ကမာၻ႔ပထမဆုံး အရာမ်ား – ၁

Posted on

ဒီတစ္ခါေတာ့ သုတဇုန္မိတ္ေဆြမ်ားအတြက္ ကမာၻ႔ပထမဆုံး ျဖစ္လာခဲ့တဲ့ အရာ၀ထၳဳေလးေတြရဲ႕ အခ်က္တခ်ဳိ႕ကို ဗဟုသုတအေနနဲ႔ မွ်ေ၀ေပးခ်င္ပါတယ္။

ကမာၻ႔ ပထမဆုံး အီလက္ထေရာနစ္ ကြန္ပ်ဴတာ

ကမာၻ႔ပထမဆုံးအီလက္ထေရာနစ္ ကြန္ပ်ဴတာကေတာ့ Atanasoff–Berry ကြန္ပ်ဴတာျဖစ္ပါတယ္။ အေမရိကန္ Iowa တကၠသုိလ္က ရူပေဗဒပါေမာကၡ John Vincent Atanasoff က တပည့္ျဖစ္သူ Clifford Berry ရဲ႕အကူအညီနဲ႔အတူ ၁၉၃၇ခုႏွစ္မွာ စတင္တီထြင္ခဲ့တာျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးရဲ႕နာမည္ကုိေပါင္းၿပီး Atanasoff–Berry လို႔ေပးခဲ့တာပါ။ ဒီကြန္ပ်ဴတာကို Linear equations ေတြကုိေျဖရွင္းဖုိ႔ ဒီဇုိင္းထုတ္ခဲ့တာျဖစ္ၿပီး ၁၉၄၂ခုႏွစ္မွာ စမ္းသပ္စစ္ေဆးမႈေအာင္ျမင္ခဲ့ပါတယ္။

ကမာၻ႔ပထမဆုံး စက္ဘီး

ပထမဆုံးစက္ဘီးကုိေတာ့ ဂ်ာမနီ Baden ၿမဳိ႕စားရဲ႕အမႈထမ္းတစ္ေယာက္ျဖစ္တဲ့ Baron Karl von Drais က တီထြင္ခဲ့ပါတယ္။ ယေန႔ေခတ္စက္ဘီးေတြရဲ႕အစပုံစံျဖစ္ၿပီး အစိတ္အပုိင္းအားလုံးနီးပါးကို သစ္သားျဖင့္ ျပဳလုပ္ထားပါတယ္။ ဒီစက္ဘီးကုိ ဂ်ာမန္လုိ Laufmaschine ၊ အဂၤလိပ္လုိ Draisine နဲ႔ ျပင္သစ္လုိ draisienne လို႔ေခၚၾကၿပီး အဓိပၸါယ္ကေတာ့ ေျပးေနတဲ့စက္(running machine) ျဖစ္ပါတယ္။ Karl von Drais ဟာ သူ႔ရဲ႕ဒီဇုိင္းအတြက္ ၁၈၁၈ခုႏွစ္မွာမွ မူပုိင္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ပထမဆုံး ေမာ္ေတာ္ဆုိင္ကယ္

ေမာ္ေတာ္ဆုိင္ကယ္ေတြဟာ စက္ဘီးေတြမွာ စက္ေတြကုိ တပ္ဆင္တီထြင္ရာကေန ျဖစ္လာခဲ့တာပါ။ ပထမဆုံးေမာ္ေတာ္ဆုိင္ကယ္ေတြကေတာ့ေရေႏြးေငြ႔ပါ၀ါသုံးေမာ္ေတာ္ဆုိင္ကယ္ေတြပါ။ Michaux-Perreaux steam velocipede လုိ႔ေခၚၿပီး ျပင္သစ္ႏုိင္ငံမွာ ၁၈၆၇ခုႏွစ္က စတင္ထုတ္လုပ္ခဲ့ပါတယ္။ ျပင္သစ္ပန္းပဲဆရာ Pierre Michaux ရဲ႕ စက္ဘီးကို ျပင္သစ္အင္ဂ်င္နီယာ Louis-Guillaume Perreaux က ထပ္ေလာင္းတီထြင္ခဲ့တာပါ။ Single cylinder ေရေႏြးေငြ႔အင္ဂ်င္သုံးထားတဲ့ ဒီဆုိင္ကယ္ေတြရဲ႕အျမန္ႏႈန္းကေတာ့ ၁နာရီကုိ ၉မုိင္ျဖစ္ပါတယ္။

