ျမန္မာ့သမုိင္း မွတ္တမ္းေတြထဲက ဂ်ဴဗလီေဟာ

Posted on

ဂ်ဴဗလီေဟာ (Jubilee Hall) သည္ျမန္မာ့သမိုင္း၌ တစ္ခန္းတစ္က႑ပါဝင္ခဲ့ေပသည္။ ဂ်ဴဗလီ ေဟာ၏သက္တမ္းတစ္ေလ်ာက္တြင္ထင္ရွားေသာသမိုင္းဝင္အျဖစ္အပ်က္မ်ားစြာတို႔ ကိုထိေတြ႕ခဲ့ရေလသည္။ ဂ်ဴဗလီေဟာ ေခၚတြင္သည့္အေဆာက္အအုံကို ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံဘုရားလမ္း က်ားကူးဓမၼာ႐ုံအနီးေရွး ယခင္ ျပားေတာရေက်ာင္းတည္ရွိရာေနရာတြင္လြန္ခဲ့သည့္ႏွစ္ေပါင္း (၁၀၅)ႏွစ္ ၊၁၈၉၃ခုႏွစ္၊ဇန္နဝါရီလ(၃၁)ရက္ေန႔တြင္ စတင္အုတ္ျမစ္ခ်၍တည္ ေဆာက္ခဲ့ေလသည္။

ၿဗိတိန္ႏိုင္ငံဝိတိုရိယ ဧကရီဘုရင္မႀကီး၏နန္းစံ(၂၅)ႏွစ္ ေျမာက္(ေငြရတုသဘင္) ဂ်ဴဗလီႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ဂ်ဴဗလီအေဆာက္အအုံမွာ အဂၤလန္ျပည္ျပဇာတ္႐ုံမ်ားကဲ့သို႔ ဇာတ္ခုံစင္ျမင့္၊ ပရိသတ္ခန္းမ၊ ဇာတ္ခုံဝဲယာခန္းေဆာင္၊ ပရိသတ္အတြက္ပတ္လည္စင္ျမင့္၊ ေရွ႕မ်က္ႏွာစာခန္း၊ဇာတ္ခဲ့ေအာက္ခန္း စသည္ျဖင့္ခမ္းနားစြာေဆာက္လုပ္၍ နာရီစင္လည္း တပ္ဆင္ထားေလသည္။ ဇာတ္ခုံေပၚတြင္ မီးႏွင့္ ကန္႔လန္႔ကာအတြက္ ေခတ္မီပစၥည္းမ်ားလည္းတပ္ဆင္ထားသျဖင့္ အစည္းအေဝးခန္း၊ ကပြဲခန္း၊ ဇာတ္႐ုံစသည့္အသြင္မ်ိဳးမ်ိဳးျဖင့္ အသုံးခ်ႏိုင္ေလသည္။

ထိုအခါကၿမိဳ႕ေတာ္ခန္းမ ကဲ့သို႔ေသာ အေဆာက္အအုံမ ေပၚေပါက္ေသးသျဖင့္ လူအမ်ားစု႐ုံးႏိုင္ေသာ ပြဲသဘင္ေဆာင္အေနျဖင့္ ဂ်ဴဗလီေဟာတစ္ခုတည္းသာ တည္ရွိခဲ့ေလသည္။ ထို႔ေၾကာင့္ၿဗိတိသၽွေခတ္တစ္ ေလ်ာက္တြင္ ထင္ရွားေသာ နာမည္ႀကီးပုဂၢိဳလ္ႀကီးမ်ား၏ သားသမီးမဂၤလာ ေဆာင္၊ ပြဲထိုင္အခမ္းအနားမ်ားကို ဂ်ဴဗလီေဟာတြင္က်င္းပျခင္းျဖင့္ ဂုဏ္ယူခဲ့ၾကေလသည္။ ဘုရားဒကာ ဂရိတ္ဦးဖိုးစိန္၏ ပြဲမ်ားကိုလည္း ထိုစင္ျမင့္တြင္ကျပခဲ့ေလသည္။ ထင္ရွားေသာ ပထမျပန္ဆုႏွင္းသဘင္အစည္းအေဝး ျပပြဲ၊ ၿပိဳင္ပြဲ၊ေက်ာင္းကပြဲႏွင့္ အခမ္းအနားမ်ားစြာကို ဂ်ဴဗလီေဟာတြင္ က်င္းပခဲ့ေလသည္။ ဂ်ဴဗလီေဟာ၏ သက္တမ္းတစ္ေလၽွာက္တြင္ထူးျခား ထင္ရွားေသာ သမိုင္းဝင္လႈပ္ရွားမႈမ်ားစြာ က်င္းပခဲ့ေလသည္။

၁၉၂၁ခုႏွစ္၊ ႏိုဝင္ဘာလ(၂၈)ရက္ေန႔တြင္ ရန္ကုန္တကၠသိုလ္၏ ပထမဘြဲ႕ႏွင္းသဘင္ကို ဂ်ဴဗလီေဟာတြင္ ပင္က်င္းပခဲ့သည္။ ထိုစဥ္အခါက လယ္တီဆရာေတာ္ဘုရားႀကီးအား ၿဗိတိသၽွအစိုးရက ဂုဏ္ထူးေဆာင္ပါရဂူဘြဲ႕ ဆက္ကပ္ေတာ္မူခဲ့ေလသည္။ ၁၉၂၂ခုႏွစ္၊ ဇြန္လ(၂၇)ရက္ေန႔တြင္ျမန္မာႏိုင္ငံေရးအသင္းႀကီးျဖစ္သည့္ ဂ်ီ၊ စီ၊ဘီ၊ေအ အလုပ္အမႈေဆာင္ေကာ္မတီ အစည္းအေဝးပြဲကိုလည္း ဂ်ဴဗလီခန္းမ၌ပင္ က်င္းပခဲ့သည္။ ထိုအစည္းအေဝး၌ ဒိုင္အာခီအုပ္ခ်ဳပ္ေရးစနစ္ႏွင့္ ပတ္သက္၍ ဥပေဒျပဳေကာင္စီကို သပိတ္ေမွာက္လိုသူက တစ္စု၊ မေမွာက္လိုသူကတစ္စု ႏွစ္စုကြဲကာ ဝိဝါဒျဖစ္ၾကေလသည္။

ဦးဘေဖ၊ ဦးဘလႈိင္၊ ဦးပု၊ မႏၲေလးဦးဘဦး အမႉးရွိေသာ ပုဂၢိဳလ္(၂၁)ဦးက ဒိုင္အာခီစနစ္ကို လက္ခံ၍ ဥပေဒျပဳေကာင္စီထဲမွေန၍ အုပ္ခ်ဳပ္ေရးျပဳျပင္ ေျပာင္းလဲမႈတို႔ကို အေရးဆိုမည္ဟုေၾကညာခဲ့ေလသည္။ ထို႔ေၾကာင့္(၂၁)ဦး အဖြဲ႕ႏွင့္လႈိင္ပုေက်ာ္ ဂ်ီစီဘီေအဟူ၍ ႏွစ္ျခမ္းကြဲသြားေလသည္။ ၁၉၃၄-ခုႏွစ္၊ ဒီဇင္ဘာလ(၅)ရက္ေန႔တြင္ဂ်ဴဗလီေဟာ၌ ျမန္မာအမ်ိဳးသမီးအလွၿပိဳင္ပြဲက်င္းပခဲ့ေလသည္။ ထိုၿပိဳင္ပြဲတြင္ မခ်စ္ၫြန္႔ဆိုသူ အမ်ိဳးသမီးကေလးက ပထမဆုရရွိသျဖင့္ ျမန္မာ့အလင္းေ႐ႊတံဆိပ္ကို ရရွိခဲ့ေပသည္။

၁၉၃၅-ခုႏွစ္တြင္ကား ဗုဒၶဘာသာဝင္မ်ား၏အစည္းအေဝးတစ္ရပ္က်င္းပခဲ့ေလသည္။ ထိုႏွစ္စက္တင္ဘာလ(၈)ရက္ေန႔တြင္ ဘိကၡဳနီသာသနာပေဒသက်မ္း ျပဳစုသူ အရွင္အာဒိစၥဝံသအား ဗုဒၶရွင္ေတာ္ျမတ္ကို ထိပါးေသာစကားသုံးႏႈန္းသည္ဟု စြပ္စြဲကာပကာသနိယကံျပဳၾကေလသည္။ သာသနာေရးတြင္ႀကီးက်ယ္စြာျငင္းခုံ ဝိဝါဒျဖစ္ပြားခဲ့ျခင္းပင္ျဖစ္ေပသည္။ ၁၉၄ရခုႏွစ္၊ ဇူလိုင္(၁၉)ရက္ေန႔ တြင္ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ေခါင္းေဆာင္ႀကီးမ်ား မသမာသူမ်ား၏ လုပ္ႀကံျခင္းခံရ၍ က်ဆုံးေသာအခါ ဗိုလ္ခ်ဳပ္ႏွင့္တကြ အာဇာနည္မ်ား ၏႐ုပ္ကလာပ္မ်ားကို ဂ်ဴဗလီေဟာ၌ပင္ထားရွိ၍ အေလးျပဳခံခဲ့ရာ သၿဂႋဳလ္သည့္ ကာလ ၁၉၄၈-ခုႏွစ္၊ ဧၿပီလ(၁၁)ရက္ေန႔အထိ ျဖစ္ေလသည္။ ၁၉၅၂ခုႏွစ္၊ ဇြန္လ(၁)ရက္ေန႔တြင္ကား ဂ်ဴဗလီေဟာ၌ပင္ အမ်ိဳးသားျပတိုက္ကို စတင္ထူ ေထာင္ဖြင့္လွစ္ခဲ့ေပသည္။ ဘားနဒ္ပိဋကတ္တိုက္တို႔ကို စုေပါင္း၍ အမ်ိဳးသား စာၾကည့္တိုက္ကိုလည္း ဂ်ဴဗလီေဟာ၌ ပင္ဖြင့္လွစ္ခဲ့ေပသည္။ ဤသည္လည္းအေရး ပါေသာအခန္းက႑တစ္ခုပင္ျဖစ္သည္ဟုဆိုရေပမည္။

ထိုႏွစ္ဇူလိုင္လ(၁)ရက္ေန႔တြင္ အႏုပညာႏွင့္ ပန္တ်ာေက်ာင္းကိုလည္း ဂ်ဴဗလီေဟာ၌ပင္ စတင္ဖြင့္လွစ္ခဲ့ေပသည္။ ထို႔ ေနာက္တြင္ကားဂ်ဴဗလီေဟာအတြင္း၌ပင္ျပပြဲ၊ၿပိဳင္ပြဲမ်ား၊ အိႏၵိယႏိုင္ငံမွေရွးေဟာင္းဗုဒၶ႐ုပ္ပြားဆင္းတုေတာ္ႏွင့္ သာသနိကပစၥည္းမ်ားျပပြဲကိုလည္း ဂ်ဴဗလီေဟာအတြင္း၌အေဆာင္မ်ားတြင္က်င္း ပခဲ့ေလသည္။ ဂ်ဴဗလီေဟာ ေလဟာျပင္ဇာတ္ခုံ၌ အေရွ႕အေနာက္ႏိုင္ငံေပါင္းစုံမွ အႏုပညာယဥ္ေက်းမႈကပြဲမ်ားလည္း တင္ဆက္က်င္းပခဲ့ေလသည္။ ၁၉၇၈-ခုႏွစ္၊ မတ္လ(၂၀)ရက္ေန႔မွ မတ္လ(၂၅)ရက္ေန႔အထိ ျပန္ၾကားေရးဝန္ႀကီးဌာနပုံႏွိပ္ေရးႏွင့္စာအုပ္ထုတ္ေဝေရးေကာပိုေရးရွင္းစာေပဗိမာန္အဖြဲ႕မွႀကီးမႉးက်င္းပေသာ ဝတၳဳတိုစာတမ္းဖတ္ပြဲကိုလည္း ဂ်ဴဗလီေဟာ၌ပင္က်င္းပခဲ့ သည္။

အဆိုပါစာတမ္းဖတ္ပြဲ၌စာတမ္းရွင္မ်ားျဖစ္ၾကေသာ ဦးႀကီးေမာင္(ေငြဥ ေဒါင္း)၊ ေက်ာ္ေအာင္၊ မင္းေက်ာ္၊ မင္းယုေဝ၊ ဆင္ျဖဴကၽြန္းေအာင္သိန္း၊ ေမာင္ထင္၊ တကၠသိုလ္ေမာင္ေအာင္ေဆြ၊ ထင္လင္း၊ ေသာ္တာေဆြ၊ ခင္ေဆြဦး တို႔ကစာတမ္းမ်ားအသီးသီးတင္သြင္းဖတ္ၾကားသြားၾကသည္။ ဂ်ဴဗလီ ေဟာသည္ၿဗိတိသၽွနယ္ခ်ဲ႕သမားတို႔၏ မွတ္တိုင္အျဖစ္ႏွင့္စတင္ခဲ့ေသာ္လည္း ျမန္မာ့သမိုင္းတစ္ေလၽွာက္တြင္ အေရးပါေသာပြဲလမ္းသဘင္အခမ္းအနားမ်ား က်င္းပခဲ့ရာအေဆာက္အအုံတစ္ခုျဖစ္သည္။

ထို႔ေနာက္ျမန္မာ့သမိုင္းတစ္ေလ်ာက္တြင္အေရးပါေသာပြဲသဘင္အခမ္းအနားမ်ား စြဲရပ္တည္ရာ အေဆာက္အအုံတစ္ခုျဖစ္သည့္ ဂ်ဴဗလီေဟာကို ၁၉၈၅ခုႏွစ္တြင္ ဖ်က္၍ယင္းေနရာတြင္ တပ္မေတာ္ စစ္သမိုင္းျပတိုက္‎ ကိုတည္ေဆာက္ခဲ့ေလသည္။

(ယေန႔တြင္ေတာ့ စစ္သမုိင္းျပတုိက္လည္းမရွိေတာ့ပဲ ထုိေနရာတြင္ ေဆာက္လုပ္ေရးစီမံကိန္းႀကီးတစ္ခုကို တည္ေဆာက္ေနေၾကာင္းသိရသည္)

Photo : Ko Lin San Tyna

လွသမိန္ – ဂ်ဴဗလီေဟာေျပာသည့္သမိုင္း ၊ ေငြတာရီမဂၢဇင္းအမွတ္၁၂၆
Myanmar Wikipedia


မြန်မာ့သမိုင်း မှတ်တမ်းတွေထဲက ဂျူဗလီဟော

ဂျူဗလီဟော (Jubilee Hall) သည်မြန်မာ့သမိုင်း၌ တစ်ခန်းတစ်ကဏ္ဍပါဝင်ခဲ့ပေသည်။ ဂျူဗလီ ဟော၏သက်တမ်းတစ်လျောက်တွင်ထင်ရှားသောသမိုင်းဝင်အဖြစ်အပျက်များစွာတို့ ကိုထိတွေ့ခဲ့ရလေသည်။ ဂျူဗလီဟော ခေါ်တွင်သည့်အဆောက်အအုံကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ကျားကူးဓမ္မာရုံအနီးရှေး ယခင် ပြားတောရကျောင်းတည်ရှိရာနေရာတွင်လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၅)နှစ် ၊၁၈၉၃ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်အုတ်မြစ်ချ၍တည် ဆောက်ခဲ့လေသည်။

ဗြိတိန်နိုင်ငံဝိတိုရိယ ဧကရီဘုရင်မကြီး၏နန်းစံ(၂၅)နှစ် မြောက်(ငွေရတုသဘင်) ဂျူဗလီနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဂျူဗလီအဆောက်အအုံမှာ အင်္ဂလန်ပြည်ပြဇာတ်ရုံများကဲ့သို့ ဇာတ်ခုံစင်မြင့်၊ ပရိသတ်ခန်းမ၊ ဇာတ်ခုံဝဲယာခန်းဆောင်၊ ပရိသတ်အတွက်ပတ်လည်စင်မြင့်၊ ရှေ့မျက်နှာစာခန်း၊ဇာတ်ခဲ့အောက်ခန်း စသည်ဖြင့်ခမ်းနားစွာဆောက်လုပ်၍ နာရီစင်လည်း တပ်ဆင်ထားလေသည်။ ဇာတ်ခုံပေါ်တွင် မီးနှင့် ကန့်လန့်ကာအတွက် ခေတ်မီပစ္စည်းများလည်းတပ်ဆင်ထားသဖြင့် အစည်းအဝေးခန်း၊ ကပွဲခန်း၊ ဇာတ်ရုံစသည့်အသွင်မျိုးမျိုးဖြင့် အသုံးချနိုင်လေသည်။

ထိုအခါကမြို့တော်ခန်းမ ကဲ့သို့သော အဆောက်အအုံမ ပေါ်ပေါက်သေးသဖြင့် လူအများစုရုံးနိုင်သော ပွဲသဘင်ဆောင်အနေဖြင့် ဂျူဗလီဟောတစ်ခုတည်းသာ တည်ရှိခဲ့လေသည်။ ထို့ကြောင့်ဗြိတိသျှခေတ်တစ် လျောက်တွင် ထင်ရှားသော နာမည်ကြီးပုဂ္ဂိုလ်ကြီးများ၏ သားသမီးမင်္ဂလာ ဆောင်၊ ပွဲထိုင်အခမ်းအနားများကို ဂျူဗလီဟောတွင်ကျင်းပခြင်းဖြင့် ဂုဏ်ယူခဲ့ကြလေသည်။ ဘုရားဒကာ ဂရိတ်ဦးဖိုးစိန်၏ ပွဲများကိုလည်း ထိုစင်မြင့်တွင်ကပြခဲ့လေသည်။ ထင်ရှားသော ပထမပြန်ဆုနှင်းသဘင်အစည်းအဝေး ပြပွဲ၊ ပြိုင်ပွဲ၊ကျောင်းကပွဲနှင့် အခမ်းအနားများစွာကို ဂျူဗလီဟောတွင် ကျင်းပခဲ့လေသည်။ ဂျူဗလီဟော၏ သက်တမ်းတစ်လျှောက်တွင်ထူးခြား ထင်ရှားသော သမိုင်းဝင်လှုပ်ရှားမှုများစွာ ကျင်းပခဲ့လေသည်။

၁၉၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏ ပထမဘွဲ့နှင်းသဘင်ကို ဂျူဗလီဟောတွင် ပင်ကျင်းပခဲ့သည်။ ထိုစဉ်အခါက လယ်တီဆရာတော်ဘုရားကြီးအား ဗြိတိသျှအစိုးရက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆက်ကပ်တော်မူခဲ့လေသည်။ ၁၉၂၂ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင်မြန်မာနိုင်ငံရေးအသင်းကြီးဖြစ်သည့် ဂျီ၊ စီ၊ဘီ၊အေ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပွဲကိုလည်း ဂျူဗလီခန်းမ၌ပင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၌ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍ ဥပဒေပြုကောင်စီကို သပိတ်မှောက်လိုသူက တစ်စု၊ မမှောက်လိုသူကတစ်စု နှစ်စုကွဲကာ ဝိဝါဒဖြစ်ကြလေသည်။

ဦးဘဖေ၊ ဦးဘလှိုင်၊ ဦးပု၊ မန္တလေးဦးဘဦး အမှူးရှိသော ပုဂ္ဂိုလ်(၂၁)ဦးက ဒိုင်အာခီစနစ်ကို လက်ခံ၍ ဥပဒေပြုကောင်စီထဲမှနေ၍ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတို့ကို အရေးဆိုမည်ဟုကြေညာခဲ့လေသည်။ ထို့ကြောင့်(၂၁)ဦး အဖွဲ့နှင့်လှိုင်ပုကျော် ဂျီစီဘီအေဟူ၍ နှစ်ခြမ်းကွဲသွားလေသည်။ ၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင်ဂျူဗလီဟော၌ မြန်မာအမျိုးသမီးအလှပြိုင်ပွဲကျင်းပခဲ့လေသည်။ ထိုပြိုင်ပွဲတွင် မချစ်ညွန့်ဆိုသူ အမျိုးသမီးကလေးက ပထမဆုရရှိသဖြင့် မြန်မာ့အလင်းရွှေတံဆိပ်ကို ရရှိခဲ့ပေသည်။

၁၉၃၅-ခုနှစ်တွင်ကား ဗုဒ္ဓဘာသာဝင်များ၏အစည်းအဝေးတစ်ရပ်ကျင်းပခဲ့လေသည်။ ထိုနှစ်စက်တင်ဘာလ(၈)ရက်နေ့တွင် ဘိက္ခုနီသာသနာပဒေသကျမ်း ပြုစုသူ အရှင်အာဒိစ္စဝံသအား ဗုဒ္ဓရှင်တော်မြတ်ကို ထိပါးသောစကားသုံးနှုန်းသည်ဟု စွပ်စွဲကာပကာသနိယကံပြုကြလေသည်။ သာသနာရေးတွင်ကြီးကျယ်စွာငြင်းခုံ ဝိဝါဒဖြစ်ပွားခဲ့ခြင်းပင်ဖြစ်ပေသည်။ ၁၉၄ရခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့ တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ မသမာသူများ၏ လုပ်ကြံခြင်းခံရ၍ ကျဆုံးသောအခါ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များ ၏ရုပ်ကလာပ်များကို ဂျူဗလီဟော၌ပင်ထားရှိ၍ အလေးပြုခံခဲ့ရာ သင်္ဂြိုလ်သည့် ကာလ ၁၉၄၈-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့အထိ ဖြစ်လေသည်။ ၁၉၅၂ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင်ကား ဂျူဗလီဟော၌ပင် အမျိုးသားပြတိုက်ကို စတင်ထူ ထောင်ဖွင့်လှစ်ခဲ့ပေသည်။ ဘားနဒ်ပိဋကတ်တိုက်တို့ကို စုပေါင်း၍ အမျိုးသား စာကြည့်တိုက်ကိုလည်း ဂျူဗလီဟော၌ ပင်ဖွင့်လှစ်ခဲ့ပေသည်။ ဤသည်လည်းအရေး ပါသောအခန်းကဏ္ဍတစ်ခုပင်ဖြစ်သည်ဟုဆိုရပေမည်။

ထိုနှစ်ဇူလိုင်လ(၁)ရက်နေ့တွင် အနုပညာနှင့် ပန်တျာကျောင်းကိုလည်း ဂျူဗလီဟော၌ပင် စတင်ဖွင့်လှစ်ခဲ့ပေသည်။ ထို့ နောက်တွင်ကားဂျူဗလီဟောအတွင်း၌ပင်ပြပွဲ၊ပြိုင်ပွဲများ၊ အိန္ဒိယနိုင်ငံမှရှေးဟောင်းဗုဒ္ဓရုပ်ပွားဆင်းတုတော်နှင့် သာသနိကပစ္စည်းများပြပွဲကိုလည်း ဂျူဗလီဟောအတွင်း၌အဆောင်များတွင်ကျင်း ပခဲ့လေသည်။ ဂျူဗလီဟော လေဟာပြင်ဇာတ်ခုံ၌ အရှေ့အနောက်နိုင်ငံပေါင်းစုံမှ အနုပညာယဉ်ကျေးမှုကပွဲများလည်း တင်ဆက်ကျင်းပခဲ့လေသည်။ ၁၉၇၈-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကောပိုရေးရှင်းစာပေဗိမာန်အဖွဲ့မှကြီးမှူးကျင်းပသော ဝတ္ထုတိုစာတမ်းဖတ်ပွဲကိုလည်း ဂျူဗလီဟော၌ပင်ကျင်းပခဲ့ သည်။

အဆိုပါစာတမ်းဖတ်ပွဲ၌စာတမ်းရှင်များဖြစ်ကြသော ဦးကြီးမောင်(ငွေဥ ဒေါင်း)၊ ကျော်အောင်၊ မင်းကျော်၊ မင်းယုဝေ၊ ဆင်ဖြူကျွန်းအောင်သိန်း၊ မောင်ထင်၊ တက္ကသိုလ်မောင်အောင်ဆွေ၊ ထင်လင်း၊ သော်တာဆွေ၊ ခင်ဆွေဦး တို့ကစာတမ်းများအသီးသီးတင်သွင်းဖတ်ကြားသွားကြသည်။ ဂျူဗလီ ဟောသည်ဗြိတိသျှနယ်ချဲ့သမားတို့၏ မှတ်တိုင်အဖြစ်နှင့်စတင်ခဲ့သော်လည်း မြန်မာ့သမိုင်းတစ်လျှောက်တွင် အရေးပါသောပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပခဲ့ရာအဆောက်အအုံတစ်ခုဖြစ်သည်။

ထို့နောက်မြန်မာ့သမိုင်းတစ်လျောက်တွင်အရေးပါသောပွဲသဘင်အခမ်းအနားများ စွဲရပ်တည်ရာ အဆောက်အအုံတစ်ခုဖြစ်သည့် ဂျူဗလီဟောကို ၁၉၈၅ခုနှစ်တွင် ဖျက်၍ယင်းနေရာတွင် တပ်မတော် စစ်သမိုင်းပြတိုက်‎ ကိုတည်ဆောက်ခဲ့လေသည်။

(ယနေ့တွင်တော့ စစ်သမိုင်းပြတိုက်လည်းမရှိတော့ပဲ ထိုနေရာတွင် ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကို တည်ဆောက်နေကြောင်းသိရသည်)

လှသမိန် – ဂျူဗလီဟောပြောသည့်သမိုင်း ၊ ငွေတာရီမဂ္ဂဇင်းအမှတ်၁၂၆
Myanmar Wikipedia

Leave a Reply