ေျခႏွစ္ဖက္မရွိေတာ့ေပမယ့္ ကမာၻ႔အျမင့္ဆုံးဧ၀ရက္ေတာင္ထိပ္ကုိ တက္ေရာက္ႏုိင္ခဲ့တဲ့ အသက္ ၆၉ႏွစ္အရြယ္အဘုိးအုိ

Posted on

သူကေတာ့ တရုတ္ႏုိင္ငံက အသက္ ၆၉ႏွစ္ရွိၿပီျဖစ္တဲ့ အဘုိးအုိ Xia Boyu ပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္က သူဟာ ဧ၀ရက္ေတာင္ထိပ္ကုိေအာင္ျမင္စြာ တက္ေရာက္ႏုိင္ခဲ့တာေၾကာင့္ ဧ၀ရက္ေတာင္ထိပ္ကုိ ေျခႏွစ္ဖက္မရွိပဲတက္ေရာက္ႏုိင္ခဲ့တဲ့ အသက္အႀကီးဆုံးသူျဖစ္လာပါတယ္။ ဒီေအာင္ျမင္မႈဟာ သူ႔ရဲ႕မေလွ်ာ့တဲ့ဇြဲေၾကာင့္ လုိ႔ဆုိရမွာပါ။ ဒီတစ္ႀကိမ္မတုိင္ခင္ လြန္ခဲ့တဲ့ အႏွစ္ ၄၀ခန္႔ကတည္းက သူဟာ ဧ၀ရက္ေတာင္ကို ပထမအႀကိမ္တက္ဖူးခဲ့ၿပီး သူ႔ရဲ႕ေျခႏွစ္ဖက္ကုိ ဆုံးရႈံးခဲ့ရသူျဖစ္ပါတယ္။

Xia Boyu ဟာ ဧ၀ရက္ေတာင္ကို ပထမဆုံးတက္ဖုိ႔ႀကဳိးစားခဲ့တာကေတာ့ ၁၉၇၅ခုႏွစ္မွာျဖစ္ပါတယ္။ အဲဒီတုန္းက သူဟာတရုတ္အစုိးရေစလႊတ္တဲ့ ေတာင္တက္အဖြဲ႔၀င္တစ္ေယာက္အေနနဲ႔ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ ေတာင္ထိပ္ကုိေရာက္လုနီးပါးျဖစ္ခဲ့ၿပီး ေတာင္ထိပ္ေရာက္ဖုိ႔ ေပ၈၀၀ခန္႔ အလုိမွာ သူတုိ႔အဖြဲ႔ဟာ ဆုိးရြားတဲ့မုန္တုိင္းနဲ႔ ႀကဳံေတြ႔ခဲ့ရပါတယ္။ ႏွစ္ရက္နဲ႔သုံးညတုိင္တုိင္ ေစာင့္ခဲ့ၾကေပမယ့္ ရာသီဥတုဟာ ပုိဆုိးလာတဲ့အတြက္ အားလုံးအသက္ရွင္ေစဖုိ႔ ေတာင္ထိပ္တက္မယ့္ အစီအစဥ္ကို လက္ေလွ်ာ့ခဲ့ၿပီး ျပန္ဆင္းခဲ့ရပါတယ္။

ဒီလုိေစာင့္ဆုိင္းေနတဲ့အခ်ိန္အတြင္းမွာ Xia Boyu ဟာ သူ႔ရဲ႕အိပ္ယာကုိ သူ႔ထက္အေျခအေနပုိဆုိးတဲ့ ေတာင္တက္သမားတစ္ေယာက္ကုိေပးၿပီး အိပ္ေစခဲ့ပါတယ္။ မေမွ်ာ္လင့္ပဲ သူ႔ရဲ႕ကူညီမႈဟာ သူ႔ကုိဒုကၡေရာက္ေစခဲ့ပါတယ္။ အေၾကာင္းကေတာ့ ဒီလုိကူညီမႈေၾကာင့္ သူဟာ ႏွင္းကုိက္နာကုိ ခံစားခဲ့ရၿပီး ေျခေထာက္ႏွစ္ဖက္စလုံးကုိ ျဖတ္ျပစ္ခဲ့ရလုိ႔ျဖစ္ပါတယ္။