ကမာၻ႔ပထမဆုံး တီဗီ

တီဗီေတြကို ၁၉ရာစု၀န္းက်င္တည္းက စတင္တီထြင္ခဲ့ၾကတာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းကတီဗီေတြက စက္ပုိင္းဆုိင္ရာတီဗီ(Mechanical television) ေတြသာျဖစ္ပါတယ္။ ယေန႔ေခတ္ တီဗီေတြရဲ႕အစျဖစ္လာမယ့္ အီလက္ထေရာနစ္ တီဗီစမ္းသပ္မႈကုိ ၁၉၂၇ခုႏွစ္ စက္တင္ဘာ ၇ရက္ေန႔က ဆန္ဖရန္စစၥကုိမွာ ျပဳလုပ္ခဲ့ၿပီး ေအာင္ျမင္စြာသရုပ္ျပႏုိင္ခဲ့ပါတယ္။ ဒီတီဗီကုိတီထြင္သူကေတာ့ အသက္ ၂၁ႏွစ္သာရွိေသးတဲ့ Philo Taylor Farnsworth ဆုိသူက တီထြင္ခဲ့တာပါ။

ကမာၻ႔ပထမဆုံး တယ္လီဖုန္း

တယ္လီဖုန္းတီထြင္မႈေတြကုိ ၁၇ရာစုေလာက္ကတည္းက စတင္ခဲ့တာျဖစ္ၿပီး အဂၤလိပ္ပညာရွင္ Robert Hooke က ၁၆၆၇ခုႏွစ္မွာ acoustic ႀကဳိးတယ္လီဖုန္းေတြကို စတီထြင္ခဲ့ပါတယ္။ အီတလီလူမ်ဳိးတီထြင္သူ Antonio Meucci ကလည္း ၁၈၄၉ခုႏွစ္မွာ electromagnetic တယ္လီဖုန္းကုိ ထြင္ခဲ့ပါတယ္။ ဒါေပမယ့္ ယေန႔ေခတ္တယ္လီဖုန္းေတြရဲ႕ အစျဖစ္လာမယ့္ ဖုန္းတီထြင္သူကိုေတာ့ Alexander Graham Bell လုိ႔ အားလုံးသိၾကပါတယ္။ ၁၈၇၆ခုႏွစ္ မတ္လ ၁၀ ရက္္ေန႔မွာ Bell ဟာ သူ႔ရဲ႕ Boston အလုပ္ခန္းထဲကေန အျခားအခန္းမွာရွိေနတဲ့ သူ႔ရဲ႕လက္ေထာက္ျဖစ္သူ Thomas A. Watson ထံ ပထမဆုံး ဖုန္းေခၚဆုိမႈကို ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

ပထမဆုံး ကမာၻ႔အလွမယ္

ကမာၻ႔အလွမယ္ၿပဳိင္ပြဲကုိ ၁၉၅၁ခုႏွစ္မွာ ပထမဆုံးအေနနဲ႔ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမဳိ႕မွာက်င္းပခဲ့ပါတယ္။ ၿပဳိင္ပြဲ၀င္ေပါင္း ၂၆ေယာက္ပါ၀င္ယွဥ္ၿပဳိင္တဲ့ ဒီပြဲမွာ အလွမယ္ဆုကို ရရွိခဲ့သူကေတာ့ ဆြီဒင္ႏုိင္ငံသူ Kiki Håkansson ပဲ ျဖစ္ပါတယ္။

