ယခုထိတုိင္ အေကာင္းပကတိ ရွိေနေသးတဲ့ ကမာၻ႔ေရွးအက်ဆုံး သစ္သားအေဆာက္အဦး

Posted on

ေရးသားသူ – Ko Kyaw Min Aung

သစ္သားအေဆာက္အဦးတစ္လံုးဟာ ႏွစ္ေပါင္းဘယ္ေလာက္ၾကာေအာင္ တည္တန္႔ႏိုင္မယ္လို႔ မိတ္​​ေဆ​ြထင္​ပါသလဲ။ မိတ္ေဆြ ျမင္ဖူးသမ်ွထဲမွာ ​ေရွးအက်ဆံုး သစ္သားအိမ္တလံုးဟာသက္တမ္း ဘယ္ေလာက္ရိွပါသလဲ။ ကြ်န္ေတာ္တို႔ၿမိဳ႕ေတြမွာေတာ့ အဂၤလိပ္ေခတ္​ေလာက္က ​ေဆာက္လုပ္ခဲ့တဲ့ အိမ္ႀကီးေတြ၊ ဘိုတဲ​ေတြ ​ေတြ႕ဖူးပါတယ္။

တခ်ိဳ႕ၿမိဳ႕ေတြမွာေတာ့ ကုန္းေဘာင္ေခတ္​ ​ေနွာင္းပိုင္း​​ေလာက္ကဘုန္းႀကီးေက်ာင္းေတြ ​ေတြ႕နိုင္ပါ​ေသးတယ္။ ဒါေပမယ့္ရွားရွားပါးပါးပါ။ က်ြန္ေတာ္တို႔လူမ်ိဳးေတြကိုယ္​၌က အထိန္းအသိမ္း ည႔ံလို႔ပဲလား။ စစ္ေဘးစစ္ဒဏ္ေတြ ​ေခတ္အဆက္ဆက္ ခံခဲ့ရတာကိုပဲရိုးမယ္ဖြဲ႕ရမလား မေျပာတတ္ပါဘူး။ သမိုင္​းတ​ေလ်ွာက္​လံုး သစ္​ဝါးနဲ႔ပဲ အိမ္​​ေဆာက္​ ​ေနထိုင္​လာခဲ႔တဲ႔ ကြၽန္​​ေတာ္​တို႔ ျမန္​မာလူမ်ိဳး​ေတြမွာ ​ေရွးေဟာင္းအေမြအႏွစ္လို႔ျပစရာ သစ္သားအေဆာက္အဦးက မရိွသ​ေလာက္​ပါပဲ။ မင္​းကင္​း ​ေရာက္​တုန္​းက​ေတာ့ ခ်င္​းတြင္​းျမစ္​​ေဘးက ​ေက်း​ေတာင္​ဦးရြာမွာ ေညာင္​ရမ္​း​ေခတ္​က ​ေဆာက္​ခဲ႔တဲ့ ႏွစ္ေပါင္း ၂၉၀ သက္တမ္းရွိ ဘုန္​းႀကီး​ေက်ာင္​း တ​ေက်ာင္​း​ ေတြ႔ခဲ႔ရပါတယ္​။

၁၇၂၈ ခုနွစ္တနဂၤေႏြမင္းလက္ထက္မွာေဆာက္လုပ္ခဲ႔တဲ႔ေက်ာင္းေဆာင္ႀကီး

ကမာၻေပၚမွာ ယေန႔အထိ တည္တန္႔ေနတဲ့ ေရွးအက်ဆံုး သစ္သားအေဆာက္အဦးက ဂ်ပန္နိုင္ငံ ကန္​ဆိုင္​း​ေဒသ နာရာ(Nara)စီရင္​စု အီီက႐ူဂါ(Ikaruga)ၿမိဳ႕မွာရိွတဲ႔ ေဟာယူဂ်ီ (Hor-yu-ji)ဘုရား​ေက်ာင္း​ ျဖစ္​ပါတယ္​။​ ေဟာယူဂ်ီဆိုတဲ႔နာမည္​က တရားဓမၼထြန္​းလင္​းရာ လို႔ အဓိပၸါယ္​ရပါတယ္​။

