စမတ္ဖုန္း မုန္တိုင္းသစ္ တိုက္ခတ္ေစခဲ့သူ (သုိ႔) ေရွာင္းမီဖုန္းရဲ႕ ေနာက္ကြယ္က ေလကြ်င္း

Posted on

ေရးသားသူ – Ko Phyo Ko Ko Naing

ဒီနာမည္ကို လြန္ခဲ့တဲ့ ေျခာက္ႏွစ္က ဘယ္သူမွ မၾကားဖူးနိုင္ဘူး။ ဘာလို ့လဲဆိုေတာ့ ေရွာင္းမီ တည္ေထာင္တာ လာမယ့္ ၄ လပိုင္း ၆ ရက္ေန ့မွ ၆ ႏွစ္ ျပည့္မယ္။ ဒီေလာက္ အခ်ိန္တို အတြင္းမွာ Xiaomi ဟာ ဧရာမ မိုဘိုင္းဖုန္း ကုမၸဏီႀကီး ေတြကို ေနာက္ေကာက္ခ်ၿပီး တ႐ုတ္ရဲ ့ နံပါတ္ ၁ ျဖစ္လာတယ္။ ကမာၻမွာ Apple နဲ ့ Samsung ေနာက္က တတိယ အႀကီးဆံုး မိုဘိုင္းဖုန္း ကုမၸဏီ ျဖစ္လာပါတယ္။

တ႐ုတ္တို ့ရဲ ့ နည္းပညာေခတ္မွာ ေရွာင္းမီ နဲ ့အလီဘာဘာက အံ့ၾသဖြယ္ရာ ႏွစ္ခု ျဖစ္တယ္။ အလီဘာဘာကို တည္ေထာင္သူ ဂ်က္မား အေၾကာင္းကို လူသိ ပိုမ်ားပါတယ္။ ေရွာင္းမီကို တည္ေထာင္သူ ေလကြ်င္းကို သိပ္မသိၾကဘူး။ ဂ်က္မားနဲ ့ ေလကၽြင္းဟာ တ႐ုတ္လူငယ္ေတြရဲ ့ အိမ္မက္ထဲက စီးပြားေရး အိုင္ကြန္ ႏွစ္ေယာက္ ျဖစ္ပါတယ္။

၁၉၉၁ တ႐ုတ္ျပည္ ဝူဟန္ တကၠသိုလ္မွာ ကြန္ျပဴတာ သိပံၸ တက္ ေနတဲ့ အသက္ ၂၂ ႏွစ္ အရြယ္ ေလကၽြင္း ဆိုတဲ့ လူငယ္ တစ္ေယာက္ ရွိပါတယ္။ သူ ့သူငယ္ခ်င္း ႏွစ္ေယာက္နဲ ့ အတူ ေက်ာင္းတက္ရင္း Software ကုမၸဏီ အေသးေလး စတည္ေထာင္တယ္။ မၾကာပါဘူး။ တ႐ုတ္တို ့ရဲ ့ ထံုးစံအတိုင္း သူ အိုင္ဒီယာကို ကုမၸဏီႀကီး တစ္ခု ဆင္တူ ေရးဆြဲျပီး ေစ်းေပါေပါနဲ ့ ခ်ေရာင္း လိုက္တယ္။ ဒါေၾကာင့္ သူတို ့ကုမၸဏီ အေသးေလး မလည္ပတ္ေတာ့ဘဲ ၆ လနဲ ့ ပိတ္လိုက္ရတယ္။ သံုးေယာက္လံုး ရွိစုမဲ့စုေတြ ကုန္ၿပီး အရင္းျပဳတ္ သြားတယ္။ လက္က်န္ပစၥည္းေတြ ခြဲေတာ့ ကြန္ျပဴတာႏွစ္လံုးနဲ႔ ပရင္တာ တစ္လံုး က်န္တယ္။ ဒါကို သုံးေယာက္ မွ်ၿပီး ခြဲယူလိုက္ၾကတယ္။

အဲဒီ အရင္းျပဳတ္သြားတဲ့ သံုးေယာက္ထဲက ေလကၽြင္း ဆိုတဲ့ ေကာင္ေလးဟာ က ေနာင္ ၁၉ ႏွစ္အၾကာမွာေတာ့ ကမာၻ ့ တတိယ အႀကီးဆံုး စမတ္ဖုန္း ကုမၸဏီ ဖန္တီးမယ့္သူ ဆိုတာကို ဘယ္သူမွ မခန္ ့မွန္း ႏိုင္ခဲ့ပါဘူး။

ေလကြ်င္းကို ၁၉၆၉ ဒီဇင္ဘာ ၁၆၊ ဟူေပ ျပည္နယ္ မွာေမြးပါတယ္။ ၁၉၈၇ မွာ အထက္တန္းၿပီးတယ္။ ဝူဟန္ ကြန္ျပဴတာ တကၠသိုလ္တက္တယ္။ ၁၉၉၁ မွာ ကိုယ္ပိုင္ ကုမၸဏီ စတည္ေထာင္ရာမွ အရင္းျပဳတ္ ဆံုးရႈံးခဲ့ပါတယ္။