ကမာၻ႔ပထမဆုံးေမာ္ေတာ္ကား

ယေန႔ေခတ္ေမာ္ေတာ္ကားေတြရဲ႕ အစျဖစ္တဲ့ ပထမဆုံးကားကေတာ့ ျပင္သစ္ပညာရွင္ Nicolas-Joseph Cugnot က ၁၇၆၉ခုႏွစ္မွာ တီထြင္ခဲ့တဲ့ ေရေႏြးေငြ႔အင္ဂ်င္သုံးေမာ္ေတာ္ကားျဖစ္ပါတယ္။ သုံးဘီးပါတဲ့ ဒီကားဟာ အေလးခ်ိန္ ၂တန္ခြဲခန္႔ေလးပါတယ္။ ေရေႏြးေငြ႔ဘြဳိင္လာအုိး နဲ႔ ထိန္းေက်ာင္းေမာင္းႏွင္ကိရိယာတပ္ဆင္ထားတဲ့ ဒီကားရဲ႕အျမန္ႏႈန္းက ၁နာရီကုိ ၄.၈မုိင္ျဖစ္ပါတယ္။

ကမာၻ႔ပထမဆုံး ဓာတ္ပုံ

ကမာၻ႔အေစာဆုံးဓာတ္ပုံကုိ ျပင္သစ္တီထြင္သူ Nicéphore Niépce က ျပင္သစ္ႏုိင္ငံအေရွ႕ပုိင္း Saint-Loup-de-Varennes တြင္ရုိက္ကူးခဲ့သည္။ ထုိဓာတ္ပုံ၏ အမည္မွာ View from the Window at Le Gras ျဖစ္၍ ၁၉၂၆ ႏွင့္ ၁၉၂၇ ခုႏွစ္အတြင္း ရုိက္ကူးခဲ့သည္ဟု သိရသည္။ ဖလင္မပါတဲ့ စက္ ကင္မရာေအာ့ဘ္စကူရာ (Camera obscura) ျဖင့္ရုိက္ကူးခဲ့ျခင္းျဖစ္သည္။

ကမာၻ႔ပထမဆုံး တရား၀င္ ေဘာလုံး(soccer)

၁၉၃၀ ခုႏွစ္ ကမာၻ႔ဖလားၿပဳိင္ပြဲ ေနာက္ဆုံးဗုိလ္လုပြဲတြင္ အသုံးျပဳခဲ့ေသာ သားေရေဘာလုံးျဖစ္သည္။ ဗုိလ္လုပြဲတြင္ ဥရုေဂြး ႏွင့္ အာဂ်င္တီးနားအသင္းတုိ႔ ဆုံေတြ႔ခဲ့ၿပီး ေဘာလုံးႏွစ္လုံးကို အသုံးျပဳခဲ့သည္။ ဥရုေဂြးတုိ႔ေဘာလုံးကို အသုံးျပဳရန္ အာဂ်င္တီးနားတုိ႔က သေဘာမတူသည့္အတြက္ ညီတူညီမွ်ျဖစ္ေစရန္ ပထမပုိင္းကုိ အာဂ်င္တီးနားေဘာလုံး ႏွင့္ ဒုတိယပုိင္းကို ဥရုေဂြးေဘာလုံးကို အသုံးျပဳခဲ့သည္။ ပထမပုိင္းတြင္ အာဂ်င္တီးနားတုိ႔က ၂-၁ျဖင့္ အႏုိင္ရေနေသာ္လည္း ဒုတိယပုိင္း ဥရုေဂြးေဘာလုံးကိုသုံးသည့္အခါ ဥရုေဂြးတုိ႔က ၄-၂ျဖင့္ျပန္အႏုိင္ရခဲ့သည္။ ပြဲအၿပီးတြင္ ဥရုေဂြးအသင္းသားတစ္ေယာက္က ထုိေဘာလုံးကုိ သိမ္းဆည္းထားခဲ့ျခင္းျဖစ္သည္။ ယခုအခါတြင္ေတာ့ ထုိေဘာလုံးသည္ ကမာၻ႔ဖလား၏ သမုိင္းတစိတ္တပိုင္းျဖစ္ေနခဲ့ၿပီ ျဖစ္သည္။

