ယုန္တစ္ေကာင္ အတြက္ ေျမေခြး ႏွင့္ လင္းယုန္ငွက္တုိ႔ၾကားက လက္ေတြ႔တုိက္ပြဲ

Posted on

လင္းယုန္ျဖဴ ဟာ အေမရိကရဲ႕သေကၤတျဖစ္ၿပီး လွပသန္စြမ္းကာ အေၾကာက္အလန္႔ကင္းတဲ့ လင္းယုန္ငွက္တစ္မ်ဳိးျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအေကာင္ေတြကုိ တကယ့္အေခ်ာင္သမားေတြလုိ႔လည္း ေခၚႏုိင္ပါတယ္။ အေၾကာင္းကေတာ့ အစာရွာရာမွာ ကုိယ္တုိင္ရွာတာထက္ သူမ်ားရဲ႕အစာကို အလစ္သုတ္တာက မ်ားလုိ႔ျဖစ္ပါတယ္။ ဒီအေကာင္ေတြဟာ သူတုိ႔အစာကို ဆုံးရႈံးသြားမွာ မႏွစ္သက္ၾကသလုိ ၊ ဒီလုိအလစ္သုတ္ရာမွာလည္း ေသခ်ာမယ့္အေျခအေနမွ လုပ္ေဆာင္တတ္ၾကတာပါ။

“ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္တုန္းက အံၾသဖြယ္ျမင္ကြင္းတစ္ခုကို ကြ်န္ေတာ္အမွတ္မထင္ ရုိက္ယူမိခဲ့ပါတယ္။ ဒီလုိျမင္ကြင္းမ်ဳိးဟာ အလြန္ျမင္ဖုိ႔ခက္ပါတယ္။” လုိ႔ ဒီဗီဒီယုိ နဲ႔ ပုံရိပ္ေတြကို ရုိက္ခဲ့သူ Kevin Ebi က ဆုိပါတယ္။

သူျမင္ရတဲ့ ျမင္ကြင္းမွာေတာ့ ေျမေခြးငယ္(red fox ) တစ္ေကာင္ဟာ သူ႔အစာျဖစ္တဲ့ယုန္ကုိ ခ်ီၿပီးလမ္းေလွ်ာက္လာပါတယ္။ ဒီအခ်ိန္မွာပဲ ေျမေခြးဟာ တစုံတရာအႏၱရာယ္ေၾကာင့္ ေကာင္းကင္ကုိလွမ္းၾကည့္လုိက္ပါတယ္။ ပထမသူေျပးဖုိ႔ႀကဳိးစားတယ္။ ေျပးလုိ႔မလြတ္မွန္းရိပ္မိတဲ့အခါ သူ႔ရဲ႕ အႏၱရာယ္ကုိ ေရွာင္တိမ္းဖုိ႔ႀကဳိးစားလွဲခ်လုိက္ေပမယ့္ တကယ္တမ္းေတာ့ လြတ္ေအာင္ မေရွာင္ႏုိင္ခဲ့ပါဘူး။ အလစ္ေခ်ာင္းေနတဲ့ လင္းယုန္ငွက္ဟာ သူ႔လက္ထဲက အစာကို စကၠန္႔ပုိင္းမၾကာတဲ့အခ်ိန္တြင္းမွာပဲ ခ်ီသြားႏုိင္ခဲ့ပါတယ္။

ပုံမွန္ဆုိရင္ လင္းယုန္ငွက္က အစာကုိရသြားၿပီး ေျမေခြးက က်န္ခဲ့ရမွာျဖစ္ေပမယ့္ ဒီ ေျမေခြးငယ္ကေတာ့ သတၱိရွိပုံရပါတယ္။ သူ႔လက္ထဲဲက ယုန္ကို မလြတ္တမ္းဆုတ္ကုိင္ထားတဲ့အတြက္ လင္းယုန္ငွက္ က ယုန္ကိုခ်ီလုိက္တဲ့အခါမွာ ယုန္တင္မက ေျမေခြးပါ လင္းယုန္ငွက္ ေနာက္ကုိ ပါသြားပါတယ္။ ေလေပၚပါသြားမွန္း သိေပမယ့္ ေျမေခြးဟာ ယုန္ကုိ လႊတ္မေပးလုိက္ပါဘူး။ ေလေပၚပါသြားတာ အကြာအ၀း ေပ ၂၀ေက်ာ္ အထိေရာက္သြားပါတယ္။

