မင္းသားႀကီး တြမ္ဟန္႔ကိုသေဘာက်လုိ႔ မုိင္ေပါင္း ၁၅၀၀၀ ေက်ာ္ခရီးကုိ ေျပးခဲ့သူ

Posted on

အေမရိကကုိ ျဖတ္ၿပီး မုိင္ေပါင္းမ်ားစြာ ေျပးခဲ့တဲ့သူတစ္ေယာက္ကုိ အားလုံးသိၾကမွာပါ။ ဒါကေတာ့ ကြ်န္ေတာ္တုိ႔အားလုံးသေဘာက် ၾကတဲ့ မင္းသားႀကီး တြမ္ဟန္႔ သရုပ္ေဆာင္ထားတဲ့ Forrest Gump ဇာတ္ကားထဲက Gump ပါ။ Gump ကေတာ့ ဘာရည္ရြယ္ခ်က္မွ မရွိပဲ စိတ္ထဲကေျပးခ်င္လုိ႔ေျပးခဲ့တာပါ။ အခုတစ္ေယာက္ကေတာ့ Gump ကုိအားက်ၿပီး Gump အတုိင္းအျပင္မွာ လက္ေတြ႔ေျပးခဲ့တာပါ။

သူကေတာ့ အသက္ ၃၉ႏွစ္ရွိၿပီျဖစ္တဲ့ Rob Pope ျဖစ္ၿပီး အဂၤလန္ႏုိင္ငံ လီဗာပူးၿမဳိ႕မွာေနထုိင္သူျဖစ္ပါတယ္။ သူဒီလုိ အေမရိက ကုိျဖတ္ေျပးခဲ့ရာမွာ Gump ကုိ အားက်တာအျပင္ သူ႔မိခင္ရဲ႕စကားတစ္ခြန္းေၾကာင့္ျဖစ္ပါတယ္။ ကမာၻႀကီးကိုေျပာင္းလဲခ်င္ရင္ တစ္ႀကိမ္မွာ တစ္ခုကိုပဲ စူးစူးစုိက္စုိက္ လုပ္ပါ ဆုိတဲ့စကားပါ။
“Forrest Gump ကားကို ၾကည့္ၿပီးတဲ့တစ္ညမွာ ကြ်န္ေတာ္ဒီအႀကံကုိ လက္ေတြ႔အေကာင္အထည္ေဖာ္ဖုိ႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာပါ” လုိ႔ Pope က ဆုိပါတယ္။

ဒါေၾကာင့္သူဟာ ၂၀၁၆ခုႏွစ္ စက္တင္ဘာလ ၁၆ရက္ေန႔မွာ အေမရိကန္ အလာဘားမားျပည္နယ္ ၊ မုိဘီးလ္နယ္ေျမကေန စေျပးခဲ့ပါတယ္။ Pope ဟာ တစ္ေန႔ကုိ ပ်မ္းမွ်အားျဖင့္ မုိင္ ၄၀ေရာက္ေအာင္ေျပးခဲ့ပါတယ္။ ဘယ္လုိရာသီဥတုမ်ဳိးမွာ မဆုိေပါ့။ အလြန္ပူတဲ့ေႏြနဲ႔ႀကဳံတယ္၊ ရြဲရြဲစုိတဲ့မုိးေတြနဲ႔ႀကဳံတယ္ ၊ ခ်မ္းေအးလြန္းတဲ့ ဆီႏွင္းေတြနဲ႔ ဆုံခဲ့ေပမယ့္ သူဟာ မရပ္မနားပဲ ေျပးခဲ့ပါတယ္။ သူ ဒီလုိေျပးရျခင္းရဲ႕ ရည္ရြယ္ခ်က္ ေနာက္တစ္ခုကေတာ့ ကမာၻ႔ေတာရုိင္းတိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႔ နဲ႔ Peace Direct ဆုိတဲ့ ပရဟိတအဖြဲ႔ႏွစ္ဖြဲ႔အတြက္ ရန္ပုံေငြရွာေပးဖုိ႔ပဲ ျဖစ္ပါတယ္။

