မေကာင္းတဲ့အက်င့္ တစ္ခုကို ျပင္ဖုိ႔ခက္ေနသူမ်ားအတြက္

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

အက်င့္ (Habit) တစ္ခုကို ျပင္ခ်င္ရင္ Comfort Zone ထဲက ထြက္ႏိုင္ရမယ္။

မိမိမွာ ကုိယ့္ကုိယ္ကုိသိတဲ့ မေကာင္းတဲ့အက်င့္ေလးေတြ ရွိေနတယ္။ မေကာင္းတဲ့ အက်င့္ဆိုတာ ဘာေတြလဲဆိုတာ အမ်ားသိၾကပါတယ္။ ဥပမာအနည္းငယ္ေျပာရရင္ အိပ္ယာထေနာက္က်တာ၊ သူငယ္ခ်င္းေတြနဲ႔လက္ဖက္ရည္ဆိုင္ထိုင္ၿပီး အခ်ိန္ျဖဳန္းေနတာ၊ အိပ္ယာထဲမွာ ေခြၿပီး facebook ကို ညနက္သန္းေခါင္အထိ ၾကည့္ေနတာ၊ က်န္းမာေရးအတြက္ ေလ့က်င့္ခန္း မလုပ္တာ စတာေတြေပ့ါ။

ဒီအက်င့္ေတြဟာ မေကာင္းမွန္းသိတယ္။ ကိုယ့္ဘဝတိုးတက္ေရးအတြက္ အေထာက္အကူမျဖစ္ေစဘူးဆိုတာ သိၾကပါတယ္။ တေန႔တေန႔အဲဒါေတြနဲ႔ အခ်ိန္ကုန္မယ့္အစား ေက်ာင္းစာလုပ္မယ္ အဂၤလိပ္စာေလ့လာမယ္။ အလုပ္လုပ္ေနသူကလဲ မိမိအလုပ္နဲ႔ဆိုင္တဲ့စာအုပ္ဖတ္မယ္။ အင္တာနက္ကေန ဗဟုသုတေတြရွာေဖြဖတ္ရႈေနမယ္ဆိုရင္ ႏွစ္အနည္းငယ္အၾကာမွာ မိမိဘဝေျပာင္းလဲ တိုးတက္လာမယ္ဆိုတာလည္း ေကာင္းေကာင္းသိၾကတယ္။

သိေနရင္ ဘာလို႔မလုပ္ၾကတာလဲ။ အက်င့္ေဟာင္းေတြကို ဘာလို႔မစြန္႔ႏိုင္ရတာလဲ။

လူရဲ႕ပင္ကိုယ္သဘာဝဟာ ကိုယ္ေရာ စိတ္ပါသက္ေတာင့္သက္သာေနခ်င္တယ္။ မသက္မသာျဖစ္မဲ့ကိစၥဆိုရင္ မလုပ္ခ်င္ဘူး။ သက္ေတာင့္သက္သာေနခ်င္တဲ့ အေျခအေနကို အဂၤလိပ္လို Comfort Zone လို႔ေခၚတယ္။ လူေတြဟာ အဲဒီ Zone ထဲမွာပဲေနခ်င္တယ္။ မေကာင္းတဲ့အက်င့္ေလးေတြနဲ႔ ဇိမ္က်ေနတာကိုး။

တခ်ိဳ႕က ဒီအတိုင္းေနရင္ ငါ့ဘဝတိုးတက္မွာမဟုတ္ဘူး။ အဲဒီေတာ့ မေကာင္းတဲ့အက်င့္ေတြကို ေကာင္းတဲ့အက်င့္နဲ႔အစားထိုးမယ္ဆိုၿပီး စလုပ္တယ္။

ဥပမာတခုေျပာရရင္ အဆီအဆိမ့္ေတြစားၿပီး ဝေနသူတေယာက္ဟာ သူ႔ဝိတ္ခ်ဖို႔ သူ႔ေနအထိုင္စားေသာက္ပံုအက်င့္ေတြကို ျပင္ဖို႔ဆံုးျဖတ္လိုက္တယ္။ ညေနတိုင္းေျပးမယ္ ေလ့က်င့္ခန္းလုပ္မယ္။ အဆီအဆိမ့္မစားပဲ ထမင္းနဲနဲနဲ႔အသီးအရြက္မ်ားမ်ားစားမယ္။ အဲဒီအတိုင္းလုပ္တယ္။ လုပ္ေနက်မဟုတ္ေတာ့ သူ႔ကိုယ္ေတြလက္ေတြ႐ိုက္ထားသလို နာက်င္ကိုက္ခဲလာတယ္။ စားေနက် ပါးစပ္အရသာေတြမစားရေတာ့ ဗိုက္ကဆာေလာင္ေနတယ္။ စိတ္တိုေနတယ္။ ဒါေတြဟာ Comfort Zone သက္သာတဲ့အေျခအေနထဲကေန Uncomfort Zone မသက္မသာတဲ့ အေျခအေနထဲ ေရာက္သြားလို႔ ကိုယ္ေ႐ာစိတ္ပါ မသက္မသာခံစားေနရတာပါ။

