ကမာၻ႔အႀကီးဆုံး သေဘၤာႀကီး ၇စီး အေၾကာင္း

Posted on

ကမာၻ႔အႀကီးဆုံးသေဘၤာဆုိတာနဲ႔ အမ်ားစုသိၾကမွာက တုိက္တန္းနစ္သေဘၤာႀကီးျဖစ္မယ္ထင္ပါတယ္။ အရွည္ ၈၈၂ေပ ရွိတဲ့ တုိက္တန္းနစ္သေဘၤာဟာ မေသးေပမယ့္ သူ႔ထက္ပိုႀကီးတဲ့ သေဘၤာေတြ အမ်ားႀကီးရွိပါေသးတယ္။ ဒီအမ်ားႀကီးရွိတဲ့အထဲက ဒီတစ္ခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ အႀကီးဆုံးသေဘၤာႀကီး ၇စီး အေၾကာင္းကုိ ဗဟုသုတအေနနဲ႔ ေ၀မွ်လုိက္ပါတယ္။

၇။ Pierre Guillaumat

Pierre Guillaumat ကေတာ့ ေလာင္စာဆီ တင္အမ်ဳိးအစား(Oil Tanker) သေဘၤာႀကီးတစ္စင္းျဖစ္ပါတယ္။ Batillus ရဲ႕ေနာက္ဆက္တြဲေမာ္ဒယ္ျဖစ္ၿပီး ျပင္သစ္သေဘၤာကုမၸဏီ Chantiers de l’Atlantique က ၁၉၇၇ခုႏွစ္မွာ တည္ေဆာက္ခဲ့ပါတယ္။ Pierre Guillaumat ဆုိတာကေတာ့ျ ပင္သစ္ေရနံစက္ရုံလုပ္ငန္းရဲ႕တည္ေထာင္သူရဲ႕အမည္ကိုေပးထားျခင္းျဖစ္ပါတယ္။ ကမာၻ႔အႀကီးဆုံးသေဘၤာႀကီးတစ္စင္းျဖစ္ၿပီး သူ႔ထက္ႀကီးတာဆုိလုိ႔ Seawise Giant ပဲ ရွိပါေတာ့တယ္။ အရွည္ ၁၃၅၉ေပ ရွိၿပီး အနံ ၂၀၇ေပ ရွိပါတယ္။ ေရေႏြးေငြ႔အင္ဂ်င္ ၄လုံးသုံးထားၿပီး ျမင္းေကာင္ေရအား ၆၅၀၀၀ ရွိကာ တစ္နာရီ ၁၈.၆မုိင္အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ႏုိင္ပါတယ္။

တန္ခ်ိန္ ၅သိန္းခြဲထိေအာင္တင္ႏုိင္တဲ့ ဒီသေဘၤာႀကီးဟာ အရြယ္အစားႀကီးမားလြန္းတဲ့အတြက္ ပနားမား နဲ႔ စူးအက္တူးေျမာင္းေတြကုိ မ၀င္ႏုိင္တဲ့အတြက္ ေနရာအကန္႔အသတ္နဲ႔သာ အသုံးျပဳခဲ့ရပါတယ္။ ဒါေၾကာင့္ ကုမၸဏီအတြက္ အက်ဳိးအျမတ္ရသင့္သေလာက္ ရေအာင္မရွာေပးႏုိင္ခဲ့ပဲ ၆ႏွစ္သာ အသုံးျပဳခဲ့ရပါတယ္။ ၁၉၈၃ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ဒီသေဘၤာႀကီးကို Hyundai Corporation က၀ယ္ယူကာ Ulsan Master လုိ႔အမည္ေျပာင္းခဲ့ပါတယ္။ အဲဒီေနာက္ ကုိရီးယားႏုိင္ငံ Ulsan ကိုေရာက္တဲ့အခါမွာေတာ့ သေဘၤာႀကီးကုိ တစ္စစီဖ်က္စီးပစ္လုိက္ပါေတာ့တယ္။

၆။ Emma Mærsk

တည္ေဆာက္ခဲ့ဲ့အခ်ိန္က အႀကီးဆုံး ကြန္တိန္နာသေဘၤာႀကီးျဖစ္ခဲ့တဲ့(လက္ရွိမွာေတာ့ ၂၀၁၇မွာတည္ေဆာက္ခဲ့တဲ့ OOLC Hong Kong က အႀကီးဆုံးပါ) ဒီသေဘၤာႀကီးကိုေတာ့ ဒိန္းမတ္စီးပြားေရးအုပ္စုျဖစ္တဲ့ A. P. Moller-Maersk Group က ပုိင္ဆုိင္ပါတယ္။ ေပ၂၀ ကြန္တိန္နာေပါင္း အလုံး ၁၁၀၀၀ ခန္႔ (တန္ခ်ိန္ ၁၅၆၀၀၀)တင္ႏုိင္တဲ့သေဘၤာႀကီးျဖစ္ကာ ၂၀၀၆ခုႏွစ္မွာ တည္ေဆာက္ခဲ့ပါတယ္။ အရွည္အားျဖင့္ ၁၃၀၂ေပ အနံ ၁၈၄ေပ ရွိကာ အျမင့္ ၉၈ေပ ရွိပါတယ္။

