ထူးျခားဆန္းျပား ကမာၻတစ္လႊားက ကြ်န္းမ်ား အေၾကာင္း

Posted on

ေရးသားသူ – ေမာင္သာ (ေရွးေဟာင္းသုေတသန)

ပင္လယ္ သမုဒၵရာမ်ား ႏွင့္ ျမစ္ေခ်ာင္းမ်ား အတြင္း ေရပတ္လည္ ၀ိုင္းေနေသာ ကၽြန္းမ်ားသည္ ကမၻာေရျပင္ အႏွံ႕တြင္ တည္ရွိေနၾကသည္။ ကၽြန္းမ်ားသည္ အခ်ိဳ႕က ႏိုင္ငံ၊ အခ်ဳိ႕က အပမ္းေျဖစခန္း၊ အခ်ိဳ႕က အက်ဥ္းေထာင္ ၊ အခ်ိဳ႕က ေတာရိုင္းေျမ ၊ အခ်ိဳ႕က ေဘးမဲ့ေတာ၊ အခ်ဳိ႕က စိုက္ခင္း စသည္ျဖင့္ အသြင္ သ႑ာန္ အမ်ဳိးမ်ဳိး ရွိေနၾကရာ ထူးထူး ဆန္းဆန္း ကၽြန္းမ်ားသည္ လည္း ေနရာအႏွံ႕တြင္ ရွိေနတတ္ၾကေပ သည္။ သမုဒၵရာမ်ားအတြင္းမွ အခ်ဳိ႕ေသာ ကၽြန္းမ်ားသည္ ပင္လယ္ေရ ျမင့္တက္လာမႈ ေၾကာင့္ နစ္ျမဳပ္ ေပ်ာက္ကြယ္ မည့္ အႏၱရာယ္၏ ျခိမ္းေျခာက္မႈ ႏွင့္ ရင္ဆိုင္ေနၾကရသည္။

၉။ က်ိန္စာသင့္ကြ်န္း

အီတလီႏိုင္ငံ၌ ပိုင္ရွင္မ်ားသည္ ၾကမၼာဆိုးမ်ားႏွင့္ ရင္ဆိုင္ၾကရၿပီးေနာက္တြင္ က်ိန္စာသင့္ေနသည္ဟု သတင္းထြက္သည့္ ကၽြန္းတစ္ကြ်န္းရွိသည္။ ေနပယ္ကမ္းလြန္ေဒသရွိ အိုင္စိုလာလာ ဂလိုလာ အမည္ရွိကၽြန္းသည္ ကၽြန္းငယ္ ႏွစ္ခုကို တံတား တစ္စင္း ျဖင့္ ဆက္သြယ္ထားသည့္ လူသူ ေနထိုင္ျခင္းမရွိသည့္ ကြ်န္းတစ္ခုျဖစ္သည္။ ထိုကၽြန္းကို ပိုင္ဆိုင္ခဲ့ၾကေသာ ပိုင္ရွင္မ်ားသည္ ကံၾကမၼာ ဆိုးမ်ား ႏွင့္ ရင္ဆိုင္ၾကရၿပီး အခ်ိန္မတိုင္မီ ကြယ္လြန္ခဲ့ၾကရသည္။

၁၉၂၀ ျပည့္ႏွစ္တြင္ ဂလိုလာကၽြန္းကို မူလပိုင္ဆိုင္သူ ဆြစ္ လူမ်ိဳး ဟန္းစ္ေရာင္၏ အေလာင္းအား ေစာင္ျဖင့္ ပတ္လ်က္ ေတြ႕ခဲ့ၾကရသည္။ဟန္းစ္ေရာင္ကြယ္လြန္ၿပီး လအနည္းငယ္ အၾကာတြင္ ဟန္းစေရာင္၏ ဇနီးျဖစ္သူသည္ ကြ်န္းအနီး ပင္လယ္ျပင္ တြင္ ေရနစ္ေသဆုံးခဲ့သည္။ေနာက္ထပ္ပိုင္ဆိုင္သူ ျဖစ္လာသူ ဂ်ာမာန္လူမ်ိဳး အိုတို ဂရန္ဘက္သည္ ကၽြန္းေပၚရွိအိမ္ တြင္ ေနထိုင္စဥ္ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ခဲ့ျပန္သည္။ပိုင္ရွင္ေနာက္တစ္ဦးျဖစ္သူ ေဆး၀ါးစက္မႈ လုပ္ငန္းပိုင္ရွင္ ဆန္းေဒါ့စ္သည္လည္းဆြစ္ဇာလန္ စိတ္ေရာဂါကု ေဆးရုံတစ္ရုံတြင္ တက္ေရာက္ကုသမႈ ခံယူေနစဥ္ မိမိကိုမိမိ အဆုံးစီရင္ သြားခဲ့သည္။

ဂ်ာမန္ သံမဏိ စီးပြားေရးလုပ္ငန္းရွင္ ဘာရြန္ကားလ္လန္ဟိုင္းသည္ ကၽြန္းေပၚတြင္ေနထိုင္ခဲ့စဥ္ သူ၏ စီးပြားေရးလုပ္ငန္းမ်ား ပ်က္စီးဆုံးရႈံးခဲ့သည္။ ဖိယက္ ကားကုမၸဏီ အႀကီးအကဲ ဂီယာနီ အက္ဂ္နယ္လီ၏ တစ္ဦးတည္ေသာသားသည္ မိမိကိုယ္မိမိ ေသေၾကာင္းႀကံစည္ခဲ့သည္။ ကြ်န္းကို ၀ယ္ယူခဲ့သူ သန္းၾကြယ္သူေဌး ေပါလ္ဂက္တီသည္လည္း ေျမးျဖစ္သူ ျပန္ေပးဆြဲခံရ ျခင္း ႏွင့္ ႀကဳံခဲ့ရသည္။ ကြ်န္း၏ ေနာက္ဆုံးပိုင္ရွင္ျဖစ္သူ ဂရပ္ပြန္းသည္လည္း ၂၀၀၉ ခုႏွစ္တြင္ အာမခံ လိမ္လည္မႈျဖင့္ ေထာင္က်ခဲ့ သည္။ ထို အခ်ိန္မွ စ၍ အိုင္စိုလာလာ ဂလိုလာကြ်န္းသည္ လူသူအသြားအလာနည္းသြားသည့္ အစြန္႔ပစ္ခံ ကြ်န္းတစ္ကြ်န္း ျဖစ္လာခဲ့ေတာ့သည္။

၈။ အဆိပ္ကၽြန္းမွသည္ ယုန္တို႔ဌာေနဆီသို႔

တစ္ခ်ိန္က အဆိပ္ဓာတ္ေငြ႕စက္ရုံမ်ား တည္ရွိခဲ့ေသာကြ်န္းသည္ ယခုအခါတြင္ ယုန္ရာေပါင္းမ်ားစြာတို႔ မွီခိုေနထိုင္ရာ ေနရာတစ္ခု ျဖစ္လာခဲ့သည္။ ဒုတိယကမာၻစစ္အတြင္းက ဂ်ပန္ႏိုင္ငံတြင္ ဓာတုလက္နက္မ်ား ထုတ္လုပ္ခဲ့သည့္ အိုကူႏိုရွီးမား ဟူေသာ ကၽြန္း တစ္ကၽြန္းရွိခဲ့သည္။ ထိုကြ်န္းေပၚတြင္ ဂ်ပန္စစ္တပ္က ၁၉၂၉ ခုႏွစ္ မွ ၁၉၄၅ ခုႏွစ္အတြင္းအဆိပ္ဓာတ္ေငြ႕ တန္ခ်ိန္ ၆၀၀၀ ေက်ာ္ကို လွ်ိဳ႕၀ွက္စြာ ထုတ္လုပ္ခဲ့သည္။