၁၉၉၆ခုႏွစ္မွာေတာ့ သူ႔မွာ Lymphoma ေရာဂါ(ျပန္ရည္ေၾကာကင္ဆာ) ျဖစ္ေနတာကို စစ္ေဆးေတြ႔ရတဲ့အတြက္ အရင္က ေျခႏွစ္ဖက္စလုံးကုိ ဒူးေခါင္းေအာက္အထိ ထပ္ျဖတ္ရျပန္ပါတယ္။ ဒီလုိဆုိးရြားတဲ့ အေျခအေနမွာ သူဟာအနားယူသင့္ၿပီျဖစ္ေပမယ့္ သူ႔ရဲ႕အိပ္မက္ကုိမစြန္႔လႊတ္ခဲ့ပါဘူး။ သူဟာ ေျခတုႏွစ္ဖက္နဲ႔အတူ ပင္ပင္ပန္းပန္း ေလ့က်င့္ခန္းေတြကုိ ျပန္လုပ္ပါတယ္။ ဧ၀ရက္ေတာင္ထိပ္ကုိ မေရာက္ေရာက္ေအာင္တက္ႏုိင္ရမယ္ဆုိတဲ့ ဆႏၵကုိ ဆုပ္ကုိင္ရင္းနဲ႔ေပါ့။

ေတာက္ေလွ်ာက္ေရာဂါခံစားေနခဲ့ရေပမယ့္ ေလ့က်င့္ခန္္းေတြကုိ မေလွ်ာ့ပဲ ျပဳလုပ္ခဲ့တာေၾကာင့္ ေျခေထာက္ျဖတ္ရၿပီး ႏွစ္ေပါင္း ၄၀အၾကာမွာေတာ့ သူဟာ ေျခတုေတြနဲ႔ အတူပုံမွန္လူတစ္ေယာက္လုိ လႈပ္ရွားသြားလာႏုိင္ခဲ့ၿပီး ေတာင္တက္ဖုိ႔အဆင္သင့္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၄ခုႏွစ္မွာ သူဟာ ဧ၀ရက္ေတာင္ကုိ ေနာက္တစ္ႀကိမ္ျပန္တက္ခဲ့ပါတယ္။ ဒါေပမယ့္ ဆုိးရြားတဲ့ရာသီဥတုကုိ ထပ္မံႀကဳံေတြရျပန္တာေၾကာင့္ ျပန္လွည့္ခဲ့ရျပန္ပါတယ္။ ၂၀၁၅ခုႏွစ္မွာ ထပ္တက္ျပန္တယ္။ အလားတူပဲ ျပန္လွည့္ခဲ့ရပါတယ္။

၂၀၁၆ခုႏွစ္မွာေတာ့ အေလ်ာ့မေပးတဲ့သူဟာ ဧ၀ရက္ေတာင္ကို ေနာက္တစ္ႀကိမ္ထပ္တက္ျပန္ပါတယ္။ ဒီတစ္ခါမွာေတာ့ သူဟာ ေတာင္ထိပ္ကို ေရာက္ဖုိ႔ ေပ ၃၀၀ေက်ာ္အကြာအေ၀းအထိေရာက္ခဲ့ပါတယ္။ ကံဆုိးတယ္ပဲေျပာရမလား ။ ပထမအေခါက္ေတြတုန္းကလုိပဲ ဆုိးရြားတဲ့ရာသီဥတုနဲ႔ ထပ္ႀကဳံခဲ့ရၿပီး ေနာက္ျပန္လွည့္ခဲ့ရျပန္ပါတယ္။ ဆက္တုိက္ကံမေကာင္းခဲ့ေပမယ့္ သူကေတာ့ စိတ္ဓာတ္မက်ခဲ့ပါဘူး။
“ႏွစ္ေပါင္း ၄၀လုံးလုံး ကြ်န္ေတာ့္အိပ္မက္အတြက္ တုိက္ခိုက္ခဲ့တယ္။ အသက္ႀကီးလာၿပီျဖစ္လုိ႔ ကြ်န္ေတာ့္ကိုလက္ေလွ်ာ့ဖုိ႔ေျပာၾကေပမယ့္ ဘာအတြက္နဲ႔မွ ကြ်န္ေတာ္အေလ်ာ့ေပးမွာမဟုတ္ပါဘူး ၊ ကြ်န္ေတာ့္ပန္းတုိင္ကို မေရာက္ေရာက္ေအာင္သြားမွာပါ” လုိ႔ Xia Boyu က ဆုိပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ သူ႔ရဲ႕ေတာင္တက္ခရီးငါးႀကိမ္ေျမာက္အတြက္ ျပင္ဆင္ေနတုန္းမွာေတာ့ သူဟာစိတ္ဓာတ္က်ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ နီေပါအစုိးရဟာ ေျခႏွစ္ဖက္မရွိသူ နဲ႔ မ်က္မျမင္ေတြကို ေတာင္ေပၚတက္ေရာက္ခြင့္ ပိတ္ပင္လုိက္လို႔ျဖစ္ပါတယ္။ သူ႔ရဲ႕အိပ္မက္ကို မက္ခြင့္မရေတာ့ဘူးလုိ႔ Xia Boyu ထင္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ သူကံေကာင္းခဲ့ပါတယ္။ ၿပီးခဲ့တဲ့မတ္လက နီေပါအစုိးရက သူတုိ႔ထုတ္ျပန္ခဲ့တဲ့ ဥေပေဒသာ မသန္စြမ္းေတြအေပၚခြဲျခားသလုိျဖစ္တာေၾကာင့္ ပိတ္ပင္ထားတဲ့ ဥပေဒကို ျပန္ရုပ္သိမ္းခဲ့လုိ႔ျဖစ္ပါတယ္။

