ဘရာဇီးက ကမာၻေက်ာ္ ရက္ဒီမာ ခရစ္ေတာ္ရုပ္တုႀကီးအေၾကာင္း

Posted on

Christ the Redeemer ခရစ္ေတာ္ရုပ္တုႀကီးဟာ ဘရာဇီးႏုိင္ငံ ရီယုိဒီဂ်ေနးရုိးၿမဳိ႕က ေပ ၂၃၀၀ေက်ာ္ျမင့္တဲ့ ေကာ္ကိုဗာဒို ေတာင္ထိပ္မွာ တည္ရွိပါတယ္။ ဒီ Christ the Redeemer ရုပ္တုႀကီးတည္ေဆာက္ဖုိ႔ စိတ္ကူးကုိ ၁၈၅၀ခုႏွစ္တည္းက Catholic ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္တဲ့ Pedro Maria Boss က ရခဲ့တာပဲျဖစ္ပါတယ္။

ဒီစိတ္ကူးကုိေထာက္ပံ့မည့္သူမလုံေလာက္တာေၾကာင့္ ပထမတစ္ႀကိမ္မွာအျငင္းခံခဲ့ရပါတယ္။ ၁၉၂၀ အထိအေကာင္အထည္မေဖာ္ႏုိင္ခဲ့ပဲ ဒုတိယတႀကိမ္မွ သူ႔ရဲ႕အဆုိျပဳခ်က္ကုိလက္ခံၿပီး ဒီဇုိင္းကုိ ၁၉၂၀ မွာ စတင္ေရးဆြဲခဲ့ကာ တည္ေဆာက္ေရးကိုေတာ့ ၁၉၂၂ခုႏွစ္မွ စတင္ႏုိင္ခဲ့ပါတယ္။ ၁၉၃၁ခုႏွစ္မွ ၿပီးဆုံးခဲ့ၿပီး ေဆာက္လုပ္ခ်ိန္ ၉ႏွစ္ၾကာျမင့္ခဲ့ပါတယ္။

တည္ေဆာက္စဥ္ကာလ
တည္ေဆာက္စဥ္ကာလ

ျပင္သစ္ ေက်ာက္ဆစ္ဆရာ Paul Landoski ၊ ျပင္သစ္ အင္ဂ်င္နီယာ Albert Caquot ၊ ဘရာဇီး အင္ဂ်င္နီယာ ဆင္းလ္ဗား ေကာ္စတာ (Heitor da Silva Costa) တုုိ႔ဦးေဆာင္ကာ ပူးေပါင္းတည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ကုန္က်စရိတ္အေနနဲ႔ အဲဒီအခ်ိန္က အေမရိကန္ေဒၚလာ ၂သိန္းခြဲကုန္က်ခဲ့ပါတယ္။ ဒါဟာ ၂၀၁၆ခုႏွစ္ အေမရိကန္ေဒၚလာ ၃.၄သန္းနဲ႔ ညီမွ်ပါတယ္။

ဘရာဇီးရဲ႕ Catholic ခရစ္ယာန္အဖြဲ႔က ကုန္က်ခံခဲ့တာျဖစ္ပါတယ္။ ဒီရုပ္တုႀကီးဟာ ဘရာဇီးက ခရစ္ယာန္ေတြ နဲ႔ ရီယုိဒီဂ်ေနးရုိးၿမဳိ႕ရဲ႕ အထိမ္းအမွတ္ အမွတ္အသားတစ္ခုျဖစ္ပါတယ္။ တည္ေနရာကေတာ့ ကြန္ကိုုဗာဒိုု ေတာင္ကုုန္း (Concovado mountain) ေပၚက တီဂ်ဴကာ အမ်ဳိးသား ဥယ်ာဥ္ (Tijuca National Park) အတြင္းမွာ တည္ရွိတာျဖစ္ပါတယ္။

