ေ႐ွးေခတ္ ေရာမအင္ပါယာရဲ႕အင္ဂ်င္နီယာစြမ္းပကား

Posted on

ေရးသားသူ – Ko Kyaw Min Aung

ေ႐ွးေခတ္ေရာမရဲ႕အင္ဂ်င္နီယာစြမ္းပကား အေၾကာင္းမေျပာခင္ တေခတ္တခါက ကမာၻမွာ အ႐ွည္ၾကာဆံုး စူပါပါဝါျဖစ္ခဲ႔တဲ႔ ေရာမရဲ႕သမိုင္းေၾကာင္း အက်ဥ္းမ်ွ တင္ျပပါရေစ။

ေရာမ ကို ဘီစီ ၇၅၃ မွာရိုျမဴလပ္ (Romulus) က စတည္ခဲ႔ပါတယ္။ အိႏိၵယမွာ ဗုဒၶမပြင္႔မီ ႏွစ္ေပါင္း၂၀၀ ေလာက္က ေရာမကိုစတည္ခဲ႔တယ္လို႔ အၾကမ္းအားျဖင္႔ မွတ္လို႔ရပါတယ္။ ဘီစီ ၅၀၉ မွာလူထုကေရြးေကာက္တင္ေျမွာက္တဲ့အစိုးရကအုပ္ခ်ဳပ္တဲ့ သမၼတႏိုင္ငံျဖစ္လာပါတယ္။ (အဲဒါနဲ႔တခ်ိန္တည္းေလာက္မွာ မဇၥိ်မေဒသ ဝဇၨီတိုင္းမွာလည္း လႊတ္ေတာ္ကအုပ္ခ်ဳပ္တဲ႔ ႏိုင္ငံတခုရိွပါတယ္)

ဘီစီသံုးရာစုေလာက္အထိ ေရာမရဲ႕ၾသဇာဟာ အီတလီကြၽန္းဆြယ္ အတြင္းမွာပဲရိွေနပါေသးတယ္။ ဘီစီ ၂၆၄-၁၄၆ အတြင္း ကာေသ့ေတြနဲ႔ ျဖစ္ပြားတဲ့ ျပဴးနစ္စစ္ပြဲေတြအၿပီးမွာ စပိန္နဲ႔ အာဖရိကကမ္းေျခေဒသေတြအထိ ေရာမရဲ႕ျသဇာအာဏာသက္ေရာက္လာပါတယ္။ ဂ်ဴးလိယက္ဆီဇာ လက္ထက္မွာ သမၼတႏိုင္ငံကေန အာဏာ႐ွင္ဧကရာဇ္ႏိုင္ငံေျပာင္းဖို႔ႀကိဳးစားလာတဲ့အတြက္ ဘီစီ ၄၄ မွာ ဆီဇာလုပ္ၾကံခံရပါတယ္။

အဲဒီေနာက္ျပည္တြင္းစစ္ေတြ အေတာမသတ္ ျဖစ္ပြားခဲ့ၿပီးေနာက္ဆံုးမွာအႏိုင္ရခဲ့သူကေတာ႔ ဂ်ဴးလိယက္ဆီဇာရဲ႕ေမြးစားသား အိုေတးဗီးယပ္ (Octavian) ပဲျဖစ္ပါတယ္။ သူက ဘီစီ ၂၇ မွာ ၾသဂတ္စတတ္ (Augustus) နာမည္နဲ႔ ေရာမဧကရာဇ္အျဖစ္ ခံယူပါတယ္။ ဒါဟာ သမၼတႏိုင္ငံေခတ္ရဲ႕နိဂံုးျဖစ္ၿပီး အင္ပါယာေခတ္ရဲ႕အစျဖစ္ပါတယ္။

အဲဒီအခ်ိန္ကေန ေနာင္ႏွစ္ေပါင္းႏွစ္ရာတိုင္ေအာင္ အလြန္စည္ပင္ဝေျပာတဲ့ကာလတခုျဖစ္ခဲ့ပါတယ္။ ေအဒီ၁၀၀ ေလာက္မွာ ေရာမအင္ပါယာရဲ႕နယ္နမိတ္ဟာ အက်ယ္ျပန္႔ဆံုးသို႔ေရာက္ရိွခဲ႔ပါတယ္။ ဒီေန႔ေခတ္အီတလီ၊ ဂရိ၊ ဘူေဂးရီးယား၊ တူရကီ၊ ျပင္သစ္၊ စပိန္၊ ေပၚတူကီ၊အဂၤလန္စတဲ႔ ဥေရာပႏိုင္ငံေတြ၊ အီဂ်စ္၊ လစ္ဗ်ား၊ ေမာ္႐ိုကို၊ အယ္ဂ်ီးရီးယားစတဲ႔ အာဖရိကေျမာက္ပိုင္းႏိုင္ငံေတြနဲ႔ ဆီးရီးယား၊ အစၥေရး၊ ေဂ်ာ္ဒန္၊အီရတ္၊လက္ဘႏြန္စတဲ့ အေ႐ွ႕အလယ္ပိုင္းႏိုင္ငံေတြရဲ႕ပိုင္နက္ေတြပါဝင္ၿပီး စတုရန္းမိုင္ႏွစ္သန္း ေလာက္က်ယ္ပါတယ္။ အင္ပါယာတဝွမ္းမွာ ေနထိုင္သူူူ လူဦးေရ သန္း၅၀ခန္႔ရိွလိမ္႔မယ္ လုိ႔ ခန္႔မွန္းၾကပါတယ္။

ေရာမအင္ပါယာဟာ ေအဒီ ၄၇၆အထိ ႏွစ္ေပါင္း ၅၀၀ ေလာက္တည္တန္႔ခဲ႔ၿပီး ကမာၻမွာအရွည္ၾကာဆံုးနဲ႔အရိွန္အဝါအၾကီးဆံုးအင္ပါယာတခုျဖစ္ခဲ႔ပါတယ္။ အင္ပါယာရဲ႕ျမိိိဳ႔ေတာ္ျဖစ္တဲ႔ေရာမ မွာေတာ႔ေနထိုင္သူ ၁သန္းခန္႔ ရိွပါတယ္။ ေရာမၿမိဳ႕ ဟာလည္း ႏွစ္ေပါင္း ၅၀၀ ၾကာေအာင္ ကမာၻမွာျပိဳင္ဖက္ကင္း ျမိဳ႔ေတာ္တစ္ခုျဖစ္ခဲ႔ပါတယ္။ အဲလိုျဖစ္ဖို႔အတြက္လည္းေရာမသားေတြဟာသူမတူတဲ႔စနစ္ေကာင္းေတြ၊အတတ္ပညာေတြန႔ဲ အဖက္ဖက္ကႀကိဳးစားအားထုတ္ခဲ႔ၾကတာကို ေတြ႔ရမွာျဖစ္ပါတယ္။

ေရာမဧကရာဇ္ေတြဟာ အင္ဂ်င္နီယာအတတ္ပညာကို သူတို႔ရဲ႕ဘုန္းတန္ခိုးျပဖို႔ေလာက္အတြက္သာမဟုတ္ပဲ ျပည္သူေတြရဲ႕ လူမူဘဝ ဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ အေျခခံအေဆာက္အဦ(Infrastructure)ေတြ ေဆာက္လုပ္ရာမွာ ေကာင္းေကာင္းအသံုးခ်ခဲ႔သူေတြျဖစ္ပါတယ္။ အဲဒါက ယခင္အီဂ်စ္ဘုရင္ေတြနဲ႔ ကြာျခားခ်က္တစ္ခုပါ။

ေရာမ ေရသြယ္စနစ္
Roman Aqueducts

ေရာမသားေတြဟာ ေသာက္သံုးေရကို အေဝးမွာရိွတဲ႔ စမ္းေခ်ာင္းေတြ ေရကန္ေတြကေန ေရာမၿမိဳ႕ဆီသြယ္တန္းရယူပါတယ္။ Aqueductလို႔ေခၚတဲ႔ေရတံတားေတြ။ ကြန္ကရစ္ေရသြယ္ေျမာင္းေတြ၊ ပိုက္ေတြနဲ႔ အဆင့္ဆင့္ လိုခ်င္တဲ႔ေနရာ ေရာက္သည္အထိသြယ္ယူပါတယ္။

ေတာင္ကုန္းေတြခံေနတဲ႔အခါ ဥမင္ေတြ ေဖာက္ၿပီး ခ်ိုင့္ဝွမ္းေနရာေတြမွာေတာ့ ေရသြယ္တံတားေတြေဆာက္ရပါတယ္။ Aqueduct ေတြဟာ ေရာမအင္ပါယာထဲမွာပါခဲ႔တဲ့ ဥေရာပ အေနာက္ပိုင္းႏိုင္ငံေတြမွာ အထင္ကရေရွးေဟာင္း အေမြအႏွစ္အျဖစ္ ယေန႔ေခတ္အထိ က်န္ရိွေနပါေသးတယ္။ ႏွစ္ေပါင္းငါးရာအတြင္း ေရာမအင္ပါယာ တစ္ခုလံုးမွာ Conduit ေခၚပင္မေရပိုက္လိုင္းေတြ၊ Aqueduct ေခၚေရသြယ္တံတားေတြ မိုင္ေပါင္း ၂၅၀ေက်ာ္ ေဆာက္လုပ္ခဲ့ၾကပါတယ္။