Pope ေျပးခဲ့တာ ရက္ေပါင္း ၄၂၂ရက္ ၾကာၿပီးတဲ့အခ်ိန္မွာ မုိင္ေပါင္း ၁၅၆၀၇မုိင္ကုိ ေျပးႏုိင္ခဲ့ပါတယ္။ California ၊ New Mexico ၊ Texas ၊ Tennessee နဲ႔ Washington D.C တုိ႔ကုိျဖတ္ေျပးခဲ့တာပါ။ သူဟာ အေမရိကန္ကုိျဖတ္ၿပီး ၄ႀကိမ္ေျပးခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ Forrest Gump ဟာသူေျပးတာကုိ အဆုံးသတ္ခဲ့တဲ့ေနရာျဖစ္တဲ့ Utah ျပည္နယ္ Monument Valley ေနရာအထိ မုိင္၂၀၀ ထပ္ေျပးၿပီး သူ႔ရဲ႕အေျပးခရီးကို အဆုံးသတ္ခဲ့ပါတယ္။ သူဟာ တစ္ႏွစ္အတြင္း အေမရိကန္ကုိ ေလးႀကိမ္ျဖတ္ေျပးခဲ့တဲ့ ပထမဆုံးသူအျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့ပါတယ္။ သူေျပးခဲ့တဲ့ခရီးဟာ မာရသြန္ေပါင္း ၅၉၀ ေျပးရတာနဲ႔ ညီမွ်ပါတယ္။

ဒီလုိ သူ႔ရဲ႕ခရီးၿပီးဆုံးတဲ့အခါမွာေတာ့ ပရဟိတအဖြ႔ဲေတြအတြက္ ရန္ပုံေငြ ေဒၚလာ ၅ေသာင္းနီးပါး ရွာေပးႏုိင္ခဲ့ပါတယ္။ Forrest Gump ဇာတ္လမ္း နဲ႔ မတူညီတာကေတာ့ Pope ဟာ သူ႔ရဲ႕ခရီးအဆုံးသတ္တဲ့ေနရာမွာ သူ႔ခ်စ္သူ Nadine ထံမွာ လက္ထပ္ခြင့္ေတာင္းခံခဲ့တာပါ။ သူ႔ခ်စ္သူဟာ မၾကာေသးခင္ကမွ သူ႔သမီးေလးျဖစ္သူ Bee Catherine ကုိ ေမြးဖြားေပးခဲ့တာျဖစ္ပါတယ္။
” ကြ်န္ေတာ္လုပ္ႏုိင္ရမယ္ဆုိတဲ့ ဆုံးျဖတ္ခ်က္ခ်ၿပီး တကယ္လုပ္ခဲ့ေတာ့ အခုေအာင္ျမင္သြားခဲ့ပါၿပီ။ ကြ်န္ေတာ့္အတြက္ေတာ့ အရမ္းအဓိပၸါယ္ရွိပါတယ္္။ ကြ်န္ေတာ့္ခ်စ္သူနဲ႔ သမီးေလးအတြက္ အခုလုိလုပ္ႏုိင္ခဲ့တဲ့အတြက္ ဂုဏ္ယူမိပါတယ္။ ကြ်န္ေတာ့္အိပ္မက္ေတြ တကယ္ျဖစ္လာတာပါ။ ကြ်န္ေတာ့္ကုိအားေပးခဲ့တဲ့ ကြ်န္ေတာ့္ခ်စ္သူကုိလည္း ေက်းဇူးတင္ပါတယ္” လုိ႔ Pope က ဆုိပါတယ္။

သူဒီလုိေျပးခဲ့ရာမွာ အဆင္ေျပေျပေျပးခဲ့ရျခင္းမဟုတ္ပဲ ဒုကၡေပါင္းမ်ားစြာလည္း ေရာက္ခဲ့ပါေသးတယ္။ ထိခုိက္ဒါဏ္ရာႀကီးႀကီးမားမားရတာ ၊ ေနမေကာင္းတာ ၊ အစာအဆိပ္သင့္တာေတြလမ္းခရီးမွာျဖစ္ခဲ့ၿပီး အဆင္ေျပသလုိ ေနခဲ့ရပါတယ္။ ဒါအျပင္ တစ္ေနရာမွာ အပူျပင္းၿပီး ေနာက္တစ္ေနရာမွာ အေအးလြန္တဲ့ ျပင္းထန္တဲ့ အပူခ်ိန္ျခားနားမႈေတြကုိလည္း ခံစားခဲ့ရပါတယ္။ သူေျပးတဲ့အထဲမွာ ကမာၻ႔အပူဆုံးေနရာတစ္ခုျဖစ္တဲ့ ေသမင္းေတာင္ၾကားလည္းပါပါတယ္။ ခရီးစဥ္မွာ ဒီလုိဆုိးရြားမႈေတြႀကဳံခဲ့ေပမယ့္ အရႈံးမေပးပဲ ႀကဳိးစားၿပီးဆက္ေျပးခဲ့လုိ႔သာ သူေအာင္ျမင္ခဲ့ရတာ လုိ႔ ဆုိပါတယ္။

