ကႏာၱရေတာင္ကုန္းေပၚက လမ္းေလွ်ာက္ေ၀လငါးေတြရဲ႕သခၤ်ဳိင္း

Posted on

ဒီေနရာကေတာ့ အီဂ်စ္ႏုိင္ငံအေနာက္ဘက္ ကုိင္ရုိၿမဳိ႕ရဲ႕ ၁၅၀ကီလုိမီတာအကြာ Faiyum သဲကႏာၱရေဒသမွာရွိတဲ့ Wadi El Hitan ဆုိတဲ့ ေနရာပဲျဖစ္ပါတယ္။ Wadi El Hitan ဆုိတာ အာရပ္ဘာသာစကားနဲ႔ဆုိိရင္ ေ၀လငါးေတာင္ၾကား လုိ႔ အဓိပၸါယ္ရပါတယ္။ တနည္းအားျဖင့္ ေ၀လငါးေတြရဲ႕သခၤ်ဳိင္းဆုိရင္လည္း မမွားပါဘူး။ ဒီေနရာတစ္၀ုိက္မွာ ေ၀လငါးေတြရဲ႕အရုိး ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြ ရာနဲ႔ခ်ီၿပီး ရွိေနခဲ့လုိ႔ပါ။ ဒီလုိရွိေနျခင္းေၾကာင့္ပဲ ဒီေနရာကို ၂၀၀၅ခုႏွစ္ ဇူလုိင္လမွာ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီေနရာဟာ ေ၀လငါးေတြရဲ႕ ပုံသ႑ာန္ေျပာင္းလဲျခင္းသမုိင္းနဲ႔ ပတ္သတ္လုိ႔ အလြန္အေရးႀကီးတဲ့ေနရာျဖစ္ပါတယ္။ ဒီေနရာမွာ ေ၀လငါးေတြရဲ႕ေၾကာက္ျဖစ္ရုပ္ၾကြင္းေတြသာမက အျခားေရသတၱ၀ါေတြျဖစ္ၾကတဲ့ ငါးမန္း ၊ မိေက်ာင္း ၊ လိပ္ ၊ ငါးလိပ္ေၾကာက္ နဲ႔ လႊငါးမန္းေတြရဲ႕ေၾကာက္ျဖစ္ရုပ္ၾကြင္းေတြလည္း ရွိေနပါေသးတယ္။

ပထမဆုံးရုပ္ၾကြင္းကို ၁၈၃၀ခုႏွစ္ခန္႔တည္းက တူးေဖာ္ရရွိခဲ့ေပမယ့္ ဒီေနရာဟာ ေရသတၱ၀ါေတြနဲ႔ ပတ္သတ္တဲ့ေနရာလုိ႔ မထင္ခဲ့မိၾကပါဘူး။ ၁၉၀၂ ခုႏွစ္နဲ႔ ၁၉၀၃ခုႏွစ္ၾကားကေနစလုိ႔ ေရသတၱ၀ါရုပ္ၾကြင္းေတြကုိဆက္တုိက္တူးေဖာ္ရရွိခဲ့ၿပီး ဒီေနရာဟာ ေရသတၱ၀ါေတြၾကက္စားခဲ့တဲ့ေနရာႀကီးတစ္ခုအျဖစ္သိလာရပါတယ္။ ဒါေပမယ့္ ဒီေနရာဟာ သြားလာဖုိ႔မလြယ္ကူတဲ့အတြက္ ႏွစ္ေပါင္း ၈၀ေလာက္ၾကာတဲ့အထိ သိတဲ့သူအနည္းငယ္ပဲရွိပါတယ္။ ၁၉၈၀ခုႏွစ္မွာေတာ့ ကားေတြေပါလာတဲ့အတြက္ သြားလာဖုိ႔လြယ္ကူလာခဲ့ၿပီး ဒီေနရာကုိ ေက်ာက္ျဖစ္ရုပ္ၾကြင္းစုေဆာင္းသူေပါင္းမ်ားစြာ ေရာက္လာၾကပါတယ္။ အဲဒီေနာက္ေတာ့ စိတ္၀င္စားသူမ်ားလာခဲ့ၿပီး ေလ့လာသုေတသနျပဳေရး နဲ႔ ထိမ္းသိမ္းေရးလုပ္ငန္းေတြကို လုပ္ခဲ့ၾကပါတယ္။

ဒီေနရာမွာ ေတြ႔ရွိရတဲ့ ေ၀လငါးရုပ္ၾကြင္းေတြဟာ ယေန႔ေခတ္ေ၀လငါးေတြနဲ႔ မတူညီပါဘူး။ ယေန႔ေ၀လငါးေတြရဲ႕ ဘုိးေဘးဘီဘင္ စဦးမ်ဳိးဆက္လုိ႔ဆုိရပါမယ္။ ဒီေနရာမွာေတြ႕ရတဲ့ေ၀လငါးအမ်ဳိးအစားႏွစ္ခုကေတာ့ အေကာင္ႀကီးအမ်ဳိးအစားျဖစ္တဲ့ Basilosaurus ေ၀လငါး နဲ႔ အေကာင္ေသး(၃မီတာကေန ၅မီတာအထိ) အမ်ဳိးအစားျဖစ္တဲ့ Dorudon ေ၀လငါး တုိ႔ပဲျဖစ္ပါတယ္။ အႀကီးဆုံးေ၀လငါးအရုိးကေတာ့၂၁မီတာအရွည္ရွိပါတယ္။

