မ်က္လုံးကိုအ၀တ္နဲ႔ စည္းျပီး ကစားခဲ့ေပမယ့္ လူဆယ္ေယာက္ကို တျပိဳင္နက္ အႏိုင္ယူခဲ့တဲ့ စစ္တုရင္ကစားသမား

Posted on

အေမရိကန္က စစ္တုရင္ကစားသမားတစ္ေယာက္ျဖစ္တဲ့ Timur Gareev ဟာ အီလီႏြိဳက္စ္ျပည္နယ္ ကြတ္ခ္ေကာင္တီ အက်ဥ္းေထာင္မွာ အက်ဥ္းသားဆယ္ေယာက္နဲ ့ခ်က္စ္ပြဲ (၁၀)ပြဲကို တစ္ျပိဳင္တည္း ကစားခဲ့ပါတယ္။ ဦးေႏွာက္ရယ္အျမင္အာရုံရယ္ အဓိကက်တဲ့ဒီကစားနည္းမွာ Timur က အျမင္အာရုံကို ဖယ္ရွားပစ္ျပီး သူ ့ဦးေႏွာက္မွတ္ဥာဏ္တစ္ခုတည္းနဲ ့ဆယ္ပြဲလုံးကို အႏိုင္ကစားျပသြားပါတယ္။

သူ ့ေဘးနားက အကူတစ္ေယာက္ကေတာ့ ကစားပြဲဆယ္ပြဲ လုံး ကို ၾကည့္ေန ရျပီး ဘယ္ခ်က္စ္ခုံက ဘယ္ခ်က္စ္ရုပ္ကို ဘယ္အကြက္ကိုေရႊ ့သြားတယ္ဆုိတာ ေျပာေပးေနရတာပါ။ သူကေတာ့ ခ်က္စ္ပြဲ (၁၀)ပြဲလုံးကို သူ ့ဦးေႏွာက္ထဲမွာပဲ ပုံစံေဖာ္ျပီး သူေရႊ ့ခ်င္တဲ့အကြက္နဲ ့အရုပ္ကို ပါးစပ္ကလွမ္းေျပာျပီး ကစားခဲ့တာပါ။ Timur နဲ ့ကစားမယ့္ဆယ္ေယာက္ထဲက တစ္ေယာက္ကေတာ့ ဒီလုပ္ရပ္ကို ေတာ္ေတာ္အထင္ေသးေနတယ္ေလ။

“ ကၽြန္ေတာ့္သူ ့ကို အႏိုင္ကစားႏိုင္မယ္ဆုိတာ သိတယ္၊ ကၽြန္ေတာ္ကေျခာက္တန္းထဲက စစ္တုရင္ထုိးလာတာဗ်၊ ဘယ္ႏွယ့္ မ်က္လုံးမွိတ္ျပီးကစားရတယ္လုိ ့၊ၾကည့္ေန ကၽြန္ေတာ္သူ ့ကို အႏိုင္ယူျပမယ္လုိ ့” ေထာင္မွဴးကို လွမ္းေျပာလုိက္ပါတယ္ ။

သူ ့ထင္သလုိျဖစ္မလာခဲ့ပါဘူး ၊ Timur ကလြယ္လြယ္ကူကူပဲ ဆယ္ေယာက္လုံးကိုအႏိုင္ယူျပသြားပါတယ္။ ဘယ္လုိကစားခဲ့တာလဲလုိ ့ Timur ကိုေမးၾကည့္ေတာ့
“ ဒါဟာအရမ္းစိတ္လွဳပ္ရွားစရာေကာင္းျပီး သိမ္ေမြ ့နက္နဲတဲ့ကစားနည္းပါ။ ခင္ဗ်ားသာ အတင္းၾကိဳးစားျပီး ကစားပြဲတုိင္းရဲ ့အကြက္ေတြ၊ စစ္တုရင္အရုပ္ အဆုတ္အတက္ေတြကို ခင္ဗ်ားမွတ္ဥာဏ္ထဲ ဇြတ္လုိက္မွတ္ေနမယ္ ဆုိရင္ ေတာ့ လုံး၀မျဖစ္ႏိုင္ပါဘူး၊ ကၽြန္ေတာ္တို ့ဦးေႏွာက္မွတ္ဥာဏ္ထဲမွာ အရမ္းလွပနက္နဲတဲ့ လွည့္ကြက္ေလးေတြရွိပါတယ္။ ဒါကိုအသုံးခ်တတ္ရင္ေတာ့ ထင္သေလာက္မခက္ပါဘူး။ “လုိ ့ဆုိသြားပါတယ္။