ကမာၻ႔ပထမဆုံး ကြန္ပ်ဴတာဗုိင္းရပ္စ္

ယေန႔ေခတ္တြင္ ကြန္ပ်ဴတာဗုိင္းရပ္စ္ေပါင္းမ်ားစြာ ထြက္ရွိေနၿပီျဖစ္ၿပီး ပထမဆုံးကြန္ပ်ဴတာဗုိင္းရပ္စ္မွာမူ Brain ဟုေခၚေသာဗုိင္းရပ္စ္ျဖစ္သည္။ MS-DOC ကြန္ပ်ဴတာမ်ားကုိ ဒုကၡေပးသည့္ ထုိဗုိင္းရပ္စ္ကုိ ပါကစၥတန္ညီအစ္ကုိႏွစ္ဦးျဖစ္သူ Basit Farooq Alvi ႏွင့္ Amjad Farooq Alvi တုိ႔ကေရးသားခဲ့ၿပီး ၁၉၈၆ခုႏွစ္တြင္ ပါကစၥတန္ရွိ ကြန္ပ်ဴတာအေရာင္းဆုိင္တစ္ခုတြင္ အသုံးျပဳခဲ့သည္။ သူတို႔ေရးသားေသာ ေဆာ့၀ဲမ်ားကို တရားမ၀င္ေကာ္ပီလုပ္ျခင္းအား တားျမစ္ရန္အတြက္ ထုိဗုိင္းရပ္စ္အား ေရးသားခဲ့သည္ဟု သိရသည္။

ေနာက္ထပ္ ပထမဆုံး အရာေတြအေၾကာင္းကို နံပါတ္- ၂ မွာ ဆက္လက္ေရးသားသြားပါမယ္။ ဒီလုိ ဗဟုသုတ အေၾကာင္းအရာေလးေတြကုိ ႏွစ္သက္တယ္ဆုိရင္ေတာ့ သုတဇုန္ေပ့ ကုိ ဆီးဖက္စ္လုပ္ၿပီး ေစာင့္ဖတ္ႏုိင္ပါတယ္။


ကမ္ဘာ့ပထမဆုံး အရာများ – ၁ (unicode)

ကမ္ဘာ့ ပထမဆုံး အီလက်ထရောနစ် ကွန်ပျူတာ

ကမ္ဘာ့ပထမဆုံးအီလက်ထရောနစ် ကွန်ပျူတာကတော့ Atanasoff–Berry ကွန်ပျူတာဖြစ်ပါတယ်။ အမေရိကန် Iowa တက္ကသိုလ်က ရူပဗေဒပါမောက္ခ John Vincent Atanasoff က တပည့်ဖြစ်သူ Clifford Berry ရဲ့အကူအညီနဲ့အတူ ၁၉၃၇ခုနှစ်မှာ စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့နာမည်ကိုပေါင်းပြီး Atanasoff–Berry လို့ပေးခဲ့တာပါ။ ဒီကွန်ပျူတာကို Linear equations တွေကိုဖြေရှင်းဖို့ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး ၁၉၄၂ခုနှစ်မှာ စမ်းသပ်စစ်ဆေးမှုအောင်မြင်ခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံး စက်ဘီး

ပထမဆုံးစက်ဘီးကိုတော့ ဂျာမနီ Baden မြို့စားရဲ့အမှုထမ်းတစ်ယောက်ဖြစ်တဲ့ Baron Karl von Drais က တီထွင်ခဲ့ပါတယ်။ ယနေ့ခေတ်စက်ဘီးတွေရဲ့အစပုံစံဖြစ်ပြီး အစိတ်အပိုင်းအားလုံးနီးပါးကို သစ်သားဖြင့် ပြုလုပ်ထားပါတယ်။ ဒီစက်ဘီးကို ဂျာမန်လို Laufmaschine ၊ အင်္ဂလိပ်လို Draisine နဲ့ ပြင်သစ်လို draisienne လို့ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ ပြေးနေတဲ့စက်(running machine) ဖြစ်ပါတယ်။ Karl von Drais ဟာ သူ့ရဲ့ဒီဇိုင်းအတွက် ၁၈၁၈ခုနှစ်မှာမှ မူပိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်

