ပင္လယ္နက္ ဆုိသည္မွာ

Posted on

ေရးသားသူ – Academy

ပင္လယ္နက္(Black Sea) သည္ ကုန္းတြင္းပိုင္းပင္လယ္ၿဖစ္ၿပီး ဥေရာပအေရွ ့ေတာင္ပိုင္း ႏွင့္ အာရွမုိင္းနားေဒသ အၾကားတြင္တည္ရွိသည္ ။ ပင္လယ္နက္ ႏွင့္ ေအဂ်င္ပင္လယ္အား အစၥတန္ဘူ ေရလက္ၾကား ႏွင့္ ဆက္သြယ္ထားသည္ ။ ရုိေမးနီးယားႏုိင္ငံ ၊ ဘူေဂးရီးယားႏုိင္ငံ ႏွင့္ တူရကီ ႏုိင္ငံ ၊ ယူကရိန္းႏုိင္ငံ ၊ ရုရွား ၊ ေဂ်ာ္ဂ်ီယာႏုိင္ငံမ်ား၏ ပိုင္နက္နယ္ေၿမမ်ားသည္ ပင္လယ္နက္ ပါတ္၀န္းက်င္တြင္တည္ရွိသည္။

ပင္လယ္နက္ သည္ အေရွ ့မွ အေနာက္သို႔ ၇၅၀မိုင္ ၊ အနံ အက်ယ္ဆုံးေနရာမွာ ၃၈၀မိုင္အထိ ရွိကာ ဧရိယာစတုရန္းမိုင္ေပါင္း ၁၆၈၅၀၀ အထိက်ယ္၀န္းသည္ ။ ပင္လယ္နက္ထဲသို ့ ဥေရာပအလယ္ပိုင္း ႏွင့္ အေရွ ့ဖက္ေဒသမ်ားမွ ျမစ္မ်ားစြာစီး၀င္ၿပီးထိုအထဲတြင္ Dnieper, Dniester, Southern Bug, Don ႏွင့္ Danube ၿမစ္မ်ားပါ၀င္သည္ ။ ထို ့အတူ အာရွမုိင္းနားေဒသမွ Yeşil Irmak, Kızılırmak, ႏွင့္ Sakarya ၿမစ္မ်ားသည္လဲ Black Sea ထဲသို႔စီး၀င္သည္ ။ ပင္လယ္ၾကီး၏ ေရအနက္ဆံုးေဒသမွာ ၇၂၅၀ ေပ အထိ ေရအနက္ရွိသည္ ။

အစၥတန္ဘူလ္ ႏွင့္ ပင္လယ္နက္

အမ်ားအားၿဖင့္ ေဆာင္းရာသီအခ်ိန္မ်ားတြင္ ဤေဒသသို ့ေၿမာက္ဖက္မွ ေလၿပင္းမ်ား က်ေရာက္ကာ မိုးသက္ မုန္တိုင္းမ်ားတိုက္ခတ္ေလ့ရွိတတ္သည္ ။Black Sea ေဒသ တြင္ငါးၾကင္း ႏွင့္ အၿခားငါးမ်ား ေပါမ်ားစြာေတြ ့ရွိႏုိင္သည္။  ထူးျခားသည္မွာ ပင္လယ္၏ အေပၚပိုင္းေရမ်ား(upper water ) သည္ ေရနက္ပုိင္းေရမ်ား(deep water) ႏွင့္ ေရာေႏွာေပါင္းစပ္သြားျခင္းမရွိပဲ အလြႊာတစ္လႊာစီရွိေနျခင္းျဖစ္သည္။ အနက္ေပ ၆၀၀ ၀န္းက်င္အထက္မွာ အေပၚပုိင္းျဖစ္ၿပီး ၆၀၀ ၀န္းက်င္ေအာက္ဘက္မွာ ေရနက္ပုိင္းျဖစ္သည္။ ေရနက္ပုိင္းေရတြင္ အဆိပ္အေတာက္မ်ားပင္ ပါ၀င္သည္ဟု ဆုိၾကသည္။

