လုပ္ငန္းခြင္မွာ ေ၀ဖန္မႈေတြႀကဳံတဲ့အခါ ဒီလုိရင္ဆုိင္လုိက္ပါ

Posted on

ေရးသားသူ – ေနသစ္ (Myanmar Network)

အလုပ္မွာ ကိုယ္တာ၀န္ယူရတ့ဲ လုပ္ငန္းတစ္ခုျပီးသြားတ့ဲအခ်ိန္မွာ ကိုယ့္ဘာသာကိုယ္ေတာ့ အေကာင္းဆုံးလို႕ယူဆထားလိုက္ျပီ။ ဒါေပမ့ဲ အ့ဲဒါကို ေဘာ့စ္ကိုတင္ျပခ်ိန္မွာ ကိုယ္တိုးတက္ဖို႕၊ ပိုေကာင္းေအာင္လုပ္ဖို႕လိုတယ္လို႕ ယူဆထားတ့ဲအရာေတြ၊ လိုအပ္ခ်က္ေတြကို ေဘာ့စ္က ကိုယ့္ကိုျပန္ေျပာဖို႕ စာရင္းလုပ္ျပီးေနျပီ။ အ့ဲဒီလို လိုအပ္ခ်က္ေတြကို ေထာက္ျပခံရလို႕ စိတ္ဓာတ္မက်လို္က္ပါနဲ႕။ အျပဳသေဘာေ၀ဖန္မွဳဆိုတာ ဘယ္အလုပ္မွာမဆို အေရးပါပါတယ္။ ဒီေတာ့ ေ၀ဖန္မွဳေတြကို ဘယ္လိုလက္ခံျပီး ကိုယ့္အလုပ္ကို အေကာင္းဆုံးဘယ္လိုလုပ္မယ္ဆိုတာ ေလ့လာၾကည့္ရေအာင္။

၁။ ကိုယ္ဟာ အဖက္ဖက္ကျပည့္စုံေကာင္းမြန္သူ မဟုတ္ဘူးဆိုတာ လက္ခံထားပါ။

အလုပ္စလုပ္တ့ဲအခ်ိန္မွာ ငါေတာ့ ဘာမွမွားမွာမဟုတ္ဘူးလို႕ ေတြးထားရင္ ကိုယ့္ကိုယ္ကို အရူးလုပ္ေနတာပါပဲ။ သင္အမွားေတြ လုပ္မိလိမ့္မယ္။ ဒါက ျပႆနာမဟုတ္ပါဘူး။ အေရးၾကီးတာက အ့ဲဒီအမွားေတြကေန သင္ခန္းစာယူျပီး အမွန္ကိုလုပ္ဖို႕ပါ။

၂။ ကိုယ့္အလုပ္ကို ႏွစ္ခါျပန္ စစ္ေဆးပါ။

အလုပ္ျပီးသြားလို႕ ၾကီးၾကပ္သူကို မတင္ျပခင္မွာ ကိုယ့္အလုပ္ကို အမွားအယြင္းမရွိေအာင္ ဂရုတစိုက္ေသခ်ာ ျပန္စစ္ပါ။ ဒီလိုျပန္စစ္တာက စိတ္ပ်က္စရာေကာင္းတ့ဲ အမွားေတြကို ဖယ္ထုတ္လိုက္ႏိုင္သလို အေသးအဖြဲအမွားေတြအတြက္ သင့္္ေဘာ့စ္က သင့္ကို အေႏွာင့္အယွက္ေပးေတာ့မွာ မဟုတ္ပါဘူး။

၃။ ကိုယ္ေရးကိုယ္တာအရ မခံစားပါနဲ႕။

ကို႕ယ္လုပ္ေဖာ္ကိုင္ဖက္က ကိုယ့္ကိုေ၀ဖန္ေထာက္ျပလာခ်ိန္မွာ “ဟာ ဒီလူကေတာ့ ငါ့ကိုၾကည့္မရလို႕” ဒါမွမဟုတ္ “ငါ့ကိုဒီအလုပ္နဲ႕မတန္ဘူးလို႕ ဒီလူထင္ေနတာပဲ” စတ့ဲအေတြးမ်ိဳးေတြမေတြးပါနဲ႕။ သူ သင့္ကို ေ၀ဖန္ေထာက္ျပတာဟာ သင္ ဒီအလုပ္မွာ တကယ္အားစိုက္ထုတ္ခ့ဲသလား၊ သင္တတ္ႏိုင္သေလာက္ အေကာင္းဆုံးလုပ္ခ့ဲရဲ႕လားဆိုတာ သူေသခ်ာသိဖို႕ ၾကိဳးစားေနတာပါ။