ရုပ္တုရဲ႕အျမင့္ ၉၈ေပ (ေအာက္ေျခခုံ ၂၆ေပ မပါ၀င္) ရွိၿပီး ဆန္႔ထားတဲ့လက္အက်ယ္ ၉၂ေပ ရွိပါတယ္။ အေလးခ်ိန္ကေတာ့ ၆၃၅တန္ နီးပါး ရွိပါတယ္။ ကမာၻေပၚက ခရစ္ေတာ္ရုပ္တုေတြထဲမွာ လက္ရာအေျမာက္ဆုံးရုပ္တုျဖစ္ၿပီး နံပါတ္ ၅ အႀကီးဆုံးရုပ္တုလည္းျဖစ္ပါတယ္။ ရုပ္တုရဲ႕ အဓိပၸါယ္ကေတာ့ ခရစ္ေတာ္ဟာ သူဆီ၀င္လာသူအာလုံးကုိ ခ်စ္ျခင္းေမတၱာနဲ႔ ေပြ႕ဖက္ဖုိ႔ အဆင္သင့္ရွိေနတယ္ဆုိတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

တည္ေဆာက္မယ့္ soapstone ေက်ာက္တုံးေတြကုိ ဆြီဒင္ႏုိင္ငံကေန တင္သြင္းခဲ့တာပဲျဖစ္ပါတယ္။ ၁၉၃၁ ခုႏွစ္မွာ ၿပီးဆုံးခဲ့တဲ့ရုပ္တုႀကီးကုိ ၁၉၃၁ခုႏွစ္ ေအာက္တုိဘာ ၁၂ ရက္ေန႔မွာ တရား၀င္အခမ္းအနားနဲ႔ ဖြင့္လွစ္ခဲ့ပါတယ္။ ဘယ္ဘက္လက္က ရီရုိဒီဂ်ေနးရုိးၿမဳိ႕ရဲ႕ ေတာင္ဘက္ကုိ ညႊန္ျပေနၿပီး ညာဘက္လက္ကေတာ့ ေျမာက္ဘက္ကုိ ညႊန္ျပေနပါတယ္။

အတြင္းဘက္မွ အေပၚသို႔တက္သည့္ ေလွကား

၂၀၀၈ခုႏွစ္မွာ ရုပ္တုႀကီးကုိ မုိးႀကဳိးအပစ္ခံခဲ့ရၿပီး ဦးေခါင္း ၊ မ်က္ခုံးရုိး နဲ႔ လက္ေခ်ာင္းမ်ားပ်က္စီးသြားခဲ့တဲ့အတြက္ ျပန္လည္ျပင္ဆင္ခဲ့ရပါေသးတယ္။ျပင္ဆင္တဲ့အခါမွာ သုံးတဲ့ေက်ာက္တုံးေတြကုိလည္း မူလရုပ္တုစတင္ေဆာက္လုပ္စဥ္က သုံးခဲ့တဲ့ ေက်ာက္က်င္းမွ ရယူခဲ့ပါတယ္။ ၂၀၁၀ ခုႏွစ္ကလည္း အေပ်ာ္တမ္း ဂရတ္ဖတီသမားတစ္ေယာက္လက္သရမ္းမႈေၾကာင့္ ရုပ္တုႀကီးရဲ႕ ဦးေခါင္းနဲ႔ ညာဘက္လက္မွာ အေရာင္ေတြစြန္းထင္းခဲ့ရၿပီး ျပန္လည္ျပဳျပင္ရပါေသးတယ္။

ရုပ္တုႀကီးကုိ လွည့္ပတ္ၾကည့္ရႈႏုိင္ရန္အတြက္ စက္ေလွကား ၊ ဓာတ္ေလွကား နဲ႔ လူေလွ်ာက္လမ္းေတြကိုေတာ့ ၂၀၀၃ခုႏွစ္မွာတည္းက ထည့္သြင္းခဲ့ပါတယ္။ မသန္စြမ္းသူမ်ား အလြယ္တကူသြားလာႏုိင္ေစဖုိ႔လည္း စီစဥ္ေပးထားပါတယ္။၂၀၀၇ခုႏွစ္ ဇူလုိင္၇ ရက္ေန႔မွာေတာ့ ေခတ္သစ္ကမာၻ႔အံဖြယ္ ၇ခု စာရင္းမွာ ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရပါတယ္။

အေနာက္ဘက္မွ ရုပ္တုႀကီးဆီသုိ႔တက္သည့္ စက္ေလွကား

လက္ရွိအခ်ိန္မွာေတာ့ ရက္ဒီမာရုပ္တုဟာ ခရစ္ယာန္ဘာသာ၀င္တို႔ရဲ႕ အထိမ္းအမွတ္လကၡဏာတစ္ခု ႏွင့္ ဘရာဇီးလ္ႏိုင္ငံ ၿမိဳ႕ေတာ္ ရီယိုရဲ႕ အမွတ္အသားတစ္ခုျဖစ္ေနခဲ့ပါၿပီ။ ဘရာဇီးမွာရွိတဲ့ေနရာမ်ားအနက္ ကမာၻလွည့္ခရီးသြားအလာဆုံးေနရာတစ္ခုျဖစ္ၿပီး ႏွစ္စဥ္ လူေပါင္း ၂သန္းခန္႔လာေရာက္ေလ့ရွိတဲ့ေနရာလည္း ျဖစ္ပါတယ္။

ရုပ္တုႀကီးရဲ႕ Birdeye View
ညဘက္မွာျမင္ရတဲ့ ျမင္ကြင္း


ဘရာဇီးက ကမ္ဘာကျော် ရက်ဒီမာ ခရစ်တော်ရုပ်တုကြီးအကြောင်း (unicode)

Christ the Redeemer ခရစ်တော်ရုပ်တုကြီးဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ပေ ၂၃၀၀ကျော်မြင့်တဲ့ ကော်ကိုဗာဒို တောင်ထိပ်မှာ တည်ရှိပါတယ်။ ဒီ Christ the Redeemer ရုပ်တုကြီးတည်ဆောက်ဖို့ စိတ်ကူးကို ၁၈၅ဝခုနှစ်တည်းက Catholic ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Pedro Maria Boss က ရခဲ့တာပဲဖြစ်ပါတယ်။

ဒီစိတ်ကူးကိုထောက်ပံ့မည့်သူမလုံလောက်တာကြောင့် ပထမတစ်ကြိမ်မှာအငြင်းခံခဲ့ရပါတယ်။ ၁၉၂၀ အထိအကောင်အထည်မဖော်နိုင်ခဲ့ပဲ ဒုတိယတကြိမ်မှ သူ့ရဲ့အဆိုပြုချက်ကိုလက်ခံပြီး ဒီဇိုင်းကို ၁၉၂၀ မှာ စတင်ရေးဆွဲခဲ့ကာ တည်ဆောက်ရေးကိုတော့ ၁၉၂၂ခုနှစ်မှ စတင်နိုင်ခဲ့ပါတယ်။ ၁၉၃၁ခုနှစ်မှ ပြီးဆုံးခဲ့ပြီး ဆောက်လုပ်ချိန် ၉နှစ်ကြာမြင့်ခဲ့ပါတယ်။

ပြင်သစ် ကျောက်ဆစ်ဆရာ Paul Landoski ၊ ပြင်သစ် အင်ဂျင်နီယာ Albert Caquot ၊ ဘရာဇီး အင်ဂျင်နီယာ ဆင်းလ်ဗား ကော်စတာ (Heitor da Silva Costa) တို့ဦးဆောင်ကာ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၂သိန်းခွဲကုန်ကျခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် အမေရိကန်ဒေါ်လာ ၃.၄သန်းနဲ့ ညီမျှပါတယ်။

ဘရာဇီးရဲ့ Catholic ခရစ်ယာန်အဖွဲ့က ကုန်ကျခံခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ ဘရာဇီးက ခရစ်ယာန်တွေ နဲ့ ရီယိုဒီဂျနေးရိုးမြို့ရဲ့ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်ပါတယ်။ တည်နေရာကတော့ ကွန်ကိုဗာဒို တောင်ကုန်း (Concovado mountain) ပေါ်က တီဂျူကာ အမျိုးသား ဥယျာဉ် (Tijuca National Park) အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ရုပ်တုရဲ့အမြင့် ၉၈ပေ (အောက်ခြေခုံ ၂၆ပေ မပါဝင်) ရှိပြီး ဆန့်ထားတဲ့လက်အကျယ် ၉၂ပေ ရှိပါတယ်။ အလေးချိန်ကတော့ ၆၃၅တန် နီးပါး ရှိပါတယ်။ ကမ္ဘာပေါ်က ခရစ်တော်ရုပ်တုတွေထဲမှာ လက်ရာအမြောက်ဆုံးရုပ်တုဖြစ်ပြီး နံပါတ် ၅ အကြီးဆုံးရုပ်တုလည်းဖြစ်ပါတယ်။ ရုပ်တုရဲ့ အဓိပ္ပါယ်ကတော့ ခရစ်တော်ဟာ သူဆီဝင်လာသူအာလုံးကို ချစ်ခြင်းမေတ္တာနဲ့ ပွေ့ဖက်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

တည်ဆောက်မယ့် soapstone ကျောက်တုံးတွေကို ဆွီဒင်နိုင်ငံကနေ တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ရုပ်တုကြီးကို ၁၉၃၁ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဘယ်ဘက်လက်က ရီရိုဒီဂျနေးရိုးမြို့ရဲ့ တောင်ဘက်ကို ညွှန်ပြနေပြီး ညာဘက်လက်ကတော့ မြောက်ဘက်ကို ညွှန်ပြနေပါတယ်။

၂၀၀၈ခုနှစ်မှာ ရုပ်တုကြီးကို မိုးကြိုးအပစ်ခံခဲ့ရပြီး ဦးခေါင်း ၊ မျက်ခုံးရိုး နဲ့ လက်ချောင်းများပျက်စီးသွားခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။ပြင်ဆင်တဲ့အခါမှာ သုံးတဲ့ကျောက်တုံးတွေကိုလည်း မူလရုပ်တုစတင်ဆောက်လုပ်စဉ်က သုံးခဲ့တဲ့ ကျောက်ကျင်းမှ ရယူခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အပျော်တမ်း ဂရတ်ဖတီသမားတစ်ယောက်လက်သရမ်းမှုကြောင့် ရုပ်တုကြီးရဲ့ ဦးခေါင်းနဲ့ ညာဘက်လက်မှာ အရောင်တွေစွန်းထင်းခဲ့ရပြီး ပြန်လည်ပြုပြင်ရပါသေးတယ်။

ရုပ်တုကြီးကို လှည့်ပတ်ကြည့်ရှုနိုင်ရန်အတွက် စက်လှေကား ၊ ဓာတ်လှေကား နဲ့ လူလျှောက်လမ်းတွေကိုတော့ ၂၀၀၃ခုနှစ်မှာတည်းက ထည့်သွင်းခဲ့ပါတယ်။ မသန်စွမ်းသူများ အလွယ်တကူသွားလာနိုင်စေဖို့လည်း စီစဉ်ပေးထားပါတယ်။၂၀၀၇ခုနှစ် ဇူလိုင်၇ ရက်နေ့မှာတော့ ခေတ်သစ်ကမ္ဘာ့အံဖွယ် ၇ခု စာရင်းမှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ရက်ဒီမာရုပ်တုဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထိမ်းအမှတ်လက္ခဏာတစ်ခု နှင့် ဘရာဇီးလ်နိုင်ငံ မြို့တော် ရီယိုရဲ့ အမှတ်အသားတစ်ခုဖြစ်နေခဲ့ပါပြီ။ ဘရာဇီးမှာရှိတဲ့နေရာများအနက် ကမ္ဘာလှည့်ခရီးသွားအလာဆုံးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ် လူပေါင်း ၂သန်းခန့်လာရောက်လေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

Leave a Reply