သမၼတရာထူးထမ္းေဆာင္အၿပီး စည္းစိမ္ျပဳတ္ရုံမက အေၾကြးတင္ခဲ့သူ (သုိ႔) ရွာမွရွားတဲ့ အေမရိကန္သမၼတႀကီး

Posted on

ေသာမတ္စ္ ဂ်က္ဖာဆင္ သည္ အေမရိကန္ျပည္ေထာင္စု၏ တတိယေျမာက္ သမၼတ ၊ ဒုတိယေျမာက္ ဒုတိယ သမၼတ၊ ပထမေျမာက္ ႏိုင္ငံျခားေရး ဝန္ႀကီး ႏွင့္ ျပင္သစ္ႏိုင္ငံသို႔ သံအမတ္ စသည့္တာ၀န္မ်ားကို ထမ္းေဆာင္ခဲ့သူျဖစ္သည္။ ထို႔အျပင္ ၁၇၇၆ တြင္ အေမရိကန္ လြတ္လပ္ေရး ေၾကညာစာတမ္း ဦးေဆာင္ ေရးသားခဲ့သူ ျဖစ္ပါသည္။ ေငြေၾကးစနစ္၊ ပညာေရးႏွင့္ ဥပေဒေရးရာမ်ားကို ျပဳျပင္ တည္ေဆာက္သူ၊ ဗာဂ်ီးနီးယား တကၠသိုလ္ကို တည္ေထာင္သူ အျဖစ္ လူတို႔က ေအာက္ေမ့ ခ်ီးက်ဴးၾကသည္။

ဗာဂ်ီးနီးယားျပည္နယ္၊ အဲလဗီမားခ႐ိုင္ ရွတ္ဝဲလ္တြင္ ၁၇၄၃ ခုႏွစ္ ဧၿပီလ ၁၃ ရက္ေန႔တြင္ ဖြားျမင္သည္။ ဖခင္မွာ ေအာင္ျမင္ေက်ာ္ၾကားသည့္ ေျမတိုင္းဆရာ၊ စိုက္ပ်ိဳးေရးသမား ၿမိဳ႕ျပအင္ဂ်င္နီယာ ပီတာဂ်က္ဖာဆန္ျဖစ္သည္။ ပီတာဂ်က္ဖာဆန္သည္ အေနာက္ဘက္နယ္စပ္ေဒသတြင္ ယာေျမေပါင္း ေျမာက္ျမားစြာပိုင္သူျဖစ္ရာ သားျဖစ္သူ ေသာမတ္စ္သည္ ငယ္စဥ္ကပင္ ေက်းလက္ေတာ႐ြာလုပ္ငန္းမ်ားႏွင့္ လက္ပြန္းတတီး ဗဟုသုတရခဲ့ေလသည္။ ၎ကြယ္လြန္လၽွင္ ဂ်က္ဖာဆင္အတြက္ ႀကီးမားသည့္ အေမြပမာဏကို ခ်န္ေပးထားခဲ့သည္။

၅ ႏွစ္သားအ႐ြယ္ ေက်ာင္းေနစကတည္းက သခ်ၤာဘာသာရပ္မ်ားတြင္ ထူးခြ်န္ခဲ့ေလသည္။ ၉ ႏွစ္သား အ႐ြယ္မွစ၍ လက္တင္၊ ဂရိ၊ ျပင္သစ္ဘာသာမ်ားကို သင္ယူသည္။ ၁၇ ႏွစ္အ႐ြယ္တြင္ ဝီလ်ံစဗတ္ၿမိဳ႕တြင္ ဝင္ေရာက္ပညာသင္ၾကားေလသည္။ သခ်ၤာဘာသာ၌ ငယ္စဥ္ကပင္ ထူးခၽြန္သူျဖစ္သည့္အေလ်ာက္ သခ်ၤာဘာသာပါေမာကၡႀကီး ေဒါက္တာဝီလ်ံစေမာ၏ ခ်ီးက်ဴးျခင္းကို အထူးခံရသူျဖစ္၏။

ေဒါက္တာဝီလ်ံစေမာသည္ ေသာမတ္စ္ဂ်က္ဖာဆန္အား ဗာဂ်ီးနီးယားျပည္နယ္မွ ထင္ရွားေသာ ဝတ္လုံေတာ္ရႀကီး ေဂ်ာ့ဝစ္ႏွင့္ မိတ္ဆက္ေပးသည္။ ဝီလီယမ္ႏွင့္ ေမရီေကာလိပ္တြင္ ႏွစ္ႏွစ္ၾကာ ပညာသင္ၾကားခဲ့ေသာ္လည္း ဘြဲ႕မရပဲ ေက်ာင္းမွထြက္ခဲ့သည္။ ထို႔ေနာက္ ေဂ်ာ့ဝစ္ထံ၌ ဥပေဒပညာကို ၅ ႏွစ္မၽွ ဆည္းပူးရေလသည္။ ထိုဥပေဒပညာသည္ပင္ သူ႕အား ႏိုင္ငံေရး၊ တိုင္းျပည္အုပ္ခ်ဳပ္ေရးတို႔၌ အေထာက္အပံ့ ျဖစ္ေစခဲ့၏။

