ယေန႔အခ်မ္းသာဆုံးသူမ်ားထက္ ၄ဆပုိခ်မ္းသာသူ (သုိ႔) သူေဌးႀကီး ဂြ်န္ဒီေရာ့ဖဲလား

Posted on

ဂၽြန္ေဒးဗီဆန္ ေရာ့ဖဲလား သည္ သူ၏ေခတ္တြင္ ကမၻာေပၚ၌ အႂကြယ္ဝဆုံး ပုဂၢိဳလ္တစ္ဦးအျဖစ္ ထင္ရွားခဲ့ေသာ အေမရိကန္လူမ်ိဳး ျဖစ္သည္။ သူဦးစီးတည္ေထာင္ေသာ စတင္း ဒတ္ေရနံကုမၸဏီသည္ အေမရိကန္ႏိုင္ငံတြင္းရွိ ေရနံလုပ္ငန္း ဟူသမၽွလိုလိုကို ခ်ဳပ္ကိုင္ထားသည့္ တစ္ဦးတည္း ေရာင္းဝယ္ ခြင့္ရေသာ လုပ္ငန္းႀကီး ျဖစ္ေလသည္။ ေရာ့ဖဲလား၏ စီးပြားေရးလုပ္ငန္းသည္ ကမၻာအရပ္ရပ္သို႔ပင္ က်ယ္ျပန္႔လာရာ၊ ၿပိဳင္ဘက္ကင္းသည့္ ဓနရွင္အျဖစ္ စီးပြားေရးနယ္တြင္ ထင္ရွား ခဲ့သည္။

ေရာ့ဖဲလားသည္ ၁၈၃၉ ခုႏွစ္ ဇူလိုင္လ ၈ ရက္ေန႔ တြင္ နယူးေယာ့ျပည္နယ္၊ ရစ္ခ်ဖို႔ၿမိဳ႕၌ ဖြားျမင္၏။ သူငယ္စဥ္က မိသားစုဆင္းရဲလြန္းသျဖင့္ လယ္ေတာထဲတြင္ အာလူးတူးသည့္အလုပ္ကုိ ပင္ပန္းစြာလုပ္ကုိင္ခဲ့ရသည္။ ၁၄ ႏွစ္ သား အ႐ြယ္တြင္ မိဘမ်ားႏွင့္အတူ အိုဟိုင္းအိုျပည္နယ္၊ ကလိ ဗလန္ၿမိဳ႕သို႔ ေျပာင္းေ႐ြ႕ေနထိုင္ခဲ့ၿပီး ထိုၿမိဳ႕ရွိ အထက္တန္း ေက်ာင္းတြင္ ပညာသင္ၾကားခဲ့သည္။ သူ႔ဘ၀ေျပာင္းလဲေစခဲ့သည့္ ျဖစ္ရပ္တစ္ခုမွာ သူပထမဆုံးႀကဳိက္ခဲ့သည့္ ေကာင္မေလးႏွင့္ပတ္သတ္သည္။ ေကာင္မေလး၏ အေမသည္ ေရာ့ဖဲလားကဲ့သုိ႔ ဆင္းရဲၿပီး ဘာအလားအလာမွ မရွိသူႏွင့္ သူ႔သမီးအား သေဘာမတူႏုိင္ဟု ျငင္းလႊတ္ခဲ့သည္။ ထုိအခ်ိန္မွ စ၍ ေရာ့ဖဲလားသည္ ဆင္းရဲေသာသူ႔ဘ၀အား စိတ္နာခဲ့ၿပီး အလြန္ခ်မ္းသာခ်င္ခဲ့သည္။

