ကမာၻ႔သမိုင္းထဲက အႀကီးမားဆံုး ေျမအ​ေရာင္​းအဝယ္​

Posted on

ေရးသားသူ – Ko Kyaw Min Aung

၁၈၀၃ ခုနွစ္​​ ဒီဇင္​ဘာလ ၂၀ရက္မွာ ျပင္သစ္ပိုင္လူဝီစီယားနား နယ္ေျမကို အေမရိကန္ျပည္ေထာင္စုထံ တရားဝင္​ လႊဲေျပာင္​း​ေပးအပ္​ပြဲ အခမ္​းအနား နယူး​ေအာ္​လင္​းမွာ က်င္​းပခဲ႔ပါတယ္​။

စတုရန္းမိုင္ေပါင္း ၈၂၈၀၀၀ ေက်ာ္ က်ယ္ဝန္းတဲ့ အဲဒီေဒသကို ျပင္​သစ္​ဧကရာဇ္ (ထိုအခ်ိန္က First Counsellor) နပိုလီယံဘိုနာပတ္က အေမရိကန္သမၼတ ေသာမတ္ဂ်က္ဖာဆင္ထံ​ ေဒၚလာ၁၅သန္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ၿပီး အခုေခတ္ေဒၚလာ​ေစ်းနဲ႔ တြက္​ရင္​​ေတာင္​​တဧကကို ဆင့္၅၀မက်တဲ့ႏူန္းနဲ႔ အေမရိကန္က​ ေပါေခ်ာင္ေကာင္း ရလိုက္တာျဖစ္ပါတယ္။

လူဝီစီးယားနားနယ္​​ေျမဟာ အ​ေနာက္​ဖက္​မွာ ​ေရာ႔ကီး​ေတာင္​တန္​း၊ အ​ေ႐ွ႕ဖက္​မွာမစၥစၥပီျမစ္​၊​ ေျမာက္​ဖက္​မွာ က​ေနဒါ၊ ေတာင္​ဖက္​မွာ မကၠစီက္​ုပင္​လယ္​​ေကြ႔ အထိက်ယ္​ဝန္​းပါတယ္​။ လက္​ရိွအ​ေမရိကန္​ျပည္​​ေထာင္​စုရဲ႕ ျပည္​နယ္​၁၅ခုက နယ္​​ေျမ​ေတြပါဝင္​ပါတယ္​။ လူဝီစီယားနားနယ္​ကိုရလိုက္​ျခင္​းျဖင္​႔ လြတ္​လပ္​စ အ​ေမရိကန္​ျပည္​​ေထာင္​စုရဲ႕ အက်ယ္​အဝန္​းဟာႏွစ္​ဆျဖစ္​သြားပါတယ္​။ အဲဒီအခ်ိန္ကာလက လူဝီစီးယားနားတနယ္​လံုးမွာ ​ဌာေနတိုင္​းရင္​းသားမဟုတ္​တဲ့ ​ေနထိုင္​သူ ၆၀၀၀၀​ေက်ာ္​ပဲရိွပါတယ္​။

၁၇ ရာစုအ​ေစာပိုင္​းကတည္​းက ျပင္​သစ္​တို႔က မစၥစၥပီ ျမစ္​ဝွမ္​းတ​ေလ်ွာက္​မွာ ကိုလိုနီ​ေတြ ထူ​ေထာင္​လာခဲ႔ၾကပါတယ္​။ လူဝီစီယားနားဆိုတဲ႔ နာမည္​ကို ၁၆၈၂ခုႏွစ္​က မစၥစၥပီျမစ္​ကို ကႏူး​ေလွနဲ႔စုန္​ဆင္​းလာတဲ႔ ျပင္​သစ္​လူစြန္​႔စား Robert Cavelion De La Salle က ​ေရ​ေျမ႕သနင္​းျပည္​့႐ွင္​မင္​းျဖစ္​တဲ့ လူဝီ-၁၄ကုိ ဂုဏ္​ျပဳၿပီး​ေပးခဲ႔တာပါ။ ၁၈ ရာစုအလယ္​​ေလာက္​မွာ​ေတာ႔ လက္​ရိွအ​ေမရိကန္​ျပည္​​ေထာင္​စုရဲ႕ နယ္​​ေျမအမ်ားစုဟာ ျပင္​သစ္​ရဲ႕ ထိန္​းခ်ဳပ္​မူ​ေအာက္​မွာရိွ​ေနခဲ႔ပါတယ္​။

၁၇၆၂ ခုႏွစ္​မွာ အင္​းဒီးယန္​း​ေတြနဲ႔ စစ္​ပြဲအၿပီး ျပင္​သစ္​က စပိန္​ကုိ လူဝီစီးယားနားနယ္​အား လႊဲ​ေျပာင္​း​ေပးခဲ့ျပန္​ပါတယ္​။ အဲဒီအခ်ိန္​မွာ အ​ေမရိကန္​လူမ်ိဳး​ေတြဟာ အ​ေနာက္​​ေျမာက္​ဖက္​ ျမစ္​ညာပိုင္​း​ေတြမွာ စတင္​အ​ေျခခ်ေနထိုင္​လာၾကၿပီျဖစ္​လို႔ သူတို႔အတြက္​ ျမစ္​​ေၾကာင္​းမွာ အၿမဲလြတ္​လြတ္​လပ္​လပ္​ဝင္​ထြက္​သြားလာႏိုင္​ဖို႔ နဲ႔ ပင္​လယ္​ဖက္​ထြက္​​ေပါက္​ရဖို႔က အ​ေရးႀကီးလာပါတယ္​။

စပိန္​တို႔ စိုးမိုးထားစဥ္​အတြင္​းမွာ အ​ေမရိကန္​​ေတြအ​ေနနဲ႔ မစၥစၥပီျမစ္​​ေၾကာင္​းသြားလာခြင့္နဲ႔ နယူး​ေအာ္​လင္​း ဆိပ္​ကမ္​းကိုအသံုးျပဳခြင္​႔ရခဲ႔ပါတယ္​။ နပိုလီယန္​ရဲ႕ဖိအား​ေပးမူ​ေတြ​ေၾကာင္​့ ၁၈၀၂ခုႏွစ္မွာ လူဝီစီယားနားနယ္​ကို စပိန္​က ျပင္​သစ္​ထံ ျပန္​လႊဲအပ္​ခဲ႔ပါတယ္​။ မစၥစၥပီျမစ္​ဝွမ္​းကို စိုးမိုးခြင္​႔ရသြားတဲ႔ ျပင္​သစ္​တို႔အ​ေနနဲ႔ လတ္​တ​ေလာမွာ ဥ​ေရာပအ​ေရးနဲ႔ဗ်ာမ်ား​ေနၿပီး အ​ေမရိကဖက္​ လွည္​့မလာႏိုင္​​ေသး​ေပမယ္​့ တခ်ိန္​မွာ နယူး​ေအာ္​လင္​းဆိပ္​ကမ္​းကို အသံုးျပဳခြင္​႔မရ​ေတာ႔မွာ နဲ႔ အ​ေနာက္​​ေျမာက္​​ပိုင္​းေနအ​ေမရိကန္​​ေတြ ပင္​လယ္​ဖက္​ကို လြတ္​လြတ္​လပ္​လပ္ မသြားႏိုင္​​ေတာ႔မွာကို ​ေသာမတ္​ဂ်က္​ဖာဆင္​ ႀကိဳ​ေျမာ္​ကိုးၿပီး ​ေတြးပူလာပါတယ္​။

အဲဒီအတြက္​ သူ႔ရဲ႕ ျပင္​သစ္​​ေရးရာဝန္​ႀကီး လစ္​ဗင္​းစတုန္​းကို ၁၈၀၃ ခုႏွစ္​ ဇန္​နဝါရီလမွာ ျပင္​သစ္​ႏိုင္​ငံ ပဲရစ္​ၿမိဳ႔ကို ​ေစလႊတ္​ပါတယ္​။ နယူး​ေအာ္​လင္​းဆိပ္​ကမ္​းၿမိဳ႕နဲ႔ ျဖစ္​ႏိုင္​ပါကမစၥစၥပီအ​ေနာက္​ဖက္​ကမ္​းက​ေျမ​ေတြကို ျပင္​သစ္​တို႔ထံက ​ေဒၚလာဆယ္​သန္​း​နဲ႔ရ​ေအာင္​ ဝယ္​ဖို႔ ညိွႏိူင္​း ခိုင္​းလိုက္​ပါတယ္​။ အ​ေရာင္​းအဝယ္​ကိစၥအဆင္​​ေျပ​ေစဖို႔သူ႔ရဲ႕လက္​​ေထာက္​ ဂ်ိမ္​းစ္​မြန္​႐ိုး (ေနာင္​သမၼတျဖစ္​လာသူ)ကို ထပ္​လႊတ္​ပါတယ္​။ ျပင္​သစ္​တို႔က ‘​ေနာက္​ထပ္​​ေဒၚလာငါးသန္​း ထပ္​​ေပးရင္​ လူဝီစီးယားနားနယ္​တခုလံုးကိုေပးမယ္​’ လို႔​ေျပာတဲ႔အခါမွာ သူတို႔အံ႔အားသင္​့သြားၾကပါတယ္​။