ဤေဒသ၏ အဓိက ပင္လယ္ဆိပ္ကမ္းမ်ားမွာ ယူကရိန္းတို ့၏ Odessa , Kherson ႏွင့္ Sevastopol ဆိပ္ကမ္း ၊ ေဂ်ာ္ဂ်ီယာႏုိင္ငံ၏ P’ot’i ႏွင့္ Bat’umi ဆိပ္ကမ္း ၊ ရုရွားနိင္ငံ၏ Novorossiysk ဆိပ္ကမ္း၊ ရုိေမးနီးယားနိင္ငံ၏ Constanţa ဆိပ္ကမ္း ၊ ဘူေဂးရီးယား နိင္ငံ၏ Burgas ႏွင့္ Varna ဆိပ္ကမ္း ၊ တူရကီတို ့ ၏ Ereğli, Samsun, Sinop, ႏွင့္ Trabzon ဆိပ္ကမ္းမ်ားၿဖစ္ၾကသည္ ။

သမိုင္း

ဂရိေခတ္တုန္းက ပင္လယ္နက္(Black Sea) ကုိ Inhospitable Sea ဟုေခၚသည္။ အဓိပၸါယ္မွာ ေဖာ္ေရႊမႈကင္းမဲ့ေသာပင္လယ္ ျဖစ္သည္။ ေရးလမ္းေၾကာင္းသြားလာရန္ခက္ခဲျခင္းႏွင့္ ထုိစဥ္ ကမ္းေျခတစ္ေလွ်ာက္ေနထုိင္ၾကေသာ လူမ်ားစုမ်ားသည္ သေဘၤာမ်ားကုိ ရန္ျပဳတတ္သျဖင့္ ထုိနာမည္ေပးထားျခင္းျဖစ္သည္။ ပင္လယ္နက္ ဟုေခၚျခင္းမွာ ဟုိက္ဒရုိဂ်င္ဆာလဖုိက္ပါ၀င္မႈလြန္ကဲသည့္ အနက္ေရာင္ရႊံ႕မ်ားပါ၀င္ျခင္း ႏွင့္ ေဆာင္းရာသီ မႈန္တုိင္းမ်ားျပင္းထန္သည့္အခ်ိန္ ပင္လယ္ျပင္ကုိအေ၀းမွၾကည့္လွ်င္ အမည္းေရာင္ေရျပင္ႀကီးသဖြယ္ေတြ႔ျမင္ရသျဖင့္ သေဘၤာသားမ်ားက ေပးထားၾကျခင္းျဖစ္သည္။

ပင္လယ္နက္ ထဲတြင္ ေရွးႏွစ္ေပါင္းမ်ားစြာအခ်ိန္မွစ၍ ကုန္စည္ကူးသန္းေရာင္း၀ယ္ရန္ သြားလာခဲ့ၾကသည္ ။ ဂရိေခတ္ ၊ ရုိမန္ေခတ္ မ်ားတြင္ ဤေဒသ တခ်ိဳ ့ကို သိမ္းယူၿပီး ကုန္စည္ကူးသန္းေရာင္း၀ယ္ခဲ့ၾကသည္ ။ အေရွ ့ေရာမအင္ပါယာၿဖစ္သည့္ Byzantine အင္ပါယာသည္ ယေန ့တူရကီနိင္ငံ အစၥတန္ဘူေဒသတြင္ အေၿခစိုက္ၿပီးေနာက္ ဤေဒသသည္ အဓိက ကူးသန္းေရာင္း၀ယ္ရာေနရာ ၿဖစ္လာခဲ့သည္ ။