၄။ ဂရုတစုိက္နားေထာင္ပါ။

ကုိယ္က အေရးပါတ့ဲ အျပဳသေဘာမွတ္ခ်က္ေတြကို လ်စ္လ်ဴရွဳလိုက္ရင္ ေနာက္ထပ္အလားတူအမွားေတြ ထပ္မွားဖို႕အစပ်ိဳးလိုက္တာနဲ႕ အတူတူပါပဲ။ ဒါ့ေၾကာင့္မို႕ အမွားေတြကို မွတ္စုေရးပါ။ ျပီးရင္ ဒီအမွားကို ငါဘယ္လုိျပင္မလဲဆိုတာ ကိုယ့္ဘာသာေတြးေတာ သတိေပးေနပါ။

၅။ ကိုယ္ရလိုက္တ့ဲ ေ၀ဖန္မွဳကေန ငါ ဘာသင္ယူႏိုင္မလဲ ဆိုျပီး ကိုယ့္ကိုုယ္ကို ျပန္ေမးပါ။

အေ၀ဖန္ခံရလို႕ မခံခ်င္စိတ္ေတြၾကီးထြားလာရင္၊ ေဒါသေတြအလိပ္လိုက္ထြက္လာရင္ ငါ ဒီကေန ဘာသင္ယူႏိုင္မလဲဆိုျပီး ျပန္ေမးပါ။

၆။ ကိုယ့္ကိုေ၀ဖန္တာေတြရဲ႕ တစ္စိတ္တစ္ပိုင္းကို သေဘာတူလက္ခံလိုက္ပါ။

ေ၀ဖန္ခံရလိုက္တ့ဲအခ်ိန္မွာ လူအမ်ားစုက အမွန္တကယ္မျဖစ္ႏိုင္တ့ဲ ေ၀ဖန္ခ်က္နဲ႕ မေကာင္းျမင္တုံ႕ျပန္မွဳေတြကိုပဲ အာရုံစိုက္မိတတ္ျပီး က်န္တ့ဲအပိုင္းကို လ်စ္လ်ဴရွဳမိထားတတ္ၾကတယ္။ အပ်က္သေဘာေ၀ဖန္မွဳေတြကိုပဲ အာရုံစိုက္တာက ဘယ္ျပႆနာကိုမွ ေျဖရွင္းမေပးႏိုင္သလို ဘာသင္ခန္းစာမွလည္း ယူႏိုင္မွာမဟုတ္ပါဘူး။ ေ၀ဖန္မွဳရဲ႕ တစ္စိတ္တစ္ပိုင္းကို သေဘာတူလက္ခံလိုက္တာနဲ႕ သင္ခန္းစာယူဖို႕ ကိုယ့္စိတ္ကိုအစပ်ိဳးလမ္းဖြင့္ေပးလိုက္ျပီးသား ျဖစ္ေနပါျပီ။

ေ၀ဖန္ခ်က္တိုင္းကို သေဘာတူလက္ခံေနစရာမလိုပါဘူး။ ေ၀ဖန္ခ်က္ရဲ႕ အစိတ္အပိုင္း အနည္းငယ္ေလးကိုပဲ လက္ခံရင္ေတာင္မွ ကိုယ့္အဖြဲ႕ထဲမွာ အသင္းအဖြဲ႕စိတ္ဓာတ္ကို တည္ေဆာက္ျပီးသားျဖစ္သြားပါလိမ့္မယ္။ အသင္းအဖြဲ႕စိတ္ရွိျပီးသြားရင္ အားလုံးအတူတကြ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ ဆိုျပီး ျပသနာအေပၚမွာပဲ အာရုံစိုက္သြားမယ္။ ဒါ့အျပင္ “ငါ့ကို ဒီလူေတြက ၀ိုင္းေဆာ္ေနတာပဲ” ဆိုတ့ဲအေတြးေတြ နည္းသြားလိမ့္မယ္။