ယေန႔ေခတ္ေ၀လငါးေတြနဲ႔ မတူညီတာကေတာ့ ဒီေနရာကေ၀လငါးေတြမွာ ေနာက္ေျခေတြ ၊ မာေၾကာတဲ့ဦးေခါင္းခြံ နဲ႔ သြားေတြပါရွိေနတာပါ။ ဒီကြာျခားမႈေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း သန္း၄၀ နဲ႔ သန္း၅၀ ၾကားကာလမွာ ေ၀လငါးေတြဟာ လမ္းေလွ်ာက္ႏုိင္တဲ့သတၱ၀ါေတြျဖစ္ခဲ့ၿပီး အသားစားသတၱ၀ါေတြျဖစ္တယ္ဆုိတာ သိခဲ့ၾကရပါတယ္။ အဲဒီေနာက္ေတာ့ ေ၀လငါးေတြဟာ ေျခေထာက္ေတြတျဖည္းျဖည္းေပ်ာက္လာခဲ့ၿပီး ယေန႔ေခတ္ေ၀လငါးေတြရဲ႕ပုံစံေတြ ျဖစ္လာတယ္လုိ႔ ဆုိပါတယ္။

ဒီကႏာၱရဟာ အဲဒီအခ်ိန္က ေျမထဲပင္လယ္ရဲ႕ေတာင္ဘက္မွာရွိခဲ့တဲ့ Tethy ဆုိတဲ့ ပင္လယ္ျဖစ္ခဲ့ၿပီး ေရသတၱ၀ါေတြက်က္စားခဲ့တဲ့ ေနရာတစ္ခုျဖစ္တယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီေနရာက ရုပ္ၾကြင္းေတြကုိ Wadi El Hitan ျပတုိက္တည္ေဆာက္ကာ ျပသထားပါတယ္။ ေ၀လငါးရုပ္ၾကြင္းအမ်ားစုဟာ မူလအတုိင္းရွိေနၿပီး အခ်ဳိ႕ကိုေတာ့ေက်ာက္သားေတြနဲ႔အတူထိမ္းသိမ္းထားရပါတယ္။ ျပတုိက္မွာေတာ့ ကုန္းသတၱ၀ါကေန ေရသတၱ၀ါေတြအျဖစ္ အဆင့္ဆင့္ေျပာင္းလဲသြားတဲ့ ေ၀လငါးေတြရဲ႕ျဖစ္စဥ္အဆင့္ဆင့္ကုိ ျပသထားပါတယ္။ သြားလာရခက္ခဲၿပီး ရုပ္ၾကြင္းေတြသာ ရွိတဲ့အတြက္ ဒီေနရာကို ႏွစ္စဥ္လာေရာက္ေလ့လာသူ ၁၀၀၀ ခန္႔ပဲရွိပါတယ္။

 |


ကန္တာရတောင်ကုန်းပေါ်က လမ်းလျှောက်ဝေလငါးတွေရဲ့သင်္ချိုင်း (unicode)

ဒီနေရာကတော့ အီဂျစ်နိုင်ငံအနောက်ဘက် ကိုင်ရိုမြို့ရဲ့ ၁၅ဝကီလိုမီတာအကွာ Faiyum သဲကန္တာရဒေသမှာရှိတဲ့ Wadi El Hitan ဆိုတဲ့ နေရာပဲဖြစ်ပါတယ်။ Wadi El Hitan ဆိုတာ အာရပ်ဘာသာစကားနဲ့ဆိုရင် ဝေလငါးတောင်ကြား လို့ အဓိပ္ပါယ်ရပါတယ်။ တနည်းအားဖြင့် ဝေလငါးတွေရဲ့သင်္ချိုင်းဆိုရင်လည်း မမှားပါဘူး။ ဒီနေရာတစ်ဝိုက်မှာ ဝေလငါးတွေရဲ့အရိုး ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရာနဲ့ချီပြီး ရှိနေခဲ့လို့ပါ။ ဒီလိုရှိနေခြင်းကြောင့်ပဲ ဒီနေရာကို ၂၀၀၅ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေရာဟာ ဝေလငါးတွေရဲ့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသမိုင်းနဲ့ ပတ်သတ်လို့ အလွန်အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာမှာ ဝေလငါးတွေရဲ့ကြောက်ဖြစ်ရုပ်ကြွင်းတွေသာမက အခြားရေသတ္တဝါတွေဖြစ်ကြတဲ့ ငါးမန်း ၊ မိကျောင်း ၊ လိပ် ၊ ငါးလိပ်ကြောက် နဲ့ လွှငါးမန်းတွေရဲ့ကြောက်ဖြစ်ရုပ်ကြွင်းတွေလည်း ရှိနေပါသေးတယ်။

