ကမာၻတလႊားက ဧရာမ ယာဥ္သခၤ်ဳိင္းႀကီးမ်ား

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ေမာ္ေတာ္ဆိုင္ကယ္၊ ေမာ္ေတာ္ကား၊ မီးရထား၊ သေဘၤာ၊ ေလယာဥ္စသည့္ သယ္ယူပို႕ေဆာင္ေရး ယာဥ္မ်ားကို ကမၻာ့ႏိုင္ငံ အသီးသီးတြင္ ႏွစ္ကာလရွည္ၾကာကတည္းက အသုံးျပဳခဲ့ၾကၿပီးေနာက္ ေဟာင္းႏြမ္းပ်က္စီးလာေသာယာဥ္အိုယာဥ္ေဟာင္းမ်ားအား သံရည္ႀကိဳပစ္ေလ့ရွိၾကသည္။ယင္းတို႔ကို မဖ်က္ဆီးမီ တစ္ေနရာရာတြင္ စုပုံထားၾကရာမွ သံေခ်းမ်ား တက္ကာ တစ္စတစ္စ ပ်က္စီး သြားၾကသည္လည္းရွိသည္။ ထိုသို႕ ပ်က္စီးေနသည့္ ယာဥ္မ်ားသည္ တစ္ခါတစ္ရံတြင္ ထူးျခားေသာ ျမင္ကြင္းမ်ားျဖစ္လာၾကသည့္ အျပင္ အႀကီးစားယာဥ္မ်ားအား စုပုံထားသည့္ အခ်ိဳ႕ေသာယာဥ္သခၤ်ဳိင္းမ်ားသည္ ဆန္းျပားေသာ ျဖစ္ရပ္မ်ားေၾကာင့္ လူသိမ်ား ထင္ရွားခဲ့ရေပသည္။

၁၀။ ဘိုလီဗီးယား မီးရထား သခၤ်ဳိင္း (Bolivia’s Train Graveyard)

ဘိုလီဗီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း အင္ဒီးစ္ ေတာင္တန္းအျမင့္ပိုင္းတြင္ ကမၻာ့အႀကီးဆုံး ဆားက်င္း စလာဒီအူယူနီ ရွိသည္။ ၁၈၈၈ ခုႏွစ္က ထိုေဒသတြင္ သတၳဳတြင္းလုပ္ငန္းမ်ား တဟုန္ထိုးဖြံ႕ၿဖိဳးလာခဲ့သျဖင့္ ပစိဖိတ္သမုဒၵရာ ေအာက္ပိုင္းေဒသမ်ား အထိ ေရာက္ရွိမည့္ ရထားလမ္းမ်ား ေဖာက္လုပ္ရန္ ၿဗိတိသွ် အင္ဂ်င္နီယာမ်ားအား ဖိတ္ေခၚခဲ့သည္။ မီးရထားလမ္းမ်ားသည္ ယင္းတို႔၏ လူမႈဘ၀မ်ားအား ၿခိမ္းေျခာက္မႈတစ္ရပ္ဟု ထင္ျမင္ခဲ့ၾကသည့္ ေဒသခံ အမ္ရာမာ တိုင္းရင္းသားမ်ားသည္ ရထားလမ္း ေဖာက္ လုပ္ေရးလုပ္ငန္းကို အမ်ိဳးမ်ိဳး အေႏွာက္အယွက္ျပဳခဲ့သျဖင့္ ရထားလမ္းမ်ားသည္ ၁၈၉၂ ခုႏွစ္မွ ၿပီးစီးခဲ့သည္။

သို႕ေသာ္လည္း ၁၉၄၀ ျပည့္ႏွစ္တြင္ ေဒသ သတၳဳထူးေဖာ္ေရးစီးပြားလုပ္ငန္း ၿပိဳလဲခဲ့ရာ ၿဗိတိသွ်တို႔ ေဖာက္လုပ္ခဲ့ေသာ ရထားလမ္းမ်ားသည္ အသုံးမ၀င္ဘဲ ျဖစ္ခဲ့ရသည္။ထို႕ေၾကာင့္ ေရေႏြးေငြသုံးရထားစက္ေခါင္းမ်ားသည္ ဆားကြင္းမ်ားေပၚ တြင္စြန္႕ ပစ္ထားျခင္းခံၾကရသည္။ ယခုအခါတြင္ အဆိုပါ စြန္႔ပစ္ထားေသာ သံေခ်းမ်ားတက္ေနသည့္ရထားေခါင္းမ်ားသည္ ထူးျခားေသာ ျမင္ကြင္းတစ္ရပ္ျဖစ္လာခဲ့သည္။

ၿဗိတိန္ႏိုင္ငံတြင္ ထုတ္လုပ္ခဲ့သည့္ ရထားေခါင္းအမ်ားစုသည္ ကႏၱာရ ေနအပူေအာက္တြင္ မီးျမွိဳက္ သည္ ခိုးယူျခင္းခံခဲ့ၾကရသည္။ထို႕ေၾကာင့္အခြံသာက်န္ေတာ့သည့္ ရထားေခါင္း အစိတ္အပိုင္းမ်ားသည္ ေနရာအႏွံ႕ျပန္႕ႀကဲလ်က္ရွိ ေနသျဖင့္ ထိုျမင္ကြင္းကိုပင္ ရထားသခၤ်ဳိင္းတစ္ခုမွ ျပတိုက္တစ္ခုအျဖစ္သို႕ ေျပာင္းလဲရန္စီစဥ္လ်က္ရွိသည္။ ဤသို႔ျဖင့္တခ်ိန္က အသုံး ျပဳခဲ့သည့္ မီးရထားမ်ားသည္ ေဒသခံလူသားမ်ား ႏွင့္ အနီးပတ္၀န္းက်င္တြင္ သနားစဖြယ္ျဖစ္ေနၾကရေပသည္။

၉။ ေတာတြင္းကားသခၤ်ဳိင္း (Chatillon Forest Car Graveyard)

မႀကာမီက ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ခ်က္တီလံၿမိဳ႕ေလးအနီးရွိ ေတာနက္တြင္းမွ ကားစီးေရ ငါးရာေက်ာ္ရွိသည့္ ကားသခၤ်ဳိင္း ၄ ခုကို ေတြ႕ရွိခဲ့ရသည္။ကားမ်ားသည္ ေမွာ္ပင္မ်ားရစ္ပတ္လ်က္ သံေခ်းမ်ားတက္ေနၾကသည္။ ထိုေတာနက္အတြင္း သို႕ကားမ်ား ေရာက္ရွိေနျခင္းကို အမ်ိဳးမ်ိဳးေျပာဆိုၾကသည္။ အမ်ားစုက ယင္းကားသခၤ်ဳိင္းမ်ားသည္ ဒုတိယ ကမာၻစစ္အၿပီးတြင္ ေရာက္္ရွိလာခဲ့ သည္ဟုယူဆထား ၾကသည္။

စစ္ၿပီးခ်ိန္တြင္ အေမရိကန္စစ္သားမ်ားသည္ ယင္းတို႔၏ ေမာ္ေတာ္ယာဥ္မ်ားကို အေမရိကန္ႏိုင္ငံသို႔ သေဘၤာမ်ားျဖင့္ ျပန္လည္ တင္ပို႕ရန္ မလုပ္ႏိုင္ၾကေတာ့သျဖင့္ ေမာ္ေတာ္ယာဥ္မ်ားကို ေတာအတြင္းစြန္႕ပစ္ခဲ့ၾကသည္။ ႏွစ္အတန္ ၾကာလာခ်ိန္တြင္ ေမာ္ေတာ္ ယာဥ္မ်ားက တစ္စတစ္စ မ်ားျပား လာခဲ့သည္။ အခ်ိဳ႕ကလည္း စြန္႔ပစ္ခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားသည္ တိုလီမုတ္စအၾကြင္းအက်န္ မ်ားသာျဖစ္သည္ဟု ထင္မွတ္ထားၾကသည္။

ေမာ္ေတာ္ကား အမ်ားစုသည္ ၁၉၅၀ ႏွင့္ ၁၉၆၀ ျပည့္ႏွစ္ထုတ္ကားမ်ားျဖစ္ၾကသည္။ ထိုေမာ္ေတာ္ကားမ်ားကို အလြယ္ တကူစြန္႔ပစ္ထားသျဖင့္ ကားပစၥည္း စုေဆာင္းသူမ်ား၊ အမွတ္တရပစၥည္း တိုလီမိုလီ ရွာေဖြၾကသူမ်ား၏ လက္ခ်က္ေၾကာင့္ အမ်ား အားျဖင့္ ေမာ္ေတာ္ကားမ်ား၏ အစိတ္အပိုင္းမ်ား မရွိေတာ့ေခ်။ ၂၀၁၀ ျပည့္ႏွစ္တြင္ ပတ္၀န္းက်င္ဆိုင္ရာ စိုးရိမ္ပူပန္မႈမ်ားေၾကာင့္ ယင္းကားသခၤ်ဳိင္းအား ရွင္းလင္းခဲ့သည့္တိုင္ ကားသခၤ်ဳိင္း၏ အံ့ႀသဖြယ္ ဓာတ္ပုံမ်ားသည္မ်ားစြာ က်န္ရွိေနခဲ့ေပသည္။