သူတို႔မွာ သမၼတကိုျပန္​အစီရင္​ခံတင္​ျပဖို႔ အခ်ိန္​မရိွဘူး။(အဲဒီ​ေခတ္​မွာ ​ေၾကးနန္​းမ​ေပၚ​ေသး) ဒီၾကားထဲမွာနပိုလီယန္​စိတ္​​ေျပာင္​းသြားရင္​ အ​ေျခအ​ေနကတမ်ိဳး​ေျပာင္​းသြားႏိုင္​တယ္​​​ေလ။ အဲဒါနဲ႔ စာခ်ဳပ္​ကို သူတို႔ရဲ႕ကိုယ္​ပိုင္​ဆံုးျဖတ္​ခ်က္​နဲ႔ ျမန္​ျမန္​ပဲ လက္​မွတ္​ထိုးလိုက္​ၾကရတယ္​။ ၁၈၀၂ ခုႏွစ္​ကစၿပီး နပိုလီယန္​ဟာ ဥ​ေရာပမွာသူ႔ရဲ႕စစ္​ဆင္​​ေရး​ေတြ ခဏရပ္​နား​လိုက္​ခ်ိန္​ကစၿပီး အ​ေမရိကတိုက္​က ကိုလိုနီ​ေတြအ​ေပၚျပန္​အာရံုစိုက္​လာပါတယ္​။

သူ႔လက္​​ေထာက္​ဗိုလ္​ခ်ဳပ္​တ​ေယာက္​ကို ေဟတီကပုန္​ကန္​မူတခုကို​သြားႏိွမ္​နင္​းခိုင္​း လိုက္​တာ ​ေအာင္​ျမင္​မူမရခဲ႔ပါဘူး။ အဆံုးအရံူး မ်ားစြာနဲ႔ျပန္​လာရပါတယ္​။ အ​ေဝ​းကကိုလိုနီနယ္​​ေတြကို ထိန္​းခ်ဳပ္​ႏိုင္​ဖို႔ သူ႔မွာအခက္​အခဲမ်ားစြာရိွ​ေၾကာင္​း ရိပ္​စားမိလာပါတယ္​။ ​ဥ​ေရာပတခြင္​ စစ္​​ေတြလွည္​့ပတ္​တိုက္​​ေနလို႔ စစ္​စရိတ္​​ေတြ​ေထာင္​းၿပီး တိုင္​းျပည္ဘ႑ာကလည္​း ခန္​း​ေျခာက္​​ေနပါတယ္​။

တိုင္​းျပည္​စီးပြား​ေရး သိပ္​မ​ေကာင္​းတဲ့ၾကားထဲက မၾကာခင္​မွာ မဟာရန္​သူျဖစ္​တဲ႔ အဂၤလန္​ကို တိုက္​ဖို႔ ျပင္​ဆင္​ရ​ေတာ႔မွာပါ။ အဲဒီအတြက္​ သူ႔ရဲ႕ဧရာမစစ္​တပ္​ႀကီးကို​ ေထာက္​ပံ႔ဖို႔ တ​ေရးတႀကီး ေငြလို​ေနခ်ိန္​ျဖစ္​ပါတယ္​။ နပိုလီယန္​ရဲ႕အက်ဥ္​းအက်ပ္​ကာလကို ​ေသာမတ္​ဂ်က္​ဖာဆင္​ကကြက္​တိ အသံုးခ်သြားႏိုင္​ခဲ႔ပါတယ္​။

လူဝီစီးယားနားနယ္ေျမဝယ္ယူမူကို လႊတ္ေတာ္အမတ္ေတြက ဖြဲ႕စည္းပံုဥပေဒနဲ႔ မညီဘူးလို႔ ကန႔္႔ကြက္ေျပာဆိုခဲ့ေပမယ့္​ ေသာမတ္ဂ်က္ဖာဆင္က သူ႔ရဲ႕သမၼတလုပ္ပိုင္ခြင့္အာဏာ ေဘာင္အတြင္းက အေရာင္းအဝယ္စာခ်ဳပ္ကို အတည္​ျဖစ္​​ေအာင္​လုပ္​သြားခဲ႔ပါတယ္​။ လူဝီစီးယားနားကို​ေဒၚလာ၁၅သန္​းနဲ႔ရတာ အဖိုးခ်ိဳသာ​ေပမယ္​့ အဲဒီ​ေငြပမာဏရဖို႔ အ​ေမရိကန္​အစိုးရအတြက္​ အ​ေတာ္​​ေလး အားစိုက္​ထုတ္​ခဲ႔ရပါတယ္​။

ဥ​ေရာပဘဏ္​​ေတြက လွည္​့ပတ္​​ေခ်းငွါးၿပီး ​ေပးခဲ႔ရပါတယ္​။ ေနာင္​ႏွစ္​​ေပါင္​း ႏွစ္​ဆယ္​​ေလာက္​အထိ ေက်​ေအာင္​ဆပ္​ခဲ႔ရပါတယ္​။ လူဝီစီးယားနားနယ္​ကိုရယူႏိုင္​ခဲ႔တာဟာ ေသာမတ္​ဂ်က္​ဖာဆင္​ရဲ႕လုပ္​ရပ္​​ေတြထဲကႀကီးက်ယ္တဲ့ စြမ္​း​​ေဆာင္​မူတစ္ခုအျဖစ္​ သမိုင္​းမွာကမၺည္​းတင္​ခံရပါတယ္​။

အေျမာ္အျမင္ႀကီးမားတဲ့ေခါင္းေဆာင္ေတြဟာ မိမိနိုင္ငံရဲ႕ေရွ႕အနာဂါတ္အတြက္ တန္ဘိုးႀကီးမားလာမယ့့္အရာေတြကို အ​ေျခအ​ေန အခ်ိန္​အခါကိုၾကည္​႔ၿပီး ရယူႏိုင္​ၾကသလို ​တခ်ိဳ႕ေတြက်ေတာ့လည္း မိမိရဲ႕ခဏတာရပ္တည္နိုင္မူအတြက္​ တိုင္းျပည္​ရဲ႕ အဖိုးအနဂၣထိုက္တန္တဲ႔​အရာေတြကို ဗိုက္နာေစ်းနဲ႔ေရာင္းထုတ္ရတဲ့ အျဖစ္အပ်က္ေတြသမိုင္းမွာမၾကာခဏေတြ႔ရပါတယ္။

(Written By Kyaw Min Aung)


ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး မြေအ​ရောင်​းအဝယ်​ (unicode)

ရေးသားသူ – Ko Kyaw Min Aung

၁၈၀၃ ခုနှစ်​​ ဒီဇင်​ဘာလ ၂ဝရက်မှာ ပြင်သစ်ပိုင်လူဝီစီယားနား နယ်မြေကို အမေရိကန်ပြည်ထောင်စုထံ တရားဝင်​ လွှဲပြောင်​း​ပေးအပ်​ပွဲ အခမ်​းအနား နယူး​အော်​လင်​းမှာ ကျင်​းပခဲ့ပါတယ်​။

စတုရန်းမိုင်ပေါင်း ၈၂၈၀၀၀ ကျော် ကျယ်ဝန်းတဲ့ အဲဒီဒေသကို ပြင်​သစ်​ဧကရာဇ် (ထိုအချိန်က First Counsellor) နပိုလီယံဘိုနာပတ်က အမေရိကန်သမ္မတ သောမတ်ဂျက်ဖာဆင်ထံ​ ဒေါ်လာ၁၅သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခုခေတ်ဒေါ်လာ​ဈေးနဲ့ တွက်​ရင်​​တောင်​​တဧကကို ဆင့်၅ဝမကျတဲ့နူန်းနဲ့ အမေရိကန်က​ ပေါချောင်ကောင်း ရလိုက်တာဖြစ်ပါတယ်။

လူဝီစီးယားနားနယ်​​မြေဟာ အ​နောက်​ဖက်​မှာ ​ရော့ကီး​တောင်​တန်​း၊ အ​ရှေ့ဖက်​မှာမစ္စစ္စပီမြစ်​၊​ မြောက်​ဖက်​မှာ က​နေဒါ၊ တောင်​ဖက်​မှာ မက္ကစီက်​ုပင်​လယ်​​ကွေ့ အထိကျယ်​ဝန်​းပါတယ်​။ လက်​ရှိအ​မေရိကန်​ပြည်​​ထောင်​စုရဲ့ ပြည်​နယ်​၁၅ခုက နယ်​​မြေ​တွေပါဝင်​ပါတယ်​။ လူဝီစီယားနားနယ်​ကိုရလိုက်​ခြင်​းဖြင်​႔ လွတ်​လပ်​စ အ​မေရိကန်​ပြည်​​ထောင်​စုရဲ့ အကျယ်​အဝန်​းဟာနှစ်​ဆဖြစ်​သွားပါတယ်​။ အဲဒီအချိန်ကာလက လူဝီစီးယားနားတနယ်​လုံးမှာ ​ဌာနေတိုင်​းရင်​းသားမဟုတ်​တဲ့ ​နေထိုင်​သူ ၆၀၀၀၀​ကျော်​ပဲရှိပါတယ်​။

၁၇ ရာစုအ​စောပိုင်​းကတည်​းက ပြင်​သစ်​တို့က မစ္စစ္စပီ မြစ်​ဝှမ်​းတ​လျှောက်​မှာ ကိုလိုနီ​တွေ ထူ​ထောင်​လာခဲ့ကြပါတယ်​။ လူဝီစီယားနားဆိုတဲ့ နာမည်​ကို ၁၆၈၂ခုနှစ်​က မစ္စစ္စပီမြစ်​ကို ကနူး​လှေနဲ့စုန်​ဆင်​းလာတဲ့ ပြင်​သစ်​လူစွန်​႔စား Robert Cavelion De La Salle က ​ရေ​မြေ့သနင်​းပြည်​့ရှင်​မင်​းဖြစ်​တဲ့ လူဝီ-၁၄ကို ဂုဏ်​ပြုပြီး​ပေးခဲ့တာပါ။ ၁၈ ရာစုအလယ်​​လောက်​မှာ​တော့ လက်​ရှိအ​မေရိကန်​ပြည်​​ထောင်​စုရဲ့ နယ်​​မြေအများစုဟာ ပြင်​သစ်​ရဲ့ ထိန်​းချုပ်​မူ​အောက်​မှာရှိ​နေခဲ့ပါတယ်​။

၁၇၆၂ ခုနှစ်​မှာ အင်​းဒီးယန်​း​တွေနဲ့ စစ်​ပွဲအပြီး ပြင်​သစ်​က စပိန်​ကို လူဝီစီးယားနားနယ်​အား လွှဲ​ပြောင်​း​ပေးခဲ့ပြန်​ပါတယ်​။ အဲဒီအချိန်​မှာ အ​မေရိကန်​လူမျိုး​တွေဟာ အ​နောက်​​မြောက်​ဖက်​ မြစ်​ညာပိုင်​း​တွေမှာ စတင်​အ​ခြေချနေထိုင်​လာကြပြီဖြစ်​လို့ သူတို့အတွက်​ မြစ်​​ကြောင်​းမှာ အမြဲလွတ်​လွတ်​လပ်​လပ်​ဝင်​ထွက်​သွားလာနိုင်​ဖို့ နဲ့ ပင်​လယ်​ဖက်​ထွက်​​ပေါက်​ရဖို့က အ​ရေးကြီးလာပါတယ်​။