ေအဒီ ၁၄၅၃ – အခ်ိန္တြင္ Byzantine အင္ပါယာ ေပ်ာက္ကြယ္ၿပီး ေအာ္တိုမင္အင္ပါယာ အင္အား ၾကီးထြားလာခဲ့ၿပီးေနာက္ အစၥတန္ဘူေရလက္ၾကားကို ပိတ္ဆို ့ကာ ေအာ္တိုမင္မ်ားသည္ နိင္ငံၿခား ကူးသန္းေရာင္း၀ယ္မွဳဟူသမွ် ကိုပိတ္ပင္ထားခဲ့ၾကသည္ ။ထိုကဲ့သို ့ပိတ္ဆို ့ထားမႈသည္ ရာစုႏွစ္ ၃စုၾကာၿမင့္ခဲ့သည္ ။ ၁၈ရာစု အေစာပိုင္းႏွစ္မ်ားမွ စတင္ကာ ပင္လယ္နက္ေဒသ တြင္ ေအာ္တိုမင္မ်ားသည္
ရုရွားတို ့၏ စိန္ေခၚမႈ မ်ား ႏွင့္ ရင္ဆိုင္လာခဲ့ရသည္ ။ ဤေဒသတြင္ Crimean War စစ္ပြဲၿပီးဆံုးၿပီးေနာက္ Treaty of Paris စာခ်ဳပ္အရ ပင္လယ္နက္ေဒသအား စစ္မဲ့ဇံုအၿဖစ္သတ္မွတ္ကာ နိင္ငံတကာ ကုန္သြယ္မႈအတြက္ ဖြင့္ေပးခဲ့ရသည္ ။

၁၈၇၀ခုႏွစ္တြင္ ရုရွား အင္ပါယာ၏ ဘုရင္ Alexander II သည္ ပဲရစ္စာခ်ဳပ္ အရ စစ္မဲ့ဇံုကို ပယ္ဖ်က္ကာ ရုရွားေရတပ္ကို Black Sea ေဒသ တြင္ အထိုင္ခ်ထားခဲ့သည္ ။ ထိုအခါ ေအာ္တိုမင္မ်ားသည္ အစၥတန္ဘူေရလက္ၾကားကိုပိတ္ဆို ့ခဲ့သၿဖင့္ ရုရွား ႏွင့္ ေအာ္တိုမင္တူရကီမ်ားစစ္ပြဲၿဖစ္ပြားခဲ့သည္ ။

Russo-Ottoman War ( ၁၈၇၇ – ၁၈၇၈ ) ခုႏွစ္ အခ်ိန္က ရုရွားတို႔သည္ ေအာ္တိုမင္မ်ားကို ေအာင္နိင္ခဲ့ၿပီး Black Sea ၏ ပင္လယ္ထြက္ေပါက္မ်ားကိုၿပန္လည္ရရွိခဲ့သည္ ။ ပထမကမာၻစစ္အခ်ိန္တုန္းကလည္း ရုရွားေရတပ္သည္ Black Sea ထဲမွေန၍ ေအာ္တိုမင္မ်ား အား ေအာင္ၿမင္စြာတိုက္ထုတ္နိင္ခဲ့သည္ ။

Academy


ပင်လယ်နက် ဆိုသည်မှာ (unicode)

ရေးသားသူ – Academy

ပင်လယ်နက်(Black Sea) သည် ကုန်းတွင်းပိုင်းပင်လယ်ဖြစ်ပြီး ဥရောပအရှေ့တောင်ပိုင်း နှင့် အာရှမိုင်းနားဒေသ အကြားတွင်တည်ရှိသည် ။ ပင်လယ်နက် နှင့် အေဂျင်ပင်လယ်အား အစ္စတန်ဘူ ရေလက်ကြား နှင့် ဆက်သွယ်ထားသည် ။ ရိုမေးနီးယားနိုင်ငံ ၊ ဘူဂေးရီးယားနိုင်ငံ နှင့် တူရကီ နိုင်ငံ ၊ ယူကရိန်းနိုင်ငံ ၊ ရုရှား ၊ ဂျော်ဂျီယာနိုင်ငံများ၏ ပိုင်နက်နယ်မြေများသည် ပင်လယ်နက် ပါတ်ဝန်းကျင်တွင်တည်ရှိသည်။