ဒါနဲ႔ ၁၉၉၂ မွာ ေလကၽြင္းဟာ King Soft အမည္ရွိ Anti Virus ေရးတဲ့ ေဆာ့ဝဲလ္ ကုမၸဏီမွာ အစမ္းခန္ ့ ေအာက္ေျခ ဝန္ထမ္း စလုပ္ပါတယ္။ သူဟာ အလုပ္ႀကိဳးစားၿပီး သင္ယူမႈ အလြန္ျမန္တယ္ ဆိုတယ္။ တပတ္ကို နာရီ ၁၀၀ အထက္ အလုပ္လုပ္တယ္။ ထူးျခားတဲ့ အရည္အေသြးေၾကာင့္ ၂ ႏွစ္ အၾကာမွာ ကုမၸဏီရဲ ့ အေထြေထြ မန္ေနဂ်ာ ျဖစ္လာတယ္။ ေနာင္ ၄ ႏွစ္အၾကာ ၁၉၉၈ မွာ ကုမၸဏီရဲ ့စီအီးအို အျဖစ္ ခန္႔အပ္ျခင္း ခံရတယ္။ ၆ ႏွစ္အတြင္း ေအာက္ဆံုး ဝန္ထမ္းကေန စီအီးအို ျဖစ္ခဲ့တာက အံ့ၾသဖြယ္ သူရဲ ့ အရည္အေသြးပါပဲ။

၂၀၀၀ ခုႏွစ္ မတ္လမွာ King Soft ရဲ ့ စီအီးအို တာဝန္ ယူထားရင္း Joyo. com ဆိုတဲ့ အင္တာနက္ စာအုပ္ဆိုင္ကို ကိုယ္ပိုင္လုပ္ငန္း အျဖစ္ ျပန္ တည္ေထာင္ပါတယ္။ လုပ္ငန္း ေအာင္ျမင္သြားၿပီး ၄ ႏွစ္အၾကာမွာ Joyo ကို Amazon ကုမၸဏီသို ့ ေဒၚလာ ၇၅ သန္းနဲ ့ေရာင္းခ်လိုက္တယ္။ ဒီကစၿပီး ေလကြ်င္းဟာ တ႐ုတ္ မီလီယံနာ တစ္ဦး ျဖစ္လာပါတယ္။

King Soft ကုမၸဏီဟာ ေလကြ်င္းကို ဆက္လက္ ထိန္းသိမ္းထားဖို ့၁၉၉၈ ထဲက စီအီးအို ရာထူးေပးခဲ့သလို ၂၀၀၁ မွာ ဥကၠဌ ရာထူးပါ ပူးတြဲခန္ ့အပ္ ခဲ့ပါတယ္။ ဒါေပမယ့္ Joyo ကိုေရာင္းခ်ၿပီး ကိုယ္ပိုင္ လုပ္ငန္း တစ္ခု ထပ္တည္ေထာင္ဖို ့ဆႏၵ ျပင္းျပေနတဲ့ ေလကၽြင္းကို သူတို ့ ထိန္းသိမ္းလို ့ မရေတာ့ပါဘူး။ ၂၀၀၇ ဒီဇင္ဘာ၂၀ မွာ ေလကြ်င္းဟာ က်န္းမာေရး မေကာင္းလို ့ ဆိုတဲ့ အေၾကာင္းျပခ်က္ နဲ ့ ဆယ္ႏွစ္နီးပါး လုပ္ခဲ့တဲ့ စီအီးအိုနဲ ့ဥကၠဌ ရာထူးက နႈတ္ထြက္ပါတယ္။ ေလကြ်င္းဟာ ဒီေန႔ထိ King Soft ကုမၸဏီရဲ ့ ရွယ္ယာ ၁၂ ရာခိုင္နႈန္း ပိုင္ပါေသးတယ္။

၂၀၀၈ မွာ ေလကြ်င္းဟာ သူရဲ ့ေငြေတြနဲ ့ တ႐ုတ္ နာမည္ေက်ာ္ (UC Browser) ကို ဖန္တီးခဲ့တဲ့ မိုဘိုင္း အင္တာနက္ ကုမၸဏီ UCWeb နဲ ့Vancl. com မွာ စတင္ ရင္းနွီးျမဳပ္နံွတယ္။ မၾကာခင္ UCWeb ရဲ ့ ဥကၠဌ တာဝန္ ယူတယ္။ ေလကြ်င္းရဲ ့ အိမ္မက္ေတြဟာ ဒီေလာက္နဲ ့ မရပ္တန္ ့ သြားေသးပါဘူး။ King Soft မွာ အလုပ္လုပ္စဥ္ ထဲက ႏိုကီရာ၊ မိုတို႐ိုလာ ကုမၸဏီေတြနဲ ့ လုပ္ငန္းအရ ပတ္သတ္ခဲ့ၿပီး စမတ္ဖုန္း ေစ်းကြက္ကို စိတ္ကူးယဥ္ ခဲ့ပါတယ္။ အလ်င္အျမန္ ႀကီးထြားလာတဲ့ ဒီေစ်းကြက္ကို ရယူဖို ့ ဆံုးျဖတ္ျပီး နည္းဗ်ဴဟာေတြ ခ်မွတ္ပါတယ္။

၂၀၁၀ ေလးလပိုင္း မွာေတာ့ သူငယ္ခ်င္း ၈ ေယာက္နဲ ့ ရွယ္ယာစုၿပီး ေရွာင္းမီကို စတင္ တည္ေထာင္တယ္။ ဒီတည္ေထာင္ျခင္းဟာ အာရွရဲ ့ စမတ္ဖုန္း၊ တက္ဘလက္နဲ ့နည္းပညာေလာကထဲကို မုန္တိုင္း တစ္ခု စတင္ ဝင္ေရာက္လာျခင္း လို ့ ဆိုႏိုင္ပါတယ္။