၇။ ကိုယ္ၾကားလိုက္တာကို ခြဲျခားစိတ္ျဖာ အကဲျဖတ္ပါ။

ကိုယ္ရလိုက္တ့ဲ သတင္းအခ်က္အလက္ကို စိစစ္ဖို႕နဲ႕ ကိုယ့္ကိုေ၀ဖန္တာေတြဟာ တကယ္ပဲမွန္ကန္ခိုင္မာရဲ႕လား၊ သူတို႕ေျပာတာမွန္ေနတယ္ဆိုရင္ ငါဘာလုပ္မယ္၊ အမွားကိုဘယ္လိုျပင္ဆင္မယ္ စသျဖင့္ဆုံးျဖတ္ခ်က္ခ်ဖို႕ သင္ အခ်ိန္လိုပါတယ္။ ဒီအေၾကာင္းအရာတစ္ခုတည္းနဲ႕ပဲ ထပ္ခါထပ္ခါ အေျပာခံ၊ ေ၀ဖန္ခံေနရရင္ ဒီအေျခအေနကေန ငါဘာကိုသင္ခန္းစာယူျပီး ျပင္ဆင္မလဲလို႕ စဥ္းစားသင့္ပါတယ္။ ဒါမွလည္း ေနာက္ထပ္ ဒီလိုအမွားမ်ိဳးထပ္မျဖစ္ေတာ့မွာပါ။

၈။ အျငိဳးမထားပါနဲ႕။

ကိုယ့္ကိုေ၀ဖန္လိုက္လို႕ ေဒါသပဲထြက္ေနမယ္၊ အရြဲ႕တို္က္တာေတြလုပ္ေနမယ္ဆိုရင္ ဒါေတြက ကိုယ့္အလုပ္ရဲ႕ အနာဂတ္ကို သက္ေရာက္မွဳရွိႏိုင္ပါတယ္။ အမွားေတြကို စိတ္ထဲဲက ထုတ္ပစ္လိုက္ပါေတာ့။ ေနာက္ထပ္ေပးလာတ့ဲတာ၀န္ကို အေကာင္းဆုံးလုပ္ဖို႕ပဲ အာရုံစိုက္ထားလိုက္ပါ။

၉။ အက်ိဳးတရားတိုင္းမွာ အေၾကာင္းတရားေနာက္ခံရွိတယ္ဆိုတာ မေမ့ပါနဲ႕။

အခ်ိဳ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ေႏြးေႏြးေထြးေထြး မဆက္ဆံတ့ဲအခါ၊ တစ္လတာ ၀န္ထမ္းထူးခြ်န္ဆုေပးလို႕ ကိုယ့္နာမည္ပါမလာတ့ဲအခါ ပိုေကာင္းတယ္လို႕ပဲ ယူဆလိုက္ပါ။ ကိုယ္လုပ္စရာရွိတာ အေကာင္းဆုံးလုပ္ပါ။ ပိုေကာင္းတ့ဲဆုလာဒ္ေတြက သင့္အတြက္ေစာင့္ၾကိဳေနပါလိမ့္မယ္။ အလုပ္ၾကိဳးစားတ့ဲလူ စိတ္ရွည္သည္းခံတ့ဲလူအတြက္ ထိုက္တန္တ့ဲဆုလာဒ္မရဘူးဆိုတာ မရွိပါဘူး။

၁၀။ ပက္သက္ဆက္ႏြယ္မွဳကို ရွင္းရွင္းလင္းလင္းျဖစ္ပါေစ။

ကိုယ့္လုပ္ေဖာ္ကိုင္ဖက္က ကိုယ့္ကိုေ၀ဖန္တ့ဲအေပၚမွာ မခံခ်င္ျဖစ္ေနရင္ တတ္ႏိုင္သမွ် သူ သို္႕မဟုတ္ သူမနဲ႕ သိကြ်မ္းေအာင္လုပ္ပါ။ ဒီလိုဆို သင္တို႕ႏွစ္ေယာက္ၾကားမွာ မေကာင္းတ့ဲအျမင္ေတြၾကာၾကာရွိေနေတာ့မွာ မဟုတ္ပါဘူး။ သူေျပာလိုက္တာက သင့္ကိုဘယ္လို မခံခ်င္ျဖစ္ေစတယ္ဆိုတာ ရွင္းျပပါ။ သင္တို႕ၾကားက ဆက္ဆံေရးေကာင္းမြန္ဖို႕ လိုအပ္တ့ဲေျပာင္းလဲမွဳေတြကို အၾကံျပဳလိုက္ပါ။

