စင္ကာပူမွာ လာဘ္စားမႈေတြကို ဘယ္လိုတားဆီးသလဲ

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

စကၤာပူဟာ ၁၉၅၂ခုႏွစ္မွာ ျဗိတိသွ်ေအာက္က လြတ္လပ္ေရးရခဲ့တယ္။ လြတ္လပ္ေရးရေပမဲ့လည္း မေလးရွားနိင္ငံရဲ႕ လက္ေအာက္မွာပဲ ဆက္ရွိေနခဲ့တယ္။ အဲဒီအခ်ိန္မွာ စကၤာပူမွာလာဘ္စားမႈ အရမ္းမ်ားတယ္။ ၁၉၆၅ခုႏွစ္မွာ စကၤာပူဟာ မေလးရွားေအာက္က ခြဲထြက္လိုက္ၿပီး စကၤာပူႏိုင္ငံရယ္လို႔ ျဖစ္လာခဲ့တယ္။

စကၤာပူႏိုင္ငံျဖစ္လာျပီး ပထမဆံုးဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ လီကြမ္းယူဟာ လာဘ္စားမႈပေပ်ာက္ေအာင္ ဦးစားေပးေဆာင္ရြက္ခဲ့ပါတယ္။ သူ႔နိ္ုင္ငံေသးေသးေလးမွာ လာဘ္စားမႈေတြရွိေနရင္ ႏိုင္ငံျခားက ရင္းႏွီးျမဳပ္ႏွံမႈေတြဝင္လာမွာ မဟုတ္ဘူးဆိုတာကို သူေကာင္းေကာင္းနားလည္သေဘာေပါက္ထားတယ္။

အဲဒီအခ်ိန္ကစၿပီး စကၤာပူအစိုးရဟာ လာဘ္စားမႈတိုက္ဖ်က္ေရးကို ႏိုင္ငံေရးဦးတည္ခ်က္တစ္ရပ္အေနနဲ႔ အားသြန္ခြန္စိုက္ႀကိဳးပမ္းလိုက္တာ ၂၀၁၄ခုႏွစ္က စာရင္းထုတ္ျပန္ခ်က္အရႏိုင္ငံစုစုေပါင္း(၁၇၆)ႏိုင္ငံေတြအနက္ လာဘ္စားမႈအနဲဆံုးအဆင့္(၃)ျဖစ္ခဲ့ပါၿပီ။ အဆင့္(၁)က ဒိန္းမတ္ႏိုင္ငံနဲ႔ အဆင့္(၂)ကေတာ့နယူးဇီလန္ႏိုင္ငံေတြ ျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံကေတာ့ အဆင့္(၁၅၇)ျဖစ္ၿပီး ကမ႓ာေပၚမွာ လာဘ္စားမႈအမ်ားဆံုးႏိုင္ငံစာရင္းးမွာ အဆင့္(၂)ခ်ိ္တ္ေနခဲ့ပါတယ္။ ေအာက္မွာ အာဖရိကတိုက္က ဆိုမားလီးယားတစ္ႏိုင္ငံပဲ ရွိပါေတာ့တယ္။

လာဘ္စားမႈအနည္းဆံုးထိပ္ဆံုး(၁၅)ႏိုင္ငံစာရင္းထဲမွာ အာရွတိုက္က စကၤာပူႏိုင္ငံတခုပဲပါခဲ့ပါတယ္။ အဲဒီေတာ့ က်ေနာ္လည္း စကၤာပူႏိုင္ငံကို ခုလိုလာဘ္စားမႈအနဲဆံုးျဖစ္ေအာင္ သူတို႔အစိုးရအေနနဲ႔ ဘယ္လိုမ်ားေဆာင္ရြက္ခဲ့သလဲဆိုတာ သိခ်င္လို႔ေလ့လာလိုက္ၾကည့္လိုက္ေတာ့ ေအာက္မွာေရးထားတဲ့လုပ္ေဆာင္ခ်က္ေတြကို ရွာေဖြေတြ႕မိလိုက္တယ္။

စကၤာပူအစိုးရဟာ လာဘ္စားမႈတိုက္ဖ်က္ဖို႔ က႑ႀကီး၄ခုခြဲၿပီး အခုလို.စီမံခ်က္မ်ားကို ခ်မွတ္ေဆာက္ရြက္ခဲ့ပါတယ္။

(က) ေအာက္ေဖၚျပပါစည္းမ်ဥ္းစည္းကမ္းႏွင့္ ဥပေဒမ်ားကိုျပ႒ာန္းခဲ့သည္။

၁။ အာဏာကုန္လႊဲအပ္ခံရေသာ CPIB (Corrupt Practices Investigation Bureau) လာဘ္စားမႈတိုက္ဖ်က္ေရးအဖြဲ႕ႀကီးဟာ အစိုးရဌာနေရာ ပုဂၢလိကကုမၸဏီအားလံုးကို လြတ္လပ္စြာစစ္ေဆးပိုင္ခြင့္ရွိသည္။

၂။ အစိုးရဝန္ထမ္းတဦးဟာ လာဘ္စားတယ္လို႔ စြပ္စြဲခံရရင္ သူမက်ဴးလြန္ေၾကာင္းသက္ေသျပႏိုင္ရမယ္။

၃။ လာဘ္ယူသူဟာ လာဘ္ယူၿပီးေနာက္ လာဘ္ေပးသူအလိုက်လိုက္မလုပ္ေပးေသာ္လည္း ျပစ္ဒဏ္က်ခံရမယ္။