ေရွာင္းမီတည္ေထာင္ၿပီး တစ္ႏွစ္နဲ ့ ငါးလ အၾကာ မွာ သူတို ့ရဲ ့ပထမဆံုး စမတ္ဖုန္း ျဖစ္တဲ့ Mi1 ကို စထုတ္ပါတယ္။ ပန္းသီးဘုရင္ စတိပ္ေဂ်ာ့ရဲ ့ ေနာက္ဆံုး လက္ရာ iphone 4S နဲ ့ အၿပိဳင္ တ႐ုတ္ ေစ်းကြက္ထဲ စပို ့တယ္။ 4S က ေဒၚလာ ၇၉၀ ေရာင္းတဲ့ အခ်ိန္မွာ Mi1 ကို ေဒၚလာ ၃၂၀ နဲ ေရာင္းပါတယ္။ အိုင္ဖုန္း နဲ႔ အရည္အေသြး တူတဲ့ ဖုန္းကို ေစ်းတဝက္ပဲေပးပါ ဆိုၿပီး နည္းပညာဘီလူးႀကီးကို နားရြက္ တံေတြး စစြတ္ပါတယ္။ ဒီကေန စၿပီး ေရွာင္းမီ ဟာ ကမာၻမွာ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆံုး စမတ္ဖုန္း ေစ်းကြက္ထဲကို ခုန္ဝင္ လာပါတယ္။ စတိပ္ေဂ်ာ့ ကြယ္လြန္ သြားတဲ့အခါ ေလကၽြင္းကို ဒုတိယ စတိပ္ေဂ်ာ့ အျဖစ္ တင္စားၾကပါတယ္။

ေရွာင္းမီဟာ အလြန္လ်င္ျမန္စြာ ေအာင္ျမင္လာၿပီး ၂၀၁၄ ဒီဇင္ဘာမွာ ကုမၸဏီ တစ္ခုလံုးရဲ ့တန္ဖိုး ေဒၚလာ ၄၅ ဘီလီယံ ရွိလာပါတယ္။ ေလကၽြင္းလည္း တ႐ုတ္ရဲ ့ ထိပ္သီး စီးပြားေရး မီးငွက္ေတြကို ေက်ာ္တက္ၿပီး

– ၂၀၁၁ မွာ တ႐ုတ္ရဲ ့ ၂၀၁ ေယာက္ေျမာက္ အခ်မ္းသာဆံုး ပုဂိၢဳလ္ ျဖစ္လာတယ္။
– ၂၀၁၂ မွာ တ႐ုတ္ ထိပ္တန္း လုပ္ငန္းရွင္ ၁၀ ေယာက္ထဲ ပါလာတယ္။
– ၂၀၁၃ မွာ ေဖာ္ကၽြန္း မဂၢဇင္းရဲ ့ ဂုဏ္ယူ အထိုက္ဆံုး လုပ္ငန္းရွင္ အျဖစ္ ေရြးခ်ယ္ခံရတယ္။
– ၂၀၁၃ မွာ အာရွကို ခ်ဳပ္ကိုင္မယ့္ လုပ္ငန္းရွင္ ၁၁ ေယာက္ စာရင္းမွာပါလာတယ္။

– ၂၀၁၄ မွာ ပိုင္ဆိုင္မႈ ၉.၉ ဘီလီယံနဲ ့ တ႐ုတ္ နံပတ္ ၈ ဘီလီနာ ျဖစ္လာတယ္။
– ၂၀၁၄ မွာ ဖို႔ဒ္ မဂၢဇင္းရဲ ့ တႏွစ္တာ စြန္ ့ဦး လုပ္ငန္းရွင္ အျဖစ္ ေရြးခ်ယ္ခံ ခဲ့ရတယ္။
– ၂၀၁၅ ဇူလိုင္မွာ ပိုင္ဆိုင္မႈ ခန္ ့မွန္း ၁၃.၃ ဘီလီယံနဲ ့ တ႐ုတ္ နံပါတ္ ေလး၊ ကမာၻ ့ နံပါတ္ ၈၇ ေယာက္ ေျမာက္ အခ်မ္းသာဆံုး ပုဂိၢဳလ္ ျဖစ္လာပါတယ္။

(*အတည္မျပဳႏိုင္တဲ့ စာရင္းအရ ေလကၽြင္းဟာ ေဒၚလာ ၄၅ ဘီလီယံတန္တဲ့ ေရွာင္းမီရဲ ့ ရွယ္ယာ ၇၇.၈ ရာခိုင္နႈန္း ပိုင္ဆိုင္တဲ့ အတြက္ ၃၅ ဘီလီယံ ထိ ႂကြယ္ဝေနၿပီလည္း ဆိုပါတယ္။ ဒါသာ မွန္ခဲ့ရင္ေတာ့ ေလကၽြင္းဟာ အလီဘာဘာရဲ ့ ဂ်က္မားနဲ ့ ဝမ္ဒါအုပ္စု သူေဌး ဝမ္က်န္လင္ ကို ေက်ာ္တက္ၿပီး တ႐ုတ္ နံပါတ္တစ္ ဘီလီနာ ျဖစ္ေနပါၿပီ*)