သူ႔ကုိ အဓိက တြန္းအားေပးခဲ့တာကေတာ့ Forrest Gump ရုပ္ရွင္ျဖစ္ပါတယ္။ သူဟာ ဒီရုပ္ရွင္ကုိႏွစ္သက္လြန္းလုိ႔ ၁၀ႀကိမ္ထက္ မနည္းၾကည့္ခဲ့ၿပီးၿပီျဖစ္ၿပီး အဲဒီထဲကမွ ေျပးတဲ့အခန္းကုိ အႀကဳိက္ဆုံးျဖစ္ကာ ေျပးတဲ့အခန္းကုိပဲ အႀကိမ္ ၂၀၀ေက်ာ္ၾကည့္ခဲ့တယ္ လုိ႔ဆုိပါတယ္။ သူဟာ ခရီးကို စေျပးခဲ့စဥ္မွာ ဇာတ္လမ္းထဲကမင္းသားအတုိင္း ဆံပင္ပုံစံကအစတူေအာင္ ညွပ္ၿပီးေျပးခဲ့ၿပီး ခရီးအၿပီးမွာေတာ့ ဇာတ္ေကာင္လုိပဲ ပုံစံေျပာင္းလဲသြားရပါတယ္။ သူ႔ရဲ႕အေျပးခရီးေၾကာင့္ အျပင္ေလာကရဲ႕ Forrest Gump အျဖစ္ လူသိမ်ားခဲ့ပါတယ္။

VIDEO


မင်းသားကြီး တွမ်ဟန့်ကိုသဘောကျလို့ မိုင်ပေါင်း ၁၅၀၀၀ ကျော်ခရီးကို ပြေးခဲ့သူ (unicode)

အမေရိကကို ဖြတ်ပြီး မိုင်ပေါင်းများစွာ ပြေးခဲ့တဲ့သူတစ်ယောက်ကို အားလုံးသိကြမှာပါ။ ဒါကတော့ ကျွန်တော်တို့အားလုံးသဘောကျ ကြတဲ့ မင်းသားကြီး တွမ်ဟန့် သရုပ်ဆောင်ထားတဲ့ Forrest Gump ဇာတ်ကားထဲက Gump ပါ။ Gump ကတော့ ဘာရည်ရွယ်ချက်မှ မရှိပဲ စိတ်ထဲကပြေးချင်လို့ပြေးခဲ့တာပါ။ အခုတစ်ယောက်ကတော့ Gump ကိုအားကျပြီး Gump အတိုင်းအပြင်မှာ လက်တွေ့ပြေးခဲ့တာပါ။

သူကတော့ အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ Rob Pope ဖြစ်ပြီး အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာနေထိုင်သူဖြစ်ပါတယ်။ သူဒီလို အမေရိက ကိုဖြတ်ပြေးခဲ့ရာမှာ Gump ကို အားကျတာအပြင် သူ့မိခင်ရဲ့စကားတစ်ခွန်းကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးကိုပြောင်းလဲချင်ရင် တစ်ကြိမ်မှာ တစ်ခုကိုပဲ စူးစူးစိုက်စိုက် လုပ်ပါ ဆိုတဲ့စကားပါ။
“Forrest Gump ကားကို ကြည့်ပြီးတဲ့တစ်ညမှာ ကျွန်တော်ဒီအကြံကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ” လို့ Pope က ဆိုပါတယ်။

ဒါကြောင့်သူဟာ ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့မှာ အမေရိကန် အလာဘားမားပြည်နယ် ၊ မိုဘီးလ်နယ်မြေကနေ စပြေးခဲ့ပါတယ်။ Pope ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် မိုင် ၄၀ရောက်အောင်ပြေးခဲ့ပါတယ်။ ဘယ်လိုရာသီဥတုမျိုးမှာ မဆိုပေါ့။ အလွန်ပူတဲ့နွေနဲ့ကြုံတယ်၊ ရွဲရွဲစိုတဲ့မိုးတွေနဲ့ကြုံတယ် ၊ ချမ်းအေးလွန်းတဲ့ ဆီနှင်းတွေနဲ့ ဆုံခဲ့ပေမယ့် သူဟာ မရပ်မနားပဲ ပြေးခဲ့ပါတယ်။ သူ ဒီလိုပြေးရခြင်းရဲ့ ရည်ရွယ်ချက် နောက်တစ်ခုကတော့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ နဲ့ Peace Direct ဆိုတဲ့ ပရဟိတအဖွဲ့နှစ်ဖွဲ့အတွက် ရန်ပုံငွေရှာပေးဖို့ပဲ ဖြစ်ပါတယ်။