သို႔ျဖင့္ ၁၇၆၇ မွစကာ ဗာဂ်ီးနီးယားျပည္နယ္ လိုင္စင္ရ ေရွ႕ေနတစ္ဦး ျဖစ္လာခဲ့သည္။ ခုႏွစ္ႏွစ္အတြင္း ေရွ႕ေနအျဖစ္လည္းေကာင္း၊ ေျမပိုင္ရွင္အျဖစ္လည္းေကာင္း ေနထိုင္ခဲ့သည္။

ဂ်က္ဖာဆန္သည္ ဗာဂ်ီးနီးယား ဥပေဒျပဳ ေအာက္လႊတ္ေတာ္သို႔ ၁၇၆၉ ခုႏွစ္တြင္ ျပည္သူ႕ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ တင္ေျမာက္ျခင္းခံရသည္။ ၁၇၇၄ တြင္ ထုတ္ေဝေသာ ၿဗိတိသၽွကိုလိုနီအေမရိကရွိ လူတို႔၏ရပိုင္ခြင့္မွာ ဂ်က္ဖာဆင္၏ ပထမဆုံးေဆာင္းပါး ျဖစ္သကဲ့သို႔ အလြန္အေရးပါသည္ဟု ဆိုႏိုင္သည္။ ထိုေဆာင္းပါးလက္ရာေၾကာင့္ ေနာက္တစ္ႏွစ္တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ကြန္တီနယ္တယ္ ကြန္ဂရက္တက္ေရာက္ရန္ ကိုယ္စားလွယ္တစ္ဦးအျဖစ္ ေ႐ြးခ်ယ္ခံရသည္။ ၁၇၇၆ တြင္ ၿဗိတိသၽွအစိုးရ ေတာ္လွန္ၿပီးေနာက္ လြတ္လပ္ေရးေၾကျငာစာတမ္း ေရးဆြဲရာတြင္ ဦးေဆာင္ပါဝင္သည္။

သို႔ေသာ္ အမွန္တြင္ ဂ်က္ဖာဆင္အား ေကာ္မတီတစ္ခုလုံးက တစ္ဦးတည္းေရးရန္ လႊဲအပ္သည္။ အေမရိကန္လြတ္လပ္ေရး ေၾကျငာစာတမ္းႀကီးကို စီကုံး ေရးသားရာတြင္ ထူးခၽြန္စြာ ေဆာင္႐ြက္စီမံႏိုင္မႈေၾကာင့္ ေက်ာ္ၾကားလာခဲ့ေလသည္။ ေသာမတ္စ္ဂ်က္ဖာဆန္သည္ ျပည္သူတို႔၏အက်ိဳးကို လိုလားေသာ စိတ္ဓာတ္ခံရွိသူျဖစ္ေသာေၾကာင့္ ဒီမိုကေရစီဝါဒကို ႏွစ္ၿခိဳက္၏။ ဉာဏ္ပညာထက္သန္ျခင္း၊ လြတ္လပ္စြာ ေတြးေခၚတတ္ျခင္း၊ ေၾကာက္႐ြံ႕မႈ ကင္းမဲ့ျခင္း စသည္တို႔ေၾကာင့္ သူ႕ကိုလူထုက မ်ားစြာ ကိုးစားၾကေလသည္။

လြတ္လပ္ေရးရၿပီးေနာက္ ဗာဂ်ီးနီးယားျပည္နယ္ ဘုရင္ခံအျဖစ္ ၁၇၇၉ မွ ၁၇၈၁ အထိ တာဝန္ထမ္းေဆာင္သည္။ ထိုေနာက္ ႏိုင္ငံေရးေလာကမွ ေခတၱခဏ အနားယူၿပီး ဗာဂ်ီးနီးယားျပည္နယ္မွတ္စု အမည္ရွိ က်မ္းတစ္ေစာင္ကို ျပဳစုေရးသားခဲ့သည္။ ထိုက်မ္းပါ အေရးႀကီးသည့္ အခ်က္တစ္ခ်က္မွာ ကၽြန္စနစ္ကို မႏွစ္ၿမိဳ႕ေၾကာင္း ထင္ထင္ရွားရွား ေဖၚျပထားျခင္းျဖစ္သည္။ ၁၇၈၂ တြင္ ဇနီးသည္ ကြယ္လြန္ၿပီးေနာက္ ႏိုင္ငံေရးေလာကသို႔ တစ္ေက်ာ့ျပန္ ဝင္ေရာက္ခဲ့သည္။ ထိုစဥ္က ဂ်က္ဖာဆင္မွာ ၃၉ ႏွစ္ အ႐ြယ္သာ ရွိေသးေသာ္လည္း အိမ္ေထာင္သစ္ ထူေထာင္ျခင္းမရွိခဲ့ေပ။