ေရသြယ္ယူတဲ႔ေနရာမွာ ခ်ိဳင့္ဝွမ္းေတြကို ျဖတ္ရတဲ့အခါ တံတားထိုးဖို႔အဆင္မေျပရင္ ဆိုင္ဖြန္ေျပာင္းျပန္နည္းနဲ႔ သြယ္ယူပါတယ္။ ေျမႀကီးေအာက္မွာျမူပ္ထားတဲ႔ ေရပိုက္ေတြကေျမႀကီးေအာက္ ၃ေပအနက္ေလာက္မွာရိွပါတယ္။ ပိုက္ေတြကို အုတ္ ဒါမွမဟုတ္ ကြန္ကရစ္ နဲ႔ ျပဳလုပ္ပါတယ္။ ပိုက္ေတြဟာ ေအာက္ေျခကျပားၿပီး အမိုးခံုးပံုစံျဖတ္ပိုင္းပံုရိွပါတယ္၊ ပိုက္ ပ်က္စီးပိတ္ဆို႔တာေတြကို စစ္ေဆးႏုိင္ဖို႔ အကြာအေဝးတခုစီမွာ Man hole လူဝင္ေပါက္ေတြရိွပါတယ္။ Man hole ေပါက္ေတြကို အမိုး Slab ျပားေတြနဲ႔ ဖံုးအုပ္ ထားပါတယ္။

ေရသြယ္ေျမာင္းေတြ၊ ေရပိုက္ေတြ ေရဖိအားေၾကာင္႔ တိုက္စားပ်က္စီးခံရတာနည္းေစဖို႔ ေရပိုက္ရဲ႕ေလ်ွာေစာက္(gradient)ကို နည္းနိုင္သမ်ွ နည္းထားတာေတြ႔ရပါတယ္။ ေရပိုက္အမ်ားစုမွာ မီတာ ၄၈၀၀ အရွည္မွာ အနိမ္႔အျမင့္ျခားနားျခင္း ၁မီတာပဲ ရိွပါတယ္။ ျပင္သစ္ႏိုင္ငံေတာင္ပိုင္း ဂါဒြန္ျမစ္ေပၚ ျဖတ္သန္းသြယ္ထားတဲ႔ Pont du Gard လို႔ ေခၚတဲ႔ ေရသြယ္တံတားဟာ ေရာမအင္ပါယာေခတ္ ေအဒီတစ္ရာစုေလာက္က ထံုးလေခ်းေက်ာက္နဲ႔ ေဆာက္ခဲ့တာ ျဖစ္ပါတယ္။၆တန္ေလာက္အထိ အေလးခ်ိန္ရိွတဲ႔ ေက်ာက္တံုးေတြကို သ႐ိုးမပါပဲဆက္စပ္ တည္ေဆာက္ထားတာျဖစ္ပါတယ္။ အခံုးေနရာေတြကို တည္ေဆာက္ထားပံုက အလြန္ေစ႔စပ္ေသခ်ာၿပီး အထင္ႀကီးစရာပါ။

ျပင္သစ္ေတာင္ပိုင္း Nimes ၿမိဳႈအနီးရိွ Pont Du Gard Aqueduct ေရသြယ္တံတား

 

တံတားအ႐ွည္က ေပ၁၀၀၀ရိွၿပီး အဆင့္သံုးဆင့္တည္ေဆာက္ထားကာ စုစုေပါင္းအျမင့္ ေပ၁၆၀ရိွပါတယ္။ တံတားေပၚက ေရသြယ္ေျမာင္းကအက်ယ္ ၄ ေပနဲ႔ အျမင့္၆ေပရိွပါတယ္။ ၃၁မိုင္ အရွည္ရိွတဲ့ အဲဒီေရေပးေဝတဲ႔ပိုက္လိုင္းဟာ Nimes ၿမိဳ႕အေရာက္မွာ မူလေရေဝေနရာထက္ ၄၁ေပပဲ နိမ္႔ပါတယ္။ ေရပိုက္လိုင္းတေလ်ွာက္အဆိုင္း (gradient) က သံုးမိုင္မွာ ေလးေပေလာက္ပဲရိွပါတယ္။ ဒီတံတားကို ျဖတ္သြယ္ထားတဲ့ ေရပိုက္လိုင္းက ေရာမကိုလိုနီ Nimesၿမိဳ႕ကိုတစ္ေန႔ ေရ ဂါလံ ၈သန္းေက်ာ္ေထာက္ပံ့ေပးပါတယ္။

မိုင္ေပါင္းမ်ားစြာရွည္တဲ႔ေရပိုက္လိုင္းေတြကို gradient နည္းနည္းနဲ႔ level မွန္ကန္ေအာင္လုပ္သြားနိုင္တာက ေရာမသားေတြရဲ႕ အ႔ံမခန္း အင္ဂ်င္နီယာစြမ္းရည္ကိုေဖာ္ျပေနပါတယ္။

ေရာမကိုသြယ္ ထားတဲ႔ေရပိုက္ႀကီးေတြက တခုတည္းမဟုတ္ပါဘူး။ ေရရရိွရာ ေနရာမ်ိဳးစံုကေန ပိုက္မ်ားစြာသြယ္ထားတာပါ။ ေရရဲ႕အရည္အေသြးကိုလိုက္ၿပီး ေသာက္ေရအျဖစ္သံုးဖို႔ ၊ ေရခ်ိဳးကန္ေတြ အိမ္သာေတြအတြက္ သံုးဖို႔ သီးျခားစီ ပိုက္လိုင္းေတြ ခြဲျခားသြယ္တန္းထားပါတယ္။ ေရာမၿမိဳ႕ဆီ အဲဒီပိုက္ေတြကေန ေရဂါလံသန္းသံုးရာေလာက္ကို ေန႔စဥ္ ပို႔ေပးပါတယ္တဲ႔။ (ရန္ကုန္ၿမိဳ႕ကို ဒီေန ႔ေရေထာက္ပ႔႔ံေနတဲ႔ႏူန္းထက္ မ်ားမယ္ထင္တယ္။)

ေရာမၿမိဳ႕ကေရပန္းေတြက ၂၄နာရီ ပန္းထြက္ေနၾကပါတယ္။ ေရခ်ိဳးခန္းေတြ၊ အိမ္ေတြလည္းတေန႔ပတ္လံုး ေရမျပတ္ရေနပါတယ္။ ေရကို ဇက္ႀကိဳးခ်ဳပ္ကိုင္တြယ္ႏိုင္ျခင္းက တျခားႏိုင္ငံေတြကို ဖိန္႔သြားေစႏိုင္တဲ့ ေရာမအင္ပါယာရဲ႕ တန္ခိုးပါဝါတခုလို႔ ေရာမဧကရာဇ္ေတြက အစဥ္အဆက္ ယူဆၾကပါတယ္။

အဲ့ဒီအတြက္လည္း သူေတြဟာ နည္းပညာ၊ လုပ္အား၊ အခ်ိန္ေျမာက္ျမားစြာ ရင္းႏွီးၿပီး ေရသြယ္ဖို႔အေျခခံအေဆာက္အဦးေတြျဖစ္တဲ့ Aqueduct ေတြကို ေရာမအင္ပါယာတနံတလ်ားမွာ တည္ေဆာက္ခဲ့ၾကတာျဖစ္ပါတယ္။ ေရရဲ႕စြမ္းအင္ကို အလိုရိွသလို အသံုးခ်ႏိုင္ေအာင္လည္းအၿမဲ ၾကံေဆာင္ခဲ့ၾကပါတယ္။ အဲဒီထဲမွာ ေရအားကိုအသံုးျပဳၿပီး သီးႏွံႀကိတ္ခြဲစက္ေတြ တီထြင္တာ၊ ေရအားကို သတၱဳတူးေဖာ္တဲ့လုပ္ငန္းမွာ အသံုးျပဳတာေတြ ပါပါတယ္။

စပိန္ႏိုင္ငံေတာင္ပိုင္းရိွ ေရာမေခတ္ကေဆာက္ခဲ႔ေသာ proserpina ဆည္
အီတလီႏိုင္​ငံ Ostiaရိွ ​ေရာမ​ေခတ္​က အမ်ားသံုး​ေရခ်ိဳးခန္​းတခု
​ေရာမ​ေခတ္​က​ေဆာက္​ခဲ႔တဲ႔Cloaca Maxima
ပင္​မမိလႅာပိုက္​ႀကီး
​ေရအားကိုအသံုးျပဳတဲ႔ ​ေရာမ​ေခတ္​ကလႊစက္​

ေရာမ မိလႅာစြန္႔စနစ္
Roman Sewers

ေရာမမွာ အဆင္႔အတန္းျမင္႔တဲ့ ေရဆိုးစြန္႔ထုတ္စနစ္ တစ္ခုရိွိခဲ႔ပါတယ္။ ဂ်ဴးလိယက္ဆီဇာ မတိုင္ခင္ ႏွစ္ေပါင္း ၅၀၀ေလာက္ကတည္းက ရိွေနခဲ႔တာျဖစ္ပါတယ္။ အစကေတာ႔ မိလႅာစြန္႔ပစ္ဖို႔ထက္ ေရၾကီးေရလွ်ံျဖစ္တာကို ကာကြယ္ဖို႔ မိုးေရေတြစြန္႔ထုတ္ဖို႔ပဲ ရည္ရြယ္လုပ္ခဲ႔တာပါ။

လမ္းေဘးေရေျမာင္းေတြကေန ေရကိုစုယူၿပီးေနာက္ဆံုးျမစ္ထဲစြန္႔ပစ္မယ္႔ Cloaca Maxima လို႔ေခၚတဲ႔ေရေျမာင္းႀကီးေတြလုပ္ခဲ႔ပါတယ္။ ေနာက္ပိုင္းမွာေတာ႔အဲဒီေရေျမာင္းႀကီးေတြကို အဖံုးဖံုး အလံုပိတ္ၿပီး အဓိကမိလႅာစြန္႔ထုတ္ပိုက္ႀကီးေတြအျဖစ္ အသြင္ေျပာင္းခဲ႔ၾကတယ္။