ျမင္းေကာင္ေရအား ၁၀၉၀၀၀ ရွိၿပီး တစ္နာရီကုိ ၂၉မုိင္ေမာင္းႏွင္ႏုိင္ပါတယ္။ ႏုိင္ငံေပါင္းမ်ားစြာကို လွည့္လည္ကာ သယ္ယူပုိ႔ေဆာင္ေရးလုပ္လွ်က္ရွိၿပီး အဓိကအားျဖင့္ ေျမာက္ဥေရာပႏုိင္ငံမ်ားမွ အဂၤလိပ္ေရလက္ၾကား ၊ ဂ်ီဘေရာ္တာေရလက္ၾကား ႏွင့္ စူးအက္တူးေျမာင္းမ်ားကုိျဖတ္သန္းကာ တရုတ္ ႏွင့္ ေဟာင္ေကာင္ၿမဳိ႕ႀကီးမ်ားသုိ႔ ကြန္တိန္နာမ်ား သယ္ယူပုိ႔ေဆာင္လွ်က္ရွိသည္။

၅။ TI-class supertanker

TI-class supertanker ကေတာ့ သေဘၤာတစ္စီးမဟုတ္ပဲ သေဘၤာအမ်ဳိးအစားျဖစ္ပါတယ္။ ဒီအမ်ဳိးအစားသေဘၤာေလးစင္းရွိၿပီး ကြန္တိန္နာသေဘၤာေတြထဲမွာေတာ့ ဒီဇုိင္းအဆန္းဆုံးလုိ႔ ဆုိရပါမယ္။ သေဘၤာအမည္ေတြကိုေတာ့ TI Africa, TI Asia, TI Europe နဲ႔ TI Oceania လုိ႔ အမည္ျပန္ေျပာင္းေပးထားပါတယ္။ ကုိရီးယားႏုိင္ငံ ေဒ၀ူးသေဘၤာ ႏွင့္ေရေၾကာင္း ကုမၸဏီက တည္ေဆာက္ထားတာျဖစ္ပါတယ္။ ၂၀၀၂ခုႏွစ္ နဲ႔၂၀၀၃ခုႏွစ္ၾကားမွာတည္ေဆာက္ခဲ့တာျဖစ္ၿပီး သေဘၤာေတြရဲ႕ မူလနာမည္ကေတာ့ Hellespont Alhambra, Hellespont Fairfax, Hellespont ,Metropolis နဲ႔ Hellespont Tara တုိ႔ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံသေဘၤာလုပ္ငန္းစု Euronav က ၀ယ္ယူခဲ့ၿပီးေနာက္မွ နာမည္္ေတြျပန္ေျပာင္းခဲ့တာျဖစ္ပါတယ္။

အလ်ား ၁၂၄၆ေပ အနံ ၂၂၃ေပ ရွိၿပီး တစ္နာရီကုိ ၁၉မုိင္ ေမာင္းႏွင္ႏုိင္ၾကပါတယ္။ တန္ခ်ိန္ ၄သိန္းေက်ာ္တင္ေဆာင္ႏုိင္တဲ့ ဧရာမသေဘၤာႀကီးေတြျဖစ္ကာ အရြယ္အစားႀကီးမားလြန္းတဲ့အတြက္ ပနားမားတူးေျမာင္းအသစ္ နဲ႔ စူးအက္တူးေျမာင္းတုိ႔ကုိ ျဖတ္သန္းသြားလာႏုိင္ျခင္းမရွိပါဘူး။ ကံဆုိးစြာနဲ႔ပဲ ၂၀၀၉ နဲ႔ ၂၀၁၀ မွာ TI Asia နဲ႔ TI Africa တုိ႔ဟာ ေလာင္စာဆီနဲ႔ ဓာတ္ေငြ႔တင္ေဆာင္ေရးသေဘၤာ(FSO) ေတြအျဖစ္ အသြင္ေျပာင္းခံခဲ့ရပါတယ္။ TI Asia နဲ႔ TI Africa ကေန FSO Asia နဲ႔ FSO Africa ျဖစ္သြားၿပီး ကာတာေရနံတူးေဖာ္ေရးလုပ္ငန္းကုိေရာက္ရွိသြားပါတယ္။ TI Europe နဲ႔ TI Oceania တုိ႔ကေတာ့ ကြ်န္းစုႏုိင္ငံျဖစ္တဲ့ Marshall Islands မွာ ေရနံစိမ္းမ်ား သယ္ယူပုိ႔ေဆာင္ေရးလုပ္ငန္းမွာ အသုံးျပဳလွ်က္ရွိပါတယ္။

၄။ Harmony of the Seas

Harmony of the Seas ဟာ တခ်ိန္က ကမာၻ႔အႀကီးဆုံးဇိမ္ခံသေဘၤာႀကီးျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဒုတိယေနရာကိုေရာက္ရွိိသြားပါၿပီ။ ဒီသေဘၤာႀကီးကုိ Royal Caribbean ကတည္ေဆာက္ခဲ့တာျဖစ္ၿပီး အရွည္ ၁၁၈၈ေပ ၊ အက်ယ္ ၂၁၅.၅ေပ ၊ အျမင့္ ၂၁၀ေပ ရွိကာ ၂၀၁၃ ခုႏွစ္တြင္ စိန္႔နာဇိုင္ရီၿမိဳ႕ရွိ ျပင္သစ္သေဘၤာက်င္း STX မွာ စတင္တည္ေဆာက္ခဲ့ပါတယ္။ Harmony သေဘၤာဟာ တိုက္တန္းနစ္သေဘၤာႀကီးထက္ ေပ ၃၃၀ နီးပါး ပိုမိုရွည္လ်ားပါတယ္။ ၂၀၁၅ မွာေတာ့ ေအာင္ျမင္စြာတည္ေဆာက္ႏုိင္ခဲ့ၿပီး ကုန္က်စရိတ္အေမရိကန္ေဒၚလာ ၁.၃၅ဘီလ်ံ ကုန္က်ခဲ့ပါတယ္။ အေလးခ်ိန္အားျဖင့္ေတာ့ တန္ခ်ိန္ေပါင္း ၂၂၆၉၆၃ ရွိၿပီး အျမန္ႏႈန္းကေတာ့ ၁နာရီကုိ ၂၉မုိင္ သြားႏုိင္ပါတယ္။