​ေက်ာ​င္းဝင္းထဲက အေဆာက္အဦေတြအေတာ္မ်ားမ်ားက ႏွစ္ေပါင္းတေထာင္​ေက်ာ္ေနပါၿပီ။ အဲဒီဘုရား​ေက်ာင္​းကို မင္​းသား႐ိူတိုဂု က ​ေအဒီ ၆၀၇ ခုႏွစ္​မွာတည္​ခဲ႔ပါတယ္​။ အဆူကာ (Asuka )ေခတ္​အတြင္​း​ ေဆာက္​လုပ္​ခဲ႔တဲ႔ ဗုဒၶ​ေက်ာင္​း​ေဆာင္​​ေတြအနက္​ တခုတည္​း အ​ေကာင္​းပကတိ က်န္​ရိွ​ေနတဲ႔ ​ေက်ာင္​း​ေဆာင္​ျဖစ္​ပါတယ္​။ ဘုရား​ေက်ာင္​းဝင္​းထဲက အ​ေဆာက္​အဦး အ​မ်ားစုဟာ ၆၇၀ ခုႏွစ္​မွာ မီး​ေလာင္​ကြၽမ္​းသြားတဲ႔အတြက္​ ၇၁၀ခုႏွစ္​မွာ အသစ္​ျပန္​လည္​ တည္​​ေဆာက္​ခဲ႔ရပါတယ္​။

အဲဒီဘုရားေက်ာင္းဝင္းထဲက ဥာဏ္ေတာ္၁၂၂ေပ ရိွၿပီး ဘံုငါးဆင့္ပါတဲ့ ဘံု​ေက်ာင္​းဘုရား(Pagoda)၊ ခန္​းမ​ေဆာင္​ႀကီးနဲ႔ အဝင္​ဂိတ္​တံခါး တို႔က​ေတာ႔ မီး​ေဘးကကင္​းလြတ္​ခဲ႔တယ္​ လို႔ သမိုင္​းသု​ေတသီ E.F.Fenollosa က​ေျပာပါတယ္​။ အ​ေသအခ်ာ​ေျပာႏိုင္​တာက​ေတာ႔ ဘံု​ေက်ာင္​းဘုရားဟာ ဒီေန႔ဆိုရင္ သက္​တမ္​း ႏွစ္​​ေပါင္​း၁၃၀၀ ေက်ာ္ပါၿပီ။ ဂ်ပန္ကိုဗုဒၶဘာသာစေရာက္တဲ့ကာလမွာ တည္ခဲ့တာျဖစ္ပါတယ္။

ဘုရားရဲ႕အလယ္ေခါင္တိုင္မွာ ရိွတဲ့သစ္လံုးႀကီးကို သိပၸံနည္းက်စစ္ေဆးခ်က္အရ ​ ေအဒီ ၅၉၄ ခုႏွစ္မွာခုတ္လွဲခဲ့တာ ျဖစ္ေၾကာင္းသိရပါတယ္။ အဲဒီတိုင္လံုးဟာ ဆယ္ေပေလာက္ထုရိွတဲ့​ ေအာက္ခံေက်ာက္သားေဖာင္ေဒးရွင္း ကိုထိုးေဖာက္ၿပီးေျမႀကီးထဲအထိ စိုက္​ဝင္​​ေနပါတယ္။ တိုင္လံုးႀကီးရဲ႕အေျခမွာေတာ့ ဗုဒၶရဲ႕အရိုးဓာတ္ေတာ္ကို ဌာပနာထားပါတယ္​။

​ေဟာယူဂ်ီဘုရား​ေက်ာင္​းဟာ ဂ်ပန္​တနိုင္​ငံလံုးကို ဗုဒၶဘာသာ စတင္​ ျပန္​႔ပြား​ေစခဲ႔တဲ႔​ေနရာလည္​းျဖစ္​ပါတယ္​။ ဘံုငါးဆင့္ဘုရားအပါအဝင္ျဖစ္တဲ့ ​ေဟာယူဂ်ီ ဘုရား​ေက်ာင္​း (Hor yu-ji temple)တဝင္းလံုးကို UNESCOကကမာ႓႕အေမြအနွစ္အျဖစ္​သတ္မွတ္ထားသလို ဂ်ပန္အစိုးရကလည္းအမ်ိဳးသားရတနာ အျဖစ္ထိန္းသိမ္းထားပါတယ္။

Written by Kyaw Min Aung


ယခုထိတိုင် အကောင်းပကတိ ရှိနေသေးတဲ့ ကမ္ဘာ့ရှေးအကျဆုံး သစ်သားအဆောက်အဦး (unicode)

ရေးသားသူ – Ko Kyaw Min Aung

သစ်သားအဆောက်အဦးတစ်လုံးဟာ နှစ်ပေါင်းဘယ်လောက်ကြာအောင် တည်တန့်နိုင်မယ်လို့ မိတ်​​ဆေ​ြထင်​ပါသလဲ။ မိတ်ဆွေ မြင်ဖူးသမျှထဲမှာ ​ရှေးအကျဆုံး သစ်သားအိမ်တလုံးဟာသက်တမ်း ဘယ်လောက်ရှိပါသလဲ။ ကျွန်တော်တို့မြို့တွေမှာတော့ အင်္ဂလိပ်ခေတ်​လောက်က ​ဆောက်လုပ်ခဲ့တဲ့ အိမ်ကြီးတွေ၊ ဘိုတဲ​တွေ ​တွေ့ဖူးပါတယ်။

တချို့မြို့တွေမှာတော့ ကုန်းဘောင်ခေတ်​ ​နှောင်းပိုင်း​​လောက်ကဘုန်းကြီးကျောင်းတွေ ​တွေ့နိုင်ပါ​သေးတယ်။ ဒါပေမယ့်ရှားရှားပါးပါးပါ။ ကျွန်တော်တို့လူမျိုးတွေကိုယ်​၌က အထိန်းအသိမ်း ညံ့လို့ပဲလား။ စစ်ဘေးစစ်ဒဏ်တွေ ​ခေတ်အဆက်ဆက် ခံခဲ့ရတာကိုပဲရိုးမယ်ဖွဲ့ရမလား မပြောတတ်ပါဘူး။ သမိုင်​းတ​လျှောက်​လုံး သစ်​ဝါးနဲ့ပဲ အိမ်​​ဆောက်​ ​နေထိုင်​လာခဲ့တဲ့ ကျွန်​​တော်​တို့ မြန်​မာလူမျိုး​တွေမှာ ​ရှေးဟောင်းအမွေအနှစ်လို့ပြစရာ သစ်သားအဆောက်အဦးက မရှိသ​လောက်​ပါပဲ။ မင်​းကင်​း ​ရောက်​တုန်​းက​တော့ ချင်​းတွင်​းမြစ်​​ဘေးက ​ကျေး​တောင်​ဦးရွာမှာ ညောင်​ရမ်​း​ခေတ်​က ​ဆောက်​ခဲ့တဲ့ ဘုန်​းကြီး​ကျောင်​း တ​ကျောင်​း​ တွေ့ခဲ့ရပါတယ်​။

ကမ္ဘာပေါ်မှာ ယနေ့အထိ တည်တန့်နေတဲ့ ရှေးအကျဆုံး သစ်သားအဆောက်အဦးက ဂျပန်နိုင်ငံ ကန်​ဆိုင်​း​ဒေသ နာရာ(Nara)စီရင်​စု အီကရူဂါ(Ikaruga)မြို့မှာရှိတဲ့ ဟောယူဂျီ (Hor-yu-ji)ဘုရား​ကျောင်း​ ဖြစ်​ပါတယ်​။​ ဟောယူဂျီဆိုတဲ့နာမည်​က တရားဓမ္မထွန်​းလင်​းရာ လို့ အဓိပ္ပါယ်​ရပါတယ်​။