ထိုကာလမ်ားအတြင္း အဆိပ္ဓာတ္ေငြ႕ စမ္းသပ္ရန္ ယုန္ေပါင္းမ်ားစြာကို ထိုကြ်န္းသို႔ ယူေဆာင္ခဲ့ၾကသည္။ လက္ရွိ ကၽြန္းေပၚတြင္ရွိေနသာ ယုန္မ်ားသည္ ထိုစဥ္က အဆိပ္ေငြ႕ စမ္းသပ္ရန္ ယူေဆင္လာေသာ ယုန္မ်ားမွ ေပါက္ဖြားလာၾကသည္ ဟု ယူဆသူမ်ားရွိသကဲ့သို႕ အခ်ိဳ႕ကလည္း ၁၉၇၀ ႏွစ္မ်ားအတြင္းက ထိုကၽြန္းသို႕ လာေရာက္လည္ပတ္ခဲ့ၾကေသာ ေက်ာင္း သားေလးမ်ားက ယူေဆာင္လာသည့္ ယုန္မ်ား၏ မ်ိဳးဆက္မ်ားျဖစ္သည္ဟုလည္း ယူဆၾကသည္။

ယခုအခ်ိန္တြင္ အိုကူႏိုရွီးမားကၽြန္းသည္ ခရီးသြား အပမ္းေျဖ စခန္းတစ္ခု အျဖစ္ထင္ရွားေနၿပီျဖစ္သည္။ ကၽြန္းေပၚတြင္ ေဂါက္ကြင္းငယ္ တစ္ကြင္း၊စခန္းခ်ကြင္းျပင္ တစ္ခု တို႕က လွပေသာ ပင္လယ္ကမ္းေျခႏွင့္ အတူ ရွိေနသည္။စြန္႕ပစ္ထားေသာ အဆိပ္ ဓာတ္ေငြ႕ စက္ရုံေဟာင္းသို႕ သြားေရာက္ၾကည့္ရႈႏိုင္ၾကသကဲ့သို႔ ယုန္ခ်စ္သူမ်ားလည္း ယုန္မ်ားကို လာေရာက္ၾကည့္ရႈ ႏိုင္ၾကသျဖင့္ ခရီးသြားမ်ား အၿမဲလာေရာက္လည္ပတ္လ်က္ရွိေနေပသည္။

၇။ သေဘၤာပ်က္မ်ားႏွင့္ ျမင္းရိုင္းကၽြန္း

ႏိုဗာစကိုရွာကမ္းေျခမွ မိုင္ ၁၀၀ ကမ္းလြန္ေဒသရွိ ေဆဗယ္ ဟု အမည္ေပးထားေသာ ကြ်န္းသည္ အတၱလန္တစ္သခၤ်ဳိင္းး ဟု ထင္ရွားသည္။ ထိုကၽြန္းသည္ ၄၂ ကီလိုမီတာ ရွည္လ်ား၍ ၁.၅ ကီလိုမွ်သာ က်ယ္၀န္းေသာ္လည္း သေဘၤာပ်က္ ၄၇၅ စင္း ရွိေနၿပီး ကၽြန္းေပၚတြင္ ျမင္းရိုင္း အေကာင္ ၄၀၀ ေက်ာ္ ေနထိုင္က်က္စားလ်က္ရွိေနသည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက သေဘၤာသားမ်ား ကြ်န္းေပၚတြင္ ထားရစ္ခဲ့ေသာ ျမင္းမ်ား ႏွင့္ သဲကမ္းပါးမ်ားတစ္ေလ်ာက္ သေဘၤာမ်ား ပ်က္ၾကရာမွ ကြ်န္းေပၚသို႕ ေရာက္ရွိလာခဲ့ၾကေသာ ျမင္းမ်ားသည္ ကြ်န္းေပၚတြင္ အသက္ရွင္သန္ ေပါက္ပြားလာခဲ့ၾကသည္။

ကၽြန္းေပၚတြင္ မည္သည့္ အပင္ႀကီးမွ မရွိဘဲ ပင္လယ္ျမက္မ်ား ျမက္မ်ားကိုရွင္သန္ေစသည့္ မိုးေရမ်ားသာရွိေနသည္။ ေဆဗယ္ကၽြန္းေပၚတြင္ မည္သူမွ် အၿမဲတေစ အေျခခ်ေနထိုင္ျခင္းမရွိေသာ္လည္း တစ္ခါတစ္ရံတြင္ သေဘၤာမ်ား ပ်က္ရာမွ ေရာက္ရွိလာၾကေသာသေဘၤာသားမ်ား၊ ေထာင္ဒဏ္တစ္ကၽြန္းက်ခံရေသာ တရားခံမ်ား ၊ပင္လယ္ဓါးျမမ်ားသာ ေရာက္လာေလ့ ရွိၾကသည္။ သို႔ေသာ္လည္း ၂၀၁၃ ခုႏွစ္ ၊ ဇြန္လ ၂၀ ရက္တြင္ ေဆဗယ္ကြ်န္းသည္ ကေနဒါႏိုင္ငံ၏ ၄၃ ခုေျမာက္ အမ်ိဳးသား ဥယ်ာဥ္ျဖစ္ လာခဲ့ေပသည္။

၆။ စြန္႕ပစ္ခံ အရုပ္မ်ားကၽြန္း

မကၠဆီကို ၿမိဳ႕ေတာ္အနီး ဇိုခ်ီမိကို တူးေျမာင္းအနီးတြင္ အရုပ္ကၽြန္းဟု လူသိမ်ားသည့္(La Isla de las Munecas) ကၽြန္း ရွိသည္။ ထိုကၽြန္းေပၚတြင္ ဇိုခ်ီမိကို တူးေျမာင္းအတြင္း ထူးဆန္းစြာေသဆုံးခဲ့ေသာ မိန္းကေလးငယ္တစ္ေယာက္ကို ရည္စူးဖြင့္လွစ္ ထားေသာ ဘုရား၀တ္ျပဳေက်ာင္းတစ္ခု ရွိသည္။ ၁၉၅၀ ျပည့္ုႏွစ္၀န္းက်င္က ထိုကၽြန္းတြင္ေနထိုင္ခဲ့သူ ဒြန္ဂ်ဴလီယံဆိုသူသည္မကၠဆီကိုၿမိဳ႕ေတာ္ လမ္းမ်ားေပၚတြင္ ထာ၀ရ ဘုရားရွင္၏ စကားေတာ္မ်ားေ၀ငွသည္ဟုဆိုကာဟုဆိုကာ လိုက္လံေဟာေျပာခဲ့သည္။

ထိုစဥ္ကာလမ်ားက ဘာသာေရးအယူ၀ါဒ ထုံးတမ္းမ်ားအရ ဆီမ်ားျဖင့္ သုတ္လိမ္းကာ ဘိသိက္ေျမွာက္ခံထားရသူမ်ားသာ ဘုရားစကားကိုေဟာေျပာႏိုင္သည္ဟု ယူဆၾက သျဖင့္ ဒြန္ဂ်ဴလီယံ အား ႀကိမ္ဖန္မ်ားစြာ ၀ိုင္း၀န္းရိုက္ႏွက္ခဲ့ၾကၿပီး မေကာင္းဆိုး၀ါးမ်ားထြက္သြားေစရန္ ဟုဆိုကာ ဒြန္ဂ်ဴလီယံ၏ ခႏၶာကိုယ္အား အရုပ္ ဖုန္ျခစ္တံျဖင့္ ျခစ္ေပးခဲ့ၾကသည္။ ထိုအခ်ိန္မွစ၍ ဒြန္ဂ်ဴလီယံသည္ ဇနီးႏွင့္ သားသမီးမ်ားကို စြန္႔ပစ္ခဲ့ကာ ကၽြန္း တြင္ အႏွစ္ငါးဆယ္ေက်ာ္ သြားေရာက္ေနထိုင္ခဲ့သည္။