သေဘၤာႀကီးေပၚမွာ အပင္ငယ္ ၁၀၀၀၀ ေက်ာ္နဲ႔ အပင္ႀကီး ၅၇ ပင္ စုိက္ပ်ဳိးထားတဲ့ဥယ်ာဥ္ပါ၀င္ပါတယ္။ အထပ္ေပါင္း ၁၈ထပ္ ရွိၿပီး စားေသာက္ဆုိင္ ၁၆ ဆုိင္ ၊ ေကာ္ဖီဆုိင္နဲ႔ ေစ်း၀ယ္စင္တာမ်ား ၊ အားကစားခန္းမမ်ား ၊ ရုပ္ရွင္ရုံမ်ားလည္း ပါ၀င္ပါသတဲ့။ ဒါ့အျပင္ သေဘၤာႀကီးထဲမွာ လႈိင္းစီးႏိုင္ရန္ လႈိင္းအတုမ်ား ဖန္တီးေပးသည့္ ေနရာႏွစ္ခု၊ ေက်ာက္ေတာင္တက္ရန္ နံရံတစ္ခုႏွင့္ ေရခဲစကိတ္ကြင္း အစရွိသည္တို႔လည္းပါ၀င္ပါေသးတယ္။ ခရီးသည္ေပါင္း ၅၄၇၉ဦး နဲ႔ သေဘၤာ၀န္ထမ္း ၂၃၀၀ဦးလုိက္ပါ စီးနင္းႏုိင္ပါတယ္။ အတန္းအစားအမ်ဳိးမ်ဳိးရွိတဲ့ အခန္းေပါင္း ၂၇၄၇ခန္း ပါ၀င္ပါတယ္။ ကာစီႏုိရုံ ၊ အႏုပညာခန္းမ ၊ ေရသတၱ၀ါျပတုိက္ ၊ ဘတ္စကတ္ေဘာကြင္း ၊ ေဂါက္ကြင္းအေသးစားတစ္ခု စသည္ျဖင့္ စီးနင္းသူေတြအတြက္ အပန္းေျဖစရာေနရာမ်ားစြာလည္း တစ္ပါတည္းပါရွိပါတယ္။

၃။ Symphony of the Seas

Harmony of the Seas သေဘၤာရဲ႕ ပထမအႀကီးဆုံးဇိမ္ခံသေဘၤာေနရာကုိ ၀င္ယူခဲ့တဲ့သေဘၤာႀကီးျဖစ္ပါတယ္။ Royal Caribbean ကပဲ ပိုင္ဆုိင္တာပါ။ ဒီသေဘၤာႀကီးရဲ႕အရြယ္အစားကလည္း အရွည္ ၁၁၈၈ေပ ၊ အက်ယ္ ၂၁၅.၅ေပ ျဖစ္တဲ့အတြက္ Harmony of the Seas နဲ႔အတူတူပါပဲ။ ဒါေပမယ့္ ကြာသြားတဲ့အခ်က္ကေတာ့ အခုသေဘၤာႀကီးက Harmony ထက္တန္ခ်ိန္ ၁၀၀၀ခန္႔ ပုိမ်ားတာျဖစ္ပါတယ္။ ဒီသေဘၤာႀကီးရဲ႕တန္ခ်ိန္က ၂၂၈၀၈၁ ျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္ ဇြန္လမွာ ပထမဆုံးအႀကိမ္ေရခ်ႏုိင္ခဲ့တဲ့ ဒီသေဘၤာႀကီးဟာ ၂၀၁၈ခုႏွစ္ မတ္လကုန္မွ လုပ္ငန္းခြင္ကုိ စတင္၀င္ေရာက္ခဲ့ပါတယ္။

ဧရာမဇိမ္ခံသေဘၤာႀကီးျဖစ္တာနဲ႔ အညီပါ၀င္တဲ့ ဒီဇုိင္းကေတာ့ Harmony နဲ႔ကြာျခားမႈသိပ္မရွိလွပါဘူး။ အထပ္ေပါင္း ၁၈ထပ္ ပါ၀င္ကာ ခရီးသည္ ၅၅၁၈ဦးကေန အမ်ားဆုံး ၆၆၈၀ဦးအထိတင္ေဆာင္ႏုိင္ပါတယ္။ သေဘၤာ၀န္ထမ္းကေတာ့ ၂၂၀၀ ရွိပါတယ္။ အပင္ေပါင္း ၂ေသာင္းေက်ာ္စုိက္ပ်ဳိးထားၿပီး ကေလးမ်ားအတြက္ေရကစားပန္းၿခံ ၊ ေရခဲစကိတ္ကြင္း ၊ ဘတ္စ္ကတ္ေဘာကြင္း ၊ ၄၃ေပ ျမင့္တဲ့ တြယ္တက္နံရံေတြပါ၀င္ၿပီး က်န္တာေတြကေတာ့ Harmony အတုိင္းျဖစ္ပါတယ္။