ပထမဆုံးရုပ်ကြွင်းကို ၁၈၃ဝခုနှစ်ခန့်တည်းက တူးဖော်ရရှိခဲ့ပေမယ့် ဒီနေရာဟာ ရေသတ္တဝါတွေနဲ့ ပတ်သတ်တဲ့နေရာလို့ မထင်ခဲ့မိကြပါဘူး။ ၁၉၀၂ ခုနှစ်နဲ့ ၁၉၀၃ခုနှစ်ကြားကနေစလို့ ရေသတ္တဝါရုပ်ကြွင်းတွေကိုဆက်တိုက်တူးဖော်ရရှိခဲ့ပြီး ဒီနေရာဟာ ရေသတ္တဝါတွေကြက်စားခဲ့တဲ့နေရာကြီးတစ်ခုအဖြစ်သိလာရပါတယ်။ ဒါပေမယ့် ဒီနေရာဟာ သွားလာဖို့မလွယ်ကူတဲ့အတွက် နှစ်ပေါင်း ၈၀လောက်ကြာတဲ့အထိ သိတဲ့သူအနည်းငယ်ပဲရှိပါတယ်။ ၁၉၈ဝခုနှစ်မှာတော့ ကားတွေပေါလာတဲ့အတွက် သွားလာဖို့လွယ်ကူလာခဲ့ပြီး ဒီနေရာကို ကျောက်ဖြစ်ရုပ်ကြွင်းစုဆောင်းသူပေါင်းများစွာ ရောက်လာကြပါတယ်။ အဲဒီနောက်တော့ စိတ်ဝင်စားသူများလာခဲ့ပြီး လေ့လာသုတေသနပြုရေး နဲ့ ထိမ်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။

ဒီနေရာမှာ တွေ့ရှိရတဲ့ ဝေလငါးရုပ်ကြွင်းတွေဟာ ယနေ့ခေတ်ဝေလငါးတွေနဲ့ မတူညီပါဘူး။ ယနေ့ဝေလငါးတွေရဲ့ ဘိုးဘေးဘီဘင် စဦးမျိုးဆက်လို့ဆိုရပါမယ်။ ဒီနေရာမှာတွေ့ရတဲ့ဝေလငါးအမျိုးအစားနှစ်ခုကတော့ အကောင်ကြီးအမျိုးအစားဖြစ်တဲ့ Basilosaurus ဝေလငါး နဲ့ အကောင်သေး(၃မီတာကနေ ၅မီတာအထိ) အမျိုးအစားဖြစ်တဲ့ Dorudon ဝေလငါး တို့ပဲဖြစ်ပါတယ်။ အကြီးဆုံးဝေလငါးအရိုးကတော့၂၁မီတာအရှည်ရှိပါတယ်။

ယနေ့ခေတ်ဝေလငါးတွေနဲ့ မတူညီတာကတော့ ဒီနေရာကဝေလငါးတွေမှာ နောက်ခြေတွေ ၊ မာကြောတဲ့ဦးခေါင်းခွံ နဲ့ သွားတွေပါရှိနေတာပါ။ ဒီကွာခြားမှုကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၄၀ နဲ့ သန်း၅၀ ကြားကာလမှာ ဝေလငါးတွေဟာ လမ်းလျှောက်နိုင်တဲ့သတ္တဝါတွေဖြစ်ခဲ့ပြီး အသားစားသတ္တဝါတွေဖြစ်တယ်ဆိုတာ သိခဲ့ကြရပါတယ်။ အဲဒီနောက်တော့ ဝေလငါးတွေဟာ ခြေထောက်တွေတဖြည်းဖြည်းပျောက်လာခဲ့ပြီး ယနေ့ခေတ်ဝေလငါးတွေရဲ့ပုံစံတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒီကန္တာရဟာ အဲဒီအချိန်က မြေထဲပင်လယ်ရဲ့တောင်ဘက်မှာရှိခဲ့တဲ့ Tethy ဆိုတဲ့ ပင်လယ်ဖြစ်ခဲ့ပြီး ရေသတ္တဝါတွေကျက်စားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီနေရာက ရုပ်ကြွင်းတွေကို Wadi El Hitan ပြတိုက်တည်ဆောက်ကာ ပြသထားပါတယ်။ ဝေလငါးရုပ်ကြွင်းအများစုဟာ မူလအတိုင်းရှိနေပြီး အချို့ကိုတော့ကျောက်သားတွေနဲ့အတူထိမ်းသိမ်းထားရပါတယ်။ ပြတိုက်မှာတော့ ကုန်းသတ္တဝါကနေ ရေသတ္တဝါတွေအဖြစ် အဆင့်ဆင့်ပြောင်းလဲသွားတဲ့ ဝေလငါးတွေရဲ့ဖြစ်စဉ်အဆင့်ဆင့်ကို ပြသထားပါတယ်။ သွားလာရခက်ခဲပြီး ရုပ်ကြွင်းတွေသာ ရှိတဲ့အတွက် ဒီနေရာကို နှစ်စဉ်လာရောက်လေ့လာသူ ၁၀၀၀ ခန့်ပဲရှိပါတယ်။

Leave a Reply