ေလကၽြင္းဟာ ေရွာင္းမီကို ဆက္တိုက္ အရွိန္ ျမင့္တင္ေနရင္း အျခား ရင္းနွီးျမဳပ္ႏွံမႈ ေတြကိုပါ ေတာက္ေလွ်ာက္ ျပဳလုပ္ေနပါတယ္။ ၂၀၁၁ အတြင္း တ႐ုတ္ နည္းပညာ ကုမၸဏီ ၂၀ ေက်ာ္မွာ ရင္းနွီး ျမဳပ္နံွခဲ့တယ္ ဆိုတယ္။ တ႐ုတ္နာမည္ေက်ာ္ e commerce ကုမၸဏီ Lakala နဲ ့ လူမႈကြန္ယက္ YY မွာလည္း ေလကၽြင္း ရွယ္ယာ အမ်ားစုပါတယ္။ ၂၀၁၅ မတ္လမွာ ယုက်ားေဟြလို ့ ေခၚတဲ့ အလွကုန္ ကုမၸဏီမွာပါ ထပ္မံ ရင္းနွီးျမဳပ္နံွ ခဲ့တယ္။ ၂၀၁၅ ကစၿပီး နည္းပညာ ကုမၸဏီ အေသး တစ္ရာေက်ာ္မွာ ရင္းနွီးျမဳပ္နံွၿပီး ေရွာင္းမီကို ပိုမို ႀကီးထြားေအာင္ ေဘးကေန ပံ့ပိုးေပးဖို ့ စီစဥ္ ေနပါတယ္။

ေလကၽြင္းရဲ ့ စီးပြားေရး အင္ပါယာ

ေရွာင္းမီရဲ့ ေစ်းကြက္ ထိုးေဖာက္မႈ နည္းဗ်ဴဟာ

*ဧရာမ ဖုန္းကုမၸဏီေတြကို ယွဥ္ၿပိဳင္ဖို ့ ကုန္က်စရိတ္ ေလ်ာ့တဲ့ အေနနဲ ့ ေနရာေကာင္းမွာ ဆိုင္ခန္းဖြင့္ျခင္းကို ေရွာင္က်ဥ္ၿပီး Online ကသာ တဆင့္ေရာင္းခ်ခဲ့တယ္။ ဆိုင္ခန္းစရိတ္ လြန္စြာ သက္သာခဲ့ပါတယ္။

*ပစၥည္းကို ေစ်းကြက္မွာ အၿမဲ လိုအပ္ခ်က္ ျဖစ္ေနေစရန္ အေရအတြက္ ထိန္းခ်ဳပ္ၿပီး ထုတ္ခဲ့တယ္။

*သံုးစြဲသူရဲ ့တံု ့ျပန္မႈကို အပတ္စဥ္ (Update) ေပးၿပီး အျမန္ဆံုး ျပင္ဆင္ေပးတယ္။

*အရည္အေသြးေကာင္း ကို ေစ်း သက္သက္ သာသာနဲ ့ ေရာင္းတယ္။

*ေၾကျငာကို ႐ုပ္သံမီဒီယာက မေၾကျငာဘဲ Online ကသာ ေၾကျငာၿပီး စရိတ္ကို ျပိဳင္ဘက္ ကုမၸဏီ ေတြထက္ အဆေပါင္းမ်ားစြာ ခ်ံဳ ့ခဲ့တယ္။

*ဥေရာပ၊ အေမရိကန္ နဲ႔ ဂ်ပန္လို ေစ်းကြက္ေတြကို မေရြးခ်ယ္ဘဲ ေစ်းေပါၿပီး အရည္အေသြးေကာင္း လိုအပ္ေနတဲ့ တ႐ုတ္၊ အိႏိၵယနဲ ့ အေရွ ့ေတာင္ အာရွ ေစ်းကြက္ကိုသာ ေရြးခ်ယ္ ခဲ့ပါတယ္။

စမတ္ဖုန္း သံုးစြဲမႈ ေပါက္ကြဲခ်ိန္မွာ ေစ်းကြက္ လိုအပ္ခ်က္ ကြက္လပ္ တစ္ခု ေပၚလာခဲ့တယ္။ အေနာက္ႏိုင္ငံနဲ ့ဂ်ပန္ ဖုန္းေတြဟာ အရည္အေသြး ေကာင္းေပမယ့္ ေစ်းမ်ားတယ္။ တ႐ုတ္ဖုန္း က်ေတာ့ ေစ်းေပါျပီး အရည္အေသြး ညံ့တယ္။ ဒီႏွစ္ခုၾကားထဲက “အရည္အေသြးေကာင္း ေစ်းသက္သာ” ဆိုတဲ့ ကြက္လပ္ကို ေရွာင္းမီက ျဖည့္ႏိုင္ခဲ့တာေၾကာင့္ တဟုန္ထိုး ေအာင္ျမင္ခဲ့ပါတယ္။

ေလကၽြင္းရဲ ့ေက်ာ္ၾကားတဲ့စကားတစ္ခုကေတာ့ မိုဘိုင္းဖုန္းက ႏိုင္ငံသားျဖစ္ခြင့္ ေလွ်ာက္စရာ မလိုဘူး ဆိုတာပါပဲ။ သူ႔ဖုန္းကို တကမာၻလံုး လက္ခံ ႏိုင္ေအာင္လုပ္ၿပီး ႏိုင္ငံတိုင္းမွာ ဝင္ေနမယ္လို ့ ဆိုပါတယ္။

သူဟာ ၂၀၀၄ ခုႏွစ္ထဲက ႂကြယ္ဝတဲ့ မီလီယံနာ ျဖစ္ေနေပမယ့္ ၂၀၀၇ ထိ လူထုေရွ ့ ထြက္မလာခဲ့ပါဘူး။ (Very Low Profile) မထင္မရွား ေနထိုင္ခဲ့ပါတယ္။ ၂၀၀၇ ေနာက္ပိုင္းမွ CEO Branding လုပ္ဖို ့မီဒီယာေတြနဲ ့ အင္တာဗ်ဴး ခံၿပီး လူထုေရွ ့ထြက္လာပါတယ္။