၈။ ကားပစၥည္း သခၤ်ဳိင္း (Oranjemund Diamond Vehicle Scrapyard)

နမ္မီးဘီးယားႏိုင္ငံ အိုရန္ဂ်ီမန္ ၿမိဳ႕ငယ္ေလးသည္ နမ္မီးဘီးယားအစိုးရႏွင့္ အက်ိဳးတူ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္ နမ္ဒက္ကုမၸဏီပိုင္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ အိုရန္ဂ်ီမန္ ၿမိဳ႕သည္ လိမ္ေမၼာ္ေရာင္ျမစ္၀အနီးတြင္တည္ရွိေနၿပီး စိန္တြင္းမ်ားလည္း တည္ရွိသည္။ စိန္တူးေဖာ္ေရးလုပ္သားမ်ားေနထိုင္ရန္ အိမ္မ်ားေဆာက္လုပ္ထားသည့္ ေနရာအား လုံၿခဳံေရး တင္းၾကပ္စြာခ်ထားကာ လက္နက္ကိုင္မ်ားက အၿမဲကင္းလွည့္ေနသည္။

မည္သူမဆို စိန္တစ္ပြင့္ကို လက္၀ယ္ တရားမ၀င္ ေတြ႕ရွိပါက ေထာင္ဒဏ္ ၁၅ ႏွစ္ က်ခံရမည္ဟု ဥပေဒသတ္မွတ္ထားေသာ္လည္း စိန္တြင္းလုပ္သားမ်ားသည္ စိန္ပြင့္မ်ားကို နည္းမ်ိဳးစုံျဖင့္ ခိုးထုတ္ၾကသည္။ ႏွာေခါင္း ေပါက္မ်ားထဲသို႔ ထည့္၍ ခိုးယူၾကသကဲ့သို႕ လက္လုပ္ တုရြင္းျပားမ်ားျဖင့္ ၿခံအျပင္သို႕ ေကာ္ထုတ္တတ္ၾကသည္။ တစ္ခါက စိန္မ်ား အျပည့္ထည့္ထားသည့္ ဂ်ာကင္အကၤ်ီကုိ ၀တ္ထားေပးေသာ အိမ္ေမြးခိုတစ္ေကာင္ကိုပင္ ဖမ္းဆီးရမိခဲ့ဖူးသည္။

အိုရန္ဂ်ီမန္ၿမိဳ႕သည္ အေမရိကန္စစ္တပ္မွလြဲ၍ ကမၻာ့အႀကီးဆုံး ေမာ္ေတာ္ယာဥ္မ်ားရွိသည့္ ႏိုင္ငံျဖစ္သည္။ တစ္ခါက သတၳဳ တြင္းနယ္ေျမအတြင္းသို႕ စိန္မ်ားေမွာင္ခို ခိုးထုတ္ရန္ ယာဥ္တစ္စီး ၀င္လာခဲ့ဖူးသျဖင့္ ယင္းေမာ္ေတာ္ယာဥ္အား ျပန္ထြက္ခြာခြင့္ မျပဳ ဘဲ ဖမ္းဆီးထိန္းသိမ္းထားခဲ့သည္။သတၱဳတြင္းဧရိယာအတြင္း သံေခ်းမ်ားတက္ေနသည့္ ယႏၱရားယာဥ္မ်ားရွိေနသည္။ အခ်ိဳ႕သည္ ဒုတိယ ကမာၻစစ္ အတြင္းက အသုံးျပဳခဲ့ေသာ တင့္ကားမ်ားအပါအ၀င္ ၁၉၂၀ ျပည့္ႏွစ္က ထုတ္လုပ္ခဲ့ေသာ ေမာ္ေတာ္ယာဥ္မ်ားျဖစ္ ၾကသည္။ ထိုတင့္ကားမ်ားကို တစ္ခါက စိန္တြင္းတူးေဖာ္ရာ၌ ေျမႀကီးမ်ားတူးထုတ္ရန္ သုံးခဲ့ၾကသည္။ ယခုအခါတြင္ နမ္ဒက္ကုမၸဏီ က ယင္းယာဥ္မ်ား ကို ၀င့္ႀကြားစြာ ျပသလ်က္ ဂုဏ္ယူေလ့ရွိၾကသည္။သို႔ေသာ္လည္း ယာဥ္အိုယာဥ္ေဟာင္းမ်ားအား ဓာတ္ပုံရိုက္ ကူးခြင့္ မျပဳပါေခ်။

၇။ သေဘၤာသခၤ်ဳိင္း (Nouadhibou Ship Graveyard)

လူဦးေရ တစ္သိန္းနီးပါးေနထိုင္လ်က္ရွိသည့္ နိအာဒီေဘာင္(Nouadhibou) ၿမိဳ႕သည္ ကမာၻေပၚတြင္ အဆင္းရဲဆုံးႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ေသာ ေမာရစ္သွ်ႏိုင္ငံ၏ ဒုတိယအႀကီးဆုံး ၿမိဳ႕ျဖစ္သည္။ နိုအာဒီေဘာင္ ဆိပ္ကမ္းသည္ ႀကီးမားက်ယ္ျပန္႕ေသာ ပင္လယ္ေအာ္၀တြင္ရွိေနၿပီးအတၱလန္တိတ္ သမုဒၵရာကို ျဖတ္သန္းလာေသာ သေဘၤာမ်ားအတြက္ အကာအကြယ္ အေကာင္းဆုံး နားခိုရာ ေနရာတစ္ခုျဖစ္သည္။ ထို႕အတူပင္ ကမၻာ့ အေကာင္းဆုံး ငါးဖမ္းနယ္ေျမအခ်ိဳ႕၏ ၀င္ေပါက္လည္းျဖစ္သည္။

နိုအာဒီေဘာင္ အနီးတြင္ သံထုတ္လုပ္မႈ လုပ္ငန္းရွိၿပီး ယင္းဆိပ္ကမ္းမွပင္ သံမ်ားကို ျပည္ပသို႔ပို႕ေဆာင္ေပးသည္။ ၁၉၈၀ ျပည့္ႏွစ္မ်ားတြင္ ေဒသခံမ်ားသည္ ယင္းတို႕၏ ေခတ္မမီေတာ့သည့္ ေရယာဥ္မ်ားကို ေရတိမ္ေဒသမ်ားတြင္ စြန္႔ပစ္ ရန္ အားထုတ္ခဲ့ၾကသည္။ မႀကာမီမွာပင္ ႏုိအာဒီေဘာင္တြင္ သေဘၤာေဟာင္းမ်ားစုပုံလာခဲ့သည္။ ေဒသခံ အာဏာပိုင္မ်ားက ႏိုအာဒီ ေဘာင္အျပင္ အျခားႏိုင္ငံမ်ားမွ သေဘၤာေဟာင္းမ်ား လာေရာက္စြန္႕ပစ္ျခင္းကို ခြင့္ျပဳခဲ့သည္။

စြန္႕ပစ္ယာဥ္မ်ားတြင္ငါးဖမ္းေလွ မွ သည္ ေရတပ္သုံး တိုက္ေရယာဥ္ေဟာင္းမ်ားအထိ ပါ၀င္လာခဲ့ရာ ယခုအခါတြင္ နိုအာဒီေဘာင္သည္ သံေခ်းတက္ သေဘၤာမ်ား အေျမာက္အျမား စုေ၀းေနသည့္ ေနရာျဖစ္လာခဲ့သည္။ ယင္းတို႔ထဲတြင္ ၂၀၀၃ ခုႏွစ္က နစ္ျမဳပ္ခဲ့ေသာ အႀကီးဆုံးငါးဖမ္းယာဥ္ United Malika လည္း ပါ၀င္သည္။ ယခုအခါတြင္နစ္ျမဳပ္ေရယာဥ္စြန္႔ပစ္မႈမ်ား မ်ားျပားလာသျဖင့္ အာဏာပိုင္မ်ားက တားဆီးမႈမ်ားျပဳလုပ္ေနေသာ္လည္း ေရယာဥ္မ်ားလာေရာက္စြန္႔ပစ္မႈက မ်ားျပားေနဆဲျဖစ္သည္။

၆။ ဆိုဗီယက္ ေရငုပ္သေဘၤာသခၤ်ဳိင္း(Soviet Submarines on the Kola Peninsula)