၄။ အစိုးရဝန္ထမ္းမ်ားဟာ လက္ေဆာင္ပဏၰာလက္ခံရယူျခင္း လံုးဝမလုပ္ရဘူး။

၅။ ဝန္ထမ္းတေယာက္ဟာ လာဘ္ယူလို႔ ေထာင္ဒဏ္နဲ႔ေငြဒဏ္က်ခံရၿပီးေသာ္လည္း လာဘ္ယူထားေငြအတိအက်ကို အစိုးရကိုျပန္ေပးရမယ္။

၆။ ဒီလာဘ္စားမႈတိုက္ဖ်က္ေရးဥပေဒဟာ စကၤာပူႏိုင္ငံျပင္ပမွာလဲ သက္ေရာက္ပါတယ္။ သေဘာက အျခားႏိုင္ငံတခုမွာ လာဘ္ေပးလာဘ္ယူလုပ္ရင္လဲ စကၤာပူဥပေဒအတိုင္း အေရးယူအျပစ္ေပးခံရမယ္ေပါ့။

(ခ)CPIB လာဘ္စားမႈတိုက္ဖ်က္ေရးအဖြဲ႕ကို ေအာက္ပါအာဏာမ်ာလႊဲအပ္ျခင္း။

၁။ မည္သည့္လာဘ္စားသည့္အမႈကိုမဆို လြတ္လပ္စြာ စစ္ေဆးပိုင္ခြင့္ရွိတယ္။
၂။ မည္မွ်ရာထူးႀကီးသူကိုမဆို စစ္ေဆးပိုင္ခြင့္ရွိတယ္။ အမႈေသးေသးကစလို႔ထိပ္ပိုင္းဝန္ႀကီးအထိစစ္ေဆးပိုင္ခြင့္ရွိတယ္။
၃။ အမႈႏွင့္ပတ္သက္၍ ဝန္ႀကီးခ်ဳပ္မွလြဲလို႔ မည္သူ႔ကိုမွ အစီရင္ခံစရာမလိုပါ။

(ဂ)တရားရံုးမ်ားကို ေအာက္ပါအာဏာမ်ားလႊဲအပ္ျခင္း။

၁။ တရားရံုးေတြဟာ အမႈစစ္ေဆးရာမွာ ပြင့္လင္းျမင္သာမႈ ရွိေစရမယ္။

၂။ တရားရံုးသည္ ျပစ္မႈက်ဴးလြန္သူအား ျပစ္ဒဏ္အျပင္ လာဘ္ယူထားေငြအတိအက်ကို အစိုးရထံျပန္လည္ေပးအပ္ရန္ အမိန္႔ခ်မွတ္ရမယ္။ ျပစ္ဒဏ္အေနနဲ႔ ေထာင္ဒဏ္၅ႏွစ္အထိ ခ်မွတ္နိုင္သလို ဒဏ္ေငြကိုလည္း ေဒၚလာတစ္သိန္းအထိ ခ်မွတ္ႏိုင္တယ္။

၃။ လာဘ္ေပးျပီး လုပ္ငန္းအပ္ႏွင္းခံထားရေသာ ကုမၸဏီရဲ႕ကန္ထ႐ိုက္လုပ္ငန္းမ်ားကို ဖ်က္သိမ္းပစ္ရမယ္။ ဒါ့အျပင္ လာဘ္ေပးေသာကန္ထ႐ိုက္ကုမၸဏီဟာ အစိုးရတင္ဒါမ်ားကို ၅ႏွစ္ၾကာအထိ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ရမယ္။

၄။ ႏိုင္ငံတကာကုမၸဏီမွ လာဘ္ယူခဲ့ရင္ လာဘ္ယူေငြကို အဲဒီကုမၸဏီကိုျပန္ေပးရမယ့္အျပင္ လာဘ္ယူေငြနဲ႔ညီတဲ့ပမာဏကို အစိုးရထံကို ေပးသြင္းရပါမယ္။ သေဘာက လာဘ္ယူေငြရဲ႕၂ဆကို ေလ်ာ္ရမယ္ေပါ့။

(ဃ) အစိုးရဌါနမ်ားကို လာဘ္စားမႈတားဆီးရန္ ေဆာင္ရြက္ျခင္း။

၁။ ဝန္ထမ္းတစ္ဦးဟာ မိမိႏွင့္ လုပ္ငန္းဆက္စပ္သူထံမွ ေငြေခ်းငွားျခင္းကို လံုးဝမလုပ္ရပါ။

၂။ မည္သည့္အခ်ိန္ျဖစ္ျဖစ္ ဝန္ထမ္းတဦးဟာ အေႂကြးတင္ခဲ့ရင္ အေႂကြးပမာဏဟာ သူဝင္ေငြလစာရဲ႕၃ဆထက္ မေက်ာ္လြန္ေစရပါ။

၃။ ဝန္ထမ္းတဦးဟာ မိမိကိုယ္က်ိဳးအတြက္ ျပင္ပသို႔ သတင္းအခ်က္အလက္ မေပါက္ၾကားေစရပါ။

၄။ ဝန္ထမ္းတဦးဟာ မိမိပိုင္ဆိုင္မႈအားလံုးကို အလုပ္ခန္႔အပ္ခံသည့္အခ်ိန္မွာေၾကျငာရတဲ့အျပင္ ႏွစ္စဥ္ႏွစ္တိုင္းလဲ ေၾကျငာရပါတယ္။ (အလြန္ႀကိဳက္ေသာအခ်က္ျဖစ္ပါတယ္)။