အသက္ ၄၆ ႏွစ္ ရွိၿပီျဖစ္တဲ့ ေလကၽြင္းကို မီဒီယာက ေမးပါတယ္။ ဇီး႐ိုး ဘဝကေန ကမာၻ ့တန္ဖိုး အႀကီးဆံုး ကုမၸဏီတစ္ခု ျဖစ္ေအာင္ ဖန္တီးခဲ့တဲ့ ခင္ဗ်ားရဲ ့ လိႈ ့ဝွက္ခ်က္က ဘာလဲတဲ့။

ေလကၽြင္းက သူ႔ရဲ ့ ႀကိဳးစားမႈ၊ ထူးခၽြန္မႈေတြကို အမႊန္းမတင္ဘဲ ဒီလို ႐ိုး႐ိုးေလး ေျဖခဲ့ပါတယ္။

“က်ေနာ္ အခ်ိန္မွန္ ေနရာမွန္ ယူမိလို ့ပါ။ မုန္တိုင္း အလယ္ထဲ ဝင္သြားမွေတာ့ ဝက္ေတာင္ ပ်ံလို ့ ရပါတယ္” တဲ့။

ေလကၽြင္းနဲ ့ယွဥ္ရင္ ဘာမွမဟုတ္ေသးတဲ့ က်ေနာ္တို ့ အတုယူဖို ့ ေကာင္းလြန္းပါတယ္။

Phyo Ko Ko Naing
(လြန္ခဲ့တဲ့ ၂ႏွစ္က ကုိၿဖဳိးကုိကိုႏုိင္ ေရးခဲ့တဲ့ပုိစ့္ပါ)


စမတ်ဖုန်း မုန်တိုင်းသစ် တိုက်ခတ်စေခဲ့သူ (သို့) ရှောင်းမီဖုန်းရဲ့ နောက်ကွယ်က လေကျွင်း (unicode)

ရေးသားသူ – Ko Phyo Ko Ko Naing

ဒီနာမည်ကို လွန်ခဲ့တဲ့ ခြောက်နှစ်က ဘယ်သူမှ မကြားဖူးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရှောင်းမီ တည်ထောင်တာ လာမယ့် ၄ လပိုင်း ၆ ရက်နေ့မှ ၆ နှစ် ပြည့်မယ်။ ဒီလောက် အချိန်တို အတွင်းမှာ Xiaomi ဟာ ဧရာမ မိုဘိုင်းဖုန်း ကုမ္ပဏီကြီး တွေကို နောက်ကောက်ချပြီး တရုတ်ရဲ့ နံပါတ် ၁ ဖြစ်လာတယ်။ ကမ္ဘာမှာ Apple နဲ့ Samsung နောက်က တတိယ အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။

တရုတ်တို့ရဲ့ နည်းပညာခေတ်မှာ ရှောင်းမီ နဲ့အလီဘာဘာက အံ့ဩဖွယ်ရာ နှစ်ခု ဖြစ်တယ်။ အလီဘာဘာကို တည်ထောင်သူ ဂျက်မား အကြောင်းကို လူသိ ပိုများပါတယ်။ ရှောင်းမီကို တည်ထောင်သူ လေကျွင်းကို သိပ်မသိကြဘူး။ ဂျက်မားနဲ့ လေကျွင်းဟာ တရုတ်လူငယ်တွေရဲ့ အိမ်မက်ထဲက စီးပွားရေး အိုင်ကွန် နှစ်ယောက် ဖြစ်ပါတယ်။

၁၉၉၁ တရုတ်ပြည် ဝူဟန် တက္ကသိုလ်မှာ ကွန်ပြူတာ သိပ္ပံ တက် နေတဲ့ အသက် ၂၂ နှစ် အရွယ် လေကျွင်း ဆိုတဲ့ လူငယ် တစ်ယောက် ရှိပါတယ်။ သူ့သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ကျောင်းတက်ရင်း Software ကုမ္ပဏီ အသေးလေး စတည်ထောင်တယ်။ မကြာပါဘူး။ တရုတ်တို့ရဲ့ ထုံးစံအတိုင်း သူ အိုင်ဒီယာကို ကုမ္ပဏီကြီး တစ်ခု ဆင်တူ ရေးဆွဲပြီး ဈေးပေါပေါနဲ့ ချရောင်း လိုက်တယ်။ ဒါကြောင့် သူတို့ကုမ္ပဏီ အသေးလေး မလည်ပတ်တော့ဘဲ ၆ လနဲ့ ပိတ်လိုက်ရတယ်။ သုံးယောက်လုံး ရှိစုမဲ့စုတွေ ကုန်ပြီး အရင်းပြုတ် သွားတယ်။ လက်ကျန်ပစ္စည်းတွေ ခွဲတော့ ကွန်ပြူတာနှစ်လုံးနဲ့ ပရင်တာ တစ်လုံး ကျန်တယ်။ ဒါကို သုံးယောက် မျှပြီး ခွဲယူလိုက်ကြတယ်။

အဲဒီ အရင်းပြုတ်သွားတဲ့ သုံးယောက်ထဲက လေကျွင်း ဆိုတဲ့ ကောင်လေးဟာ က နောင် ၁၉ နှစ်အကြာမှာတော့ ကမ္ဘာ့ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖန်တီးမယ့်သူ ဆိုတာကို ဘယ်သူမှ မခန့်မှန်း နိုင်ခဲ့ပါဘူး။

