၀ွီးခ်ဲကုိ စြမ္းအားျမင့္ယာဥ္အျဖစ္သို႔ေျပာင္းေပးမယ့္ နည္းပညာတစ္ခု

Posted on

နည္းပညာေတြတိုးတက္လာတာနဲ႔အမွ် ေန႔တုိင္းမွာ နည္းပညာထုတ္ကုန္ေတြ တစ္ခုၿပီးတစ္ခု ထြက္ရွိလွ်က္ရွိပါတယ္။ ဒီထြက္ရွိတဲ့အထဲမွာ လူသားေတြကို အက်ဳိးျဖစ္ေစမယ့္အရာေတြပါရွိသလုိ အက်ဳိးမျဖစ္ေစတဲ့အရာေတြလည္းပါ၀င္ပါတယ္။ အခုထြက္ရွိလာတဲ့အရာကေတာ့ အက်ဳိးျဖစ္ေစမယ့္ အရာတစ္ခုပါ။ ဒါကေတာ့ ရုိးရုိး၀ွီးခ်ဲလ္တစ္ခုကုိ ပါ၀ါျမင့္ယာဥ္တစ္ခုအျဖစ္ကိုေျပာင္းေပးမယ့္ ပစၥည္းတစ္ခုျဖစ္ပါတယ္။ ဒီပစၥည္းကိုသုံးလုိက္ျခင္းအားျဖင့္ မသန္စြမ္းသူေတြဟာ သြားခ်င္တဲ့ေနရာကုိ လြယ္ကူသက္သာစြာ ေရြ႕လ်ားႏုိင္မွာျဖစ္ပါတယ္။

ဒီပစၥည္းကိုေတာ့ အေမရိကန္ႏုိင္ငံက Rio Mobility ကေနထုတ္လုပ္ေရာင္းခ်တာျဖစ္ၿပီး Firefly လုိ႔အမည္ေပးထားတဲ့ လွ်ပ္စစ္လက္ကုိင္ဆုိင္ကယ္ေလး ျဖစ္ပါတယ္။ ဒီပစၥည္းကုိ မည္သည့္၀ွီးခ်ဲမွာမဆုိ တပ္ဆင္အသုံးျပဳႏုိင္ၿပီး ၀ွီးခ်ဲကို ဆုိင္ကယ္တစ္စီးအျဖစ္သို႔ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။ ဒါကို အသုံးျပဳျခင္းအားျဖင့္ ၀ွီးခ်ဲသမားေတြဟာ အရင္လုိ ပုခုံးေတြနာက်င္ေတာ့မွာ မဟုတ္ပဲ လက္ကုိင္ကုိ ထိန္းေပးရုံနဲ႔ လြယ္ကူစြာ ေရြ႕လ်ားႏုိင္မွာျဖစ္ပါတယ္။ ၀ွီးခ်ဲနဲ႔သြားရတာ အားမလုိအားမရျဖစ္ေနတဲ့သူေတြ အျခားသူေတြရဲ႕အကူအညီမပါပဲ ျမန္ျမန္ဆန္ဆန္သြားခ်င္တဲ့သူေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ဒီပစၥည္းကို ၀ွီးခ်ဲေတြမွာ စကၠန္႔ပုိင္းအတြင္းတပ္ဆင္ႏုိင္ပါတယ္။ တပ္ဆင္လုိက္တာနဲ႔ ဒီပစၥည္းဟာ ၀ွီးခ်ဲဘီးႏွစ္ခုရဲ႕ ေရွ႕ဘီးျဖစ္သြားမွာျဖစ္ၿပီး ဆုိင္ကယ္အသြင္ေျပာင္းလဲသြားကာ လြယ္ကူျမန္ဆန္စြာ သြားႏုိင္ၿပီျဖစ္ပါတယ္။ အျမန္ႏႈန္းကေတာ့ ၁နာရီကုိ ၁၂မုိင္ျဖစ္ၿပီး အျမန္ႏႈန္းထိန္းခ်ဳပ္ခ်င္သူမ်ားအတြက္လည္း Speed limiter ပါရွိပါေသးတယ္။