စပိန်​တို့ စိုးမိုးထားစဉ်​အတွင်​းမှာ အ​မေရိကန်​​တွေအ​နေနဲ့ မစ္စစ္စပီမြစ်​​ကြောင်​းသွားလာခွင့်နဲ့ နယူး​အော်​လင်​း ဆိပ်​ကမ်​းကိုအသုံးပြုခွင်​႔ရခဲ့ပါတယ်​။ နပိုလီယန်​ရဲ့ဖိအား​ပေးမူ​တွေ​ကြောင်​့ ၁၈၀၂ခုနှစ်မှာ လူဝီစီယားနားနယ်​ကို စပိန်​က ပြင်​သစ်​ထံ ပြန်​လွှဲအပ်​ခဲ့ပါတယ်​။ မစ္စစ္စပီမြစ်​ဝှမ်​းကို စိုးမိုးခွင်​႔ရသွားတဲ့ ပြင်​သစ်​တို့အ​နေနဲ့ လတ်​တ​လောမှာ ဥ​ရောပအ​ရေးနဲ့ဗျာများ​နေပြီး အ​မေရိကဖက်​ လှည်​့မလာနိုင်​​သေး​ပေမယ်​့ တချိန်​မှာ နယူး​အော်​လင်​းဆိပ်​ကမ်​းကို အသုံးပြုခွင်​႔မရ​တော့မှာ နဲ့ အ​နောက်​​မြောက်​​ပိုင်​းနေအ​မေရိကန်​​တွေ ပင်​လယ်​ဖက်​ကို လွတ်​လွတ်​လပ်​လပ် မသွားနိုင်​​တော့မှာကို ​သောမတ်​ဂျက်​ဖာဆင်​ ကြို​မြော်​ကိုးပြီး ​တွေးပူလာပါတယ်​။

အဲဒီအတွက်​ သူ့ရဲ့ ပြင်​သစ်​​ရေးရာဝန်​ကြီး လစ်​ဗင်​းစတုန်​းကို ၁၈၀၃ ခုနှစ်​ ဇန်​နဝါရီလမှာ ပြင်​သစ်​နိုင်​ငံ ပဲရစ်​မြို့ကို ​စေလွှတ်​ပါတယ်​။ နယူး​အော်​လင်​းဆိပ်​ကမ်​းမြို့နဲ့ ဖြစ်​နိုင်​ပါကမစ္စစ္စပီအ​နောက်​ဖက်​ကမ်​းက​မြေ​တွေကို ပြင်​သစ်​တို့ထံက ​ဒေါ်လာဆယ်​သန်​း​နဲ့ရ​အောင်​ ဝယ်​ဖို့ ညှိနိူင်​း ခိုင်​းလိုက်​ပါတယ်​။ အ​ရောင်​းအဝယ်​ကိစ္စအဆင်​​ပြေ​စေဖို့သူ့ရဲ့လက်​​ထောက်​ ဂျိမ်​းစ်​မွန်​ရိုး (နောင်​သမ္မတဖြစ်​လာသူ)ကို ထပ်​လွှတ်​ပါတယ်​။ ပြင်​သစ်​တို့က ‘​နောက်​ထပ်​​ဒေါ်လာငါးသန်​း ထပ်​​ပေးရင်​ လူဝီစီးယားနားနယ်​တခုလုံးကိုပေးမယ်​’ လို့​ပြောတဲ့အခါမှာ သူတို့အံ့အားသင်​့သွားကြပါတယ်​။

သူတို့မှာ သမ္မတကိုပြန်​အစီရင်​ခံတင်​ပြဖို့ အချိန်​မရှိဘူး။(အဲဒီ​ခေတ်​မှာ ​ကြေးနန်​းမ​ပေါ်​သေး) ဒီကြားထဲမှာနပိုလီယန်​စိတ်​​ပြောင်​းသွားရင်​ အ​ခြေအ​နေကတမျိုး​ပြောင်​းသွားနိုင်​တယ်​​​လေ။ အဲဒါနဲ့ စာချုပ်​ကို သူတို့ရဲ့ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​နဲ့ မြန်​မြန်​ပဲ လက်​မှတ်​ထိုးလိုက်​ကြရတယ်​။ ၁၈၀၂ ခုနှစ်​ကစပြီး နပိုလီယန်​ဟာ ဥ​ရောပမှာသူ့ရဲ့စစ်​ဆင်​​ရေး​တွေ ခဏရပ်​နား​လိုက်​ချိန်​ကစပြီး အ​မေရိကတိုက်​က ကိုလိုနီ​တွေအ​ပေါ်ပြန်​အာရုံစိုက်​လာပါတယ်​။

