မလြဲတမ္းမွန္ေအာင္ေဟာႏုိင္တဲ့ ကမာၻေက်ာ္လကၡဏာဆရာႀကီး ကုိင္ရုိ ဆုိသည္မွာ

Posted on

မစၥက္ ဟယ္လင္နာ ဘလာဗက္စကီး က သူ႕ကို ေလာကီပညာရပ္မ်ား တတ္ကြ်မ္းမွဳေၾကာင့္ ေက်ာ္ၾကားခဲ့သည့္ အီတလီနိဳင္ငံမွ ၿမိဳ႕စားၾကီး ကာဂလီယိုစထရို ၀င္စားသူ ဟုဆိုသည္။ “Anthroposophicel” အသင္းကို စတင္တည္ေထာင္ခဲ့သူ ေဒါက္တာ ရူးေဒါ့စတိန္နာကမူ သူ႕ကို ေနာက္ထပ္ေပၚေပါက္လာသည့္ အၾကားအၿမင္ဆရာတစ္ဦးၿဖစ္သည္ဟုဆိုသည္။ ေအာ္စကာ၀ိုင္း ၏အဆိုအရမူ သူသည္ လူသားတို႕အေၾကာင္းေၿပာၾကားရာတြင္ အမွား၊အမွန္မ်ားကို ေဟာသူမဟုတ္။ လူသားတို႔အတြက္ အနာဂတ္လ်ဳိ႕၀ွက္ခ်က္ကို ေဖာ္ထုတ္သူၿဖစ္သည္ဟု ဆိုေလသည္။

“သူ” ဟူသည္ကား နာမည္ေက်ာ္ လကၡဏာဆရာၾကီး ကိုင္ရို (Cherio) ပင္ၿဖစ္သည္။ “Cherio”သည္ ဂရိဘာသာစကားၿဖစ္ၿပီး လက္ဖ၀ါး (Palm) ဟု အဓိပၸာယ္ရေလသည္။ လကၡဏာ ပညာရပ္ကို အံ့ၾသေလာက္ေအာင္တတ္ကြ်မ္းနားလည္သူ ဟုဆိုရေလာက္သၿဖင့္ သူ႔အမည္မွာ လူ႔၀စ္နား၀ါး မွ ကိုင္ရို (Cherio) လက္ဖ၀ါးဟု ေခၚၾကၿခင္းၿဖစ္သည္။

ကိုင္ရိုသည္ ၁၈၆၂ ခုႏွစ္တြင္ အိုင္ယာလန္နိဳင္ငံ မိသ္ ေကာင္တီ တြင္ ေမြးဖြားခဲ့သည္။ သူစာဖတ္တတ္၊ ေရးတတ္သည့္အရြယ္မွစ၍ လကၡဏာပညာရပ္ကို စတင္ေလ့လာခဲ့သည္။ ထိုအခ်ိန္ကပင္ ေက်ာင္းအားလပ္ရက္မ်ား၌ အနီးအနားရွိလူမ်ားကို လကၡဏာၾကည့္ေပးခဲ့သည္။ ထို႔ေနာက္ လန္ဒန္ၿမိဳ႕တြင္ အႏုပညာရပ္မ်ားေလ့လာၿပီး ဇာတ္ခံုေပၚတြင္ တက္ေရာက္သရုပ္ေဆာင္ခဲ့သည္။ ငယ္စဥ္ကပင္ရုပ္ရည္ေၿပၿပစ္ေခ်ာေမာသူတစ္ေယာက္လည္းၿဖစ္သည္။

အသက္ ၁၁ႏွစ္အရြယ္ကတည္းကလကၡဏာဖတ္ျခင္းပညာရပ္ကုိ စြဲလမ္းခဲ့ေသာ ကုိင္ရုိသည္ အသက္ ၂၀အေရာက္တြင္ ေရာမသုိ႔သြားေရာက္ကာ ဗာတီကန္ပိဋကတ္တုိက္မွ ရွားပါးေသာလကၡဏာပညာရပ္မ်ားကို ေလ့လာဖတ္ရႈ႕ခြင့္ရခဲ့သည္။ ထုိ႔ေနာက္ ကိုင္ရိုက သူမၾကာမီအဂၤလန္မွ ထြက္ခြာသြားေတာ့မည္။ အိႏၵိယႏွင့္ အီဂ်စ္ၿပည္သို႕ ကာလၾကာၿမင့္စြာသြားေရာက္ၿပီး Black Arts ေခၚသည့္ နက္နဲဆန္းၾကယ္လွေသာ ဂမၻီရပညာရပ္မ်ားကိုသြားေရာက္ေလ့လာမည္ဟု သူ၏ ဇာတ္ကဖက္အမ်ိဳးသမီးတစ္ေယာက္ကိုေၿပာသြား ခဲ့သည္။ ထိုအခ်ိန္က သူ႕အမည္မွာ ကိုင္ရိုဟုမေက်ာ္ၾကားေသးပဲ မူလနာမည္ လူး၀စ္နား၀ါးဟုသားအမ်ားက သိၾကသည္။ အိႏၵိယမွ ျဗဟၼဏလူမ်ဳိးမ်ားထံမွ လကၡဏာဆုိင္ရာပညာရပ္မ်ားကို အတြင္းက်က်ဆက္လက္ဆည္းပူးခဲ့သည္။ နား၀ါးဘ၀မွ ကိုင္ရိုဘ၀ ေရာက္သည့္အခါ လကၡဏာ သာမက အၾကားအၿမင္ၿဖင့္ ေဟာေၿပာသူဟူ၍ နာမည္ရလာသည္။