၁၁။ သင္မျမင္ႏိုင္တ့ဲအရာေတြကို အျခားလူေတြကျမင္ႏိုင္တယ္ဆိုတာ လက္ခံပါ။

ကိုယ့္ကိုေ၀ဖန္တာေတြကို သေဘာမတူႏိုင္ဘူးဆိုရင္ေတာင္မွ ကိုယ္မျမင္တ့ဲအရာေတြကို သူမ်ားေတြက ျမင္ႏိုင္တယ္ဆိုတာ သင္သိထားဖို႕လိုပါတယ္။ လူေတြက သင္က ပ်င္းတတ္တယ္၊ အျပဳသေဘာမဆန္ဘူး စသျဖင့္ေျပာလာတ့ဲအခါ သင္ကေတာ့ ငါဒီလိုမဟုတ္ပါဘူးလို႕ ေတြးမိလိမ့္မယ္။ ဒီလိုေတြးမိတာ သဘာ၀က်ပါတယ္။ ဒါေပမယ့္ သင္က သူတို႕ေျပာသလိုျဖစ္ေနႏိုင္ျပီး ကိုယ့္ကိုယ္ကို အမွန္ကိုမျမင္ႏိုင္တာလည္း ျဖစ္ေနတတ္ပါတယ္။ ကြ်န္ေတာ္တို႕ေတြက ကိုယ့္ကိုယ္ကို ညွာေတြးတတ္ၾကတယ္မလား။ အျခားသူေတြရဲ႕ထင္ျမင္ခ်က္ေတြက မွန္ႏိုင္တယ္လို႕ ႏွလုံးသြင္းထားျပီး ဒီျဖစ္ႏိုင္ေျခကို ကိုယ့္ကိုယ္ကိုေ၀ဖန္ခ်ိန္မွာ အသုံးျပဳပါ။

၁၂။ ကိုယ့္အေပၚမွာ ဘယ္လိုပဲေ၀ဖန္ေ၀ဖန္ ေပ်ာ္ေပ်ာ္ေနလိုက္ပါ။ ေ၀ဖန္မွဳေတြက ကိုယ့္ကို ဆြဲခ်သြားတာမ်ိဳး အျဖစ္မခံပါနဲ႕။

ကိုယ့္ကို ေ၀ဖန္လာတ့ဲအေပၚမွာ အျပဳသေဘာနဲဲ႕ေ၀ဖန္တာလား၊ အပ်က္သေဘာနဲ႕ေ၀ဖန္တာလား ခြဲျခားလိုက္ပါ။ အျပဳသေဘာနဲ႕ေ၀ဖန္တာဆို ကိုယ့္ကိုယ္ကိုျပဳျပင္လိုက္ပါ။ ေပ်ာ္ရႊင္စြာ ေရွ႕ဆက္ပါ။

အပ်က္သေဘာနဲ႕ေ၀ဖန္ေနၾကတယ္ဆိုလည္း လ်စ္လ်ဴရွဳလိုက္ပါ။ ေပ်ာ္ရႊင္စြာ ေရွ႕ဆက္ပါ။ သူမ်ားစကားနဲ႕ သူမ်ားပါးစပ္ဖ်ားမွာတင္ လမ္းမဆုံးပဲ ကိုယ့္ဘ၀ကို ကိုယ္ထိန္းေက်ာင္းရင္း ရွင္သန္လိုက္ပါ။ အျပဳသေဘာေ၀ဖန္ခ်က္ေတြကို လက္ခံရင္း အလုုပ္ခြင္မွာ ေပ်ာ္ရႊင္စြာ ရွင္သန္ႏိုင္ၾကပါေစ။

ေနသစ္
(Myanmar Network)


လုပ်ငန်းခွင်မှာ ဝေဖန်မှုတွေကြုံတဲ့အခါ ဒီလိုရင်ဆိုင်လိုက်ပါ (unicode)

ရေးသားသူ – နေသစ် (Myanmar Network)

