ခရူးဆိတ္စစ္ပြဲမ်ား ဆိုသည္မွာ

Posted on

ဗုဒၶအယူဝါဒီတို႔သည္ ျမတ္စြာဘုရား ပြင့္ေတာ္မူရာ ဗုဒၶဂါယာကို အထြတ္အျမတ္ ထား၍ ဘုရားဖူး သြားၾကသကဲ့သို႔၊ ခရစ္ယာန္တို႔သည္လည္း သခင္ေယ႐ႈ ဖြားျမင္ ေတာ္မူရာ ေဒသျဖစ္ေသာ ေဂ်ရုဆလင္ၿမိဳ႕ကို အထြက္အျမတ္ ထားလ်က္ ဘုရားဖူးသြားေလ့ရွိၾကသည္။ အလယ္ေခတ္အတြင္း ဥေရာပတိုက္သားတို႔ ေဂ်ရုဆလင္ၿမိဳ႕သို႔ ဘုရားဖူး သြားၾကစဥ္က၊ ေဂ်ရုဆလင္ၿမိဳ႕ တည္ရွိရာ ပါလက္စတိုင္းျပည္ကို အုပ္စိုးလ်က္ရွိေသာ အာရပ္မြတ္စလင္တို႔သည္ ခရစ္ယာန္္ ဘုရားဖူးမ်ားကို အေႏွာင့္အယွက္ မျပဳခဲ့ေခ်။

သို႔ေသာ္ ၁၁ ရာစုႏွစ္တြင္ ဂ်ဇူးဆလမ္းၿမိဳ႕သည္ ထိုေခတ္က ဆာရဆစ္ ေခၚသည့္ ဆဲလဂၽြတ္တရက္တို႔ လက္ေအာက္သို႔ က်ေရာက္ သြားသျဖင့္ ခရစ္ယာန္္ဘုရားဖ်ားမွာ အာရပ္မြတ္စလင္တို႔ လက္ထက္ကကဲ့သို႔ မဟုတ္ေတာ့ဘဲ ၫွဥ္းပန္းႏွိပ္စက္ျခင္းခံၾကရ၏။

ထိုအခါ ခရစ္ယာန္တို႔သည္ မခံမရပ္ႏိုင္ျဖစ္၍ မိမိတို႔ အထြတ္အျမတ္ထား ရာျဖစ္ေသာ ေသာေျမကို ဆာရဆင္ ေခၚ သည့္ ဆဲလဂၽြတ္တစ္ရက္တို႔လက္မွ ျပန္လည္ သိမ္းပိုက္ႏိုင္ရန္ ႀကိဳးစားၾကကုန္၏။ ဤသို႔ျဖင့္ ၁၁ ရာစုႏွစ္မွ ၁၃ ရာစုႏွစ္ တိုင္ေအာင္ က႐ူးဆိတ္ စစ္ပြဲေပါင္း ရွစ္ႀကိမ္မၽွ ျဖစ္ပြားခဲ့ေလ သည္။

ပထမက႐ူးဆိတ္စစ္ပြဲမ်ာ ၁ဝ၆၉ ခုမွ ၁၀၉၉ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့၏။ ေဂ်ရုဆလင္၌ ခရစ္ယာန္္တို႔အား ဆာရဆင္မ်ားက ၫွဥ္းပန္းပုံကို ထိုအတိုင္းၾကည့္ေနလၽွင္၊ ကဲသည္ထက္ ကဲလာ၍ ခရစ္ယာန္္အယူဝါဒအား လႊမ္းမိုးသြားမည္ကို စိုးရိမ္ရသျဖင့္၊ ကလားမြန္ၿမိဳ႕တြင္ အယူဝါဒဆိုင္ရာ အစည္းအေဝးႀကီး က်င္းပ၍ ဆာရဆင္တို႔အား တိုက္ခိုက္ႏွိမ္နင္းရန္ ဆုံးျဖတ္ၾကသည္။ ထိုအေရးတြင္ ပီတာ-သ- ဟာမစ္သည္ အယူဝါဒ ေစာ္ကားသူ ဆာရဆင္တို႔အား တိုက္ခိုက္ေခ်မႈန္းရန္ ဥေရာပတစ္ခြင္သို႔ လွည့္လည္၍ လႈံေဆာ္ခဲ့ေလသည္။

ဥေရာပမွ လူအမ်ားသည္ ပါလက္စတိုင္းျပည္သို႔ ခ်ီတက္၍ ေဂ်ရုဆလင္ၿမိဳ႕ကို သိမ္းပိုက္ရန္ တပ္ႀကီး ႏွစ္တပ္ကို ဖြဲ႕စည္းခဲ့သည္။ တပ္တစ္တပ္ကို ပီတာ-သ-ဟာမစ္ က ေခါင္းေဆာင္၍ က်န္တပ္တတပ္ကို ေဝၚလတာ-သ-ပဲနီလက္ အမည္ရွိ သူရဲေကာင္းက ေခါင္းေဆာင္ေလသည္။