၅။ ဝန္ထမ္းမ်ားဟာ မိမိတာဝန္မွလြဲ၍ ခြင့္ျပဳခ်က္မရမရပဲ အခ်ိန္ပိုင္းအလုပ္လုပ္ခြင့္မရွိပါ။

၆။ ဝန္ထမ္းမ်ားဟာ လက္ေဆာင္ယူျခင္း၊ေကၽြးေမြးဧည့္ခံပြဲကို တက္ေရာက္ျခင္းမလုပ္ရပါ။

၇။ Conflict of Interest ဆိုတဲ့ မိသားစု၊ေဆြမ်ိဳးတဦးတေယာက္ကို အလုပ္ခန္႔ခ်င္တယ္ဆိုရင္ ဌါနအႀကီးအကဲရဲ႕အတည္ျပဳခ်က္မရပဲ လံုးဝခန္႔ခြင့္မရွိပါဘူး။

ေနာက္ၿပီး ဝန္ႀကီးဌာန၊ အစိုးရ႐ုံမ်ားရဲ႕ လုပ္ငန္းေဆာင္ရြက္မႈေတြကို လာဘ္ေပးလာဘ္ယူမႈကင္းေအာင္ အခုလိုေဆာင္ရြက္ထားပါတယ္။

၁။ ဝန္ႀကီးမ်ားနဲ႔အစိုးရဝန္ထမ္းအားလံုးကို လံုေလာက္တဲ့လစာ၊ခံစားခြင္ေတြ ေပးထားတယ္။ အဲဒီေတာ့ မက္ေလာက္တဲ့လစာဝင္ေငြရေနသူေတြဟာ လာဘ္စားတာနဲ႔အေရးယူခံရၿပီး ေထာင္က်အလုပ္ျပဳတ္မွာကို အရမ္းေၾကာက္ၾကတယ္။ လာဘ္စားဖို႔ဆိုတာ စဥ္းေတာင္မစဥ္းစားရဲၾကဘူး။

၂။ အခြန္အခေဆာင္ျခင္း၊ ေရမီးမီတာခေပးျခင္း၊ တယ္လီဖုန္းဘီလ္ေဆာင္ျခင္းစတာေတြကို ေငြသားျဖင့္ေပးေခ်ျခင္းကို လက္မခံရပါ။ ေငြသြင္းမႈအားလံုးကို ခ်က္လက္မွတ္ျဖစ္ေစ ဘဏ္ကဒ္ျဖင့္ျဖစ္ေစ အင္တာနက္က on-liine bankingစံနစ္စသျဖင့္သာ ေပးေခ်ရပါတယ္။ သေဘာကေတာ့ ဝန္ထမ္းမ်ားကို ေငြသားကိုင္ခြင့္မရေအာင္ လုပ္ထားတာပါ။

၃။ ေလွ်ာက္လႊာေတြကို စားပြဲတစ္ခုကေန ေနာက္စားပြဲတစ္ခု (သို႔မဟုတ္) ရံုးတစ္႐ုံးကေန ေနာက္တစ္ရံုးသို႔ ကူးေျပာင္းစစ္ေဆးေနတဲ့စနစ္ကို ဖ်က္သိမ္းလိုက္တယ္။ ရံုးတစ္ခုမွာ လုပ္ငန္းတခုအတြက္ လုပ္စရာရွိရင္ အဲဒီအတြက္ဘာစာရြက္စာတမ္းေတြ ဘယ္လိုေလွ်ာက္လႊာေတြလိုမယ္၊ဘယ္ေနရာကိုသြားရမယ္၊ ဘယ္အခ်ိန္မွာအေျဖသိရမယ္ဆိုတဲ့ သတင္းအခ်က္အလက္ information အျပည့္အစံုကို သက္ဆိုင္ရာ႐ုံးေတြရဲ႕websiteေတြမွာ အင္တာနက္online ကေန ၾကည့္လို႔ရတယ္။ လိုအပ္တဲ့ေလွ်ာက္လႊာကိုလဲ အင္တာနက္ကေန downloadကူးယူလုပ္ၿပီး print ထုတ္လို႔ရတယ္။ ေစ်းဆိုင္ဖြင့္ခ်င္လို႔ လုပ္ငန္းလိုင္စင္ေလွ်ာက္ရင္ေတာင္ ရံုးကိုသြားစရာမလိုဘူး။ OBLS (Online Business Licensing Service)ဆိုတဲ့websiteကေန ေလွ်ာက္လို႔ရတယ္။ လိုင္စင္က်လာရင္ အင္တာနက္ကေန print_outထုတ္ၿပီး အလုပ္စလုပ္လို႔ရၿပီ။ သက္ဆိုင္ရာရံုးကိုတစ္ခ်က္မွ သြားစရာမလိုဘူး။

၄။ အစိုးရတင္ဒါေခၚရင္လည္း GeBiz (ယခုSESAMIလို႔အမည္ေျပာင္းထားတဲ့) အစိုးရ website မွာ တင္ထားေပးတယ္။ သတ္မွတ္ခ်က္ျပည့္မွီတဲ့ကုမၸဏီတိုင္း ဝင္ေလွ်ာက္ယွဥ္ၿပိဳင္ခြင့္ရွိတယ္။ ဘယ္ကုမၸဏီက တင္ဒါဒာႏိုင္ရတယ္ဆိုတာလည္း GeBizမွာ ဝင္ၾကည့္လို႔ရတယ္။