ဒါေၾကာင့္ Xia Boyu ဟာ ၿပီးခဲ့တဲ့ရက္က သူ႔ရဲ႕ငါးႀကိမ္ေျမာက္အျဖစ္ ဧ၀ရက္ေတာင္ကုိ တက္ခဲ့ပါတယ္။ ဒီတစ္ခါေတာ့ ရာသီဥတုက သူ႔ဘက္ကုိပါၿပီး သူကံေကာင္းပါတယ္။ သူ႔ရဲ႕မေလွ်ာ့တဲ့အႀကိမ္ႀကိမ္ႀကဳိးစားမႈေၾကာင့္ ေနာက္ဆုံးမွာေတာ့ ေပ ၂၉၀၀၀ေက်ာ္ျမင့္တဲ့ ဧ၀ရက္ေတာင္ထိပ္ဟာ သူ႔ရဲ႕ေျခေထာက္ေအာက္ကုိ ေရာက္ရွိခဲ့ရပါတယ္။ သူဟာ ဧ၀ရက္ေတာင္ထိပ္ကုိ ဒုတိယေျမာက္တက္ေရာက္ႏုိင္ခဲ့တဲ့ ေျခေထာက္ႏွစ္ဖက္မရွိသူျဖစ္ၿပီး သူ႔အရင္ ပထမတစ္ေယာက္ကေတာ့ ၂၀၀၆ခုႏွစ္တုန္းက တက္ေရာက္ခဲ့တဲ့ နယူးဇီလန္ႏုိင္ငံသား Mark Inglis ျဖစ္ပါတယ္။ Xia Boyu ကေတာ့ ေျခေထာက္ႏွစ္ဖက္မရွိပဲ ဧ၀ရက္ေတာင္ထိပ္ကိုတက္ေရာက္ခဲ့တဲ့ အသက္အႀကီးဆုံးပုဂၢဳိလ္အျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့ပါတယ္။

VIDEO

ေျခေထာက္မရွိေတာ့တဲ့ အသက္ ၆၉ႏွစ္ အဖုိးအုိတစ္ေယာက္ေတာင္ မေလွ်ာ့တမ္းႀကဳိးစားရင္ ဧ၀ရက္ေတာင္ထိပ္ကိုတက္ႏုိင္တယ္ ဆုိတာ Xia Boyu က သက္ေသျပခဲ့တာျဖစ္ပါတယ္။


ခြေနှစ်ဖက်မရှိတော့ပေမယ့် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသက် ၆၉နှစ်အရွယ်အဘိုးအို (unicode)

သူကတော့ တရုတ်နိုင်ငံက အသက် ၆၉နှစ်ရှိပြီဖြစ်တဲ့ အဘိုးအို Xia Boyu ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က သူဟာ ဧဝရက်တောင်ထိပ်ကိုအောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာကြောင့် ဧဝရက်တောင်ထိပ်ကို ခြေနှစ်ဖက်မရှိပဲတက်ရောက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးသူဖြစ်လာပါတယ်။ ဒီအောင်မြင်မှုဟာ သူ့ရဲ့မလျှော့တဲ့ဇွဲကြောင့် လို့ဆိုရမှာပါ။ ဒီတစ်ကြိမ်မတိုင်ခင် လွန်ခဲ့တဲ့ အနှစ် ၄ဝခန့်ကတည်းက သူဟာ ဧဝရက်တောင်ကို ပထမအကြိမ်တက်ဖူးခဲ့ပြီး သူ့ရဲ့ခြေနှစ်ဖက်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။