မိသားစုႏွင့္

၁၇၈၅ တြင္ ႏိုင္ငံျခားသို႔ သံတမန္ေရးရာ ေဆာင္႐ြက္ရန္ ျပင္သစ္သို႔ေစလႊတ္ခံခဲ့ရသည္။ မၾကာမွီပင္ သံအမတ္အျဖစ္ ဘင္ဂ်မင္ ဖရမ္ကလင္ကို ဆက္ခံသည္။ ျပင္သစ္တြင္ ငါးႏွစ္ၾကာ ေနထိုင္ေနခဲ့စဥ္အတြင္း အေမရိကန္ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲသြားခဲ့ၾကသျဖင့္ ထိုဥပေဒေရးဆြဲရာတြင္ ပါဝင္ခြင့္မရခဲ့ေပ။ သို႔ေသာ္ ထိုအေျခခံဥပေဒတြင္ လူ႕အခြင့္အေရးႏွင့္ ပတ္သက္၍ ဥပေဒထည့္သြင္းရန္ အထူးေထာက္ခံခဲ့သည္။

၁၇၉၄ တြင္ အေမရိကသို႔ ျပန္ေရာက္လၽွင္ ခ်က္ခ်င္းဆိုသလို ႏိုင္ငံျခားေရးဝန္ႀကီး (Secretary of State) အျဖစ္ ရာထူးခန္႔အပ္ခံရသည္။ သို႔ေသာ္ ဘ႑ာေရးဝန္ႀကီး အလက္ဇႏၵား ဟာမီလ္တန္ႏွင့္ သေဘာထားခ်င္း မတိုက္ဆိုင္ပဲ အတိုက္အခံျဖစ္လာသည္။ သို႔ျဖင့္ ဟာလ္မီတန္၏ သေဘာထားကို ေထာက္ခံသည့္ သူမ်ားက ဖယ္ဒရယ္ပါတီကို တည္ေထာင္ၾကသလို ဂ်က္ဖာဆင္ကို ေထာက္ခံသူမ်ားကလည္း ဒီမိုကရက္တစ္ ရီပါပလီကင္ပါတီ (ယေန႔ ဒီမိုကရက္တစ္ပါတီ)ကို အၿပိဳင္အဆိုင္ ဖြဲ႕ၾကသည္။

၁၇၉၆ တြင္ သမၼတေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ဂၽြန္အဒမ္၏ေနာက္ ဒုတိယမဲအမ်ားဆုံးရကာ ဒုတိယ သမၼတ ျဖစ္လာသည္။ (ထိုစဥ္က ဖြဲ႕စည္းပုံအရ မဲရာခိုင္ႏႈံး ဒုတိယအမ်ားဆုံးရသူက ဒုတိယသမၼတ ျဖစ္သည္။ ယေန႔တြင္ ထိုကဲ့သို႔ မဟုတ္ေတာ့ပါ။) ၁၈၀၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္မွ သမၼတအျဖစ္ ေ႐ြးေကာက္ခံရၿပီး သမၼတျဖစ္လာသည္။

သမၼတျဖစ္လာလၽွင္ မိမိအတိုက္အခံမ်ားႏွင့္ ဆက္ဆံေရးေျပလည္ေအာင္ မၽွတစြာ ေနထိုင္ဆက္ဆံသည္။ (ထိုမွစကာ ႏိုင္ငံေရးတြင္ အတိုက္အခံမ်ား တစ္ဖက္ႏွင့္ တစ္ဖက္ေလးေလးစားစား ဆက္ဆံသည့္ အေလ့အထေကာင္းကို တည္ေဆာက္ေပးခဲ့သည္ဟု ဆိုႏိုင္ပါသည္။) ထို႔ျပင္ အေမရိကန္ျပည္ေထာင္စုအတြက္ ေနာင္တစ္ခ်ိန္တြင္ အႀကီးအက်ယ္ အက်ိဳးရွိေစမည့္ ကိစၥတစ္ရပ္ကို မထင္မွတ္ပဲ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည္။ ထိုကိစၥမွာ အျခားမဟုတ္၊ လူဝီစီယားနားနယ္ ကို ျပင္သစ္ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ (ထိုစဥ္က အေမရိကန္ျပည္ေထာင္စု ျပည္နယ္ ၁၃ ျပည္နယ္၏ ဧရိယာစုစုေပါင္းႏွင့္ လူဝီစီယားနားျပည္နယ္၏ ဧရိယာမွာ မ်ားစြာမကြာလွေပ။) ဂ်က္ဖာဆန္၏ သမၼတသက္တမ္း ၄ ႏွစ္အတြင္းတြင္ အေမရိကန္ျပည္၌ ဒီမိုကေရစီဝါဒသည္ အလြန္ ထြန္းကားခဲ့ေပသည္။

သမၼတႀကီးေနထုိင္ခဲ့ရာအိမ္

၁၈၀၄ တြင္ သမၼတသက္တမ္း ေနာက္တစ္ႀကိမ္ အေ႐ြးခံရၿပီး သမၼတအျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္သည္။ သို႔ေသာ္ ၁၈၀၈ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳပဲ ေရွ႕မွ ေဂ်ာ့ခ္် ဝါရွင္တန္၏ လမ္းစဥ္အတိုင္း သမၼတသက္တမ္း ႏွစ္ႀကိမ္သာ ထမ္းေဆာင္ၿပီး သမၼတအျဖစ္မွ အနားယူသည္။

ဒုတိယအႀကိမ္ သမၼတဘဝႏွင့္ ၁၈ဝ၈ ခုႏွစ္ ဇန္နဝါရီ လ ၁ ရက္ေန႔မွစ၍ ကၽြန္အေရာင္းအဝယ္ကို ပိတ္ပင္ရန္ ဥပေဒ တစ္ရပ္ ထုတ္ျပန္ခဲ့သည္။ သမၼတမျဖစ္မီက သန္းၾကြယ္သူေဌးႀကီးျဖစ္ေသာ ဂ်က္ဖာဆန္မွာ သမၼတရာထူး သက္တမ္း ကုန္ဆုံး ေသာအခါ ပုိင္ဆုိင္သမွ်စည္းစိမ္အားလုံး ကုန္ဆုံးခဲ့ရုံသာမက အေႂကြးေဒၚလာ ၂ဝ,ဝဝဝ ခန္႔ပင္ တင္ ေနသည့္အတြက္ သူစုေဆာင္းထားခဲ့ေသာ စာအုပ္ေပါင္း ၁၃,ဝဝဝ ပါဝင္သည့္ စာၾကည့္တိုက္ကို ျပည္ေထာင္စု အစိုးရ သို႔ အဖိုးေငြ ၂၃,၉၅ဝ ေဒၚလာျဖင့္ ေရာင္းခ်၍ဆပ္ရေလသည္။

မိမိစည္းစိမ္မ်ားကို ႏုိင္ငံအတြက္ လုိအပ္သည့္ေနရာမ်ားအတြက္ အသုံးခ်ခဲ့ေသာေၾကာင့္ျဖစ္သည္။ ထုိ႔ျပင္ သမၼတလစာကုိလည္း တျပားတခ်ပ္မွ မယူခဲ့ေခ်။ မိမိတစ္ဘ၀လုံးကို ႏုိင္ငံအက်ဳိးအတြက္ေပးဆပ္ခဲ့သည့္ ရွာမွရွားေသာ သမၼတျဖစ္သည္။ ဂ်က္ဖာဆန္မွာ ေဆြမ်ိဳးသားခ်င္း မိတ္သဂၤဟေပါမ်ားသူျဖစ္၍ အိမ္တြင္ ဧည့္သည္မျပတ္ရွိရာ စာၾကည့္တိုက္ ေရာင္းရေငြမွာလည္း မၾကာမီပင္ ကုန္ေလေတာ့သည္။ ထိုေၾကာင့္ အိမ္ ကေလးတစ္လုံးေဆာက္ကာ တိမ္းေရွာင္ေနရသည္ဟုပင္ အခ်ိဳ႕ က ဆိုၾကသည္။

သို႔ေသာ္ ျပည္ေထာင္စုအစိုးရထံမွ အေထာက္ အပံ့အျဖစ္ စုေဆာင္း၍ ေပးေသာေငြ ၁၆,၅ဝဝ ေဒၚလာရရွိေသာေၾကာင့္သာလၽွင္ ဂ်က္ဖာဆန္မွာ အနည္းငယ္ခံသာသည္။ သို႔ ႏွင့္လည္း ေထာက္ပံ့ေငြရၿပီး မၾကာမီ သူပိုင္ပစၥည္းမ်ားျဖစ္ေသာ အိမ္ေထာင္ခမ္းနား၊ ေငြထည္ပစၥည္း၊ ပန္းခ်ီကားမ်ားႏွင့္တကြ ဗာဂ်ီးနီးယားနယ္ ရွားေလာ့စဗီးၿမိဳ႕ရွိ သူပိုင္ မြန္တီစယ္လို အိမ္ႏွင့္ ဝင္းၿခံကို ေရာင္းခ်၍ အေႂကြးမ်ား ေပးဆပ္ရေသး၏။ သမၼတရာထူး ၂ ႀကိမ္တိုင္တိုင္ ဆက္ယူၿပီးေနာက္ တတိယအႀကိမ္ အေ႐ြးမခံေတာ့ဘဲ အနားယူလိုက္ေတာ့သည္။

ဗာဂ်ီးနီးယားတကၠသုိလ္

ပညာေရးဆိုင္ရာ စြမ္းေဆာင္ခ်က္မ်ား

ဗာဂ်ီးနီးယား တကၠသိုလ္

ပညာေရးႏွင့္ပတ္သက္ၿပီး ဂ်က္ဖာဆင္က လူတိုင္းမူလတန္းပညာကို သင္ၾကားထားရမည္။ အရည္အေသြး ရွိသူမ်ားကို တကၠသိုလ္မ်ားတြင္ ပညာသင္ၾကားေစရမည္။ ထိုသို႔ သင္ၾကားႏိုင္ရန္ ေထာက္ပံ့ေရး ရန္ပုံေငြ ထားရွိရမည္ဟု ဗာဂ်ီးနီးယား လႊတ္ေတာ္တြင္ အႀကံျပဳသည္။ ထိုအႀကံျပဳခ်က္ကို အစက လက္မခံၾကေသာ္လည္း ေနာင္တြင္ ဗာဂ်ီးနီးယားျပည္နယ္သာမက အေမရိကန္ တစ္ႏိုင္ငံလုံး က်င့္သုံးၾကသည္။ ၁၈၁၉ တြင္ အစိုးရႏွင့္ စီမံကိန္းစာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဗာဂ်ီးနီးယားတကၠသိုလ္ကို တည္ေထာင္ခဲ့သည္။ ထိုအခ်က္မွာလည္း အလြန္အက်ိဳးရွိၿပီး အေရးပါသည့္ ေဆာင္႐ြက္ခ်က္ျဖစ္သည္။