လေကျွင်းကို ၁၉၆၉ ဒီဇင်ဘာ ၁၆၊ ဟူပေ ပြည်နယ် မှာမွေးပါတယ်။ ၁၉၈၇ မှာ အထက်တန်းပြီးတယ်။ ဝူဟန် ကွန်ပြူတာ တက္ကသိုလ်တက်တယ်။ ၁၉၉၁ မှာ ကိုယ်ပိုင် ကုမ္ပဏီ စတည်ထောင်ရာမှ အရင်းပြုတ် ဆုံးရှုံးခဲ့ပါတယ်။

ဒါနဲ့ ၁၉၉၂ မှာ လေကျွင်းဟာ King Soft အမည်ရှိ Anti Virus ရေးတဲ့ ဆော့ဝဲလ် ကုမ္ပဏီမှာ အစမ်းခန့် အောက်ခြေ ဝန်ထမ်း စလုပ်ပါတယ်။ သူဟာ အလုပ်ကြိုးစားပြီး သင်ယူမှု အလွန်မြန်တယ် ဆိုတယ်။ တပတ်ကို နာရီ ၁၀၀ အထက် အလုပ်လုပ်တယ်။ ထူးခြားတဲ့ အရည်အသွေးကြောင့် ၂ နှစ် အကြာမှာ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဖြစ်လာတယ်။ နောင် ၄ နှစ်အကြာ ၁၉၉၈ မှာ ကုမ္ပဏီရဲ့စီအီးအို အဖြစ် ခန့်အပ်ခြင်း ခံရတယ်။ ၆ နှစ်အတွင်း အောက်ဆုံး ဝန်ထမ်းကနေ စီအီးအို ဖြစ်ခဲ့တာက အံ့ဩဖွယ် သူရဲ့ အရည်အသွေးပါပဲ။

၂၀၀၀ ခုနှစ် မတ်လမှာ King Soft ရဲ့ စီအီးအို တာဝန် ယူထားရင်း Joyo. com ဆိုတဲ့ အင်တာနက် စာအုပ်ဆိုင်ကို ကိုယ်ပိုင်လုပ်ငန်း အဖြစ် ပြန် တည်ထောင်ပါတယ်။ လုပ်ငန်း အောင်မြင်သွားပြီး ၄ နှစ်အကြာမှာ Joyo ကို Amazon ကုမ္ပဏီသို့ ဒေါ်လာ ၇၅ သန်းနဲ့ရောင်းချလိုက်တယ်။ ဒီကစပြီး လေကျွင်းဟာ တရုတ် မီလီယံနာ တစ်ဦး ဖြစ်လာပါတယ်။

King Soft ကုမ္ပဏီဟာ လေကျွင်းကို ဆက်လက် ထိန်းသိမ်းထားဖို့၁၉၉၈ ထဲက စီအီးအို ရာထူးပေးခဲ့သလို ၂၀၀၁ မှာ ဥက္ကဌ ရာထူးပါ ပူးတွဲခန့်အပ် ခဲ့ပါတယ်။ ဒါပေမယ့် Joyo ကိုရောင်းချပြီး ကိုယ်ပိုင် လုပ်ငန်း တစ်ခု ထပ်တည်ထောင်ဖို့ဆန္ဒ ပြင်းပြနေတဲ့ လေကျွင်းကို သူတို့ ထိန်းသိမ်းလို့ မရတော့ပါဘူး။ ၂၀၀၇ ဒီဇင်ဘာ၂၀ မှာ လေကျွင်းဟာ ကျန်းမာရေး မကောင်းလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ဆယ်နှစ်နီးပါး လုပ်ခဲ့တဲ့ စီအီးအိုနဲ့ဥက္ကဌ ရာထူးက နှုတ်ထွက်ပါတယ်။ လေကျွင်းဟာ ဒီနေ့ထိ King Soft ကုမ္ပဏီရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ပိုင်ပါသေးတယ်။

၂၀၀၈ မှာ လေကျွင်းဟာ သူရဲ့ငွေတွေနဲ့ တရုတ် နာမည်ကျော် (UC Browser) ကို ဖန်တီးခဲ့တဲ့ မိုဘိုင်း အင်တာနက် ကုမ္ပဏီ UCWeb နဲ့Vancl. com မှာ စတင် ရင်းနှီးမြုပ်နှံတယ်။ မကြာခင် UCWeb ရဲ့ ဥက္ကဌ တာဝန် ယူတယ်။ လေကျွင်းရဲ့ အိမ်မက်တွေဟာ ဒီလောက်နဲ့ မရပ်တန့် သွားသေးပါဘူး။ King Soft မှာ အလုပ်လုပ်စဉ် ထဲက နိုကီရာ၊ မိုတိုရိုလာ ကုမ္ပဏီတွေနဲ့ လုပ်ငန်းအရ ပတ်သတ်ခဲ့ပြီး စမတ်ဖုန်း ဈေးကွက်ကို စိတ်ကူးယဉ် ခဲ့ပါတယ်။ အလျင်အမြန် ကြီးထွားလာတဲ့ ဒီဈေးကွက်ကို ရယူဖို့ ဆုံးဖြတ်ပြီး နည်းဗျူဟာတွေ ချမှတ်ပါတယ်။

၂၀၁၀ လေးလပိုင်း မှာတော့ သူငယ်ချင်း ၈ ယောက်နဲ့ ရှယ်ယာစုပြီး ရှောင်းမီကို စတင် တည်ထောင်တယ်။ ဒီတည်ထောင်ခြင်းဟာ အာရှရဲ့ စမတ်ဖုန်း၊ တက်ဘလက်နဲ့နည်းပညာလောကထဲကို မုန်တိုင်း တစ်ခု စတင် ဝင်ရောက်လာခြင်း လို့ ဆိုနိုင်ပါတယ်။