အဂၤလန္ႏုိင္ငံသို႕ၿပန္ေရာက္သည့္အခါ အက်ဥ္းက်သူမ်ား ေဆးရံုတက္သူမ်ား ႏွင့္ အၿခားလူမ်ားကို ေဟာေၿပာခဲ့ဘူးသည္။ အက်ဥ္းက်သူမ်ား ကိုေဟာေၿပာရာတြင္ ကိုင္ရို၏ပညာရပ္ကို လက္ေတြ႕စမ္းသပ္ခဲ့သည္။ အက်ဥ္းက်သူေလးေယာက္ကုိ ေခါင္းစြပ္မ်ားစြပ္ ခိုင္းထား၍လကၡဏာၾကည့္ၿပီး ေနာက္ၿဖစ္မည့္ ကိစၥရပ္မ်ားကို အနီးစပ္ဆံုးေဟာေစသည္။ အက်ဥ္းသားသံုးေယာက္တို႕အား အတိတ္ႏွင့္ အနာဂတ္တို႔ကို မွန္ကန္ေအာင္ ေဟာၿပီး ေနာက္ဆံုးတစ္ေယာက္ကိုမူ အတိတ္သာ ေဟာ၍ အနာဂတ္ကုိ ဆက္မေဟာေပ။ ထိုအခါ သက္ဆိုင္ရာ က “အဘယ့္ေၾကာင့္ဆက္မေဟာသနည္းဟုေမးရာ” အေၿဖမေပးေပ။ သံုးရက္ေၿမာက္ေသာေန႕တြင္ ထိုသူသည္ အထက္မွ ၾကိဳးမိန္႕ၿဖင့္ ေသဒဏ္အေပးခံရရာ ကိုင္ရို၏ ဂုဏ္သတင္းသည္ တဟုန္ထိုးနာမည္ၾကီးသြားခဲ့သည္။

ထိုစဥ္က ကိုင္ရိုသည္ လကၡဏာပညာရပ္ ႏွင့္ပတ္သက္ၿပီး ၿပိဳင္ဘက္ကင္းသူၿဖစ္ေလသည္။
“ကိုင္ရိုသည္ ၁၉၁၄ ခုႏွစ္တြင္ ကမၻာစစ္ၾကီးစတင္ၿဖစ္ပြားၿပီး ေလးႏွစ္အၾကာတြင္ ကမာၻစစ္ၾကီးၿပီးမည္” ဟုၾကိဳတင္ ေဟာေၿပာခဲ့သည္။ ဗဟို အင္အားၾကီးနိဳင္ငံမ်ားနွင့္ ရုရွားႏိုင္ငံၿပိဳကြဲမည္ဟုလည္းဆိုခဲ့သည္။ ထိုသို႕ေဟာေၿပာသည့္အတိုင္းပင္ ၿဖစ္လာခဲ့ေပသည္။ ေ၀လမင္းသားသည္ အခ်စ္ေရးအရွဳပ္အေထြးေၾကာင့္ ထီးနန္းစြန္႔ရမည္ ဟုအတိအက်ေရးသားေဟာေၿပာခဲ့သလုိ ဒုတိယကမာၻစစ္ႀကီးျဖစ္ပြားမည္ကုိလည္း ႀကဳိတင္ေဟာေျပာခဲ့ေလသည္။ အျခားအမႈအခင္းႏွင့္ ျဖစ္ရပ္ေပါင္းမ်ားစြာကုိလည္း မလြဲတမ္းေဟာႏုိင္ခဲ့သူျဖစ္သည္။