ရုရွႏိုင္ငံ ေျမာက္ဖ်ား၊ အာတိတ္စက္၀ိုင္းအတြင္းရွိ ေနဇာမီနာညာ ပင္လယ္ေကြ႕တြင္ ဆိုဗီယက္တို႔၏ ေရငုပ္သေဘၤာသခၤ်ဳိင္း တစ္ခုရွိသည္။ ၁၉၇၀ ျပည့္ႏွစ္မ်ားမွစ၍ ႏ်ဴကလီးယားေလာင္စာသုံး ေရငုပ္သေဘၤာမ်ားအပါအ၀င္ စစ္သေဘၤာမ်ားအား ရုရွားႏိုင္ငံ၏ သီးျခားနယ္ေျမတစ္ခုျဖစ္သည့္ ကိုလာကၽြန္းဆြယ္တြင္ စြန္႔ပစ္ခဲ့သည္။ ရုရွ သေဘၤာက်င္းမ်ားသည္ ေရငုပ္သေဘၤာအသစ္မ်ားတည္ ေဆာက္ႏိုင္ရန္အတြက္ မအားမလပ္ျဖစ္ေနေလ့ရွိသည့္အတြက္ ေရငုပ္ အေဟာင္းမ်ားအား ျပန္လည္မြမ္းမံျပင္ဆင္ရန္ အေလးဂရု မမူခဲ့ၾကပါေခ်။

ရုရွားတို႔၏ ေရငုပ္သေဘၤာ သခၤ်ဳိင္းေနရာသို႕ ခြင့္ျပဳခ်က္မရရွိဘဲ သြားေရာက္ခြင့္ကို တားျမစ္ထားသည္။ ရုရွားအစိုးရက ယင္းေနရာႏွင့္ ပတ္သက္သည့္ သတင္းထုတ္ျပန္မႈကိုကန္႔သတ္ထားသည္။ ၁၉၉၀ ျပည့္ႏွစ္မ်ားတြင္ ေရထုညစ္ညမ္းမႈ စိုးရိမ္ပူပန္မႈမ်ား ထြက္ေပၚလာစဥ္ ရုရွားတို႔က ေရငုပ္သေဘၤာအခ်ိ ဳ႕အား ဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့သည္။ ေကာင္းကင္မွ ရိုက္ကူး ျပသထားသည့္ အင္တာနက္ Google Earth တြင္ အနည္းဆုံး ေရငုပ္သေဘၤာ ခုနစ္စီးကိုျမင္ႏိုင္ၾကေပသည္။

၅။ ဘာရီ ယာဥ္ဖ်က္ကြင္း (Barry Scrapyard)

၁၉၅၅ ခုႏွစ္တြင္ ၿဗိတိန္ႏိုင္ငံ၏ အမ်ားပိုင္ မီးရထားလုပ္ငန္းက သက္တမ္းလြန္ ယာဥ္မ်ားအားတစ္စစီ ျဖဳတ္သိမ္းရန္ အစီ အစဥ္ တစ္ရပ္ကိုက်ယ္ျပန္႔စြာေဆာင္ရြက္ရန္ ေၾကညာခဲ့သည္။ ယင္းအစီအစဥ္တြင္ ပိုလွ်ံေနသည့္ ကုန္တြဲ ၆၅၀၀၀၀ ႏွင့္ ေရေႏြးေငြ႕သုံး မီးရထားစက္ေခါင္း ၁၆၀၀၀ ပါ၀င္သည္။ ထိုယာဥ္မ်ားအား ဖ်က္သိမ္းမည့္ တာ၀န္အား ၿဗိတိသွ် မီးရထား လုပ္ငန္းတစ္ခုတည္းက ေဆာင္ရြက္ရန္ အေရအတြက္မ်ားလြန္းေနသျဖင့္ ရထားတြဲအမ်ားအျပားအား ပုဂၢလိက ဖ်က္ကြင္းမ်ားသို႕ေရာင္းခ်ခဲ့သည္။

ယင္းတို႕ အနက္ ေ၀လနယ္ေတာင္ပိုင္း၊ ဘာရီ ေဒသရွိ ၀ုဒ္ဟမ္ဘရားသားစ္ ယာဥ္ဖ်က္က်င္းလည္း ပါ၀င္ခဲ့သည္။ ၀ုဒ္ဟမ္ဘရားသားစ္ ယာဥ္ ဖ်က္လုပ္ငန္းသည္ အေစာပိုင္းကာလမ်ားတြင္ ေရေႏြးေငြ႕ စြမ္းအင္သုံး မီးရထားေခါင္းမ်ားအား တစ္စစီ ျဖတ္ေတာက္ၿပီး ဘာရီသို႕ သယ္ယူခဲ့ ေသာ္ လည္း ၁၉၆၅ ခုႏွစ္ ေႏြဦးမွစ၍ ဖ်က္သိမ္းမည့္ ယာဥ္မ်ားအား ဒလိမ့္ တုံးမ်ားတြင္တင္လ်က္ မျဖတ္မေတာက္ဘဲ ယာဥ္ဖ်က္ကြင္းသို႕ အစင္းလိုက္သယ္ယူခဲ့သည္။

ထိုသို႔သယ္ယူလာေသာ သံေခ်းမ်ားတက္ေနသည့္ မီးရထားစက္ေခါင္းမ်ားအား ေလဟာျပင္ထဲတြင္ ထားရွိရာမွ ဘာရီ ယာဥ္ဖ်က္ကြင္းသည္ ထင္ရွားေသာ ခရီးသြားနယ္ေျမတစ္ခုျဖစ္လာခဲ့သည္။ ၀ုဒ္ဟမ္ဘရားသားစ္ ယာဥ္ဖ်က္ကြင္းသည္ ရွားပါးစက္ ေခါင္းမ်ားကို ေကာင္းမြန္စြာ ထိန္းသိမ္းထားေသာ ရထားလမ္းမ်ားေပၚတြင္ ေျပးဆြဲႏိုင္ရန္ စီစဥ္ေဆာင္ရြက္ခဲ့သည္။ ၁၉၆၈ ခုႏွစ္ ၊ စက္တင္ဘာလတြင္ ျပန္လည္ျပင္ဆင္ထားသည့္ ပထမဦးဆုံးေသာမီးရထားစက္ေခါင္းသည္ ယာဥ္ဖ်က္ကြင္းမွ ထြက္ခြါႏိုင္ခဲ့ၿပီး ၁၉၇၀ ႏွစ္မ်ားတြင္ ရထားေခါင္းမ်ားစြာသည္ ဖ်က္သိမ္းမႈမွ လြတ္ေျမာက္ခဲ့ၾကသည္။

ယာဥ္ဖ်က္ကြင္းမွ ၂၁၃ စင္းေျမာက္ ထြက္ခြါ ႏိုင္ခဲ့ေသာ ရထားသည္ ၂၀၁၃ ခုႏွစ္ မတ္လတြင္ ဖ်က္ကြင္းျပင္ပသို႕ ေရာက္ရွိခဲ့သည္။ယခုအခါတြင္၀ုဒ္ဟမ္ဘရားသားစ္ ယာဥ္ဖ်က္ကြင္းမွ ျပဳျပင္ထိန္းသိမ္းထားသည့္ ေရေႏြးေငြ႕စြမ္းအားသုံး မီးရထားစက္ေခါင္းမ်ားအား ၿဗိတိန္ႏိုင္ငံရထားလမ္းမ်ား ေပၚတြင္ ေမာင္းႏွင္ခုတ္ေမာင္းေနသည္ကို ျမင္ႏိုင္ၾကေပသည္။

၄။ နယူးေယာက္ ေမာ္ေတာ္ဆိုင္ကယ္ သခၤ်ဳိင္း (Motorcycle Graveyard in Upstate New York)

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕၊ အာရီ တူးေျမာင္းေဘးတြင္ အိုမင္းေနသည့္ ေမာ္ေတာ္ဆိုင္ကယ္သိုေလွာင္ရုံ တစ္ခုရွိ သည္။ ယင္းသိုေလွာင္ရုံကို တစ္ခ်ိန္က ခိုးလ္ ဟု အမည္ရွိသည့္ ေမာ္ေတာ္ဆိုင္ကယ္ ေရာင္းသမားတစ္ဦး ပိုင္ဆိုင္ခဲ့သည္။ ခိုးလ္ သည္ သူ႕ဘ၀တစ္ေလ်ာက္လုံး ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းအ၀ယ္လုပ္ငန္းကိုသာ လုပ္ကိုင္ခဲ့ၿပီး ေစ်းသက္သာေသာ ဂ်ပန္ဆိုင္ ကယ္မ်ားႏွင့္ ေခတ္ကုန္သြားၿပီျဖစ္ေသာ ဆိုင္ကယ္မ်ားကို၀ယ္ယူကာ အံ့ဖြယ္ေကာင္းေအာင္ အေရအတြက္အေျမာက္အမ်ား စုေဆာင္းခဲ့သည္။ ၁၉၇၀ ျပည့္ႏွစ္တြင္ ခိုးလ္သည္သူ၀ယ္ယူထားေသာ ဆိုင္ကယ္မ်ားကို သိမ္းဆည္းရန္ ယင္း ေမာ္ေတာ္ဆိုင္ကယ္ သိုေလွာင္ရုံကို ၀ယ္ယူခဲ့ၿပီး ၁၉၉၇ ခုႏွစ္တြင္ ဖရန္႕ခ္ ဆိုသူအားျပန္လည္ေရာင္းခ်ခဲ့သည္။

ခိုးလ္သည္ အသက္ (၈၀) အရြယ္ ၂၀၀၂ ခုႏွစ္တြင္ကြယ္လြန္ခဲ့သည္။ ဖရန္႔ခ္သည္ ၀ယ္ယူထားေသာ ကုန္ေလွာင္ရုံအား ေမာ္ေတာ္ဆိုင္ကယ္ အပိုပစၥည္းေရာင္းခ်သည့္ ကုမၸဏီတစ္ခု စတင္ ဖြင့္လွစ္ရန္ ရည္ရြယ္ခဲ့သည္။သို႕ေသာ္လည္း ကုန္ေလွာင္ရုံသည္ မ်ားစြာပ်က္စီးေနၿပီး ျပင္ဆင္မႈမ်ား မျပဳလုပ္ခဲ့ သျဖင့္ ေဒသ အာဏာပိုင္မ်ားက သို္ေလွာင္ရုံအတြင္းရွိ ဆိုင္ကယ္မ်ားအား အမ်ားျပည္သူမ်ား ၀င္ေရာက္ၾကည့္ရႈခြင့္ကို ပိတ္ပင္ခဲ့ ၿပီး ၂၀၁၀ ျပည့္ႏွစ္ ႏို၀င္ဘာလတြင္ ဆိုင္ကယ္မ်ားအားလုံးကို သိုေလွာင္ရုံမွ ရွင္းလင္းဖယ္ရွားခဲ့သည္။ ဆိုင္ကယ္ပိုးမ်ားက ရွားပါး ဆိုင္ကယ္မ်ားႏွင့္ အပို ပစၥည္းမ်ားကို ၀ယ္ယူခဲ့ၾကသည္။

၃။ ဘုရင့္ေလတပ္ ယာဥ္သခၤ်ဳိင္း(RAF Folkingham)

ၿဗိတိန္ႏိုင္ငံ လင္ကြန္းရိႈင္းယားရွိ ေဖာ့ကင္ဟမ္အား ရန္သူမ်ား အထင္မွားေစရန္ ေလယာဥ္အတုမ်ားခ်ထားသည့္ ေလယာဥ္ ကြင္း အတုတစ္ခုအျဖစ္ ၁၉၄၀ ျပည့္ႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ၁၉၄၄ ခုႏွစ္တြင္အေမရိကန္သို႕လႊဲေျပာင္းေပးခဲ့သည္။ ေဖာ့ကင္ဟမ္တြင္ တပ္စြဲထားေသာ ေဒါက္ဂလတ္စ္ C 47 ဒါကိုတာ ေလယာဥ္ႀကီးမ်ားကို ဒီေဒး တိုက္ပြဲ အတြင္းအသုံးျပဳခဲ့သည္။ ၁၉၄၅ ခုႏွစ္တြင္ အေမရိကန္တို႕က ေဖာ့ကင္ဟမ္အား ၿဗိတိန္ဘုရင့္ ေလတပ္မေတာ္သို႕ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီးေနာက္ ၁၉၄၇ ခုႏွစ္တြင္ ေလယာဥ္ ကြင္းအား ပိတ္သိမ္းခဲ့သည္။

ေနာက္ပိုင္းတြင္ ေဖာ္ျမဴလာ၀မ္း ၿပိဳင္ကားအသင္းက ေဖာ့ကင္ဟမ္ရွိ ေလယာဥ္ေျပးလမ္းမ်ားကို ယာဥ္စမ္းသပ္ကြင္းအျဖစ္ အသုံးျပဳခဲ့သည္။၁၉၅၉ ခုႏွစ္တြင္ ဘုရင့္ေလတပ္မေတာ္က သာမိုႏ်ဴကလီးယားဒုံးက်ည္စခန္းတစ္ခုအျဖစ္သုံးခဲ့ၿပီး ၁၉၆၃ ခုႏွစ္တြင္ အၿပီး ပိတ္သိမ္းကာ စိုက္ပ်ိဳးေျမ တစ္ခုအျဖစ္ ေရာင္းခ်ခဲ့သည္။ ယခုအခါတြင္ ေဖာ့ကင္ဟမ္သည္ နယ္လ္စင္အမ္ဂရင္းႏွင့္ သားမ်ား ပိုင္ဆိုင္ေသာ ေလယာဥ္ကြင္းေဟာင္းတစ္ခုအျဖစ္တည္ရွိေနၿပီး ရာေပါင္းမ်ားစြာေသာ ယာဥ္မ်ားႏွင့္ အစိတ္အပိုင္းမ်ားကို သိုေလွာင္ ထားသည့္ေနရာတစ္ခုျဖစ္သည္။

စုပုံသိုေလွာင္ထားေသာယာဥ္မ်ားတြင္ ဘူဒိုဇာ အေဟာင္းမ်ား၊ ေလာင္စာဆီတင္ယာဥ္မ်ား၊ ထြန္စက္ မ်ား၊ ကရိန္း မ်ားအျပင္ ဒုတိယ ကမာၻစစ္အတြင္းက အသုံးျပဳခဲ့ေသာ စစ္သုံးေလာ္ရီမ်ား၊ သံခ်ပ္ကာယာဥ္မ်ားပါ၀င္သည္။ ဒီေဒးေန႔တြင္ ကမ္းတက္ ခဲ့သည့္ စစ္သုံး DUKW ကုန္းသြားေရသြားယာဥ္တစ္စီးကိုပင္ ျမင္ေတြ႕ႏိုင္ၾကသည္။

၂။ ခ်ာႏိုဘိုင္ ေဘးဒုကၡ ယာဥ္မ်ား(Chernobyl Disaster Vehicles)

ခ်ာႏိုဘိုင္ ႏ်ဴကလီးယားမေတာ္တဆျဖစ္မႈသည္ လူမ်ားႏွင့္ အေဆာက္အအုံမ်ားကိုသာ ဓာတ္ေရာင္ျခည္ေဘးဒဏ္သင့္ ေစခဲ့သည္ မဟုတ္ဘဲမီးၿငိမ္းသတ္မႈႏွင့္ရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားသည္လည္း ေရာင္ျခည္ သင့္ ေစခဲ့သည္။ခ်ာႏိုဘိုင္ေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ေမာ္ေတာ္ယာဥ္ အမ်ားအျပားကို ကားသခၤ်ဳိင္းမ်ားတြင္ စုပုံထားခဲ့ရာ ရက္စ္စိုခါ (Rassokha) ကားသခၤ်ဳိင္းတြင္ အမ်ားဆုံးျဖစ္သည္။

ခ်ာႏိုဘိုင္ေပါက္ကြဲမႈတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာသို႕ ဦးစြာေရာက္ရွိခဲ့သည့္ မီးသတ္ယာဥ္ မ်ားအား နက္ရႈိင္းစြာ တူးထားသည့္ ေျမက်င္းမ်ားတြင္ၿမွဳပ္ႏွံခဲ့သည္။ ကားသခ်ၤ ိဳင္းအမ်ားစု၏ အလယ္တြင္ မီးသတ္ရဟတ္ယာဥ္မ်ားကို အမ်ားဆုံးစုပုံထားသည္။ဓာတ္ေရာင္ျခည္သင့္ႏိုင္သည့္ အႏၱရာယ္မ်ားရွိေသာေၾကာင့္ ယူကရိန္းအစိုးရက ကားသခၤ်ဳိင္းမ်ားအတြင္းသို႕ ၀င္ေရာက္ကာ ယာဥ္မ်ားမွ သတၳဳ အပိုင္းအစမ်ားကို ယူေဆာင္ရန္ ႀကိဳးပမ္းသူ မ်ားကို ဖမ္းဆီးေလ့ရွိသည္။ တစ္ခါက ယူကရိန္း ရဲမ်ားသည္ ကားသခၤ်ဳိင္းအတြင္း၀င္ေရာက္ကာ Mi 8 ရဟတ္ ယာဥ္တစ္စီးအား ကေဖးဆိုင္ရန္ ဖြင့္ရန္ ရည္ရြယ္ခ်က္ျဖင့္ ခိုးယူရန္ ႀကိဳးပမ္းခဲ့သူမ်ားကို ဖမ္းဆီးခဲ့ေပသည္။

၁။ အရီဇိုနား စစ္ေလယာဥ္သခၤ်ဳိင္း (Arizona Boneyard Military Aircraft Cemetery)

ဘြန္းယာ့ဒ္သည္ ဒါဗီးစ္မြန္သန္ ေလတပ္စခန္းျဖစ္ၿပီး အမွတ္(၃၀၉) ေယလာဥ္ ထိန္းသိမ္းျပင္ဆင္ေရး အုပ္စု၏ အေျခစိုက္ ေနရာျဖစ္သည္။ အရီဇိုနား သံကႏၱာရ အလယ္တြင္တည္ရွိေနေသာ ဘြန္းယာ့ဒ္သည္ေလယာဥ္မ်ားအား အႀကီးမားဆုံးသိုေလွာင္ထားသည့္ ေျမျပင္အေျခစိုက္စခန္းလည္းျဖစ္ၿပီး ေဘာလုံးကြင္းေပါင္း ၁၄၃၀ ကြင္းခန္႔က်ယ္၀န္းလ်က္ ေလယာဥ္ ေပါင္း ၄၂၀၀ ေက်ာ္ ရွိေနသည္။ ေလယာဥ္မ်ား၏ စုစုေပါင္းတန္ဘိုးသည္ အေမရိကန္ေဒၚလာ ၃၅ ဘီလီယံခန္႕ရွိကာ ကမၻာ့ အႀကီးဆုံး စစ္ေလယာဥ္ သုႆန္ကုန္းလည္း ျဖစ္ေပသည္။

ဘြန္းယာ့ဒ္တြင္ ေလယာဥ္မ်ားအား အုပ္စု ေလးစု ခြဲျခား ထားသည္။ ထိန္းသိမ္းျပဳျပင္ထားၿပီး လိုအပ္ပါကပ်ံသန္းႏိုင္သည့္ ေလယာဥ္မ်ားကအုပ္စုအမွတ္(၁၀၀၀)၊ယာဥ္အစိတ္အပိုင္းမ်ားအား အျခားေလယာဥ္မ်ားတြင္ အသုံးျပဳႏိုင္သည့္ ေလယာဥ္မ်ားက အုပ္စု အမွတ္(၂၀၀၀) ျဖစ္ၿပီး အုပ္စု အမွတ္(၃၀၀၀)တြင္ ေကာင္းမြန္သည့္ အေျခအေနရွိေသးေသာ ေလယာဥ္မ်ားကိုစုစည္းထားကာ အုပ္စု (၄၀၀၀) မွ ေလယာဥ္မ်ားသည္ ျပတိုက္မ်ားတြင္ျပသရန္ သို႔မဟုတ္ ဖ်က္ဆီးရမည့္ ေလယာဥ္မ်ားျဖစ္ၾကသည္။

ယင္း အမွတ္(၄၀၀၀) အုပ္စုတြင္ ဘီ ၅၂ တိုက္ေလယာဥ္မ်ားႏွင့္ ၁၉၉၁ ခုႏွစ္တြင္ ရုရွားႏွင့္ အေမရိကန္ ခ်ဳပ္ဆိုခဲ့သည့္ လက္နက္ဖ်က္သိမ္း ေရးစာခ်ဳပ္အရ တစ္စစီ ျဖဳတ္ခဲ့ေသာေလယာဥ္မ်ားပါ၀င္သည္။ အရီဇိုနားျပည္နယ္၏ ပူျပင္းေသာရာသီဥတုက ေလယာဥ္မ်ားကို ပ်က္စီးမႈမွ အကာအကြယ္ေပးထားသည္။ ဘြန္းယာ့ဒ္ စစ္ ေလယာဥ္ သုႆန္ကုန္းသည္ ေလယာဥ္ အစိတ္အပိုင္းပစၥည္းမ်ား ေရာင္းခ်ျခင္းျဖင့္ ၀င္ေငြရရွိေနသည့္အျပင္ လာေရာက္ လည္ပတ္ ၾကည့္ရႈႏိုင္သည့္ ခရီးသြားလုပ္ငန္းေၾကာင့္လည္း ထင္ရွားေက်ာ္ၾကားလာခဲ့ေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၅ ခုႏွစ္ ၊ စက္တင္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ


ကမ္ဘာတလွှားက ဧရာမ ယာဉ်သင်္ချိုင်းကြီးများ (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် သယ်ယူပို့ဆောင်ရေး ယာဉ်များကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်ကာလရှည်ကြာကတည်းက အသုံးပြုခဲ့ကြပြီးနောက် ဟောင်းနွမ်းပျက်စီးလာသောယာဉ်အိုယာဉ်ဟောင်းများအား သံရည်ကြိုပစ်လေ့ရှိကြသည်။ယင်းတို့ကို မဖျက်ဆီးမီ တစ်နေရာရာတွင် စုပုံထားကြရာမှ သံချေးများ တက်ကာ တစ်စတစ်စ ပျက်စီး သွားကြသည်လည်းရှိသည်။ ထိုသို့ ပျက်စီးနေသည့် ယာဉ်များသည် တစ်ခါတစ်ရံတွင် ထူးခြားသော မြင်ကွင်းများဖြစ်လာကြသည့် အပြင် အကြီးစားယာဉ်များအား စုပုံထားသည့် အချို့သောယာဉ်သင်္ချိုင်းများသည် ဆန်းပြားသော ဖြစ်ရပ်များကြောင့် လူသိများ ထင်ရှားခဲ့ရပေသည်။

ဘိုလီဗီးယား မီးရထား သင်္ချိုင်း (Bolivia’s Train Graveyard)

ဘိုလီဗီးယားနိုင်ငံ အနောက်မြောက်ပိုင်း အင်ဒီးစ် တောင်တန်းအမြင့်ပိုင်းတွင် ကမ္ဘာ့အကြီးဆုံး ဆားကျင်း စလာဒီအူယူနီ ရှိသည်။ ၁၈၈၈ ခုနှစ်က ထိုဒေသတွင် သတ္ထုတွင်းလုပ်ငန်းများ တဟုန်ထိုးဖွံ့ဖြိုးလာခဲ့သဖြင့် ပစိဖိတ်သမုဒ္ဒရာ အောက်ပိုင်းဒေသများ အထိ ရောက်ရှိမည့် ရထားလမ်းများ ဖောက်လုပ်ရန် ဗြိတိသျှ အင်ဂျင်နီယာများအား ဖိတ်ခေါ်ခဲ့သည်။ မီးရထားလမ်းများသည် ယင်းတို့၏ လူမှုဘဝများအား ခြိမ်းခြောက်မှုတစ်ရပ်ဟု ထင်မြင်ခဲ့ကြသည့် ဒေသခံ အမ်ရာမာ တိုင်းရင်းသားများသည် ရထားလမ်း ဖောက် လုပ်ရေးလုပ်ငန်းကို အမျိုးမျိုး အနှောက်အယှက်ပြုခဲ့သဖြင့် ရထားလမ်းများသည် ၁၈၉၂ ခုနှစ်မှ ပြီးစီးခဲ့သည်။

သို့သော်လည်း ၁၉၄၀ ပြည့်နှစ်တွင် ဒေသ သတ္ထုထူးဖော်ရေးစီးပွားလုပ်ငန်း ပြိုလဲခဲ့ရာ ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော ရထားလမ်းများသည် အသုံးမဝင်ဘဲ ဖြစ်ခဲ့ရသည်။ထို့ကြောင့် ရေနွေးငွေသုံးရထားစက်ခေါင်းများသည် ဆားကွင်းများပေါ် တွင်စွန့် ပစ်ထားခြင်းခံကြရသည်။ ယခုအခါတွင် အဆိုပါ စွန့်ပစ်ထားသော သံချေးများတက်နေသည့်ရထားခေါင်းများသည် ထူးခြားသော မြင်ကွင်းတစ်ရပ်ဖြစ်လာခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် ရထားခေါင်းအများစုသည် ကန္တာရ နေအပူအောက်တွင် မီးမြှိုက် သည် ခိုးယူခြင်းခံခဲ့ကြရသည်။ထို့ကြောင့်အခွံသာကျန်တော့သည့် ရထားခေါင်း အစိတ်အပိုင်းများသည် နေရာအနှံ့ပြန့်ကြဲလျက်ရှိ နေသဖြင့် ထိုမြင်ကွင်းကိုပင် ရထားသင်္ချိုင်းတစ်ခုမှ ပြတိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲရန်စီစဉ်လျက်ရှိသည်။ ဤသို့ဖြင့်တချိန်က အသုံး ပြုခဲ့သည့် မီးရထားများသည် ဒေသခံလူသားများ နှင့် အနီးပတ်ဝန်းကျင်တွင် သနားစဖွယ်ဖြစ်နေကြရပေသည်။

တောတွင်းကားသင်္ချိုင်း (Chatillon Forest Car Graveyard)

မကြာမီက ဘယ်လ်ဂျီယံနိုင်ငံ၊ ချက်တီလံမြို့လေးအနီးရှိ တောနက်တွင်းမှ ကားစီးရေ ငါးရာကျော်ရှိသည့် ကားသင်္ချိုင်း ၄ ခုကို တွေ့ရှိခဲ့ရသည်။ကားများသည် မှော်ပင်များရစ်ပတ်လျက် သံချေးများတက်နေကြသည်။ ထိုတောနက်အတွင်း သို့ကားများ ရောက်ရှိနေခြင်းကို အမျိုးမျိုးပြောဆိုကြသည်။ အများစုက ယင်းကားသင်္ချိုင်းများသည် ဒုတိယ ကမ္ဘာစစ်အပြီးတွင် ရောက်ရှိလာခဲ့ သည်ဟုယူဆထား ကြသည်။

စစ်ပြီးချိန်တွင် အမေရိကန်စစ်သားများသည် ယင်းတို့၏ မော်တော်ယာဉ်များကို အမေရိကန်နိုင်ငံသို့ သင်္ဘောများဖြင့် ပြန်လည် တင်ပို့ရန် မလုပ်နိုင်ကြတော့သဖြင့် မော်တော်ယာဉ်များကို တောအတွင်းစွန့်ပစ်ခဲ့ကြသည်။ နှစ်အတန် ကြာလာချိန်တွင် မော်တော် ယာဉ်များက တစ်စတစ်စ များပြား လာခဲ့သည်။ အချို့ကလည်း စွန့်ပစ်ခဲ့သည့် မော်တော်ယာဉ်များသည် တိုလီမုတ်စအကြွင်းအကျန် များသာဖြစ်သည်ဟု ထင်မှတ်ထားကြသည်။

မော်တော်ကား အများစုသည် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်ထုတ်ကားများဖြစ်ကြသည်။ ထိုမော်တော်ကားများကို အလွယ် တကူစွန့်ပစ်ထားသဖြင့် ကားပစ္စည်း စုဆောင်းသူများ၊ အမှတ်တရပစ္စည်း တိုလီမိုလီ ရှာဖွေကြသူများ၏ လက်ချက်ကြောင့် အများ အားဖြင့် မော်တော်ကားများ၏ အစိတ်အပိုင်းများ မရှိတော့ချေ။ ၂၀၁၀ ပြည့်နှစ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ယင်းကားသင်္ချိုင်းအား ရှင်းလင်းခဲ့သည့်တိုင် ကားသင်္ချိုင်း၏ အံ့ဩဖွယ် ဓာတ်ပုံများသည်များစွာ ကျန်ရှိနေခဲ့ပေသည်။

ကားပစ္စည်း သင်္ချိုင်း (Oranjemund Diamond Vehicle Scrap yard)

နမ်မီးဘီးယားနိုင်ငံ အိုရန်ဂျီမန် မြို့ငယ်လေးသည် နမ်မီးဘီးယားအစိုးရနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နမ်ဒက်ကုမ္ပဏီပိုင်မြို့တစ်မြို့ဖြစ်သည်။ အိုရန်ဂျီမန် မြို့သည် လိမ်မ္မော်ရောင်မြစ်ဝအနီးတွင်တည်ရှိနေပြီး စိန်တွင်းများလည်း တည်ရှိသည်။စိန်တူးဖော်ရေးလုပ်သားများနေထိုင်ရန် အိမ်များဆောက်လုပ်ထားသည့် နေရာအား လုံခြုံရေး တင်းကြပ်စွာချထားကာ လက်နက်ကိုင်များက အမြဲကင်းလှည့်နေသည်။

မည်သူမဆို စိန်တစ်ပွင့်ကို လက်ဝယ် တရားမဝင် တွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ် ကျခံရမည်ဟု ဥပဒေသတ်မှတ်ထားသော်လည်း စိန်တွင်းလုပ်သားများသည် စိန်ပွင့်များကို နည်းမျိုးစုံဖြင့် ခိုးထုတ်ကြသည်။ နှာခေါင်း ပေါက်များထဲသို့ ထည့်၍ ခိုးယူကြသကဲ့သို့ လက်လုပ် တုရွင်းပြားများဖြင့် ခြံအပြင်သို့ ကော်ထုတ်တတ်ကြသည်။ တစ်ခါက စိန်များ အပြည့်ထည့်ထားသည့် ဂျာကင်အင်္ကျီကို ဝတ်ထားပေးသော အိမ်မွေးခိုတစ်ကောင်ကိုပင် ဖမ်းဆီးရမိခဲ့ဖူးသည်။

အိုရန်ဂျီမန်မြို့သည် အမေရိကန်စစ်တပ်မှလွဲ၍ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်များရှိသည့် နိုင်ငံဖြစ်သည်။ တစ်ခါက သတ္ထု တွင်းနယ်မြေအတွင်းသို့ စိန်များမှောင်ခို ခိုးထုတ်ရန် ယာဉ်တစ်စီး ဝင်လာခဲ့ဖူးသဖြင့် ယင်းမော်တော်ယာဉ်အား ပြန်ထွက်ခွာခွင့် မပြု ဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။သတ္တုတွင်းဧရိယာအတွင်း သံချေးများတက်နေသည့် ယန္တရားယာဉ်များရှိနေသည်။ အချို့သည် ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော တင့်ကားများအပါအဝင် ၁၉၂၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့သော မော်တော်ယာဉ်များဖြစ် ကြသည်။ ထိုတင့်ကားများကို တစ်ခါက စိန်တွင်းတူးဖော်ရာ၌ မြေကြီးများတူးထုတ်ရန် သုံးခဲ့ကြသည်။ ယခုအခါတွင် နမ်ဒက်ကုမ္ပဏီ က ယင်းယာဉ်များ ကို ဝင့်ကြွားစွာ ပြသလျက် ဂုဏ်ယူလေ့ရှိကြသည်။သို့သော်လည်း ယာဉ်အိုယာဉ်ဟောင်းများအား ဓာတ်ပုံရိုက် ကူးခွင့် မပြုပါချေ။

သင်္ဘောသင်္ချိုင်း (Nouadhibou Ship Graveyard)

လူဦးရေ တစ်သိန်းနီးပါးနေထိုင်လျက်ရှိသည့် နိအာဒီဘောင်(Nouadhibou) မြို့သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သော မောရစ်သျှနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည်။ နိုအာဒီဘောင် ဆိပ်ကမ်းသည် ကြီးမားကျယ်ပြန့်သော ပင်လယ်အော်ဝတွင်ရှိနေပြီးအတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းလာသော သင်္ဘောများအတွက် အကာအကွယ် အကောင်းဆုံး နားခိုရာ နေရာတစ်ခုဖြစ်သည်။ ထို့အတူပင် ကမ္ဘာ့ အကောင်းဆုံး ငါးဖမ်းနယ်မြေအချို့၏ ဝင်ပေါက်လည်းဖြစ်သည်။

နိုအာဒီဘောင် အနီးတွင် သံထုတ်လုပ်မှု လုပ်ငန်းရှိပြီး ယင်းဆိပ်ကမ်းမှပင် သံများကို ပြည်ပသို့ပို့ဆောင်ပေးသည်။ ၁၉၈၀ ပြည့်နှစ်များတွင် ဒေသခံများသည် ယင်းတို့၏ ခေတ်မမီတော့သည့် ရေယာဉ်များကို ရေတိမ်ဒေသများတွင် စွန့်ပစ် ရန် အားထုတ်ခဲ့ကြသည်။ မကြာမီမှာပင် နိုအာဒီဘောင်တွင် သင်္ဘောဟောင်းများစုပုံလာခဲ့သည်။ ဒေသခံ အာဏာပိုင်များက နိုအာဒီ ဘောင်အပြင် အခြားနိုင်ငံများမှ သင်္ဘောဟောင်းများ လာရောက်စွန့်ပစ်ခြင်းကို ခွင့်ပြုခဲ့သည်။

စွန့်ပစ်ယာဉ်များတွင်ငါးဖမ်းလှေ မှ သည် ရေတပ်သုံး တိုက်ရေယာဉ်ဟောင်းများအထိ ပါဝင်လာခဲ့ရာ ယခုအခါတွင် နိုအာဒီဘောင်သည် သံချေးတက် သင်္ဘောများ အမြောက်အမြား စုဝေးနေသည့် နေရာဖြစ်လာခဲ့သည်။ ယင်းတို့ထဲတွင် ၂၀၀၃ ခုနှစ်က နစ်မြုပ်ခဲ့သော အကြီးဆုံးငါးဖမ်းယာဉ် United Malika လည်း ပါဝင်သည်။ ယခုအခါတွင်နစ်မြုပ်ရေယာဉ်စွန့်ပစ်မှုများ များပြားလာသဖြင့် အာဏာပိုင်များက တားဆီးမှုများပြုလုပ်နေသော်လည်း ရေယာဉ်များလာရောက်စွန့်ပစ်မှုက များပြားနေဆဲဖြစ်သည်။

ဆိုဗီယက် ရေငုပ်သင်္ဘောသင်္ချိုင်း(Soviet Submarines on the Kola Peninsula)

ရုရှနိုင်ငံ မြောက်ဖျား၊ အာတိတ်စက်ဝိုင်းအတွင်းရှိ နေဇာမီနာညာ ပင်လယ်ကွေ့တွင် ဆိုဗီယက်တို့၏ ရေငုပ်သင်္ဘောသင်္ချိုင်း တစ်ခုရှိသည်။ ၁၉၇၀ ပြည့်နှစ်များမှစ၍ နျူကလီးယားလောင်စာသုံး ရေငုပ်သင်္ဘောများအပါအဝင် စစ်သင်္ဘောများအား ရုရှားနိုင်ငံ၏ သီးခြားနယ်မြေတစ်ခုဖြစ်သည့် ကိုလာကျွန်းဆွယ်တွင် စွန့်ပစ်ခဲ့သည်။ ရုရှ သင်္ဘောကျင်းများသည် ရေငုပ်သင်္ဘောအသစ်များတည် ဆောက်နိုင်ရန်အတွက် မအားမလပ်ဖြစ်နေလေ့ရှိသည့်အတွက် ရေငုပ် အဟောင်းများအား ပြန်လည်မွမ်းမံပြင်ဆင်ရန် အလေးဂရု မမူခဲ့ကြပါချေ။

ရုရှားတို့၏ ရေငုပ်သင်္ဘော သင်္ချိုင်းနေရာသို့ ခွင့်ပြုချက်မရရှိဘဲ သွားရောက်ခွင့်ကို တားမြစ်ထားသည်။ ရုရှားအစိုးရက ယင်းနေရာနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်မှုကိုကန့်သတ်ထားသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ရေထုညစ်ညမ်းမှု စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာစဉ် ရုရှားတို့က ရေငုပ်သင်္ဘောအချိ ဳ႕အား ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။ ကောင်းကင်မှ ရိုက်ကူး ပြသထားသည့် အင်တာနက် Google Earth တွင် အနည်းဆုံး ရေငုပ်သင်္ဘော ခုနစ်စီးကိုမြင်နိုင်ကြပေသည်။

ဘာရီ ယာဉ်ဖျက်ကွင်း (Barry Scrapyard)

၁၉၅၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ အများပိုင် မီးရထားလုပ်ငန်းက သက်တမ်းလွန် ယာဉ်များအားတစ်စစီ ဖြုတ်သိမ်းရန် အစီ အစဉ် တစ်ရပ်ကိုကျယ်ပြန့်စွာဆောင်ရွက်ရန် ကြေညာခဲ့သည်။ ယင်းအစီအစဉ်တွင် ပိုလျှံနေသည့် ကုန်တွဲ ၆၅၀၀၀၀ နှင့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်း ၁၆၀၀၀ ပါဝင်သည်။ ထိုယာဉ်များအား ဖျက်သိမ်းမည့် တာဝန်အား ဗြိတိသျှ မီးရထား လုပ်ငန်းတစ်ခုတည်းက ဆောင်ရွက်ရန် အရေအတွက်များလွန်းနေသဖြင့် ရထားတွဲအများအပြားအား ပုဂ္ဂလိက ဖျက်ကွင်းများသို့ရောင်းချခဲ့သည်။

ယင်းတို့ အနက် ဝေလနယ်တောင်ပိုင်း၊ ဘာရီ ဒေသရှိ ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကျင်းလည်း ပါဝင်ခဲ့သည်။ ဝုဒ်ဟမ်ဘရားသားစ် ယာဉ် ဖျက်လုပ်ငန်းသည် အစောပိုင်းကာလများတွင် ရေနွေးငွေ့ စွမ်းအင်သုံး မီးရထားခေါင်းများအား တစ်စစီ ဖြတ်တောက်ပြီး ဘာရီသို့ သယ်ယူခဲ့ သော် လည်း ၁၉၆၅ ခုနှစ် နွေဦးမှစ၍ ဖျက်သိမ်းမည့် ယာဉ်များအား ဒလိမ့် တုံးများတွင်တင်လျက် မဖြတ်မတောက်ဘဲ ယာဉ်ဖျက်ကွင်းသို့ အစင်းလိုက်သယ်ယူခဲ့သည်။

ထိုသို့သယ်ယူလာသော သံချေးများတက်နေသည့် မီးရထားစက်ခေါင်းများအား လေဟာပြင်ထဲတွင် ထားရှိရာမှ ဘာရီ ယာဉ်ဖျက်ကွင်းသည် ထင်ရှားသော ခရီးသွားနယ်မြေတစ်ခုဖြစ်လာခဲ့သည်။ ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကွင်းသည် ရှားပါးစက် ခေါင်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရထားလမ်းများပေါ်တွင် ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ ခုနှစ် ၊ စက်တင်ဘာလတွင် ပြန်လည်ပြင်ဆင်ထားသည့် ပထမဦးဆုံးသောမီးရထားစက်ခေါင်းသည် ယာဉ်ဖျက်ကွင်းမှ ထွက်ခွါနိုင်ခဲ့ပြီး ၁၉၇၀ နှစ်များတွင် ရထားခေါင်းများစွာသည် ဖျက်သိမ်းမှုမှ လွတ်မြောက်ခဲ့ကြသည်။

ယာဉ်ဖျက်ကွင်းမှ ၂၁၃ စင်းမြောက် ထွက်ခွါ နိုင်ခဲ့သော ရထားသည် ၂၀၁၃ ခုနှစ် မတ်လတွင် ဖျက်ကွင်းပြင်ပသို့ ရောက်ရှိခဲ့သည်။ယခုအခါတွင်ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကွင်းမှ ပြုပြင်ထိန်းသိမ်းထားသည့် ရေနွေးငွေ့စွမ်းအားသုံး မီးရထားစက်ခေါင်းများအား ဗြိတိန်နိုင်ငံရထားလမ်းများ ပေါ်တွင် မောင်းနှင်ခုတ်မောင်းနေသည်ကို မြင်နိုင်ကြပေသည်။

နယူးယောက် မော်တော်ဆိုင်ကယ် သင်္ချိုင်း (Motorcycle Graveyard in Upstate New York)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ အာရီ တူးမြောင်းဘေးတွင် အိုမင်းနေသည့် မော်တော်ဆိုင်ကယ်သိုလှောင်ရုံ တစ်ခုရှိ သည်။ ယင်းသိုလှောင်ရုံကို တစ်ချိန်က ခိုးလ် ဟု အမည်ရှိသည့် မော်တော်ဆိုင်ကယ် ရောင်းသမားတစ်ဦး ပိုင်ဆိုင်ခဲ့သည်။ ခိုးလ် သည် သူ့ဘဝတစ်လျောက်လုံး မော်တော်ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့ပြီး ဈေးသက်သာသော ဂျပန်ဆိုင် ကယ်များနှင့် ခေတ်ကုန်သွားပြီဖြစ်သော ဆိုင်ကယ်များကိုဝယ်ယူကာ အံ့ဖွယ်ကောင်းအောင် အရေအတွက်အမြောက်အများ စုဆောင်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ခိုးလ်သည်သူဝယ်ယူထားသော ဆိုင်ကယ်များကို သိမ်းဆည်းရန် ယင်း မော်တော်ဆိုင်ကယ် သိုလှောင်ရုံကို ဝယ်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဖရန့်ခ် ဆိုသူအားပြန်လည်ရောင်းချခဲ့သည်။

ခိုးလ်သည် အသက် (၈၀) အရွယ် ၂၀၀၂ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ ဖရန့်ခ်သည် ဝယ်ယူထားသော ကုန်လှောင်ရုံအား မော်တော်ဆိုင်ကယ် အပိုပစ္စည်းရောင်းချသည့် ကုမ္ပဏီတစ်ခု စတင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သည်။သို့သော်လည်း ကုန်လှောင်ရုံသည် များစွာပျက်စီးနေပြီး ပြင်ဆင်မှုများ မပြုလုပ်ခဲ့ သဖြင့် ဒေသ အာဏာပိုင်များက သ်ိုလှောင်ရုံအတွင်းရှိ ဆိုင်ကယ်များအား အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ခဲ့ ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဆိုင်ကယ်များအားလုံးကို သ်ိုလှောင်ရုံမှ ရှင်းလင်းဖယ်ရှားခဲ့သည်။ ဆိုင်ကယ်ပိုးများက ရှားပါး ဆိုင်ကယ်များနှင့် အပို ပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။