တစ္ပတ္ေလာက္ၾကာေတာ့ အဲဒီလူဟာ ဒီလိုမသက္မသာခံစားေနရတာကို ဆက္မခံစားခ်င္ေတာ့လို႔ အရင္သက္ေတာင့္သက္သာ ေနရတဲ့ Comfort Zone ကို ျပန္သြားလိုက္တယ္။ ေလ့က်င့္ခန္းလုပ္တာရပ္လိုက္ၿပီ။ အရင္အတိုင္းျပန္စားေတာ့တယ္။ အခုသက္ေတာင့္သက္သာေနႏိုင္သြားၿပီ။ အရင္အက်င့္ျပန္ျဖစ္သြားၿပီ။ အက်င့္အသစ္ကိုမေျပာင္းႏိုင္ခဲ့ဘူး။ ဝၿမဲဝလ်က္ပါပဲ။ ဘာမွမေျပာင္းလဲပါဘူး။

ဘာျဖစ္လို႔ သူဟာ အက်င့္ေဟာင္းကေန အက်င့္သစ္ကိုေျပာင္းလို႔မရတာလဲ။ လူတေယာက္ဟာ အက်င့္တခုျဖစ္ဖို႔ အနည္းဆံုး(၂၁)ရက္ကေန -၃လေလာက္အခ်ိန္လိုပါတယ္။ အဲဒီအခ်ိန္ထိ အၿမဲတမ္းပံုမွန္လုပ္ေနမွ အဲဒီအက်င့္သစ္ဟာ Comfort Zone ထဲေရာက္သြားမယ္။ အက်င့္သစ္နဲ႔အသားက်သြားၿပီ။ သက္ေတာင့္သက္သာေနလို႔ရသြားၿပီ။ ဒါဆိုရင္ ဦးေႏွာက္ထဲမွာ အဲဒီအက်င့္စြဲသြားၿပီမို႔ ေဖ်ာက္ဖ္ို႔ခက္သြားၿပီ။ ဒီလိုျဖစ္ဖို႔ စိတ္ရွည္ဖို႔ ဇြဲရွိဖို႔လိုပါတယ္။

တစ္ခုသတိေပးပါရေစ။ အဲဒီအက်င့္သစ္ကို အခ်ိန္အေတာ္ၾကာၾကာမလုပ္ပဲထားလိုက္ရင္ အရင္အက်င့္ေဟာင္းဆီကိုျပန္ေရာက္သြားႏိုင္ပါတယ္။

Highly Successful people have learnt to develop good habits.
ေအာင္ျမင္ထင္ရွားေက်ာ္ၾကားတဲ့ပုဂၢိၢဳလ္ေတြဟာ ေကာင္းတဲ့အက်င့္ေတြ လုပ္တတ္ၾကတယ္။ သူတို႔ဟာ Comfort Zoneထဲမွာ ေနေလ့မရိွၾကဘူး။


မကောင်းတဲ့အကျင့် တစ်ခုကို ပြင်ဖို့ခက်နေသူများအတွက် (unicode)

ရေးသားသူ – ဗန်းမော်သိန်းဖေ
အကျင့် (Habit) တစ်ခုကို ပြင်ချင်ရင် Comfort Zone ထဲက ထွက်နိုင်ရမယ်။

မိမိမှာ ကိုယ့်ကိုယ်ကိုသိတဲ့ မကောင်းတဲ့အကျင့်လေးတွေ ရှိနေတယ်။ မကောင်းတဲ့ အကျင့်ဆိုတာ ဘာတွေလဲဆိုတာ အများသိကြပါတယ်။ ဥပမာအနည်းငယ်ပြောရရင် အိပ်ယာထနောက်ကျတာ၊ သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတာ၊ အိပ်ယာထဲမှာ ခွေပြီး facebook ကို ညနက်သန်းခေါင်အထိ ကြည့်နေတာ၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း မလုပ်တာ စတာတွေပေါ့။

ဒီအကျင့်တွေဟာ မကောင်းမှန်းသိတယ်။ ကိုယ့်ဘဝတိုးတက်ရေးအတွက် အထောက်အကူမဖြစ်စေဘူးဆိုတာ သိကြပါတယ်။ တနေ့တနေ့အဲဒါတွေနဲ့ အချိန်ကုန်မယ့်အစား ကျောင်းစာလုပ်မယ် အင်္ဂလိပ်စာလေ့လာမယ်။ အလုပ်လုပ်နေသူကလဲ မိမိအလုပ်နဲ့ဆိုင်တဲ့စာအုပ်ဖတ်မယ်။ အင်တာနက်ကနေ ဗဟုသုတတွေရှာဖွေဖတ်ရှုနေမယ်ဆိုရင် နှစ်အနည်းငယ်အကြာမှာ မိမိဘဝပြောင်းလဲ တိုးတက်လာမယ်ဆိုတာလည်း ကောင်းကောင်းသိကြတယ်။