မော်တော်ဆိုင်ကယ်တွေဟာ စက်ဘီးတွေမှာ စက်တွေကို တပ်ဆင်တီထွင်ရာကနေ ဖြစ်လာခဲ့တာပါ။ ပထမဆုံးမော်တော်ဆိုင်ကယ်တွေကတော့ရေနွေးငွေ့ပါဝါသုံးမော်တော်ဆိုင်ကယ်တွေပါ။ Michaux-Perreaux steam velocipede လို့ခေါ်ပြီး ပြင်သစ်နိုင်ငံမှာ ၁၈၆၇ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။ ပြင်သစ်ပန်းပဲဆရာ Pierre Michaux ရဲ့ စက်ဘီးကို ပြင်သစ်အင်ဂျင်နီယာ Louis-Guillaume Perreaux က ထပ်လောင်းတီထွင်ခဲ့တာပါ။ Single cylinder ရေနွေးငွေ့အင်ဂျင်သုံးထားတဲ့ ဒီဆိုင်ကယ်တွေရဲ့အမြန်နှုန်းကတော့ ၁နာရီကို ၉မိုင်ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး တီဗီ

တီဗီတွေကို ၁၉ရာစုဝန်းကျင်တည်းက စတင်တီထွင်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းကတီဗီတွေက စက်ပိုင်းဆိုင်ရာတီဗီ(Mechanical television) တွေသာဖြစ်ပါတယ်။ ယနေ့ခေတ် တီဗီတွေရဲ့အစဖြစ်လာမယ့် အီလက်ထရောနစ် တီဗီစမ်းသပ်မှုကို ၁၉၂၇ခုနှစ် စက်တင်ဘာ ၇ရက်နေ့က ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်ခဲ့ပြီး အောင်မြင်စွာသရုပ်ပြနိုင်ခဲ့ပါတယ်။ ဒီတီဗီကိုတီထွင်သူကတော့ အသက် ၂၁နှစ်သာရှိသေးတဲ့ Philo Taylor Farnsworth ဆိုသူက တီထွင်ခဲ့တာပါ။

ကမ္ဘာ့ပထမဆုံး တယ်လီဖုန်း

တယ်လီဖုန်းတီထွင်မှုတွေကို ၁၇ရာစုလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်ပညာရှင် Robert Hooke က ၁၆၆၇ခုနှစ်မှာ acoustic ကြိုးတယ်လီဖုန်းတွေကို စတီထွင်ခဲ့ပါတယ်။ အီတလီလူမျိုးတီထွင်သူ Antonio Meucci ကလည်း ၁၈၄၉ခုနှစ်မှာ electromagnetic တယ်လီဖုန်းကို ထွင်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်တယ်လီဖုန်းတွေရဲ့ အစဖြစ်လာမယ့် ဖုန်းတီထွင်သူကိုတော့ Alexander Graham Bell လို့ အားလုံးသိကြပါတယ်။ ၁၈၇၆ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ Bell ဟာ သူ့ရဲ့ Boston အလုပ်ခန်းထဲကနေ အခြားအခန်းမှာရှိနေတဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူ Thomas A. Watson ထံ ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ပထမဆုံး ကမ္ဘာ့အလှမယ်

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကို ၁၉၅၁ခုနှစ်မှာ ပထမဆုံးအနေနဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်ပေါင်း ၂၆ယောက်ပါဝင်ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အလှမယ်ဆုကို ရရှိခဲ့သူကတော့ ဆွီဒင်နိုင်ငံသူ Kiki Håkansson ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံးမော်တော်ကား

ယနေ့ခေတ်မော်တော်ကားတွေရဲ့ အစဖြစ်တဲ့ ပထမဆုံးကားကတော့ ပြင်သစ်ပညာရှင် Nicolas-Joseph Cugnot က ၁၇၆၉ခုနှစ်မှာ တီထွင်ခဲ့တဲ့ ရေနွေးငွေ့အင်ဂျင်သုံးမော်တော်ကားဖြစ်ပါတယ်။ သုံးဘီးပါတဲ့ ဒီကားဟာ အလေးချိန် ၂တန်ခွဲခန့်လေးပါတယ်။ ရေနွေးငွေ့ဘွိုင်လာအိုး နဲ့ ထိန်းကျောင်းမောင်းနှင်ကိရိယာတပ်ဆင်ထားတဲ့ ဒီကားရဲ့အမြန်နှုန်းက ၁နာရီကို ၄.၈မိုင်ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ဓာတ်ပုံ