ေရွးေခတ္ေရာမက အမ်ားသံုးအိမ္သာ

ေရာမမွာလူေနထူထပ္လာၿပီး မိလႅာအညစ္အေႀကးေတြက လူေတြေသာက္သံုးတဲ႔ေရထဲေရာက္ၿပီးေရာဂါဘယေတြျဖစ္ပြားလာႀကတဲ႔အတြက္ မိလႅာေတြကိုပါ ၿမိဳ႕နဲ႔ေဝးရာကိုစြန္႔ထုတ္ဖို႔ႀကံစည္လုပ္ေဆာင္လာခဲ႔ပါတယ္။ အမ်ားျပည္သူသံုးအိမ္သာေတြ၊ ေရခ်ိဳးခန္းေတြဟာ ေရာမရဲ႕ေန႔စဥ္လူမူဘဝမွာ အေတာ္ေလးအေရးပါ ပါတယ္။

အမ်ားအားျဖင္႔ေရခ်ိဳးကန္ေတြ၊ အိမ္သာေတြကို မိလႅာပိုက္ႀကီးေတြရဲ႕အေပၚမွာေဆာက္ထားေလ႔ရိွပါတယ္။မိလႅာပိုက္ေတြကို အုတ္၊ အဂၤေတေတြနဲ႔လုပ္ေလ႔ရိွပါတယ္။ လူေနအိမ္ေတြ၊ အိမ္သာေတြက ထြက္လာတဲ့ ေရဆိုးေတြဟာ Cloaca Maxima လို႔ ေခၚတဲ႔ ပင္မမိလႅာပိုက္ႀကီးဆီေရာက္ၿပီး အဲဒီကမွ တစ္ဆင့္ျမစ္ထဲစြန္႔ပါတယ္။

ေရာမအဂၤေတနဲ႔ဗိသုကာပညာ
Roman Concrete and Architecture

ကြန္ကရစ္ကို စတင္အသံုးျပဳခဲ႔သူေတြဟာလည္း ေရာမသားေတြပဲျဖစ္ပါတယ္။ ေရာမသားေတြဟာ ပိုဇိုလန္ လို႔ေခၚတဲ႔မီးေတာင္ေခ်ာ္ျပာကို သဲ၊ ေက်ာက္၊ ထံုးတို႔နဲ႔ေရာစပ္ၿပီး ကြန္ကရစ္ကို ျပဳလုပ္ပါတယ္။ ေရာမေခတ္က ကြန္ကရစ္က အခုေခတ္ကြန္ကရစ္ေလာက္ ေကာင္းပါ႔မလားလို႔ သံသယရိွစရာပါ။ ဒါေပမယ္႔ လြန္ခဲ႔တဲ႔ ႏွစ္ နွစ္ေထာင္ေလာက္က ေရာမအင္ပါယာတနံတလ်ားမွာ ေဆာက္ခဲ႔တဲ႔ အေဆာက္အဦေတြမ်ားစြာ ဒီေန႔အထိရိွေနပါေသးတယ္။

Maison Carree

ျပင္သစ္ေတာင္ပိုင္း Nimes ၿမိဳ႕မွာရိွတဲ႔ Maison Carree လို႕ေခၚတဲ႔ ေရာမဘုရားေက်ာင္းေတာ္ႀကီးဟာ သက္တမ္းႏွစ္ ၂၀၀၀ ရိွပါၿပီ။ ေရာမၿမိဳ႕က ပန္သီယြန္ေက်ာင္းေတာ္ႀကီး ဆိုရင္ ေအဒီ ၁၁၈ ကေန ၁၂၈အတြင္းမွာေဆာက္လုပ္ခဲ့တာျဖစ္တဲ့အတြက္ သက္တမ္း ႏွစ္ ၂၀၀၀ နီးပါးရိွပါၿပီ။ ဒီေန႔အထိတည္တံ့ေနတုန္းပါ။ ဘုရားေက်ာင္းအျဖစ္ အသံုးျပဳေနဆဲပါ။ ေရာမသားေတြရဲ႕အံ့မခန္းတဲ့ ဗိသုကာလက္ရာကို ေဖာ္ျပေနတာကေတာ႔ ပန္သီယြန္ေက်ာင္းေတာ္က အမိုးခံုးဝိုင္းႀကီးပါ။

ဒီအမိုးခံုးဝိုင္းႀကီးဟာ အခ်င္း၁၄၂ေပ ရိွၿပီး ကမာၻမွာ သံမကူပဲ ကြန္ကရစ္သက္သက္နဲ႔ ေဆာက္တဲ့အမိုးခံုးဝိုင္းေတြထဲမွာ အႀကီးဆံုးျဖစ္ပါတယ္။ ထူးျခားခ်က္က ၾကမ္းျပင္ကေန ဒီအမိုးခံုးဝိုင္းႀကီးရဲ႕ ေခါင္အလည္တည့့္တည့္ အျမင့္ကလည္း၁၄၂ေပ ပဲျဖစ္ပါတယ္။ ေရာမသားေတြဟာ အေဆာက္အဦးတည္ေဆာက္ရာမွာ ကြန္ကရစ္ နဲ႔ အခံုးပံုစံေတြရဲ႕ အားသာခ်က္ေတြကို ေကာင္းေကာင္းအသံုးခ်ခဲ႔တာ ေတြ႕ရပါတယ္။

ပန္​သီယြန္​​ေက်ာင္​း​ေတာ္
ပန္​သီယြန္​​ေက်ာင္​း​ေတာ္​က အမိုးခံုးဝိုင္​းႀကီ

စစ္ရထားၿပိဳင္ပြဲမ်ားက်င္းပရာ ေရာမၿမိဳ႕လယ္ရိွ Circus Maximus ကိုေတာ႔ ဘီစီ၆ရာစုမွာ စတင္ေဆာက္လုပ္ခဲ့ပါတယ္။ မူလက သစ္သားနဲ႔ ေဆာက္လုပ္ခဲ့တာကို ဧကရာဇ္ထရာဂ်န္(Trajan) က ကြန္ကရစ္ျဖင့့္အဆင့္ျမႇင့္ခဲ့ပါတယ္။ အလ်ား ေပ၂၀၀၀ အနံေပ၇၀၀ ရိွၿပီး ပြဲၾကည့့္ပရိသတ္ ႏွစ္သိန္းခြဲဆန္႔ပါတယ္။ ဒီေန႔ေခတ္မွာ ျမက္ခင္းတခုအေနေလာက္ပဲေတြ႔ရေတာ႔တဲ႔ Circus Maximus ဟာ တခ်ိန္တုန္းက ေရာမၿမိဳ႔ရဲ႕ အထင္ကရ ဗိသုကာလက္ရာတစ္ခု ျဖစ္ခဲ႔မွာပါ။

Colosseum လို႔ေခၚတဲ့ ခန္းမႀကီးကို ကိုေအဒီ ၇၂ မွာ ေရာမဧကရာဇ္ Vespasian ကေဆာက္လုပ္ခဲ့ပါတယ္။ အီလစ္ပံုစံျဖစ္ၿပီး အက်ယ္ဆံုးေနရာမွာ ေပ၆၀၀နဲ႔ အက်ဥ္းဆံုးေနရာမွာ ေပ ၅၀၀ ရိွပါတယ္။ အျမင့့္ကေပ၁၆၀ ရိွၿပီးအထပ္ေလးထပ္ရိွပါတယ္။ ပရိသတ္ ၅ေသာင္းဆန္႔ပါတယ္။ ဒီခန္းမႀကီးမွာအဓိက အားျဖင့္ ယွဥ္ၿပိဳင္သတ္ျဖတ္ပြဲေတြ၊ ေသဒဏ္ခ်မွတ္ခံရသူေတြကို စီရင္တာေတြျပဳလုပ္ပါတယ္။

စစ္ရထားၿပိဳင္ပြဲမ်ားက်င္းပရာ Circus Maximus

ေရာမကြန္ကရစ္နဲ႔ေဆာက္လုပ္ခဲ႔တဲ႔ ဆိပ္ခံတံတားေအာက္ခံတိုင္ႀကီးေတြကို လည္း ဒီေန႔အထိအေကာင္းအတိုင္း ရိွေနတာေတြ႔ရမွာပါ။ ဒီေန႔ေခတ္ကြန္ကရစ္နဲ႔ေဆာက္တဲ႔ ပင္လယ္ဆိပ္ခံတံတားက ႏွစ္ေပါင္းငါးဆယ္ ေလာက္သာအာမခံႏိုင္ပါတယ္။ ေရာမေတြအသံုးျပဳတဲ႔ကြန္ကရစ္ဟာ ပင္လယ္ဆားငံရည္ကို ေကာင္းေကာင္းခံႏိုင္တာေတြ႔ပါတယ္။ ဒါျပင္႔ အခုေခတ္ကြန္ကရိ ထက္ေတာင္မွပိုၿပီးတာ႐ွည္ခံတာကိုလည္း အံ႔အားသင္႔ဖြယ္ေတြ႔ရပါတယ္။

Colosseum

(ေရာမလမ္းစနစ္)
Roman road system

ေရွးေခတ္ေရာမအင္ပါယာအေၾကာင္း ေျပာမယ္ဆိုရင္ သူတို႔ရဲ႕လမ္းစနစ္ေတြ အေၾကာင္းခ်န္လွပ္ထားရင္ ျပီးျပည့္စံုမွာမဟုတ္ပါဘူး။ ေရာမအင္ပါယာႀကီး နွစ္ရာေပါင္းမ်ားစြာ တည္တန္႔႔ခိုင္ၿမဲတန္ခိုးထြားႏိုင္ေစဖို႔အတြက္ သူတို႔ေဖာက္လုပ္ခဲ့တဲ့လမ္းေတြက အဓိက အခန္းကပါဝင္ေနခဲ့ပါတယ္။ Viae လို႔ေခၚတဲ့ hiway လမ္းေတြဟာ ေရာမၿမိဳ႕ကေန အဖက္ဖက္ကိုျဖာထြက္ေနၿပီး ေရာမစစ္ယႏၲရားအတြက္ အသက္ေသြးေၾကာသဖြယ္အေရးပါလွပါတယ္။