၅။ လာဘ္ေငြေတာင္းခံရရင္ တိုင္ၾကားႏိုင္တဲ႔ဖံုးနံပါတ္ေတြကို သက္ဆိုင္ရာအစိုးရ႒ါနေတြရဲ႕website ေတြမွာ အတိအလင္းေၾကျငာေပးထားတယ္။ အစိုးရရဲ႕လုပ္ငန္းေဆာင္တာေတြ ျမန္ဆန္သြက္လက္ေအာင္ အၾကံျပဳႏိုင္တဲ့ အစိုးရ website ေတြထားရွိပါတယ္။ ဘယ္သူမဆို အၾကံေပးလို႔ရတယ္။

၆။ ေနာက္တစ္ခုကလည္း ဘဏ္ေတြဟာ လူတေယာက္ရဲ႕ေငြစာရင္းထဲကို ႐ုတ္တရက္ေငြေတြအမ်ားႀကီးဝင္လာတာေတြ႕ရင္ CPIB ကို ခ်က္ျခင္းအေၾကာင္းၾကားရတယ္။ CPIB ကလည္း အဲဒီေငြစာရင္းပိုင္ရွင္ကို ေစာင့္ၾကည့္ေနလိမ့္မယ္။ လိုအပ္ရင္ သူ႔ကို ေခၚယူစစ္ေမးလိမ့္မယ္။

အဲဒီေတာ့ စကၤာပူမွာလာဘ္စားမႈနည္းတာ အဆန္းမဟုတ္ပါ။

မိတ္ေဆြအေနနဲ႔တခုေတာ့ ေမးခ်င္လိမ့္မယ္ထင္ပါတယ္။ စကၤာပူမွာ လာဘ္စားမႈ လံုးဝကင္းသလားလားလို႔။ စကၤာပူလူမ်ိဳးေတြလဲ လူသားေတြပဲေလ။ ေလာဘနဲ႔ ဘယ္ကင္းပါ့မလဲ။ ဒါေပမဲ့ေခ်ာက္တီးေခ်ာက္ခ်က္ေလာက္နဲ႔ေတာ့ မစားၾကဘူး။ မိသြားရင္စားထားသမွ် ျပန္ေပးရတဲ့အျပင္ ေထာင္ဒဏ္၅ႏွစ္ဆိုတာႀကီးကလဲ ေၾကာက္စရာႀကီးကိုး။

ကြ်န္ေတာ္ စကၤာပူမွာေနတဲ့ ႏွစ္အစိတ္ေလာက္အတြင္းမွာ လာဘ္စားမႈႀကီး၃-၄မႈေလာက္အေၾကာင္းပဲ သတင္းစာမွာ ဖတ္ရတယ္။ အစိုးရဝန္ထမ္းညႊန္ခ်ဳပ္ေလာက္အဆင့္ရွိသူေတြပါ။ စားတာေတြကလဲ နည္းနည္းေနာေနာမဟုတ္ဘူး။ စကၤာပူေဒၚလာ၂သန္း-၃သန္းေလာက္ရွိတယ္။ ကန္ထ႐ိုက္ခ်ေပးမယ္ဆိုၿပီး ပိုက္ဆံယူတာ။ ႏိုင္ငံျခားကုမၸဏီတစ္ခုေတာင္ ပါေသးတယ္။ CPIBက စစ္လို႔ လာဘ္စားတာေသခ်ာၿပီဆိုတာနဲ႔ သူပိုင္တဲ့ကား၊ ဆိုင္ကယ္စတဲ့ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကို ခ်က္ျခင္းသိမ္းတယ္။ သူပိုင္တဲ့ အိမ္၊ တိုက္ခန္းကိုလည္း ခ်က္ျခင္းခ်ိတ္ပိတ္လိုက္တယ္။

ဘဏ္မွာသူအပ္ထားတဲေငြစာရင္းကိုပိတ္လိုက္တယ္။ တခ်ိဳ႕က ႏိုင္ငံျခားကိုထြက္ေျပးတယ္။ အဲဒီႏိုင္ငံေတြအထိ လိုက္သြားၿပီး သူ႔ကိုဖမ္းၿပီး စကၤာပူကို ျပန္ေခၚလာတယ္။ စကၤာပူဟာ အေနာက္ႏိုင္ငံေတြနဲ႔ ရာဇဝတ္မႈနဲ႔ ထြက္ေျပးလာရင္ မိခင္ႏိုင္ငံျပန္ပို႔ဖို႔ ႏိုင္ငံအခ်င္းခ်င္းစာခ်ဳပ္ခ်ဳပ္ထားေတာ့ ေျပးလဲျပန္အပို႔ခံရတာပဲ။ စကၤာပူမွာ တရားရံုးတင္စစ္ခံရတယ္။ လာဘ္ေငြအခ်ီႀကီးစားတဲ့သူေတြကိုေတာ့ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်အျပစ္ေပးတယ္။

ကဲ….ဘယ္သူေတြ လာဘ္စားရဲၾကေသးလဲ။

က်ေနာ္တို႔ျမန္မာႏိုင္ငံရဲ႕လာဘ္စားမႈတိုက္ဖ်က္ေရးဥပေဒကို(ရွိခဲ့ရင္ေပါ့) စကၤာပူရဲ႕ဥပေဒနဲ ႔ႏိူင္းယွဥ္ၾကည့္လို႔ရေအာင္ ေရးေပးလိုက္တာပါ။