Pope ပြေးခဲ့တာ ရက်ပေါင်း ၄၂၂ရက် ကြာပြီးတဲ့အချိန်မှာ မိုင်ပေါင်း ၁၅၆၀၇မိုင်ကို ပြေးနိုင်ခဲ့ပါတယ်။ California ၊ New Mexico ၊ Texas ၊ Tennessee နဲ့ Washington D.C တို့ကိုဖြတ်ပြေးခဲ့တာပါ။ သူဟာ အမေရိကန်ကိုဖြတ်ပြီး ၄ကြိမ်ပြေးခဲ့ပါတယ်။ အဲဒီနောက်တော့ Forrest Gump ဟာသူပြေးတာကို အဆုံးသတ်ခဲ့တဲ့နေရာဖြစ်တဲ့ Utah ပြည်နယ် Monument Valley နေရာအထိ မိုင်၂၀၀ ထပ်ပြေးပြီး သူ့ရဲ့အပြေးခရီးကို အဆုံးသတ်ခဲ့ပါတယ်။ သူဟာ တစ်နှစ်အတွင်း အမေရိကန်ကို လေးကြိမ်ဖြတ်ပြေးခဲ့တဲ့ ပထမဆုံးသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ သူပြေးခဲ့တဲ့ခရီးဟာ မာရသွန်ပေါင်း ၅၉၀ ပြေးရတာနဲ့ ညီမျှပါတယ်။

ဒီလို သူ့ရဲ့ခရီးပြီးဆုံးတဲ့အခါမှာတော့ ပရဟိတအဖွဲ့တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၅သောင်းနီးပါး ရှာပေးနိုင်ခဲ့ပါတယ်။ Forrest Gump ဇာတ်လမ်း နဲ့ မတူညီတာကတော့ Pope ဟာ သူ့ရဲ့ခရီးအဆုံးသတ်တဲ့နေရာမှာ သူ့ချစ်သူ Nadine ထံမှာ လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ သူ့ချစ်သူဟာ မကြာသေးခင်ကမှ သူ့သမီးလေးဖြစ်သူ Bee Catherine ကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။
” ကျွန်တော်လုပ်နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး တကယ်လုပ်ခဲ့တော့ အခုအောင်မြင်သွားခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ အရမ်းအဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော့်ချစ်သူနဲ့ သမီးလေးအတွက် အခုလိုလုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ကျွန်တော့်ကိုအားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Pope က ဆိုပါတယ်။

သူဒီလိုပြေးခဲ့ရာမှာ အဆင်ပြေပြေပြေးခဲ့ရခြင်းမဟုတ်ပဲ ဒုက္ခပေါင်းများစွာလည်း ရောက်ခဲ့ပါသေးတယ်။ထိခိုက်ဒါဏ်ရာကြီးကြီးမားမားရတာ ၊ နေမကောင်းတာ ၊ အစာအဆိပ်သင့်တာတွေလမ်းခရီးမှာဖြစ်ခဲ့ပြီး အဆင်ပြေသလို နေခဲ့ရပါတယ်။ ဒါအပြင် တစ်နေရာမှာ အပူပြင်းပြီး နောက်တစ်နေရာမှာ အအေးလွန်တဲ့ ပြင်းထန်တဲ့ အပူချိန်ခြားနားမှုတွေကိုလည်း ခံစားခဲ့ရပါတယ်။ သူပြေးတဲ့အထဲမှာ ကမ္ဘာ့အပူဆုံးနေရာတစ်ခုဖြစ်တဲ့ သေမင်းတောင်ကြားလည်းပါပါတယ်။ ခရီးစဉ်မှာ ဒီလိုဆိုးရွားမှုတွေကြုံခဲ့ပေမယ့် အရှုံးမပေးပဲ ကြိုးစားပြီးဆက်ပြေးခဲ့လို့သာ သူအောင်မြင်ခဲ့ရတာ လို့ ဆိုပါတယ်။

သူ့ကို အဓိက တွန်းအားပေးခဲ့တာကတော့ Forrest Gump ရုပ်ရှင်ဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်ကိုနှစ်သက်လွန်းလို့ ၁၀ကြိမ်ထက် မနည်းကြည့်ခဲ့ပြီးပြီဖြစ်ပြီး အဲဒီထဲကမှ ပြေးတဲ့အခန်းကို အကြိုက်ဆုံးဖြစ်ကာ ပြေးတဲ့အခန်းကိုပဲ အကြိမ် ၂၀၀ကျော်ကြည့်ခဲ့တယ် လို့ဆိုပါတယ်။ သူဟာ ခရီးကို စပြေးခဲ့စဉ်မှာ ဇာတ်လမ်းထဲကမင်းသားအတိုင်း ဆံပင်ပုံစံကအစတူအောင် ညှပ်ပြီးပြေးခဲ့ပြီး ခရီးအပြီးမှာတော့ ဇာတ်ကောင်လိုပဲ ပုံစံပြောင်းလဲသွားရပါတယ်။ သူ့ရဲ့အပြေးခရီးကြောင့် အပြင်လောကရဲ့ Forrest Gump အဖြစ် လူသိများခဲ့ပါတယ်။

Leave a Reply