ဥပေဒေရးဆိုင္ရာ စြမ္းေဆာင္ခ်က္မ်ား

ဗာဂ်ီးနီးယားျပည္နယ္ လႊတ္ေတာ္အမတ္ဘဝက အုပ္ခ်ဳပ္ေရးႏွင့္ ခရစ္ေက်ာင္းေတာ္တို႔ကို ေရာေထြးမထားပဲ သီသန္႔ခြဲျခားထားရန္၊ ဘာသာေရးအရ လြတ္လပ္စြာ ကိုးကြယ္ခြင့္ရွိရန္ တင္ျပခဲ့သည္။ ထိုစဥ္က ကန္႔ကြက္မႈမ်ားၾကားမွ အတည္ျပဳခဲ့ၿပီး ေနာင္တြင္ အေမရိကန္၏ အျခားျပည္နယ္မ်ားသာမက၊ အေမရိကန္ျပည္ေထာင္စု အေနျဖင့္ပါ ထိုအခ်က္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ထည့္သြင္းေရးဆြဲခဲ့ၾကသည္။

ေငြေၾကး၊ အေလးခ်ိန္ႏွင့္ အတိုင္းအတာ စနစ္မ်ားတြင္ ဆယ္လီစနစ္ (၁၀ x ၁၀) ကို က်င့္သုံးရန္ တင္ျပခဲ့သည္။ ေငြေၾကးစနစ္အတြက္ ဥပေဒအတည္ျပဳႏိုင္ေသာ္လည္း က်န္အေလးခ်ိန္ႏွင့္ အတိုင္းအတာစနစ္မ်ားတြင္မူ ေနာင္မွ အတည္ျပဳႏိုင္သည္။ ေနာက္တိုးျပည္နယ္သစ္မ်ားတြင္ ကၽြန္စနစ္ကို က်င့္သုံးခြင့္မေပးရန္အဆိုမွာ တစ္မဲအလိုျဖင့္ ကပ္ၿပီး႐ႈံးႏွိမ့္ခဲ့ရသည္။

သမၼတဂ်က္ဖာဆင္ရုပ္တု

အျခားစြမ္းေဆာင္ခ်က္မ်ား

ဘာသာစကားကၽြမ္းက်င္ၿပီး ဘာသာစကား ၆ မ်ိဳးေျပာႏိုင္သည္။ သဘာ၀ႏွင့္ သိပၸံပညာရပ္မ်ားကို ဝါသနာထုံၿပီး ဗိသုကာ ပညာရပ္တြင္လည္း ကၽြမ္းက်င္သည္။ စိုက္ပ်ိဳးေမြးျမဴေရးတြင္လည္း သိပၸံနည္းက် စိုက္ပ်ိဳးသူအျဖစ္ နာမည္ရသည္။ ထို႔ျပင္ ပစၥည္းကိရိယာ အေသးအဖြဲေလးမ်ားကိုလည္း တီထြင္ထုတ္လုပ္ခဲ့ေသးသည္ဟု ဆိုပါသည္။ အထက္ပါ အခ်က္မ်ားကို ၾကည့္လၽွင္ ေသာမတ္စ္ ဂ်က္ဖာဆင္သည္ အလြန္ပင္ ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းရွိၿပီး၊ ေခတ္ေရွ႕ေျပးသူလည္း ျဖစ္ေၾကာင္း သိႏိုင္သည္။

အနားယူၿပီး ဘဝ

သမၼတအျဖစ္မွ အနားယူၿပီးသည့္ အခါတြင္ သူ၏ ေနရပ္ျဖစ္ေသာ ရွားေလာ့စဗီး၌ ဗာဂ်ီးနီးယားတကၠသိုလ္ေက်ာင္းႀကီးတစ္ေက်ာင္း တည္ေဆာင္ရန္ လုံးပန္း ေဆာင္႐ြက္ေလသည္။ တကၠသိုလ္၏ အေဆာက္အအုံ ႀကီးမ်ားကို သူကိုယ္တိုင္ စနစ္ပုံေရးဆြဲ၍ တည္ေဆာက္ရာတြင္ၾကပ္မတ္ ၾကည့္႐ႈခဲ့ေလသည္။ ေသာမတ္စ္ဂ်က္ဖာဆန္၏ အမည္သည္ အေမရိကန္ႏိုင္ငံေရးေလာကတြင္သာမဟုတ္ ဗိသုကာေလာကတြင္လည္း ဥဒါန္းတြင္ရစ္ေပသည္။

ဂ်က္ဖာဆန္သည္ ပထဝီဝင္၊ ဘူမိေဗဒ၊ ႐ူပေဗဒ၊ ပါဏေဗဒတို႔ကိုလည္း ဝါသနာအေလ်ာက္ လိုက္စားခဲ့သည္။ လယ္ယာစိုက္ပ်ိဳးျခင္း၊ သစ္ပင္ စိုက္ျခင္းတို႔အျပင္ ေဆးပညာ၊ ခြဲစိတ္ကုသျခင္းပညာႏွင့္ သခ်ၤာဘာသာရပ္မ်ားတြင္လည္း အထူးပင္ ဝါသနာထုံသူ ျဖစ္၏။ ထိုမၽွသာမကေသး အယူဝါဒဆိုင္ရာဖက္တြင္လည္း မလစ္ဟင္း ခဲ့ေခ်။ စာေပႏွင့္ ေဝါဟာရမ်ားကိုလည္း ဂ႐ုစိုက္သည္။ အေမရိကန္ ယထာဘူတပညာ အသင္းႀကီးတြင္ ဥကၠ႒အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေဆာင္႐ြက္ခဲ့ေလသည္။

