတ္ေက်ာ္ဖုိ႔ေတြးထားတဲ့ ကူးမားဟာ ဒုကၡေပါင္းမ်ားစြာကုိခံစားအၿပီး ၊ ႏုိင္ငံေပါင္းမ်ားစြာကို ျဖတ္ေက်ာ္အၿပီး ၊ မုိင္ေပါင္း ၄၀၀၀ကုိ သြားခဲ့အၿပီး အခ်ိန္ ၄လနဲ႔ ၃ပတ္ ၾကာတဲ့အခါမွာေတာ့ သူ႔ခ်စ္သူရွိရာ ဆြီဒင္ႏုိင္ငံ Gothenburg ၿမဳိ႕ကိုေရာက္ရွိခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူတုိ႔ခ်စ္သူႏွစ္ဦး လက္ထပ္ခဲ့ၾကပါတယ္။ အခုေတာ့ ကူးမားဟာ ဆြီဒင္မွာ နာမည္ႀကီးတဲ့ ပန္းခ်ီဆရာ အႏုပညာရွင္ တစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ။ သူ နဲ႔ သူ႔ခ်စ္သူခ်ာေလာ့တီ တုိ႔မွာ သားသမီးႏွစ္ေယာက္ေတာင္ရွိေနၿပီး ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာ နဲ႔ ဘ၀ကို ျဖတ္သန္းလွ်က္ရွိေနဆဲပါ။

ကူးမားတုိ႔ မိသားစု

ခ်စ္သူအတြက္ ဘယ္အခက္အခဲမဆုိ ျဖတ္ေက်ာ္ႏုိင္တယ္ ဆုိတဲ့ ကူးမားရဲ႕စိတ္ဓာတ္ နဲ႔ ဇြဲလုံ႔လ ကေတာ့ အံ့မခန္းပါပဲ။ ဒါေၾကာင့္လည္း သူတုိ႔ႏွစ္ဦးရဲ႕ အခ်စ္ဇာတ္လမ္းဟာ ဂႏၱ၀င္တြင္ခဲ့ၿပီး ကမာၻ႔သတင္းစာ မဂၢဇင္းအသီးသီးမွာေဖာ္ျပခဲ့ၾကပါတယ္။ ကဲ..အေၾကာင္းျပခ်က္ ေသးေသးေလးေတြေၾကာင့္ ကုိယ့္ရဲ႕ခ်စ္သူဆီ မလာႏုိင္ၾကသူမ်ား ..ကူးမားလုိမုိင္ေပါင္း ၄၀၀၀ သြားရမယ္ဆုိရင္ေရာ…


ချစ်သူကိုတွေ့ဖို့ မိုင်ပေါင်း ၄၀၀၀ အကွာအဝေးကို စက်ဘီးနဲ့သွားရောက်ခဲ့သူ (unicode)

ဒီအကြောင်းကတော့ လွန်ခဲ့တဲ့ နှစ် ၄ဝခန့်က ဂန္တဝင်တွင်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယက လူငယ်လေးတစ်ဦးဟာ ဆွီဒင်က သူ့ရဲ့ချစ်သူထံသို့ စက်ဘီးတစ်စီးနဲ့အတူ မိုင်ပေါင်းထောင်ချီကို ဖြတ်သန်းကာ သွားရောက်ခဲ့တဲ့ ဖြစ်ရပ်ပါ။

သူ့နာမည်က ကူးမား။ အပြည့်အစုံဆိုရင်တော့ ပရာဂျူးမန ကူးမား မဟာနန်ဒီးယား ပါ။ သူ့ကို အိန္ဒိယနိုင်ငံက ကန်ဒါပဒါ ဆိုတဲ့ရွာငယ်လေးမှာ ၁၉၄၉ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ကူးမား ကိုမွေးခဲ့တုန်းက ဗေဒင်ဆရာတစ်ယောက်က ဒီလို ထူးထူးခြားခြားဟောခဲ့ပါတယ်။ ကူးမား ဟာ တချိန်မှာ အလွန်ဝေးတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုက သစ်တောတစ်တောကိုပိုင်တဲ့ ပြိဿရာသီဖွား ဂီတပညာရှင်အမျိုးသမီးနဲ့ ဖူးစာဆုံပြီး လက်ထပ်ရလိမ့်မယ် ဆိုတဲ့ဟောချက်ပါ။
“ဗေဒင် ဆရာရဲ့ ဟောပြောချက်ကို ကျွန်တော်စွဲစွဲမြဲမြဲယုံကြည်ခဲ့တယ်။ အခုသူပြောခဲ့တာ တစ်ခုမှမလွဲပဲ မှန်နေခဲ့ပြီလေ” လို့ ကူးမားက Nat Geo သတင်းကို ပြောပါတယ်။