၂။ Seawise Giant

တခ်ိန္က ကမာၻေပၚမွာ အႀကီးဆုံးျဖစ္ခဲ့တဲ့ သေဘၤာႀကီးကေတာ့ Seawise Giant ျဖစ္ပါတယ္။ ေနာက္ appy Giant, Jahre Viking, Knock Nevis, Oppama စတဲ့နာမည္ေတြနဲ႔ ေနာက္ဆုံးမွာေတာ့ Mont ဆုိၿပီး ေျပာင္းလဲေခၚေ၀ၚခဲ့ၾကပါတယ္။ Oil tanker အမ်ဳိးအစားျဖစ္ပါတယ္။ အရွည္ေပ ၁၅၀၄ ေပ ရွိၿပီး အနံ ၂၂၆ ေပ ရွိပါတယ္။ အျမန္ႏႈန္းကေတာ့ ၁နာရီကုိ ၃၀ ကီလုိမီတာျဖစ္ပါတယ္။ ဂ်ပန္က Sumitomo Heavy Industries.Ltd က ၁၉၇၉ခုႏွစ္မွာ တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ကုန္းပတ္ေပၚမွာ ေဘာလုံးေလးကြင္းစာေဆာက္လုိ႔ ရတဲ့အထိ ႀကီးမားပါတယ္။

၁၉၈၀- ၈၈ ခုႏွစ္က အီရန္-အီရတ္ စစ္ပြဲအတြင္းမွာ ေလေၾကာင္းတုိက္ခုိက္မႈခံရၿပီးတဲ့ေနာက္ Hormuz ေရလက္ၾကားမွာ နစ္ျမဳပ္ခဲ့ရပါတယ္။ အဲဒီေနာက္ေတာ့ Norman International ကုမၸဏီက ျပန္လည္ဆယ္ယူကာ ျပင္ဆင္ခဲ့ပါတယ္။ စင္ကာပူ Keppel မွာျပန္လည္ျပင္ဆင္ၿပီးတဲ့ေနာက္ Happy Gaint လုိ႔ေျပာင္းလဲေခၚေ၀ၚခဲ့ပါတယ္။ ေနာ္ေ၀သူေဌးႀကီး Jørgen Jahre က အေမရိကန္ေဒၚလာ ၃၉သန္းနဲ႔ ျပန္လည္၀ယ္ယူၿပီးတဲ့ေနာက္ Jahre Viking လုိ႔နာမည္ေျပာင္းကာ ၁၉၉၁ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အထိ အသုံးျပဳခဲ့ပါတယ္။

သေဘၤာႀကီးရဲ႕ေက်ာက္ဆူး

၂၀၀၄ ခုႏွစ္မွာေတာ့ First Olsen Tankers Pte. Ltd က ျပန္လည္၀ယ္ယူၿပီး Knock Nevis လုိ႔နာမည္ေျပာင္းလုိက္ျပန္ပါတယ္။ ကာတာက Al Shaheen oil field မွာအသုံးျပဳခဲ့ပါတယ္။ Amber Development Corporation က ျပန္လည္၀ယ္ယူၿပီး Moth လုိ႔နာမည္ေျပာင္းခဲ့ျပန္ပါတယ္။ သူမရဲ႕ေနာက္ဆုံးခရီး အိႏၵိယသို႔အသြား(၂၀၁၀ခုႏွစ္) မွာ တစ္စစီဖ်က္ပစ္လုိက္ၿပီးတဲ့ေနာက္ သေဘၤာႀကီးရဲ႕ ဘ၀နိဂုံးခ်ဳပ္သြားရပါေတာ့တယ္။ (သက္တမ္းၾကာလြန္းတာေၾကာင့္ ျပဳျပင္ထိမ္းသိမ္းစရိတ္ျမင့္မားလာလုိ႔ပါ။ ဖ်က္တယ္ဆုိတာကလည္း ဒီသေဘၤာရဲ႕ ဖ်က္လုိက္တဲ့အပိုင္းေတြထဲက သုံးလုိ႔ရတဲ့အစိတ္အပုိင္းေတြကုိ အျခားသေဘၤာေတြမွာ ျပန္သုံးတဲ့သေဘာပါ )။ သူမရဲ႕ ၃၆တန္ အေလးခ်ိန္ရွိတဲ့ ေက်ာက္ဆူးကိုေတာ့ ေဟာင္ေကာင္ေရေၾကာင္းျပတုိက္မွာျပသထားလွ်က္ရွိပါတယ္။