ေရာ့ဖဲလား ေမြးဖြားႀကီးျပင္းခဲ့ရာအိမ္

ခ်မ္းသာသည့္ နည္းလမ္းမွန္သမွ် ရွာႀကံလုပ္သည္။ မိမိကုိယ္ပင္ မသထာေတာ့ပဲ ရသမွ်ေငြကိုျခစ္ကုပ္စုသည္။ အသက္ ၁၆ႏွစ္ အရြယ္တြင္ လက္ေထာက္စာေရးအျဖစ္ အလုပ္လုပ္ခဲ့သည္။ စီးပြားေရးလုပ္ငန္းတစ္ခု၏ ေန႔စဥ္လုပ္ေဆာင္ခ်က္မ်ားကုိ မွတ္တမ္းတင္ရသည့္အလုပ္ျဖစ္သည္။ သုံးလ ုပ္အၿပီးရေငြမွာ ၅၀ေဒၚလာ(၂၀၁၇ခုႏွစ္တန္ဖုိးနဲ႔တြက္မယ္ဆုိရင္ ေဒၚလာ ၁၃၀၀ခန္႔) သာ ရွိခဲ့သည္။ ထုိ႔ေနာက္ သူ႔ဘ၀တြင္ အႀကီးဆုံးရည္မွန္းခ်က္ ၂ခုကို ခ်မွတ္ခဲ့ၿပီး မျဖစ္ျဖစ္ေအာင္ႀကဳိးစားမည္ဟု သံဓိဌာန္ခ်ခဲ့သည္။ ထုိရည္မွန္းခ်က္ ၂ခုမွာကား သူ႔ဘ၀တြင္ ေဒၚလာ ၁သိန္း(၂၀၁၇ တန္ဖုိးနဲ႔ ေဒၚလာ ၂.၆သန္း) ရွာဖုိ႔နဲ႔ အသက္ ၁၀၀ အထိေနသြားဖုိ႔ျဖစ္သည္။ ထုိ႔ေနာက္စီးပြားေရးကို ရသမွ်လုပ္ေတာ့သည္။

အသက္ ၁၈ႏွစ္အရြယ္ေရာ့ဖဲလား

အသက္ ၁၉ ႏွစ္ အ႐ြယ္၌ ကလတ္ႏွင့္ ေရာ့ဖဲလား လက္ကားေရာင္းဝယ္ေရး ပြဲ႐ုံတြင္ အစုစပ္ ပါဝင္ေလသည္။ ၁၈၅၉ ခုႏွစ္တြင္ ပင္ဆီလေဗးနီးယားျပည္နယ္၌ ေရနံကို စတင္ေတြ႕ရွိ၏။ ထိုေၾကာင့္ ၁၈၆၂ ခုႏွစ္တြင္ ကလတ္ႏွင့္ ေရာ့ဖဲလားတို႔သည္ ေရနံခ်က္ လုပ္ငန္း၌ ေငြရင္းျမႇဳပ္ႏွံ၍ လုပ္ကိုင္ၾကသည္။ ကလတ္သည္ အစုစပ္အျဖစ္မွ ႏုတ္ထြက္သြားေသာအခါ ေရာ့ဖဲလားသည္ သူ၏ညီ ဝီလ်ံေရာ့ဖဲလားႏွင့္အတူ ေရနံလုပ္ငန္းကို ဆက္ လက္ လုပ္ကိုင္ေလသည္။ ၁၈၇ဝ ျပည့္ႏွစ္တြင္ အိုဟိုင္းအိုျပည္ နယ္ စတင္းဒတ္ေရနံကုမၸဏီဟူ၍ ဖြဲ႕စည္းၿပီးလၽွင္ ဂၽြန္ေရာ့ ကဖဲလားသည္လည္း ထိုကုမၸဏီ၌ ဥကၠ႒ျဖစ္လာ၏။ ေရနံလုပ္ငန္းေၾကာင့္ အသက္ ၃၃ႏွစ္အရြယ္မွာပင္ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္လာခဲ့သည္။

ေရာ့ဖဲလားသည္ မီးရထားအာဏာပိုင္မ်ားႏွင့္ ပူးေပါင္း ၍ မိမိကုမၸဏီထြက္ ေရနံကုန္တင္ခႏႈန္းကို ေလၽွာ႔ယူရန္၎၊ အျခားေရနံကုမၸဏီမ်ားအတြက္မူ ကုန္တင္ခႏႈန္းကို တိုးယူရန္၊ သို႔မဟုတ္ လုံးဝတင္ပို႔ျခင္း မျပဳရန္၎ စီစဥ္ေလသည္။ ထိုသို႔ျပဳလုပ္ျခင္းအားျဖင့္ ေရာ့ဖဲလားသည္ မိမိႏွင့္ စီးပြားေရး ၿပိဳင္ဘက္မ်ားကို ဖယ္ရွားႏိုင္ၿပီးလၽွင္ ၁ဝ ႏွစ္အတြင္း စတင္း ဒတ္ ေရနံကုမၸဏီသည္ အေမရိကန္ႏိုင္ငံတြင္ ေရနံခ်က္လုပ္ငန္း ႏွင့္ ေရနံျဖန္႔ျဖဴးသည့္လုပ္ငန္း ၉၅ ရာခိုင္ႏႈန္းကို ခ်ဳပ္ကိုင္မိ ေလသည္။