ရှောင်းမီတည်ထောင်ပြီး တစ်နှစ်နဲ့ ငါးလ အကြာ မှာ သူတို့ရဲ့ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Mi1 ကို စထုတ်ပါတယ်။ ပန်းသီးဘုရင် စတိပ်ဂျော့ရဲ့ နောက်ဆုံး လက်ရာ iphone 4S နဲ့ အပြိုင် တရုတ် ဈေးကွက်ထဲ စပို့တယ်။ 4S က ဒေါ်လာ ၇၉၀ ရောင်းတဲ့ အချိန်မှာ Mi1 ကို ဒေါ်လာ ၃၂၀ နဲ ရောင်းပါတယ်။ အိုင်ဖုန်း နဲ့ အရည်အသွေး တူတဲ့ ဖုန်းကို ဈေးတဝက်ပဲပေးပါ ဆိုပြီး နည်းပညာဘီလူးကြီးကို နားရွက် တံတွေး စစွတ်ပါတယ်။ ဒီကနေ စပြီး ရှောင်းမီ ဟာ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး စမတ်ဖုန်း ဈေးကွက်ထဲကို ခုန်ဝင် လာပါတယ်။ စတိပ်ဂျော့ ကွယ်လွန် သွားတဲ့အခါ လေကျွင်းကို ဒုတိယ စတိပ်ဂျော့ အဖြစ် တင်စားကြပါတယ်။

ရှောင်းမီဟာ အလွန်လျင်မြန်စွာ အောင်မြင်လာပြီး ၂၀၁၄ ဒီဇင်ဘာမှာ ကုမ္ပဏီ တစ်ခုလုံးရဲ့တန်ဖိုး ဒေါ်လာ ၄၅ ဘီလီယံ ရှိလာပါတယ်။ လေကျွင်းလည်း တရုတ်ရဲ့ ထိပ်သီး စီးပွားရေး မီးငှက်တွေကို ကျော်တက်ပြီး

– ၂၀၁၁ မှာ တရုတ်ရဲ့ ၂၀၁ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာတယ်။
– ၂၀၁၂ မှာ တရုတ် ထိပ်တန်း လုပ်ငန်းရှင် ၁၀ ယောက်ထဲ ပါလာတယ်။
– ၂၀၁၃ မှာ ဖော်ကျွန်း မဂ္ဂဇင်းရဲ့ ဂုဏ်ယူ အထိုက်ဆုံး လုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံရတယ်။
– ၂၀၁၃ မှာ အာရှကို ချုပ်ကိုင်မယ့် လုပ်ငန်းရှင် ၁၁ ယောက် စာရင်းမှာပါလာတယ်။

– ၂၀၁၄ မှာ ပိုင်ဆိုင်မှု ၉.၉ ဘီလီယံနဲ့ တရုတ် နံပတ် ၈ ဘီလီနာ ဖြစ်လာတယ်။
– ၂၀၁၄ မှာ ဖို့ဒ် မဂ္ဂဇင်းရဲ့ တနှစ်တာ စွန့်ဦး လုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံ ခဲ့ရတယ်။
– ၂၀၁၅ ဇူလိုင်မှာ ပိုင်ဆိုင်မှု ခန့်မှန်း ၁၃.၃ ဘီလီယံနဲ့ တရုတ် နံပါတ် လေး၊ ကမ္ဘာ့ နံပါတ် ၈၇ ယောက် မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

(*အတည်မပြုနိုင်တဲ့ စာရင်းအရ လေကျွင်းဟာ ဒေါ်လာ ၄၅ ဘီလီယံတန်တဲ့ ရှောင်းမီရဲ့ ရှယ်ယာ ၇၇.၈ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အတွက် ၃၅ ဘီလီယံ ထိ ကြွယ်ဝနေပြီလည်း ဆိုပါတယ်။ ဒါသာ မှန်ခဲ့ရင်တော့ လေကျွင်းဟာ အလီဘာဘာရဲ့ ဂျက်မားနဲ့ ဝမ်ဒါအုပ်စု သူဌေး ဝမ်ကျန်လင် ကို ကျော်တက်ပြီး တရုတ် နံပါတ်တစ် ဘီလီနာ ဖြစ်နေပါပြီ*)

လေကျွင်းဟာ ရှောင်းမီကို ဆက်တိုက် အရှိန် မြင့်တင်နေရင်း အခြား ရင်းနှီးမြုပ်နှံမှု တွေကိုပါ တောက်လျှောက် ပြုလုပ်နေပါတယ်။ ၂၀၁၁ အတွင်း တရုတ် နည်းပညာ ကုမ္ပဏီ ၂၀ ကျော်မှာ ရင်းနှီး မြုပ်နှံခဲ့တယ် ဆိုတယ်။ တရုတ်နာမည်ကျော် e commerce ကုမ္ပဏီ Lakala နဲ့ လူမှုကွန်ယက် YY မှာလည်း လေကျွင်း ရှယ်ယာ အများစုပါတယ်။ ၂၀၁၅ မတ်လမှာ ယုကျားဟွေလို့ ခေါ်တဲ့ အလှကုန် ကုမ္ပဏီမှာပါ ထပ်မံ ရင်းနှီးမြုပ်နှံ ခဲ့တယ်။ ၂၀၁၅ ကစပြီး နည်းပညာ ကုမ္ပဏီ အသေး တစ်ရာကျော်မှာ ရင်းနှီးမြုပ်နှံပြီး ရှောင်းမီကို ပိုမို ကြီးထွားအောင် ဘေးကနေ ပံ့ပိုးပေးဖို့ စီစဉ် နေပါတယ်။