ဇိုခ်ီမိကို တူးေျမာင္းအတြင္း မိန္းကေလးငယ္ ေရနစ္ျခင္းကို သက္ေသမျပႏိုင္ခဲ့ေသာ္လည္း ဒြန္ဂ်ဴလီယံသည္ မိန္းကေလးငယ္ ေသဆုံးၿပီးေနာက္ပိုင္း၀ယ္ မေကာင္းဆိုး၀ါးမ်ားကို ထိန္းသိမ္းထားႏိုင္ရန္ အရုပ္မ်ားကို စုေဆာင္းခ်ိတ္ဆြဲထားခဲ့သည္ဟု ဆို သည္။ ဒြန္ဂ်ဴလီယံသည္ ၂၀၀၁ ခုႏွစ္တြင္ ကၽြန္းအနီးရွိ ဇိုခ်ိမီကို တူးေျမာင္းအတြင္း ေရနစ္ေသဆုံးခဲ့သည္။ ဒြန္ဂ်ဴလီယံသည္ သူ မေသဆုံးမီက ထို ဇိုခ်ိမီကို တူးေျမာင္းအတြင္း မိန္းကေလးငယ္ ေသဆုံးခဲ့သည္ဟု ထပ္တလဲလဲေျပာခဲ့သည္။ ဒြန္ဂ်ဴလီယံ ကြယ္လြန္ ၿပီးေနာက္ သူ၏ သားျဖစ္သူက ဖခင္ျဖစ္သူ စုေဆာင္းထားခဲ့ေသာ အရုပ္မ်ားကို ထိန္းသိမ္းကာ ကၽြန္းသို႕ လာေရာက္ လည္ပတ္ၾက ေသာ ကမၻာလွည့္ ခရီးသည္မ်ားကိုျပသေပးလ်က္ရွိသည္။

၅။ အဆိပ္ျပင္းေျမြကြ်န္း

အဆိပ္ျပင္းသည့္ေျမြမ်ား ေနထိုင္က်က္စားေနသည့္ အီလ္ဟာဒီ ကြီမာဒါ ဂရန္ဒီကြ်န္းသည္ ဘရာဇီးလ္ႏိုင္ငံၿမိဳ႕ေတာ္ မွ မိုင္ ၉၀ အကြာတြင္ ရွိသည္။ေျမြကၽြန္းဟု လူသိမ်ားသည့္ ထိုကြ်န္းေပၚသည္ ၁၀၆ ဧကက်ယ္၀န္းကာ ထိုကြ်န္း၏ ေနရာအႏွံ႕တြင္ ေျမြမ်ား အေကာင္ ႏွစ္ေထာင္မွ ငါးေထာင္အထိေနထိုင္ က်က္စားေနၾကသည္။ ကမာၻေပၚတြင္ အဆိပ္အျပင္းဆုံး ေျမြမ်ိဳးစိတ္တစ္မ်ိဳး ျဖစ္သည့္ ေရႊေရာင္လွံဖ်ားေခါင္း ေျမြေပြး(Bothrops insularis) သည္ ကၽြန္းေပၚတြင္ အမ်ားဆုံးေနထိုင္က်က္စားၾကသည္။

ေရႊေရာင္လွံဖ်ားေခါင္း ေျမြေပြး၏ အဆိပ္သည္ အျခားကုန္းတြင္းအဆိပ္ျပင္းေျမြဆိပ္မ်ားထက္ သုံးဆမွ ငါးဆအထိ ျပင္းထန္ ကာ လူ႕အသားမ်ားကို အရည္ျဖစ္သြားေစႏိုင္သည္ဟု ဆိုၾကသည္။ ေျမြမ်ားသည္ ကၽြန္းသို႔ ေရာက္လာၾကေသာ ငွက္မ်ားကို စားသုံး ကာ ရွင္သန္ၾကသည္။ ငွက္အမ်ားစုတို႔သည္ တစ္ေနရာမွ တစ္ေနရာသို႕ပ်ံသန္းေရႊ႕ေျပာင္းၾကရာတြင္ ဂရန္ဒီကြ်န္းတြင္ နားခို ေလ့ ရွိၾက သျဖင့္ ေရႊေရာင္လွံဖ်ားေခါင္း ေျမြေပြးမ်ားအတြက္ အစာေရစာ ဖူလုံစြာရရွိၿပီး ေျမြအေကာင္ေရ တိုးတက္မ်ားျပား လ်က္ရွိ ေန သည္။ ဘရာဇီးလ္ႏိုင္ငံ ေရတပ္မေတာ္က ထိုကၽြန္းသို႕ သြားေရာက္ခြင့္ကို တင္းၾကပ္စြာ တားျမစ္ပိတ္ပင္ထားေသာ္လည္း ေျမြဆိပ္ အႏၱရာယ္ကိုသုေတသနျပဳၾကသည့္ အခ်ိဳ႕ေသာ သိပၸံပညာရွင္မ်ားကိုမူ ျခြင္းခ်က္ျဖင့္ သြားေရာက္ခြင့္ျပဳထားသည္။

၄။ မႏွစ္ၿမိဳ႕စရာ သုခဘုံ

ပစိဖိတ္သမုဒၵရာ ေျမာက္ပိုင္းတြင္ရွိေသာ ပါမိုင္ရာသည္ မွင္သက္မိေလာက္ေအာင္ ဆြဲေဆာင္မႈေကာင္းေသာ အလွအပမ်ားျဖင့္ ျပည့္စုံသည့္ ခ်မ္းေျမ႕ဖြယ္သုခဘံုေလးတစ္ခုအျဖစ္ထင္ရွားသကဲ့သို႕ မေကာင္းဆိုး၀ါးမ်ား ႏိႈးဆြေနသည့္ ေနရာ တစ္ခု အျဖစ္လည္း လူသိမ်ားေပသည္။ စင္စစ္အားျဖင့္ ပါမိုင္ရာသည္ သႏာၱေက်ာက္တန္းကြ်န္းစု တစ္ခုမွ်သာ ျဖစ္ေပသည္။ ကၽြန္း၏ အလယ္တြင္ေရ ေအာက္၌ ျမဳပ္ေနသည့္ေရွးေဟာင္း မီးေတာင္၀ တစ္ခုကို သႏာၱေက်ာက္တန္းမ်ားက ၀ိုင္းရံထားသည္။

ဟာ၀ိုင္ယီကၽြန္းႏွင့္ ဆာမိုယာ ၾကားတြင္ ရွိေနသည့္ ပါမိုင္ရာသည္ လူသားမ်ား အတည္တက် အေျခခ်ေနထိုင္ျခင္းမရွိသည့္ ေတာရိုင္းေျမတစ္ခု လည္း ျဖစ္သည္။ ၁၇၉၈ ခုႏွစ္တြင္ ေတြ႕ရွိခဲ့ေသာ ပါမိုင္ရာသည္ သဘာ၀လြန္ ျဖစ္ရပ္မ်ား၊ ထိတ္လန္႔ဖြယ္ အေတြ႕အႀကဳံမ်ား၊ ရွင္းမျပႏိုင္ သည့္ အျဖစ္ထူး မ်ားႏွင့္ ျပည့္ေနခဲ့ေပသည္။ ၁၉၇၇ ခုႏွစ္တြင္ ပါမိုင္ရာကၽြန္းသို႕ ေရာက္ရွိခဲ့ေသာ ရြက္ေလွစီးသမား ရစ္ခ်တ္ေတလာက ပါမိုင္ရာသည္ တေစၦကြ်န္းဟူသည္ ထက္ပင္ ပိုလြန္ေၾကာင္းေျပာဆိုခဲ့သည္။ ယခုအခါ၌ ပါမိုင္ရာကၽြန္းေပၚသို႔ ရာသီဥတု ဆိုင္ရာ သိပၸံပညာရွင္အခ်ိဳ႕သာ တစ္ခါတစ္ရံလာေရာက္ေလ့ရွိၾကသည္။