သူ့လက်​​ထောက်​ဗိုလ်​ချုပ်​တ​ယောက်​ကို ဟေတီကပုန်​ကန်​မူတခုကို​သွားနှိမ်​နင်​းခိုင်​း လိုက်​တာ ​အောင်​မြင်​မူမရခဲ့ပါဘူး။ အဆုံးအရူံး များစွာနဲ့ပြန်​လာရပါတယ်​။ အ​ဝေ​းကကိုလိုနီနယ်​​တွေကို ထိန်​းချုပ်​နိုင်​ဖို့ သူ့မှာအခက်​အခဲများစွာရှိ​ကြောင်​း ရိပ်​စားမိလာပါတယ်​။ ​ဥ​ရောပတခွင်​ စစ်​​တွေလှည်​့ပတ်​တိုက်​​နေလို့ စစ်​စရိတ်​​တွေ​ထောင်​းပြီး တိုင်​းပြည်ဘဏ္ဍာကလည်​း ခန်​း​ခြောက်​​နေပါတယ်​။ တိုင်​းပြည်​စီးပွား​ရေး သိပ်​မ​ကောင်​းတဲ့ကြားထဲက မကြာခင်​မှာ မဟာရန်​သူဖြစ်​တဲ့ အင်္ဂလန်​ကို တိုက်​ဖို့ ပြင်​ဆင်​ရ​တော့မှာပါ။ အဲဒီအတွက်​ သူ့ရဲ့ဧရာမစစ်​တပ်​ကြီးကို​ ထောက်​ပံ့ဖို့ တ​ရေးတကြီး ငွေလို​နေချိန်​ဖြစ်​ပါတယ်​။ နပိုလီယန်​ရဲ့အကျဉ်​းအကျပ်​ကာလကို ​သောမတ်​ဂျက်​ဖာဆင်​ကကွက်​တိ အသုံးချသွားနိုင်​ခဲ့ပါတယ်​။

လူဝီစီးယားနားနယ်မြေဝယ်ယူမူကို လွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံဥပဒေနဲ့ မညီဘူးလို့ ကန့်ကွက်ပြောဆိုခဲ့ပေမယ့်​ သောမတ်ဂျက်ဖာဆင်က သူ့ရဲ့သမ္မတလုပ်ပိုင်ခွင့်အာဏာ ဘောင်အတွင်းက အရောင်းအဝယ်စာချုပ်ကို အတည်​ဖြစ်​​အောင်​လုပ်​သွားခဲ့ပါတယ်​။ လူဝီစီးယားနားကို​ဒေါ်လာ၁၅သန်​းနဲ့ရတာ အဖိုးချိုသာ​ပေမယ်​့ အဲဒီ​ငွေပမာဏရဖို့ အ​မေရိကန်​အစိုးရအတွက်​ အ​တော်​​လေး အားစိုက်​ထုတ်​ခဲ့ရပါတယ်​။ ဥ​ရောပဘဏ်​​တွေက လှည်​့ပတ်​​ချေးငှါးပြီး ​ပေးခဲ့ရပါတယ်​။ နောင်​နှစ်​​ပေါင်​း နှစ်​ဆယ်​​လောက်​အထိ ကျေ​အောင်​ဆပ်​ခဲ့ရပါတယ်​။ လူဝီစီးယားနားနယ်​ကိုရယူနိုင်​ခဲ့တာဟာ သောမတ်​ဂျက်​ဖာဆင်​ရဲ့လုပ်​ရပ်​​တွေထဲကကြီးကျယ်တဲ့ စွမ်​း​​ဆောင်​မူတစ်ခုအဖြစ်​ သမိုင်​းမှာကမ္ဗည်​းတင်​ခံရပါတယ်​။

အမြော်အမြင်ကြီးမားတဲ့ခေါင်းဆောင်တွေဟာ မိမိနိုင်ငံရဲ့ရှေ့အနာဂါတ်အတွက် တန်ဘိုးကြီးမားလာမယ့်အရာတွေကို အ​ခြေအ​နေ အချိန်​အခါကိုကြည်​႔ပြီး ရယူနိုင်​ကြသလို ​တချို့တွေကျတော့လည်း မိမိရဲ့ခဏတာရပ်တည်နိုင်မူအတွက်​ တိုင်းပြည်​ရဲ့ အဖိုးအနဂ္ဃထိုက်တန်တဲ့​အရာတွေကို ဗိုက်နာဈေးနဲ့ရောင်းထုတ်ရတဲ့ အဖြစ်အပျက်တွေသမိုင်းမှာမကြာခဏတွေ့ရပါတယ်။

(Written By Kyaw Min Aung)

Leave a Reply