ရှောင်းမီရဲ့ ဈေးကွက် ထိုးဖောက်မှု နည်းဗျူဟာ

*ဧရာမ ဖုန်းကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ ကုန်ကျစရိတ် လျော့တဲ့ အနေနဲ့ နေရာကောင်းမှာ ဆိုင်ခန်းဖွင့်ခြင်းကို ရှောင်ကျဉ်ပြီး Online ကသာ တဆင့်ရောင်းချခဲ့တယ်။ ဆိုင်ခန်းစရိတ် လွန်စွာ သက်သာခဲ့ပါတယ်။

*ပစ္စည်းကို ဈေးကွက်မှာ အမြဲ လိုအပ်ချက် ဖြစ်နေစေရန် အရေအတွက် ထိန်းချုပ်ပြီး ထုတ်ခဲ့တယ်။

*သုံးစွဲသူရဲ့တုံ့ပြန်မှုကို အပတ်စဉ် (Update) ပေးပြီး အမြန်ဆုံး ပြင်ဆင်ပေးတယ်။

*အရည်အသွေးကောင်း ကို ဈေး သက်သက် သာသာနဲ့ ရောင်းတယ်။

*ကြေငြာကို ရုပ်သံမီဒီယာက မကြေငြာဘဲ Online ကသာ ကြေငြာပြီး စရိတ်ကို ပြိုင်ဘက် ကုမ္ပဏီ တွေထက် အဆပေါင်းများစွာ ချုံ့ခဲ့တယ်။

*ဥရောပ၊ အမေရိကန် နဲ့ ဂျပန်လို ဈေးကွက်တွေကို မရွေးချယ်ဘဲ ဈေးပေါပြီး အရည်အသွေးကောင်း လိုအပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင် အာရှ ဈေးကွက်ကိုသာ ရွေးချယ် ခဲ့ပါတယ်။

စမတ်ဖုန်း သုံးစွဲမှု ပေါက်ကွဲချိန်မှာ ဈေးကွက် လိုအပ်ချက် ကွက်လပ် တစ်ခု ပေါ်လာခဲ့တယ်။ အနောက်နိုင်ငံနဲ့ဂျပန် ဖုန်းတွေဟာ အရည်အသွေး ကောင်းပေမယ့် ဈေးများတယ်။ တရုတ်ဖုန်း ကျတော့ ဈေးပေါပြီး အရည်အသွေး ညံ့တယ်။ ဒီနှစ်ခုကြားထဲက “အရည်အသွေးကောင်း ဈေးသက်သာ” ဆိုတဲ့ ကွက်လပ်ကို ရှောင်းမီက ဖြည့်နိုင်ခဲ့တာကြောင့် တဟုန်ထိုး အောင်မြင်ခဲ့ပါတယ်။

လေကျွင်းရဲ့ကျော်ကြားတဲ့စကားတစ်ခုကတော့ မိုဘိုင်းဖုန်းက နိုင်ငံသားဖြစ်ခွင့် လျှောက်စရာ မလိုဘူး ဆိုတာပါပဲ။ သူ့ဖုန်းကို တကမ္ဘာလုံး လက်ခံ နိုင်အောင်လုပ်ပြီး နိုင်ငံတိုင်းမှာ ဝင်နေမယ်လို့ ဆိုပါတယ်။

သူဟာ ၂၀၀၄ ခုနှစ်ထဲက ကြွယ်ဝတဲ့ မီလီယံနာ ဖြစ်နေပေမယ့် ၂၀၀၇ ထိ လူထုရှေ့ ထွက်မလာခဲ့ပါဘူး။ (Very Low Profile) မထင်မရှား နေထိုင်ခဲ့ပါတယ်။ ၂၀၀၇ နောက်ပိုင်းမှ CEO Branding လုပ်ဖို့မီဒီယာတွေနဲ့ အင်တာဗျူး ခံပြီး လူထုရှေ့ထွက်လာပါတယ်။

အသက် ၄၆ နှစ် ရှိပြီဖြစ်တဲ့ လေကျွင်းကို မီဒီယာက မေးပါတယ်။ ဇီးရိုး ဘဝကနေ ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်အောင် ဖန်တီးခဲ့တဲ့ ခင်ဗျားရဲ့ လှို့ဝှက်ချက်က ဘာလဲတဲ့။

လေကျွင်းက သူ့ရဲ့ ကြိုးစားမှု၊ ထူးချွန်မှုတွေကို အမွှန်းမတင်ဘဲ ဒီလို ရိုးရိုးလေး ဖြေခဲ့ပါတယ်။

“ကျနော် အချိန်မှန် နေရာမှန် ယူမိလို့ပါ။ မုန်တိုင်း အလယ်ထဲ ဝင်သွားမှတော့ ဝက်တောင် ပျံလို့ ရပါတယ်” တဲ့။

လေကျွင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးတဲ့ ကျနော်တို့ အတုယူဖို့ ကောင်းလွန်းပါတယ်။

Phyo Ko Ko Naing
(လွန်ခဲ့တဲ့ ၂နှစ်က ကိုဖြိုးကိုကိုနိုင် ရေးခဲ့တဲ့ပိုစ့်ပါ)

Leave a Reply