ကေနဒါက ေျခတစ္ဖက္နဲ႔ သူရဲေကာင္း အေျပးသမားေလး

Posted on

Terry Fox ကုိ ကေနဒါႏုိင္ငံ မနီတုိဗားျပည္နယ္ ၀င္နီပက္ၿမဳိ႕မွာေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းက အားကစားမွာထူးခြ်န္ၿပီး ေက်ာင္းသားဘ၀တစ္ေလွ်ာက္လုံး ဘတ္စကတ္ေဘာ အားကစားသမား ၊ မာရသြန္အေျပးသမား ျဖစ္ခဲ့ၿပီးၿပဳိင္ပြဲေပါင္းမ်ားစြာမွာ ဆုတံဆိပ္ေတြရရွိခဲ့ပါတယ္။ ဒါေပမယ့္ Terry အသက္ ၁၈ႏွစ္အရြယ္ေရာက္တဲ့အခါမွာေတာ့ သူ႔မွာ အရုိးကင္ဆာ ေရာဂါျဖစ္ေနတာကုိ စစ္ေဆးေတြ႔ရွိခဲ့ရပါတယ္။

ေျခေထာက္တစ္ဖက္ေကာင္းေကာင္းအလုပ္မလုပ္ေတာ့တာေၾကာင့္ ၀ွီးခ်ဲေပၚေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ အားကစားကုိခ်စ္တဲ့ Terry ဟာ ၀ွီးခ်ဲနဲ႔အတူ ဘတ္စကတ္ေဘာၿပဳိင္ပြဲ ၀င္ၿပဳိင္ခဲ့ပါေသးတယ္။ တျဖည္းျဖည္းနဲ႔ ကင္ဆာဟာ ပုိမုိဆုိးရြားလာခဲ့ၿပီး ၁၉၇၇ခုႏွစ္မွာေတာ့ Terry ရဲ႕ ညာဘက္ေျခေထာက္ကုိ ဒူးေခါင္းအေပၚဘက္ ၆လက္မခန္႔အထိ ျဖတ္ပစ္ခဲ့ရပါတယ္။ ေျခအတုတစ္ဖက္တပ္ကာ အားကစားကုိ ဆက္လုပ္ေနခဲ့ၿပီး ၀ွီးခ်ဲဘတ္စကတ္ေဘာၿပဳိင္ပြဲမွာလည္း ႏုိင္ငံအတြက္ ခ်န္ပီယံဆု ၃ခုကိုလည္း ရရွိေအာင္စြမ္းေဆာင္ေပးခဲ့ပါေသးတယ္။

Terry Fox ရဲ႕ ေျခတုကုိ ထိမ္းသိမ္းျပသထား

ေဆးရုံတက္ေနစဥ္အတြင္းမွာ Terry ဟာ မ်ားျပားလွစြာေသာ ကင္ဆာေ၀ဒနာရွင္ေတြေရာဂါခံစားေနရတာကို ေတြ႔ျမင္ခဲ့ရပါတယ္။ အဲဒီထဲက အမ်ားစုဟာ ငယ္ရြယ္တဲ့ကေလးငယ္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ Terry ဟာ ကင္ဆာေ၀ဒနာရွင္ေတြကုိေထာက္ပံ့ႏုိင္ဖုိ႔ နဲ႔ ကင္ဆာသုေတသနအတြက္ ကေနဒါႏုိင္ငံကုိျဖတ္ေျပးၿပီး ရန္ပုံေငြရွာဖုိ႔ စိတ္ကူးခဲ့ပါတယ္။ သူ႔ရဲ႕ေျပးမယ့္ခရီးကုိ ေမွ်ာ္လင့္ခ်က္မာရသြန္(Marathon of Hope)လုိ႔ အမည္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ေျပးပြဲအတြက္ ကေနဒါတစ္ႏုိင္ငံလုံးမွာရွိတဲ့ လူေပါင္း ၂၄သန္းကို ၁ေယာက္ ၁ေဒၚလာစီထည့္ဖုိ႔ ေတာင္းဆုိလုိက္ပါတယ္။