ရုိးရုိး၀ွီးခ်ဲကုိ လက္နဲ႔ေရႊ႕လ်ားေစတာနဲ႔ ဒီပစၥည္းတပ္ဆင္အသုံးျပဳတာနဲ႔ အက်ဳိးရလဒ္ကေတာ့ အလြန္ကြာျခားသြားေစမွာပါ။ ဒီလိုအစြမ္းထက္တာေၾကာင့္ ဒီပစၥည္းဟာ ေလးမယ္လုိ႔ ထင္ရင္ေတာ့မွားသြားပါၿပီ။ ဒီပစၥည္းရဲ႕အေလးခ်ိန္ဟာ ၂၄ေပါင္ပဲ ရွိတဲ့အတြက္ လြယ္ကူစြာျဖဳတ္တပ္ႏုိင္ပါတယ္။ လီသီယမ္ဘက္ထရီကို အသုံးျပဳထားၿပီး တစ္ခါအားအျပည့္သြင္းထားရင္ ၄နာရီဆက္တုိက္အသုံးျပဳႏုိင္တယ္လုိ႔ သိရပါတယ္။

၀မ္းနည္းဖုိ႔ေကာင္းတာကေတာ့ ဒီပစၥည္းဟာ အလြန္အသုံး၀င္ေပမယ့္ ေစ်းႏႈန္းက အလြန္ႀကီးျမင့္ေနတာပါ။ DragonFly ၊ EDragonFly နဲ႔ Firefly Electric Handcycle ဆုိၿပီး အမ်ဳိးအစားသုံးမ်ဳိးရွိၿပီး ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၁၇၅၀ ၊ ၂၈၉၅ နဲ႔ ၂၃၉၅ ျဖစ္တာေၾကာင့္ ပုံမွန္၀င္ေငြသာရွိတဲ့သူေတြအတြက္ေတာ့ ေစ်းအလြန္ႀကီးတယ္လုိ႔ ဆုိရပါမယ္။ စစထြက္ခ်င္းျဖစ္တာမုိ႔ ေစ်းႀကီးေနတာျဖစ္ႏုိင္ၿပီး ေနာက္ပုိင္း စိတ္၀င္စားသူမ်ားလာတဲ့အခါ ဒီထက္ေစ်းေလ်ာ့ၿပီး ထုတ္လုပ္လာႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

ဒီပစၥည္းရဲ႕ အသုံး၀င္ပုံကုိေတာ့ ေအာက္က ဗီဒီယုိမွာ ၾကည့္ရႈ႕ႏုိင္ပါတယ္။

VIDEO


ဝှီးချဲကို စွမ်းအားမြင့်ယာဉ်အဖြစ်သို့ပြောင်းပေးမယ့် နည်းပညာတစ်ခု (unicode)

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ နေ့တိုင်းမှာ နည်းပညာထုတ်ကုန်တွေ တစ်ခုပြီးတစ်ခု ထွက်ရှိလျှက်ရှိပါတယ်။ ဒီထွက်ရှိတဲ့အထဲမှာ လူသားတွေကို အကျိုးဖြစ်စေမယ့်အရာတွေပါရှိသလို အကျိုးမဖြစ်စေတဲ့အရာတွေလည်းပါဝင်ပါတယ်။ အခုထွက်ရှိလာတဲ့အရာကတော့ အကျိုးဖြစ်စေမယ့် အရာတစ်ခုပါ။ ဒါကတော့ ရိုးရိုးဝှီးချဲလ်တစ်ခုကို ပါဝါမြင့်ယာဉ်တစ်ခုအဖြစ်ကိုပြောင်းပေးမယ့် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းကိုသုံးလိုက်ခြင်းအားဖြင့် မသန်စွမ်းသူတွေဟာ သွားချင်တဲ့နေရာကို လွယ်ကူသက်သာစွာ ရွေ့လျားနိုင်မှာဖြစ်ပါတယ်။

ဒီပစ္စည်းကိုတော့ အမေရိကန်နိုင်ငံက Rio Mobility ကနေထုတ်လုပ်ရောင်းချတာဖြစ်ပြီး Firefly လို့အမည်ပေးထားတဲ့ လျှပ်စစ်လက်ကိုင်ဆိုင်ကယ်လေး ဖြစ်ပါတယ်။ ဒီပစ္စည်းကို မည်သည့်ဝှီးချဲမှာမဆို တပ်ဆင်အသုံးပြုနိုင်ပြီး ဝှီးချဲကို ဆိုင်ကယ်တစ်စီးအဖြစ်သို့ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဒါကို အသုံးပြုခြင်းအားဖြင့် ဝှီးချဲသမားတွေဟာ အရင်လို ပုခုံးတွေနာကျင်တော့မှာ မဟုတ်ပဲ လက်ကိုင်ကို ထိန်းပေးရုံနဲ့ လွယ်ကူစွာ ရွေ့လျားနိုင်မှာဖြစ်ပါတယ်။ ဝှီးချဲနဲ့သွားရတာ အားမလိုအားမရဖြစ်နေတဲ့သူတွေ အခြားသူတွေရဲ့အကူအညီမပါပဲ မြန်မြန်ဆန်ဆန်သွားချင်တဲ့သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီပစ္စည်းကို ဝှီးချဲတွေမှာ စက္ကန့်ပိုင်းအတွင်းတပ်ဆင်နိုင်ပါတယ်။ တပ်ဆင်လိုက်တာနဲ့ ဒီပစ္စည်းဟာ ဝှီးချဲဘီးနှစ်ခုရဲ့ ရှေ့ဘီးဖြစ်သွားမှာဖြစ်ပြီး ဆိုင်ကယ်အသွင်ပြောင်းလဲသွားကာ လွယ်ကူမြန်ဆန်စွာ သွားနိုင်ပြီဖြစ်ပါတယ်။ အမြန်နှုန်းကတော့ ၁နာရီကို ၁၂မိုင်ဖြစ်ပြီး အမြန်နှုန်းထိန်းချုပ်ချင်သူများအတွက်လည်း Speed limiter ပါရှိပါသေးတယ်။

ရိုးရိုးဝှီးချဲကို လက်နဲ့ရွှေ့လျားစေတာနဲ့ ဒီပစ္စည်းတပ်ဆင်အသုံးပြုတာနဲ့ အကျိုးရလဒ်ကတော့ အလွန်ကွာခြားသွားစေမှာပါ။ ဒီလိုအစွမ်းထက်တာကြောင့် ဒီပစ္စည်းဟာ လေးမယ်လို့ ထင်ရင်တော့မှားသွားပါပြီ။ ဒီပစ္စည်းရဲ့အလေးချိန်ဟာ ၂၄ပေါင်ပဲ ရှိတဲ့အတွက် လွယ်ကူစွာဖြုတ်တပ်နိုင်ပါတယ်။ လီသီယမ်ဘက်ထရီကို အသုံးပြုထားပြီး တစ်ခါအားအပြည့်သွင်းထားရင် ၄နာရီဆက်တိုက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဝမ်းနည်းဖို့ကောင်းတာကတော့ ဒီပစ္စည်းဟာ အလွန်အသုံးဝင်ပေမယ့် ဈေးနှုန်းက အလွန်ကြီးမြင့်နေတာပါ။ DragonFly ၊ EDragonFly နဲ့ Firefly Electric Handcycle ဆိုပြီး အမျိုးအစားသုံးမျိုးရှိပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၇၅၀ ၊ ၂၈၉၅ နဲ့ ၂၃၉၅ ဖြစ်တာကြောင့် ပုံမှန်ဝင်ငွေသာရှိတဲ့သူတွေအတွက်တော့ ဈေးအလွန်ကြီးတယ်လို့ ဆိုရပါမယ်။ စစထွက်ချင်းဖြစ်တာမို့ ဈေးကြီးနေတာဖြစ်နိုင်ပြီး နောက်ပိုင်း စိတ်ဝင်စားသူများလာတဲ့အခါ ဒီထက်ဈေးလျော့ပြီး ထုတ်လုပ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီပစ္စည်းရဲ့ အသုံးဝင်ပုံကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။

Leave a Reply