ပီတာေခါင္းေဆာင္ေသာတပ္မွာ ကတိုက္က႐ိုက္ တပ္ဖြဲ႕၍ ထြက္လာၾကသျဖင့္၊ အစီအစဥ္လည္း မက်န၊ လက္နက္လည္း မျပည့္စုံေခ်။ ထို႔ျပင္ အေရွ႕ႏိုင္ငံမ်ားသို႔ ခ်ီတက္ရာလမ္းခရီး သည္ ပင္ပန္းခက္ခဲလွ၍၊ ပါလက္စတိုင္းသို႔ မေရာက္မီကပင္ တပ္သားမ်ား ေသၾကပ်က္စီးၾကသျဖင့္ အေရးမလွခဲ့ေခ်။ သို႔ရာတြင္ ေဝၚလတာ ေခါင္းေဆာင္သည့္တပ္ကား ကြန္စတန္တီႏို ပယ္ၿမိဳ႕အေရာက္ ခ်ီတက္ႏိုင္ခဲ့ေလသည္။

ထိုတပ္ ၂တပ္ ထြက္သြားၿပီးမွ မင္းညီမင္းသားမ်ားႏွင့္ သူရဲေကာင္း ေျမာက္ျမားစြာ ေခါင္းေဆာင္ ပါဝင္သည့္ စနစ္တက် က်င့္သားရၿပီးေသာ တပ္မ်ားသည္ ပါလက္စတိုင္းျပည္ဘက္သို႔ ဆက္လက္ ခ်ီတက္ တိုက္ခိုက္ရာ လမ္းတစ္ေလၽွာက္တြင္ ခရစ္ယာန္္တို႔ဖက္မွ အက်အဆုံး မ်ားသေလာက္ ဆာရဆင္တို႔ ဘက္မွလည္း အပ်က္အစီး နာလွသည္။

လမ္းတစ္ေလၽွာက္ရွိ ၿမိဳ႕ႀကီးမ်ားကို သိမ္းပိုက္ႏိုင္၍ ၁ဝ၉၉ ခုႏွစ္တြင္ မိမိတို႔၏ ရည္႐ြယ္ခ်က္ပန္းတိုင္ျဖစ္ေသာ ေဂ်ရုဆလင္ၿမိဳ႕ႀကီးကို ေသြး ေခ်ာင္းစီးမၽွ တိုက္ခိုက္ၿပီးေနာက္ သိမ္းပိုက္ၾကသည္။ ထိုအခါ တြင္ က႐ူးဆိတ္စစ္တပ္မ်ားဖက္မွ ေခါင္းေဆာင္တစ္ဦး ျဖစ္ ေသာ ဗူယြန္ၿမိဳ႕သား ေဂါ့ဖရီအား ေဂ်ရုဆလင္ဘုရင္အျဖစ္ တင္ေျမႇာက္၍ ေသဥ္ေျမကို ကာကြယ္ေစာင့္ေရွာက္ရန္ ထားခဲ့ ၾကသည္။

ထိုစဥ္က က႐ူးဆိတ္စစ္တပ္မ်ားတြင္ ပါဝင္ဆင္ႏြဲသူမ်ားမွာ ဂုဏ္ထူးဘြဲ႕ထူးႏွင့္ ေက်ာ္ေစာျခင္းကိုသာမက၊ လယ္ယာ မိုးေျမ ေ႐ႊေငြအမ်ားလည္း ရရွိၾကသည္။ ထိုေၾကာင့္ ေနာင္ေခတ္မ်ား၌ က႐ူးဆိတ္စစ္တပ္ႀကီးမ်ားတြင္ လိုက္ပါ တိုက္ခိုက္လိုသူမ်ား အေတာ္ပင္ ေပါမ်ားခဲ့၏။ သို႔ေသာ္ ထိုသူမ်ားမွာ အယူဝါဒ အတြက္ တိုက္ခိုက္ျခင္းထက္ မိမိတို႔ေက်ာ္ေစာကိတၱိရွိမႈ၊ ခ်ီ တက္ရာလမ္းမွ ျပည္နယ္မ်ားကို လုယက္တိုက္ခိုက္လိုမႈမ်ား အတြက္ လိုက္ပါသူက ပို၍မ်ားျပားေလသည္။

၁၁၄၇ ခုႏွစ္မွ ၄၉ ခုႏွစ္တြင္ ဒုတိယ က႐ူးဆိတ္စစ္ပြဲ ျဖစ္ ပြားျပန္သည္။ ထိုစစ္ပြဲတြင္ ျပင္သစ္ဘုန္းႀကီး စိန္ဗါးနဒ္က ေဆာ္ဩ၍၊ ဂ်ာမနီႏိုင္ငံမွ တတိယက႐ူးဆိတ္တပ္ႀကီးသည္ ပါလက္စတိုင္းဖက္သို႔ ခ်ီတက္ခဲ့၏။ သို႔ေသာ္ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းျခင္းေၾကာင့္ ပါလက္စတိုင္းသို႔ မေရာက္မီပင္ မ႐ႈမလွ အေရးနိမ့္၍ ျပန္လည္ ဆုတ္ခြာလာခဲ့ၾကရသည္။

ထိုေနာက္ အႏွစ္ေလးဆယ္ခန္႔တြင္ ထင္ရွားလွေသာ မြတ္ စလင္ေခါင္းေဆာင္ ဆဲလဒင္းဘုရင္က ေဂ်ရုဆလင္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္သျဖင့္ တတိယက႐ူးဆိတ္စစ္ပြဲ (၁၁၈၉- ၁၁၉၁) ျဖစ္ပြားရျပန္သည္။ ထိုအႀကိမ္က ေခါင္းေဆာင္သူမ်ား မွာ ဖရက္ဒရစ္ ဗါဗေရာ့ဆာ ဧကရာဇ္ ဘုရင္၊ ျပင္သစ္ ဘုရင္ ဖိလစ္ႏွင့္ အဂၤလန္ျပည္ဘုရင္ ပထမ ရစ္ခ်တ္တို႔ျဖစ္ေလသည္။ ဖရက္ဒရစ္ ဗါဗေရာ့ဆာမ်ာ အာရွ မိုင္းနားသို႔ေရာက္၍ ၿမိဳ႕တစ္ၿမိဳ႕သိမ္းၿပီးမွ ျမစ္တစ္ျမစ္ကို ျဖတ္ ကူးစဥ္ ေရနစ္၍ ကံကုန္ေလသည္။

ထိုေၾကာင့္ ရစ္ခ်တ္ႏွင့္ ဖိလစ္ ႏွစ္ဦးသာ ေခါင္းေဆာင္၍ ေဂ်ရုဆလင္ၿမိဳ႕သို႔ ခ်ီတက္ခဲ့ ၾကရသည္။ သို႔ေသာ္ ဧကၿမိဳ႕ကို သိမ္းပိုက္ ၾကၿပီးေသာ္ ထို ေခါင္းေဆာင္ ဘုရင္ႏွစ္ဦးတို႔ သေဘာကြဲလြဲၾကသျဖင့္ ဖိလစ္ သည္ တပ္ေခါက္၍ ျပန္လာခဲ့သည္။ ရစ္ခ်တ္တဦးတည္း ပါလက္စတိုင္းတြင္ က်န္ရစ္ခဲ့၍ ဆက္လက္ တိုက္ခိုက္ေနၿပီး ေနာက္ ေမွ်ာ္လင့္ခ်က္ မရွိလွသျဖင့္ ဆဲလဒင္းႏွင့္ စစ္ေျပၿငိမ္း ေရးစာခ်ဳပ္ ခ်ဳပ္ေလသည္။ ထိုစာခ်ဳပ္ျဖင့္ ခရစ္ယာန္္ဘုရားဖူး မ်ားအား မြတ္စလင္တို႔က မေႏွာင့္ယွက္ရန္ ဆဲလဒင္းထံမွ ကတိရခဲ့ေလသည္။

စတုတၳက႐ူးဆတ္စစ္ပြဲတြင္ ဖလန္းဒါးနယ္စား ေကာင့္ေဗၚလဒြင္ ေခါင္းေဆာင္၍ ပါလက္စတိုင္း ျပည္ဖက္သို႔ ခ်ီတက္ေသာ္လည္း၊ ဗင္းနစ္ၿမိဳ႕အေရာက္တြင္ ကြန္စတန္တီႏို ပယ္ၿမိဳ႕မွ စစ္ကူေခၚသျဖင့္ ထိုၿမိဳ႕သို႔ သြားေရာက္ကာ ဧကရာဇ္ ဘုရင္အား နန္းျပန္တင္ေရးကို ကူညီရေလသည္။ ထိုေၾကာင့္ ပါလက္စတိုင္းသို႔ပင္ မေရာက္ဘဲ ကြန္စတန္တီႏိုပယ္ၿမိဳ႕ကို က႐ူးဆိတ္တပ္သားမ်ားက တိုက္ခိုက္လုယက္ၾက၏။ ဧကရာဇ္ ဘုရင္ ကြယ္လြန္သည့္အခါ ေဗာ္လဒြင္သည္ ထီးနန္းကို ဆက္ခံေလသည္။

ပၪၥမ က႐ူးဆိတ္စစ္ပြဲ (၁၂၂၈-၂၉) တြင္ကား ခရစ္ယာန္္ေခါင္းေဆာင္ ျဖစ္သူ ဂ်ာမနီျပည့္ရွင္ ဖရက္ဒရစ္သည္ ခရစ္ယာန္္ေျမကို ပိုင္ေသာ အီဂ်စ္ဘုရင္ႏွင့္ ေစ့စပ္ေရးစာခ်ဳပ္မ်ား ခ်ဳပ္ဆိုျခင္း အားျဖင့္ စစ္မတိုက္ရဘဲ ေဂ်ရုဆလင္ၿမိဳ႕ကို ရခဲ့ေလသည္။ သို႔ေသာ္ ၁၂၄၄ ခုႏွစ္တြင္ တူရကီတို႔က ခရစ္ယာန္ ္ေသဥ္ေျမကို သိမ္းပိုက္ၾကျပန္သျဖင့္၊ ျပင္သစ္ဘုရင္ နဝမလူဝီ ေခါင္းေဆာင္ၿပီးလၽွင္ ဆ႒မက႐ူးဆိတ္စစ္ပြဲ (၁၂၄၇-၁၂၅၄)ကို ဆင္ႏႊဲၾကျပန္သည္။ ထိုစစ္ပြဲတြင္ ထိုစဥ္အခါက ပါလက္စတိုင္း သို႔ တက္ေရာက္ရာ အခ်က္အျခာျဖစ္သည့္ အီဂ်စ္ႏိုင္ငံသို႔ ခ်ီတက္တိုက္ခိုက္ ေလသည္။

ထိုစစ္ပြဲတြင္ ခရစ္ယာန္္တို႔ဖက္မွ အေရးနိမ့္၍ လူဝီဘုရင္ကိုယ္တိုင္ အဖမ္းခံရၿပီးလၽွင္၊ ေၾကးေငြ အေျမာက္အျမား ေပး၍ ေ႐ြးမွ လြတ္ေျမာက္ခဲ့ေလသည္။ ျပင္သစ္ဘုရင္ စိန္လူဝီႏွင့္အဂၤလန္ျပည္ဘုရင္ ပထမအက္ဒြပ္ မင္းသားတို႔ ေခါင္းေဆာင္၍ သတၱမ က႐ူးဆိတ္စစ္ပြဲကို စတင္ ၾကျပန္သည္။

သို႔ေသာ္ စိန္လူဝီမွာ စစ္တိုက္ေနယင္း ပလိပ္ ေရာဂါျဖင့္ ကြယ္လြန္ သြား၍၊ ခရစ္ယာန္္သူရဲေကာင္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ေသာ ပါလက္စတိုင္းျပည္ရွိ ၿမိဳ႕ႀကီး မ်ားသည္လည္း တစ္ၿမိဳ႕ၿပီးတၿမိဳ႕ မြတ္စလင္မ်ားလက္သို႔ က်ေရာက္ၾကေလသည္။ ၁၂၉၁ ခုႏွစ္ အလြန္တြင္ က႐ူးဆိတ္ စစ္ပြဲမ်ား မရွိေတာ့ေခ်။

ႏွစ္ေပါင္းႏွစ္ရာခန္႔အတြင္း က႐ူးဆိတ္စစ္ပြဲႀကီးမ်ား တစ္ခု ၿပီးတစ္ခု ျဖစ္ပြားခဲ့သည္။ အယူဝါဒကို အေၾကာင္းျပဳလ်က္ စြန္႔စားလိုမႈ၊ တိုက္ခိုက္ယင္း ပစၥည္းဥစၥာ တိုက္ခိုက္လုယူလိုမႈ၊ နာမည္ေက်ာ္ၾကားလိုမႈ၊ နယ္ေျမမ်ား ရရွိလိုမႈတို႔ေၾကာင့္ က႐ူး ဆိတ္စစ္ပြဲႀကီးမ်ား ျဖစ္ခဲ့ေလသည္။ ထိုသို႔ျဖစ္ေစရန္လည္း အေၾကာင္းရွာ၍ ႀကိဳးစားခဲ့ၾက၏။ ထိုေခတ္အခါက က႐ူး ဆိတ္စစ္တပ္မ်ား အလြန္ေခတ္စားခဲ့ၾကသည္။

ထို႔ေၾကာင့္ ၁၂၁၂-ခုႏွစ္ခန္႔တြင္ ကေလးမ်ားပင္ က႐ူးဆိတ္စစ္တပ္ တစ္တပ္ ဖြဲ႕စည္းခဲ့ေလသည္။ ထိုကေလးမ်ားမွာ ဂ်ာမနီႏွင့္ အီတလီတို႔မွ ျဖစ္ၾက၍ ေျမထဲပင္လယ္ကို ျဖတ္သန္းကာ ပါလက္စတိုင္းျပည္ကို ခ်ီတက္ သြားၾက၏။ ကေလးမ်ားအား ဘုရားသခင္က ေစာင့္ေရွာက္ကူညီသျဖင့္ သူတို႔၏ရည္႐ြယ္ခ်က္ ျပည့္စုံလိမ့္မည္ဟု ေျမႇာ္လင့္ၾကေသာ္လည္း၊ ကေလး အေျမာက္ အျမားပင္ ပ်က္စီးေသဆုံး၍ အခ်ိဳ႕မွာ ေငြဝယ္ကၽြန္အျဖစ္ ေရာင္းစားျခင္း ခံၾကရေလသည္။

ကေလးက႐ူးဆိတ္စစ္တပ္

ယင္းသို႔ျဖင့္ က႐ူးဆိတ္စစ္ပြဲမ်ားမွာ အ႐ႈံးမ်ားခဲ့သည္ဟု ဆိုရေပမည္။ သို႔ေသာ္ အျမတ္ထြက္သည့္ အခ်က္မ်ားလည္း ဆိုေပေသးသည္။ ယင္းသို႔မွာ ထိုေခတ္ထိုအခါက တစ္ဦးကို တစ္ဦး တိုက္ခိုက္သတ္ျဖတ္ေနခဲ့ေသာ ဥေရာျပည္နယ္မ်ားသည္ ရည္႐ြယ္ခ်က္ တစ္ခုတည္းအတြက္ ေပါင္းစည္းလာၾကသည္။

ယဥ္ေက်းမႈ အဆင့္အတန္း နိမ့္က်ခဲ့ေသာ ဥေရာပအေနာက္ပိုင္း ႏိုင္ငံမ်ားသည္ ယဥ္ေက်းမႈအဆင့္အတန္းျမင့္သည့္ အေရွ႕ဘက္ ႏိုင္ငံမ်ားႏွင့္ ဆက္ဆံလာၾကရသျဖင့္ ယဥ္ေက်းမႈ တိုးတက္ လာသည္။ အေရွ႕ႏိုင္ငံမ်ားကဲ့သို႔ ေကာင္းေကာင္းေန ေကာင္း ေကာင္းစားလ်က္ စည္းစိမ္ခံစားရမွန္း သိလာသည္။ ထိုေၾကာင့္ ယခင္က မေတြ႕မျမင္ဘူးသည့္ ပစၥည္းမ်ားကို သုံးစြဲလာၾက၍ အေရွ႕ႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈမ်ား ျပဳလုပ္လာေလသည္။

ကုန္စည္ေရာင္းဝယ္ျခင္းျဖင့္လည္း တန္ခိုးႀကီးမားလာေသာ ဗင္းနစ္၊ ဂ်ီးႏိုးဝါးစသည့္ ၿမိဳ႕ႀကီးမ်ား ေပၚေပါက္လာေလသည္။ ထို႔ျပင္ အေရွ႕ႏိုင္ငံမ်ား၏ အေတြးအေခၚ အယူအဆမ်ားကို စဥ္းစားလာၾက၏။ ယင္းသို႔ျဖင့္ ၁၅ ရာစုႏွစ္ေလာက္တြင္ ဥေရာပတိုက္၌ အတတ္ပညာ ျပန္လည္ ဆန္းသစ္ေခတ္ ျဖစ္ ေသာ ေခတ္ဆန္းခ်ိန္ ေပၚေပါက္ရန္ အေျခခံအုတ္ျမစ္မ်ား တျဖည္းျဖည္း ခ်ခဲ့သည္ဟု ဆိုႏိုင္သည္။ ထိုေၾကာင့္ က႐ူး ဆိတ္စစ္ပြဲမ်ားသည္ ဥေရာပ၏အေျခအေန ျပဳျပင္ေျပာင္းလဲေရး ၏ အေျခခံ အုတ္ခ်ပ္မ်ားဟုဆိုလၽွင္ မွားမည္ မဟုတ္ေခ်။

ကိုးကား
လွသမိန္ ၏ ဗဟုသုတစြယ္စုံ
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁)


ကမ္ဘာကျော်ဘာသာရေးစစ်ပွဲဖြစ်တဲ့ ခရူးဆိတ်စစ်ပွဲများ အကြောင်း (unicode)

ဗုဒ္ဓအယူဝါဒီတို့သည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို အထွတ်အမြတ် ထား၍ ဘုရားဖူး သွားကြသကဲ့သို့၊ ခရစ်ယာန်တို့သည်လည်း သခင်ယေရှု ဖွားမြင် တော်မူရာ ဒေသဖြစ်သော ဂျေရုဆလင်မြို့ကို အထွက်အမြတ် ထားလျက် ဘုရားဖူးသွားလေ့ရှိကြသည်။ အလယ်ခေတ်အတွင်း ဥရောပတိုက်သားတို့ ဂျေရုဆလင်မြို့သို့ ဘုရားဖူး သွားကြစဉ်က၊ ဂျေရုဆလင်မြို့ တည်ရှိရာ ပါလက်စတိုင်းပြည်ကို အုပ်စိုးလျက်ရှိသော အာရပ်မွတ်စလင်တို့သည် ခရစ်ယာန် ဘုရားဖူးများကို အနှောင့်အယှက် မပြုခဲ့ချေ။

သို့သော် ၁၁ ရာစုနှစ်တွင် ဂျဇူးဆလမ်းမြို့သည် ထိုခေတ်က ဆာရဆစ် ခေါ်သည့် ဆဲလဂျွတ်တရက်တို့ လက်အောက်သို့ ကျရောက် သွားသဖြင့် ခရစ်ယာန်ဘုရားဖျားမှာ အာရပ်မွတ်စလင်တို့ လက်ထက်ကကဲ့သို့ မဟုတ်တော့ဘဲ ညှဉ်းပန်းနှိပ်စက်ခြင်းခံကြရ၏။ ထိုအခါ ခရစ်ယာန်တို့သည် မခံမရပ်နိုင်ဖြစ်၍ မိမိတို့ အထွတ်အမြတ်ထား ရာဖြစ်သော သောမြေကို ဆာရဆင် ခေါ် သည့် ဆဲလဂျွတ်တစ်ရက်တို့လက်မှ ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစားကြကုန်၏။ ဤသို့ဖြင့် ၁၁ ရာစုနှစ်မှ ၁၃ ရာစုနှစ် တိုင်အောင် ကရူးဆိတ် စစ်ပွဲပေါင်း ရှစ်ကြိမ်မျှ ဖြစ်ပွားခဲ့လေ သည်။

ပထမကရူးဆိတ်စစ်ပွဲမျာ ၁ဝ၆၉ ခုမှ ၁၀၉၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့၏။ ဂျေရုဆလင်၌ ခရစ်ယာန်တို့အား ဆာရဆင်များက ညှဉ်းပန်းပုံကို ထိုအတိုင်းကြည့်နေလျှင်၊ ကဲသည်ထက် ကဲလာ၍ ခရစ်ယာန်အယူဝါဒအား လွှမ်းမိုးသွားမည်ကို စိုးရိမ်ရသဖြင့်၊ ကလားမွန်မြို့တွင် အယူဝါဒဆိုင်ရာ အစည်းအဝေးကြီး ကျင်းပ၍ ဆာရဆင်တို့အား တိုက်ခိုက်နှိမ်နင်းရန် ဆုံးဖြတ်ကြသည်။ ထိုအရေးတွင် ပီတာ-သ- ဟာမစ်သည် အယူဝါဒ စော်ကားသူ ဆာရဆင်တို့အား တိုက်ခိုက်ချေမှုန်းရန် ဥရောပတစ်ခွင်သို့ လှည့်လည်၍ လှုံဆော်ခဲ့လေသည်။

ဥရောပမှ လူအများသည် ပါလက်စတိုင်းပြည်သို့ ချီတက်၍ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ရန် တပ်ကြီး နှစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ တပ်တစ်တပ်ကို ပီတာ-သ-ဟာမစ် က ခေါင်းဆောင်၍ ကျန်တပ်တတပ်ကို ဝေါ်လတာ-သ-ပဲနီလက် အမည်ရှိ သူရဲကောင်းက ခေါင်းဆောင်လေသည်။ပီတာခေါင်းဆောင်သောတပ်မှာ ကတိုက်ကရိုက် တပ်ဖွဲ့၍ ထွက်လာကြသဖြင့်၊ အစီအစဉ်လည်း မကျန၊ လက်နက်လည်း မပြည့်စုံချေ။ ထို့ပြင် အရှေ့နိုင်ငံများသို့ ချီတက်ရာလမ်းခရီး သည် ပင်ပန်းခက်ခဲလှ၍၊ ပါလက်စတိုင်းသို့ မရောက်မီကပင် တပ်သားများ သေကြပျက်စီးကြသဖြင့် အရေးမလှခဲ့ချေ။ သို့ရာတွင် ဝေါ်လတာ ခေါင်းဆောင်သည့်တပ်ကား ကွန်စတန်တီနို ပယ်မြို့အရောက် ချီတက်နိုင်ခဲ့လေသည်။

ထိုတပ် ၂တပ် ထွက်သွားပြီးမှ မင်းညီမင်းသားများနှင့် သူရဲကောင်း မြောက်မြားစွာ ခေါင်းဆောင် ပါဝင်သည့် စနစ်တကျ ကျင့်သားရပြီးသော တပ်များသည် ပါလက်စတိုင်းပြည်ဘက်သို့ ဆက်လက် ချီတက် တိုက်ခိုက်ရာ လမ်းတစ်လျှောက်တွင် ခရစ်ယာန်တို့ဖက်မှ အကျအဆုံး များသလောက် ဆာရဆင်တို့ ဘက်မှလည်း အပျက်အစီး နာလှသည်။ လမ်းတစ်လျှောက်ရှိ မြို့ကြီးများကို သိမ်းပိုက်နိုင်၍ ၁ဝ၉၉ ခုနှစ်တွင် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ဖြစ်သော ဂျေရုဆလင်မြို့ကြီးကို သွေး ချောင်းစီးမျှ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ကြသည်။ ထိုအခါ တွင် ကရူးဆိတ်စစ်တပ်များဖက်မှ ခေါင်းဆောင်တစ်ဦး ဖြစ် သော ဗူယွန်မြို့သား ဂေါ့ဖရီအား ဂျေရုဆလင်ဘုရင်အဖြစ် တင်မြှောက်၍ သေဉ်မြေကို ကာကွယ်စောင့်ရှောက်ရန် ထားခဲ့ ကြသည်။

ထိုစဉ်က ကရူးဆိတ်စစ်တပ်များတွင် ပါဝင်ဆင်နွဲသူများမှာ ဂုဏ်ထူးဘွဲ့ထူးနှင့် ကျော်စောခြင်းကိုသာမက၊ လယ်ယာ မိုးမြေ ရွှေငွေအများလည်း ရရှိကြသည်။ ထိုကြောင့် နောင်ခေတ်များ၌ ကရူးဆိတ်စစ်တပ်ကြီးများတွင် လိုက်ပါ တိုက်ခိုက်လိုသူများ အတော်ပင် ပေါများခဲ့၏။ သို့သော် ထိုသူများမှာ အယူဝါဒ အတွက် တိုက်ခိုက်ခြင်းထက် မိမိတို့ကျော်စောကိတ္တိရှိမှု၊ ချီ တက်ရာလမ်းမှ ပြည်နယ်များကို လုယက်တိုက်ခိုက်လိုမှုများ အတွက် လိုက်ပါသူက ပို၍များပြားလေသည်။

၁၁၄၇ ခုနှစ်မှ ၄၉ ခုနှစ်တွင် ဒုတိယ ကရူးဆိတ်စစ်ပွဲ ဖြစ် ပွားပြန်သည်။ ထိုစစ်ပွဲတွင် ပြင်သစ်ဘုန်းကြီး စိန်ဗါးနဒ်က ဆော်ဩ၍၊ ဂျာမနီနိုင်ငံမှ တတိယကရူးဆိတ်တပ်ကြီးသည် ပါလက်စတိုင်းဖက်သို့ ချီတက်ခဲ့၏။ သို့သော် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပါလက်စတိုင်းသို့ မရောက်မီပင် မရှုမလှ အရေးနိမ့်၍ ပြန်လည် ဆုတ်ခွာလာခဲ့ကြရသည်။