ကုိင္ရုိက သူ႔ထံသုိ႔လကၡဏာလာၾကည့္သည့္ အသက္ႀကီးႀကီးသူတစ္ဦးအား “၁၈၉၄ခုႏွစ္ ဇူလုိင္လအတြင္း ခင္ဗ်ားဟာ မိမိလုပ္ငန္းရဲ႕အထြဋ္အထိပ္ကုိေရာက္မယ္” ဟုေဟာရာ အေဟာခံရသူက “ခင္ဗ်ားဒီေလာက္ေတာင္ေဟာႏုိင္ရင္ ေရာက္မယ့္ေန႔အတိအက် ကုိလည္းထပ္ေဟာပါဦး” ဟုဆုိသည္။ ထုိ႔ေၾကာင့္ ကုိင္ရုိက
“ကြ်န္ေတာ္ျမင္သမွ်ေဟာရရင္ ၁၈၉၄ခုႏွစ္ ဇူလုိင္လထဲက ၁ ဂဏန္းနဲ႔ဆုိင္တဲ့ေန႔ပဲ ၊ ၁ဂဏန္းဆုိတာ ဘာေပါင္းေပါင္း ၁ရတာေပါ့ ၊ ၁၊၁၀၊၁၉၊၂၈ ထဲက တစ္ရက္ပါ” ဟုထပ္ေဟာလုိက္ေလသည္။ ေနာက္ ၃ႏွစ္အၾကာ ဇူလုိင္လ ၁၉ရက္တြင္ တရားရုံးေတာ္မွ အေခၚလႊတ္သည္ဟုဆုိကာ မင္းေစတစ္ဦးက ကုိင္ရုိအားလာေရာက္ေခၚခဲ့သည္။ တရားရုံးသို႔လုိက္သြားသည့္အခါ လြန္ခဲ့ေသာ ၃ႏွစ္က သူေဟာခဲ့သူမွာ တရားသူႀကီးခ်ဳပ္ရာထူးကုိ နာရီပုိင္းအတြင္းကပင္ လက္ခံခဲ့ၿပီးျဖစ္သည္ဟု သိလုိက္ရသည္။ အဲဒီေန႔က ၁၈၉၄ခုႏွစ္ ဇူလုိင္လ ၁၉ရက္ျဖစ္သည္။

ကိုင္ရို၏ အဆိုအရ သူေဟာေၿပာသည့္အခါတြင္ သူ႔စိတ္ကို ဖံုးလႊမ္းထားသည့္ ေကာ့စမစ္လွိဳင္းမ်ားကို တိုးၿမွင့္လိုက္သည္။ ထိုအခါသူ႕စိတ္ကို မည္သည့္အရာကမွ မဟန္႔တားႏုိင္ေတာ့။ ယင္းေကာ့စမစ္လွိဳင္းမ်ားမွတစ္ဆင့္ စိတ္စြမ္းအင္မ်ားကို ထုတ္ယူသည္။ ယင္းလွိဳင္းမ်ားသည္ လူတိုင္းကို ၀န္းရံေနသည္။ ထိုလွိဳင္းမ်ားမွတစ္ဆင့္ သူ႕အသိဥာဏ္ကို ပိုၿပီး ေကာင္းေစသည္ဟု ေၿပာၾကားခဲ့သည္။ အဂၤလန္ႏုိင္ငံမွ နာမည္ေက်ာ္ေရွ႕ေနၾကီး ဆာ အက္ဒြတ္မာရွယ္ေဟာလ္ သည္ လူငယ္ဘ၀က ကိုင္ရိုႏွင့္ေတြ႕ခဲ့ဖူးသည္။ ထိုစဥ္က ကိုင္ရိုက
“ခင္ဗ်ားကို ေရွးေဟာင္း အိမ္ၾကီးတစ္အိမ္မွာ ေတြ႕ၿမင္ေနရတယ္။ အိမ္ၾကီးက ၾကီးမားလွတဲ့ဥယ်ာဥ္ၾကီးထဲမွာရွိတယ္။အခ်ိန္ကညပိုင္းၿဖစ္တယ္။ လူအမ်ားအၿပားက ခင္ဗ်ားကို ၀ိုင္း၀န္းခ်ီးက်ဴးေနၾကတယ္။ ပန္းပြင့္ေတြၿဖန္႕ၾကဲေနၾကတယ္။ ခင္ဗ်ားအနီးမွာ ခင္ဗ်ားေလာက္အရပ္မရွည္တဲ့ အမ်ိဳးသမီး တစ္ေယာက္ကိုေတြ႕ရတယ္။ သူက လက္ကိုင္ပ၀ါအနီကို ေ၀ွ႕ယမ္းေနတယ္” ဟုေၿပာခဲ့သည္။

ထို႕ေနာက္ ေနာက္ ၂၅ ႏွစ္အၾကာတြင္ ဆာအက္ဒြတ္သည္ ပါလီမန္အမတ္အၿဖစ္အေရြးခံရသည္။ ထိုသို႔အေရြးခံရသည့္အတြက္ ညတြင္ ေရွးေဟာင္း အဂၤလိပ္စံအိမ္ၾကီး တစ္အိမ္၌ သူ႕ကို ဂုဏ္ၿပဳေသာအားၿဖင့္ ညစာစားပြဲၾကီးက်င္းပခဲ့သည္။ ဂုဏ္သေရရွိလူၾကီးမ်ားက သူ႕အားပန္းမ်ားၿဖင့္ ႀကဲၿဖန္႕ေနၾကသည္။ ထိုစဥ္ ဆာအက္ဒြတ္သည္ ကိုင္ရို၏ ေဟာေၿပာခ်က္ကို သတိရၿပီး သူ႕ဇနီးကို လွမ္းၾကည့္လိုက္ရာ သူ႕ဇနီးက အၿဖဴေရာင္လက္ ကိုင္ပ၀ါကို ေ၀ွ႕ယမ္းေနသည္။ ထိုအခါ ထံုးတမ္းအစဥ္အလာအရ အမတ္၏ ဇနီးသည္ လက္ကိုင္ပ၀ါအနီကို ေ၀ွ႕ယမ္းရသည္ဟု၀ိုင္းေၿပာၾကရာ သူ႕ဇနီး သည္ အနီေရာင္လက္ကိုင္ပ၀ါကို ေၿပာင္း၍ ေ၀ွ႕ယမ္းသၿဖင့္ ေဟာေၿပာခ်က္ အၿပည့္အ၀မွန္ခဲ့သည္။

ၿမိဳ႕စားၾကီး ဟာမြန္သည္ ကိုင္ရိုႏွင့္သာမက ကိုင္ရို၏ဇနီး မစ္(စ္) ကာရိုးလြမ္းဘတ္ႏွင့္လည္း ရင္းနီးသူၿဖစ္သည္။မစၥတာ ဟာမြန္၏ေၿပာၾကား ခ်က္အရ မစ္(စ္) လြမ္ဘတ္ႏွင့္ကိုင္ရို၏ေမတၱာဇာတ္လမ္း ကလည္း စိတ္၀င္စားဖြယ္ၿဖစ္သည္။ ၁၉၁၁ တြင္ လန္ဒန္ၿမိဳ႕ရွိ ကိုင္ရို၏ရံုးခန္း၌ မစ္(စ္) လြမ္ဘတ္သည္ ကိုင္ရိုႏွင့္ေတြ႕ခဲ့သည္။ကိုင္ရိုထံ လကၡဏာလာၾကည့္ၿခင္းၿဖစ္သည္။ကိုင္ရိုက လကၡဏာၾကည့္ရန္ သူ႕လက္ကို ဆြဲယူလိုက္စဥ္မွာပင္ မစ္စ္ လြမ္ဘတ္သည္ ကိုင္ရိုကို ခ်စ္လိုက္သည္ဟုဆိုသည္။

“ကိုင္ရိုက ခင္ဗ်ားဟာ ၾကီးမားခက္ခဲတဲ့လုပ္ငန္းၾကီးေတြ လုပ္ရမယ္။ စိတ္မခ်မ္းေၿမ႕စရာေတြလည္းၾကံဳရတတ္တယ္။ ေနာက္ဆံုးေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားရမွာပါ။ အိမ္ေထာင္ၿပဳၿပီးလို႕သားေလးေမြးတဲ့အခါ စိတ္ေရာဂါရွိသူၿဖစ္ႏုိင္တယ္။ ခင္ဗ်ားရဲ႕ခင္ပြန္းဟာလည္း ႏွစ္ေပါင္းမ်ားစြာ အိမ္ကေပ်ာက္သြားၿပီး သူၿပန္လာခ်ိန္ကို အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ရလိမ့္မယ္။ စသည္ ၿဖင့္ ေဟာလိုက္သည္။ မစ္စ္ လြမ္ဘတ္က ၿပန္ေၿပာလိုက္ေသာစကားမွာ ပြင့္လင္းလွသည္။ ” ရွင္ဟာ ကြ်န္မလက္ထပ္လိုတဲ့လူၿဖစ္တယ္”ဟူ၏။ ထို႕ေနာက္ ၁၉၂၁ ခုႏွစ္တြင္ ကိုင္ရိုႏွင့္ မစ္စ္လြမ္ဘတ္တို႕ လက္ထပ္ခဲ့သည္။

ထူးၿခားခ်က္တစ္ခုရွိေသးသည္။ ကိုင္ရိုသည္ သူေသမည့္အခ်ိန္ကို အတိအက်ေျပာႏုိင္ခဲ့သည္။ သူသည္ ေဟာလိ၀ုဒ္ရွိ အိမ္ခန္းထဲ၌ ေမ့ေမ်ာေနသည္။ ထိုစဥ္ရုတ္တရက္ သူသတိၿပန္ရလာေသာအခါ “ကြ်န္ေတာ္သိပ္ေပ်ာ္တာပဲဗ်ာ ကြ်န္ေတာ့ဆရာနဲ႕ေတြ႕တယ္ဗ်၊ ကြ်န္ေတာ္ ၾကာသပေတးေန႔ နံနက္သံုးနာရီ ေလးဆယ့္ငါးမိနစ္မွာ ေသမယ္လို႔ဆရာကေၿပာတယ္ဟု ကိုင္ရိုက ျမည္တမ္းေၿပာၿပေလသည္။ သူေၿပာသည့္အတိုင္းပင္ ၁၉၃၆ ခုႏွစ္ေအာက္တိုဘာ ၈ ရက္ ၾကာသပေတးေန႔ နံနက္ ၃ နာရီ ၄၅ မိနစ္ အခ်ိန္တြင္ ကြယ္လြန္ခဲ့သည္။ ကိုင္ရို၏ဇနီး မစ္စ္လြမ္ဘတ္မွာမူ ၁၉၄၂ ခုႏွစ္ ဇြန္လ ၁၈ ရက္ေန႔တြင္ ေလယာဥ္ပ်က္က်ၿပီး ကြယ္လြန္ခဲ့ေလသည္။

တိုးထက္ ၏ အံ့ဖြယ္ထူးျခားစိတ္နယ္လြန္ျဖစ္ရပ္ဆန္းမ်ား စာအုပ္မွ


မလွဲတမ်းမှန်အောင်ဟောနိုင်တဲ့ ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို ဆိုသည်မှာ (unicode)

မစ္စက် ဟယ်လင်နာ ဘလာဗက်စကီး က သူ့ကို လောကီပညာရပ်များ တတ်ကျွမ်းမှုကြောင့် ကျော်ကြားခဲ့သည့် အီတလီနိုင်ငံမှ မြို့စားကြီး ကာဂလီယိုစထရို ဝင်စားသူ ဟုဆိုသည်။ “Anthroposophicel” အသင်းကို စတင်တည်ထောင်ခဲ့သူ ဒေါက်တာ ရူးဒေါ့စတိန်နာကမူ သူ့ကို နောက်ထပ်ပေါ်ပေါက်လာသည့် အကြားအမြင်ဆရာတစ်ဦးဖြစ်သည်ဟုဆိုသည်။ အော်စကာဝိုင်း ၏အဆိုအရမူ သူသည် လူသားတို့အကြောင်းပြောကြားရာတွင် အမှား၊အမှန်များကို ဟောသူမဟုတ်။ လူသားတို့အတွက် အနာဂတ်လျို့ဝှက်ချက်ကို ဖော်ထုတ်သူဖြစ်သည်ဟု ဆိုလေသည်။

“သူ” ဟူသည်ကား နာမည်ကျော် လက္ခဏာဆရာကြီး ကိုင်ရို (Cherio) ပင်ဖြစ်သည်။ “Cherio”သည် ဂရိဘာသာစကားဖြစ်ပြီး လက်ဖဝါး (Palm) ဟု အဓိပ္ပာယ်ရလေသည်။ လက္ခဏာ ပညာရပ်ကို အံ့ဩလောက်အောင်တတ်ကျွမ်းနားလည်သူ ဟုဆိုရလောက်သဖြင့် သူ့အမည်မှာ လူ့ဝစ်နားဝါး မှ ကိုင်ရို (Cherio) လက်ဖဝါးဟု ခေါ်ကြခြင်းဖြစ်သည်။

ကိုင်ရိုသည် ၁၈၆၂ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ မိသ် ကောင်တီ တွင် မွေးဖွားခဲ့သည်။ သူစာဖတ်တတ်၊ ရေးတတ်သည့်အရွယ်မှစ၍ လက္ခဏာပညာရပ်ကို စတင်လေ့လာခဲ့သည်။ ထိုအချိန်ကပင် ကျောင်းအားလပ်ရက်များ၌ အနီးအနားရှိလူများကို လက္ခဏာကြည့်ပေးခဲ့သည်။ ထို့နောက် လန်ဒန်မြို့တွင် အနုပညာရပ်များလေ့လာပြီး ဇာတ်ခုံပေါ်တွင် တက်ရောက်သရုပ်ဆောင်ခဲ့သည်။ ငယ်စဉ်ကပင်ရုပ်ရည်ပြေပြစ်ချောမောသူတစ်ယောက်လည်းဖြစ်သည်။

အသက် ၁၁နှစ်အရွယ်ကတည်းကလက္ခဏာဖတ်ခြင်းပညာရပ်ကို စွဲလမ်းခဲ့သော ကိုင်ရိုသည် အသက် ၂ဝအရောက်တွင် ရောမသို့သွားရောက်ကာ ဗာတီကန်ပိဋကတ်တိုက်မှ ရှားပါးသောလက္ခဏာပညာရပ်များကို လေ့လာဖတ်ရှု့ခွင့်ရခဲ့သည်။ ထို့နောက် ကိုင်ရိုက သူမကြာမီအင်္ဂလန်မှ ထွက်ခွာသွားတော့မည်။ အိန္ဒိယနှင့် အီဂျစ်ပြည်သို့ ကာလကြာမြင့်စွာသွားရောက်ပြီး Black Arts ခေါ်သည့် နက်နဲဆန်းကြယ်လှသော ဂမ္ဘီရပညာရပ်များကိုသွားရောက်လေ့လာမည်ဟု သူ၏ ဇာတ်ကဖက်အမျိုးသမီးတစ်ယောက်ကိုပြောသွား ခဲ့သည်။ ထိုအချိန်က သူ့အမည်မှာ ကိုင်ရိုဟုမကျော်ကြားသေးပဲ မူလနာမည် လူးဝစ်နားဝါးဟုသားအများက သိကြသည်။ အိန္ဒိယမှ ဗြဟ္မဏလူမျိုးများထံမှ လက္ခဏာဆိုင်ရာပညာရပ်များကို အတွင်းကျကျဆက်လက်ဆည်းပူးခဲ့သည်။ နားဝါးဘဝမှ ကိုင်ရိုဘ၀ ရောက်သည့်အခါ လက္ခဏာ သာမက အကြားအမြင်ဖြင့် ဟောပြောသူဟူ၍ နာမည်ရလာသည်။

အင်္ဂလန်နိုင်ငံသို့ပြန်ရောက်သည့်အခါ အကျဉ်းကျသူများ ဆေးရုံတက်သူများ နှင့် အခြားလူများကို ဟောပြောခဲ့ဘူးသည်။ အကျဉ်းကျသူများ ကိုဟောပြောရာတွင် ကိုင်ရို၏ပညာရပ်ကို လက်တွေ့စမ်းသပ်ခဲ့သည်။ အကျဉ်းကျသူလေးယောက်ကို ခေါင်းစွပ်များစွပ် ခိုင်းထား၍လက္ခဏာကြည့်ပြီး နောက်ဖြစ်မည့် ကိစ္စရပ်များကို အနီးစပ်ဆုံးဟောစေသည်။ အကျဉ်းသားသုံးယောက်တို့အား အတိတ်နှင့် အနာဂတ်တို့ကို မှန်ကန်အောင် ဟောပြီး နောက်ဆုံးတစ်ယောက်ကိုမူ အတိတ်သာ ဟော၍ အနာဂတ်ကို ဆက်မဟောပေ။ ထိုအခါ သက်ဆိုင်ရာ က “အဘယ့်ကြောင့်ဆက်မဟောသနည်းဟုမေးရာ” အဖြေမပေးပေ။ သုံးရက်မြောက်သောနေ့တွင် ထိုသူသည် အထက်မှ ကြိုးမိန့်ဖြင့် သေဒဏ်အပေးခံရရာ ကိုင်ရို၏ ဂုဏ်သတင်းသည် တဟုန်ထိုးနာမည်ကြီးသွားခဲ့သည်။

ထိုစဉ်က ကိုင်ရိုသည် လက္ခဏာပညာရပ် နှင့်ပတ်သက်ပြီး ပြိုင်ဘက်ကင်းသူဖြစ်လေသည်။
“ကိုင်ရိုသည် ၁၉၁၄ ခုနှစ်တွင် ကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားပြီး လေးနှစ်အကြာတွင် ကမ္ဘာစစ်ကြီးပြီးမည်” ဟုကြိုတင် ဟောပြောခဲ့သည်။ ဗဟို အင်အားကြီးနိုင်ငံများနှင့် ရုရှားနိုင်ငံပြိုကွဲမည်ဟုလည်းဆိုခဲ့သည်။ ထိုသို့ဟောပြောသည့်အတိုင်းပင် ဖြစ်လာခဲ့ပေသည်။ ဝေလမင်းသားသည် အချစ်ရေးအရှုပ်အထွေးကြောင့် ထီးနန်းစွန့်ရမည် ဟုအတိအကျရေးသားဟောပြောခဲ့သလို ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားမည်ကိုလည်း ကြိုတင်ဟောပြောခဲ့လေသည်။ အခြားအမှုအခင်းနှင့် ဖြစ်ရပ်ပေါင်းများစွာကိုလည်း မလွဲတမ်းဟောနိုင်ခဲ့သူဖြစ်သည်။

ကိုင်ရိုက သူ့ထံသို့လက္ခဏာလာကြည့်သည့် အသက်ကြီးကြီးသူတစ်ဦးအား “၁၈၉၄ခုနှစ် ဇူလိုင်လအတွင်း ခင်ဗျားဟာ မိမိလုပ်ငန်းရဲ့အထွဋ်အထိပ်ကိုရောက်မယ်” ဟုဟောရာ အဟောခံရသူက “ခင်ဗျားဒီလောက်တောင်ဟောနိုင်ရင် ရောက်မယ့်နေ့အတိအကျ ကိုလည်းထပ်ဟောပါဦး” ဟုဆိုသည်။ ထို့ကြောင့် ကိုင်ရိုက
“ကျွန်တော်မြင်သမျှဟောရရင် ၁၈၉၄ခုနှစ် ဇူလိုင်လထဲက ၁ ဂဏန်းနဲ့ဆိုင်တဲ့နေ့ပဲ ၊ ၁ဂဏန်းဆိုတာ ဘာပေါင်းပေါင်း ၁ရတာပေါ့ ၊ ၁၊၁၀၊၁၉၊၂၈ ထဲက တစ်ရက်ပါ” ဟုထပ်ဟောလိုက်လေသည်။ နောက် ၃နှစ်အကြာ ဇူလိုင်လ ၁၉ရက်တွင် တရားရုံးတော်မှ အခေါ်လွှတ်သည်ဟုဆိုကာ မင်းစေတစ်ဦးက ကိုင်ရိုအားလာရောက်ခေါ်ခဲ့သည်။ တရားရုံးသို့လိုက်သွားသည့်အခါ လွန်ခဲ့သော ၃နှစ်က သူဟောခဲ့သူမှာ တရားသူကြီးချုပ်ရာထူးကို နာရီပိုင်းအတွင်းကပင် လက်ခံခဲ့ပြီးဖြစ်သည်ဟု သိလိုက်ရသည်။ အဲဒီနေ့က ၁၈၉၄ခုနှစ် ဇူလိုင်လ ၁၉ရက်ဖြစ်သည်။

ကိုင်ရို၏ အဆိုအရ သူဟောပြောသည့်အခါတွင် သူ့စိတ်ကို ဖုံးလွှမ်းထားသည့် ကော့စမစ်လှိုင်းများကို တိုးမြှင့်လိုက်သည်။ ထိုအခါသူ့စိတ်ကို မည်သည့်အရာကမှ မဟန့်တားနိုင်တော့။ ယင်းကော့စမစ်လှိုင်းများမှတစ်ဆင့် စိတ်စွမ်းအင်များကို ထုတ်ယူသည်။ ယင်းလှိုင်းများသည် လူတိုင်းကို ဝန်းရံနေသည်။ ထိုလှိုင်းများမှတစ်ဆင့် သူ့အသိဥာဏ်ကို ပိုပြီး ကောင်းစေသည်ဟု ပြောကြားခဲ့သည်။ အင်္ဂလန်နိုင်ငံမှ နာမည်ကျော်ရှေ့နေကြီး ဆာ အက်ဒွတ်မာရှယ်ဟောလ် သည် လူငယ်ဘဝက ကိုင်ရိုနှင့်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ကိုင်ရိုက
“ခင်ဗျားကို ရှေးဟောင်း အိမ်ကြီးတစ်အိမ်မှာ တွေ့မြင်နေရတယ်။ အိမ်ကြီးက ကြီးမားလှတဲ့ဥယျာဉ်ကြီးထဲမှာရှိတယ်။အချိန်ကညပိုင်းဖြစ်တယ်။ လူအများအပြားက ခင်ဗျားကို ဝိုင်းဝန်းချီးကျူးနေကြတယ်။ ပန်းပွင့်တွေဖြန့်ကြဲနေကြတယ်။ ခင်ဗျားအနီးမှာ ခင်ဗျားလောက်အရပ်မရှည်တဲ့ အမျိုးသမီး တစ်ယောက်ကိုတွေ့ရတယ်။ သူက လက်ကိုင်ပဝါအနီကို ဝှေ့ယမ်းနေတယ်” ဟုပြောခဲ့သည်။

ထို့နောက် နောက် ၂၅ နှစ်အကြာတွင် ဆာအက်ဒွတ်သည် ပါလီမန်အမတ်အဖြစ်အရွေးခံရသည်။ ထိုသို့အရွေးခံရသည့်အတွက် ညတွင် ရှေးဟောင်း အင်္ဂလိပ်စံအိမ်ကြီး တစ်အိမ်၌ သူ့ကို ဂုဏ်ပြုသောအားဖြင့် ညစာစားပွဲကြီးကျင်းပခဲ့သည်။ ဂုဏ်သရေရှိလူကြီးများက သူ့အားပန်းများဖြင့် ကြဲဖြန့်နေကြသည်။ ထိုစဉ် ဆာအက်ဒွတ်သည် ကိုင်ရို၏ ဟောပြောချက်ကို သတိရပြီး သူ့ဇနီးကို လှမ်းကြည့်လိုက်ရာ သူ့ဇနီးက အဖြူရောင်လက် ကိုင်ပဝါကို ဝှေ့ယမ်းနေသည်။ ထိုအခါ ထုံးတမ်းအစဉ်အလာအရ အမတ်၏ ဇနီးသည် လက်ကိုင်ပဝါအနီကို ဝှေ့ယမ်းရသည်ဟုဝိုင်းပြောကြရာ သူ့ဇနီး သည် အနီရောင်လက်ကိုင်ပဝါကို ပြောင်း၍ ဝှေ့ယမ်းသဖြင့် ဟောပြောချက် အပြည့်အဝမှန်ခဲ့သည်။