၁။ Prelude FLNG

ကမာၻေပၚမွာ တည္ေဆာက္ခဲ့သမွ်သေဘၤာေတြထဲမွာ အႀကီးမားဆုံးသေဘၤာျဖစ္ပါတယ္။ အရွည္ ၁၆၀၁ေပ အနံ ၂၄၃ေပ အျမင့္ ၃၄၄ေပ ရွိတဲ့ ဧရာမသေဘၤာႀကီးျဖစ္ပါတယ္။ ရွဲလ္ေရနံကုမၼဏီအတြက္ ကုိရီးယားမွ Samsung Heavy Industries နဲ႔ Technip တုိ႔က တည္ေဆာက္ေပးခဲ့တာျဖစ္ပါတယ္။ ဒီသေဘၤာႀကီးကုိ ကမ္းလြန္ ေရနံ ၊ သဘာ၀ဓာတ္ေငြ႔ တူးေဖာ္ေရး နဲ႔ သန္႔စင္ျခင္းလုပ္ငန္းအတြက္ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ သံမဏိတန္ခ်ိန္ ၂သိန္း၆ေသာင္းခန္႔သုံးကာတည္ေဆာက္ထားၿပီး ကုန္က်စရိတ္အေနနဲ႔လည္း အေမရိကန္ေဒၚလာ ၁၀ဘီလ်ံခန္႔ ကုန္က်ခဲ့တဲ့သေဘၤာႀကီးျဖစ္ပါတယ္။ ေနာက္ဆုံးေပၚ နည္းပညာမ်ားနဲ႔ တည္ေဆာက္ထားတဲ့ ဒီသေဘၤာႀကီးဟာ တန္ခ်ိန္ ၆သိန္းခန္႔အထိတင္ေဆာင္ႏုိင္ၿပီး ဆုိင္ကလုန္းမုန္တုိင္း အျပင္းထန္ဆုံးအဆင့္ကုိလည္း ခံႏုိင္ရည္ရွိတဲ့သေဘၤာႀကီးျဖစ္ပါတယ္။

ဘယ္ေလာက္ေတာင္ႀကီးမားသလဲဆုိရင္ ေဘာလုံးကြင္း ၄ကြင္းစုေပါင္းထားတာထက္ပုိႀကီးၿပီး သေဘၤာဆုိတာထက္ ေရေပၚစက္ရုံလုိ႔ေခၚရင္ ပိုမွန္မွာပါ။ အနီးဆုံးကုန္းေျမကေန ၁၂၅မုိင္အကြာအေ၀းရွိ ပင္လယ္ျပင္အထိ အလုပ္လုပ္ႏုိင္ၿပီး သက္တမ္းအေနနဲ႔ ႏွစ္ေပါင္း၂၅ႏွစ္ အထိအသုံးျပဳႏုိင္ရန္ ဒီဇုိင္းဆြဲထားတယ္လုိ႔သိရပါတယ္။ ၀န္ထမ္းေပါင္း ၂၄၀ခန္႔ အသုံးျပဳရတဲ့ ဒီသေဘၤာႀကီးကို ၂၀၁၃ခုႏွစ္မွာ ပထမဆုံးအႀကိမ္ေရခ်ခဲ့ၿပီးေနာက္ ႏွစ္စဥ္ေရနံ နဲ႔ သဘ၀ဓာတ္ေငြ႔ တန္ခ်ိန္ေပါင္း ၃သန္းေက်ာ္ ကေန ၅သန္းေက်ာ္အထိ တူးေဖာ္ထုတ္လုပ္ေပးလွ်က္ရွိတယ္လုိ႔ သိရပါတယ္။

သုတဇုန္


ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး ၇စီး အကြောင်း (unicode)

၇။ Pierre Guillaumat

Pierre Guillaumat ကတော့ လောင်စာဆီ တင်အမျိုးအစား(Oil Tanker) သင်္ဘောကြီးတစ်စင်းဖြစ်ပါတယ်။ Batillus ရဲ့နောက်ဆက်တွဲမော်ဒယ်ဖြစ်ပြီး ပြင်သစ်သင်္ဘောကုမ္ပဏီ Chantiers de l’Atlantique က ၁၉၇၇ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ Pierre Guillaumat ဆိုတာကတော့ျ ပင်သစ်ရေနံစက်ရုံလုပ်ငန်းရဲ့တည်ထောင်သူရဲ့အမည်ကိုပေးထားခြင်းဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးသင်္ဘောကြီးတစ်စင်းဖြစ်ပြီး သူ့ထက်ကြီးတာဆိုလို့ Seawise Giant ပဲ ရှိပါတော့တယ်။ အရှည် ၁၃၅၉ပေ ရှိပြီး အနံ ၂၀၇ပေ ရှိပါတယ်။ ရေနွေးငွေ့အင်ဂျင် ၄လုံးသုံးထားပြီး မြင်းကောင်ရေအား ၆၅၀၀၀ ရှိကာ တစ်နာရီ ၁၈.၆မိုင်အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ တန်ချိန် ၅သိန်းခွဲထိအောင်တင်နိုင်တဲ့ ဒီသင်္ဘောကြီးဟာ အရွယ်အစားကြီးမားလွန်းတဲ့အတွက် ပနားမား နဲ့ စူးအက်တူးမြောင်းတွေကို မဝင်နိုင်တဲ့အတွက် နေရာအကန့်အသတ်နဲ့သာ အသုံးပြုခဲ့ရပါတယ်။ ဒါကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ်ရသင့်သလောက် ရအောင်မရှာပေးနိုင်ခဲ့ပဲ ၆နှစ်သာ အသုံးပြုခဲ့ရပါတယ်။ ၁၉၈၃ခုနှစ်နောက်ပိုင်းမှာတော့ ဒီသင်္ဘောကြီးကို Hyundai Corporation ကဝယ်ယူကာ Ulsan Master လို့အမည်ပြောင်းခဲ့ပါတယ်။ အဲဒီနောက် ကိုရီးယားနိုင်ငံ Ulsan ကိုရောက်တဲ့အခါမှာတော့ သင်္ဘောကြီးကို တစ်စစီဖျက်စီးပစ်လိုက်ပါတော့တယ်။