ဒီလုပ္ရပ္ဟာ စတန္ ့ထြင္ျပီးလုပ္တဲ့ လုပ္ရပ္မဟုတ္သလုိ အလကားသက္သက္အက်ိဳးမရွိတဲ့ လုပ္ရပ္လည္းမဟုတ္ပါဘူး။ Timur က သူဒီလို ေထာင္သားေတြနဲ ့စစ္တုရင္လာကစားတဲ့အဓိကရည္ရြယ္ခ်က္ကို အခု လုိေျပာ သြားပါ တယ္။

“ ဒီမွာေရာက္ေနတဲ့အက်ဥ္းသားေတာ္ေတာ္မ်ားမ်ားဟာ တစ္ခဏတာျဖစ္လာတဲ့ သူတို ့ရဲ ့ေဒါသ၊ စိတ္မုိက္ေတြကို မထိန္းခ်ဳပ္ႏိုင္ခဲ့လုိ ့ပါ ၊ စစ္တုရင္ကစားနည္းဆုိတာစဥ္းစားဆုံးျဖတ္ဥာဏ္၊ျဖတ္ထုိးဥာဏ္ ၊ စိတ္ရွည္သည္းခံႏိုင္မႈ တုိ ့ကို အေထာက္အကူေပးပါတယ္။ ကြ်န္ေတာ္ သူတုိ ့ကို စိတ္ပုိင္းဆုိင္ရာသင္တန္းလာပုိ ့ခ်ရင္ ဘယ္သူမွ စိတ္၀င္စားၾကမွာမဟုတ္ပါဘူး ၊ ဒါေၾကာင့္ စစ္တုရင္ကစားျပီးပဲ သူတုိ ့ကို သင္ေပးလုိက္တယ္ “

ဒါတင္မကေသးပါဘူး။ Timur Gareev ဟာ ၂၀၁၃၊ ေမလ ကတင္ စိန္ ့လူး၀စ္စ္ ျမိဳ ့မွာ မ်က္လုံးကိုအ၀တ္နဲ ့စည္းျပီး လူ ၃၃ ေယာက္ကို တစ္ျပိဳင္တည္း စစ္တုရင္ကစားျပခဲ့ပါေသးတယ္။ ဒီပြဲမွာေတာ့ ၂၉ ေယာက္ကို အႏိုင္ရရွိျပီး ၄ ေယာက္ကိုသေရက်သြားခဲ့ပါတယ္ ။

ဒီျဖစ္ရပ္ဟာ လြန္ခဲ့တဲ့ ၅ႏွစ္ခန္႔က ျဖစ္ရပ္ျဖစ္ၿပီး အဲဒီတုန္းက Timur Gareyev ဟာ အသက္ ၂၅ႏွစ္ပဲ ရွိပါေသးတယ္။ သူဟာ အေမရိကန္က စစ္တုရင္သမားတစ္ေယာက္ျဖစ္ၿပီး ၂၀၀၄ခုႏွစ္မွာကတည္းက Grandmaster ျဖစ္ခဲ့သူပါ။ သူဟာ ၂၀၁၆ခုႏွစ္ဒီဇင္ဘာလ ၄ရက္ေန႔ လတ္စ္ဗီးဂါတ္မွာ က်င္းပဲတဲ့ပြဲမွာေတာ့ မ်က္လုံးပိတ္ကာ ကစားရင္းလူေပါင္း ၄၈ဦးနဲ႔ တစ္ၿပဳိင္နက္ကစားၿပီး ဂင္းနစ္စံခ်ိန္တင္ခဲ့ပါေသးတယ္။ ဒီ ၄၈ပြဲမွာေတာ့ သူဟာ ၃၅ပြဲႏုိင္ ၇ပြဲသေရ နဲ႔ ၆ပြဲရႈံးတဲ့ ရလဒ္ထြက္ခဲ့ပါတယ္။

Trend Myanmar
Wikipedia


မျက်လုံးကိုအဝတ်နဲ့ စည်းပြီး ကစားခဲ့ပေမယ့် လူဆယ်ယောက်ကို တပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား (unicode)

အမေရိကန်က စစ်တုရင်ကစားသမားတစ်ယောက်ဖြစ်တဲ့ Timur Gareev ဟာ အီလီနွိုက်စ်ပြည်နယ် ကွတ်ခ်ကောင်တီ အကျဉ်းထောင်မှာ အကျဉ်းသားဆယ်ယောက်နဲ့ချက်စ်ပွဲ (၁၀)ပွဲကို တစ်ပြိုင်တည်း ကစားခဲ့ပါတယ်။ ဦးနှောက်ရယ်အမြင်အာရုံရယ် အဓိကကျတဲ့ဒီကစားနည်းမှာ Timur က အမြင်အာရုံကို ဖယ်ရှားပစ်ပြီး သူ့ဦးနှောက်မှတ်ဥာဏ်တစ်ခုတည်းနဲ့ဆယ်ပွဲလုံးကို အနိုင်ကစားပြသွားပါတယ်။

သူ့ဘေးနားက အကူတစ်ယောက်ကတော့ ကစားပွဲဆယ်ပွဲ လုံး ကို ကြည့်နေ ရပြီး ဘယ်ချက်စ်ခုံက ဘယ်ချက်စ်ရုပ်ကို ဘယ်အကွက်ကိုရွှေ့သွားတယ်ဆိုတာ ပြောပေးနေရတာပါ။ သူကတော့ ချက်စ်ပွဲ (၁၀)ပွဲလုံးကို သူ့ဦးနှောက်ထဲမှာပဲ ပုံစံဖော်ပြီး သူရွှေ့ချင်တဲ့အကွက်နဲ့အရုပ်ကို ပါးစပ်ကလှမ်းပြောပြီး ကစားခဲ့တာပါ။ Timur နဲ့ကစားမယ့်ဆယ်ယောက်ထဲက တစ်ယောက်ကတော့ ဒီလုပ်ရပ်ကို တော်တော်အထင်သေးနေတယ်လေ။

“ ကျွန်တော့်သူ့ကို အနိုင်ကစားနိုင်မယ်ဆိုတာ သိတယ်၊ ကျွန်တော်ကခြောက်တန်းထဲက စစ်တုရင်ထိုးလာတာဗျ၊ ဘယ်နှယ့် မျက်လုံးမှိတ်ပြီးကစားရတယ်လို့၊ကြည့်နေ ကျွန်တော်သူ့ကို အနိုင်ယူပြမယ်လို့” ထောင်မှူးကို လှမ်းပြောလိုက်ပါတယ် ။

သူ့ထင်သလိုဖြစ်မလာခဲ့ပါဘူး ၊ Timur ကလွယ်လွယ်ကူကူပဲ ဆယ်ယောက်လုံးကိုအနိုင်ယူပြသွားပါတယ်။ ဘယ်လိုကစားခဲ့တာလဲလို့ Timur ကိုမေးကြည့်တော့
“ ဒါဟာအရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး သိမ်မွေ့နက်နဲတဲ့ကစားနည်းပါ။ ခင်ဗျားသာ အတင်းကြိုးစားပြီး ကစားပွဲတိုင်းရဲ့အကွက်တွေ၊ စစ်တုရင်အရုပ် အဆုတ်အတက်တွေကို ခင်ဗျားမှတ်ဥာဏ်ထဲ ဇွတ်လိုက်မှတ်နေမယ် ဆိုရင် တော့ လုံးဝမဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ဦးနှောက်မှတ်ဥာဏ်ထဲမှာ အရမ်းလှပနက်နဲတဲ့ လှည့်ကွက်လေးတွေရှိပါတယ်။ ဒါကိုအသုံးချတတ်ရင်တော့ ထင်သလောက်မခက်ပါဘူး။ “လို့ဆိုသွားပါတယ်။

ဒီလုပ်ရပ်ဟာ စတန့်ထွင်ပြီးလုပ်တဲ့ လုပ်ရပ်မဟုတ်သလို အလကားသက်သက်အကျိုးမရှိတဲ့ လုပ်ရပ်လည်းမဟုတ်ပါဘူး။ Timur က သူဒီလို ထောင်သားတွေနဲ့စစ်တုရင်လာကစားတဲ့အဓိကရည်ရွယ်ချက်ကို အခု လိုပြော သွားပါ တယ်။

“ ဒီမှာရောက်နေတဲ့အကျဉ်းသားတော်တော်များများဟာ တစ်ခဏတာဖြစ်လာတဲ့ သူတို့ရဲ့ဒေါသ၊ စိတ်မိုက်တွေကို မထိန်းချုပ်နိုင်ခဲ့လို့ပါ ၊ စစ်တုရင်ကစားနည်းဆိုတာစဉ်းစားဆုံးဖြတ်ဥာဏ်၊ဖြတ်ထိုးဥာဏ် ၊ စိတ်ရှည်သည်းခံနိုင်မှု တို့ကို အထောက်အကူပေးပါတယ်။ ကျွန်တော် သူတို့ကို စိတ်ပိုင်းဆိုင်ရာသင်တန်းလာပို့ချရင် ဘယ်သူမှ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး ၊ ဒါကြောင့် စစ်တုရင်ကစားပြီးပဲ သူတို့ကို သင်ပေးလိုက်တယ် “

ဒါတင်မကသေးပါဘူး။ Timur Gareev ဟာ ၂၀၁၃၊ မေလ ကတင် စိန့်လူးဝစ်စ် မြို့မှာ မျက်လုံးကိုအဝတ်နဲ့စည်းပြီး လူ ၃၃ ယောက်ကို တစ်ပြိုင်တည်း စစ်တုရင်ကစားပြခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ ၂၉ ယောက်ကို အနိုင်ရရှိပြီး ၄ ယောက်ကိုသရေကျသွားခဲ့ပါတယ် ။

ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၅နှစ်ခန့်က ဖြစ်ရပ်ဖြစ်ပြီး အဲဒီတုန်းက Timur Gareyev ဟာ အသက် ၂၅နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အမေရိကန်က စစ်တုရင်သမားတစ်ယောက်ဖြစ်ပြီး ၂၀၀၄ခုနှစ်မှာကတည်းက Grandmaster ဖြစ်ခဲ့သူပါ။ သူဟာ ၂၀၁၆ခုနှစ်ဒီဇင်ဘာလ ၄ရက်နေ့ လတ်စ်ဗီးဂါတ်မှာ ကျင်းပဲတဲ့ပွဲမှာတော့ မျက်လုံးပိတ်ကာ ကစားရင်းလူပေါင်း ၄၈ဦးနဲ့ တစ်ပြိုင်နက်ကစားပြီး ဂင်းနစ်စံချိန်တင်ခဲ့ပါသေးတယ်။ ဒီ ၄၈ပွဲမှာတော့ သူဟာ ၃၅ပွဲနိုင် ၇ပွဲသရေ နဲ့ ၆ပွဲရှုံးတဲ့ ရလဒ်ထွက်ခဲ့ပါတယ်။

Trend Myanmar
Wikipedia

Leave a Reply