အသက္ ၄၃ႏွစ္တြင္ ကမာၻ႔အႀကီးဆုံး ေရနံလုပ္ငန္း ၊ ကုန္သြယ္ေရးလုပ္ငန္း ၊ စက္ရုံ ၊ ေရနံတြင္းေပါင္းမ်ားစြာ ပုိင္ဆုိင္သူျဖစ္လာခဲ့ၿပီး အသက္ ၅၃ႏွစ္တြင္ ထုိေခတ္ထုိအခါက ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာသူေဌးႀကီးျဖစ္လာခဲ့သည္။ သူ၏ ပုိင္ဆုိင္မႈကုိ ၂၀၁၇ ေငြေၾကးတန္ဖုိးႏွင့္တြက္လွ်က္ အေမရိကန္ေဒၚလာ ဘီလ်ံ ၄၀၀ ခန္႔ရွိၿပီး ယေန႔ေခတ္အခ်မ္းသာဆုံးသူေဌးႀကီးထက္ ၄ဆပုိမုိခ်မ္းသာသည္ ဟုဆုိရမည္။

စီးပြားေရးတြင္ အခ်မ္းသာဆုံး ပုဂၢဳိလ္ျဖစ္လာခဲ့ေသာ္လည္း သူ႔က်န္းမာေရးက မစားႏုိင္မေသာက္ႏုိင္ေတာ့ေလာက္ေအာင္ ဆုိးရြားလာခဲ့သည္။ ေငြကုိသာ သဲသဲမည္းမည္းရွာေနခဲ့ၿပီး က်န္းမာေရးကို ဂရုမစုိက္ခဲ့ေသာေၾကာင့္ျဖစ္သည္။ ေငြခ်မ္းသာလာခဲ့ေသာ္လည္း ဘ၀တစ္ေလွ်ာက္လုံး စိတ္ဆင္းရဲစြာေနခဲ့ရသည္။ ဆရာ၀န္မ်ားက သူ႔အားေမးခြန္းတစ္ခုကိုေမးသည္။ ခင္ဗ်ားပုိက္ဆံကုိပဲဆက္ရွာၿပီးအေသခံမလား ၊ က်န္းမာေရးအတြက္ လုပ္သင့္လုပ္ထုိက္တာေတြလုပ္မလား ခင္ဗ်ားႀကဳိက္တာကိုေရြးပါ ဟူ၍ျဖစ္သည္။

ပုိက္ဆံကုိသာမည္းရွာခဲ့ ရယူဖုိ႔သာၾကည့္ခဲ့သည့္အတြက္ မီဒီယာမ်ားက အရင္းရွင္ဟုစြပ္စြဲခဲ့ေလာက္ေအာင္ပင္ ေရာ့ဖဲလားသည္ စီးပြားေရးအတၱႀကီးခဲ့သည္။ ဆရာ၀န္ေမးခြန္းေၾကာင့္ သတိျပန္၀င္လာခဲ့ၿပီး တုန္လႈပ္ေျခာက္ျခားသြားခဲ့သည္။ သူ႔ရည္မွန္းခ်က္တစ္ခုျဖစ္ေသာ္လည္း ေနာက္တစ္ခု မျဖစ္မွာ အစုိးရိမ္ႀကီးစုိးရိမ္ခဲ့သည္။

ထုိ႔ေၾကာင့္ ၁၉၁၁ ခုႏွစ္တြင္ ေရာ့ဖဲလားသည္ စတင္းဒတ္ေရနံ ကုမၸဏီ ဥကၠ႒အျဖစ္မွ ႏုတ္ထြက္ၿပီးေနာက္ သားျဖစ္သူ ဂၽြန္ေရာ့ဖဲလား(အငယ္)အား လုပ္ငန္းတာဝန္ကို လႊဲအပ္ခဲ့ သည္။ သူ႔ကုိယ္သူ အေျပာင္းလဲႀကီး ေျပာင္းပစ္ခဲ့သည္။ က်န္းမာေရးကုိျပန္လည္လုိက္စားသလုိ သူ႔စည္းစိမ္မ်ားကို ေပးကမ္းလွဴဒါန္းျခင္းအလုပ္ကုိသာ လုပ္ေတာ့သည္။ ေဖာင္ေဒးရွင္းႀကီးတည္ေထာင္၍ လူအမ်ားအက်ိဳးကို ေရွး႐ႈ၍ ေငြအေျမာက္ အျမား လႉဒါန္းခဲ့သည္။  ကမာၻအရပ္ရပ္ရွိ ေဆးသုေတသန အဖြဲ႔မ်ားကိုလည္း လွဴဒါန္းခဲ့သည္ ။ သူ၏ ပံ့ပုိးမႈေၾကာင့္ပင္ ကာကြယ္ေဆးအေျမာက္အမ်ား ရွာေဖြထုတ္လုပ္လာႏုိင္ခဲ့သည္။

ပညာေရးဘက္တြင္လည္း သူ႔လုိမျဖစ္ရေလေအာင္ အထူးလွဴဒါန္းသည္။ ထုိ႔ေၾကာင့္ခ်ီကာဂုိ တကၠသုိလ္ႀကီးေပၚေပါက္လာခဲ့သည္။
ေရာ့ဖဲလားသည္ စီးပြားေရးလုပ္ငန္းမွ အနားယူၿပီး သည့္ေနာက္ ကမၻာေပၚရွိလူမ်ား ေကာင္းစားေရးအတြက္ ေထာက္ပံ့ေရးအဖြဲ႕အစည္းမ်ားကို ဖြဲ႕စည္းခဲ့သည္။ မိမိ၏စည္းစိမ္ ဥစၥာထဲမွ ေဒၚလာေငြ အေျမာက္အျမားကို ထိုအဖြဲ႕အစည္းမ်ား အတြက္ ရက္ေရာစြာလႉဒါန္းခဲ့သည္။ ေရာ့ဖဲလားေဖာင္ ေဒးရွင္းအဖြဲ႕၊ ရွီကားဂိုး တကၠသိုလ္၊ ေရာ့ဖဲလား ေဆးဘက္ သုေတသနအသင္း၊ ပညာေရးအဖြဲ႕ စသည္တို႔မွာ ေရာ့ဖဲလား၏ ထင္ရွားေသာ အသင္းအဖြဲ႕မ်ား ျဖစ္သည္။

ထုိကဲ့သုိ႔ သူ႔ကုိယ္က်ဳိးအတြက္ မလုပ္ေတာ့ပဲ အမ်ားအက်ဳိးအတြက္သာ တြင္တြင္လုပ္ခဲ့သျဖင့္ သူ႔အား အရင္းရွင္လုပ္ငန္းရွင္ႀကီးဟု မုန္းတီးခဲ့ေသာ လူထုက ျပန္လည္ခ်စ္ခင္လာခဲ့ၿပီး ပရဟိတသူရဲေကာင္းတစ္ေယာက္ျဖစ္လာခဲ့သည္။ သူကုိယ္တုိင္လည္း အမ်ားအက်ဳိးသာလုပ္ေတာ့သည့္ အတြက္ စိတ္အခ်မ္းသာႀကီးခ်မ္းသာခဲ့ၿပီး က်န္းက်န္းမာမာေနထုိင္သြားရသည္။ ေရာ့ဖဲလားသည္ ၁၉၃၇ ခုႏွစ္ ေမလ ၂၃ ရက္ေန႔ အသက္ ၉၇ ႏွစ္တြင္ ဖေလာ္ရီဒါနယ္၌ ကြယ္လြန္ေလသည္။ အသက္ ၉၇ထိေနရသြားရသျဖင့္ သူ၏ အသက္ ၁၀၀အထိေနမည္ဟူေသာ ရည္မွန္းခ်က္ကုိ လုပ္ေဆာင္သြားႏုိင္သည္ဟု ဆုိရေပမည္။ သူ၏ ရည္မွန္းခ်က္ ၂ခုစလုံးကုိ ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္သြားႏုိင္သူျဖစ္သည္။

အနားယူၿပီးေနာက္ ေနထုိင္ခဲ့သည့္ နယူးေယာက္ Kykuit မွ အိမ္

ေရာ့ဖဲလားကြယ္လြန္ၿပီးေနာက္ သားျဖစ္သူ ဂၽြန္ေဒးဗီဆန္ ေရာ့ဖဲလား (အငယ္) (ခရစ္ ၁၈၇၄)သည္လည္း ဖခင္၏ လက္ငုတ္ျဖစ္ေသာ ေရနံလုပ္ငန္း ကို ဆက္လက္၍ ဦးစီးလုပ္ကိုင္သည္။ အလႉေပးကမ္းျခင္း၌ ဖခင္ကဲ့သို႔ပင္ ရက္ေရာသည္။ ၁၉၄၆ ခုႏွစ္တြင္ နယူးေယာ့ ၿမိဳ႕ရွိ ေပါင္ႏွစ္သန္းတန္ မိမိပိုင္ေျမကို ကမၻာ့ကုလသမဂၢအဖြဲ႕ ႀကီးသို႔ လႉဒါန္းခဲ့ေလသည္။ ေရာ့ဖဲလား ေသဆုံးခဲ့သည္မွာ ၁၀စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီျဖစ္ေသာ္လည္း သူတည္ေထာင္ခဲ့ေသာ အဖြဲ႔အစည္းမ်ား၏ အသီးအပြင့္မ်ားကို ယခုထိတုိင္ လူသားတုိ႔ခံစားေနၾကဆဲျဖစ္သလုိ ေရာ့ဖဲလားအားလည္း ဂႏၱ၀င္ပုဂၢဳိလ္ႀကီးဟု အသိအမွတ္ျပဳေနၾကရဆဲပင္..

Cleveland ၿမဳိ႕ Lake View သခၤ်ဳိင္းမွ ေရာ့ဖဲလား၏ဂူ

ယနေ့အချမ်းသာဆုံးသူများထက် ၄ဆပိုချမ်းသာသူ (သို့) သူဌေးကြီး ဂျွန်ဒီရော့ဖဲလား (unicode)

ဂျွန်ဒေးဗီဆန် ရော့ဖဲလား သည် သူ၏ခေတ်တွင် ကမ္ဘာပေါ်၌ အကြွယ်ဝဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သော အမေရိကန်လူမျိုး ဖြစ်သည်။ သူဦးစီးတည်ထောင်သော စတင်း ဒတ်ရေနံကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင်းရှိ ရေနံလုပ်ငန်း ဟူသမျှလိုလိုကို ချုပ်ကိုင်ထားသည့် တစ်ဦးတည်း ရောင်းဝယ် ခွင့်ရသော လုပ်ငန်းကြီး ဖြစ်လေသည်။ ရော့ဖဲလား၏ စီးပွားရေးလုပ်ငန်းသည် ကမ္ဘာအရပ်ရပ်သို့ပင် ကျယ်ပြန့်လာရာ၊ ပြိုင်ဘက်ကင်းသည့် ဓနရှင်အဖြစ် စီးပွားရေးနယ်တွင် ထင်ရှား ခဲ့သည်။

ရော့ဖဲလားသည် ၁၈၃၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ တွင် နယူးယော့ပြည်နယ်၊ ရစ်ချဖို့မြို့၌ ဖွားမြင်၏။ သူငယ်စဉ်က မိသားစုဆင်းရဲလွန်းသဖြင့် လယ်တောထဲတွင် အာလူးတူးသည့်အလုပ်ကို ပင်ပန်းစွာလုပ်ကိုင်ခဲ့ရသည်။ ၁၄ နှစ် သား အရွယ်တွင် မိဘများနှင့်အတူ အိုဟိုင်းအိုပြည်နယ်၊ ကလိ ဗလန်မြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ထိုမြို့ရှိ အထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သူ့ဘ၀ပြောင်းလဲစေခဲ့သည့် ဖြစ်ရပ်တစ်ခုမှာ သူပထမဆုံးကြိုက်ခဲ့သည့် ကောင်မလေးနှင့်ပတ်သတ်သည်။ ကောင်မလေး၏ အမေသည် ရော့ဖဲလားကဲ့သို့ ဆင်းရဲပြီး ဘာအလားအလာမှ မရှိသူနှင့် သူ့သမီးအား သဘောမတူနိုင်ဟု ငြင်းလွှတ်ခဲ့သည်။ ထိုအချိန်မှ စ၍ ရော့ဖဲလားသည် ဆင်းရဲသောသူ့ဘဝအား စိတ်နာခဲ့ပြီး အလွန်ချမ်းသာချင်ခဲ့သည်။

ချမ်းသာသည့် နည်းလမ်းမှန်သမျှ ရှာကြံလုပ်သည်။ မိမိကိုယ်ပင် မသထာတော့ပဲ ရသမျှငွေကိုခြစ်ကုပ်စုသည်။ အသက် ၁၆နှစ် အရွယ်တွင် လက်ထောက်စာရေးအဖြစ် အလုပ်လုပ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းတစ်ခု၏ နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ရသည့်အလုပ်ဖြစ်သည်။ သုံးလ ုပ်အပြီးရငွေမှာ ၅၀ဒေါ်လာ(၂၀၁၇ခုနှစ်တန်ဖိုးနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၁၃၀ဝခန့်) သာ ရှိခဲ့သည်။ ထို့နောက် သူ့ဘဝတွင် အကြီးဆုံးရည်မှန်းချက် ၂ခုကို ချမှတ်ခဲ့ပြီး မဖြစ်ဖြစ်အောင်ကြိုးစားမည်ဟု သံဓိဌာန်ချခဲ့သည်။ ထိုရည်မှန်းချက် ၂ခုမှာကား သူ့ဘဝတွင် ဒေါ်လာ ၁သိန်း(၂၀၁၇ တန်ဖိုးနဲ့ ဒေါ်လာ ၂.၆သန်း) ရှာဖို့နဲ့ အသက် ၁၀၀ အထိနေသွားဖို့ဖြစ်သည်။ ထို့နောက်စီးပွားရေးကို ရသမျှလုပ်တော့သည်။

အသက် ၁၉ နှစ် အရွယ်၌ ကလတ်နှင့် ရော့ဖဲလား လက်ကားရောင်းဝယ်ရေး ပွဲရုံတွင် အစုစပ် ပါဝင်လေသည်။ ၁၈၅၉ ခုနှစ်တွင် ပင်ဆီလဗေးနီးယားပြည်နယ်၌ ရေနံကို စတင်တွေ့ရှိ၏။ ထိုကြောင့် ၁၈၆၂ ခုနှစ်တွင် ကလတ်နှင့် ရော့ဖဲလားတို့သည် ရေနံချက် လုပ်ငန်း၌ ငွေရင်းမြှုပ်နှံ၍ လုပ်ကိုင်ကြသည်။ ကလတ်သည် အစုစပ်အဖြစ်မှ နုတ်ထွက်သွားသောအခါ ရော့ဖဲလားသည် သူ၏ညီ ဝီလျံရော့ဖဲလားနှင့်အတူ ရေနံလုပ်ငန်းကို ဆက် လက် လုပ်ကိုင်လေသည်။ ၁၈၇ဝ ပြည့်နှစ်တွင် အိုဟိုင်းအိုပြည် နယ် စတင်းဒတ်ရေနံကုမ္ပဏီဟူ၍ ဖွဲ့စည်းပြီးလျှင် ဂျွန်ရော့ ကဖဲလားသည်လည်း ထိုကုမ္ပဏီ၌ ဥက္ကဋ္ဌဖြစ်လာ၏။ ရေနံလုပ်ငန်းကြောင့် အသက် ၃၃နှစ်အရွယ်မှာပင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သည်။