Xia Boyu ဟာ ဧဝရက်တောင်ကို ပထမဆုံးတက်ဖို့ကြိုးစားခဲ့တာကတော့ ၁၉၇၅ခုနှစ်မှာဖြစ်ပါတယ်။ အဲဒီတုန်းက သူဟာတရုတ်အစိုးရစေလွှတ်တဲ့ တောင်တက်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တောင်ထိပ်ကိုရောက်လုနီးပါးဖြစ်ခဲ့ပြီး တောင်ထိပ်ရောက်ဖို့ ပေ၈၀ဝခန့် အလိုမှာ သူတို့အဖွဲ့ဟာ ဆိုးရွားတဲ့မုန်တိုင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နှစ်ရက်နဲ့သုံးညတိုင်တိုင် စောင့်ခဲ့ကြပေမယ့် ရာသီဥတုဟာ ပိုဆိုးလာတဲ့အတွက် အားလုံးအသက်ရှင်စေဖို့ တောင်ထိပ်တက်မယ့် အစီအစဉ်ကို လက်လျှော့ခဲ့ပြီး ပြန်ဆင်းခဲ့ရပါတယ်။

ဒီလိုစောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ Xia Boyu ဟာ သူ့ရဲ့အိပ်ယာကို သူ့ထက်အခြေအနေပိုဆိုးတဲ့ တောင်တက်သမားတစ်ယောက်ကိုပေးပြီး အိပ်စေခဲ့ပါတယ်။ မမျှော်လင့်ပဲ သူ့ရဲ့ကူညီမှုဟာ သူ့ကိုဒုက္ခရောက်စေခဲ့ပါတယ်။ အကြောင်းကတော့ ဒီလိုကူညီမှုကြောင့် သူဟာ နှင်းကိုက်နာကို ခံစားခဲ့ရပြီး ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်ပြစ်ခဲ့ရလို့ဖြစ်ပါတယ်။

၁၉၉၆ခုနှစ်မှာတော့ သူ့မှာ Lymphoma ရောဂါ(ပြန်ရည်ကြောကင်ဆာ) ဖြစ်နေတာကို စစ်ဆေးတွေ့ရတဲ့အတွက် အရင်က ခြေနှစ်ဖက်စလုံးကို ဒူးခေါင်းအောက်အထိ ထပ်ဖြတ်ရပြန်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေမှာ သူဟာအနားယူသင့်ပြီဖြစ်ပေမယ့် သူ့ရဲ့အိပ်မက်ကိုမစွန့်လွှတ်ခဲ့ပါဘူး။ သူဟာ ခြေတုနှစ်ဖက်နဲ့အတူ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းတွေကို ပြန်လုပ်ပါတယ်။ ဧဝရက်တောင်ထိပ်ကို မရောက်ရောက်အောင်တက်နိုင်ရမယ်ဆိုတဲ့ ဆန္ဒကို ဆုပ်ကိုင်ရင်းနဲ့ပေါ့။

တောက်လျှောက်ရောဂါခံစားနေခဲ့ရပေမယ့် လေ့ကျင့်ခန်းတွေကို မလျှော့ပဲ ပြုလုပ်ခဲ့တာကြောင့် ခြေထောက်ဖြတ်ရပြီး နှစ်ပေါင်း ၄ဝအကြာမှာတော့ သူဟာ ခြေတုတွေနဲ့ အတူပုံမှန်လူတစ်ယောက်လို လှုပ်ရှားသွားလာနိုင်ခဲ့ပြီး တောင်တက်ဖို့အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၄ခုနှစ်မှာ သူဟာ ဧဝရက်တောင်ကို နောက်တစ်ကြိမ်ပြန်တက်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရာသီဥတုကို ထပ်မံကြုံတွေရပြန်တာကြောင့် ပြန်လှည့်ခဲ့ရပြန်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ထပ်တက်ပြန်တယ်။ အလားတူပဲ ပြန်လှည့်ခဲ့ရပါတယ်။