မွတ္ခ်က္။

၁။ အခ်က္အလက္မ်ားကို CPIB အဖြဲ႕ႀကီးရဲ႕ဒုတိယၫႊန္ၾကားေရးမႉး Koh Teck Hinရဲ႕ အစီရင္ခံစာတေစာင္မွ ရယူထားပါတယ္။
၂။ လာဘ္စားမႈႀကီးမ်ားစြာကို အခ်ိန္တိုအတြင္းေဖၚထုတ္ႏိုင္ခဲ့တဲ့ CPIBအဖြဲႀကီးမွာ ဝန္ထမ္းစုစုေပါင္း(၇၅)ဦး ပဲရွိပါတယ္။
၃။ လာဘ္စားမႈေတြ႔ၿပီဆိုတာနဲ႔ တရားရံုးမွာစတင္စစ္ေဆးခ်ိန္ကေန စီရင္ခ်က္ခ်တဲ့အခ်ိန္အထိ ရံုးခ်ိန္းတိုင္းမွာ အမႈစစ္ေဆးတာကိုိ အစိုးရသတင္းစာႀကီးမွာ နာမည္၊ ဓါတ္ပံုေတြနဲ့တကြ ေတာက္ေလ်ွာက္ေဖၚျပေပးတယ္။

ဗန္းေမာ္သိန္းေဖ


စင်ကာပူမှာ လာဘ်စားမှုတွေကို ဘယ်လိုတားဆီးသလဲ (unicode)

ရေးသားသူ – ဗန်းမော်သိန်းဖေ

စင်္ကာပူဟာ ၁၉၅၂ခုနှစ်မှာ ဗြိတိသျှအောက်က လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရပေမဲ့လည်း မလေးရှားနိင်ငံရဲ့ လက်အောက်မှာပဲ ဆက်ရှိနေခဲ့တယ်။ အဲဒီအချိန်မှာ စင်္ကာပူမှာလာဘ်စားမှု အရမ်းများတယ်။ ၁၉၆၅ခုနှစ်မှာ စင်္ကာပူဟာ မလေးရှားအောက်က ခွဲထွက်လိုက်ပြီး စင်္ကာပူနိုင်ငံရယ်လို့ ဖြစ်လာခဲ့တယ်။

စင်္ကာပူနိုင်ငံဖြစ်လာပြီး ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတဲ့ လီကွမ်းယူဟာ လာဘ်စားမှုပပျောက်အောင် ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ သူ့န်ိုင်ငံသေးသေးလေးမှာ လာဘ်စားမှုတွေရှိနေရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေဝင်လာမှာ မဟုတ်ဘူးဆိုတာကို သူကောင်းကောင်းနားလည်သဘောပေါက်ထားတယ်။

အဲဒီအချိန်ကစပြီး စင်္ကာပူအစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးဦးတည်ချက်တစ်ရပ်အနေနဲ့ အားသွန်ခွန်စိုက်ကြိုးပမ်းလိုက်တာ ၂၀၁၄ခုနှစ်က စာရင်းထုတ်ပြန်ချက်အရနိုင်ငံစုစုပေါင်း(၁၇၆)နိုင်ငံတွေအနက် လာဘ်စားမှုအနဲဆုံးအဆင့်(၃)ဖြစ်ခဲ့ပါပြီ။ အဆင့်(၁)က ဒိန်းမတ်နိုင်ငံနဲ့ အဆင့်(၂)ကတော့နယူးဇီလန်နိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကတော့ အဆင့်(၁၅၇)ဖြစ်ပြီး ကမ႓ာပေါ်မှာ လာဘ်စားမှုအများဆုံးနိုင်ငံစာရင်းမှာ အဆင့်(၂)ခ်ျိတ်နေခဲ့ပါတယ်။ အောက်မှာ အာဖရိကတိုက်က ဆိုမားလီးယားတစ်နိုင်ငံပဲ ရှိပါတော့တယ်။

လာဘ်စားမှုအနည်းဆုံးထိပ်ဆုံး(၁၅)နိုင်ငံစာရင်းထဲမှာ အာရှတိုက်က စင်္ကာပူနိုင်ငံတခုပဲပါခဲ့ပါတယ်။ အဲဒီတော့ ကျနော်လည်း စင်္ကာပူနိုင်ငံကို ခုလိုလာဘ်စားမှုအနဲဆုံးဖြစ်အောင် သူတို့အစိုးရအနေနဲ့ ဘယ်လိုများဆောင်ရွက်ခဲ့သလဲဆိုတာ သိချင်လို့လေ့လာလိုက်ကြည့်လိုက်တော့ အောက်မှာရေးထားတဲ့လုပ်ဆောင်ချက်တွေကို ရှာဖွေတွေ့မိလိုက်တယ်။

စင်္ကာပူအစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ဖို့ ကဏ္ဍကြီး၄ခုခွဲပြီး အခုလို.စီမံချက်များကို ချမှတ်ဆောက်ရွက်ခဲ့ပါတယ်။

(က)အောက်ဖေါ်ပြပါစည်းမျဉ်းစည်းကမ်းနှင့်ဥပဒေများကိုပြဋ္ဌာန်းခဲ့သည်။

၁။ အာဏာကုန်လွှဲအပ်ခံရသော CPIB (Corrupt Practices Investigation Bureau) လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ကြီးဟာ အစိုးရဌာနရော ပုဂ္ဂလိကကုမ္ပဏီအားလုံးကို လွတ်လပ်စွာစစ်ဆေးပိုင်ခွင့်ရှိသည်။