၆။ Emma Mærsk
တည်ဆောက်ခဲ့အချိန်က အကြီးဆုံး ကွန်တိန်နာသင်္ဘောကြီးဖြစ်ခဲ့တဲ့(လက်ရှိမှာတော့ ၂၀၁၇မှာတည်ဆောက်ခဲ့တဲ့ OOLC Hong Kong က အကြီးဆုံးပါ) ဒီသင်္ဘောကြီးကိုတော့ ဒိန်းမတ်စီးပွားရေးအုပ်စုဖြစ်တဲ့ A. P. Moller-Maersk Group က ပိုင်ဆိုင်ပါတယ်။ ပေ၂၀ ကွန်တိန်နာပေါင်း အလုံး ၁၁၀၀၀ ခန့် (တန်ချိန် ၁၅၆၀၀၀)တင်နိုင်တဲ့သင်္ဘောကြီးဖြစ်ကာ ၂၀၀၆ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ အရှည်အားဖြင့် ၁၃၀၂ပေ အနံ ၁၈၄ပေ ရှိကာ အမြင့် ၉၈ပေ ရှိပါတယ်။ မြင်းကောင်ရေအား ၁၀၉၀၀၀ ရှိပြီး တစ်နာရီကို ၂၉မိုင်မောင်းနှင်နိုင်ပါတယ်။ နိုင်ငံပေါင်းများစွာကို လှည့်လည်ကာ သယ်ယူပို့ဆောင်ရေးလုပ်လျှက်ရှိပြီး အဓိကအားဖြင့် မြောက်ဥရောပနိုင်ငံများမှ အင်္ဂလိပ်ရေလက်ကြား ၊ ဂျီဘရော်တာရေလက်ကြား နှင့် စူးအက်တူးမြောင်းများကိုဖြတ်သန်းကာ တရုတ် နှင့် ဟောင်ကောင်မြို့ကြီးများသို့ ကွန်တိန်နာများ သယ်ယူပို့ဆောင်လျှက်ရှိသည်။

၅။ TI-class supertanker
TI-class supertanker ကတော့ သင်္ဘောတစ်စီးမဟုတ်ပဲ သင်္ဘောအမျိုးအစားဖြစ်ပါတယ်။ ဒီအမျိုးအစားသင်္ဘောလေးစင်းရှိပြီး ကွန်တိန်နာသင်္ဘောတွေထဲမှာတော့ ဒီဇိုင်းအဆန်းဆုံးလို့ ဆိုရပါမယ်။ သင်္ဘောအမည်တွေကိုတော့ TI Africa, TI Asia, TI Europe နဲ့ TI Oceania လို့ အမည်ပြန်ပြောင်းပေးထားပါတယ်။ ကိုရီးယားနိုင်ငံ ဒေဝူးသင်္ဘော နှင့်ရေကြောင်း ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပါတယ်။ ၂၀၀၂ခုနှစ် နဲ့၂၀၀၃ခုနှစ်ကြားမှာတည်ဆောက်ခဲ့တာဖြစ်ပြီး သင်္ဘောတွေရဲ့ မူလနာမည်ကတော့ Hellespont Alhambra, Hellespont Fairfax, Hellespont ,Metropolis နဲ့ Hellespont Tara တို့ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသင်္ဘောလုပ်ငန်းစု Euronav က ဝယ်ယူခဲ့ပြီးနောက်မှ နာမည်တွေပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။ အလျား ၁၂၄၆ပေ အနံ ၂၂၃ပေ ရှိပြီး တစ်နာရီကို ၁၉မိုင် မောင်းနှင်နိုင်ကြပါတယ်။ တန်ချိန် ၄သိန်းကျော်တင်ဆောင်နိုင်တဲ့ ဧရာမသင်္ဘောကြီးတွေဖြစ်ကာ အရွယ်အစားကြီးမားလွန်းတဲ့အတွက် ပနားမားတူးမြောင်းအသစ် နဲ့ စူးအက်တူးမြောင်းတို့ကို ဖြတ်သန်းသွားလာနိုင်ခြင်းမရှိပါဘူး။ ကံဆိုးစွာနဲ့ပဲ ၂၀၀၉ နဲ့ ၂၀၁၀ မှာ TI Asia နဲ့ TI Africa တို့ဟာ လောင်စာဆီနဲ့ ဓာတ်ငွေ့တင်ဆောင်ရေးသင်္ဘော(FSO) တွေအဖြစ် အသွင်ပြောင်းခံခဲ့ရပါတယ်။ TI Asia နဲ့ TI Africa ကနေ FSO Asia နဲ့ FSO Africa ဖြစ်သွားပြီး ကာတာရေနံတူးဖော်ရေးလုပ်ငန်းကိုရောက်ရှိသွားပါတယ်။ TI Europe နဲ့ TI Oceania တို့ကတော့ ကျွန်းစုနိုင်ငံဖြစ်တဲ့ Marshall Islands မှာ ရေနံစိမ်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ အသုံးပြုလျှက်ရှိပါတယ်။