ဒီလမ္းေတြကိုအသံုးျပဳၿပီး ေရာမစစ္တပ္ေတြဟာ အင္ပါယာတနံတလ်ား ယူဖေရတီးျမစ္ဝွမ္းကေန အတၱလႏၲိတ္သမုဒၵရာအထိ လြယ္ကူလ်င္ျမန္စြာ ေ႐ြ႕လ်ားစစ္ကစားနိုင္တဲ့အတြက္ ေရာမအင္ပါယာရဲ႕အာဏာစက္ကို လက္ေအာက္ခံနယ္ေျမေတြအေပၚမွာ ၾကာရွည္ေလးျမင့္စြာ တည္ရိွေနေစနိုင္ခဲ့ပါတယ္။

ေရာမေခတ္က လမ္း

၂၇ဘီစီ ကစၿပီး ေအဒီ၄၇၆ အထိ ေျမထဲပင္လယ္ကို အလယ္မွာထားၿပီး အာရွ၊ ဥေရာပ၊ အာဖရိကတိုက္ သံုးတိုက္ကိုခြၿပီး ႏွစ္ေပါင္း ငါးရာေက်ာ္ၾကာတည္တံ့ခဲ့တဲ့ ေရာမအင္ပါယာေခတ္ သက္တမ္းတေလ်ွာက္မွာ ေရာမသားေတြဟာ လမ္းကီလိုမီတာ ၄သိန္းေက်ာ္ေဖာက္လုပ္ခဲ့ၾကပါတယ္။

အဲဒီထဲက ကီလိုမီတာရွစ္ေသာင္းေက်ာ္ဟာ အက်အနခင္းထားတဲ့ ေက်ာက္ခင္းလမ္းမ်ားျဖစ္ၾကပါတယ္။ေအာက္ခံ foundation ကို အေသအခ်ာလုပ္ထားတဲ့ အတြက္တခ်ိဳ႕လမ္းေတြဟာအခုေခတ္အထိဆက္လက္ အသံုးေတာ္ခံေနဆၿဲဖစ္ပါတယ္။

Apian way လမ္း

အီတလီအေရွ႕ေတာင္ပိုင္းမွာရိွတဲ့ Apian way ဆို ေရာမသမၼတနိုင္ငံေခတ္ ဘီစီ၄ရာစု ေလာက္က ေဖာက္လုပ္ခဲ့တာျဖစ္ၿပီး တခ်ဳိ႕လမ္းအစိတ္အပိုင္းေတြကို ယခုတိုင္ေတြ႕ နိုင္ပါေသးတယ္။ ေရာမအင္ပါယာေခတ္လမ္းေတြရဲ႕ထူးျခားတဲ့ဝိေသသေတြက ေျဖာင့္တန္းမူရိွျခင္း၊လမ္းမ်က္နွာျပင္အခံုးထားရိွၿပီး လမ္းေဘးတဖက္တခ်က္မွာေရေျမာင္းပါရိွျခင္းတို႔ျဖစ္ပါတယ္။ လမ္းအူေၾကာင္းေ႐ြးၿပီးၿပီဆိုတာနဲ႔ ေျမအနက္သံုးေပေလာက္အထိ တူးထုတ္ပစ္လိုက္ၿပီး ပထမဆံုးေျမဖို႔သဲၾကပ္ၿပီးသိပ္သည္းေအာင္လုပ္ပါတယ္။

အဲဒီေနာက္မွာေတာ့ေက်ာက္တံုးႀကီးေတြစီခင္းပါတယ္။ ၿပီးတဲ့အခါ ေက်ာက္ေတြကိုထံုးသ႐ြတ္ေတြနဲ႔ေရာၿပီး တစ္လႊာခ်င္းစီ စီခင္းပါတယ္။အေပၚဆံုးလႊာကိုေတာ့ေက်ာက္ျပားေတြကို ပိုဇိုလန္ဘိလပ္ေျမသ႐ြတ္နဲ႔တြဲၿပီး ညီညီညာညာလုပ္ေလ႔ရိွပါတယ္။ ျမင္းရွစ္ေကာင္ကတဲ့ ဝန္တင္လွည္းေတြရဲ႕အေလးခ်ိန္ကို ေကာင္းေကာင္းခံႏုိင္ေအာင္ ခင္းထားတာျဖစ္ပါတယ္။ လမ္းတေလ်ွာက္မွာ လမ္းအကြာအေဝးျပမိုင္တိုင္ေတြလည္း ထားရိွၿပီး မိုင္တိုင္ေတြမွာလက္ရိွေနရာနဲ႔ ေရာမၿမိဳနဲ႔ အကြာအေဝးကို ေဖာ္ျပေလ့ရိွပါတယ္တဲ့။

ေရာမေတြေဖာက္ခဲ႔တဲ႔လမ္း ျဖတ္ပိုင္းပံု

ေရာမေခတ္တံတားမ်ား
Roman Bridge

ေရာမအင္ပါယာေခတ္မွာ လမ္းေတြနဲ႔အတူ တံတားေပါင္းမ်ားစြာလည္း ေဆာက္ခဲ့ၾကပါတယ္။ ေရာမတံတားေတြရဲ႕ထူးျခားခ်က္ေတြကေတာ့ အမ်ားအားျဖင့္ေက်ာက္စီအမိုးခံုးတံတားမ်ားျဖစ္ျခင္း၊ ေက်ာက္စီရာမွာ အလ်ား အနံတလႊာစီ စီတဲ့ Header and Stretcher bond ကိုအသံုးျပဳထားျခင္း၊ တံတားအက်ယ္ ၁၅ေပ ရိွျခင္း၊ ဆင္ေျခေလ်ာထားရိွျခင္း၊ အုတ္တလံုးနဲ႔ တလံုး ခိုၿမီးဆက္ ဆက္ထားျခင္း တို႔ျဖစ္ပါတယ္။

စပိန္ႏိုင္ငံမွာ တည္ရိွတဲ့ Tagus ျမစ္ကိုျဖတ္ေဆာက္ထားတဲ့ Alcantara တံတားဟာ ေအဒီ ၁၀၄ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တဲ့ ေက်ာက္စီခံုးတံတားျဖစ္ၿပီး ယေန႔အထိ တည္ရိွေနပါေသးတယ္။ တံတားအ႐ွည္ ေပ၆၀၀ ရိွၿပီး ခန္းဖြင့္၆ခု ပါရိွပါတယ္။ အ႐ွည္ဆံုးခန္းဖြင့္က ေပ၁၀၀ ရိွပါတယ္။ တံတားေရလယ္တိုင္မွာ တံတားတည္ေဆာက္တဲ့ ကမၺည္းစာကိုေရးထိုးထားပါတယ္။ ကမၺည္းစာမွာ ေဒသဆုိင္ရာျမဴ နီစီပယ္အဖြဲ႔ေတြက တံတားကိုတာဝန္ယူေဆာက္လုပ္ခဲ့တဲ့ အေၾကာင္းနဲ႔ တံတားရဲ႕ဒီဇိုင္းနာနာမည္ကိုေဖာ္ျပထားပါတယ္။

စပိန္ႏိုင္ငံရိွ Tagusျမစ္​ကို ျဖတ္​ေဆာက္​ထား​ေသာ ​ေရာမ​ေခတ္​လက္​ရာ အယ္​ကန္​တာရာတံတား

ျမစ္ကိုျဖတ္ၿပီးတံတားထိုးရတဲ႔အခါ ေရလယ္တိုင္ေတြလုပ္ရပါတယ္။ ေရာမသားေတြဟာ ျမစ္ေအာက္ေျခၾကမ္းျပင္ကမာၿပီး ေက်ာက္သားရိွရင္ အဲဒီေပၚမွာပဲေအာက္ခံခံုလံုး (foundation) လုပ္ေလ႔ရိွပါတယ္။ ေျမေပ်ာ႔တဲ႔ေနရာေတြမွာ ဆိုရင္ေတာ႔ ပတ္ပတ္လည္သစ္သားပိုင္တိုင္ေတြ စိပ္စိပ္႐ိုက္၊ရႊံ႕ ေတြမံၿပီးယာယီေရတားတမံ(Coffer Dam)လုပ္ပါတယ္။ ၿပီးမွအထဲက ေျမႀကီးတူးထုတ္ၿပီး ကြန္ကရစ္ေလာင္းပါတယ္။ Coeffer dam ထဲ ကြန္ကရစ္ေလာင္းထည္႔ၿပီး လုပ္ထားတဲ႔ခံုလံုးပံုစံနဲ႔ တံတားေတြထဲမွာ ဒီေန႔ေတြ႔ျမင္ေနရတဲ့ ေရာမၿမိဳ႔ အနီး တိုင္ဘာျမစ္ျဖတ္တံတားက ႏွစ္ေပါင္း၁၈၀၀ ေက်ာ္ပါၿပီ။