အေမရိကန္၏ အႀကီးျမတ္ဆုံးသမၼတေလးဦး ကုိဂုဏ္ျပဳထုလုပ္ထားတဲ့ Mount Rushmore၊
ေဂ်ာ့၀ါရွင္တန္ ၊ ေသာမတ္ဂ်က္ဖာဆင္ ၊ ဖရန္ကလင္း ဒီ ရုစဗဲ့ ၊ ေအဗရာဟမ္လင္ကြန္း

မိသားစုဘဝႏွင့္ ဘဝနိဂုံး

၁၇၇၂ ခုႏွစ္တြင္ ေသာမတ္စ္ဂ်က္ဖာဆန္သည္ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ မုဆိုးမ မိန္းမေခ်ာေလး မာသာေဝးစကယ္ လတန္ႏွင့္ လက္ထပ္သည္။ သူတို႔ေမာင္ႏွံစုံမွာ အလြန္ခ်စ္ခင္ ေပ်ာ္႐ႊင္စြာ မြန္တီစယ္လိုေခၚ ေတာင္ကုန္းအိမ္ကေလး၌ ေန ထိုင္ၾက၏။ မာသာႏွင့္ သားသမီး ၆ ေယာက္ ေမြးဖြားသည့္ အနက္ မိန္းကေလး ၂ ေယာက္သာ အဖတ္တင္သည္။ ဇနီးျဖစ္သူႏွင့္ ႏွစ္ႏွစ္ဆယ္ေပါင္းသင္းခဲ့ၿပီး ၁၇၈၂ တြင္ ဇနီးကြယ္လြန္ရာ မုဆိုးဖိုဘဝျဖင့္ သက္ဆုံးတိုင္ ေနထိုင္သြားခဲ့သည္။ လြတ္လပ္ေရးေၾကညာစာတမ္းကို ေၾကညာသည့္ ႏွစ္ ၅၀ ေျမာက္ေန႔ျဖစ္သည့္ ၄၊ ဇူလိုင္ ၊၁၈၂၆ တြင္ အသက္ ၈၃ ႏွစ္ အ႐ြယ္ရွိ ဂ်က္ဖာဆင္ ကြယ္လြန္သည္။

သူ၏ သခ်ႋဳင္းအုတ္ဂူတြင္စိုက္ထူမည့္ ကမၺည္းေက်ာက္တိုင္ကို မကြယ္လြန္မွီကပင္ ကိုယ္တိုင္ထြင္းထုထားခဲ့ၿပီး ထိုကမၺည္းေက်ာက္တိုင္တြင္ သူ႕အေၾကာင္း အမွတ္တရျဖစ္ေစမည့္ အခ်က္သုံးခ်က္ကိုသာ ထည့္သြင္းသြားခဲ့သည္။

“ဤေနရာသည္ အေမရိကန္ လြတ္လပ္ေရးေၾကညာစာတမ္းေရးသားသူ၊ ဗာဂ်ီးနီးယားျပည္နယ္တြင္ ဘာသာေရးလြတ္လပ္ခြင့္အတြက္ မီး႐ႉးတန္ေဆာင္ႏွင့္ ဗာဂ်ီးနီးယားတကၠသိုလ္၏ ဖခင္ႀကီး (တည္ေထာင္သူ) ေသာမတ္စ္ ဂ်က္ဖာဆင္အား ျမဳပ္ႏွံရာ အုတ္ဂူျဖစ္သည္။”

“ဧၿပီလ ၊ ၂ရက္ေန႔ ၊ ၁၇၄၃ တြင္ ေမြးဖြားၿပီး ဇူလိုင္လ ၊ ၄ရက္ေန႔ ၊ ၁၈၂၆ တြင္ ကြယ္လြန္သည္။”

မိမိ သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေၾကာင္းကိုမူ ထည့္သြင္းေရးသားခဲ့ျခင္း မရွိသည္မွာလည္း ထူးျခားလွပါသည္။

သမၼတႀကီး ဂ်က္ဖာဆင္၏ အုတ္ဂူ

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၃)
ေက်ာ္စြာ(၁၀၀)-ေဒါက္တာသန္းထြန္း
Myanmar Wikipedia


သမ္မတရာထူးထမ်းဆောင်အပြီး စည်းစိမ်ပြုတ်ရုံမက အကြွေးပင်တင်ခဲ့သူ (သို့) ရှာမှရှားတဲ့ အမေရိကန်သမ္မတကြီး (unicode)