၄။ Harmony of the Seas
Harmony of the Seas ဟာ တချိန်က ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီးဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒုတိယနေရာကိုရောက်ရှိသွားပါပြီ။ ဒီသင်္ဘောကြီးကို Royal Caribbean ကတည်ဆောက်ခဲ့တာဖြစ်ပြီး အရှည် ၁၁၈၈ပေ ၊ အကျယ် ၂၁၅.၅ပေ ၊ အမြင့် ၂၁၀ပေ ရှိကာ ၂၀၁၃ ခုနှစ်တွင် စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ Harmony သင်္ဘောဟာ တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားပါတယ်။ ၂၀၁၅ မှာတော့ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၁.၃၅ဘီလျံ ကုန်ကျခဲ့ပါတယ်။ အလေးချိန်အားဖြင့်တော့ တန်ချိန်ပေါင်း ၂၂၆၉၆၃ ရှိပြီး အမြန်နှုန်းကတော့ ၁နာရီကို ၂၉မိုင် သွားနိုင်ပါတယ်။ သင်္ဘောကြီးပေါ်မှာ အပင်ငယ် ၁၀၀၀၀ ကျော်နဲ့ အပင်ကြီး ၅၇ ပင် စိုက်ပျိုးထားတဲ့ဥယျာဉ်ပါဝင်ပါတယ်။ အထပ်ပေါင်း ၁၈ထပ် ရှိပြီး စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင်နဲ့ ဈေးဝယ်စင်တာများ ၊ အားကစားခန်းမများ ၊ ရုပ်ရှင်ရုံများလည်း ပါဝင်ပါသတဲ့။ ဒါ့အပြင် သင်္ဘောကြီးထဲမှာ လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါဝင်ပါသေးတယ်။ ခရီးသည်ပေါင်း ၅၄၇၉ဦး နဲ့ သင်္ဘောဝန်ထမ်း ၂၃၀၀ဦးလိုက်ပါ စီးနင်းနိုင်ပါတယ်။ အတန်းအစားအမျိုးမျိုးရှိတဲ့ အခန်းပေါင်း ၂၇၄၇ခန်း ပါဝင်ပါတယ်။ ကာစီနိုရုံ ၊ အနုပညာခန်းမ ၊ ရေသတ္တဝါပြတိုက် ၊ ဘတ်စကတ်ဘောကွင်း ၊ ဂေါက်ကွင်းအသေးစားတစ်ခု စသည်ဖြင့် စီးနင်းသူတွေအတွက် အပန်းဖြေစရာနေရာများစွာလည်း တစ်ပါတည်းပါရှိပါတယ်။

၃။ Symphony of the Seas

Harmony of the Seas သင်္ဘောရဲ့ ပထမအကြီးဆုံးဇိမ်ခံသင်္ဘောနေရာကို ဝင်ယူခဲ့တဲ့သင်္ဘောကြီးဖြစ်ပါတယ်။ Royal Caribbean ကပဲ ပိုင်ဆိုင်တာပါ။ ဒီသင်္ဘောကြီးရဲ့အရွယ်အစားကလည်း အရှည် ၁၁၈၈ပေ ၊ အကျယ် ၂၁၅.၅ပေ ဖြစ်တဲ့အတွက် Harmony of the Seas နဲ့အတူတူပါပဲ။ ဒါပေမယ့် ကွာသွားတဲ့အချက်ကတော့ အခုသင်္ဘောကြီးက Harmony ထက်တန်ချိန် ၁၀၀ဝခန့် ပိုများတာဖြစ်ပါတယ်။ ဒီသင်္ဘောကြီးရဲ့တန်ချိန်က ၂၂၈၀၈၁ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ဇွန်လမှာ ပထမဆုံးအကြိမ်ရေချနိုင်ခဲ့တဲ့ ဒီသင်္ဘောကြီးဟာ ၂၀၁၈ခုနှစ် မတ်လကုန်မှ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ဧရာမဇိမ်ခံသင်္ဘောကြီးဖြစ်တာနဲ့ အညီပါဝင်တဲ့ ဒီဇိုင်းကတော့ Harmony နဲ့ကွာခြားမှုသိပ်မရှိလှပါဘူး။ အထပ်ပေါင်း ၁၈ထပ် ပါဝင်ကာ ခရီးသည် ၅၅၁၈ဦးကနေ အများဆုံး ၆၆၈၀ဦးအထိတင်ဆောင်နိုင်ပါတယ်။ သင်္ဘောဝန်ထမ်းကတော့ ၂၂၀၀ ရှိပါတယ်။ အပင်ပေါင်း ၂သောင်းကျော်စိုက်ပျိုးထားပြီး ကလေးများအတွက်ရေကစားပန်းခြံ ၊ ရေခဲစကိတ်ကွင်း ၊ ဘတ်စ်ကတ်ဘောကွင်း ၊ ၄၃ပေ မြင့်တဲ့ တွယ်တက်နံရံတွေပါဝင်ပြီး ကျန်တာတွေကတော့ Harmony အတိုင်းဖြစ်ပါတယ်။

၂။ Seawise Giant

တချိန်က ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ခဲ့တဲ့ သင်္ဘောကြီးကတော့ Seawise Giant ဖြစ်ပါတယ်။ နောက် appy Giant, Jahre Viking, Knock Nevis, Oppama စတဲ့နာမည်တွေနဲ့ နောက်ဆုံးမှာတော့ Mont ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ Oil tanker အမျိုးအစားဖြစ်ပါတယ်။ အရှည်ပေ ၁၅၀၄ ပေ ရှိပြီး အနံ ၂၂၆ ပေ ရှိပါတယ်။ အမြန်နှုန်းကတော့ ၁နာရီကို ၃၀ ကီလိုမီတာဖြစ်ပါတယ်။ ဂျပန်က Sumitomo Heavy Industries.Ltd က ၁၉၇၉ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကုန်းပတ်ပေါ်မှာ ဘောလုံးလေးကွင်းစာဆောက်လို့ ရတဲ့အထိ ကြီးမားပါတယ်။