​ကျော​င်းဝင်းထဲက အဆောက်အဦတွေအတော်များများက နှစ်ပေါင်းတထောင်​ကျော်နေပါပြီ။ အဲဒီဘုရား​ကျောင်​းကို မင်​းသားရိူတိုဂု က ​အေဒီ ၆၀၇ ခုနှစ်​မှာတည်​ခဲ့ပါတယ်​။ အဆူကာ (Asuka )ခေတ်​အတွင်​း​ ဆောက်​လုပ်​ခဲ့တဲ့ ဗုဒ္ဓ​ကျောင်​း​ဆောင်​​တွေအနက်​ တခုတည်​း အ​ကောင်​းပကတိ ကျန်​ရှိ​နေတဲ့ ​ကျောင်​း​ဆောင်​ဖြစ်​ပါတယ်​။ ဘုရား​ကျောင်​းဝင်​းထဲက အ​ဆောက်​အဦး အ​များစုဟာ ၆၇၀ ခုနှစ်​မှာ မီး​လောင်​ကျွမ်​းသွားတဲ့အတွက်​ ၇၁ဝခုနှစ်​မှာ အသစ်​ပြန်​လည်​ တည်​​ဆောက်​ခဲ့ရပါတယ်​။

အဲဒီဘုရားကျောင်းဝင်းထဲက ဥာဏ်တော်၁၂၂ပေ ရှိပြီး ဘုံငါးဆင့်ပါတဲ့ ဘုံ​ကျောင်​းဘုရား(Pagoda)၊ ခန်​းမ​ဆောင်​ကြီးနဲ့ အဝင်​ဂိတ်​တံခါး တို့က​တော့ မီး​ဘေးကကင်​းလွတ်​ခဲ့တယ်​ လို့ သမိုင်​းသု​တေသီ E.F.Fenollosa က​ပြောပါတယ်​။ အ​သေအချာ​ပြောနိုင်​တာက​တော့ ဘုံ​ကျောင်​းဘုရားဟာ ဒီနေ့ဆိုရင် သက်​တမ်​း နှစ်​​ပေါင်​း၁၃၀၀ ကျော်ပါပြီ။ ဂျပန်ကိုဗုဒ္ဓဘာသာစရောက်တဲ့ကာလမှာ တည်ခဲ့တာဖြစ်ပါတယ်။

ဘုရားရဲ့အလယ်ခေါင်တိုင်မှာ ရှိတဲ့သစ်လုံးကြီးကို သိပ္ပံနည်းကျစစ်ဆေးချက်အရ ​ အေဒီ ၅၉၄ ခုနှစ်မှာခုတ်လှဲခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ အဲဒီတိုင်လုံးဟာ ဆယ်ပေလောက်ထုရှိတဲ့​ အောက်ခံကျောက်သားဖောင်ဒေးရှင်း ကိုထိုးဖောက်ပြီးမြေကြီးထဲအထိ စိုက်​ဝင်​​နေပါတယ်။ တိုင်လုံးကြီးရဲ့အခြေမှာတော့ ဗုဒ္ဓရဲ့အရိုးဓာတ်တော်ကို ဌာပနာထားပါတယ်​။

​ဟောယူဂျီဘုရား​ကျောင်​းဟာ ဂျပန်​တနိုင်​ငံလုံးကို ဗုဒ္ဓဘာသာ စတင်​ ပြန်​႔ပွား​စေခဲ့တဲ့​နေရာလည်​းဖြစ်​ပါတယ်​။ ဘုံငါးဆင့်ဘုရားအပါအဝင်ဖြစ်တဲ့ ​ဟောယူဂျီ ဘုရား​ကျောင်​း (Hor yu-ji temple)တဝင်းလုံးကို UNESCOကကမာ႓႕အမွေအနှစ်အဖြစ်​သတ်မှတ်ထားသလို ဂျပန်အစိုးရကလည်းအမျိုးသားရတနာ အဖြစ်ထိန်းသိမ်းထားပါတယ်။

Written by Kyaw Min Aung

Leave a Reply