၂။ အစိုးရဝန်ထမ်းတဦးဟာ လာဘ်စားတယ်လို့ စွပ်စွဲခံရရင် သူမကျူးလွန်ကြောင်းသက်သေပြနိုင်ရမယ်။

၃။ လာဘ်ယူသူဟာ လာဘ်ယူပြီးနောက် လာဘ်ပေးသူအလိုကျလိုက်မလုပ်ပေးသော်လည်း ပြစ်ဒဏ်ကျခံရမယ်။

၄။ အစိုးရဝန်ထမ်းများဟာ လက်ဆောင်ပဏ္ဏာလက်ခံရယူခြင်း လုံးဝမလုပ်ရဘူး။

၅။ ဝန်ထမ်းတယောက်ဟာ လာဘ်ယူလို့ ထောင်ဒဏ်နဲ့ငွေဒဏ်ကျခံရပြီးသော်လည်း လာဘ်ယူထားငွေအတိအကျကို အစိုးရကိုပြန်ပေးရမယ်။

၆။ ဒီလာဘ်စားမှုတိုက်ဖျက်ရေးဥပဒေဟာ စင်္ကာပူနိုင်ငံပြင်ပမှာလဲ သက်ရောက်ပါတယ်။ သဘောက အခြားနိုင်ငံတခုမှာ လာဘ်ပေးလာဘ်ယူလုပ်ရင်လဲ စင်္ကာပူဥပဒေအတိုင်း အရေးယူအပြစ်ပေးခံရမယ်ပေါ့။

(ခ)CPIB လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ကို အောက်ပါအာဏာမျာလွှဲအပ်ခြင်း။

၁။ မည်သည့်လာဘ်စားသည့်အမှုကိုမဆို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိတယ်။
၂။ မည်မျှရာထူးကြီးသူကိုမဆို စစ်ဆေးပိုင်ခွင့်ရှိတယ်။ အမှုသေးသေးကစလို့ထိပ်ပိုင်းဝန်ကြီးအထိစစ်ဆေးပိုင်ခွင့်ရှိတယ်။
၃။ အမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်မှလွဲလို့ မည်သူ့ကိုမှ အစီရင်ခံစရာမလိုပါ။

(ဂ)တရားရုံးများကို အောက်ပါအာဏာများလွှဲအပ်ခြင်း။

၁။ တရားရုံးတွေဟာ အမှုစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်။

၂။ တရားရုံးသည် ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်အပြင် လာဘ်ယူထားငွေအတိအကျကို အစိုးရထံပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ရမယ်။ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်၅နှစ်အထိ ချမှတ်နိုင်သလို ဒဏ်ငွေကိုလည်း ဒေါ်လာတစ်သိန်းအထိ ချမှတ်နိုင်တယ်။

၃။ လာဘ်ပေးပြီး လုပ်ငန်းအပ်နှင်းခံထားရသော ကုမ္ပဏီရဲ့ကန်ထရိုက်လုပ်ငန်းများကို ဖျက်သိမ်းပစ်ရမယ်။ ဒါ့အပြင် လာဘ်ပေးသောကန်ထရိုက်ကုမ္ပဏီဟာ အစိုးရတင်ဒါများကို ၅နှစ်ကြာအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ရမယ်။

၄။ နိုင်ငံတကာကုမ္ပဏီမှ လာဘ်ယူခဲ့ရင် လာဘ်ယူငွေကို အဲဒီကုမ္ပဏီကိုပြန်ပေးရမယ့်အပြင် လာဘ်ယူငွေနဲ့ညီတဲ့ပမာဏကို အစိုးရထံကို ပေးသွင်းရပါမယ်။ သဘောက လာဘ်ယူငွေရဲ့၂ဆကို လျော်ရမယ်ပေါ့။

(ဃ) အစိုးရဌါနများကို လာဘ်စားမှုတားဆီးရန် ဆောင်ရွက်ခြင်း။

၁။ ဝန်ထမ်းတစ်ဦးဟာ မိမိနှင့် လုပ်ငန်းဆက်စပ်သူထံမှ ငွေချေးငှားခြင်းကို လုံးဝမလုပ်ရပါ။

၂။ မည်သည့်အချိန်ဖြစ်ဖြစ် ဝန်ထမ်းတဦးဟာ အကြွေးတင်ခဲ့ရင် အကြွေးပမာဏဟာ သူဝင်ငွေလစာရဲ့၃ဆထက် မကျော်လွန်စေရပါ။

၃။ ဝန်ထမ်းတဦးဟာ မိမိကိုယ်ကျိုးအတွက် ပြင်ပသို့ သတင်းအချက်အလက် မပေါက်ကြားစေရပါ။

၄။ ဝန်ထမ်းတဦးဟာ မိမိပိုင်ဆိုင်မှုအားလုံးကို အလုပ်ခန့်အပ်ခံသည့်အချိန်မှာကြေငြာရတဲ့အပြင် နှစ်စဉ်နှစ်တိုင်းလဲ ကြေငြာရပါတယ်။ (အလွန်ကြိုက်သောအချက်ဖြစ်ပါတယ်)။

၅။ ဝန်ထမ်းများဟာ မိမိတာဝန်မှလွဲ၍ ခွင့်ပြုချက်မရမရပဲ အချိန်ပိုင်းအလုပ်လုပ်ခွင့်မရှိပါ။