၁၉၈၀- ၈၈ ခုနှစ်က အီရန်-အီရတ် စစ်ပွဲအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုခံရပြီးတဲ့နောက် Hormuz ရေလက်ကြားမှာ နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီနောက်တော့ Norman International ကုမ္ပဏီက ပြန်လည်ဆယ်ယူကာ ပြင်ဆင်ခဲ့ပါတယ်။ စင်ကာပူ Keppel မှာပြန်လည်ပြင်ဆင်ပြီးတဲ့နောက် Happy Gaint လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ နော်ဝေသူဌေးကြီး Jørgen Jahre က အမေရိကန်ဒေါ်လာ ၃၉သန်းနဲ့ ပြန်လည်ဝယ်ယူပြီးတဲ့နောက် Jahre Viking လို့နာမည်ပြောင်းကာ ၁၉၉၁ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ အသုံးပြုခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ First Olsen Tankers Pte. Ltd က ပြန်လည်ဝယ်ယူပြီး Knock Nevis လို့နာမည်ပြောင်းလိုက်ပြန်ပါတယ်။ ကာတာက Al Shaheen oil field မှာအသုံးပြုခဲ့ပါတယ်။ Amber Development Corporation က ပြန်လည်ဝယ်ယူပြီး Moth လို့နာမည်ပြောင်းခဲ့ပြန်ပါတယ်။ သူမရဲ့နောက်ဆုံးခရီး အိန္ဒိယသို့အသွား(၂၀၁ဝခုနှစ်) မှာ တစ်စစီဖျက်ပစ်လိုက်ပြီးတဲ့နောက် သင်္ဘောကြီးရဲ့ ဘဝနိဂုံးချုပ်သွားရပါတော့တယ်။ (သက်တမ်းကြာလွန်းတာကြောင့် ပြုပြင်ထိမ်းသိမ်းစရိတ်မြင့်မားလာလို့ပါ။ ဖျက်တယ်ဆိုတာကလည်း ဒီသင်္ဘောရဲ့ ဖျက်လိုက်တဲ့အပိုင်းတွေထဲက သုံးလို့ရတဲ့အစိတ်အပိုင်းတွေကို အခြားသင်္ဘောတွေမှာ ပြန်သုံးတဲ့သဘောပါ )။ သူမရဲ့ ၃၆တန် အလေးချိန်ရှိတဲ့ ကျောက်ဆူးကိုတော့ ဟောင်ကောင်ရေကြောင်းပြတိုက်မှာပြသထားလျှက်ရှိပါတယ်။

၁။ Prelude FLNG

ကမ္ဘာပေါ်မှာ တည်ဆောက်ခဲ့သမျှသင်္ဘောတွေထဲမှာ အကြီးမားဆုံးသင်္ဘောဖြစ်ပါတယ်။ အရှည် ၁၆၀၁ပေ အနံ ၂၄၃ပေ အမြင့် ၃၄၄ပေ ရှိတဲ့ ဧရာမသင်္ဘောကြီးဖြစ်ပါတယ်။ ရှဲလ်ရေနံကုမ္မဏီအတွက် ကိုရီးယားမှ Samsung Heavy Industries နဲ့ Technip တို့က တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသင်္ဘောကြီးကို ကမ်းလွန် ရေနံ ၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေး နဲ့ သန့်စင်ခြင်းလုပ်ငန်းအတွက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သံမဏိတန်ချိန် ၂သိန်း၆သောင်းခန့်သုံးကာတည်ဆောက်ထားပြီး ကုန်ကျစရိတ်အနေနဲ့လည်း အမေရိကန်ဒေါ်လာ ၁ဝဘီလျံခန့် ကုန်ကျခဲ့တဲ့သင်္ဘောကြီးဖြစ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာများနဲ့ တည်ဆောက်ထားတဲ့ ဒီသင်္ဘောကြီးဟာ တန်ချိန် ၆သိန်းခန့်အထိတင်ဆောင်နိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်း အပြင်းထန်ဆုံးအဆင့်ကိုလည်း ခံနိုင်ရည်ရှိတဲ့သင်္ဘောကြီးဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးမားသလဲဆိုရင် ဘောလုံးကွင်း ၄ကွင်းစုပေါင်းထားတာထက်ပိုကြီးပြီး သင်္ဘောဆိုတာထက် ရေပေါ်စက်ရုံလို့ခေါ်ရင် ပိုမှန်မှာပါ။ အနီးဆုံးကုန်းမြေကနေ ၁၂၅မိုင်အကွာအဝေးရှိ ပင်လယ်ပြင်အထိ အလုပ်လုပ်နိုင်ပြီး သက်တမ်းအနေနဲ့ နှစ်ပေါင်း၂၅နှစ် အထိအသုံးပြုနိုင်ရန် ဒီဇိုင်းဆွဲထားတယ်လို့သိရပါတယ်။ ဝန်ထမ်းပေါင်း ၂၄ဝခန့် အသုံးပြုရတဲ့ ဒီသင်္ဘောကြီးကို ၂၀၁၃ခုနှစ်မှာ ပထမဆုံးအကြိမ်ရေချခဲ့ပြီးနောက် နှစ်စဉ်ရေနံ နဲ့ သဘဝဓာတ်ငွေ့ တန်ချိန်ပေါင်း ၃သန်းကျော် ကနေ ၅သန်းကျော်အထိ တူးဖော်ထုတ်လုပ်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply