Posted on
ကမ္ဘာမှာတစ်နှစ်ကို အလဟသ လေလွင့်ဆုံးရူံးသွားတဲ့ အစားအစာပမာဏဟာ တန်ချိန်သန်းပေါင်း၁၃၀၀ ကျော်ရှိပါတယ်။ စိုက်​ပျိုး၊ ထုတ်​လုပ်​လိုက်​သမျှ အားလုံးရဲ့ သုံးဆယိရာခိုင်​နူန်း​လောက်​ပမာဏဟာ မစားသုံးလိုက်​ရပဲ ​လေလွင့်​ဆုံးရူံးသွားတာပါ။
ကမ္ဘာ့စိုက်ပျိုးမြေ စုစုပေါင်းရဲ့၂၈%ဖြစ်​တဲ့ ဧကသန်းပေါင်း ၃၅၀၀ ကို အလေအလွင့် အစားအစာတွေသက်သက်အတွက် သုံးစွဲလိုက်ရသလိုပါပဲ။ အစားအစာ​တွေ​လေလွင့်​ဆုံးရူံးသွားတာဟာ တနည်းအားဖြင့်​ ​​ရှားပါးတန်​​ဖိုးကြီးလှတဲ့ ​ရေ​​ချိုတွေ သဲထဲ​ရေသွန်​ဖြစ်​သွားတာလို့လည်း ​ပြောလို့ရပါတယ်​။
Australia National Waste Report 2010 ရဲ့ အဆိုအရ သြစတေးလျအိမ်ထောင်စုတစ်စုရဲ့တနှစ်တာအစားအစာအလေအလွင့်ဟာ ဒေါ်လာ၁၃၀၀ကျော်ရှိပြီး မြို့ပြ​တွေက ထွက်​ရှိတဲ့ အမိုက်စုစုပေါင်းရဲ့ ၃၅% ဟာ စားကြွင်းစားကျန်တွေဖြစ်​ပါသတဲ့။ National Geographic က ၂၀၁၄မှာပြုလုပ်​ခဲ့တဲ့​လေ့လာမူတခုအရ အ​မေရိကန်​မှာ ထုတ်​လုပ်​သမျှ အစားအစာအားလုံးရဲ့သုံးပုံတစ်ပုံ ဟာ မစားသုံးလိုက်​ရပဲ အမိုက်​ပုံးထဲသာ​ရောက်​ သွားပါတယ်​။
တစ်နှစ်​ကို ​လေလွင့်​ဆုံးရူံးသွားတဲ့ အစားအစာပမာဏက ​ဒေါ်လာ ဘီလျံ ၁၆၀ တန်​ဖိုးရှိတယ်​လို့ ဆိုပါတယ်​။ အ​မေရိကန်​အိမ်​​ထောင်​စုတခုက တနှစ်​ကို ဒေါ်လာ ၆၅၀​လောက်​ စားကြွင်းစားကျန်​ အမိုက်​ပုံးထဲပစ်​ထည့်​​နေပါတယ်​။
ဟမ်ဘာဂါ ၁သန်း၉သိန်း
အာလူး ၅သန်းရှစ်သိန်း
ကြက်ဥ ၁သန်း၁သိန်း ကို
ပါးစပ်​ထဲမထည့်​လိုက်​ရပဲ အမိုက်​ပုံးထဲပစ်​ထည့်​​​နေရပါတယ်​။
စားကြွင်းစားကျန်​​တွေ​ကြောင့်​ မ​ကောင်းတဲ့အနံ့အသက်​ရူရိုက်​ရတာ​တွေ၊ ​ရောဂါပိုးမွှား​တွေအလွယ်​တကူခို​အောင်းပြန့့်​ပွားနိုင်​တာ​တွေ၊ ကြွက်​​ပေါက်​ပွားမူ နူန်းမြင့်​တက်လာတာ​တွေကတော့ မြို့ပြ​နေလူထု​ကျန်းမာ​ရေးအတွက်​ တာဝန်​ရှိသူ​တွေ​ဖြေရှင်းရမယ့်​ ​ခေါင်းခဲစရာ ပြဿနာ​တွေပါ။
အိမ်​​ထောင်​စုတခုချင်းစီအ​နေနဲ့ ကိုယ့်​အိမ်​ကထွက်​ရှိတဲ့ စားကြွင်းစားကျန်​​တွေ လျှော့ချနိုင်​မယ့်​ နည်းလမ်း​တွေလည်း သု​တေသီ​တွေက အကြံပြုထားတာရှိပါတယ်​။
စူပါမားကက်​ကို ​ဈေးသွားဝယ်​တဲ့အခါ မိမိအသုံးလိုသ​လောက်​ပဲဝယ်​ဖို့ တစ်ပတ်​တစ်ခါပဲ သွားပြီးအများကြီးဝယ်​မယ့့်​အစား နှစ်​​ခေါက်​သုံး​ခေါက်​​လောက်​သွားပြီး နည်းနည်းစီဝယ်​ဖို့၊
မီးဖို​ချောင်​မှာ အစားအစာ​တွေကို မှန်​မှန်​ကန်​ကန်​ထားသိုဖို့ (ဥပမာအားဖြင့်​ ပုပ်​ပွလွယ်​​သော အီသိုင်​လင်းဓာတ်​ ထွက်​ရှိတဲ့ ငှက်​​ပျော၊​ ထောပတ်​သီး၊ သစ်​​တော်​သီး၊ သခွား​မွှေး၊ ခရမ်းချဉ်​သီးစတာ​တွေကို အီသိုင်​လင်းဓာတ်​ကိုမကြိုက်​တဲ့ ပန်းသီး၊ အာလူး၊ ဘယ်​ရီသီး၊ ငရုတ်​စတာ​တွေနဲ့ခွံထားဖို့)
မိမိ မှာပိုလျှံ​နေတဲ့ စားစရာ​တွေကို လိုအပ်​​နေသူ​တွေ စားရ​အောင်​လို့ ပရဟိတအဖွဲ့အစည်း​တွေက ထူ​ထောင်​ထားတဲ့ အစားအစာ​ဘဏ်​(Food Bank)​တွေကို အချိန်​မီ​ပေးလှူခြင်းဖြင့်​ အလဟသလည်းမဖြစ်​​တော့ပဲ ကိုယ့်​အတွက်​လည်းကုသိုလ်​ ရနိုင်​ပါတယ်​။
ဘယ်လ်ဂျီယံနိုင်ငံမှ Food Bank တစ်ခု
နှစ်စဉ်နှစ်တိုင်း အလဟသဖြစ်သွားသော အစားအစာတန်ချိန် သန်းပေါင်း ၁၃၀၀ (unicode)
ရေးသားသူ –  Ko Kyaw Min Aung
ကမ႓ာမှာတစ်နှစ်ကို အလဟသ လေလွင့်ဆုံးရူံးသွားတဲ့ အစားအစာပမာဏဟာ တန်ချိန်သန်းပေါင်း၁၃၀၀ ကျော်ရှိပါတယ်။ စိုက်​ပျိုး၊ ထုတ်​လုပ်​လိုက်​သမျှ အားလုံးရဲ့ သုံးဆယိရာခိုင်​နူန်​း​လောက်​ပမာဏဟာ မစားသုံးလိုက်​ရပဲ ​လေလွင်​႔ဆုံးရူံးသွားတာပါ။
ကမ႓ာ့စိုက်ပျိုးမြေ စုစုပေါင်းရဲ့၂၈%ဖြစ်​တဲ့ ဧကသန်းပေါင်း ၃၅၀၀ ကို အလေအလွင့် အစားအစာတွေသက်သက်အတွက် သုံးစွဲလိုက်ရသလိုပါပဲ။ အစားအစာ​တွေ​လေလွင်​႔ဆုံးရူံးသွားတာဟာ တနည်​းအားဖြင်​႔ ​​ရှားပါးတန်​​ဖိုးကြီးလှတဲ့ ​ရေ​​ချိုတွေ သဲထဲ​ရေသွန်​ဖြစ်​သွားတာလို့လည်​း ​ပြောလို့ရပါတယ်​။
ဆန်​နို့ဆီဗူးတလုံးစာရဖို့ ​ရေဂါလံ၃၀၀​လောက်​လိုပါတယ်​။
ခရမ်​းချဉ်​သီးတလုံးရဖို့ ​ရေ ၁ဂါလံ​လောက်​လိုပါတယ်​။
အာလူးတလုံးအတွက်​ ​ရေ ၃ဂါလံ​လောက်​လိုပါတယ်​။
အမဲသားတပိသာရဖို့က ​ရေ ဂါလံ ၅၀၀၀​လောက်​သုံးခဲ့ရပါတယ်​။
အလဟဿ ဖြစ်​သွားတဲ့အစားအစာ​တွေ စိုက်​ပျိုးထုတ်​လုပ်​ဖို့ သုံးလိုက်ရတဲ့ရေပမာဏက ဗော်လဂါမြစ်ကြီး တစ်နှစ်တာပတ်လုံး စီးဆင်းတဲ့ရေထုထည်( ၄ဝထရီလီယံဂါလံ ) လောက်ရှိပါတယ်တဲ့။ ဖွံ့ဖြိုးဆဲနိုင်ငံ​တွေမှာ အစားအစာလေလွင့်ဆုံးရှုံးမူဟာ ထုတ်​လုပ်​သို​လှောင်​တဲ့လုပ်​ငန်​းစဉ်​​တွေမှာ အများဆုံးဖြစ်ပေါ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ စူပါမားကက်နဲ့မီးဖိုချောင်တွေမှာ ဆုံးရူံးလေလွင့်သွားရတာပိုများပါတယ်တဲ့။
ဖွံ့ဖြိုးပြီးနိုင်ငံတွေကအစားအစာ လေလွင့်ဆုံးရူံးမူပမာဏဟာ အာဖရိက ဆာဟာရ တပိုင်းနိုင်ငံတွေအားလုံး​ရဲ့ စုစုပေါင်းထုတ်လုပ်နိုင်မူထက်ပိုများပါတယ်​။ အ​မေရိကန်​ပြည်​​ထောင်​စုမှာ တစ်နှစ်ကို အစားအစာ​လေလွင်​႔ဆုံးရူံးမှုပမာဏဟာ အမျိုးသားအသားတင်​ထုတ်​လုပ်​မူတန်​ဖိုးGDPရဲ့ ၁.၃%ရှိပါတယ်​။
Australia National Waste Report 2010 ရဲ့ အဆိုအရ ဩစတေးလျအိမ်ထောင်စုတစ်စုရဲ့တနှစ်တာအစားအစာအလေအလွင့်ဟာ ဒေါ်လာ၁၃၀၀ကျော်ရှိပြီး မြို့ပြ​တွေက ထွက်​ရှိတဲ့ အမိူက်စုစုပေါင်းရဲ့ ၃၅% ဟာ စားကြွင်းစားကျန်တွေဖြစ်​ပါသတဲ့။ National Geographic က ၂၀၁၄မှာပြုလုပ်​ခဲ့တဲ့​လေ့လာမူတခုအရ အ​မေရိကန်​မှာ ထုတ်​လုပ်​သမျှ အစားအစာအားလုံးရဲ့သုံးပုံတစ်ပုံ ဟာ မစားသုံးလိုက်​ရပဲ အမိူက်​ပုံးထဲသာ​ရောက်​ သွားပါတယ်​။ တစ်နှစ်​ကို ​လေလွင်​႔ဆုံးရူံးသွားတဲ့ အစားအစာပမာဏက ​ဒေါ်လာ ဘီလျံ ၁၆၀ တန်​ဖိုးရှိတယ်​လို့ ဆိုပါတယ်​။ အ​မေရိကန်​အိမ်​​ထောင်​စုတခုက တနှစ်​ကို ဒေါ်လာ ၆၅၀​လောက်​ စားကြွင်​းစားကျန်​ အမိူက်​ပုံးထဲပစ်​ထည်​႔​နေပါတယ်​။
ဗြိတိန်ကအိမ်ထောင်စု​တွေဟာ တနေ့ကို
ပေါင်မုန့်ချပ် ၂၄သန်း
ဟမ်ဘာဂါ ၁သန်း၉သိန်း
အာလူး ၅သန်းရှစ်သိန်း
အသားချောင်း ၁သန်း၅သိန်း
ခရမ်းချဉ်သီး ၁သန်း၅သိန်း
ငှက်ပျောသီး ၁သန်းလေးသိန်း
ကြက်ဥ ၁သန်း၁သိန်း ကို
ပါးစပ်​ထဲမထည်​႔လိုက်​ရပဲ အမိူက်​ပုံးထဲပစ်​ထည်​႔​​နေရပါတယ်​။
စားကြွင်​းစားကျန်​​တွေ​ကြောင်​့ မ​ကောင်​းတဲ့အနံ့အသက်​ရူရိူက်​ရတာ​တွေ၊ ​ရောဂါပိုးမွှား​တွေအလွယ်​တကူခို​အောင်​းပြန့်​႔ပွားနိုင်​တာ​တွေ၊ ကြွက်​​ပေါက်​ပွားမူ နူန်​းမြင်​႔တက်လာတာ​တွေကတော့ မြို့ပြ​နေလူထု​ကျန်​းမာ​ရေးအတွက်​ တာဝန်​ရှိသူ​တွေ​ဖြေရှင်​းရမယ်​့ ​ခေါင်​းခဲစရာ ပြဿနာ​တွေပါ။
စိုးရိမ်​စရာ​နောက်တစ်ချက်ရှိပါ​သေးတယ်​။ ဒါကတော့ စားကြွင်းစားကျန်အမှိုက်တွေကနေထွက်​ရှိတဲ့ မီသိန်​းဓာတ်​​ငွေ့​တွေဟာ မီး​လောင်​မူကို အလွယ်​တကူဖြစ်​​စေနိုင်​ရုံမက ကမ္ဘာ့ရာသီဥတု​ပြောင်​းလဲမူဖြစ်​စဉ်​မှာပါ ပါဝင်အားဖြည်​႔ လုပ်​​ဆောင်​​နေတာပါပဲ။ ကမ္ဘာတဝှမ်​းလွှင်​႔ပစ်​လိုက်​တဲ့ စားကြွင်​းစားကျန်​​တွေက​နေ တနှစ်​ကို တန်ချိန်သန်းပေါင်း ၃၃၀၀ကျော်နဲ့ညီမျှတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထွက်ရှိပြီး ကမ္ဘာကြီးပူ​နွေးလာမူဖြစ်​စဉ်​မှာ တ​ထောင်​႔တ​နေရာက ပါဝင်​အသုံး​တော်​ခံ​လျှက်​​ရှိပါတယ်​။
အိမ်​​ထောင်​စုတခုချင်​းစီအ​နေနဲ့ ကိုယ်​႔အိမ်​ကထွက်​ရှိတဲ့ စားကြွင်​းစားကျန်​​တွေ လျှော့ချနိုင်​မယ်​႔ နည်​းလမ်​း​တွေလည်​း သု​တေသီ​တွေက အကြံပြုထားတာရှိပါတယ်​။
စူပါမားကက်​ကို ​ဈေးသွားဝယ်​တဲ့အခါ မိမိအသုံးလိုသ​လောက်​ပဲဝယ်​ဖို့ တစ်ပတ်​တစ်ခါပဲ သွားပြီးအများကြီးဝယ်​မယ့်​႔အစား နှစ်​​ခေါက်​သုံး​ခေါက်​​လောက်​သွားပြီး နည်​းနည်​းစီဝယ်​ဖို့၊
မီးဖို​ချောင်​မှာ အစားအစာ​တွေကို မှန်​မှန်​ကန်​ကန်​ထားသိုဖို့ (ဥပမာအားဖြင်​႔ ပုပ်​ပွလွယ်​​သော အီသိုင်​လင်​းဓာတ်​ ထွက်​ရှိတဲ့ ငှက်​​ပျော၊​ ထောပတ်​သီး၊ သစ်​​တော်​သီး၊ သခွား​မွှေး၊ ခရမ်​းချဉ်​သီးစတာ​တွေကို အီသိုင်​လင်​းဓာတ်​ကိုမကြိုက်​တဲ့ ပန်​းသီး၊ အာလူး၊ ဘယ်​ရီသီး၊ ငရုတ်​စတာ​တွေနဲ့ခွံထားဖို့)
​ရေခဲ​သေတ္တာကိုရူပ်​ပွမ​နေ​စေပဲ အရင်​ဝယ်​တဲ့ပစ္စည်​းကို အဦးဆုံးသုံးဖို့
Out of sight,out of mind ဆိုတဲ့စကားအတိုင်​း မမြင်​ရရင်​ ​မေ့​လျော့တတ်​တဲ့အတွက်​ ​ရေခဲ​သေတ္တာ ​နောက်​​ချောင်ထဲ​ရောက်​​နေတဲ့​expireဖြစ်​ခါနီးအစားအစာ​တွေကိုမြင်​လွယ်​တဲ့​နေရာ ​ပြောင်​းထားဖို့ စသဖြင်​့အချက်​များစွာကို အကြံပြုထားပါတယ်​။
နောက်​တခုက အဟာရဓာတ်​အများစုဟာ အ​ခွံမှာရှိ​နေတဲ့အတွက်​ ပန်​းသီး၊ သရက်​သီး၊ ဥနီ၊ သခွား၊ အာလူး စတာ​တွေကိုစားတဲ့အခါ တတ်နိုင်သမျှ အခွံမခွာပဲစားခြင်​းဖြင့် အဟာရဓာတ်​ပြည်​႔ဝ​စေနိုင်​ရုံမက စွန်​႔ပစ်​ရမယ့်အမိူက်​ကိုလည်​း ​လျော့ကျ​စေပါတယ်​။ ထို့အတူ ကြက်​အရည်​ခွံမှာ ဗီတာမင်​အေ၊ ဘီတို့သာမက ကိုယ်​တွင်​း​ရောဂါ​တွေကိုတိုက်​ဖျက်​နိုင်​တဲ့ စယ်​လီနီယမ်​ဆိုတဲ့ ဓာတ်​တိုးဆန်​႔ကျင်​ပစ္စည်​းတမျိုးပါဝင်​ပါတယ်​။ ကြက်ဥခွံ တလုံးမှာ အရွယ်ရောက်ပြီးသား လူတယောက်အတွက် တနေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါရှိပြီးဖြစ်ပါတယ်။
မိမိ မှာပိုလျံွ​နေတဲ့ စားစရာ​တွေကို လိုအပ်​​နေသူ​တွေ စားရ​အောင်​လို့ ပရဟိတအဖွဲ့အစည်​း​တွေက ထူ​ထောင်​ထားတဲ့ အစားအစာ​ဘဏ်​(Food Bank)​တွေကို အချိန်​မီ​ပေးလှူခြင်​းဖြင်​႔ အလဟသလည်​းမဖြစ်​​တော့ပဲ ကိုယ်​႔အတွက်​လည်​းကုသိုလ်​ ရနိုင်​ပါတယ်​။
Written by Kyaw Min Aung
Leave a Reply