ဘုရင့်လေတပ် ယာဉ်သင်္ချိုင်း(RAF Folkingham)

ဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားရှိ ဖော့ကင်ဟမ်အား ရန်သူများ အထင်မှားစေရန် လေယာဉ်အတုများချထားသည့် လေယာဉ် ကွင်း အတုတစ်ခုအဖြစ် ၁၉၄၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၄၄ ခုနှစ်တွင်အမေရိကန်သို့လွှဲပြောင်းပေးခဲ့သည်။ ဖော့ကင်ဟမ်တွင် တပ်စွဲထားသော ဒေါက်ဂလတ်စ် C 47 ဒါကိုတာ လေယာဉ်ကြီးများကို ဒီဒေး တိုက်ပွဲ အတွင်းအသုံးပြုခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန်တို့က ဖော့ကင်ဟမ်အား ဗြိတိန်ဘုရင့် လေတပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် လေယာဉ် ကွင်းအား ပိတ်သိမ်းခဲ့သည်။

နောက်ပိုင်းတွင် ဖော်မြူလာဝမ်း ပြိုင်ကားအသင်းက ဖော့ကင်ဟမ်ရှိ လေယာဉ်ပြေးလမ်းများကို ယာဉ်စမ်းသပ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။၁၉၅၉ ခုနှစ်တွင် ဘုရင့်လေတပ်မတော်က သာမိုနျူကလီးယားဒုံးကျည်စခန်းတစ်ခုအဖြစ်သုံးခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် အပြီး ပိတ်သိမ်းကာ စိုက်ပျိုးမြေ တစ်ခုအဖြစ် ရောင်းချခဲ့သည်။ ယခုအခါတွင် ဖော့ကင်ဟမ်သည် နယ်လ်စင်အမ်ဂရင်းနှင့် သားများ ပိုင်ဆိုင်သော လေယာဉ်ကွင်းဟောင်းတစ်ခုအဖြစ်တည်ရှိနေပြီး ရာပေါင်းများစွာသော ယာဉ်များနှင့် အစိတ်အပိုင်းများကို သိုလှောင် ထားသည့်နေရာတစ်ခုဖြစ်သည်။

စုပုံသိုလှောင်ထားသောယာဉ်များတွင် ဘူဒိုဇာ အဟောင်းများ၊ လောင်စာဆီတင်ယာဉ်များ၊ ထွန်စက် များ၊ ကရိန်း များအပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော စစ်သုံးလော်ရီများ၊ သံချပ်ကာယာဉ်များပါဝင်သည်။ ဒီဒေးနေ့တွင် ကမ်းတက် ခဲ့သည့် စစ်သုံး DUKW ကုန်းသွားရေသွားယာဉ်တစ်စီးကိုပင် မြင်တွေ့နိုင်ကြသည်။

ချာနိုဘိုင် ဘေးဒုက္ခ ယာဉ်များ(Chernobyl Disaster Vehicles)

ချာနိုဘိုင် နျူကလီးယားမတော်တဆဖြစ်မှုသည် လူများနှင့် အဆောက်အအုံများကိုသာ ဓာတ်ရောင်ခြည်ဘေးဒဏ်သင့် စေခဲ့သည် မဟုတ်ဘဲမီးငြိမ်းသတ်မှုနှင့်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် မော်တော်ယာဉ်များသည်လည်း ရောင်ခြည် သင့် စေခဲ့သည်။ချာနိုဘိုင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မော်တော်ယာဉ် အများအပြားကို ကားသင်္ချိုင်းများတွင် စုပုံထားခဲ့ရာ ရက်စ်စိုခါ (Rassokha) ကားသင်္ချိုင်းတွင် အများဆုံးဖြစ်သည်။

ချာနိုဘိုင်ပေါက်ကွဲမှုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာသို့ ဦးစွာရောက်ရှိခဲ့သည့် မီးသတ်ယာဉ် များအား နက်ရှိုင်းစွာ တူးထားသည့် မြေကျင်းများတွင်မြှုပ်နှံခဲ့သည်။ ကားသင်္ချ ိဳင်းအများစု၏ အလယ်တွင် မီးသတ်ရဟတ်ယာဉ်များကို အများဆုံးစုပုံထားသည်။ဓာတ်ရောင်ခြည်သင့်နိုင်သည့် အန္တရာယ်များရှိသောကြောင့် ယူကရိန်းအစိုးရက ကားသင်္ချိုင်းများအတွင်းသို့ ဝင်ရောက်ကာ ယာဉ်များမှ သတ္ထု အပိုင်းအစများကို ယူဆောင်ရန် ကြိုးပမ်းသူ များကို ဖမ်းဆီးလေ့ရှိသည်။ တစ်ခါက ယူကရိန်း ရဲများသည် ကားသင်္ချိုင်းအတွင်းဝင်ရောက်ကာ Mi 8 ရဟတ် ယာဉ်တစ်စီးအား ကဖေးဆိုင်ရန် ဖွင့်ရန် ရည်ရွယ်ချက်ဖြင့် ခိုးယူရန် ကြိုးပမ်းခဲ့သူများကို ဖမ်းဆီးခဲ့ပေသည်။

အရီဇိုနား စစ်လေယာဉ်သင်္ချိုင်း (Arizona Boneyard Military Aircraft Cemetery)

ဘွန်းယာ့ဒ်သည် ဒါဗီးစ်မွန်သန် လေတပ်စခန်းဖြစ်ပြီး အမှတ်(၃၀၉) ယေလာဉ် ထိန်းသိမ်းပြင်ဆင်ရေး အုပ်စု၏ အခြေစိုက် နေရာဖြစ်သည်။ အရီဇိုနား သံကန္တာရ အလယ်တွင်တည်ရှိနေသော ဘွန်းယာ့ဒ်သည်လေယာဉ်များအား အကြီးမားဆုံးသိုလှောင်ထားသည့် မြေပြင်အခြေစိုက်စခန်းလည်းဖြစ်ပြီး ဘောလုံးကွင်းပေါင်း ၁၄၃၀ ကွင်းခန့်ကျယ်ဝန်းလျက် လေယာဉ် ပေါင်း ၄၂၀၀ ကျော် ရှိနေသည်။ လေယာဉ်များ၏ စုစုပေါင်းတန်ဘိုးသည် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရှိကာ ကမ္ဘာ့ အကြီးဆုံး စစ်လေယာဉ် သုဿန်ကုန်းလည်း ဖြစ်ပေသည်။

ဘွန်းယာ့ဒ်တွင် လေယာဉ်များအား အုပ်စု လေးစု ခွဲခြား ထားသည်။ ထိန်းသိမ်းပြုပြင်ထားပြီး လိုအပ်ပါကပျံသန်းနိုင်သည့် လေယာဉ်များကအုပ်စုအမှတ်(၁၀၀၀)၊ယာဉ်အစိတ်အပိုင်းများအား အခြားလေယာဉ်များတွင် အသုံးပြုနိုင်သည့် လေယာဉ်များက အုပ်စု အမှတ်(၂၀၀၀) ဖြစ်ပြီး အုပ်စု အမှတ်(၃၀၀၀)တွင် ကောင်းမွန်သည့် အခြေအနေရှိသေးသော လေယာဉ်များကိုစုစည်းထားကာ အုပ်စု (၄၀၀၀) မှ လေယာဉ်များသည် ပြတိုက်များတွင်ပြသရန် သို့မဟုတ် ဖျက်ဆီးရမည့် လေယာဉ်များဖြစ်ကြသည်။

ယင်း အမှတ်(၄၀၀၀) အုပ်စုတွင် ဘီ ၅၂ တိုက်လေယာဉ်များနှင့် ၁၉၉၁ ခုနှစ်တွင် ရုရှားနှင့် အမေရိကန် ချုပ်ဆိုခဲ့သည့် လက်နက်ဖျက်သိမ်း ရေးစာချုပ်အရ တစ်စစီ ဖြုတ်ခဲ့သောလေယာဉ်များပါဝင်သည်။ အရီဇိုနားပြည်နယ်၏ ပူပြင်းသောရာသီဥတုက လေယာဉ်များကို ပျက်စီးမှုမှ အကာအကွယ်ပေးထားသည်။ ဘွန်းယာ့ဒ် စစ် လေယာဉ် သုဿန်ကုန်းသည် လေယာဉ် အစိတ်အပိုင်းပစ္စည်းများ ရောင်းချခြင်းဖြင့် ဝင်ငွေရရှိနေသည့်အပြင် လာရောက် လည်ပတ် ကြည့်ရှုနိုင်သည့် ခရီးသွားလုပ်ငန်းကြောင့်လည်း ထင်ရှားကျော်ကြားလာခဲ့ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply