ရွာမွရွားတဲ႔ ျမန္မာ႔သုခမိန္ (သို႕မဟုတ္) ကြ်မ္းက်င္မႈအတတ္ပညာေပါင္းမ်ားစြာနဲ႔ ေယာမင္းႀကီးဦးဘုိးလႈိင္

Posted on

” ငလႈိင္၊ သည္လွံကုိ ႀကည္႔စမ္း၊ မည္သူကုိင္တဲ႔ လွံတုံး” ဟု မင္းတုန္းမင္းတရားႀကီးက ေမးေလရာ
” အရွင္႔ခမည္းေတာ္ကုိင္ေသာလွံျဖစ္ပါေႀကာင္း” ေယာမင္းႀကီးဦးဘုိးလႈိင္က ေလွ်ာက္သည္။

မင္းတရားႀကီးက “ငါ႔ခမည္းေတာ္ သည္လွံႏွင္႔ မည္သူ႔ကုိ စီရင္သတုန္း” ဟု ဆက္ေမးေတာ္မူရာ
“ကြ်န္ေတာ္မ်ိဳးေက်းဇူးရွင္ အဖကုိ စီရင္ပါေႀကာင္း” ေလွ်ာက္၏။

“သည္လွံေတာ္ႏွင္႔ ေမာင္မင္းစီရင္ျခင္းကုိ ခံလုိသလား” ဟု ေမးေတာ္မူရာ
ေယာမင္းႀကီးဦးဘုိးလႈိင္က “ထုိးေတာ္မူပါဘုရား” ဟု ေျပာကာ ရင္ဘတ္ကုိ ေကာ႔၍ ေပးေလသည္။ မင္းတုန္းမင္းက မထုိးပဲလွံကုိကုိင္၍ အတြင္းေတာ္သုိ႔ ၀င္သြားေသာေႀကာင့္သာ အသက္ခ်မ္းသာရာရခဲ့သည္။

အၿခား ၀န္မင္းမ်ားက တင္းတင္းမာမာမေၿပာသင့္ေႀကာင့္ ေၿပာရာ ဦးဘုိးလႈိင္ၿပန္ေၿပာလုိက္တဲ့စကားက “ကြ်ႏု္ပ္အားလွံၿဖင့္ ထုိး၍ေသရၿခင္းကား ၿမတ္ပါတယ္။ ေနရာတုိင္း မင္းလုိလုိက္မင္းႀကဳိက္ေဆာင္၍ မေကာင္းမႈ ၿဖစ္ပြားလာပါက ႏုိင္ငံေတာ္ပ်က္စီးၿခင္းေရာက္ေလေသာ္ နာမည္ဆုိးျဖင့္ က်န္ရစ္ခဲ့ေသာ္ေသရက်ဳိးမနပ္” ဟူ၍ပင္ၿဖစ္သည္။

အထက္ပါျဖစ္ရပ္ေလးကေတာ႔ မင္းတုန္းမင္းနဲ႔ ေယာမင္းႀကီးဦးဖုိးလႈိင္တုိ႔ ျဖစ္ခဲ႔တဲ႔ ျဖစ္ရပ္ေလးပါ။ ေယာမင္းႀကီးဦးဖုိးလိႈင္အေႀကာင္းဆုိရင္ ကြ်န္ေတာ္တုိ႔ ေႏွာင္းလူေတြဟာ အထက္ပါျဖစ္ရပ္နဲ႔ ကင္း၀န္မင္းႀကီးဦးေကာင္းက ျပင္သစ္ကုိ မုိးေကာင္းပတၱျမားေျမ ေရာင္းခဲ႔တဲ႔ကိစၥ ၀င္ေျဖရွင္းေပးျခင္းတုိ႔ေလာက္သာ သိႀကတာပါ။

တကယ္ေတာ႔ ေယာမင္းႀကီးဦးဘုိးလႈိင္ဟာ တုိင္းျပည္နဲ႔လူမ်ိဳးအတြက္ အလုပ္ေတြအမ်ားႀကီးလုပ္ခဲ႔တဲ႔၊ တုႏႈိင္းမရတဲ႔ သုခမိန္တစ္ေယာက္ျဖစ္ပါတယ္။ ကေနာင္မင္းသားႀကီး ဦးေဆာင္တဲ႔ စက္မႈေခတ္ေျပာင္းေတာ္လွန္ေရးမွာ ကေနာင္မင္းသားဟာ ဦးေဆာင္သူ၊ လက္ေတြ႔သမားျဖစ္ျပီး ေယာမင္းႀကီးဦးဘုိးလိႈင္ကေတာ႔ လက္တြဲလုပ္ကုိင္သူ ရဲေဘာ္ရဲဘက္၊ အႀကံဥာဏ္ေပးသူ သေဘာတရားေရးရာပညာရွင္ျဖစ္ပါတယ္။

ဦးဘုိးလိႈင္ဟာ စက္မႈေခတ္တည္ေထာင္ဖုိ႔သာမက ႏုိင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး စသျဖင္႔ ျမန္မာႏုိင္ငံကုိ အဖက္ဖက္က ေခတ္သစ္ႏုိင္ငံျဖစ္ေစရန္ ႀကိဳးပမ္းအားထုတ္ခဲ႔သူျဖစ္ပါတယ္။ သူကုိယ္တုိင္ဟာလည္း သကၠတ၊ ပါဠိ၊ ျမန္မာစာေပမ်ားအျပင္ အေနာက္တုိင္း၀ိဇၨာ၊သိပၸံပညာရပ္ေတြမွာလည္း ႏွံ႔စပ္စြာ ေလ႔လာလုိက္စားခဲ႔သူျဖစ္ပါတယ္။

ပညာရပ္ေပါင္းမ်ားစြားနဲ႔ သက္ဆုိင္တဲ႔ က်မ္းေပါင္းမ်ားစြာ ျပဳစုခဲ႔သူလည္း ျဖစ္ပါတယ္။ တစ္ေယာက္တည္းနဲ႔ တကၠသုိလ္တစ္ခု တည္ေထာင္ႏုိင္ေလာက္ေအာင္ ပညာရပ္ေပါင္းမ်ားစြာ ေလ႔လာလုိက္စားခဲ႔သူျဖစ္တယ္လုိ႔ ေျပာစမွတ္ျပဳႀကပါတယ္။ ဦးဘုိးလႈိင္ဟာ ပုဂံမင္းကုိ ေတာ္လွန္တဲ႔ မင္းတုန္း၊ကေနာင္ မင္းႏွစ္ပါး အေရးေတာ္ပုံမွာ စတင္ထင္ရွားလာခဲ႔တာ ျဖစ္ပါတယ္။

အေရးေတာ္ပုံေအာင္ျမင္ဖုိ႔အတြက္ မင္းတုန္းမင္းနဲ႔ ေျမာက္ေဆာင္ေတာ္မိဖုရားတုိ႔ရဲ႔ ေမြးစားသားလည္းျဖစ္တဲ႔ ဦးဘုိးလႈိင္ရဲ႔ အႀကံေပးမႈေတြဟာ အေရးပါခဲ႔တာမုိ႔ မင္းတုန္းမင္း နန္းတက္ခ်ိန္မွာ ေယာျမိဳ႔စားမင္းသားအျဖစ္ ခ်ီေျမွာက္ခံခဲ႔ရပါတယ္။ အဲဒီအခ်ိန္တုန္းက ဦးဘုိးလႈိင္အသက္က ၂၃ႏွစ္ပါ။ ေနာက္ပုိင္း ဦးဘုိးလႈိင္ဟာ ေယာကၡမျဖစ္သူ မေကြး၀န္ႀကီး ဦးႀကာဥနဲ႔အတူ ႏုိင္ငံျခားဆက္ဆံေရးကိစၥရပ္ေတြ တာ၀န္ယူေဆာင္ရြက္ခဲ႔ရတာမုိ႔ အသိပညာေတြ ပုိမုိတုိးပြားလာခဲ႔ပါတယ္။

လက္ေတြ႔သမားကေနာင္မင္းသားနဲ႔ အေတြးအေခၚသမားဦးဘိုးလႈိင္တုိ႔ လက္တြဲ အလုပ္လုပ္ႀကစဥ္ အခါတုန္းက ျမန္မာႏုိင္ငံႀကီးရဲ႔ အနာဂတ္ဟာ လင္းလက္ေနခဲ႔ပါတယ္။ ေခတ္သစ္ႏုိင္ငံ တည္ေထာင္ဖုိ႔ရာ အေနာက္ႏုိင္ငံမ်ားထံမွ ပညာသင္ယူဖုိ႔လုိအပ္တာမုိ႔ ကေနာင္မင္းသားနဲ႔ ဦးဘုိးလႈိင္တုိ႔ ဦးစီးျပီး ျပင္သစ္၊ အီတလီ၊ အဂၤလန္ႏုိင္ငံမ်ားဆီ ပညာေတာ္သင္ေတြ ေရြးခ်ယ္ေစလႊတ္ခဲ႔ပါတယ္။

ကေနာင္မင္းသားႀကီးဟာ သူ႔ရဲ႔စီမံကန္းမွာ လက္ေတြ႔လုပ္ငန္းေတြကုိ သူကုိယ္တုိင္ ဦးေဆာင္ လုပ္ကုိင္ျပီး ပညာရပ္ဆုိင္ရာေတြကုိေတာ႔ ဦးဘုိးလႈိင္ကုိ အကူအညီေတာင္းေလ႔ရွိပါတယ္။ ျမန္မာဘာသာ ေႀကးနန္းရုိက္နည္း တီထြင္ႏုိင္ခဲ႔တာကေတာ႔ ဦးဘုိးလႈိင္ရဲ႔ အထင္ရွားဆုံးတီထြင္မႈပါပဲ။ ျမန္မာသင္ပုန္းႀကီးမွ အေျခခံ ဗ်ည္း၊သရနဲ႔သေကၤတ ၆၂မ်ိဳးကုိ စုေပါင္းျပီး ဗ်ည္း၊သရ ၂၅မ်ိဳးသာ အသုံးျပဳထားတဲ႔ ေႀကးနန္းရုိက္နည္းျဖစ္ပါတယ္။

အဲဒီအတြက္ ေရးသားခဲ႔တဲ႔ က်မ္းနာမည္ကေတာ႔ လိပိဒီပိကာက်မ္းျဖစ္ပါတယ္။ ဦးဘုိးလႈိင္ရဲ႔ တီထြင္နုိင္တဲ႔ ဥာဏ္ပညာကုိ အေနာက္ႏုိင္ငံသားေတြက ခ်ီးက်ဴးခဲ႔ႀကပါတယ္။ ဒါ႔အျပင္ ဦးဘုိးလႈိင္ဟာ လီလာ၀တီက်မ္းကုိ သကၠတဘာသာမွ ျမန္မာဘာသာသုိ႔ ျပန္ဆုိခဲ႔ပါတယ္။
လီလာ၀တီက်မ္းဟာ သခ်ၤာဘာသာရပ္နဲ႔ ပတ္သက္တာျဖစ္ျပီး အမ်ိဳးမိ်ဳးေသာ သခ်ၤာတြက္နည္းမ်ားကုိ ေရးသားထားတာပါ။

စက္မႈလုပ္ငန္းေတြ ထြန္းကားလာဖုိ႔ လုိလားတဲ႔ ဦးဘုိးလႈိင္ဟာ ႏုိင္ငံျခားျပန္တပည္႔ေတြအကူအညီနဲ႔ ေခတ္မီသိပၸံပညာရပ္ေတြကုိ ျမန္မာဘာသာျပန္ဆုိဖို႔ ႀကိဳးစားခဲ႔ပါတယ္။ ပထမဆုံး ေပၚထြက္လာတဲ႔ က်မ္းကေတာ႔ ေလာကဓာတ္ေဆးက်မ္းႀကီးပါ။ ဖန္ခ်က္၀န္ဦးေရႊအိုးအကူအညီနဲ႔ ျပင္သစ္ဘာသာ ကေန ျပန္ဆုိထားတဲ႔ အဲဒီက်မ္းႀကီးဟာ အေနာက္တုိင္း ဓာတုေဗဒ ပညာရပ္အေႀကာင္း ျပည္႔စုံစြာ ေရးသားထားတာျဖစ္ပါတယ္။

ဦးဘုိးလႈိင္လွဴဒါန္းခဲ့ေသာ အုတ္ေက်ာင္း

ဦးဘုိးလႈိင္ဟာ ေခတ္သစ္ပညာရပ္ေတြ ေရးသားေနခ်ိန္မွာပဲ ေရွးေဟာင္းပညာရပ္ေတြကုိလည္း ျပန္လည္ေဖာ္ထုတ္ေရးသားေနခဲ႔ပါတယ္။ အဲဒါေတြကေတာ႔ အႆေဗဒက်မ္း (ျမင္းတုိ႔၏ ႀကန္အင္လကၡဏာအေႀကာင္း)နဲ႔ သဒၵသဂၤဟက်မ္း (ဘာသာေရးႏွင္႔ သက္ဆုိင္ေသာက်မ္း)တုိ႔ ျဖစ္ပါတယ္။

ရာထူးမၿမဲတဲ႔ဦးဘုိးလႈိင္ဟာ ကေနာင္မင္းသားလုပ္ႀကံခံရတဲ႔ အေရးအခင္းကာလအတြင္း အမရပူရမွာ အက်ယ္ခ်ဳပ္က်ေနခဲ႔ပါတယ္။ အဲဒီအခ်ိန္အေတာအတြင္းမွာ ဦးဘုိးလႈိင္ဟာ ကမၻာ႔၀ါဒႀကီးေတြျဖစ္တဲ႔ ဟိႏၵဴတုိ႔ရဲ႔ ျဗဟၼာ၀ါဒ၊ အေနာက္တုိင္းမွ GOD၀ါဒ၊ SOUL၀ါဒ၊ ပသီကုလားတုိ႔ရဲ႔ ခုိဒါေခၚ ေလာကဖန္ဆင္းရွင္၀ါဒတုိ႔ကုိ ျမန္မာဗုဒၶဘာသာက်မ္းဂန္ေတြနဲ႔ တုိင္းညွိေ၀ဖန္ထားတဲ႔ ၀ိမုတၱိရသက်မ္းကုိ ေရးခဲ႔ပါတယ္။ အလြယ္ေျပာရရင္ ကမၻာ႔ဘာသာေပါင္းစုံအေႀကာင္း ေရးထားတာပါ။

ရာထူးျပန္ရျပီးတဲ႔ေနာက္မွာ ပခန္းႀကီးျမိဳ႔စားမင္းႀကီးရဲ႔ ေတာင္းပန္ခ်က္အရ မဟာသမတ၀ိနိစၦယစာတမ္းကုိ ေန႔ခ်င္းျပီး ေရးသားစီရင္ပါတယ္။ အေႀကာင္းအရာကေတာ႔ မင္းေကာင္းမင္းျမတ္တုိ႔ က်င္႔သုံးအပ္တဲ႔ တရားေတြအေႀကာင္းပါ။ ေနာက္ပုိင္း ရာထူးက်ျပန္တဲ႔ ဦးဘုိးလႈိင္ဟာ ကင္း၀န္မင္းႀကီး ျပင္သစ္ကုိ မုိးကုတ္ပတၱျမားေျမ ေရာင္းခဲ႔တဲ႔ ကိစၥနဲ႔ ရာထူးျပန္ရျပန္ပါတယ္။

နန္းစဥ္ပတၱျမားငေမာက္ကုိ ျပင္သစ္ေတြကုိ တန္ဖုိးျဖတ္ခုိင္းတာ မျဖတ္ႏုိင္လုိ႔ အဲဒီလုိပတၱျမားေတြ အမ်ားႀကီးရွိႏုိင္တဲ႔ မုိးကုတ္ကုိ ၀ယ္ႏုိင္မွာမဟုတ္ဘူးဆုိျပီး စာခ်ဳပ္ျပန္ဖ်က္ခဲ႔ရတာပါ။ အဲဒီေနာက္ပုိင္းမွာ ဦးဘုိးလိႈင္ဟာ ကာယာႏုပႆနာက်မ္းကုိ အီတလီ(ေရာမ)ဘာသာကေန ျပန္ဆုိပါတယ္။ စလင္းျမိဳ႔စားမင္းသမီးရဲ႔ ေတာင္းပန္ခ်က္အရေရးတဲ႔ အဲဒီက်မ္းဟာ အေနာက္တုိင္းမွာ ေက်ာ္ႀကားေနတဲ႔ အနာတမီ ေခၚ ခႏၶာေဗဒအေႀကာင္း ျပဆုိထားတဲ႔ က်မ္းျဖစ္ပါတယ္။

ဦးဘုိးလႈိင္ဟာ ဗိသုကာပညာလည္း ေလ႔လာခဲ႔ပုံပါပဲ။ ဘာေႀကာင္႔လဲဆုိရင္ သူဦးစီးတည္ေဆာက္ခဲ႔တဲ႔ ဣ႒ရာမေျမာက္ျပင္ေက်ာင္းတုိက္ႀကီးနဲ႔ မဟာအတုလေ၀ယန္ (အတုမရွိ)ေက်ာင္းေတာ္တုိ႔ဟာ ေရာမဗိသုကာပုံစံကုိမွီးျပီး ျမန္မာဆန္ဆန္ အဂၤေတပန္းမ်ားနဲ႔ ေပါင္းစပ္မြမ္းမံ တည္ေဆာက္ခဲ႔တာမုိ႔ အသြင္သစ္ ဗိသုကာပညာလုိ႔ေတာင္ ေခၚဆုိႏုိင္ပါတယ္။

ေနာက္ပုိင္း မင္းတုန္းမင္းနာမက်န္းျဖစ္လာတဲ႔အခါ နန္းတြင္းမွာ ဆင္ျဖဴမရွင္မိဖုရားႀကီးရဲ႔ ႀသဇာလႊမ္းလာျပီး ဦးဘုိးလႈိင္ဟာ အရာက်သလုိ ေမွးမွိန္သြားခဲ႔ပါတယ္။ မင္းတုန္းမင္းနတ္ရြာစံျပီးတဲ႔ေနာက္ ဆင္ျဖဴမရွင္မိဖုရားႀကီးနဲ႔ အေပါင္းပါေတြရဲ႔ ထင္သလုိ ျခယ္လွယ္မႈေတြေႀကာင္႔ ေသြးစြန္းခဲ႔တဲ႔ နန္းတြင္းမွာ သီေပါမင္း နန္းတက္လာခဲ႔ပါတယ္။ သီေပါမင္းက ဦးဘုိးလႈိင္ကုိ ေရႊျပည္၀န္ႀကီးအျဖစ္ ခန္႔အပ္ခဲ႔ပါတယ္။

သီေပါမင္းလက္ထက္မွာ ဦးဘုိးလႈိင္ဟာ စည္းမ်ဥ္းခံဘုရင္စနစ္နဲ႔ ဆင္တူတဲ႔ ႏုိင္ငံေရး အေတြးအေခၚသစ္ျဖစ္တဲ႔ ရာဇဓမၼသဂၤဟက်မ္းကုိ ေရးသားဆက္သြင္းခဲ႔ပါတယ္။ သတိျပဳစရာကေတာ႔ ဦးဘုိးလိႈင္ဟာ အဲဒီက်မ္းေရးသားရာမွာ အေနာက္တုိင္း အေတြးအေခၚသက္သက္ကုိ ပုံတူကူးထားတာမဟုတ္ဘဲ ျမန္မာ႔ေရွးေဟာင္း အုပ္ခ်ဳပ္ေရးက်မ္း မ်ားစြာနဲ႔ ညိွႏႈိင္းေရးသားခဲ႔တာပါ။ ဒီက်မ္း ဆက္သြင္းျပီးေနာက္မွာ ဦးဘုိးလႈိင္ဟာ မင္းခစားအျဖစ္က အျပီးအပုိင္ အနားယူလုိက္ရပါေတာ႔တယ္။

မင္းခစားမဟုတ္ေတာ႔တဲ႔ ေနာက္ပုိင္းမွာလည္း ဦးဘုိးလႈိင္ဟာ က်မ္းမ်ားျပဳစုခဲ႔ပါေသးတယ္။ အေနာက္တုိင္းေဆးပညာနဲ႔ အေရွ႔တုိင္းေဆးပညာကုိ ေပါင္းစပ္ေရးသားထားတဲ႔ ဥတုေဘာဇနသဂၤဟက်မ္း၊ စာေပအေရးအသားအဖြဲ႔အႏြဲ႔သေဘာကုိျပတဲ႔ အလၤကာနိႆယက်မ္း၊ မိမိရဲ႔ အသက္အပုိင္းအျခားကုိ တြက္ႏုိင္တဲ႔ ေဗဒင္က်မ္း မဟာသုဇာတကက်မ္းတုိ႔ဟာ ထင္ရွားပါတယ္။

မဟာသုဇာတကက်မ္းဟာ ဦးဘုိးလႈိင္ေနာက္ဆုံးျပဳစုခဲ႔တဲ႔က်မ္း ျဖစ္ပါတယ္။ တခ်ိဳ႔ကေတာ႔ ဦးဘုိးလႈိင္ဟာ အဲဒီက်မ္းမေရးခင္ကတည္းက မိမိအသက္အပုိင္းအျခားကုိ တြက္ျပီးျဖစ္တယ္လုိ႔ ဆုိႀကပါတယ္။ အဲဒီက်မ္းေရးျပီး တရားဓမၼနဲ႔သာေနေတာ႔တဲ႔ဦးဘုိးလႈိင္ဟာ ေနာက္ႏွစ္ႏွစ္အႀကာမွာ သတိပ႒ာန္တရားေတာ္ကုိနာယူရင္း ကြယ္လြန္သြားခဲ႔ပါတယ္။

သူ႔ရဲ႔မင္းမႈထမ္းသက္တစ္ေလွ်ာက္လုံးမွာ ႏုိင္ငံနဲ႔လူမ်ိဳးအတြက္ သတၱိရွိရွိ အျမဲတမ္း အမွန္တရားဘက္ကပဲ ရပ္တည္ခဲ႔တဲ႔ ဦးဘုိးလိႈင္ဘ၀ဟာ အတက္အက်မ်ားလွပါတယ္။ အတက္အက်မ်ားလြန္းတဲ႔ဘ၀မွာပဲ ႏုိင္ငံအတြက္ အလုပ္မ်ားစြာလုပ္သြားခဲ႔တဲ႔အျပင္ ႏုိင္ငံသားေတြ အက်ိဳးမ်ားေစမယ္႔ က်မ္းေပါင္းေျမာက္ျမားစြာကုိလည္း ျပဳစုသြားခဲ႔ပါတယ္။

ရွာမွရွားတဲ႔ ပညာရွင္ႀကီးဟာ သခ်ၤာပညာ၊ ဓာတုေဗဒ၊ အေနာက္တုိင္းေဆးပညာ၊ ခႏၶာေဗဒ၊ ႏုိင္ငံေရး၊အုပ္ခ်ဳပ္ေရးပညာ၊ ဗိသုကာပညာ၊ စာေပနဲ႔ ေရွးေဟာင္းျမန္မာေလာကီပညာမ်ားကုိ ေလ႔လာလုိက္စားခဲ႔တဲ႔အျပင္ ဘာသာတရားေပါင္းစုံကုိလည္း ေလ႔လာခဲ႔ျပီ ဘာသာတရား ကုိင္းရႈိင္းသူလည္းျဖစ္ပါတယ္။ သူတစ္ေယာက္တည္းနဲ႔ တကၠသုိလ္ေက်ာင္းတစ္ခုေထာင္လုိ႔ရေအာင္ ပညာရပ္ေတြ ေလ႔လာခဲ႔တဲ႔ ေယာမင္းႀကီးဦးဘုိးလႈိင္ဟာ ေႏွာင္းေခတ္ျမန္မာတုိ႔အေပၚ အလြန္ေက်းဇူးႀကီးမားခဲ႔သူျဖစ္ေႀကာင္း မွတ္တမ္းျပဳေရးသားလုိက္ရပါတယ္။

ကုိးကားစာရင္း

– ျမန္မာ႔စြယ္စုံက်မ္း အတြဲ-၈ အပိုင္း-ခ
– ပထမျမန္မာမ်ား – မင္းယုေ၀
– ေယာမင္းႀကီးဦးဖုိးလႈိင္အတၱဳပၸတၱိႏွင္႔ ရာဇဓမၼသဂၤဟက်မ္း – ေမာင္ထင္


ရှာမှရှားတဲ့ မြန်မာ့သုခမိန် (သို့မဟုတ်) ကျွမ်းကျင်မှုအတတ်ပညာပေါင်းများစွာနဲ့ ယောမင်းကြီးဦးဘိုးလှိုင် (unicode)

” ငလှိုင်၊ သည်လှံကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံတုံး” ဟု မင်းတုန်းမင်းတရားကြီးက မေးလေရာ
” အရှင့်ခမည်းတော်ကိုင်သောလှံဖြစ်ပါကြောင်း” ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။

မင်းတရားကြီးက “ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း” ဟု ဆက်မေးတော်မူရာ
“ကျွန်တော်မျိုးကျေးဇူးရှင် အဖကို စီရင်ပါကြောင်း” လျှောက်၏။

“သည်လှံတော်နှင့် မောင်မင်းစီရင်ခြင်းကို ခံလိုသလား” ဟု မေးတော်မူရာ
ယောမင်းကြီးဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား” ဟု ပြောကာ ရင်ဘတ်ကို ကော့၍ ပေးလေသည်။ မင်းတုန်းမင်းက မထိုးပဲလှံကိုကိုင်၍ အတွင်းတော်သို့ ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာရခဲ့သည်။

အခြား ဝန်မင်းများက တင်းတင်းမာမာမပြောသင့်ကြောင့် ပြောရာ ဦးဘိုးလှိုင်ပြန်ပြောလိုက်တဲ့စကားက “ကျွန်ုပ်အားလှံဖြင့် ထိုး၍သေရခြင်းကား မြတ်ပါတယ်။ နေရာတိုင်း မင်းလိုလိုက်မင်းကြိုက်ဆောင်၍ မကောင်းမှု ဖြစ်ပွားလာပါက နိုင်ငံတော်ပျက်စီးခြင်းရောက်လေသော် နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော်သေရကျိုးမနပ်” ဟူ၍ပင်ဖြစ်သည်။

အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်းနဲ့ ယောမင်းကြီးဦးဖိုးလှိုင်တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ ယောမင်းကြီးဦးဖိုးလှိုင်အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်းက ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ကိစ္စ ဝင်ဖြေရှင်းပေးခြင်းတို့လောက်သာ သိကြတာပါ။

တကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်တွေအများကြီးလုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန်တစ်ယောက်ဖြစ်ပါတယ်။ ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသားဟာ ဦးဆောင်သူ၊ လက်တွေ့သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင်ကတော့ လက်တွဲလုပ်ကိုင်သူ ရဲဘော်ရဲဘက်၊ အကြံဥာဏ်ပေးသူ သဘောတရားရေးရာပညာရှင်ဖြစ်ပါတယ်။

ဦးဘိုးလှိုင်ဟာ စက်မှုခေတ်တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများအပြင် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။

ပညာရပ်ပေါင်းများစွားနဲ့ သက်ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဦးဘိုးလှိုင်ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

အရေးတော်ပုံအောင်မြင်ဖို့အတွက် မင်းတုန်းမင်းနဲ့ မြောက်ဆောင်တော်မိဖုရားတို့ရဲ့ မွေးစားသားလည်းဖြစ်တဲ့ ဦးဘိုးလှိုင်ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်း နန်းတက်ချိန်မှာ ယောမြို့စားမင်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဦးဘိုးလှိုင်အသက်က ၂၃နှစ်ပါ။ နောက်ပိုင်း ဦးဘိုးလှိုင်ဟာ ယောက္ခမဖြစ်သူ မကွေးဝန်ကြီး ဦးကြာဥနဲ့အတူ နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်တွေ တာဝန်ယူဆောင်ရွက်ခဲ့ရတာမို့ အသိပညာတွေ ပိုမိုတိုးပွားလာခဲ့ပါတယ်။

လက်တွေ့သမားကနောင်မင်းသားနဲ့ အတွေးအခေါ်သမားဦးဘိုးလှိုင်တို့ လက်တွဲ အလုပ်လုပ်ကြစဉ် အခါတုန်းက မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်ဟာ လင်းလက်နေခဲ့ပါတယ်။ ခေတ်သစ်နိုင်ငံ တည်ထောင်ဖို့ရာ အနောက်နိုင်ငံများထံမှ ပညာသင်ယူဖို့လိုအပ်တာမို့ ကနောင်မင်းသားနဲ့ ဦးဘိုးလှိုင်တို့ ဦးစီးပြီး ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နိုင်ငံများဆီ ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။

ကနောင်မင်းသားကြီးဟာ သူ့ရဲ့စီမံကန်းမှာ လက်တွေ့လုပ်ငန်းတွေကို သူကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ပြီး ပညာရပ်ဆိုင်ရာတွေကိုတော့ ဦးဘိုးလှိုင်ကို အကူအညီတောင်းလေ့ရှိပါတယ်။ မြန်မာဘာသာ ကြေးနန်းရိုက်နည်း တီထွင်နိုင်ခဲ့တာကတော့ ဦးဘိုးလှိုင်ရဲ့ အထင်ရှားဆုံးတီထွင်မှုပါပဲ။ မြန်မာသင်ပုန်းကြီးမှ အခြေခံ ဗျည်း၊သရနဲ့သင်္ကေတ ၆၂မျိုးကို စုပေါင်းပြီး ဗျည်း၊သရ ၂၅မျိုးသာ အသုံးပြုထားတဲ့ ကြေးနန်းရိုက်နည်းဖြစ်ပါတယ်။

အဲဒီအတွက် ရေးသားခဲ့တဲ့ ကျမ်းနာမည်ကတော့ လိပိဒီပိကာကျမ်းဖြစ်ပါတယ်။ ဦးဘိုးလှိုင်ရဲ့ တီထွင်နိုင်တဲ့ ဥာဏ်ပညာကို အနောက်နိုင်ငံသားတွေက ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ဦးဘိုးလှိုင်ဟာ လီလာဝတီကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
လီလာဝတီကျမ်းဟာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်တာဖြစ်ပြီး အမျိုးမျိုးသော သင်္ချာတွက်နည်းများကို ရေးသားထားတာပါ။

စက်မှုလုပ်ငန်းတွေ ထွန်းကားလာဖို့ လိုလားတဲ့ ဦးဘိုးလှိုင်ဟာ နိုင်ငံခြားပြန်တပည့်တွေအကူအညီနဲ့ ခေတ်မီသိပ္ပံပညာရပ်တွေကို မြန်မာဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။ ပထမဆုံး ပေါ်ထွက်လာတဲ့ ကျမ်းကတော့ လောကဓာတ်ဆေးကျမ်းကြီးပါ။ ဖန်ချက်ဝန်ဦးရွှေအိုးအကူအညီနဲ့ ပြင်သစ်ဘာသာ ကနေ ပြန်ဆိုထားတဲ့ အဲဒီကျမ်းကြီးဟာ အနောက်တိုင်း ဓာတုဗေဒ ပညာရပ်အကြောင်း ပြည့်စုံစွာ ရေးသားထားတာဖြစ်ပါတယ်။

ဦးဘိုးလှိုင်ဟာ ခေတ်သစ်ပညာရပ်တွေ ရေးသားနေချိန်မှာပဲ ရှေးဟောင်းပညာရပ်တွေကိုလည်း ပြန်လည်ဖော်ထုတ်ရေးသားနေခဲ့ပါတယ်။ အဲဒါတွေကတော့ အဿဗေဒကျမ်း (မြင်းတို့၏ ကြန်အင်လက္ခဏာအကြောင်း)နဲ့ သဒ္ဒသင်္ဂဟကျမ်း (ဘာသာရေးနှင့် သက်ဆိုင်သောကျမ်း)တို့ ဖြစ်ပါတယ်။

ရာထူးမမြဲတဲ့ဦးဘိုးလှိုင်ဟာ ကနောင်မင်းသားလုပ်ကြံခံရတဲ့ အရေးအခင်းကာလအတွင်း အမရပူရမှာ အကျယ်ချုပ်ကျနေခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဦးဘိုးလှိုင်ဟာ ကမ္ဘာ့ဝါဒကြီးတွေဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ ဗြဟ္မာဝါဒ၊ အနောက်တိုင်းမှ GODဝါဒ၊ SOULဝါဒ၊ ပသီကုလားတို့ရဲ့ ခိုဒါခေါ် လောကဖန်ဆင်းရှင်ဝါဒတို့ကို မြန်မာဗုဒ္ဓဘာသာကျမ်းဂန်တွေနဲ့ တိုင်းညှိဝေဖန်ထားတဲ့ ဝိမုတ္တိရသကျမ်းကို ရေးခဲ့ပါတယ်။ အလွယ်ပြောရရင် ကမ္ဘာ့ဘာသာပေါင်းစုံအကြောင်း ရေးထားတာပါ။

ရာထူးပြန်ရပြီးတဲ့နောက်မှာ ပခန်းကြီးမြို့စားမင်းကြီးရဲ့ တောင်းပန်ချက်အရ မဟာသမတဝိနိစ္ဆယစာတမ်းကို နေ့ချင်းပြီး ရေးသားစီရင်ပါတယ်။ အကြောင်းအရာကတော့ မင်းကောင်းမင်းမြတ်တို့ ကျင့်သုံးအပ်တဲ့ တရားတွေအကြောင်းပါ။ နောက်ပိုင်း ရာထူးကျပြန်တဲ့ ဦးဘိုးလှိုင်ဟာ ကင်းဝန်မင်းကြီး ပြင်သစ်ကို မိုးကုတ်ပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စနဲ့ ရာထူးပြန်ရပြန်ပါတယ်။

နန်းစဉ်ပတ္တမြားငမောက်ကို ပြင်သစ်တွေကို တန်ဖိုးဖြတ်ခိုင်းတာ မဖြတ်နိုင်လို့ အဲဒီလိုပတ္တမြားတွေ အများကြီးရှိနိုင်တဲ့ မိုးကုတ်ကို ဝယ်နိုင်မှာမဟုတ်ဘူးဆိုပြီး စာချုပ်ပြန်ဖျက်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာ ဦးဘိုးလှိုင်ဟာ ကာယာနုပဿနာကျမ်းကို အီတလီ(ရောမ)ဘာသာကနေ ပြန်ဆိုပါတယ်။ စလင်းမြို့စားမင်းသမီးရဲ့ တောင်းပန်ချက်အရရေးတဲ့ အဲဒီကျမ်းဟာ အနောက်တိုင်းမှာ ကျော်ကြားနေတဲ့ အနာတမီ ခေါ် ခန္ဓာဗေဒအကြောင်း ပြဆိုထားတဲ့ ကျမ်းဖြစ်ပါတယ်။

ဦးဘိုးလှိုင်ဟာ ဗိသုကာပညာလည်း လေ့လာခဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် သူဦးစီးတည်ဆောက်ခဲ့တဲ့ ဣဋ္ဌရာမမြောက်ပြင်ကျောင်းတိုက်ကြီးနဲ့ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်တို့ဟာ ရောမဗိသုကာပုံစံကိုမှီးပြီး မြန်မာဆန်ဆန် အင်္ဂတေပန်းများနဲ့ ပေါင်းစပ်မွမ်းမံ တည်ဆောက်ခဲ့တာမို့ အသွင်သစ် ဗိသုကာပညာလို့တောင် ခေါ်ဆိုနိုင်ပါတယ်။