ထိုနောက် အနှစ်လေးဆယ်ခန့်တွင် ထင်ရှားလှသော မွတ် စလင်ခေါင်းဆောင် ဆဲလဒင်းဘုရင်က ဂျေရုဆလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် တတိယကရူးဆိတ်စစ်ပွဲ (၁၁၈၉- ၁၁၉၁) ဖြစ်ပွားရပြန်သည်။ ထိုအကြိမ်က ခေါင်းဆောင်သူများ မှာ ဖရက်ဒရစ် ဗါဗရော့ဆာ ဧကရာဇ် ဘုရင်၊ ပြင်သစ် ဘုရင် ဖိလစ်နှင့် အင်္ဂလန်ပြည်ဘုရင် ပထမ ရစ်ချတ်တို့ဖြစ်လေသည်။ ဖရက်ဒရစ် ဗါဗရော့ဆာမျာ အာရှ မိုင်းနားသို့ရောက်၍ မြို့တစ်မြို့သိမ်းပြီးမှ မြစ်တစ်မြစ်ကို ဖြတ် ကူးစဉ် ရေနစ်၍ ကံကုန်လေသည်။

ထိုကြောင့် ရစ်ချတ်နှင့် ဖိလစ် နှစ်ဦးသာ ခေါင်းဆောင်၍ ဂျေရုဆလင်မြို့သို့ ချီတက်ခဲ့ ကြရသည်။ သို့သော် ဧကမြို့ကို သိမ်းပိုက် ကြပြီးသော် ထို ခေါင်းဆောင် ဘုရင်နှစ်ဦးတို့ သဘောကွဲလွဲကြသဖြင့် ဖိလစ် သည် တပ်ခေါက်၍ ပြန်လာခဲ့သည်။ ရစ်ချတ်တဦးတည်း ပါလက်စတိုင်းတွင် ကျန်ရစ်ခဲ့၍ ဆက်လက် တိုက်ခိုက်နေပြီး နောက် မျှော်လင့်ချက် မရှိလှသဖြင့် ဆဲလဒင်းနှင့် စစ်ပြေငြိမ်း ရေးစာချုပ် ချုပ်လေသည်။ ထိုစာချုပ်ဖြင့် ခရစ်ယာန်ဘုရားဖူး များအား မွတ်စလင်တို့က မနှောင့်ယှက်ရန် ဆဲလဒင်းထံမှ ကတိရခဲ့လေသည်။

စတုတ္ထကရူးဆတ်စစ်ပွဲတွင် ဖလန်းဒါးနယ်စား ကောင့်ဗေါ်လဒွင် ခေါင်းဆောင်၍ ပါလက်စတိုင်း ပြည်ဖက်သို့ ချီတက်သော်လည်း၊ ဗင်းနစ်မြို့အရောက်တွင် ကွန်စတန်တီနို ပယ်မြို့မှ စစ်ကူခေါ်သဖြင့် ထိုမြို့သို့ သွားရောက်ကာ ဧကရာဇ် ဘုရင်အား နန်းပြန်တင်ရေးကို ကူညီရလေသည်။ ထိုကြောင့် ပါလက်စတိုင်းသို့ပင် မရောက်ဘဲ ကွန်စတန်တီနိုပယ်မြို့ကို ကရူးဆိတ်တပ်သားများက တိုက်ခိုက်လုယက်ကြ၏။ ဧကရာဇ် ဘုရင် ကွယ်လွန်သည့်အခါ ဗော်လဒွင်သည် ထီးနန်းကို ဆက်ခံလေသည်။

ပဉ္စမ ကရူးဆိတ်စစ်ပွဲ (၁၂၂၈-၂၉) တွင်ကား ခရစ်ယာန်ခေါင်းဆောင် ဖြစ်သူ ဂျာမနီပြည့်ရှင် ဖရက်ဒရစ်သည် ခရစ်ယာန်မြေကို ပိုင်သော အီဂျစ်ဘုရင်နှင့် စေ့စပ်ရေးစာချုပ်များ ချုပ်ဆိုခြင်း အားဖြင့် စစ်မတိုက်ရဘဲ ဂျေရုဆလင်မြို့ကို ရခဲ့လေသည်။ သို့သော် ၁၂၄၄ ခုနှစ်တွင် တူရကီတို့က ခရစ်ယာန် ္သေဉ်မြေကို သိမ်းပိုက်ကြပြန်သဖြင့်၊ ပြင်သစ်ဘုရင် နဝမလူဝီ ခေါင်းဆောင်ပြီးလျှင် ဆဋ္ဌမကရူးဆိတ်စစ်ပွဲ (၁၂၄၇-၁၂၅၄)ကို ဆင်နွှဲကြပြန်သည်။ ထိုစစ်ပွဲတွင် ထိုစဉ်အခါက ပါလက်စတိုင်း သို့ တက်ရောက်ရာ အချက်အခြာဖြစ်သည့် အီဂျစ်နိုင်ငံသို့ ချီတက်တိုက်ခိုက် လေသည်။

ထိုစစ်ပွဲတွင် ခရစ်ယာန်တို့ဖက်မှ အရေးနိမ့်၍ လူဝီဘုရင်ကိုယ်တိုင် အဖမ်းခံရပြီးလျှင်၊ ကြေးငွေ အမြောက်အမြား ပေး၍ ရွေးမှ လွတ်မြောက်ခဲ့လေသည်။ ပြင်သစ်ဘုရင် စိန်လူဝီနှင့်အင်္ဂလန်ပြည်ဘုရင် ပထမအက်ဒွပ် မင်းသားတို့ ခေါင်းဆောင်၍ သတ္တမ ကရူးဆိတ်စစ်ပွဲကို စတင် ကြပြန်သည်။ သို့သော် စိန်လူဝီမှာ စစ်တိုက်နေယင်း ပလိပ် ရောဂါဖြင့် ကွယ်လွန် သွား၍၊ ခရစ်ယာန်သူရဲကောင်များ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ပါလက်စတိုင်းပြည်ရှိ မြို့ကြီး များသည်လည်း တစ်မြို့ပြီးတမြို့ မွတ်စလင်များလက်သို့ ကျရောက်ကြလေသည်။ ၁၂၉၁ ခုနှစ် အလွန်တွင် ကရူးဆိတ် စစ်ပွဲများ မရှိတော့ချေ။