ရော့ဖဲလားသည် မီးရထားအာဏာပိုင်များနှင့် ပူးပေါင်း ၍ မိမိကုမ္ပဏီထွက် ရေနံကုန်တင်ခနှုန်းကို လျှော့ယူရန်၎င်း၊ အခြားရေနံကုမ္ပဏီများအတွက်မူ ကုန်တင်ခနှုန်းကို တိုးယူရန်၊ သို့မဟုတ် လုံးဝတင်ပို့ခြင်း မပြုရန်၎င်း စီစဉ်လေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရော့ဖဲလားသည် မိမိနှင့် စီးပွားရေး ပြိုင်ဘက်များကို ဖယ်ရှားနိုင်ပြီးလျှင် ၁ဝ နှစ်အတွင်း စတင်း ဒတ် ရေနံကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် ရေနံချက်လုပ်ငန်း နှင့် ရေနံဖြန့်ဖြူးသည့်လုပ်ငန်း ၉၅ ရာခိုင်နှုန်းကို ချုပ်ကိုင်မိ လေသည်။ အသက် ၄၃နှစ်တွင် ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်း ၊ ကုန်သွယ်ရေးလုပ်ငန်း ၊ စက်ရုံ ၊ ရေနံတွင်းပေါင်းများစွာ ပိုင်ဆိုင်သူဖြစ်လာခဲ့ပြီး အသက် ၅၃နှစ်တွင် ထိုခေတ်ထိုအခါက ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့သည်။ သူ၏ ပိုင်ဆိုင်မှုကို ၂၀၁၇ ငွေကြေးတန်ဖိုးနှင့်တွက်လျှက် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ ခန့်ရှိပြီး ယနေ့ခေတ်အချမ်းသာဆုံးသူဌေးကြီးထက် ၄ဆပိုမိုချမ်းသာသည် ဟုဆိုရမည်။

စီးပွားရေးတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သော်လည်း သူ့ကျန်းမာရေးက မစားနိုင်မသောက်နိုင်တော့လောက်အောင် ဆိုးရွားလာခဲ့သည်။ ငွေကိုသာ သဲသဲမည်းမည်းရှာနေခဲ့ပြီး ကျန်းမာရေးကို ဂရုမစိုက်ခဲ့သောကြောင့်ဖြစ်သည်။ ငွေချမ်းသာလာခဲ့သော်လည်း ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲစွာနေခဲ့ရသည်။ ဆရာဝန်များက သူ့အားမေးခွန်းတစ်ခုကိုမေးသည်။ ခင်ဗျားပိုက်ဆံကိုပဲဆက်ရှာပြီးအသေခံမလား ၊ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေလုပ်မလား ခင်ဗျားကြိုက်တာကိုရွေးပါ ဟူ၍ဖြစ်သည်။ ပိုက်ဆံကိုသာမည်းရှာခဲ့ ရယူဖို့သာကြည့်ခဲ့သည့်အတွက် မီဒီယာများက အရင်းရှင်ဟုစွပ်စွဲခဲ့လောက်အောင်ပင် ရော့ဖဲလားသည် စီးပွားရေးအတ္တကြီးခဲ့သည်။ ဆရာဝန်မေးခွန်းကြောင့် သတိပြန်ဝင်လာခဲ့ပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ သူ့ရည်မှန်းချက်တစ်ခုဖြစ်သော်လည်း နောက်တစ်ခု မဖြစ်မှာ အစိုးရိမ်ကြီးစိုးရိမ်ခဲ့သည်။

ထို့ကြောင့် ၁၉၁၁ ခုနှစ်တွင် ရော့ဖဲလားသည် စတင်းဒတ်ရေနံ ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီးနောက် သားဖြစ်သူ ဂျွန်ရော့ဖဲလား(အငယ်)အား လုပ်ငန်းတာဝန်ကို လွှဲအပ်ခဲ့ သည်။ သူ့ကိုယ်သူ အပြောင်းလဲကြီး ပြောင်းပစ်ခဲ့သည်။ ကျန်းမာရေးကိုပြန်လည်လိုက်စားသလို သူ့စည်းစိမ်များကို ပေးကမ်းလှူဒါန်းခြင်းအလုပ်ကိုသာ လုပ်တော့သည်။ ဖောင်ဒေးရှင်းကြီးတည်ထောင်၍ လူအများအကျိုးကို ရှေးရှု၍ ငွေအမြောက် အမြား လှူဒါန်းခဲ့သည်။  ကမ္ဘာအရပ်ရပ်ရှိ ဆေးသုတေသန အဖွဲ့များကိုလည်း လှူဒါန်းခဲ့သည် ။ သူ၏ ပံ့ပိုးမှုကြောင့်ပင် ကာကွယ်ဆေးအမြောက်အများ ရှာဖွေထုတ်လုပ်လာနိုင်ခဲ့သည်။