နောက်ပိုင်း မင်းတုန်းမင်းနာမကျန်းဖြစ်လာတဲ့အခါ နန်းတွင်းမှာ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ ဩဇာလွှမ်းလာပြီး ဦးဘိုးလှိုင်ဟာ အရာကျသလို မှေးမှိန်သွားခဲ့ပါတယ်။ မင်းတုန်းမင်းနတ်ရွာစံပြီးတဲ့နောက် ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ အပေါင်းပါတွေရဲ့ ထင်သလို ခြယ်လှယ်မှုတွေကြောင့် သွေးစွန်းခဲ့တဲ့ နန်းတွင်းမှာ သီပေါမင်း နန်းတက်လာခဲ့ပါတယ်။ သီပေါမင်းက ဦးဘိုးလှိုင်ကို ရွှေပြည်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

သီပေါမင်းလက်ထက်မှာ ဦးဘိုးလှိုင်ဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ဆင်တူတဲ့ နိုင်ငံရေး အတွေးအခေါ်သစ်ဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားဆက်သွင်းခဲ့ပါတယ်။ သတိပြုစရာကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းရေးသားရာမှာ အနောက်တိုင်း အတွေးအခေါ်သက်သက်ကို ပုံတူကူးထားတာမဟုတ်ဘဲ မြန်မာ့ရှေးဟောင်း အုပ်ချုပ်ရေးကျမ်း များစွာနဲ့ ညှိနှိုင်းရေးသားခဲ့တာပါ။ ဒီကျမ်း ဆက်သွင်းပြီးနောက်မှာ ဦးဘိုးလှိုင်ဟာ မင်းခစားအဖြစ်က အပြီးအပိုင် အနားယူလိုက်ရပါတော့တယ်။

မင်းခစားမဟုတ်တော့တဲ့ နောက်ပိုင်းမှာလည်း ဦးဘိုးလှိုင်ဟာ ကျမ်းများပြုစုခဲ့ပါသေးတယ်။ အနောက်တိုင်းဆေးပညာနဲ့ အရှေ့တိုင်းဆေးပညာကို ပေါင်းစပ်ရေးသားထားတဲ့ ဥတုဘောဇနသင်္ဂဟကျမ်း၊ စာပေအရေးအသားအဖွဲ့အနွဲ့သဘောကိုပြတဲ့ အင်္လကာနိဿယကျမ်း၊ မိမိရဲ့ အသက်အပိုင်းအခြားကို တွက်နိုင်တဲ့ ဗေဒင်ကျမ်း မဟာသုဇာတကကျမ်းတို့ဟာ ထင်ရှားပါတယ်။

မဟာသုဇာတကကျမ်းဟာ ဦးဘိုးလှိုင်နောက်ဆုံးပြုစုခဲ့တဲ့ကျမ်း ဖြစ်ပါတယ်။ တချို့ကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းမရေးခင်ကတည်းက မိမိအသက်အပိုင်းအခြားကို တွက်ပြီးဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီကျမ်းရေးပြီး တရားဓမ္မနဲ့သာနေတော့တဲ့ဦးဘိုးလှိုင်ဟာ နောက်နှစ်နှစ်အကြာမှာ သတိပဋ္ဌာန်တရားတော်ကိုနာယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။

သူ့ရဲ့မင်းမှုထမ်းသက်တစ်လျှောက်လုံးမှာ နိုင်ငံနဲ့လူမျိုးအတွက် သတ္တိရှိရှိ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်ခဲ့တဲ့ ဦးဘိုးလှိုင်ဘဝဟာ အတက်အကျများလှပါတယ်။ အတက်အကျများလွန်းတဲ့ဘဝမှာပဲ နိုင်ငံအတွက် အလုပ်များစွာလုပ်သွားခဲ့တဲ့အပြင် နိုင်ငံသားတွေ အကျိုးများစေမယ့် ကျမ်းပေါင်းမြောက်မြားစွာကိုလည်း ပြုစုသွားခဲ့ပါတယ်။

ရှာမှရှားတဲ့ ပညာရှင်ကြီးဟာ သင်္ချာပညာ၊ ဓာတုဗေဒ၊ အနောက်တိုင်းဆေးပညာ၊ ခန္ဓာဗေဒ၊ နိုင်ငံရေး၊အုပ်ချုပ်ရေးပညာ၊ ဗိသုကာပညာ၊ စာပေနဲ့ ရှေးဟောင်းမြန်မာလောကီပညာများကို လေ့လာလိုက်စားခဲ့တဲ့အပြင် ဘာသာတရားပေါင်းစုံကိုလည်း လေ့လာခဲ့ပြီ ဘာသာတရား ကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ သူတစ်ယောက်တည်းနဲ့ တက္ကသိုလ်ကျောင်းတစ်ခုထောင်လို့ရအောင် ပညာရပ်တွေ လေ့လာခဲ့တဲ့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ နှောင်းခေတ်မြန်မာတို့အပေါ် အလွန်ကျေးဇူးကြီးမားခဲ့သူဖြစ်ကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။

ကိုးကားစာရင်း

– မြန်မာ့စွယ်စုံကျမ်း အတွဲ-၈ အပိုင်း-ခ
– ပထမမြန်မာများ – မင်းယုဝေ
– ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း – မောင်ထင်

Leave a Reply