ဗေဒင်ဆရာရဲ့ဟောပြောချက် ဟာ တကယ်ပဲမှန်လာခဲ့ပါတယ်။ ကူးမားဟာ သူ့ရဲ့ဘဝကို ပုံမှန်အတိုင်းဖြတ်သန်းခဲ့ပြီး လမ်းဘေးပန်းချီဆရာတစ်ယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ ဗေဒင်မှန်ဖို့အစပြုလာတဲ့နေ့က ၁၉၇၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့ပါ။ အဲဒီနေ့က ကူးမား ဆီကို မျက်လုံးအပြာနဲ့ လူမျိုးခြားအမျိုးသမီးတစ်ယောက် ရောက်လာခဲ့တယ်။ သူမနာမည်က Charlotte Von Schedvin လို့ သိရတယ်။ သူမက ကူးမားကို သူမရဲ့ပုံတူရေးပေးဖို့ အပ်ခဲ့ပါတယ်။ အမျိုးသမီးနဲ့ စဆုံစဉ်မှာပ ကူးမားစိတ်တွေအရမ်းလှုပ်ရှားခဲ့ရပြီး လက်တွေတုန်နေတာကြောင့် နောက်တစ်နေ့မှ ပြန်လာပြီး ပုံတူအဆွဲခံဖို့မှာလိုက်ရတယ်။

“သူနဲ့ စတွေ့တုန်းက ခံစားချက်ကိုဖော်ပြလို့တောင်မရပါဘူး။ သူ့မျက်လုံးတွေက ကြီးတယ်၊ ဝိုင်းတယ် ၊ ပြီးတော့အပြာရောင် … သူ ကျွန်တော့်ကို ကြည့်တဲ့အချိန်မှာ သူ့အကြည့်တွေက X-ray စက်တစ်ခုလို ကျွန်တော့်တစ်ကိုယ်လုံး ထွင်းဖောက်သွားသလို ခံစားရပါတယ်”

နောက်တစ်နေ့ အမျိုးသမီးပြန်လာတယ်။ ကူးမားက သူမရဲ့ပုံတူ ၃ပုံဆွဲပေးခဲ့တယ်။ မေးမြန်းကြည့်တဲ့အခါမှာတော့ အမျိုးသမီးဟာ ပြိဿရာသီဖွား flute နဲ့ Piano တီးတယ်ဆိုတာသိလိုက်ရတယ်။ ထူးခြားတာက အမျိုးသမီးမှာ ကိုယ်ပိုင်သစ်တောငယ်လေးတစ်ခုရှိနေတယ်ဆိုတာပါ။ ဗေဒင်ဆရာဟောခဲ့တဲ့ သူ့နဲ့ဖူးစာဆုံမယ့် အမျိုးသမီးလို့ ကူးမားသိလိုက်တယ်။ ချာလော့တီကလည်း ကူးမားကို လူမျိုးခြားပေမယ့် မြင်မြင်ချင်းချစ်ခဲ့တယ်။ အဲဒီနောက်တော့ ရက်ပိုင်းအတွင်းမှာပဲ သူတို့နှစ်ဦး ချစ်သူတွေဖြစ်ပြီး ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် ဘဝအခြေအနေချင်း မတူညီတာကြောင့် ၃ပတ်ကြာတဲ့အခါ ချာလော့တီဟာ ဆွီဒင်နိုင်ငံကိုပြန်သွားခဲ့ရတယ်။ အဲဒီတုန်းက သူမအသက်က ၁၉နှစ်ပဲ ရှိသေးခဲ့တာကို။ ဒါပေမယ့် သူမဟာ ကူးမားအတွက် စာနှစ်စောင်ချန်ထားခဲ့ပါတယ်။ စာထဲမှာပါတဲ့ အဓိက အကြောင်းကတော့ သူမကို တစ်ကယ်ချစ်ရင် သူမရှိရာ ဆွီဒင်ကို လိုက်လာခဲ့ပါ ဆိုပြီးဖြစ်ပါတယ်။

ဒီမှာတင် သူတို့ရဲ့အချစ်ဇာတ်လမ်းက ဒီမှာတင်ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ပဲ ရပ်တန့်သွားခဲ့ရပါပြီ။ ဒါပေမယ့် ကူးမားက ရပ်တန့်ခွင့်မပြုခဲ့ပါဘူး။ တစ်နှစ်ခွဲလောက်ကြာအောင် သူဟာ ချစ်သူကို လွမ်းတဲ့ဒုက္ခကို ခံစားခဲ့တယ်။ မခံစားနိုင်တော့တဲ့အဆုံးမှာ သူ့ပိုင်ဆိုင်သမျှကိုရောင်းချခဲ့ပြီး စက်ဘီးအဟောင်းတစ်စီးလေးဝယ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ရွာကနေ ချစ်သူရှိတဲ့ ဆွီဒင်နိုင်ငံကို ဒီစက်ဘီးအဟောင်းကို စီးသွားခဲ့တယ်။ သူ့လက်ထဲမှာ ရှိတာက ဒေါ်လာ၈၀ သွားရမယ့်ခရီးက မိုင်ပေါင်း ၄၀၀၀..။ လမ်းခရီးမှာ ဒုက္ခပေါင်း သောင်းခြောက်ထောင်ကို ကြုံခဲ့ရတယ်။ လမ်းခရီးတစ်လျှောက် လမ်းဘေးမှာအိပ်ခဲ့တယ် ၊ တခါတရံကုန်တင်ကားတွေနဲ့လိုက်တယ် ၊ ကူညီမယ့်သူရှိတဲ့အခါ သူတို့အိမ်မှာလိုက်တည်းတယ် ၊ သူတို့ကျွေးတဲ့အစာကိုစားခဲ့တယ် ၊ မစားရတဲ့အခါလည်းရှိခဲ့တယ်။

“ကျွန်တော့်အိတ်ထဲမှာ ဒေါ်လာ ၈ဝပဲ ရှိတဲ့အတွက် ဒီခရီးဟာ မဖြစ်နိုင်သလောက် စိတ်ဓာတ်ကျစရာခရီးပါ။ ဒါပေမယ့် ကျွန်တော်လုံး၀ စိတ်ဓာတ်မကျခဲ့ပါဘူး။ ကမ္ဘာသစ်တစ်ခုကို သွားရတယ်လို့ပဲထင်တယ်။ လမ်းမှာလူမျိုးပေါင်းစုံနဲ့ ဆုံတယ်။ သူတို့ကျွန်တော့်ရဲ့ အခက်အခဲတွေကို ကူညီကြတယ်။ ကျွန်တော့်ကိုအားပေးတယ် လမ်းညွှန်ကြတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ချစ်သူထံကလည်း ကျွန်တော့်ကိုအားပေးတဲ့ စာတွေရခဲ့တယ်လေ။ ဒါကြောင့်လည်း ကျွန်တော်ဒီခရီးကို ပျော်ပျော်ကြီးသွားခဲ့တာပေါ့” လို့ ကူးမားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က သူ့ရဲ့အတွေ့အကြုံကို ပြန်ပြောခဲ့ပါတယ်။

အဲဒီတုန်းက နိုင်ငံတွေမှာ ပြည်ဝင်ခွင့် သိပ်မတင်းကျပ်သေးတဲ့အတွက် ခင်ဗျားသွားလို့ရခဲ့တာ။ ဒီနေ့ဆိုရင်ရောဖြစ်နိုင်ပါ့မလား ဆိုတဲ့ သတင်းထောက်ရဲ့အမေးကို ကူးမားက ဒီလိုပြန်ဖြေပါတယ်။
“မှန်ပါတယ်။ အဲဒီတုန်းက သိပ်မခက်ဘူး။ အခုတော့ ခက်သွားပြီ။ ပိုခက်သွားပေမယ့် ဖြစ်နိုင်ပါသေးတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အရေးကြီးတာက ခင်ဗျားဘယ်လိုတွေးသလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ အကြောက်တရား နဲ့ သံသယ နှစ်ခုကို တိုက်ထုတ်နိုင်ရင် အောင်မြင်ပါတယ်။ ကျွန်တော်တို့ဘ၀တွေခက်ခဲနေရာ ဒီရန်သူတော်နှစ်ယောက်ကြောင့်ပါ။ အကြောက်တရား နဲ့ သံသယ တွေကို တိုက်ထုတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မယ် ဆိုရင် ဘယ်အခက်အခဲကို မဆိုကျော်ဖြတ်ဖို့နည်းလမ်းတွေ့နိုင်ပါတယ်”

အချစ်အတွက် ဘာမဆိုဖြတ်ကျော်ဖို့တွေးထားတဲ့ ကူးမားဟာ ဒုက္ခပေါင်းများစွာကိုခံစားအပြီး ၊ နိုင်ငံပေါင်းများစွာကို ဖြတ်ကျော်အပြီး ၊ မိုင်ပေါင်း ၄၀၀ဝကို သွားခဲ့အပြီး အချိန် ၄လနဲ့ ၃ပတ် ကြာတဲ့အခါမှာတော့ သူ့ချစ်သူရှိရာ ဆွီဒင်နိုင်ငံ Gothenburg မြို့ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့ချစ်သူနှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။ အခုတော့ ကူးမားဟာ ဆွီဒင်က နာမည်ကြီးတဲ့ ပန်းချီဆရာ အနုပညာရှင် တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ သူ နဲ့ သူ့ချစ်သူချာလော့တီ တို့မှာ သားသမီးနှစ်ယောက်တောင်ရှိနေပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နဲ့ ဘဝကို ဖြတ်သန်းလျှက်ရှိနေဆဲပါ။

ချစ်သူအတွက် ဘယ်အခက်အခဲမဆို ဖြတ်ကျော်နိုင်တယ် ဆိုတဲ့ ကူးမားရဲ့စိတ်ဓာတ် နဲ့ ဇွဲလုံ့လ ကတော့ အံ့မခန်းပါပဲ။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းဟာ ဂန္တဝင်တွင်ခဲ့ပြီး ကမ္ဘာ့သတင်းစာ မဂ္ဂဇင်းအသီးသီးမှာဖော်ပြခဲ့ကြပါတယ်။ ကဲ..အကြောင်းပြချက် သေးသေးလေးတွေကြောင့် ကိုယ့်ရဲ့ချစ်သူဆီ မလာနိုင်ကြသူများ ..ကူးမားလိုမိုင်ပေါင်း ၄၀၀၀ သွားရမယ်ဆိုရင်ရော…

Leave a Reply