၃။ သန္းၾကြယ္ ကဏန္းကြ်န္း

အိႏၵိယ သမုဒၵရာအတြင္းမွ ၾသစေႀတလ် ေရပိုင္နက္အတြင္းရွိ ခရစၥမတ္ဟု အမည္ေပးထားေသာကြ်န္းကို ၁၆၄၃ ခုႏွစ္တြင္ စတင္ေတြ႕ရွိခဲ့သည္။ ၁၃၅ စတုရန္းကီလိုမီတာ က်ယ္၀န္းသည့္ ခရစၥမတ္ကၽြန္း၏ ၆၃ ရာခိုင္ႏႈန္းကို ၾသစေႀတလ်ႏိုင္ငံ အမ်ိဳးသား ဥယ်ာဥ္ကေစာင့္ေရွာက္ထားသည္။ ထိုကၽြန္းတြင္ ေနထိုင္က်က္စားလ်က္ရွိသည့္ ကဏန္းနီမ်ား၏ သဘာ၀ သစ္ေတာအတြင္းေဂဟ စနစ္ကို ထိန္းသိမ္းထားျခင္းလည္းျဖစ္ေပသည္။ ကၽြန္းေပၚရွိ ကဏန္း မ်ိဳးစိတ္ ၁၄ ခုရွိသည့္ အနက္ တြင္ ကဏန္းနီတို႕က အမ်ားဆုံးျဖစ္သည္။

သာမာန္ အခ်ိန္မ်ားတြင္ ယင္းတို႔သည္ သစ္ေတာအတြင္း က်င္းမ်ားတြင္ေနထိုင္ၾကေသာ္လည္း မိုးရာသီေရာက္လွ်င္ ပင္လယ္ျပင္သို႔ ဥဥရန္ ထြက္ခြာသြားၾကၿမဲျဖစ္ေပသည္။ ႏွစ္စဥ္ ပင္လယ္ျပင္သို႔ ထြက္ခြါၾကသည့္ ကဏန္းမ်ားသည္ ေကာင္ေရ သန္း ၁၂၀ နီးပါးရွိသည္။ ပင္လယ္ျပင္ သို႔ေရာက္ရွိရန္ က်င္းမ်ားမွ ၅ မိုင္ ေက်ာ္ ကုန္းလမ္းခရီးကို သြားၾကရသျဖင့္ သစ္ေတာအတြင္းမွ ပုရြက္၀ါမ်ား၏ တိုက္ခိုက္မႈမ်ားႏွင့္ ေရဓာတ္ဆုံးရႈံးမႈမ်ား ေၾကာင့္ ကဏန္းနီမ်ား အမ်ားအျပားေသဆုံးၾကရသည္။

ကဏန္းမ်ားသည္ ပင္လယ္အတြင္းသို႔ေရာက္သည္ႏွင့္ မိတ္လိုက္ၾကကာ အဖိုမ်ားက သစ္ေတာသို႔ ျပန္လာၾကသည္။ အမမ်ားက ပင္လယ္တြင္းမွာပင္ သန္းႏွင့္ ခ်ီေသာ ကဏန္းေပါက္မ်ားကို ေပါက္ဖြားကာ မေသပဲက်န္ရွိေသာ ကဏန္းမ်ားႏွင့္ အတူ ခရစၥမတ္ကၽြန္းသို႕ ျပန္လည္ေရာက္ရွိလာၾကသည္။ဤသို႔ျဖင့္ ေဂဟစနစ္သည္သစ္ေတာအတြင္းပုံမွန္ လည္ပတ္လ်က္ရွိေန ေပ သည္။

၂။ မီးေတာင္ထိပ္၀ကြ်န္း

ဖိလိပိုင္ႏိုင္ငံတြင္ အလြန္ ထူးျခားသည့္ ကၽြန္းတစ္ကၽြန္းရွိရာ ထိုကၽြန္းသည္ သက္ရွိ မီးေတာင္တစ္ခု၏ အ၀တြင္ရွိေနသည္။ လူဇုန္ကၽြန္းရွိ တာအယ္လ္ ဟု အမည္ေပးထားေသာ မီးေတာင္အိုင္တစ္ခုအတြင္းရွိေနသည့္ ထိုကၽြန္းကို ဖိလစ္ပိုင္တို႔က ဗာလကန္ ဟု ေခၚၾကသည္။တာအယ္လ္ သည္ အႀကိမ္ေပါင္း ၃၃ ႀကိမ္ ေပါက္ခဲ့ဖူးေသာ မီးေတာင္တစ္ခုျဖစ္သည္။ဖိလိပိုင္ႏိုင္ငံတြင္ ဒုတိယ အႀကိမ္အမ်ားဆုံးေပါက္ကြဲခဲ့ဖူးေသာ သက္ရွိမီးေတာင္တစ္ခုလည္းျဖစ္သည္။

မီးေတာင္၏ ထိပ္၀တြင္ ဇလုံႏွင့္တူေသာ ခ်ိဳင့္ခြက္တစ္ခုရွိကာ ထို ခ်ိဳင့္ခြက္ထဲတြင္ ေရမ်ားရွိေနၿပီး ထိပ္၀က က်ယ္၀န္းသျဖင့္ ကမာၻေပၚတြင္ မီးေတာင္ ထိပ္ရွိ ေရအိုင္မ်ားထဲတြင္ အႀကီးဆုံးျဖစ္ေပသည္။ ယင္းေရအိုင္၏ အလယ္တြင္ ေသးငယ္ေသာ ဗာလကန္ကၽြန္းက တည္ရွိ ေနသျဖင့္ ဗာလကန္ပြိဳင့္(Valcan Point)ဟုေခၚၾကသည္။ ဗာလကန္သည္ ပစိဖိတ္ သမုဒၵရာအတြင္းရွိ ကၽြန္းတစ္ကၽြန္းေပၚရွိ ကန္တစ္ကန္အတြင္းမွ ကၽြန္းတစ္ကၽြန္းအျဖစ္ ထင္ရွားလ်က္ရွိသည္။

၁။ ေၾကာင္ကံေကာင္းတို႔ကၽြန္း

တာရွီရိုဂ်ီမာကၽြန္းကို ေၾကာင္ကၽြန္းဟု လူသိမ်ားၾကသည္။ ဂ်ပန္ႏိုင္ငံ ၊ မီယာဂ်ီ စီရင္စု၊အိရွိႏိုမာကီ ၿမိဳ႕အနီးတြင္ တည္ရွိ သည္။ကၽြန္းေပၚတြင္ လူေနအိမ္ေျခ ၁၀၀ ေက်ာ္ရွိၿပီး အမ်ားစုမွာ သက္တမ္းႏွစ္ ၆၀ ေက်ာ္ေနသည့္ အိမ္မ်ားျဖစ္ သည္။ တာရွီရိုဂ်ီမာ ကၽြန္း မွ အိမ္မ်ားကို ေၾကာင္မ်ားကသာ အမ်ားဆုံးပိုင္ဆိုင္ထားၾကသည္။ ဂ်ပန္ႏိုင္ငံ သမိုင္းတြင္ ၁၈ ရာစု အလယ္မွ ၁၉ ရာစုအလယ္ အတြင္း ၊ အီဒို ေခတ္တြင္ ေၾကာင္မ်ား ထိုကၽြန္းသို႕ စတင္ေရာက္ရွိလာခဲ့ၾကသည္။

ထိုစဥ္က ကၽြန္းေပၚတြင္ ပိုးစာပင္မ်ား စိုက္ပ်ိဳးခဲ့ရာ ၾကြက္မ်ားကို ႏွိမ္ႏွင္းရန္ စိုက္ပ်ိဳးေရးသမားမ်ားက ေၾကာင္မ်ားကို သယ္ယူလာခဲ့ၾကသည္။ကၽြန္းေပၚတြင္ ပိုးစာပင္စိုက္ပ်ိဳးျခင္းလုပ္ငန္း မ်ားရပ္ ဆိုင္းသြားခ်ိန္တြင္ ေၾကာင္မ်ား အေျမာက္အမ်ား က်န္ရစ္ေနခဲ့သည္။ထိုအခ်ိန္မွစ၍ ကၽြန္းေပၚတြင္ လူဦးေရ နည္းပါးသြား ေသာ္လည္း ေၾကာင္ေကာင္ေရမွာမူ မ်ားစြာတိုးတက္ခဲ့သည္။ ယခုအခါတြင္ တာရွီရိုဂ်ီမာကၽြန္းသည္ ငါးဖမ္းလုပ္ငန္း ျဖစ္ထြန္းလ်က္ရွိရာ ငါးဖမ္းသမ်ားမ်ားက ေၾကာင္မ်ားကို အစာေကၽြး ေမြးျမဴထားၾကသည္။

ေၾကာင္မ်ားကို အစာေကၽြးေမြးျခင္းသည္ ကံေကာင္းေစသည္ဟု ငါးဖမ္းသမားမ်ားက ယုံၾကည္ၾကသည့္အျပင္ ယင္းတို႕၏ ေၾကာင္မ်ားအတြက္ ဘုရား၀တ္ျပဳေဆာင္တစ္ခုကိုပင္ ေဆာက္လုပ္ထားေပသည္။ ႏွစ္စဥ္ ဧၿပီလႏွင့္ ႏို၀င္ဘာလမ်ားတြင္ ကမာၻလွည့္ ခရီးသည္မ်ားကို တာရွီရိုဂ်ီမာကၽြန္းသို႕ လာေရာက္လည္ပတ္ခြင့္ျပဳထားသည္။ ေၾကာင္ပုံစံ အိမ္ခန္းမ်ားတြင္ တစ္ညတာ တည္းခိုခြင့္ျပဳသည္။ သို႔ေသာ္ အေရးႀကီးေသာ ကန္႔သတ္ခ်က္မွာမူ ေခြးမ်ားကို လုံး၀ ေခၚေဆာင္မလာရန္ ျဖစ္ေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
သုတစြယ္စုံမဂၢဇင္း

————————————————-
ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားက ကျွန်းများ အကြောင်း (unicode)

ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)

ပင်လယ် သမုဒ္ဒရာများ နှင့် မြစ်ချောင်းများ အတွင်း ရေပတ်လည် ဝိုင်းနေသော ကျွန်းများသည် ကမ္ဘာရေပြင် အနှံ့တွင် တည်ရှိနေကြသည်။ ကျွန်းများသည် အချို့က နိုင်ငံ၊ အချို့က အပမ်းဖြေစခန်း၊ အချို့က အကျဉ်းထောင် ၊ အချို့က တောရိုင်းမြေ ၊ အချို့က ဘေးမဲ့တော၊ အချို့က စိုက်ခင်း စသည်ဖြင့် အသွင် သဏ္ဍာန် အမျိုးမျိုး ရှိနေကြရာ ထူးထူး ဆန်းဆန်း ကျွန်းများသည် လည်း နေရာအနှံ့တွင် ရှိနေတတ်ကြပေ သည်။ သမုဒ္ဒရာများအတွင်းမှ အချို့သော ကျွန်းများသည် ပင်လယ်ရေ မြင့်တက်လာမှု ကြောင့် နစ်မြုပ် ပျောက်ကွယ် မည့် အန္တရာယ်၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်နေကြရသည်။

ကျိန်စာသင့်ကျွန်း

အီတလီနိုင်ငံ၌ ပိုင်ရှင်များသည် ကြမ္မာဆိုးများနှင့် ရင်ဆိုင်ကြရပြီးနောက်တွင် ကျိန်စာသင့်နေသည်ဟု သတင်းထွက်သည့် ကျွန်းတစ်ကျွန်းရှိသည်။ နေပယ်ကမ်းလွန်ဒေသရှိ အိုင်စိုလာလာ ဂလိုလာ အမည်ရှိကျွန်းသည် ကျွန်းငယ် နှစ်ခုကို တံတား တစ်စင်း ဖြင့် ဆက်သွယ်ထားသည့် လူသူ နေထိုင်ခြင်းမရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ ထိုကျွန်းကို ပိုင်ဆိုင်ခဲ့ကြသော ပိုင်ရှင်များသည် ကံကြမ္မာ ဆိုးများ နှင့် ရင်ဆိုင်ကြရပြီး အချိန်မတိုင်မီ ကွယ်လွန်ခဲ့ကြရသည်။

၁၉၂၀ ပြည့်နှစ်တွင် ဂလိုလာကျွန်းကို မူလပိုင်ဆိုင်သူ ဆွစ် လူမျိုး ဟန်းစ်ရောင်၏ အလောင်းအား စောင်ဖြင့် ပတ်လျက် တွေ့ခဲ့ကြရသည်။ဟန်းစ်ရောင်ကွယ်လွန်ပြီး လအနည်းငယ် အကြာတွင် ဟန်းစရောင်၏ ဇနီးဖြစ်သူသည် ကျွန်းအနီး ပင်လယ်ပြင် တွင် ရေနစ်သေဆုံးခဲ့သည်။နောက်ထပ်ပိုင်ဆိုင်သူ ဖြစ်လာသူ ဂျာမာန်လူမျိုး အိုတို ဂရန်ဘက်သည် ကျွန်းပေါ်ရှိအိမ် တွင် နေထိုင်စဉ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြန်သည်။ပိုင်ရှင်နောက်တစ်ဦးဖြစ်သူ ဆေးဝါးစက်မှု လုပ်ငန်းပိုင်ရှင် ဆန်းဒေါ့စ်သည်လည်းဆွစ်ဇာလန် စိတ်ရောဂါကု ဆေးရုံတစ်ရုံတွင် တက်ရောက်ကုသမှု ခံယူနေစဉ် မိမိကိုမိမိ အဆုံးစီရင် သွားခဲ့သည်။

ဂျာမန် သံမဏိ စီးပွားရေးလုပ်ငန်းရှင် ဘာရွန်ကားလ်လန်ဟိုင်းသည် ကျွန်းပေါ်တွင်နေထိုင်ခဲ့စဉ် သူ၏ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။ ဖိယက် ကားကုမ္ပဏီ အကြီးအကဲ ဂီယာနီ အက်ဂ်နယ်လီ၏ တစ်ဦးတည်သောသားသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်။ ကျွန်းကို ဝယ်ယူခဲ့သူ သန်းကြွယ်သူဌေး ပေါလ်ဂက်တီသည်လည်း မြေးဖြစ်သူ ပြန်ပေးဆွဲခံရ ခြင်း နှင့် ကြုံခဲ့ရသည်။ ကျွန်း၏ နောက်ဆုံးပိုင်ရှင်ဖြစ်သူ ဂရပ်ပွန်းသည်လည်း ၂၀၀၉ ခုနှစ်တွင် အာမခံ လိမ်လည်မှုဖြင့် ထောင်ကျခဲ့ သည်။ ထို အချိန်မှ စ၍ အိုင်စိုလာလာ ဂလိုလာကျွန်းသည် လူသူအသွားအလာနည်းသွားသည့် အစွန့်ပစ်ခံ ကျွန်းတစ်ကျွန်း ဖြစ်လာခဲ့တော့သည်။

အဆိပ်ကျွန်းမှသည် ယုန်တို့ဌာနေဆီသို့

တစ်ချိန်က အဆိပ်ဓာတ်ငွေ့စက်ရုံများ တည်ရှိခဲ့သောကျွန်းသည် ယခုအခါတွင် ယုန်ရာပေါင်းများစွာတို့ မှီခိုနေထိုင်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံတွင် ဓာတုလက်နက်များ ထုတ်လုပ်ခဲ့သည့် အိုကူနိုရှီးမား ဟူသော ကျွန်း တစ်ကျွန်းရှိခဲ့သည်။ ထိုကျွန်းပေါ်တွင် ဂျပန်စစ်တပ်က ၁၉၂၉ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်းအဆိပ်ဓာတ်ငွေ့ တန်ချိန် ၆၀၀၀ ကျော်ကို လျှို့ဝှက်စွာ ထုတ်လုပ်ခဲ့သည်။

ထိုကာလများအတွင်း အဆိပ်ဓာတ်ငွေ့ စမ်းသပ်ရန် ယုန်ပေါင်းများစွာကို ထိုကျွန်းသို့ ယူဆောင်ခဲ့ကြသည်။ လက်ရှိ ကျွန်းပေါ်တွင်ရှိနေသာ ယုန်များသည် ထိုစဉ်က အဆိပ်ငွေ့ စမ်းသပ်ရန် ယူဆေင်လာသော ယုန်များမှ ပေါက်ဖွားလာကြသည် ဟု ယူဆသူများရှိသကဲ့သို့ အချို့ကလည်း ၁၉၇၀ နှစ်များအတွင်းက ထိုကျွန်းသို့ လာရောက်လည်ပတ်ခဲ့ကြသော ကျောင်း သားလေးများက ယူဆောင်လာသည့် ယုန်များ၏ မျိုးဆက်များဖြစ်သည်ဟုလည်း ယူဆကြသည်။

ယခုအချိန်တွင် အိုကူနိုရှီးမားကျွန်းသည် ခရီးသွား အပမ်းဖြေ စခန်းတစ်ခု အဖြစ်ထင်ရှားနေပြီဖြစ်သည်။ ကျွန်းပေါ်တွင် ဂေါက်ကွင်းငယ် တစ်ကွင်း၊စခန်းချကွင်းပြင် တစ်ခု တို့က လှပသော ပင်လယ်ကမ်းခြေနှင့် အတူ ရှိနေသည်။စွန့်ပစ်ထားသော အဆိပ် ဓာတ်ငွေ့ စက်ရုံဟောင်းသို့ သွားရောက်ကြည့်ရှုနိုင်ကြသကဲ့သို့ ယုန်ချစ်သူများလည်း ယုန်များကို လာရောက်ကြည့်ရှု နိုင်ကြသဖြင့် ခရီးသွားများ အမြဲလာရောက်လည်ပတ်လျက်ရှိနေပေသည်။

သင်္ဘောပျက်များနှင့် မြင်းရိုင်းကျွန်း

နိုဗာစကိုရှာကမ်းခြေမှ မိုင် ၁၀၀ ကမ်းလွန်ဒေသရှိ ဆေဗယ် ဟု အမည်ပေးထားသော ကျွန်းသည် အတ္တလန်တစ်သင်္ချိုင်း ဟု ထင်ရှားသည်။ ထိုကျွန်းသည် ၄၂ ကီလိုမီတာ ရှည်လျား၍ ၁.၅ ကီလိုမျှသာ ကျယ်ဝန်းသော်လည်း သင်္ဘောပျက် ၄၇၅ စင်း ရှိနေပြီး ကျွန်းပေါ်တွင် မြင်းရိုင်း အကောင် ၄၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိနေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သင်္ဘောသားများ ကျွန်းပေါ်တွင် ထားရစ်ခဲ့သော မြင်းများ နှင့် သဲကမ်းပါးများတစ်လျောက် သင်္ဘောများ ပျက်ကြရာမှ ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့ကြသော မြင်းများသည် ကျွန်းပေါ်တွင် အသက်ရှင်သန် ပေါက်ပွားလာခဲ့ကြသည်။

ကျွန်းပေါ်တွင် မည်သည့် အပင်ကြီးမှ မရှိဘဲ ပင်လယ်မြက်များ မြက်များကိုရှင်သန်စေသည့် မိုးရေများသာရှိနေသည်။ ဆေဗယ်ကျွန်းပေါ်တွင် မည်သူမျှ အမြဲတစေ အခြေချနေထိုင်ခြင်းမရှိသော်လည်း တစ်ခါတစ်ရံတွင် သင်္ဘောများ ပျက်ရာမှ ရောက်ရှိလာကြသောသင်္ဘောသားများ၊ ထောင်ဒဏ်တစ်ကျွန်းကျခံရသော တရားခံများ ၊ပင်လယ်ဓါးမြများသာ ရောက်လာလေ့ ရှိကြသည်။ သို့သော်လည်း ၂၀၁၃ ခုနှစ် ၊ ဇွန်လ ၂၀ ရက်တွင် ဆေဗယ်ကျွန်းသည် ကနေဒါနိုင်ငံ၏ ၄၃ ခုမြောက် အမျိုးသား ဥယျာဉ်ဖြစ် လာခဲ့ပေသည်။

စွန့်ပစ်ခံ အရုပ်များကျွန်း

မက္ကဆီကို မြို့တော်အနီး ဇိုချီမိကို တူးမြောင်းအနီးတွင် အရုပ်ကျွန်းဟု လူသိများသည့်(La Isla de las Munecas) ကျွန်း ရှိသည်။ ထိုကျွန်းပေါ်တွင် ဇိုချီမိကို တူးမြောင်းအတွင်း ထူးဆန်းစွာသေဆုံးခဲ့သော မိန်းကလေးငယ်တစ်ယောက်ကို ရည်စူးဖွင့်လှစ် ထားသော ဘုရားဝတ်ပြုကျောင်းတစ်ခု ရှိသည်။ ၁၉၅၀ ပြည်ု့နှစ်ဝန်းကျင်က ထိုကျွန်းတွင်နေထိုင်ခဲ့သူ ဒွန်ဂျူလီယံဆိုသူသည်မက္ကဆီကိုမြို့တော် လမ်းများပေါ်တွင် ထာဝရ ဘုရားရှင်၏ စကားတော်များဝေငှသည်ဟုဆိုကာဟုဆိုကာ လိုက်လံဟောပြောခဲ့သည်။

ထိုစဉ်ကာလများက ဘာသာရေးအယူဝါဒ ထုံးတမ်းများအရ ဆီများဖြင့် သုတ်လိမ်းကာ ဘိသိက်မြှောက်ခံထားရသူများသာ ဘုရားစကားကိုဟောပြောနိုင်သည်ဟု ယူဆကြ သဖြင့် ဒွန်ဂျူလီယံ အား ကြိမ်ဖန်များစွာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး မကောင်းဆိုးဝါးများထွက်သွားစေရန် ဟုဆိုကာ ဒွန်ဂျူလီယံ၏ ခန္ဓာကိုယ်အား အရုပ် ဖုန်ခြစ်တံဖြင့် ခြစ်ပေးခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒွန်ဂျူလီယံသည် ဇနီးနှင့် သားသမီးများကို စွန့်ပစ်ခဲ့ကာ ကျွန်း တွင် အနှစ်ငါးဆယ်ကျော် သွားရောက်နေထိုင်ခဲ့သည်။

ဇိုချီမိကို တူးမြောင်းအတွင်း မိန်းကလေးငယ် ရေနစ်ခြင်းကို သက်သေမပြနိုင်ခဲ့သော်လည်း ဒွန်ဂျူလီယံသည် မိန်းကလေးငယ် သေဆုံးပြီးနောက်ပိုင်းဝယ် မကောင်းဆိုးဝါးများကို ထိန်းသိမ်းထားနိုင်ရန် အရုပ်များကို စုဆောင်းချိတ်ဆွဲထားခဲ့သည်ဟု ဆို သည်။ ဒွန်ဂျူလီယံသည် ၂၀၀၁ ခုနှစ်တွင် ကျွန်းအနီးရှိ ဇိုချိမီကို တူးမြောင်းအတွင်း ရေနစ်သေဆုံးခဲ့သည်။ ဒွန်ဂျူလီယံသည် သူ မသေဆုံးမီက ထို ဇိုချိမီကို တူးမြောင်းအတွင်း မိန်းကလေးငယ် သေဆုံးခဲ့သည်ဟု ထပ်တလဲလဲပြောခဲ့သည်။ ဒွန်ဂျူလီယံ ကွယ်လွန် ပြီးနောက် သူ၏ သားဖြစ်သူက ဖခင်ဖြစ်သူ စုဆောင်းထားခဲ့သော အရုပ်များကို ထိန်းသိမ်းကာ ကျွန်းသို့ လာရောက် လည်ပတ်ကြ သော ကမ္ဘာလှည့် ခရီးသည်များကိုပြသပေးလျက်ရှိသည်။

အဆိပ်ပြင်းမြွေကျွန်း

အဆိပ်ပြင်းသည့်မြွေများ နေထိုင်ကျက်စားနေသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းသည် ဘရာဇီးလ်နိုင်ငံမြို့တော် မှ မိုင် ၉၀ အကွာတွင် ရှိသည်။မြွေကျွန်းဟု လူသိများသည့် ထိုကျွန်းပေါ်သည် ၁၀၆ ဧကကျယ်ဝန်းကာ ထိုကျွန်း၏ နေရာအနှံ့တွင် မြွေများ အကောင် နှစ်ထောင်မှ ငါးထောင်အထိနေထိုင် ကျက်စားနေကြသည်။ ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်တစ်မျိုး ဖြစ်သည့် ရွှေရောင်လှံဖျားခေါင်း မြွေပွေး(Bothrops insularis) သည် ကျွန်းပေါ်တွင် အများဆုံးနေထိုင်ကျက်စားကြသည်။

ရွှေရောင်လှံဖျားခေါင်း မြွေပွေး၏ အဆိပ်သည် အခြားကုန်းတွင်းအဆိပ်ပြင်းမြွေဆိပ်များထက် သုံးဆမှ ငါးဆအထိ ပြင်းထန် ကာ လူ့အသားများကို အရည်ဖြစ်သွားစေနိုင်သည်ဟု ဆိုကြသည်။ မြွေများသည် ကျွန်းသို့ ရောက်လာကြသော ငှက်များကို စားသုံး ကာ ရှင်သန်ကြသည်။ ငှက်အများစုတို့သည် တစ်နေရာမှ တစ်နေရာသို့ပျံသန်းရွှေ့ပြောင်းကြရာတွင် ဂရန်ဒီကျွန်းတွင် နားခို လေ့ ရှိကြ သဖြင့် ရွှေရောင်လှံဖျားခေါင်း မြွေပွေးများအတွက် အစာရေစာ ဖူလုံစွာရရှိပြီး မြွေအကောင်ရေ တိုးတက်များပြား လျက်ရှိ နေ သည်။ ဘရာဇီးလ်နိုင်ငံ ရေတပ်မတော်က ထိုကျွန်းသို့ သွားရောက်ခွင့်ကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားသော်လည်း မြွေဆိပ် အန္တရာယ်ကိုသုတေသနပြုကြသည့် အချို့သော သိပ္ပံပညာရှင်များကိုမူ ခြွင်းချက်ဖြင့် သွားရောက်ခွင့်ပြုထားသည်။

မနှစ်မြို့စရာ သုခဘုံ

ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင်ရှိသော ပါမိုင်ရာသည် မှင်သက်မိလောက်အောင် ဆွဲဆောင်မှုကောင်းသော အလှအပများဖြင့် ပြည့်စုံသည့် ချမ်းမြေ့ဖွယ်သုခဘုံလေးတစ်ခုအဖြစ်ထင်ရှားသကဲ့သို့ မကောင်းဆိုးဝါးများ နှိုးဆွနေသည့် နေရာ တစ်ခု အဖြစ်လည်း လူသိများပေသည်။ စင်စစ်အားဖြင့် ပါမိုင်ရာသည် သန္တာကျောက်တန်းကျွန်းစု တစ်ခုမျှသာ ဖြစ်ပေသည်။ ကျွန်း၏ အလယ်တွင်ရေ အောက်၌ မြုပ်နေသည့်ရှေးဟောင်း မီးတောင်၀ တစ်ခုကို သန္တာကျောက်တန်းများက ဝိုင်းရံထားသည်။

ဟာဝိုင်ယီကျွန်းနှင့် ဆာမိုယာ ကြားတွင် ရှိနေသည့် ပါမိုင်ရာသည် လူသားများ အတည်တကျ အခြေချနေထိုင်ခြင်းမရှိသည့် တောရိုင်းမြေတစ်ခု လည်း ဖြစ်သည်။ ၁၇၉၈ ခုနှစ်တွင် တွေ့ရှိခဲ့သော ပါမိုင်ရာသည် သဘာဝလွန် ဖြစ်ရပ်များ၊ ထိတ်လန့်ဖွယ် အတွေ့အကြုံများ၊ ရှင်းမပြနိုင် သည့် အဖြစ်ထူး များနှင့် ပြည့်နေခဲ့ပေသည်။ ၁၉၇၇ ခုနှစ်တွင် ပါမိုင်ရာကျွန်းသို့ ရောက်ရှိခဲ့သော ရွက်လှေစီးသမား ရစ်ချတ်တေလာက ပါမိုင်ရာသည် တစ္ဆေကျွန်းဟူသည် ထက်ပင် ပိုလွန်ကြောင်းပြောဆိုခဲ့သည်။ ယခုအခါ၌ ပါမိုင်ရာကျွန်းပေါ်သို့ ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင်အချို့သာ တစ်ခါတစ်ရံလာရောက်လေ့ရှိကြသည်။

သန်းကြွယ် ကဏန်းကျွန်း

အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ဩစတြေလျ ရေပိုင်နက်အတွင်းရှိ ခရစ္စမတ်ဟု အမည်ပေးထားသောကျွန်းကို ၁၆၄၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ ၁၃၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ခရစ္စမတ်ကျွန်း၏ ၆၃ ရာခိုင်နှုန်းကို ဩစတြေလျနိုင်ငံ အမျိုးသား ဥယျာဉ်ကစောင့်ရှောက်ထားသည်။ ထိုကျွန်းတွင် နေထိုင်ကျက်စားလျက်ရှိသည့် ကဏန်းနီများ၏ သဘာ၀ သစ်တောအတွင်းဂေဟ စနစ်ကို ထိန်းသိမ်းထားခြင်းလည်းဖြစ်ပေသည်။ ကျွန်းပေါ်ရှိ ကဏန်း မျိုးစိတ် ၁၄ ခုရှိသည့် အနက် တွင် ကဏန်းနီတို့က အများဆုံးဖြစ်သည်။

သာမာန် အချိန်များတွင် ယင်းတို့သည် သစ်တောအတွင်း ကျင်းများတွင်နေထိုင်ကြသော်လည်း မိုးရာသီရောက်လျှင် ပင်လယ်ပြင်သို့ ဥဥရန် ထွက်ခွာသွားကြမြဲဖြစ်ပေသည်။ နှစ်စဉ် ပင်လယ်ပြင်သို့ ထွက်ခွါကြသည့် ကဏန်းများသည် ကောင်ရေ သန်း ၁၂၀ နီးပါးရှိသည်။ ပင်လယ်ပြင် သို့ရောက်ရှိရန် ကျင်းများမှ ၅ မိုင် ကျော် ကုန်းလမ်းခရီးကို သွားကြရသဖြင့် သစ်တောအတွင်းမှ ပုရွက်ဝါများ၏ တိုက်ခိုက်မှုများနှင့် ရေဓာတ်ဆုံးရှုံးမှုများ ကြောင့် ကဏန်းနီများ အများအပြားသေဆုံးကြရသည်။

ကဏန်းများသည် ပင်လယ်အတွင်းသို့ရောက်သည်နှင့် မိတ်လိုက်ကြကာ အဖိုများက သစ်တောသို့ ပြန်လာကြသည်။ အမများက ပင်လယ်တွင်းမှာပင် သန်းနှင့် ချီသော ကဏန်းပေါက်များကို ပေါက်ဖွားကာ မသေပဲကျန်ရှိသော ကဏန်းများနှင့် အတူ ခရစ္စမတ်ကျွန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ဤသို့ဖြင့် ဂေဟစနစ်သည်သစ်တောအတွင်းပုံမှန် လည်ပတ်လျက်ရှိနေ ပေ သည်။

မီးတောင်ထိပ်ဝကျွန်း

ဖိလိပိုင်နိုင်ငံတွင် အလွန် ထူးခြားသည့် ကျွန်းတစ်ကျွန်းရှိရာ ထိုကျွန်းသည် သက်ရှိ မီးတောင်တစ်ခု၏ အဝတွင်ရှိနေသည်။ လူဇုန်ကျွန်းရှိ တာအယ်လ် ဟု အမည်ပေးထားသော မီးတောင်အိုင်တစ်ခုအတွင်းရှိနေသည့် ထိုကျွန်းကို ဖိလစ်ပိုင်တို့က ဗာလကန် ဟု ခေါ်ကြသည်။တာအယ်လ် သည် အကြိမ်ပေါင်း ၃၃ ကြိမ် ပေါက်ခဲ့ဖူးသော မီးတောင်တစ်ခုဖြစ်သည်။ဖိလိပိုင်နိုင်ငံတွင် ဒုတိယ အကြိမ်အများဆုံးပေါက်ကွဲခဲ့ဖူးသော သက်ရှိမီးတောင်တစ်ခုလည်းဖြစ်သည်။

မီးတောင်၏ ထိပ်ဝတွင် ဇလုံနှင့်တူသော ချိုင့်ခွက်တစ်ခုရှိကာ ထို ချိုင့်ခွက်ထဲတွင် ရေများရှိနေပြီး ထိပ်ဝက ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် မီးတောင် ထိပ်ရှိ ရေအိုင်များထဲတွင် အကြီးဆုံးဖြစ်ပေသည်။ ယင်းရေအိုင်၏ အလယ်တွင် သေးငယ်သော ဗာလကန်ကျွန်းက တည်ရှိ နေသဖြင့် ဗာလကန်ပွိုင့်(Valcan Point)ဟုခေါ်ကြသည်။ ဗာလကန်သည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်ရှိ ကန်တစ်ကန်အတွင်းမှ ကျွန်းတစ်ကျွန်းအဖြစ် ထင်ရှားလျက်ရှိသည်။

ကြောင်ကံကောင်းတို့ကျွန်း

တာရှီရိုဂျီမာကျွန်းကို ကြောင်ကျွန်းဟု လူသိများကြသည်။ ဂျပန်နိုင်ငံ ၊ မီယာဂျီ စီရင်စု၊အိရှိနိုမာကီ မြို့အနီးတွင် တည်ရှိ သည်။ကျွန်းပေါ်တွင် လူနေအိမ်ခြေ ၁၀၀ ကျော်ရှိပြီး အများစုမှာ သက်တမ်းနှစ် ၆၀ ကျော်နေသည့် အိမ်များဖြစ် သည်။ တာရှီရိုဂျီမာ ကျွန်း မှ အိမ်များကို ကြောင်များကသာ အများဆုံးပိုင်ဆိုင်ထားကြသည်။ ဂျပန်နိုင်ငံ သမိုင်းတွင် ၁၈ ရာစု အလယ်မှ ၁၉ ရာစုအလယ် အတွင်း ၊ အီဒို ခေတ်တွင် ကြောင်များ ထိုကျွန်းသို့ စတင်ရောက်ရှိလာခဲ့ကြသည်။

ထိုစဉ်က ကျွန်းပေါ်တွင် ပိုးစာပင်များ စိုက်ပျိုးခဲ့ရာ ကြွက်များကို နှိမ်နှင်းရန် စိုက်ပျိုးရေးသမားများက ကြောင်များကို သယ်ယူလာခဲ့ကြသည်။ကျွန်းပေါ်တွင် ပိုးစာပင်စိုက်ပျိုးခြင်းလုပ်ငန်း များရပ် ဆိုင်းသွားချိန်တွင် ကြောင်များ အမြောက်အများ ကျန်ရစ်နေခဲ့သည်။ထိုအချိန်မှစ၍ ကျွန်းပေါ်တွင် လူဦးရေ နည်းပါးသွား သော်လည်း ကြောင်ကောင်ရေမှာမူ များစွာတိုးတက်ခဲ့သည်။ ယခုအခါတွင် တာရှီရိုဂျီမာကျွန်းသည် ငါးဖမ်းလုပ်ငန်း ဖြစ်ထွန်းလျက်ရှိရာ ငါးဖမ်းသများများက ကြောင်များကို အစာကျွေး မွေးမြူထားကြသည်။

ကြောင်များကို အစာကျွေးမွေးခြင်းသည် ကံကောင်းစေသည်ဟု ငါးဖမ်းသမားများက ယုံကြည်ကြသည့်အပြင် ယင်းတို့၏ ကြောင်များအတွက် ဘုရားဝတ်ပြုဆောင်တစ်ခုကိုပင် ဆောက်လုပ်ထားပေသည်။ နှစ်စဉ် ဧပြီလနှင့် နိုဝင်ဘာလများတွင် ကမ္ဘာလှည့် ခရီးသည်များကို တာရှီရိုဂျီမာကျွန်းသို့ လာရောက်လည်ပတ်ခွင့်ပြုထားသည်။ ကြောင်ပုံစံ အိမ်ခန်းများတွင် တစ်ညတာ တည်းခိုခွင့်ပြုသည်။ သို့သော် အရေးကြီးသော ကန့်သတ်ချက်မှာမူ ခွေးများကို လုံး၀ ခေါ်ဆောင်မလာရန် ဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
သုတစွယ်စုံမဂ္ဂဇင်း

Leave a Reply