ေရာမၿမိဳ႔အနီးရိွ ဘီစီ ၆၂ ကေဆာက္လုပ္ခဲ႔ေသာPonte Favricio တံတား

ေရာမေခတ္မွာ ဥေရာပအေနာက္ပိုင္းက ဒင္းညဳျုမစ္၊ ႐ိုင္းျမစ္ စတဲ့ျမစ္ႀကီးေတြကို ျဖတ္တဲ့တံတားေတြလည္း တည္ေဆာက္ခဲ့ၾကပါတယ္။ ေအဒီ ၁၀၃ ခုႏွစ္ ဧကရာဇ္ Trajan လက္ထက္တည္ေဆာက္ခဲ့တဲ့ ရိုင္းျမစ္ျဖတ္တံတားဟာ ၃၂၇၄ေပ ႐ွည္ပါတယ္။ အုတ္ခံုလံုးတံတားေအာက္ခံတိုင္ေပါင္း ၂၀ ပါဝင္ ပါတယ္။ ေရျပင္အထက္ ၆၂ေပ ျမင့္ပါတယ္။ အေပၚပိုင္း တံတားကိုယ္ထည္ကိုေတာ့သစ္သား ျဖင့္တည္ေဆာက္ထားပါတယ္။ ဒါေပမယ့္သူ႔႔ေနာက္ဆက္ခံတဲ့ ဘုရင္ကေျမာက္ပိုင္းကလူ႐ိုင္းေတြတံတားကိုျဖတ္ေက်ာ္ ၿပီးလာတိုက္မွာ စိုးရိမ္တဲ့အတြက္ တံတားရဲ႕သစ္သားကိုယ္ထည္တခုလံုးကိုၿဖိဳခ်လိုက္ပါတယ္။ ေအာက္ခံခံုလံုးေတြကိုေတာ႔ ယေန႔အထိေတြ႔ႏိုင္ပါေသးတယ္။

နိဂံုး

ျဖစ္တည္ျခင္း မွန္သမ်ွသည္ ေလာကဓမၼတာ တရားသေဘာအတိုင္း ေနာက္ဆံုးေတာ႔ ပ်က္သုဥ္းျခင္းနဲ႔ပဲ နိဂံုးခ်ဳပ္ရသည္သာ။ သမိုင္းမွာအရွည္ၾကာဆံုး ျပိဳင္ဖက္ကင္းခဲ့တဲ့ အင္ပါယာႀကီးလည္း အနိစၥတရားသေဘာမွ ခြ်င္းခ်က္မဟုတ္ေပ။ ပ်က္စီးရေတာ႔မည္အခ်ိန္ကို ေရာက္လာေတာ့ အရာအားလံုးက ပ်က္စီးျခင္းကိုပဲဦးတည္လာေတာ႔သည္။ အတြင္းဖက္က လိူက္စားလာသလို၊ အျပင္ဖက္ကလည္း ရန္အသြယ္သြယ္ေပၚလာသည္။ ယဥ္ေက်းမူနိမ္႔တဲ႔ လူမ်ိဳးစုေတြက ေရာမအင္ပါယာရဲ႕ေျမာက္ဖက္ နယ္နမိတ္ေတြကို ႏွစ္ေပါင္းမ်ားစြာ အဆက္မျပတ္ အလံုးအရင္းႏွင္႔ဖိဝင္လာၾကသည္။

ေအဒီတစ္ရာစုက ေရာမၿမိဳ႔

ေရာမစစ္တပ္ကလည္းအရင္လို စြမ္းအားမရိွေတာ႔။ ဆက္တိုက္ရံွဳးပြဲေတြႀကံဳလာရသည္။ ထိုလူမ်ိဳးစုေတြက ေအဒီ ၄၇၆တြင္ ေရာမၿမိဳ႕ကိုသိမ္းပိုက္လိုက္ျခင္းျဖင္႔ ႏွစ္ေပါင္း ၅၀၀ေက်ာ္တည္တန္႔ခဲ႔ေသာ ေရာမအင္ပါယာႀကီးနိဂံုးခ်ဳပ္သြားရသည္။ (အေ႐ွ႕ ျခမ္းကေတာ႔ ဘိုင္ဇိုင္းတိုင္းအင္ပါယာအျဖစ္ေနာင္ႏွစ္ေပါင္း ၁၀၀၀ အထိ ဆက္လက္တည္တန္႔ခဲ႔ပါသည္)

(Written by Kyaw Min Aung)


ရှေးခေတ် ရောမအင်ပါယာရဲ့အင်ဂျင်နီယာစွမ်းပကား (unicode)

ရေးသားသူ – Ko Kyaw Min Aung

ရှေးခေတ်ရောမရဲ့အင်ဂျင်နီယာစွမ်းပကား အကြောင်းမပြောခင် တခေတ်တခါက ကမ္ဘာမှာ အရှည်ကြာဆုံး စူပါပါဝါဖြစ်ခဲ့တဲ့ ရောမရဲ့သမိုင်းကြောင်း အကျဉ်းမျှ တင်ပြပါရစေ။

ရောမ ကို ဘီစီ ၇၅၃ မှာရိုမြူလပ် (Romulus) က စတည်ခဲ့ပါတယ်။ အိန္ဒိယမှာ ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း၂၀၀ လောက်က ရောမကိုစတည်ခဲ့တယ်လို့ အကြမ်းအားဖြင့် မှတ်လို့ရပါတယ်။ ဘီစီ ၅၀၉ မှာလူထုကရွေးကောက်တင်မြှောက်တဲ့အစိုးရကအုပ်ချုပ်တဲ့ သမ္မတနိုင်ငံဖြစ်လာပါတယ်။ (အဲဒါနဲ့တချိန်တည်းလောက်မှာ မဇ္စျိမဒေသ ဝဇ္ဇီတိုင်းမှာလည်း လွှတ်တော်ကအုပ်ချုပ်တဲ့ နိုင်ငံတခုရှိပါတယ်)

ဘီစီသုံးရာစုလောက်အထိ ရောမရဲ့ဩဇာဟာ အီတလီကျွန်းဆွယ် အတွင်းမှာပဲရှိနေပါသေးတယ်။ ဘီစီ ၂၆၄-၁၄၆ အတွင်း ကာသေ့တွေနဲ့ ဖြစ်ပွားတဲ့ ပြူးနစ်စစ်ပွဲတွေအပြီးမှာ စပိန်နဲ့ အာဖရိကကမ်းခြေဒေသတွေအထိ ရောမရဲ့ဩဇာအာဏာသက်ရောက်လာပါတယ်။ ဂျူးလိယက်ဆီဇာ လက်ထက်မှာ သမ္မတနိုင်ငံကနေ အာဏာရှင်ဧကရာဇ်နိုင်ငံပြောင်းဖို့ကြိုးစားလာတဲ့အတွက် ဘီစီ ၄၄ မှာ ဆီဇာလုပ်ကြံခံရပါတယ်။ အဲဒီနောက်ပြည်တွင်းစစ်တွေ အတောမသတ် ဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာအနိုင်ရခဲ့သူကတော့ ဂျူးလိယက်ဆီဇာရဲ့မွေးစားသား အိုတေးဗီးယပ် (Octavian) ပဲဖြစ်ပါတယ်။ သူက ဘီစီ ၂၇ မှာ ဩဂတ်စတတ် (Augustus) နာမည်နဲ့ ရောမဧကရာဇ်အဖြစ် ခံယူပါတယ်။ ဒါဟာ သမ္မတနိုင်ငံခေတ်ရဲ့နိဂုံးဖြစ်ပြီး အင်ပါယာခေတ်ရဲ့အစဖြစ်ပါတယ်။

အဲဒီအချိန်ကနေ နောင်နှစ်ပေါင်းနှစ်ရာတိုင်အောင် အလွန်စည်ပင်ဝပြောတဲ့ကာလတခုဖြစ်ခဲ့ပါတယ်။ အေဒီ၁၀၀ လောက်မှာ ရောမအင်ပါယာရဲ့နယ်နမိတ်ဟာ အကျယ်ပြန့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်။ ဒီနေ့ခေတ်အီတလီ၊ ဂရိ၊ ဘူဂေးရီးယား၊ တူရကီ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူကီ၊အင်္ဂလန်စတဲ့ ဥရောပနိုင်ငံတွေ၊ အီဂျစ်၊ လစ်ဗျား၊ မော်ရိုကို၊ အယ်ဂျီးရီးယားစတဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံတွေနဲ့ ဆီးရီးယား၊ အစ္စရေး၊ ဂျော်ဒန်၊အီရတ်၊လက်ဘနွန်စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ပိုင်နက်တွေပါဝင်ပြီး စတုရန်းမိုင်နှစ်သန်း လောက်ကျယ်ပါတယ်။ အင်ပါယာတဝှမ်းမှာ နေထိုင်သူ လူဦးရေ သန်း၅ဝခန့်ရှိလိမ့်မယ် လို့ ခန့်မှန်းကြပါတယ်။

ရောမအင်ပါယာဟာ အေဒီ ၄၇၆အထိ နှစ်ပေါင်း ၅၀၀ လောက်တည်တန့်ခဲ့ပြီး ကမ္ဘာမှာအရှည်ကြာဆုံးနဲ့အရှိန်အဝါအကြီးဆုံးအင်ပါယာတခုဖြစ်ခဲ့ပါတယ်။ အင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ရောမ မှာတော့နေထိုင်သူ ၁သန်းခန့် ရှိပါတယ်။ ရောမမြို့ ဟာလည်း နှစ်ပေါင်း ၅၀၀ ကြာအောင် ကမ္ဘာမှာပြိုင်ဖက်ကင်း မြို့တော်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲလိုဖြစ်ဖို့အတွက်လည်းရောမသားတွေဟာသူမတူတဲ့စနစ်ကောင်းတွေ၊အတတ်ပညာတွေနဲ့ အဖက်ဖက်ကကြိုးစားအားထုတ်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။

ရောမဧကရာဇ်တွေဟာ အင်ဂျင်နီယာအတတ်ပညာကို သူတို့ရဲ့ဘုန်းတန်ခိုးပြဖို့လောက်အတွက်သာမဟုတ်ပဲ ပြည်သူတွေရဲ့ လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ(Infrastructure)တွေ ဆောက်လုပ်ရာမှာ ကောင်းကောင်းအသုံးချခဲ့သူတွေဖြစ်ပါတယ်။ အဲဒါက ယခင်အီဂျစ်ဘုရင်တွေနဲ့ ကွာခြားချက်တစ်ခုပါ။

ရောမ ရေသွယ်စနစ်
Roman Aqueducts

ရောမသားတွေဟာ သောက်သုံးရေကို အဝေးမှာရှိတဲ့ စမ်းချောင်းတွေ ရေကန်တွေကနေ ရောမမြို့ဆီသွယ်တန်းရယူပါတယ်။ Aqueductလို့ခေါ်တဲ့ရေတံတားတွေ။ ကွန်ကရစ်ရေသွယ်မြောင်းတွေ၊ ပိုက်တွေနဲ့ အဆင့်ဆင့် လိုချင်တဲ့နေရာ ရောက်သည်အထိသွယ်ယူပါတယ်။ တောင်ကုန်းတွေခံနေတဲ့အခါ ဥမင်တွေ ဖောက်ပြီး ချိုင့်ဝှမ်းနေရာတွေမှာတော့ ရေသွယ်တံတားတွေဆောက်ရပါတယ်။ Aqueduct တွေဟာ ရောမအင်ပါယာထဲမှာပါခဲ့တဲ့ ဥရောပ အနောက်ပိုင်းနိုင်ငံတွေမှာ အထင်ကရရှေးဟောင်း အမွေအနှစ်အဖြစ် ယနေ့ခေတ်အထိ ကျန်ရှိနေပါသေးတယ်။ နှစ်ပေါင်းငါးရာအတွင်း ရောမအင်ပါယာ တစ်ခုလုံးမှာ Conduit ခေါ်ပင်မရေပိုက်လိုင်းတွေ၊ Aqueduct ခေါ်ရေသွယ်တံတားတွေ မိုင်ပေါင်း ၂၅၀ကျော် ဆောက်လုပ်ခဲ့ကြပါတယ်။

ရေသွယ်ယူတဲ့နေရာမှာ ချိုင့်ဝှမ်းတွေကို ဖြတ်ရတဲ့အခါ တံတားထိုးဖို့အဆင်မပြေရင် ဆိုင်ဖွန်ပြောင်းပြန်နည်းနဲ့ သွယ်ယူပါတယ်။ မြေကြီးအောက်မှာမြူပ်ထားတဲ့ ရေပိုက်တွေကမြေကြီးအောက် ၃ပေအနက်လောက်မှာရှိပါတယ်။ ပိုက်တွေကို အုတ် ဒါမှမဟုတ် ကွန်ကရစ် နဲ့ ပြုလုပ်ပါတယ်။ ပိုက်တွေဟာ အောက်ခြေကပြားပြီး အမိုးခုံးပုံစံဖြတ်ပိုင်းပုံရှိပါတယ်၊ ပိုက် ပျက်စီးပိတ်ဆို့တာတွေကို စစ်ဆေးနိုင်ဖို့ အကွာအဝေးတခုစီမှာ Man hole လူဝင်ပေါက်တွေရှိပါတယ်။ Man hole ပေါက်တွေကို အမိုး Slab ပြားတွေနဲ့ ဖုံးအုပ် ထားပါတယ်။

ရေသွယ်မြောင်းတွေ၊ ရေပိုက်တွေ ရေဖိအားကြောင့် တိုက်စားပျက်စီးခံရတာနည်းစေဖို့ ရေပိုက်ရဲ့လျှောစောက်(gradient)ကို နည်းနိုင်သမျှ နည်းထားတာတွေ့ရပါတယ်။ ရေပိုက်အများစုမှာ မီတာ ၄၈၀၀ အရှည်မှာ အနိမ့်အမြင့်ခြားနားခြင်း ၁မီတာပဲ ရှိပါတယ်။ ပြင်သစ်နိုင်ငံတောင်ပိုင်း ဂါဒွန်မြစ်ပေါ် ဖြတ်သန်းသွယ်ထားတဲ့ Pont du Gard လို့ ခေါ်တဲ့ ရေသွယ်တံတားဟာ ရောမအင်ပါယာခေတ် အေဒီတစ်ရာစုလောက်က ထုံးလချေးကျောက်နဲ့ ဆောက်ခဲ့တာ ဖြစ်ပါတယ်။၆တန်လောက်အထိ အလေးချိန်ရှိတဲ့ ကျောက်တုံးတွေကို သရိုးမပါပဲဆက်စပ် တည်ဆောက်ထားတာဖြစ်ပါတယ်။ အခုံးနေရာတွေကို တည်ဆောက်ထားပုံက အလွန်စေ့စပ်သေချာပြီး အထင်ကြီးစရာပါ။

တံတားအရှည်က ပေ၁၀၀ဝရှိပြီး အဆင့်သုံးဆင့်တည်ဆောက်ထားကာ စုစုပေါင်းအမြင့် ပေ၁၆ဝရှိပါတယ်။ တံတားပေါ်က ရေသွယ်မြောင်းကအကျယ် ၄ ပေနဲ့ အမြင့်၆ပေရှိပါတယ်။ ၃၁မိုင် အရှည်ရှိတဲ့ အဲဒီရေပေးဝေတဲ့ပိုက်လိုင်းဟာ Nimes မြို့အရောက်မှာ မူလရေဝေနေရာထက် ၄၁ပေပဲ နိမ့်ပါတယ်။ ရေပိုက်လိုင်းတလျှောက်အဆိုင်း (gradient) က သုံးမိုင်မှာ လေးပေလောက်ပဲရှိပါတယ်။ ဒီတံတားကို ဖြတ်သွယ်ထားတဲ့ ရေပိုက်လိုင်းက ရောမကိုလိုနီ Nimesမြို့ကိုတစ်နေ့ ရေ ဂါလံ ၈သန်းကျော်ထောက်ပံ့ပေးပါတယ်။

မိုင်ပေါင်းများစွာရှည်တဲ့ရေပိုက်လိုင်းတွေကို gradient နည်းနည်းနဲ့ level မှန်ကန်အောင်လုပ်သွားနိုင်တာက ရောမသားတွေရဲ့ အံ့မခန်း အင်ဂျင်နီယာစွမ်းရည်ကိုဖော်ပြနေပါတယ်။

ရောမကိုသွယ် ထားတဲ့ရေပိုက်ကြီးတွေက တခုတည်းမဟုတ်ပါဘူး။ ရေရရှိရာ နေရာမျိုးစုံကနေ ပိုက်များစွာသွယ်ထားတာပါ။ ရေရဲ့အရည်အသွေးကိုလိုက်ပြီး သောက်ရေအဖြစ်သုံးဖို့ ၊ ရေချိုးကန်တွေ အိမ်သာတွေအတွက် သုံးဖို့ သီးခြားစီ ပိုက်လိုင်းတွေ ခွဲခြားသွယ်တန်းထားပါတယ်။ ရောမမြို့ဆီ အဲဒီပိုက်တွေကနေ ရေဂါလံသန်းသုံးရာလောက်ကို နေ့စဉ် ပို့ပေးပါတယ်တဲ့။ (ရန်ကုန်မြို့ကို ဒီနေ့ရေထောက်ပံ့နေတဲ့နူန်းထက် များမယ်ထင်တယ်။)

ရောမမြို့ကရေပန်းတွေက ၂၄နာရီ ပန်းထွက်နေကြပါတယ်။ ရေချိုးခန်းတွေ၊ အိမ်တွေလည်းတနေ့ပတ်လုံး ရေမပြတ်ရနေပါတယ်။ ရေကို ဇက်ကြိုးချုပ်ကိုင်တွယ်နိုင်ခြင်းက တခြားနိုင်ငံတွေကို ဖိန့်သွားစေနိုင်တဲ့ ရောမအင်ပါယာရဲ့ တန်ခိုးပါဝါတခုလို့ ရောမဧကရာဇ်တွေက အစဉ်အဆက် ယူဆကြပါတယ်။ အဲ့ဒီအတွက်လည်း သူတွေဟာ နည်းပညာ၊ လုပ်အား၊ အချိန်မြောက်မြားစွာ ရင်းနှီးပြီး ရေသွယ်ဖို့အခြေခံအဆောက်အဦးတွေဖြစ်တဲ့ Aqueduct တွေကို ရောမအင်ပါယာတနံတလျားမှာ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ရေရဲ့စွမ်းအင်ကို အလိုရှိသလို အသုံးချနိုင်အောင်လည်းအမြဲ ကြံဆောင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ရေအားကိုအသုံးပြုပြီး သီးနှံကြိတ်ခွဲစက်တွေ တီထွင်တာ၊ ရေအားကို သတ္တုတူးဖော်တဲ့လုပ်ငန်းမှာ အသုံးပြုတာတွေ ပါပါတယ်။

ရောမ မိလ္လာစွန့်စနစ်
Roman Sewers

ရောမမှာ အဆင့်အတန်းမြင့်တဲ့ ရေဆိုးစွန့်ထုတ်စနစ် တစ်ခုရှိခဲ့ပါတယ်။ ဂျူးလိယက်ဆီဇာ မတိုင်ခင် နှစ်ပေါင်း ၅၀၀လောက်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။ အစကတော့ မိလ္လာစွန့်ပစ်ဖို့ထက် ရေကြီးရေလျှံဖြစ်တာကို ကာကွယ်ဖို့ မိုးရေတွေစွန့်ထုတ်ဖို့ပဲ ရည်ရွယ်လုပ်ခဲ့တာပါ။ လမ်းဘေးရေမြောင်းတွေကနေ ရေကိုစုယူပြီးနောက်ဆုံးမြစ်ထဲစွန့်ပစ်မယ့် Cloaca Maxima လို့ခေါ်တဲ့ရေမြောင်းကြီးတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့အဲဒီရေမြောင်းကြီးတွေကို အဖုံးဖုံး အလုံပိတ်ပြီး အဓိကမိလ္လာစွန့်ထုတ်ပိုက်ကြီးတွေအဖြစ် အသွင်ပြောင်းခဲ့ကြတယ်။

ရောမမှာလူနေထူထပ်လာပြီး မိလ္လာအညစ်အကြေးတွေက လူတွေသောက်သုံးတဲ့ရေထဲရောက်ပြီးရောဂါဘယတွေဖြစ်ပွားလာကြတဲ့အတွက် မိလ္လာတွေကိုပါ မြို့နဲ့ဝေးရာကိုစွန့်ထုတ်ဖို့ကြံစည်လုပ်ဆောင်လာခဲ့ပါတယ်။ အများပြည်သူသုံးအိမ်သာတွေ၊ ရေချိုးခန်းတွေဟာ ရောမရဲ့နေ့စဉ်လူမူဘဝမှာ အတော်လေးအရေးပါ ပါတယ်။ အများအားဖြင့်ရေချိုးကန်တွေ၊ အိမ်သာတွေကို မိလ္လာပိုက်ကြီးတွေရဲ့အပေါ်မှာဆောက်ထားလေ့ရှိပါတယ်။မိလ္လာပိုက်တွေကို အုတ်၊ အင်္ဂတေတွေနဲ့လုပ်လေ့ရှိပါတယ်။ လူနေအိမ်တွေ၊ အိမ်သာတွေက ထွက်လာတဲ့ ရေဆိုးတွေဟာ Cloaca Maxima လို့ ခေါ်တဲ့ ပင်မမိလ္လာပိုက်ကြီးဆီရောက်ပြီး အဲဒီကမှ တစ်ဆင့်မြစ်ထဲစွန့်ပါတယ်။

ရောမအင်္ဂတေနဲ့ဗိသုကာပညာ
Roman Concrete and Architecture

ကွန်ကရစ်ကို စတင်အသုံးပြုခဲ့သူတွေဟာလည်း ရောမသားတွေပဲဖြစ်ပါတယ်။ ရောမသားတွေဟာ ပိုဇိုလန် လို့ခေါ်တဲ့မီးတောင်ချော်ပြာကို သဲ။ကျောက်။ ထုံးတို့နဲ့ရောစပ်ပြီး ကွန်ကရစ်ကို ပြုလုပ်ပါတယ်။ ရောမခေတ်က ကွန်ကရစ်က အခုခေတ်ကွန်ကရစ်လောက် ကောင်းပါ့မလားလို့ သံသယရှိစရာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် နှစ်ထောင်လောက်က ရောမအင်ပါယာတနံတလျားမှာ ဆောက်ခဲ့တဲ့ အဆောက်အဦတွေများစွာ ဒီနေ့အထိရှိနေပါသေးတယ်။

ပြင်သစ်တောင်ပိုင်း Nimes မြို့မှာရှိတဲ့ Maison Carree လို့ခေါ်တဲ့ ရောမဘုရားကျောင်းတော်ကြီးဟာ သက်တမ်းနှစ် ၂၀၀၀ ရှိပါပြီ။ ရောမမြို့က ပန်သီယွန်ကျောင်းတော်ကြီး ဆိုရင် အေဒီ ၁၁၈ ကနေ ၁၂၈အတွင်းမှာဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် သက်တမ်း နှစ် ၂၀၀၀ နီးပါးရှိပါပြီ။ ဒီနေ့အထိတည်တံ့နေတုန်းပါ။ ဘုရားကျောင်းအဖြစ် အသုံးပြုနေဆဲပါ။ ရောမသားတွေရဲ့အံ့မခန်းတဲ့ ဗိသုကာလက်ရာကို ဖော်ပြနေတာကတော့ ပန်သီယွန်ကျောင်းတော်က အမိုးခုံးဝိုင်းကြီးပါ။

ဒီအမိုးခုံးဝိုင်းကြီးဟာ အချင်း၁၄၂ပေ ရှိပြီး ကမ္ဘာမှာ သံမကူပဲ ကွန်ကရစ်သက်သက်နဲ့ ဆောက်တဲ့အမိုးခုံးဝိုင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ထူးခြားချက်က ကြမ်းပြင်ကနေ ဒီအမိုးခုံးဝိုင်းကြီးရဲ့ ခေါင်အလည်တည့်တည့် အမြင့်ကလည်း၁၄၂ပေ ပဲဖြစ်ပါတယ်။ ရောမသားတွေဟာ အဆောက်အဦးတည်ဆောက်ရာမှာ ကွန်ကရစ် နဲ့ အခုံးပုံစံတွေရဲ့ အားသာချက်တွေကို ကောင်းကောင်းအသုံးချခဲ့တာ တွေ့ရပါတယ်။

စစ်ရထားပြိုင်ပွဲများကျင်းပရာ ရောမမြို့လယ်ရှိ Circus Maximus ကိုတော့ ဘီစီ၆ရာစုမှာ စတင်ဆောက်လုပ်ခဲ့ပါတယ်။ မူလက သစ်သားနဲ့ ဆောက်လုပ်ခဲ့တာကို ဧကရာဇ်ထရာဂျန်(Trajan) က ကွန်ကရစ်ဖြင့်အဆင့်မြှင့်ခဲ့ပါတယ်။ အလျား ပေ၂၀၀၀ အနံပေ၇၀၀ ရှိပြီး ပွဲကြည့်ပရိသတ် နှစ်သိန်းခွဲဆန့်ပါတယ်။ ဒီနေ့ခေတ်မှာ မြက်ခင်းတခုအနေလောက်ပဲတွေ့ရတော့တဲ့ Circus Maximus ဟာ တချိန်တုန်းက ရောမမြို့ရဲ့ အထင်ကရ ဗိသုကာလက်ရာတစ်ခု ဖြစ်ခဲ့မှာပါ။

Colosseum လို့ခေါ်တဲ့ ခန်းမကြီးကို ကိုအေဒီ ၇၂ မှာ ရောမဧကရာဇ် Vespasian ကဆောက်လုပ်ခဲ့ပါတယ်။ အီလစ်ပုံစံဖြစ်ပြီး အကျယ်ဆုံးနေရာမှာ ပေ၆၀ဝနဲ့ အကျဉ်းဆုံးနေရာမှာ ပေ ၅၀၀ ရှိပါတယ်။ အမြင့်ကပေ၁၆၀ ရှိပြီးအထပ်လေးထပ်ရှိပါတယ်။ ပရိသတ် ၅သောင်းဆန့်ပါတယ်။ ဒီခန်းမကြီးမှာအဓိက အားဖြင့် ယှဉ်ပြိုင်သတ်ဖြတ်ပွဲတွေ၊ သေဒဏ်ချမှတ်ခံရသူတွေကို စီရင်တာတွေပြုလုပ်ပါတယ်။

ရောမကွန်ကရစ်နဲ့ဆောက်လုပ်ခဲ့တဲ့ ဆိပ်ခံတံတားအောက်ခံတိုင်ကြီးတွေကို လည်း ဒီနေ့အထိအကောင်းအတိုင်း ရှိနေတာတွေ့ရမှာပါ။ ဒီနေ့ခေတ်ကွန်ကရစ်နဲ့ဆောက်တဲ့ ပင်လယ်ဆိပ်ခံတံတားက နှစ်ပေါင်းငါးဆယ် လောက်သာအာမခံနိုင်ပါတယ်။ ရောမတွေအသုံးပြုတဲ့ကွန်ကရစ်ဟာ ပင်လယ်ဆားငံရည်ကို ကောင်းကောင်းခံနိုင်တာတွေ့ပါတယ်။ ဒါပြင့် အခုခေတ်ကွန်ကရိ ထက်တောင်မှပိုပြီးတာရှည်ခံတာကိုလည်း အံ့အားသင့်ဖွယ်တွေ့ရပါတယ်။

(ရောမလမ်းစနစ်)
Roman road system

ရှေးခေတ်ရောမအင်ပါယာအကြောင်း ပြောမယ်ဆိုရင် သူတို့ရဲ့လမ်းစနစ်တွေ အကြောင်းချန်လှပ်ထားရင် ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ရောမအင်ပါယာကြီး နှစ်ရာပေါင်းများစွာ တည်တန့်ခိုင်မြဲတန်ခိုးထွားနိုင်စေဖို့အတွက် သူတို့ဖောက်လုပ်ခဲ့တဲ့လမ်းတွေက အဓိက အခန်းကပါဝင်နေခဲ့ပါတယ်။ Viae လို့ခေါ်တဲ့ hiway လမ်းတွေဟာ ရောမမြို့ကနေ အဖက်ဖက်ကိုဖြာထွက်နေပြီး ရောမစစ်ယန္တရားအတွက် အသက်သွေးကြောသဖွယ်အရေးပါလှပါတယ်။ ဒီလမ်းတွေကိုအသုံးပြုပြီး ရောမစစ်တပ်တွေဟာ အင်ပါယာတနံတလျား ယူဖရေတီးမြစ်ဝှမ်းကနေ အတ္တလန္တိတ်သမုဒ္ဒရာအထိ လွယ်ကူလျင်မြန်စွာ ရွေ့လျားစစ်ကစားနိုင်တဲ့အတွက် ရောမအင်ပါယာရဲ့အာဏာစက်ကို လက်အောက်ခံနယ်မြေတွေအပေါ်မှာ ကြာရှည်လေးမြင့်စွာ တည်ရှိနေစေနိုင်ခဲ့ပါတယ်။

၂၇ဘီစီ ကစပြီး အေဒီ၄၇၆ အထိ မြေထဲပင်လယ်ကို အလယ်မှာထားပြီး အာရှ၊ ဥရောပ၊ အာဖရိကတိုက် သုံးတိုက်ကိုခွပြီး နှစ်ပေါင်း ငါးရာကျော်ကြာတည်တံ့ခဲ့တဲ့ ရောမအင်ပါယာခေတ် သက်တမ်းတလျှောက်မှာ ရောမသားတွေဟာ လမ်းကီလိုမီတာ ၄သိန်းကျော်ဖောက်လုပ်ခဲ့ကြပါတယ်။ အဲဒီထဲက ကီလိုမီတာရှစ်သောင်းကျော်ဟာ အကျအနခင်းထားတဲ့ ကျောက်ခင်းလမ်းများဖြစ်ကြပါတယ်။အောက်ခံ foundation ကို အသေအချာလုပ်ထားတဲ့ အတွက်တချို့လမ်းတွေဟာအခုခေတ်အထိဆက်လက် အသုံးတော်ခံနေဆၿဲဖစ်ပါတယ်။