သိနေရင် ဘာလို့မလုပ်ကြတာလဲ။ အကျင့်ဟောင်းတွေကို ဘာလို့မစွန့်နိုင်ရတာလဲ။

လူရဲ့ပင်ကိုယ်သဘာဝဟာ ကိုယ်ရော စိတ်ပါသက်တောင့်သက်သာနေချင်တယ်။ မသက်မသာဖြစ်မဲ့ကိစ္စဆိုရင် မလုပ်ချင်ဘူး။ သက်တောင့်သက်သာနေချင်တဲ့ အခြေအနေကို အင်္ဂလိပ်လို Comfort Zone လို့ခေါ်တယ်။ လူတွေဟာ အဲဒီ Zone ထဲမှာပဲနေချင်တယ်။ မကောင်းတဲ့အကျင့်လေးတွေနဲ့ ဇိမ်ကျနေတာကိုး။

တချို့က ဒီအတိုင်းနေရင် ငါ့ဘဝတိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ မကောင်းတဲ့အကျင့်တွေကို ကောင်းတဲ့အကျင့်နဲ့အစားထိုးမယ်ဆိုပြီး စလုပ်တယ်။

ဥပမာတခုပြောရရင် အဆီအဆိမ့်တွေစားပြီး ဝနေသူတယောက်ဟာ သူ့ဝိတ်ချဖို့ သူ့နေအထိုင်စားသောက်ပုံအကျင့်တွေကို ပြင်ဖို့ဆုံးဖြတ်လိုက်တယ်။ ညနေတိုင်းပြေးမယ် လေ့ကျင့်ခန်းလုပ်မယ်။ အဆီအဆိမ့်မစားပဲ ထမင်းနဲနဲနဲ့အသီးအရွက်များများစားမယ်။ အဲဒီအတိုင်းလုပ်တယ်။ လုပ်နေကျမဟုတ်တော့ သူ့ကိုယ်တွေလက်တွေရိုက်ထားသလို နာကျင်ကိုက်ခဲလာတယ်။ စားနေကျ ပါးစပ်အရသာတွေမစားရတော့ ဗိုက်ကဆာလောင်နေတယ်။ စိတ်တိုနေတယ်။ ဒါတွေဟာ Comfort Zone သက်သာတဲ့အခြေအနေထဲကနေ Uncomfort Zone မသက်မသာတဲ့ အခြေအနေထဲ ရောက်သွားလို့ ကိုယ်ရောစိတ်ပါ မသက်မသာခံစားနေရတာပါ။

တစ်ပတ်လောက်ကြာတော့ အဲဒီလူဟာ ဒီလိုမသက်မသာခံစားနေရတာကို ဆက်မခံစားချင်တော့လို့ အရင်သက်တောင့်သက်သာ နေရတဲ့ Comfort Zone ကို ပြန်သွားလိုက်တယ်။ လေ့ကျင့်ခန်းလုပ်တာရပ်လိုက်ပြီ။ အရင်အတိုင်းပြန်စားတော့တယ်။ အခုသက်တောင့်သက်သာနေနိုင်သွားပြီ။ အရင်အကျင့်ပြန်ဖြစ်သွားပြီ။ အကျင့်အသစ်ကိုမပြောင်းနိုင်ခဲ့ဘူး။ ဝမြဲဝလျက်ပါပဲ။ ဘာမှမပြောင်းလဲပါဘူး။

ဘာဖြစ်လို့ သူဟာ အကျင့်ဟောင်းကနေ အကျင့်သစ်ကိုပြောင်းလို့မရတာလဲ။ လူတယောက်ဟာ အကျင့်တခုဖြစ်ဖို့ အနည်းဆုံး(၂၁)ရက်ကနေ -၃လလောက်အချိန်လိုပါတယ်။ အဲဒီအချိန်ထိ အမြဲတမ်းပုံမှန်လုပ်နေမှ အဲဒီအကျင့်သစ်ဟာ Comfort Zone ထဲရောက်သွားမယ်။ အကျင့်သစ်နဲ့အသားကျသွားပြီ။ သက်တောင့်သက်သာနေလို့ရသွားပြီ။ ဒါဆိုရင် ဦးနှောက်ထဲမှာ အဲဒီအကျင့်စွဲသွားပြီမို့ ဖျောက်ဖ်ို့ခက်သွားပြီ။ ဒီလိုဖြစ်ဖို့ စိတ်ရှည်ဖို့ ဇွဲရှိဖို့လိုပါတယ်။

တခုသတိပေးပါရစေ။ အဲဒီအကျင့်သစ်ကို အချိန်အတော်ကြာကြာမလုပ်ပဲထားလိုက်ရင် အရင်အကျင့်ဟောင်းဆီကိုပြန်ရောက်သွားနိုင်ပါတယ်။

Highly Successful people have learnt to develop good habits.
အောင်မြင်ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဟာ ကောင်းတဲ့အကျင့်တွေလုပ်တတ်ကြတယ်။ သူတို့ဟာ Comfort_Zoneထဲမှာ နေလေ့မရှိကြဘူး။

Leave a Reply