ေလေပၚမွာ ေျမေခြးငယ္ နဲ႔ လင္းယုန္ငွက္ဟာ ယုန္ကုိ အၿပဳိင္အဆုိင္ဆြဲၾကရာမွာ ၈စကၠန္႔ေလာက္ၾကာတဲ့အထိပါပဲ။ ေနာက္ဆုံးမွာေတာ့ ႏုိင္ဖုိ႔မျဖစ္ႏုိင္ေတာ့မွန္း သိသြားတဲ့ ေျမေခြးငယ္ဟာ သူ႔ထက္အင္အား အဆမတန္ႀကီးမားတဲ့ လင္းယုန္ငွက္ကို အရႈံးေပးလုိက္ရၿပီး ယုန္ကုိလႊတ္ေပးလုိက္ရပါတယ္။ ျပဳတ္က်လာတဲ့ ေျမေခြးငယ္ဟာ ထိခုိက္ဒါဏ္ရာေတာ့ ရပုံမေပၚပဲ ထြက္သြားပါတယ္။

“ကြ်န္ေတာ့္အတြက္ေတာ့ အရမ္းအံၾသစရာေကာင္းတဲ့ ျမင္ကြင္းပါပဲ။ ကံေကာင္းတာကေတာ့ ဒီပုံေတြကုိ ကြ်န္ေတာ္အမိအရ ရုိက္ယူလုိက္ႏုိင္တာပါ။ ေျမေခြးငယ္က သတၱိရွိေပမယ့္ အရြယ္ငယ္လြန္းလုိ႔အခုလုိ အရႈံးေပးလုိက္ရတာပါ။ တကယ္လုိ႔မ်ား ေျမေခြးအေကာင္ႀကီးမယ္ဆုိရင္ လင္းယုန္ငွက္ဟာ သူမ်ားအစာကို အခုလုိ လြယ္လြယ္ကူကူ ခုိးသြားႏုိင္မယ္လုိ႔ မထင္ပါဘူး။ ဒီလင္းယုန္ငွက္ေတြဟာ တကယ့္အလစ္သမားေတြပါ။ သူတုိ႔ဟာ က်ီးကန္းေတြ ၊ အျခားငွက္ေတြ ၊ တိရစာၦန္ငယ္ေတြ နဲ႔ ေနာက္ဆုံး သူတုိ႔အခ်င္းခ်င္းဆီကေတာင္ ျပန္ၿပီးအလစ္သုတ္တတ္တာကို ကြ်န္ေတာ္မၾကာခဏျမင္ဖူးပါတယ္” လုိ႔ Kevin က ဆုိပါတယ္။

ကြ်န္ေတာ္ ေတာရုိင္းသဘာ၀ နဲ႔ တိရစာၦန္ေတြကုိ သီးသန္႔ရုိက္ကူးတဲ့ ဓာတ္ပုံဆရာအျဖစ္ လုပ္လာခဲ့တ အႏွစ္ ၂၀ေက်္ာပါၿပီ။ ဒါေပမယ့္ အခုလုိ အျပန္အလွန္တုိက္ခိုက္တဲ့ ျမင္ကြင္းကေတာ့ ဒါပထမဆုံး ျမင္ဖူးတာပါ။ မိတ္ေဆြတုိ႔အတြက္ ျမင္ရဖုိ႔ ခက္ခဲတဲ့ ဒီပုံေတြကုိ ရုိက္လာႏုိင္တဲ့အတြက္ေတာ့ ကြ်န္ေတာ္၀မ္းသာပါတယ္။ ဒီပုံရိပ္ေတြ နဲ႔ ဗီဒီယုိ ကိုၾကည့္ၿပီး လင္းယုန္ငွက္ ၊ ေျမေခြး နဲ႔ ယုန္ၾကားက ဇာတ္လမ္းတစ္ပုဒ္ကိုျမင္မိၾကမွာပါ။ ပုံေလးေတြကိုၾကည့္ၿပီး မိတ္ေဆြရဲ႕ အျမင္ကုိလည္းေျပာခဲ့ပါဦး။

LivingWilderness ၀ဘ္ဆုိဒ္က ဓာတ္ပုံဆရာ Kevin Ebi က ဒီပုံေတြကုိ ရုိက္ယူခဲ့တာပါ။

အစာလက္လြတ္ေပးလုိက္ရတဲ့ ေျမေခြးငယ္

VIDEO

Image credits: Kevin Ebi


ယုန်တစ်ကောင် အတွက် မြေခွေး နှင့် လင်းယုန်ငှက်တို့ကြားက လက်တွေ့တိုက်ပွဲ (unicode)

လင်းယုန်ဖြူဟာ အမေရိကရဲ့သင်္ကေတဖြစ်ပြီး လှပသန်စွမ်းကာ အကြောက်အလန့်ကင်းတဲ့ လင်းယုန်ငှက်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကောင်တွေကို တကယ့်အချောင်သမားတွေလို့လည်း ခေါ်နိုင်ပါတယ်။ အကြောင်းကတော့ အစာရှာရာမှာ ကိုယ်တိုင်ရှာတာထက် သူများရဲ့အစာကို အလစ်သုတ်တာက များလို့ဖြစ်ပါတယ်။ ဒီအကောင်တွေဟာ သူတို့အစာကို ဆုံးရှုံးသွားမှာ မနှစ်သက်ကြသလို ၊ ဒီလိုအလစ်သုတ်ရာမှာလည်း သေချာမယ့်အခြေအနေမှ လုပ်ဆောင်တတ်ကြတာပါ။

“ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက အံဩဖွယ်မြင်ကွင်းတစ်ခုကို ကျွန်တော်အမှတ်မထင် ရိုက်ယူမိခဲ့ပါတယ်။ ဒီလိုမြင်ကွင်းမျိုးဟာ အလွန်မြင်ဖို့ခက်ပါတယ်။” လို့ ဒီဗီဒီယို နဲ့ ပုံရိပ်တွေကို ရိုက်ခဲ့သူ Kevin Ebi က ဆိုပါတယ်။

သူမြင်ရတဲ့ မြင်ကွင်းမှာတော့ မြေခွေးငယ်(red fox ) တစ်ကောင်ဟာ သူ့အစာဖြစ်တဲ့ယုန်ကို ချီပြီးလမ်းလျှောက်လာပါတယ်။ ဒီအချိန်မှာပဲ မြေခွေးဟာ တစုံတရာအန္တရာယ်ကြောင့် ကောင်းကင်ကိုလှမ်းကြည့်လိုက်ပါတယ်။ ပထမသူပြေးဖို့ကြိုးစားတယ်။ ပြေးလို့မလွတ်မှန်းရိပ်မိတဲ့အခါ သူ့ရဲ့ အန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားလှဲချလိုက်ပေမယ့် တကယ်တမ်းတော့ လွတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။ အလစ်ချောင်းနေတဲ့ လင်းယုန်ငှက်ဟာ သူ့လက်ထဲက အစာကို စက္ကန့်ပိုင်းမကြာတဲ့အချိန်တွင်းမှာပဲ ချီသွားနိုင်ခဲ့ပါတယ်။

ပုံမှန်ဆိုရင် လင်းယုန်ငှက်က အစာကိုရသွားပြီး မြေခွေးက ကျန်ခဲ့ရမှာဖြစ်ပေမယ့် ဒီ မြေခွေးငယ်ကတော့ သတ္တိရှိပုံရပါတယ်။ သူ့လက်ထဲက ယုန်ကို မလွတ်တမ်းဆုတ်ကိုင်ထားတဲ့အတွက် လင်းယုန်ငှက် က ယုန်ကိုချီလိုက်တဲ့အခါမှာ ယုန်တင်မက မြေခွေးပါ လင်းယုန်ငှက် နောက်ကို ပါသွားပါတယ်။ လေပေါ်ပါသွားမှန်း သိပေမယ့် မြေခွေးဟာ ယုန်ကို လွှတ်မပေးလိုက်ပါဘူး။ လေပေါ်ပါသွားတာ အကွာအဝး ပေ ၂၀ကျော် အထိရောက်သွားပါတယ်။

လေပေါ်မှာ မြေခွေးငယ် နဲ့ လင်းယုန်ငှက်ဟာ ယုန်ကို အပြိုင်အဆိုင်ဆွဲကြရာမှာ ၈စက္ကန့်လောက်ကြာတဲ့အထိပါပဲ။ နောက်ဆုံးမှာတော့ နိုင်ဖို့မဖြစ်နိုင်တော့မှန်း သိသွားတဲ့ မြေခွေးငယ်ဟာ သူ့ထက်အင်အား အဆမတန်ကြီးမားတဲ့ လင်းယုန်ငှက်ကို အရှုံးပေးလိုက်ရပြီး ယုန်ကိုလွှတ်ပေးလိုက်ရပါတယ်။ ပြုတ်ကျလာတဲ့ မြေခွေးငယ်ဟာ ထိခိုက်ဒါဏ်ရာတော့ ရပုံမပေါ်ပဲ ထွက်သွားပါတယ်။

“ကျွန်တော့်အတွက်တော့ အရမ်းအံဩစရာကောင်းတဲ့ မြင်ကွင်းပါပဲ။ ကံကောင်းတာကတော့ ဒီပုံတွေကို ကျွန်တော်အမိအရ ရိုက်ယူလိုက်နိုင်တာပါ။ မြေခွေးငယ်က သတ္တိရှိပေမယ့် အရွယ်ငယ်လွန်းလို့အခုလို အရှုံးပေးလိုက်ရတာပါ။ တကယ်လို့များ မြေခွေးအကောင်ကြီးမယ်ဆိုရင် လင်းယုန်ငှက်ဟာ သူများအစာကို အခုလို လွယ်လွယ်ကူကူ ခိုးသွားနိုင်မယ်လို့ မထင်ပါဘူး။ ဒီလင်းယုန်တွေဟာ တကယ့်အလစ်သမားတွေပါ။ သူတို့ဟာ ကျီးကန်းတွေ ၊ အခြားငှက်တွေ ၊ တိရစ္ဆာန်ငယ်တွေ နဲ့ နောက်ဆုံး သူတို့အချင်းချင်းဆီကတောင် ပြန်ပြီးအလစ်သုတ်တတ်တာကို ကျွန်တော်မကြာခဏမြင်ဖူးပါတယ်” လို့ Kevin က ဆိုပါတယ်။

ကျွန်တော် တောရိုင်းသဘာ၀ နဲ့ တိရစ္ဆာန်တွေကို သီးသန့်ရိုက်ကူးတဲ့ ဓာတ်ပုံဆရာအဖြစ် လုပ်လာခဲ့တ အနှစ် ၂၀ကျေ်ာပါပြီ။ ဒါပေမယ့် အခုလို အပြန်အလှန်တိုက်ခိုက်တဲ့ မြင်ကွင်းကတော့ ဒါပထမဆုံး မြင်ဖူးတာပါ။ မိတ်ဆွေတို့အတွက် မြင်ရဖို့ ခက်ခဲတဲ့ ဒီပုံတွေကို ရိုက်လာနိုင်တဲ့အတွက်တော့ ကျွန်တော်ဝမ်းသာပါတယ်။ ဒီပုံရိပ်တွေကိုကြည့်ပြီး လင်းယုန်ငှက် ၊ မြေခွေး နဲ့ ယုန်ကြားက ဇာတ်လမ်းတစ်ပုဒ်ကိုမြင်မိကြမှာပါ။ ပုံလေးတွေကိုကြည့်ပြီး မိတ်ဆွေရဲ့ အမြင်ကိုလည်းပြောခဲ့ပါဦး။

LivingWilderness ဝဘ်ဆိုဒ်က ဓာတ်ပုံဆရာ Kevin Ebi က ဒီပုံတွေကို ရိုက်ယူခဲ့တာပါ။

Image credits: Kevin Ebi

Leave a Reply