ပင်လယ်နက် သည် အရှေ့မှ အနောက်သို့ ၇၅ဝမိုင် ၊ အနံ အကျယ်ဆုံးနေရာမှာ ၃၈ဝမိုင်အထိ ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၆၈၅၀၀ အထိကျယ်ဝန်းသည် ။ ပင်လယ်နက်ထဲသို့ ဥရောပအလယ်ပိုင်း နှင့် အရှေ့ဖက်ဒေသများမှ မြစ်များစွာစီးဝင်ပြီးထိုအထဲတွင် Dnieper, Dniester, Southern Bug, Don နှင့် Danube မြစ်များပါဝင်သည် ။ ထို့အတူ အာရှမိုင်းနားဒေသမှ Yeşil Irmak, Kızılırmak, နှင့် Sakarya rivers မြစ်များသည်လဲ Black Sea ထဲသို့စီးဝင်သည် ။ ပင်လယ်ကြီး၏ ရေအနက်ဆုံးဒေသမှာ ၇၂၅၀ ပေ အထိ ရေအနက်ရှိသည် ။

အများအားဖြင့် ဆောင်းရာသီအချိန်များတွင် ဤဒေသသို့မြောက်ဖက်မှ လေပြင်းများ ကျရောက်ကာ မိုးသက် မုန်တိုင်းများတိုက်ခတ်လေ့ရှိတတ်သည် ။Black Sea ဒေသ တွင်ငါးကြင်း နှင့် အခြားငါးများ ပေါများစွာတွေ့ရှိနိုင်သည်။  ထူးခြားသည်မှာ ပင်လယ်၏ အပေါ်ပိုင်းရေများ(upper water ) သည် ရေနက်ပိုင်းရေများ(deep water) နှင့် ရောနှောပေါင်းစပ်သွားခြင်းမရှိပဲ အလွှာတစ်လွှာစီရှိနေခြင်းဖြစ်သည်။ အနက်ပေ ၆၀၀ ဝန်းကျင်အထက်မှာ အပေါ်ပိုင်းဖြစ်ပြီး ၆၀၀ ဝန်းကျင်အောက်ဘက်မှာ ရေနက်ပိုင်းဖြစ်သည်။ ရေနက်ပိုင်းရေတွင် အဆိပ်အတောက်များပင် ပါဝင်သည်ဟု ဆိုကြသည်။

ဤဒေသ၏ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ ယူကရိန်းတို့၏ Odessa , Kherson နှင့် Sevastopol ဆိပ်ကမ်း ၊ ဂျော်ဂျီယာနိုင်ငံ၏ P’ot’i နှင့် Bat’umi ဆိပ်ကမ်း ၊ ရုရှားနိင်ငံ၏ Novorossiysk ဆိပ်ကမ်း၊ ရိုမေးနီးယားနိင်ငံ၏ Constanţa ဆိပ်ကမ်း ၊ ဘူဂေးရီးယား နိင်ငံ၏ Burgas နှင့် Varna ဆိပ်ကမ်း ၊ တူရကီတို့ ၏ Ereğli, Samsun, Sinop, နှင့် Trabzon ဆိပ်ကမ်းများဖြစ်ကြသည် ။

သမိုင်း

ဂရိခေတ်တုန်းက ပင်လယ်နက်(Black Sea) ကို Inhospitable Sea ဟုခေါ်သည်။ အဓိပ္ပါယ်မှာ ဖော်ရွှေမှုကင်းမဲ့သောပင်လယ် ဖြစ်သည်။ ရေးလမ်းကြောင်းသွားလာရန်ခက်ခဲခြင်းနှင့် ထိုစဉ် ကမ်းခြေတစ်လျှောက်နေထိုင်ကြသော လူများစုများသည် သင်္ဘောများကို ရန်ပြုတတ်သဖြင့် ထိုနာမည်ပေးထားခြင်းဖြစ်သည်။ ပင်လယ်နက် ဟုခေါ်ခြင်းမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ပါဝင်မှုလွန်ကဲသည့် အနက်ရောင်ရွှံ့များပါဝင်ခြင်း နှင့် ဆောင်းရာသီ မှုန်တိုင်းများပြင်းထန်သည့်အချိန် ပင်လယ်ပြင်ကိုအဝေးမှကြည့်လျှင် အမည်းရောင်ရေပြင်ကြီးသဖွယ်တွေ့မြင်ရသဖြင့် သင်္ဘောသားများက ပေးထားကြခြင်းဖြစ်သည်။

ပင်လယ်နက် ထဲတွင် ရှေးနှစ်ပေါင်းများစွာအချိန်မှစ၍ ကုန်စည်ကူးသန်းရောင်းဝယ်ရန် သွားလာခဲ့ကြသည် ။ ဂရိခေတ် ၊ ရိုမန်ခေတ် များတွင် ဤဒေသ တချို့ကို သိမ်းယူပြီး ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့ကြသည် ။ အရှေ့ရောမအင်ပါယာဖြစ်သည့် Byzantine အင်ပါယာသည် ယနေ့တူရကီနိင်ငံ အစ္စတန်ဘူဒေသတွင် အခြေစိုက်ပြီးနောက် ဤဒေသသည် အဓိက ကူးသန်းရောင်းဝယ်ရာနေရာ ဖြစ်လာခဲ့သည် ။

အေဒီ ၁၄၅၃ – အချိန်တွင် Byzantine အင်ပါယာ ပျောက်ကွယ်ပြီး အော်တိုမင်အင်ပါယာ အင်အား ကြီးထွားလာခဲ့ပြီးနောက် အစ္စတန်ဘူရေလက်ကြားကို ပိတ်ဆို့ကာ အော်တိုမင်များသည် နိင်ငံခြား ကူးသန်းရောင်းဝယ်မှုဟူသမျှ ကိုပိတ်ပင်ထားခဲ့ကြသည် ။ထိုကဲ့သို့ပိတ်ဆို့ထားမှုသည် ရာစုနှစ် ၃စုကြာမြင့်ခဲ့သည် ။ ၁၈ရာစု အစောပိုင်းနှစ်များမှ စတင်ကာ ပင်လယ်နက်ဒေသ တွင် အော်တိုမင်များသည်
ရုရှားတို့၏ စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာခဲ့ရသည် ။ ဤဒေသတွင် Crimean War စစ်ပွဲပြီးဆုံးပြီးနောက် Treaty of Paris စာချုပ်အရ ပင်လယ်နက်ဒေသအား စစ်မဲ့ဇုံအဖြစ်သတ်မှတ်ကာ နိင်ငံတကာ ကုန်သွယ်မှုအတွက် ဖွင့်ပေးခဲ့ရသည် ။

၁၈၇ဝခုနှစ်တွင် ရုရှား အင်ပါယာ၏ ဘုရင် Alexander II သည် ပဲရစ်စာချုပ် အရ စစ်မဲ့ဇုံကို ပယ်ဖျက်ကာ ရုရှားရေတပ်ကို Black Sea ဒေသ တွင် အထိုင်ချထားခဲ့သည် ။ ထိုအခါ အော်တိုမင်များသည် အစ္စတန်ဘူရေလက်ကြားကိုပိတ်ဆို့ခဲ့သဖြင့် ရုရှား နှင့် အော်တိုမင်တူရကီများစစ်ပွဲဖြစ်ပွားခဲ့သည် ။

Russo-Ottoman War ( ၁၈၇၇ – ၁၈၇၈ ) ခုနှစ် အချိန်က ရုရှားတို့သည် အော်တိုမင်များကို အောင်နိင်ခဲ့ပြီး Black Sea ၏ ပင်လယ်ထွက်ပေါက်များကိုပြန်လည်ရရှိခဲ့သည် ။ ပထမကမ္ဘာစစ်အချိန်တုန်းကလည်း ရုရှားရေတပ်သည် Black Sea ထဲမှနေ၍ အော်တိုမင်များ အား အောင်မြင်စွာတိုက်ထုတ်နိင်ခဲ့သည် ။

Academy

Leave a Reply