နှစ်ပေါင်းနှစ်ရာခန့်အတွင်း ကရူးဆိတ်စစ်ပွဲကြီးများ တစ်ခု ပြီးတစ်ခု ဖြစ်ပွားခဲ့သည်။ အယူဝါဒကို အကြောင်းပြုလျက် စွန့်စားလိုမှု၊ တိုက်ခိုက်ယင်း ပစ္စည်းဥစ္စာ တိုက်ခိုက်လုယူလိုမှု၊ နာမည်ကျော်ကြားလိုမှု၊ နယ်မြေများ ရရှိလိုမှုတို့ကြောင့် ကရူး ဆိတ်စစ်ပွဲကြီးများ ဖြစ်ခဲ့လေသည်။ ထိုသို့ဖြစ်စေရန်လည်း အကြောင်းရှာ၍ ကြိုးစားခဲ့ကြ၏။ ထိုခေတ်အခါက ကရူး ဆိတ်စစ်တပ်များ အလွန်ခေတ်စားခဲ့ကြသည်။

ထို့ကြောင့် ၁၂၁၂-ခုနှစ်ခန့်တွင် ကလေးများပင် ကရူးဆိတ်စစ်တပ် တစ်တပ် ဖွဲ့စည်းခဲ့လေသည်။ ထိုကလေးများမှာ ဂျာမနီနှင့် အီတလီတို့မှ ဖြစ်ကြ၍ မြေထဲပင်လယ်ကို ဖြတ်သန်းကာ ပါလက်စတိုင်းပြည်ကို ချီတက် သွားကြ၏။ ကလေးများအား ဘုရားသခင်က စောင့်ရှောက်ကူညီသဖြင့် သူတို့၏ရည်ရွယ်ချက် ပြည့်စုံလိမ့်မည်ဟု မြှော်လင့်ကြသော်လည်း၊ ကလေး အမြောက် အမြားပင် ပျက်စီးသေဆုံး၍ အချို့မှာ ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်း ခံကြရလေသည်။

ယင်းသို့ဖြင့် ကရူးဆိတ်စစ်ပွဲများမှာ အရှုံးများခဲ့သည်ဟု ဆိုရပေမည်။ သို့သော် အမြတ်ထွက်သည့် အချက်များလည်း ဆိုပေသေးသည်။ ယင်းသို့မှာ ထိုခေတ်ထိုအခါက တစ်ဦးကို တစ်ဦး တိုက်ခိုက်သတ်ဖြတ်နေခဲ့သော ဥရောပြည်နယ်များသည် ရည်ရွယ်ချက် တစ်ခုတည်းအတွက် ပေါင်းစည်းလာကြသည်။ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျခဲ့သော ဥရောပအနောက်ပိုင်း နိုင်ငံများသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်သည့် အရှေ့ဘက် နိုင်ငံများနှင့် ဆက်ဆံလာကြရသဖြင့် ယဉ်ကျေးမှု တိုးတက် လာသည်။ အရှေ့နိုင်ငံများကဲ့သို့ ကောင်းကောင်းနေ ကောင်း ကောင်းစားလျက် စည်းစိမ်ခံစားရမှန်း သိလာသည်။

ထိုကြောင့် ယခင်က မတွေ့မမြင်ဘူးသည့် ပစ္စည်းများကို သုံးစွဲလာကြ၍ အရှေ့နိုင်ငံများနှင့် ကုန်သွယ်မှုများ ပြုလုပ်လာလေသည်။ ကုန်စည်ရောင်းဝယ်ခြင်းဖြင့်လည်း တန်ခိုးကြီးမားလာသော ဗင်းနစ်၊ ဂျီးနိုးဝါးစသည့် မြို့ကြီးများ ပေါ်ပေါက်လာလေသည်။ ထို့ပြင် အရှေ့နိုင်ငံများ၏ အတွေးအခေါ် အယူအဆများကို စဉ်းစားလာကြ၏။ ယင်းသို့ဖြင့် ၁၅ ရာစုနှစ်လောက်တွင် ဥရောပတိုက်၌ အတတ်ပညာ ပြန်လည် ဆန်းသစ်ခေတ် ဖြစ် သော ခေတ်ဆန်းချိန် ပေါ်ပေါက်ရန် အခြေခံအုတ်မြစ်များ တဖြည်းဖြည်း ချခဲ့သည်ဟု ဆိုနိုင်သည်။ ထိုကြောင့် ကရူး ဆိတ်စစ်ပွဲများသည် ဥရောပ၏အခြေအနေ ပြုပြင်ပြောင်းလဲရေး ၏ အခြေခံ အုတ်ချပ်များဟုဆိုလျှင် မှားမည် မဟုတ်ချေ။

ကိုးကား
လှသမိန် ၏ ဗဟုသုတစွယ်စုံ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

Leave a Reply