မြို့စားကြီး ဟာမွန်သည် ကိုင်ရိုနှင့်သာမက ကိုင်ရို၏ဇနီး မစ်(စ်) ကာရိုးလွမ်းဘတ်နှင့်လည်း ရင်းနီးသူဖြစ်သည်။မစ္စတာ ဟာမွန်၏ပြောကြား ချက်အရ မစ်(စ်) လွမ်ဘတ်နှင့်ကိုင်ရို၏မေတ္တာဇာတ်လမ်း ကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ၁၉၁၁ တွင် လန်ဒန်မြို့ရှိ ကိုင်ရို၏ရုံးခန်း၌ မစ်(စ်) လွမ်ဘတ်သည် ကိုင်ရိုနှင့်တွေ့ခဲ့သည်။ကိုင်ရိုထံ လက္ခဏာလာကြည့်ခြင်းဖြစ်သည်။ကိုင်ရိုက လက္ခဏာကြည့်ရန် သူ့လက်ကို ဆွဲယူလိုက်စဉ်မှာပင် မစ်စ် လွမ်ဘတ်သည် ကိုင်ရိုကို ချစ်လိုက်သည်ဟုဆိုသည်။

“ကိုင်ရိုက ခင်ဗျားဟာ ကြီးမားခက်ခဲတဲ့လုပ်ငန်းကြီးတွေ လုပ်ရမယ်။ စိတ်မချမ်းမြေ့စရာတွေလည်းကြုံရတတ်တယ်။ နောက်ဆုံးတော့ ပျော်ပျော်ရွှင်ရွှင်နေသွားရမှာပါ။ အိမ်ထောင်ပြုပြီးလို့သားလေးမွေးတဲ့အခါ စိတ်ရောဂါရှိသူဖြစ်နိုင်တယ်။ ခင်ဗျားရဲ့ခင်ပွန်းဟာလည်း နှစ်ပေါင်းများစွာ အိမ်ကပျောက်သွားပြီး သူပြန်လာချိန်ကို အချိန်အတော်ကြာအောင် စောင့်ရလိမ့်မယ်။ စသည် ဖြင့် ဟောလိုက်သည်။ မစ်စ် လွမ်ဘတ်က ပြန်ပြောလိုက်သောစကားမှာ ပွင့်လင်းလှသည်။ ” ရှင်ဟာ ကျွန်မလက်ထပ်လိုတဲ့လူဖြစ်တယ်”ဟူ၏။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် ကိုင်ရိုနှင့် မစ်စ်လွမ်ဘတ်တို့ လက်ထပ်ခဲ့သည်။

ထူးခြားချက်တစ်ခုရှိသေးသည် ကိုင်ရိုသည် သူသေမည်ကို အတိအကျပြောနိုင်ခဲ့သည်။ သူသည် ဟောလိဝုဒ်ရှိ အိမ်ခန်းထဲ၌ မေ့မျောနေသည်။ ထိုစဉ်ရုတ်တရက် သူသတိပြန်ရလာသောအခါ “ကျွန်တော်သိပ်ပျော်တာပဲဗျာ ကျွန်တော့ဆရာနဲ့တွေ့တယ်ဗျ၊ ကျွန်တော် ကြာသပတေးနေ့ နံနက်သုံးနာရီ လေးဆယ့်ငါးမိနစ်မှာ သေမယ်လို့ဆရာကပြောတယ်ဟု ကိုင်ရိုက မြည်တမ်းပြောပြလေသည်။ သူပြောသည့်အတိုင်းပင် ၁၉၃၆ ခုနှစ်အောက်တိုဘာ ၈ ရက် ကြာသပတေးနေ့ နံနက် ၃ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်ခဲ့သည်။ ကိုင်ရို၏ဇနီး မစ်စ်လွမ်ဘတ်မှာမူ ၁၉၄၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့လေသည်။

စာကိုး – တိုးထက် ၏ အံ့ဖွယ်ထူးခြားစိတ်နယ်လွန်ဖြစ်ရပ်ဆန်းများ စာအုပ်မှ

Leave a Reply