ပညာရေးဘက်တွင်လည်း သူ့လိုမဖြစ်ရလေအောင် အထူးလှူဒါန်းသည်။ ထို့ကြောင့်ချီကာဂို တက္ကသိုလ်ကြီးပေါ်ပေါက်လာခဲ့သည်။
ရော့ဖဲလားသည် စီးပွားရေးလုပ်ငန်းမှ အနားယူပြီး သည့်နောက် ကမ္ဘာပေါ်ရှိလူများ ကောင်းစားရေးအတွက် ထောက်ပံ့ရေးအဖွဲ့အစည်းများကို ဖွဲ့စည်းခဲ့သည်။ မိမိ၏စည်းစိမ် ဥစ္စာထဲမှ ဒေါ်လာငွေ အမြောက်အမြားကို ထိုအဖွဲ့အစည်းများ အတွက် ရက်ရောစွာလှူဒါန်းခဲ့သည်။ ရော့ဖဲလားဖောင် ဒေးရှင်းအဖွဲ့၊ ရှီကားဂိုး တက္ကသိုလ်၊ ရော့ဖဲလား ဆေးဘက် သုတေသနအသင်း၊ ပညာရေးအဖွဲ့ စသည်တို့မှာ ရော့ဖဲလား၏ ထင်ရှားသော အသင်းအဖွဲ့များ ဖြစ်သည်။

ထိုကဲ့သို့ သူ့ကိုယ်ကျိုးအတွက် မလုပ်တော့ပဲ အများအကျိုးအတွက်သာ တွင်တွင်လုပ်ခဲ့သဖြင့် သူ့အား အရင်းရှင်လုပ်ငန်းရှင်ကြီးဟု မုန်းတီးခဲ့သော လူထုက ပြန်လည်ချစ်ခင်လာခဲ့ပြီး ပရဟိတသူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ သူကိုယ်တိုင်လည်း အများအကျိုးသာလုပ်တော့သည့် အတွက် စိတ်အချမ်းသာကြီးချမ်းသာခဲ့ပြီး ကျန်းကျန်းမာမာနေထိုင်သွားရသည်။ ရော့ဖဲလားသည် ၁၉၃၇ ခုနှစ် မေလ ၂၃ ရက်နေ့ အသက် ၉၇ နှစ်တွင် ဖလော်ရီဒါနယ်၌ ကွယ်လွန်လေသည်။ အသက် ၉၇ထိနေရသွားရသဖြင့် သူ၏ အသက် ၁၀ဝအထိနေမည်ဟူသော ရည်မှန်းချက်ကို လုပ်ဆောင်သွားနိုင်သည်ဟု ဆိုရပေမည်။ သူ၏ ရည်မှန်းချက် ၂ခုစလုံးကို ဖြစ်မြောက်အောင် လုပ်ဆောင်သွားနိုင်သူဖြစ်သည်။

ရော့ဖဲလားကွယ်လွန်ပြီးနောက် သားဖြစ်သူ ဂျွန်ဒေးဗီဆန် ရော့ဖဲလား (အငယ်) (ခရစ် ၁၈၇၄)သည်လည်း ဖခင်၏ လက်ငုတ်ဖြစ်သော ရေနံလုပ်ငန်း ကို ဆက်လက်၍ ဦးစီးလုပ်ကိုင်သည်။ အလှူပေးကမ်းခြင်း၌ ဖခင်ကဲ့သို့ပင် ရက်ရောသည်။ ၁၉၄၆ ခုနှစ်တွင် နယူးယော့ မြို့ရှိ ပေါင်နှစ်သန်းတန် မိမိပိုင်မြေကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ လှူဒါန်းခဲ့လေသည်။ ရော့ဖဲလား သေဆုံးခဲ့သည်မှာ ၁ဝစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူတည်ထောင်ခဲ့သော အဖွဲ့အစည်းများ၏ အသီးအပွင့်များကို ယခုထိတိုင် လူသားတို့ခံစားနေကြဆဲဖြစ်သလို ရော့ဖဲလားအားလည်း ဂန္တဝင်ပုဂ္ဂိုလ်ကြီးဟု အသိအမှတ်ပြုနေကြရဆဲပင်..

Leave a Reply