၆။ ဝန်ထမ်းများဟာ လက်ဆောင်ယူခြင်း၊ကျွေးမွေးဧည့်ခံပွဲကို တက်ရောက်ခြင်းမလုပ်ရပါ။

၇။ Conflict of Interest ဆိုတဲ့ မိသားစု၊ဆွေမျိုးတဦးတယောက်ကို အလုပ်ခန့်ချင်တယ်ဆိုရင် ဌါနအကြီးအကဲရဲ့အတည်ပြုချက်မရပဲ လုံးဝခန့်ခွင့်မရှိပါဘူး။

နောက်ပြီး ဝန်ကြီးဌာန၊အစိုးရရုံများရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လာဘ်ပေးလာဘ်ယူမှုကင်းအောင် အခုလိုဆောင်ရွက်ထားပါတယ်။

၁။ ဝန်ကြီးများနဲ့အစိုးရဝန်ထမ်းအားလုံးကို လုံလောက်တဲ့လစာ၊ခံစားခွင်တွေ ပေးထားတယ်။ အဲဒီတော့ မက်လောက်တဲ့လစာဝင်ငွေရနေသူတွေဟာ လာဘ်စားတာနဲ့အရေးယူခံရပြီး ထောင်ကျအလုပ်ပြုတ်မှာကို အရမ်းကြောက်ကြတယ်။ လာဘ်စားဖို့ဆိုတာ စဉ်းတောင်မစဉ်းစားရဲကြဘူး။

၂။ အခွန်အခဆောင်ခြင်း၊ ရေမီးမီတာခပေးခြင်း၊ တယ်လီဖုန်းဘီလ်ဆောင်ခြင်းစတာတွေကို ငွေသားဖြင့်ပေးချေခြင်းကို လက်မခံရပါ။ ငွေသွင်းမှုအားလုံးကို ချက်လက်မှတ်ဖြစ်စေ ဘဏ်ကဒ်ဖြင့်ဖြစ်စေ အင်တာနက်က on-liine bankingစံနစ်စသဖြင့်သာ ပေးချေရပါတယ်။ သဘောကတော့ ဝန်ထမ်းများကို ငွေသားကိုင်ခွင့်မရအောင် လုပ်ထားတာပါ။

၃။ လျှောက်လွှာတွေကို စားပွဲတစ်ခုကနေ နောက်စားပွဲတစ်ခု (သို့မဟုတ်) ရုံးတစ်ရုံးကနေ နောက်တစ်ရုံးသို့ ကူးပြောင်းစစ်ဆေးနေတဲ့စနစ်ကို ဖျက်သိမ်းလိုက်တယ်။ ရုံးတစ်ခုမှာ လုပ်ငန်းတခုအတွက် လုပ်စရာရှိရင် အဲဒီအတွက်ဘာစာရွက်စာတမ်းတွေ ဘယ်လိုလျှောက်လွှာတွေလိုမယ်၊ဘယ်နေရာကိုသွားရမယ်၊ ဘယ်အချိန်မှာအဖြေသိရမယ်ဆိုတဲ့ သတင်းအချက်အလက် information အပြည့်အစုံကို သက်ဆိုင်ရာရုံးတွေရဲ့websiteတွေမှာ အင်တာနက်online ကနေ ကြည့်လို့ရတယ်။ လိုအပ်တဲ့လျှောက်လွှာကိုလဲ အင်တာနက်ကနေ downloadကူးယူလုပ်ပြီး print ထုတ်လို့ရတယ်။ ဈေးဆိုင်ဖွင့်ချင်လို့ လုပ်ငန်းလိုင်စင်လျှောက်ရင်တောင် ရုံးကိုသွားစရာမလိုဘူး။ OBLS (Online Business Licensing Service)ဆိုတဲ့websiteကနေ လျှောက်လို့ရတယ်။ လိုင်စင်ကျလာရင် အင်တာနက်ကနေ print_outထုတ်ပြီး အလုပ်စလုပ်လို့ရပြီ။ သက်ဆိုင်ရာရုံးကိုတစ်ချက်မှ သွားစရာမလိုဘူး။

၄။ အစိုးရတင်ဒါခေါ်ရင်လည်း GeBiz (ယခုSESAMIလို့အမည်ပြောင်းထားတဲ့) အစိုးရ website မှာ တင်ထားပေးတယ်။ သတ်မှတ်ချက်ပြည့်မှီတဲ့ကုမ္ပဏီတိုင်း ဝင်လျှောက်ယှဉ်ပြိုင်ခွင့်ရှိတယ်။ ဘယ်ကုမ္ပဏီက တင်ဒါဒာနိုင်ရတယ်ဆိုတာလည်း GeBizမှာ ဝင်ကြည့်လို့ရတယ်။

၅။ လာဘ်ငွေတောင်းခံရရင် တိုင်ကြားနိုင်တဲ့ဖုံးနံပါတ်တွေကို သက်ဆိုင်ရာအစိုးရဋ္ဌါနတွေရဲ့website တွေမှာ အတိအလင်းကြေငြာပေးထားတယ်။ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေ မြန်ဆန်သွက်လက်အောင် အကြံပြုနိုင်တဲ့ အစိုးရ website တွေထားရှိပါတယ်။ ဘယ်သူမဆို အကြံပေးလို့ရတယ်။