အီတလီအရှေ့တောင်ပိုင်းမှာရှိတဲ့ Apian way ဆို ရောမသမ္မတနိုင်ငံခေတ် ဘီစီ၄ရာစု လောက်က ဖောက်လုပ်ခဲ့တာဖြစ်ပြီး တချို့လမ်းအစိတ်အပိုင်းတွေကို ယခုတိုင်တွေ့ နိုင်ပါသေးတယ်။ ရောမအင်ပါယာခေတ်လမ်းတွေရဲ့ထူးခြားတဲ့ဝိသေသတွေက ဖြောင့်တန်းမူရှိခြင်း၊လမ်းမျက်နှာပြင်အခုံးထားရှိပြီး လမ်းဘေးတဖက်တချက်မှာရေမြောင်းပါရှိခြင်းတို့ဖြစ်ပါတယ်။ လမ်းအူကြောင်းရွေးပြီးပြီဆိုတာနဲ့ မြေအနက်သုံးပေလောက်အထိ တူးထုတ်ပစ်လိုက်ပြီး ပထမဆုံးမြေဖို့သဲကြပ်ပြီးသိပ်သည်းအောင်လုပ်ပါတယ်။

အဲဒီနောက်မှာတော့ကျောက်တုံးကြီးတွေစီခင်းပါတယ်။ ပြီးတဲ့အခါ ကျောက်တွေကိုထုံးသရွတ်တွေနဲ့ရောပြီး တစ်လွှာချင်းစီ စီခင်းပါတယ်။အပေါ်ဆုံးလွှာကိုတော့ကျောက်ပြားတွေကို ပိုဇိုလန်ဘိလပ်မြေသရွတ်နဲ့တွဲပြီး ညီညီညာညာလုပ်လေ့ရှိပါတယ်။ မြင်းရှစ်ကောင်ကတဲ့ ဝန်တင်လှည်းတွေရဲ့အလေးချိန်ကို ကောင်းကောင်းခံနိုင်အောင် ခင်းထားတာဖြစ်ပါတယ်။ လမ်းတလျှောက်မှာ လမ်းအကွာအဝေးပြမိုင်တိုင်တွေလည်း ထားရှိပြီး မိုင်တိုင်တွေမှာလက်ရှိနေရာနဲ့ ရောမမြိုနဲ့ အကွာအဝေးကို ဖော်ပြလေ့ရှိပါတယ်တဲ့။

ရောမခေတ်တံတားများ
Roman Bridge

ရောမအင်ပါယာခေတ်မှာ လမ်းတွေနဲ့အတူ တံတားပေါင်းများစွာလည်း ဆောက်ခဲ့ကြပါတယ်။ ရောမတံတားတွေရဲ့ထူးခြားချက်တွေကတော့ အများအားဖြင့်ကျောက်စီအမိုးခုံးတံတားများဖြစ်ခြင်း၊ ကျောက်စီရာမှာ အလျား အနံတလွှာစီ စီတဲ့ Header and Stretcher bond ကိုအသုံးပြုထားခြင်း၊ တံတားအကျယ် ၁၅ပေ ရှိခြင်း၊ ဆင်ခြေလျောထားရှိခြင်း၊ အုတ်တလုံးနဲ့ တလုံး ခိုမြီးဆက် ဆက်ထားခြင်း တို့ဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ တည်ရှိတဲ့ Tagus မြစ်ကိုဖြတ်ဆောက်ထားတဲ့ Alcantara တံတားဟာ အေဒီ ၁၀၄ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ကျောက်စီခုံးတံတားဖြစ်ပြီး ယနေ့အထိ တည်ရှိနေပါသေးတယ်။ တံတားအရှည် ပေ၆၀၀ ရှိပြီး ခန်းဖွင့်၆ခု ပါရှိပါတယ်။ အရှည်ဆုံးခန်းဖွင့်က ပေ၁၀၀ ရှိပါတယ်။ တံတားရေလယ်တိုင်မှာ တံတားတည်ဆောက်တဲ့ ကမ္ဗည်းစာကိုရေးထိုးထားပါတယ်။ ကမ္ဗည်းစာမှာ ဒေသဆိုင်ရာမြူ နီစီပယ်အဖွဲ့တွေက တံတားကိုတာဝန်ယူဆောက်လုပ်ခဲ့တဲ့ အကြောင်းနဲ့ တံတားရဲ့ဒီဇိုင်းနာနာမည်ကိုဖော်ပြထားပါတယ်။

မြစ်ကိုဖြတ်ပြီးတံတားထိုးရတဲ့အခါ ရေလယ်တိုင်တွေလုပ်ရပါတယ်။ ရောမသားတွေဟာ မြစ်အောက်ခြေကြမ်းပြင်ကမာပြီး ကျောက်သားရှိရင် အဲဒီပေါ်မှာပဲအောက်ခံခုံလုံး (foundation) လုပ်လေ့ရှိပါတယ်။ မြေပျော့တဲ့နေရာတွေမှာ ဆိုရင်တော့ ပတ်ပတ်လည်သစ်သားပိုင်တိုင်တွေ စိပ်စိပ်ရိုက်၊ရွှံ့ တွေမံပြီးယာယီရေတားတမံ(Coffer Dam)လုပ်ပါတယ်။ ပြီးမှအထဲက မြေကြီးတူးထုတ်ပြီး ကွန်ကရစ်လောင်းပါတယ်။ Coeffer dam ထဲ ကွန်ကရစ်လောင်းထည့်ပြီး လုပ်ထားတဲ့ခုံလုံးပုံစံနဲ့ တံတားတွေထဲမှာ ဒီနေ့တွေ့မြင်နေရတဲ့ ရောမမြို့ အနီး တိုင်ဘာမြစ်ဖြတ်တံတားက နှစ်ပေါင်း၁၈၀၀ ကျော်ပါပြီ။

ရောမခေတ်မှာ ဥရောပအနောက်ပိုင်းက ဒင်းညုျုမစ်၊ ရိုင်းမြစ် စတဲ့မြစ်ကြီးတွေကို ဖြတ်တဲ့တံတားတွေလည်း တည်ဆောက်ခဲ့ကြပါတယ်။ အေဒီ ၁၀၃ ခုနှစ် ဧကရာဇ် Trajan လက်ထက်တည်ဆောက်ခဲ့တဲ့ ရိုင်းမြစ်ဖြတ်တံတားဟာ ၃၂၇၄ပေ ရှည်ပါတယ်။ အုတ်ခုံလုံးတံတားအောက်ခံတိုင်ပေါင်း ၂၀ ပါဝင် ပါတယ်။ ရေပြင်အထက် ၆၂ပေ မြင့်ပါတယ်။ အပေါ်ပိုင်း တံတားကိုယ်ထည်ကိုတော့သစ်သား ဖြင့်တည်ဆောက်ထားပါတယ်။ ဒါပေမယ့်သူ့နောက်ဆက်ခံတဲ့ ဘုရင်ကမြောက်ပိုင်းကလူရိုင်းတွေတံတားကိုဖြတ်ကျော် ပြီးလာတိုက်မှာ စိုးရိမ်တဲ့အတွက် တံတားရဲ့သစ်သားကိုယ်ထည်တခုလုံးကိုဖြိုချလိုက်ပါတယ်။ အောက်ခံခုံလုံးတွေကိုတော့ ယနေ့အထိတွေ့နိုင်ပါသေးတယ်။

နိဂုံး

ဖြစ်တည်ခြင်း မှန်သမျှသည် လောကဓမ္မတာ တရားသဘောအတိုင်း နောက်ဆုံးတော့ ပျက်သုဉ်းခြင်းနဲ့ပဲ နိဂုံးချုပ်ရသည်သာ။ သမိုင်းမှာအရှည်ကြာဆုံး ပြိုင်ဖက်ကင်းခဲ့တဲ့ အင်ပါယာကြီးလည်း အနိစ္စတရားသဘောမှ ချွင်းချက်မဟုတ်ပေ။ ပျက်စီးရတော့မည်အချိန်ကို ရောက်လာတော့ အရာအားလုံးက ပျက်စီးခြင်းကိုပဲဦးတည်လာတော့သည်။ အတွင်းဖက်က လိူက်စားလာသလို၊ အပြင်ဖက်ကလည်း ရန်အသွယ်သွယ်ပေါ်လာသည်။ ယဉ်ကျေးမူနိမ့်တဲ့ လူမျိုးစုတွေက ရောမအင်ပါယာရဲ့မြောက်ဖက် နယ်နမိတ်တွေကို နှစ်ပေါင်းများစွာ အဆက်မပြတ် အလုံးအရင်းနှင့်ဖိဝင်လာကြသည်။

ရောမစစ်တပ်ကလည်းအရင်လို စွမ်းအားမရှိတော့။ ဆက်တိုက်ရှုံးပွဲတွေကြုံလာရသည်။ ထိုလူမျိုးစုတွေက အေဒီ ၄၇၆တွင် ရောမမြို့ကိုသိမ်းပိုက်လိုက်ခြင်းဖြင့် နှစ်ပေါင်း ၅၀၀ကျော်တည်တန့်ခဲ့သော ရောမအင်ပါယာကြီးနိဂုံးချုပ်သွားရသည်။ (အရှေ့ ခြမ်းကတော့ ဘိုင်ဇိုင်းတိုင်းအင်ပါယာအဖြစ်နောင်နှစ်ပေါင်း ၁၀၀၀ အထိ ဆက်လက်တည်တန့်ခဲ့ပါသည်)

(Written by Kyaw Min Aung)

Leave a Reply