ကမ္ဘာ့အစောဆုံးဓာတ်ပုံကို ပြင်သစ်တီထွင်သူ Nicéphore Niépce က ပြင်သစ်နိုင်ငံအရှေ့ပိုင်း Saint-Loup-de-Varennes တွင်ရိုက်ကူးခဲ့သည်။ ထိုဓာတ်ပုံ၏ အမည်မှာ View from the Window at Le Gras ဖြစ်၍ ၁၉၂၆ နှင့် ၁၉၂၇ ခုနှစ်အတွင်း ရိုက်ကူးခဲ့သည်ဟု သိရသည်။ ဖလင်မပါတဲ့ စက် ကင်မရာအော့ဘ်စကူရာ (Camera obscura) ဖြင့်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ပထမဆုံး တရားဝင် ဘောလုံး(soccer)

၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အသုံးပြုခဲ့သော သားရေဘောလုံးဖြစ်သည်။ ဗိုလ်လုပွဲတွင် ဥရုဂွေး နှင့် အာဂျင်တီးနားအသင်းတို့ ဆုံတွေ့ခဲ့ပြီး ဘောလုံးနှစ်လုံးကို အသုံးပြုခဲ့သည်။ ဥရုဂွေးတို့ဘောလုံးကို အသုံးပြုရန် အာဂျင်တီးနားတို့က သဘောမတူသည့်အတွက် ညီတူညီမျှဖြစ်စေရန် ပထမပိုင်းကို အာဂျင်တီးနားဘောလုံး နှင့် ဒုတိယပိုင်းကို ဥရုဂွေးဘောလုံးကို အသုံးပြုခဲ့သည်။ ပထမပိုင်းတွင် အာဂျင်တီးနားတို့က ၂-၁ဖြင့် အနိုင်ရနေသော်လည်း ဒုတိယပိုင်း ဥရုဂွေးဘောလုံးကိုသုံးသည့်အခါ ဥရုဂွေးတို့က ၄-၂ဖြင့်ပြန်အနိုင်ရခဲ့သည်။ ပွဲအပြီးတွင် ဥရုဂွေးအသင်းသားတစ်ယောက်က ထိုဘောလုံးကို သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်တော့ ထိုဘောလုံးသည် ကမ္ဘာ့ဖလား၏ သမိုင်းတစိတ်တပိုင်းဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဗိုင်းရပ်စ်

ယနေ့ခေတ်တွင် ကွန်ပျူတာဗိုင်းရပ်စ်ပေါင်းများစွာ ထွက်ရှိနေပြီဖြစ်ပြီး ပထမဆုံးကွန်ပျူတာဗိုင်းရပ်စ်မှာမူ Brain ဟုခေါ်သောဗိုင်းရပ်စ်ဖြစ်သည်။ MS-DOC ကွန်ပျူတာများကို ဒုက္ခပေးသည့် ထိုဗိုင်းရပ်စ်ကို ပါကစ္စတန်ညီအစ်ကိုနှစ်ဦးဖြစ်သူ Basit Farooq Alvi နှင့် Amjad Farooq Alvi တို့ကရေးသားခဲ့ပြီး ၁၉၈၆ခုနှစ်တွင် ပါကစ္စတန်ရှိ ကွန်ပျူတာအရောင်းဆိုင်တစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့ရေးသားသော ဆော့ဝဲများကို တရားမဝင်ကော်ပီလုပ်ခြင်းအား တားမြစ်ရန်အတွက် ထိုဗိုင်းရပ်စ်အား ရေးသားခဲ့သည်ဟု သိရသည်။

Leave a Reply