အလုပ်မှာ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်းတစ်ခုပြီးသွားတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်တော့ အကောင်းဆုံးလို့ယူဆထားလိုက်ပြီ။ ဒါပေမဲ့ အဲ့ဒါကို ဘော့စ်ကိုတင်ပြချိန်မှာ ကိုယ်တိုးတက်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့လိုတယ်လို့ ယူဆထားတဲ့အရာတွေ၊ လိုအပ်ချက်တွေကို ဘော့စ်က ကိုယ့်ကိုပြန်ပြောဖို့ စာရင်းလုပ်ပြီးနေပြီ။ အဲ့ဒီလို လိုအပ်ချက်တွေကို ထောက်ပြခံရလို့ စိတ်ဓာတ်မကျလ်ိုက်ပါနဲ့။ အပြုသဘောဝေဖန်မှုဆိုတာ ဘယ်အလုပ်မှာမဆို အရေးပါပါတယ်။ ဒီတော့ ဝေဖန်မှုတွေကို ဘယ်လိုလက်ခံပြီး ကိုယ့်အလုပ်ကို အကောင်းဆုံးဘယ်လိုလုပ်မယ်ဆိုတာ လေ့လာကြည့်ရအောင်။

၁။ ကိုယ်ဟာ အဖက်ဖက်ကပြည့်စုံကောင်းမွန်သူ မဟုတ်ဘူးဆိုတာ လက်ခံထားပါ။

အလုပ်စလုပ်တဲ့အချိန်မှာ ငါတော့ ဘာမှမှားမှာမဟုတ်ဘူးလို့ တွေးထားရင် ကိုယ့်ကိုယ်ကို အရူးလုပ်နေတာပါပဲ။ သင်အမှားတွေ လုပ်မိလိမ့်မယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ အရေးကြီးတာက အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူပြီး အမှန်ကိုလုပ်ဖို့ပါ။

၂။ ကိုယ့်အလုပ်ကို နှစ်ခါပြန် စစ်ဆေးပါ။

အလုပ်ပြီးသွားလို့ ကြီးကြပ်သူကို မတင်ပြခင်မှာ ကိုယ့်အလုပ်ကို အမှားအယွင်းမရှိအောင် ဂရုတစိုက်သေချာ ပြန်စစ်ပါ။ ဒီလိုပြန်စစ်တာက စိတ်ပျက်စရာကောင်းတဲ့ အမှားတွေကို ဖယ်ထုတ်လိုက်နိုင်သလို အသေးအဖွဲအမှားတွေအတွက် သင့်ဘော့စ်က သင့်ကို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။

၃။ ကိုယ်ရေးကိုယ်တာအရ မခံစားပါနဲ့။

ကို့ယ်လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုဝေဖန်ထောက်ပြလာချိန်မှာ “ဟာ ဒီလူကတော့ ငါ့ကိုကြည့်မရလို့” ဒါမှမဟုတ် “ငါ့ကိုဒီအလုပ်နဲ့မတန်ဘူးလို့ ဒီလူထင်နေတာပဲ” စတဲ့အတွေးမျိုးတွေမတွေးပါနဲ့။ သူ သင့်ကို ဝေဖန်ထောက်ပြတာဟာ သင် ဒီအလုပ်မှာ တကယ်အားစိုက်ထုတ်ခဲ့သလား၊ သင်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ရဲ့လားဆိုတာ သူသေချာသိဖို့ ကြိုးစားနေတာပါ။

၄။ ဂရုတစိုက်နားထောင်ပါ။

ကိုယ်က အရေးပါတဲ့ အပြုသဘောမှတ်ချက်တွေကို လျစ်လျူရှုလိုက်ရင် နောက်ထပ်အလားတူအမှားတွေ ထပ်မှားဖို့အစပျိုးလိုက်တာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့်မို့ အမှားတွေကို မှတ်စုရေးပါ။ ပြီးရင် ဒီအမှားကို ငါဘယ်လိုပြင်မလဲဆိုတာ ကိုယ့်ဘာသာတွေးတော သတိပေးနေပါ။

၅။ ကိုယ်ရလိုက်တဲ့ ဝေဖန်မှုကနေ ငါ ဘာသင်ယူနိုင်မလဲ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးပါ။

အဝေဖန်ခံရလို့ မခံချင်စိတ်တွေကြီးထွားလာရင်၊ ဒေါသတွေအလိပ်လိုက်ထွက်လာရင် ငါ ဒီကနေ ဘာသင်ယူနိုင်မလဲဆိုပြီး ပြန်မေးပါ။

၆။ ကိုယ့်ကိုဝေဖန်တာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို သဘောတူလက်ခံလိုက်ပါ။