၂၀၁၆ခုနှစ်မှာတော့ အလျော့မပေးတဲ့သူဟာ ဧဝရက်တောင်ကို နောက်တစ်ကြိမ်ထပ်တက်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူဟာ တောင်ထိပ်ကို ရောက်ဖို့ ပေ ၃၀၀ကျော်အကွာအဝေးအထိရောက်ခဲ့ပါတယ်။ ကံဆိုးတယ်ပဲပြောရမလား ။ ပထမအခေါက်တွေတုန်းကလိုပဲ ဆိုးရွားတဲ့ရာသီဥတုနဲ့ ထပ်ကြုံခဲ့ရပြီး နောက်ပြန်လှည့်ခဲ့ရပြန်ပါတယ်။ ဆက်တိုက်ကံမကောင်းခဲ့ပေမယ့် သူကတော့ စိတ်ဓာတ်မကျခဲ့ပါဘူး။
“နှစ်ပေါင်း ၄ဝလုံးလုံး ကျွန်တော့်အိပ်မက်အတွက် တိုက်ခိုက်ခဲ့တယ်။ အသက်ကြီးလာပြီဖြစ်လို့ ကျွန်တော့်ကိုလက်လျှော့ဖို့ပြောကြပေမယ့် ဘာအတွက်နဲ့မှ ကျွန်တော်အလျော့ပေးမှာမဟုတ်ပါဘူး ၊ ကျွန်တော့်ပန်းတိုင်ကို မရောက်ရောက်အောင်သွားမှာပါ” လို့ Xia Boyu က ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် သူ့ရဲ့တောင်တက်ခရီးငါးကြိမ်မြောက်အတွက် ပြင်ဆင်နေတုန်းမှာတော့ သူဟာစိတ်ဓာတ်ကျခဲ့ရပါတယ်။ အကြောင်းကတော့ နီပေါအစိုးရဟာ ခြေနှစ်ဖက်မရှိသူ နဲ့ မျက်မမြင်တွေကို တောင်ပေါ်တက်ရောက်ခွင့် ပိတ်ပင်လိုက်လို့ဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကို မက်ခွင့်မရတော့ဘူးလို့ Xia Boyu ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူကံကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လက နီပေါအစိုးရက သူတို့ထုတ်ပြန်ခဲ့တဲ့ ဥပေဒေသာ မသန်စွမ်းတွေအပေါ်ခွဲခြားသလိုဖြစ်တာကြောင့် ပိတ်ပင်ထားတဲ့ ဥပဒေကို ပြန်ရုပ်သိမ်းခဲ့လို့ဖြစ်ပါတယ်။

ဒါကြောင့် Xia Boyu ဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ငါးကြိမ်မြောက်အဖြစ် ဧဝရက်တောင်ကို တက်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ရာသီဥတုက သူ့ဘက်ကိုပါပြီး သူကံကောင်းပါတယ်။ သူ့ရဲ့မလျှော့တဲ့အကြိမ်ကြိမ်ကြိုးစားမှုကြောင့် နောက်ဆုံးမှာတော့ ပေ ၂၉၀၀၀ကျော်မြင့်တဲ့ ဧဝရက်တောင်ထိပ်ဟာ သူ့ရဲ့ခြေထောက်အောက်ကို ရောက်ရှိခဲ့ရပါတယ်။ သူဟာ ဧဝရက်တောင်ထိပ်ကို ဒုတိယမြောက်တက်ရောက်နိုင်ခဲ့တဲ့ ခြေထောက်နှစ်ဖက်မရှိသူဖြစ်ပြီး သူ့အရင် ပထမတစ်ယောက်ကတော့ ၂၀၀၆ခုနှစ်တုန်းက တက်ရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံသား Mark Inglis ဖြစ်ပါတယ်။ Xia Boyu ကတော့ ခြေထောက်နှစ်ဖက်မရှိပဲ ဧဝရက်တောင်ထိပ်ကိုတက်ရောက်ခဲ့တဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ခြေထောက်မရှိတော့တဲ့ အသက် ၆၉နှစ် အဖိုးအိုတစ်ယောက်တောင် မလျှော့တမ်းကြိုးစားရင် ဧဝရက်တောင်ထိပ်ကိုတက်နိုင်တယ် ဆိုတာ Xia Boyu က သက်သေပြခဲ့တာဖြစ်ပါတယ်။

Leave a Reply