အဲဒီေနာက္ေတာ့ အသက္၂၁ႏွစ္အရြယ္သာရွိေသးတဲ့ Terry ဟာ ၁၉၈၀ခုႏွစ္ ဧၿပီလ ၁၂ရက္ေန႔မွာ ေျခတုတပ္ၿပီး စေျပးခဲ့ပါတယ္။ ေျခေထာက္တစ္ဖက္တည္းနဲ႔ အလြန္နာက်င္ေပမယ့္ ဒီနာက်င္မႈဟာ Terry ရဲ႕ စိတ္အားထက္သန္မႈကို မတားဆီးႏုိင္ခဲ့ပါဘူး။ အစပုိင္းမွာေတာ့ လူစိတ္၀င္စားမႈနည္းတဲ့အတြက္ ေမွ်ာ္လင့္ထားသေလာက္ ရန္ပုံေငြမရွာႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ တျဖည္းျဖည္းလူသိမ်ားလာခဲ့ၿပီးတဲ့ေနာက္ ႏုိင္ငံေခါင္းေဆာင္မ်ား ၊ လုပ္ငန္းရွင္မ်ားကပါ စိတ္၀င္စားလာၾကၿပီး သူေျပးတဲ့လမ္းတစ္ေလွ်ာက္မွာ အလွဴေငြမ်ားထည့္၀င္လာၾကပါတယ္။

ဗစ္တုိးရီးယားက Terry Fox ရုပ္တု

သူဟာ ကေနဒါရဲ႕ အတၱလန္တစ္ေဒသေတြျဖစ္တဲ့ ကီြးဘက္ နဲ႔ အြန္ေတရီယုိေဒသေတြကို ျဖတ္ေပးခဲ့ပါတယ္။ တစ္ေန႔ကို ၂၆မုိင္ႏႈန္းနဲ႔ေျပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ စက္တင္ဘာလ ၁ရက္ေန႔ Terry ဟာ အြန္ေတရီယုိရဲ႕ Thunder ပင္လယ္ေအာ္အေရာက္မွာေတာ့ မခံမရပ္ႏုိင္ေအာင္နာက်င္လာတဲ့အတြက္ ေျပးျခင္းကို ရပ္တန္႔ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ကင္ဆာပုိးဟာ အဆုတ္အထိပ်ံ႔ႏွံ႔သြားၿပီျဖစ္ပါတယ္။ သူဟာရက္ေပါင္း ၁၄၃ရက္ေျပးခဲ့ၿပီး မုိင္ေပါင္း ၃၃၃၉မုိင္ ခရီးကိုေရာက္ခဲ့ပါတယ္။ သူဟာ မၿပီးေသးတဲ့သူ႔ရဲ႕ခရီးကုိ အႀကိမ္ႀကိမ္ဆက္ဖုိ႔ႀကဳိးစားခဲ့ေပမယ့္ ေရာဂါဟာပုိမုိဆုိးရြားလာခဲ့ၿပီး ၉လအၾကာ ၁၉၈၁ခုႏွစ္ ဇြန္လ ၂၈ရက္ေန႔ မွာေတာ့ Terry ေသဆုံးခဲ့တဲ့အတြက္ တစ္ႏုိင္ငံလုံး၀မ္းနည္းခဲ့ရပါတယ္။

Terry fox ေျပးခဲ့ရာလမ္းေၾကာင္း
Thunder Bay အေရာက္ ဆက္မေျပးႏုိင္ေတာ့

ကေနဒါအစုိးရက Terry ရဲ႕ သူရဲေကာင္းဆန္တဲ့လုပ္ေဆာင္ခ်က္ေၾကာင့္ ၁ေဒၚလာ ေငြဒဂၤါးမွာ Terry ရဲ႕ရုပ္ပုံကုိထည့္သြင္းၿပီး သြန္းလုပ္ေစခဲ့ပါတယ္။ ေသဆုံးသြားတဲ့အတြက္ အားလုံး၀မ္းနည္းျခင္းအထိမ္းအမွတ္အေနနဲ႔ တစ္ႏုိင္ငံလုံးက အစုိးရရုံးေတြ အလံတစ္၀က္ခ်ေပးခဲ့ပါတယ္။ the Order of Canada ဆုိတဲ့ ကေနဒါရဲ႕ အျမင့္ဆုံးဆုကိုလည္း ဂုဏ္ျပဳခ်ီးျမွင့္ခဲ့ပါတယ္။ သူ႔ရဲ႕ Marathon of Hope ေျပးပြဲကေန ေဒၚလာ ၂၄သန္း ရရွိခဲ့ၿပီး ကင္ဆာေဖာင္ေဒးရွင္းအတြက္ ေထာက္ပံ့ႏုိင္ခဲ့ပါတယ္။

သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ Terry Fox Run ဆုိတဲ့အမည္နဲ႔ မာရသြန္ေျပးပြဲကို ကေနဒါမွာ က်င္းပေပးခဲ့ၿပီး ႏုိင္ငံေပါင္း ၆၀ေက်ာ္က လူေပါင္းမ်ားစြာ ၀င္ေရာက္ယွဥ္ၿပဳိင္ၾကပါတယ္။ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလမွာေတာ့ သူ႔နာမည္နဲ႔ ကင္ဆာေဖာင္ေဒးရွင္းဟာ ေဒၚလာ သန္း၇၅၀ အထိ အလွဴေငြေတြရရွိခဲ့ၿပီး ကင္ဆာသုေတသန နဲ႔ ကင္ဆာေ၀ဒနာရွင္မ်ားကုိ ေထာက္ပံ့ေနႏုိင္ၿပီျဖစ္ပါတယ္။ သူစြမ္းေဆာင္ခဲ့တဲ့ ေအာင္ျမင္မႈအသီးအပြင့္ေတြကုိေတာ့ လူငယ္ေလးဟာ ျမင္ေတြ႔ မသြား လုိက္ရရွာပါဘူး။

ႀကဳိးစားရင္ ဘာမဆုိျဖစ္လာႏုိင္တယ္ဆုိတာ လူေတြကုိ သိေစခ်င္ရုံေလးပါ။ အိပ္မက္ဆုိတာ ႀကဳိးစားၿပီး လက္ေတြ႔အေကာင္အထည္ေဖာ္မွသာ ျဖစ္လာႏုိင္တဲ့အရာပါ။ ကြ်န္ေတာ့္လုိလူကေတာင္ လုပ္ႏုိ္င္ေသးရင္ ခင္ဗ်ားက ပုိလုပ္ႏုိင္ရမွာေပါ့။
Terry Fox

သူ႔ရဲ႕ခရီးစဥ္အဆုံးသတ္ရာ Thunder Bay မွာရွိတဲ့ အထိမ္းအမွတ္ရုပ္တု


ကနေဒါက ခြေတစ်ဖက်နဲ့ သူရဲကောင်း အပြေးသမားလေး (unicode)

Terry Fox ကို ကနေဒါနိုင်ငံ မနီတိုဗားပြည်နယ် ဝင်နီပက်မြို့မှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အားကစားမှာထူးချွန်ပြီး ကျောင်းသားဘဝတစ်လျှောက်လုံး ဘတ်စကတ်ဘော အားကစားသမား ၊ မာရသွန်အပြေးသမား ဖြစ်ခဲ့ပြီးပြိုင်ပွဲပေါင်းများစွာမှာ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ ဒါပေမယ့် Terry အသက် ၁၈နှစ်အရွယ်ရောက်တဲ့အခါမှာတော့ သူ့မှာ အရိုးကင်ဆာ ရောဂါဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ခြေထောက်တစ်ဖက်ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဝှီးချဲပေါ်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အားကစားကိုချစ်တဲ့ Terry ဟာ ဝှီးချဲနဲ့အတူ ဘတ်စကတ်ဘောပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။ တဖြည်းဖြည်းနဲ့ ကင်ဆာဟာ ပိုမိုဆိုးရွားလာခဲ့ပြီး ၁၉၇၇ခုနှစ်မှာတော့ Terry ရဲ့ ညာဘက်ခြေထောက်ကို ဒူးခေါင်းအပေါ်ဘက် ၆လက်မခန့်အထိ ဖြတ်ပစ်ခဲ့ရပါတယ်။ ခြေအတုတစ်ဖက်တပ်ကာ အားကစားကို ဆက်လုပ်နေခဲ့ပြီး ဝှီးချဲဘတ်စကတ်ဘောပြိုင်ပွဲမှာလည်း နိုင်ငံအတွက် ချန်ပီယံဆု ၃ခုကိုလည်း ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါသေးတယ်။

ဆေးရုံတက်နေစဉ်အတွင်းမှာ Terry ဟာ များပြားလှစွာသော ကင်ဆာဝေဒနာရှင်တွေရောဂါခံစားနေရတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီထဲက အများစုဟာ ငယ်ရွယ်တဲ့ကလေးငယ်တွေဖြစ်ပါတယ်။ ဒါကြောင့် Terry ဟာ ကင်ဆာဝေဒနာရှင်တွေကိုထောက်ပံ့နိုင်ဖို့ နဲ့ ကင်ဆာသုတေသနအတွက် ကနေဒါနိုင်ငံကိုဖြတ်ပြေးပြီး ရန်ပုံငွေရှာဖို့ စိတ်ကူးခဲ့ပါတယ်။ သူ့ရဲ့ပြေးမယ့်ခရီးကို မျှော်လင့်ချက်မာရသွန်(Marathon of Hope)လို့ အမည်ပေးခဲ့ပါတယ်။ သူ့ရဲ့ပြေးပွဲအတွက် ကနေဒါတစ်နိုင်ငံလုံးမှာရှိတဲ့ လူပေါင်း ၂၄သန်းကို ၁ယောက် ၁ဒေါ်လာစီထည့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီနောက်တော့ အသက်၂၁နှစ်အရွယ်သာရှိသေးတဲ့ Terry ဟာ ၁၉၈ဝခုနှစ် ဧပြီလ ၁၂ရက်နေ့မှာ ခြေတုတပ်ပြီး စပြေးခဲ့ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့ အလွန်နာကျင်ပေမယ့် ဒီနာကျင်မှုဟာ Terry ရဲ့ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။ အစပိုင်းမှာတော့ လူစိတ်ဝင်စားမှုနည်းတဲ့အတွက် မျှော်လင့်ထားသလောက် ရန်ပုံငွေမရှာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းလူသိများလာခဲ့ပြီးတဲ့နောက် နိုင်ငံခေါင်းဆောင်များ ၊ လုပ်ငန်းရှင်များကပါ စိတ်ဝင်စားလာကြပြီး သူပြေးတဲ့လမ်းတစ်လျှောက်မှာ အလှူငွေများထည့်ဝင်လာကြပါတယ်။

သူဟာ ကနေဒါရဲ့ အတ္တလန်တစ်ဒေသတွေဖြစ်တဲ့ ကွီးဘက် နဲ့ အွန်တေရီယိုဒေသတွေကို ဖြတ်ပေးခဲ့ပါတယ်။ တစ်နေ့ကို ၂၆မိုင်နှုန်းနဲ့ပြေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ၁ရက်နေ့ Terry ဟာ အွန်တေရီယိုရဲ့ Thunder ပင်လယ်အော်အရောက်မှာတော့ မခံမရပ်နိုင်အောင်နာကျင်လာတဲ့အတွက် ပြေးခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ အကြောင်းကတော့ သူ့ရဲ့ကင်ဆာပိုးဟာ အဆုတ်အထိပျံ့နှံ့သွားပြီဖြစ်ပါတယ်။ သူဟာရက်ပေါင်း ၁၄၃ရက်ပြေးခဲ့ပြီး မိုင်ပေါင်း ၃၃၃၉မိုင် ခရီးကိုရောက်ခဲ့ပါတယ်။ သူဟာ မပြီးသေးတဲ့သူ့ရဲ့ခရီးကို အကြိမ်ကြိမ်ဆက်ဖို့ကြိုးစားခဲ့ပေမယ့် ရောဂါဟာပိုမိုဆိုးရွားလာခဲ့ပြီး ၉လအကြာ ၁၉၈၁ခုနှစ် ဇွန်လ ၂၈ရက်နေ့ မှာတော့ Terry သေဆုံးခဲ့တဲ့အတွက် တစ်နိုင်ငံလုံးဝမ်းနည်းခဲ့ရပါတယ်။

ကနေဒါအစိုးရက Terry ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ဆောင်ချက်ကြောင့် ၁ဒေါ်လာ ငွေဒင်္ဂါးမှာ Terry ရဲ့ရုပ်ပုံကိုထည့်သွင်းပြီး သွန်းလုပ်စေခဲ့ပါတယ်။ သေဆုံးသွားတဲ့အတွက် အားလုံးဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးက အစိုးရရုံးတွေ အလံတစ်ဝက်ချပေးခဲ့ပါတယ်။ the Order of Canada ဆိုတဲ့ ကနေဒါရဲ့ အမြင့်ဆုံးဆုကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ သူ့ရဲ့ Marathon of Hope ပြေးပွဲကနေ ဒေါ်လာ ၂၄သန်း ရရှိခဲ့ပြီး ကင်ဆာဖောင်ဒေးရှင်းအတွက် ထောက်ပံ့နိုင်ခဲ့ပါတယ်။

သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Terry Fox Run ဆိုတဲ့အမည်နဲ့ မာရသွန်ပြေးပွဲကို ကနေဒါမှာ ကျင်းပပေးခဲ့ပြီး နိုင်ငံပေါင်း ၆၀ကျော်က လူပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာတော့ သူ့နာမည်နဲ့ ကင်ဆာဖောင်ဒေးရှင်းဟာ ဒေါ်လာ သန်း၇၅၀ အထိ အလှူငွေတွေရရှိခဲ့ပြီး ကင်ဆာသုတေသန နဲ့ ကင်ဆာဝေဒနာရှင်များကို ထောက်ပံ့နေနိုင်ပြီဖြစ်ပါတယ်။ သူစွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုအသီးအပွင့်တွေကိုတော့ လူငယ်လေးဟာ မြင်တွေ့ မသွား လိုက်ရရှာပါဘူး။

ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာ လူတွေကို သိစေချင်ရုံလေးပါ။ အိပ်မက်ဆိုတာ ကြိုးစားပြီး လက်တွေ့အကောင်အထည်ဖော်မှသာ ဖြစ်လာနိုင်တဲ့အရာပါ။ ကျွန်တော်လိုလူကတောင် လုပ်န်ိုင်သေးရင် ခင်ဗျားက ပိုလုပ်နိုင်ရမှာပေါ့။
Terry Fox

Leave a Reply