ဝေဖန်ခံရလိုက်တဲ့အချိန်မှာ လူအများစုက အမှန်တကယ်မဖြစ်နိုင်တဲ့ ဝေဖန်ချက်နဲ့ မကောင်းမြင်တုံ့ပြန်မှုတွေကိုပဲ အာရုံစိုက်မိတတ်ပြီး ကျန်တဲ့အပိုင်းကို လျစ်လျူရှုမိထားတတ်ကြတယ်။ အပျက်သဘောဝေဖန်မှုတွေကိုပဲ အာရုံစိုက်တာက ဘယ်ပြဿနာကိုမှ ဖြေရှင်းမပေးနိုင်သလို ဘာသင်ခန်းစာမှလည်း ယူနိုင်မှာမဟုတ်ပါဘူး။ ဝေဖန်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို သဘောတူလက်ခံလိုက်တာနဲ့ သင်ခန်းစာယူဖို့ ကိုယ့်စိတ်ကိုအစပျိုးလမ်းဖွင့်ပေးလိုက်ပြီးသား ဖြစ်နေပါပြီ။ ဝေဖန်ချက်တိုင်းကို သဘောတူလက်ခံနေစရာမလိုပါဘူး။ ဝေဖန်ချက်ရဲ့ အစိတ်အပိုင်း အနည်းငယ်လေးကိုပဲ လက်ခံရင်တောင်မှ ကိုယ့်အဖွဲ့ထဲမှာ အသင်းအဖွဲ့စိတ်ဓာတ်ကို တည်ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အသင်းအဖွဲ့စိတ်ရှိပြီးသွားရင် အားလုံးအတူတကွ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုပြီး ပြသနာအပေါ်မှာပဲ အာရုံစိုက်သွားမယ်။ ဒါ့အပြင် “ငါ့ကို ဒီလူတွေက ဝိုင်းဆော်နေတာပဲ” ဆိုတဲ့အတွေးတွေ နည်းသွားလိမ့်မယ်။

၇။ ကိုယ်ကြားလိုက်တာကို ခွဲခြားစိတ်ဖြာ အကဲဖြတ်ပါ။

ကိုယ်ရလိုက်တဲ့ သတင်းအချက်အလက်ကို စိစစ်ဖို့နဲ့ ကိုယ့်ကိုဝေဖန်တာတွေဟာ တကယ်ပဲမှန်ကန်ခိုင်မာရဲ့လား၊ သူတို့ပြောတာမှန်နေတယ်ဆိုရင် ငါဘာလုပ်မယ်၊ အမှားကိုဘယ်လိုပြင်ဆင်မယ် စသဖြင့်ဆုံးဖြတ်ချက်ချဖို့ သင် အချိန်လိုပါတယ်။ ဒီအကြောင်းအရာတစ်ခုတည်းနဲ့ပဲ ထပ်ခါထပ်ခါ အပြောခံ၊ ဝေဖန်ခံနေရရင် ဒီအခြေအနေကနေ ငါဘာကိုသင်ခန်းစာယူပြီး ပြင်ဆင်မလဲလို့ စဉ်းစားသင့်ပါတယ်။ ဒါမှလည်း နောက်ထပ် ဒီလိုအမှားမျိုးထပ်မဖြစ်တော့မှာပါ။

၈။ အငြိုးမထားပါနဲ့။

ကိုယ့်ကိုဝေဖန်လိုက်လို့ ဒေါသပဲထွက်နေမယ်၊ အရွဲ့တ်ိုက်တာတွေလုပ်နေမယ်ဆိုရင် ဒါတွေက ကိုယ့်အလုပ်ရဲ့ အနာဂတ်ကို သက်ရောက်မှုရှိနိုင်ပါတယ်။ အမှားတွေကို စိတ်ထဲက ထုတ်ပစ်လိုက်ပါတော့။ နောက်ထပ်ပေးလာတဲ့တာဝန်ကို အကောင်းဆုံးလုပ်ဖို့ပဲ အာရုံစိုက်ထားလိုက်ပါ။

၉။ အကျိုးတရားတိုင်းမှာ အကြောင်းတရားနောက်ခံရှိတယ်ဆိုတာ မမေ့ပါနဲ့။

အချို့လုပ်ဖော်ကိုင်ဖက်တွေက နွေးနွေးထွေးထွေး မဆက်ဆံတဲ့အခါ၊ တစ်လတာ ဝန်ထမ်းထူးချွန်ဆုပေးလို့ ကိုယ့်နာမည်ပါမလာတဲ့အခါ ပိုကောင်းတယ်လို့ပဲ ယူဆလိုက်ပါ။ ကိုယ်လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပါ။ ပိုကောင်းတဲ့ဆုလာဒ်တွေက သင့်အတွက်စောင့်ကြိုနေပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့လူ စိတ်ရှည်သည်းခံတဲ့လူအတွက် ထိုက်တန်တဲ့ဆုလာဒ်မရဘူးဆိုတာ မရှိပါဘူး။