၆။ နောက်တစ်ခုကလည်း ဘဏ်တွေဟာ လူတယောက်ရဲ့ငွေစာရင်းထဲကို ရုတ်တရက်ငွေတွေအများကြီးဝင်လာတာတွေ့ရင် CPIB ကို ချက်ခြင်းအကြောင်းကြားရတယ်။ CPIB ကလည်း အဲဒီငွေစာရင်းပိုင်ရှင်ကို စောင့်ကြည့်နေလိမ့်မယ်။ လိုအပ်ရင် သူ့ကို ခေါ်ယူစစ်မေးလိမ့်မယ်။

အဲဒီတော့ စင်္ကာပူမှာလာဘ်စားမှုနည်းတာ အဆန်းမဟုတ်ပါ။

မိတ်ဆွေအနေနဲ့တခုတော့ မေးချင်လိမ့်မယ်ထင်ပါတယ်။ စင်္ကာပူမှာ လာဘ်စားမှု လုံးဝကင်းသလားလားလို့။ စင်္ကာပူလူမျိုးတွေလဲ လူသားတွေပဲလေ။ လောဘနဲ့ ဘယ်ကင်းပါ့မလဲ။ ဒါပေမဲ့ချောက်တီးချောက်ချက်လောက်နဲ့တော့ မစားကြဘူး။ မိသွားရင်စားထားသမျှ ပြန်ပေးရတဲ့အပြင် ထောင်ဒဏ်၅နှစ်ဆိုတာကြီးကလဲ ကြောက်စရာကြီးကိုး။

ကျွန်တော် စင်္ကာပူမှာနေတဲ့ နှစ်အစိတ်လောက်အတွင်းမှာ လာဘ်စားမှုကြီး၃-၄မှုလောက်အကြောင်းပဲ သတင်းစာမှာ ဖတ်ရတယ်။ အစိုးရဝန်ထမ်းညွှန်ချုပ်လောက်အဆင့်ရှိသူတွေပါ။ စားတာတွေကလဲ နည်းနည်းနောနောမဟုတ်ဘူး။ စင်္ကာပူဒေါ်လာ၂သန်း-၃သန်းလောက်ရှိတယ်။ ကန်ထရိုက်ချပေးမယ်ဆိုပြီး ပိုက်ဆံယူတာ။ နိုင်ငံခြားကုမ္ပဏီတစ်ခုတောင် ပါသေးတယ်။ CPIBက စစ်လို့ လာဘ်စားတာသေချာပြီဆိုတာနဲ့ သူပိုင်တဲ့ကား၊ ဆိုင်ကယ်စတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ချက်ခြင်းသိမ်းတယ်။ သူပိုင်တဲ့ အိမ်၊ တိုက်ခန်းကိုလည်း ချက်ခြင်းချိတ်ပိတ်လိုက်တယ်။

ဘဏ်မှာသူအပ်ထားတဲငွေစာရင်းကိုပိတ်လိုက်တယ်။ တချို့က နိုင်ငံခြားကိုထွက်ပြေးတယ်။ အဲဒီနိုင်ငံတွေအထိ လိုက်သွားပြီး သူ့ကိုဖမ်းပြီး စင်္ကာပူကို ပြန်ခေါ်လာတယ်။ စင်္ကာပူဟာ အနောက်နိုင်ငံတွေနဲ့ ရာဇဝတ်မှုနဲ့ ထွက်ပြေးလာရင် မိခင်နိုင်ငံပြန်ပို့ဖို့ နိုင်ငံအချင်းချင်းစာချုပ်ချုပ်ထားတော့ ပြေးလဲပြန်အပို့ခံရတာပဲ။ စင်္ကာပူမှာ တရားရုံးတင်စစ်ခံရတယ်။ လာဘ်ငွေအချီကြီးစားတဲ့သူတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချအပြစ်ပေးတယ်။

ကဲ….ဘယ်သူတွေ လာဘ်စားရဲကြသေးလဲ။

ကျနော်တို့မြန်မာနိုင်ငံရဲ့လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေကို(ရှိခဲ့ရင်ပေါ့) စင်္ကာပူရဲ့ဥပဒေနဲ့နိူင်းယှဉ်ကြည့်လို့ရအောင် ရေးပေးလိုက်တာပါ။

မှတ်ချက်။

၁။ အချက်အလက်များကို CPIB အဖွဲ့ကြီးရဲ့ဒုတိယညွှန်ကြားရေးမှူး Koh Teck Hinရဲ့ အစီရင်ခံစာတစောင်မှ ရယူထားပါတယ်။
၂။ လာဘ်စားမှုကြီးများစွာကို အချိန်တိုအတွင်းဖေါ်ထုတ်နိုင်ခဲ့တဲ့ CPIBအဖွဲကြီးမှာ ဝန်ထမ်းစုစုပေါင်း(၇၅)ဦး ပဲရှိပါတယ်။
၃။ လာဘ်စားမှုတွေ့ပြီဆိုတာနဲ့ တရားရုံးမှာစတင်စစ်ဆေးချိန်ကနေ စီရင်ချက်ချတဲ့အချိန်အထိ ရုံးချိန်းတိုင်းမှာ အမှုစစ်ဆေးတာကို အစိုးရသတင်းစာကြီးမှာ နာမည်၊ ဓါတ်ပုံတွေနဲ့တကွ တောက်လျှောက်ဖေါ်ပြပေးတယ်။

ဗန်းမော်သိန်းဖေ

Leave a Reply