၁၀။ ပက်သက်ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်းဖြစ်ပါစေ။

ကိုယ့်လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုဝေဖန်တဲ့အပေါ်မှာ မခံချင်ဖြစ်နေရင် တတ်နိုင်သမျှ သူ သ်ို့မဟုတ် သူမနဲ့ သိကျွမ်းအောင်လုပ်ပါ။ ဒီလိုဆို သင်တို့နှစ်ယောက်ကြားမှာ မကောင်းတဲ့အမြင်တွေကြာကြာရှိနေတော့မှာ မဟုတ်ပါဘူး။ သူပြောလိုက်တာက သင့်ကိုဘယ်လို မခံချင်ဖြစ်စေတယ်ဆိုတာ ရှင်းပြပါ။ သင်တို့ကြားက ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တဲ့ပြောင်းလဲမှုတွေကို အကြံပြုလိုက်ပါ။

၁၁။ သင်မမြင်နိုင်တဲ့အရာတွေကို အခြားလူတွေကမြင်နိုင်တယ်ဆိုတာ လက်ခံပါ။

ကိုယ့်ကိုဝေဖန်တာတွေကို သဘောမတူနိုင်ဘူးဆိုရင်တောင်မှ ကိုယ်မမြင်တဲ့အရာတွေကို သူများတွေက မြင်နိုင်တယ်ဆိုတာ သင်သိထားဖို့လိုပါတယ်။ လူတွေက သင်က ပျင်းတတ်တယ်၊ အပြုသဘောမဆန်ဘူး စသဖြင့်ပြောလာတဲ့အခါ သင်ကတော့ ငါဒီလိုမဟုတ်ပါဘူးလို့ တွေးမိလိမ့်မယ်။ ဒီလိုတွေးမိတာ သဘာဝကျပါတယ်။ ဒါပေမယ့် သင်က သူတို့ပြောသလိုဖြစ်နေနိုင်ပြီး ကိုယ့်ကိုယ်ကို အမှန်ကိုမမြင်နိုင်တာလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို ညှာတွေးတတ်ကြတယ်မလား။ အခြားသူတွေရဲ့ထင်မြင်ချက်တွေက မှန်နိုင်တယ်လို့ နှလုံးသွင်းထားပြီး ဒီဖြစ်နိုင်ခြေကို ကိုယ့်ကိုယ်ကိုဝေဖန်ချိန်မှာ အသုံးပြုပါ။

၁၂။ ကိုယ့်အပေါ်မှာ ဘယ်လိုပဲဝေဖန်ဝေဖန် ပျော်ပျော်နေလိုက်ပါ။ ဝေဖန်မှုတွေက ကိုယ့်ကို ဆွဲချသွားတာမျိုး အဖြစ်မခံပါနဲ့။

ကိုယ့်ကို ဝေဖန်လာတဲ့အပေါ်မှာ အပြုသဘောနဲ့ဝေဖန်တာလား၊ အပျက်သဘောနဲ့ဝေဖန်တာလား ခွဲခြားလိုက်ပါ။ အပြုသဘောနဲ့ဝေဖန်တာဆို ကိုယ့်ကိုယ်ကိုပြုပြင်လိုက်ပါ။ ပျော်ရွှင်စွာ ရှေ့ဆက်ပါ။

အပျက်သဘောနဲ့ဝေဖန်နေကြတယ်ဆိုလည်း လျစ်လျူရှုလိုက်ပါ။ ပျော်ရွှင်စွာ ရှေ့ဆက်ပါ။ သူများစကားနဲ့ သူများပါးစပ်ဖျားမှာတင် လမ်းမဆုံးပဲ ကိုယ့်ဘဝကို ကိုယ်ထိန်းကျောင်းရင်း ရှင်သန်လိုက်ပါ။ အပြုသဘောဝေဖန်ချက်တွေကို လက်ခံရင်း အလုပ်ခွင်မှာ ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါစေ။

နေသစ်
(Myanmar Network)

Leave a Reply