သောမတ်စ် ဂျက်ဖာဆင် သည် အမေရိကန်ပြည်ထောင်စု၏ တတိယမြောက် သမ္မတ ၊ ဒုတိယမြောက် ဒုတိယ သမ္မတ၊ ပထမမြောက် နိုင်ငံခြားရေး ဝန်ကြီး နှင့် ပြင်သစ်နိုင်ငံသို့ သံအမတ် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် ၁၇၇၆ တွင် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ဦးဆောင် ရေးသားခဲ့သူ ဖြစ်ပါသည်။ ငွေကြေးစနစ်၊ ပညာရေးနှင့် ဥပဒေရေးရာများကို ပြုပြင် တည်ဆောက်သူ၊ ဗာဂျီးနီးယား တက္ကသိုလ်ကို တည်ထောင်သူ အဖြစ် လူတို့က အောက်မေ့ ချီးကျူးကြသည်။

ဗာဂျီးနီးယားပြည်နယ်၊ အဲလဗီမားခရိုင် ရှတ်ဝဲလ်တွင် ၁၇၄၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ အောင်မြင်ကျော်ကြားသည့် မြေတိုင်းဆရာ၊ စိုက်ပျိုးရေးသမား မြို့ပြအင်ဂျင်နီယာ ပီတာဂျက်ဖာဆန်ဖြစ်သည်။ ပီတာဂျက်ဖာဆန်သည် အနောက်ဘက်နယ်စပ်ဒေသတွင် ယာမြေပေါင်း မြောက်မြားစွာပိုင်သူဖြစ်ရာ သားဖြစ်သူ သောမတ်စ်သည် ငယ်စဉ်ကပင် ကျေးလက်တောရွာလုပ်ငန်းများနှင့် လက်ပွန်းတတီး ဗဟုသုတရခဲ့လေသည်။ ၎င်းကွယ်လွန်လျှင် ဂျက်ဖာဆင်အတွက် ကြီးမားသည့် အမွေပမာဏကို ချန်ပေးထားခဲ့သည်။

၅ နှစ်သားအရွယ် ကျောင်းနေစကတည်းက သင်္ချာဘာသာရပ်များတွင် ထူးချွန်ခဲ့လေသည်။ ၉ နှစ်သား အရွယ်မှစ၍ လက်တင်၊ ဂရိ၊ ပြင်သစ်ဘာသာများကို သင်ယူသည်။ ၁၇ နှစ်အရွယ်တွင် ဝီလျံစဗတ်မြို့တွင် ဝင်ရောက်ပညာသင်ကြားလေသည်။ သင်္ချာဘာသာ၌ ငယ်စဉ်ကပင် ထူးချွန်သူဖြစ်သည့်အလျောက် သင်္ချာဘာသာပါမောက္ခကြီး ဒေါက်တာဝီလျံစမော၏ ချီးကျူးခြင်းကို အထူးခံရသူဖြစ်၏။ ဒေါက်တာဝီလျံစမောသည် သောမတ်စ်ဂျက်ဖာဆန်အား ဗာဂျီးနီးယားပြည်နယ်မှ ထင်ရှားသော ဝတ်လုံတော်ရကြီး ဂျော့ဝစ်နှင့် မိတ်ဆက်ပေးသည်။ ဝီလီယမ်နှင့် မေရီကောလိပ်တွင် နှစ်နှစ်ကြာ ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရပဲ ကျောင်းမှထွက်ခဲ့သည်။ ထို့နောက် ဂျော့ဝစ်ထံ၌ ဥပဒေပညာကို ၅ နှစ်မျှ ဆည်းပူးရလေသည်။ ထိုဥပဒေပညာသည်ပင် သူ့အား နိုင်ငံရေး၊ တိုင်းပြည်အုပ်ချုပ်ရေးတို့၌ အထောက်အပံ့ ဖြစ်စေခဲ့၏။

သို့ဖြင့် ၁၇၆၇ မှစကာ ဗာဂျီးနီးယားပြည်နယ် လိုင်စင်ရ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ခုနှစ်နှစ်အတွင်း ရှေ့နေအဖြစ်လည်းကောင်း၊ မြေပိုင်ရှင်အဖြစ်လည်းကောင်း နေထိုင်ခဲ့သည်။

ဂျက်ဖာဆန်သည် ဗာဂျီးနီးယား ဥပဒေပြု အောက်လွှတ်တော်သို့ ၁၇၆၉ ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံရသည်။ ၁၇၇၄ တွင် ထုတ်ဝေသော ဗြိတိသျှကိုလိုနီအမေရိကရှိ လူတို့၏ရပိုင်ခွင့်မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါးလက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရက်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် ဗြိတိသျှအစိုးရ တော်လှန်ပြီးနောက် လွတ်လပ်ရေးကြေငြာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။

သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။ အမေရိကန်လွတ်လပ်ရေး ကြေငြာစာတမ်းကြီးကို စီကုံး ရေးသားရာတွင် ထူးချွန်စွာ ဆောင်ရွက်စီမံနိုင်မှုကြောင့် ကျော်ကြားလာခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်သည် ပြည်သူတို့၏အကျိုးကို လိုလားသော စိတ်ဓာတ်ခံရှိသူဖြစ်သောကြောင့် ဒီမိုကရေစီဝါဒကို နှစ်ခြိုက်၏။ ဉာဏ်ပညာထက်သန်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း စသည်တို့ကြောင့် သူ့ကိုလူထုက များစွာ ကိုးစားကြလေသည်။

လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး ဗာဂျီးနီးယားပြည်နယ်မှတ်စု အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖေါ်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။

၁၇၈၅ တွင် နိုင်ငံခြားသို့ သံတမန်ရေးရာ ဆောင်ရွက်ရန် ပြင်သစ်သို့စေလွှတ်ခံခဲ့ရသည်။ မကြာမှီပင် သံအမတ်အဖြစ် ဘင်ဂျမင် ဖရမ်ကလင်ကို ဆက်ခံသည်။ ပြင်သစ်တွင် ငါးနှစ်ကြာ နေထိုင်နေခဲ့စဉ်အတွင်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားခဲ့ကြသဖြင့် ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် ထိုအခြေခံဥပဒေတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေထည့်သွင်းရန် အထူးထောက်ခံခဲ့သည်။

၁၇၉၄ တွင် အမေရိကသို့ ပြန်ရောက်လျှင် ချက်ချင်းဆိုသလို နိုင်ငံခြားရေးဝန်ကြီး (Secretary of State) အဖြစ် ရာထူးခန့်အပ်ခံရသည်။ သို့သော် ဘဏ္ဍာရေးဝန်ကြီး အလက်ဇန္ဒား ဟာမီလ်တန်နှင့် သဘောထားချင်း မတိုက်ဆိုင်ပဲ အတိုက်အခံဖြစ်လာသည်။ သို့ဖြင့် ဟာလ်မီတန်၏ သဘောထားကို ထောက်ခံသည့် သူများက ဖယ်ဒရယ်ပါတီကို တည်ထောင်ကြသလို ဂျက်ဖာဆင်ကို ထောက်ခံသူများကလည်း ဒီမိုကရက်တစ် ရီပါပလီကင်ပါတီ (ယနေ့ ဒီမိုကရက်တစ်ပါတီ)ကို အပြိုင်အဆိုင် ဖွဲ့ကြသည်။

၁၇၉၆ တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂျွန်အဒမ်၏နောက် ဒုတိယမဲအများဆုံးရကာ ဒုတိယ သမ္မတ ဖြစ်လာသည်။ (ထိုစဉ်က ဖွဲ့စည်းပုံအရ မဲရာခိုင်နှုံး ဒုတိယအများဆုံးရသူက ဒုတိယသမ္မတ ဖြစ်သည်။ ယနေ့တွင် ထိုကဲ့သို့ မဟုတ်တော့ပါ။) ၁၈၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မှ သမ္မတအဖြစ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာသည်။

သမ္မတဖြစ်လာလျှင် မိမိအတိုက်အခံများနှင့် ဆက်ဆံရေးပြေလည်အောင် မျှတစွာ နေထိုင်ဆက်ဆံသည်။ (ထိုမှစကာ နိုင်ငံရေးတွင် အတိုက်အခံများ တစ်ဖက်နှင့် တစ်ဖက်လေးလေးစားစား ဆက်ဆံသည့် အလေ့အထကောင်းကို တည်ဆောက်ပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။) ထို့ပြင် အမေရိကန်ပြည်ထောင်စုအတွက် နောင်တစ်ချိန်တွင် အကြီးအကျယ် အကျိုးရှိစေမည့် ကိစ္စတစ်ရပ်ကို မထင်မှတ်ပဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုကိစ္စမှာ အခြားမဟုတ်၊ လူဝီစီယားနားနယ် ကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ (ထိုစဉ်က အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၃ ပြည်နယ်၏ ဧရိယာစုစုပေါင်းနှင့် လူဝီစီယားနားပြည်နယ်၏ ဧရိယာမှာ များစွာမကွာလှပေ။) ဂျက်ဖာဆန်၏ သမ္မတသက်တမ်း ၄ နှစ်အတွင်းတွင် အမေရိကန်ပြည်၌ ဒီမိုကရေစီဝါဒသည် အလွန် ထွန်းကားခဲ့ပေသည်။

၁၈၀၄ တွင် သမ္မတသက်တမ်း နောက်တစ်ကြိမ် အရွေးခံရပြီး သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သည်။ သို့သော် ၁၈၀၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ရှေ့မှ ဂျော့ခ်ျ ဝါရှင်တန်၏ လမ်းစဉ်အတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ပြီး သမ္မတအဖြစ်မှ အနားယူသည်။

ဒုတိယအကြိမ် သမ္မတဘဝနှင့် ၁၈ဝ၈ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ ကျွန်အရောင်းအဝယ်ကို ပိတ်ပင်ရန် ဥပဒေ တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သမ္မတမဖြစ်မီက သန်းကြွယ်သူဌေးကြီးဖြစ်သော ဂျက်ဖာဆန်မှာ သမ္မတရာထူး သက်တမ်း ကုန်ဆုံး သောအခါ ပိုင်ဆိုင်သမျှစည်းစိမ်အားလုံး ကုန်ဆုံးခဲ့ရုံသာမက အကြွေးဒေါ်လာ ၂ဝ,ဝဝဝ ခန့်ပင် တင် နေသည့်အတွက် သူစုဆောင်းထားခဲ့သော စာအုပ်ပေါင်း ၁၃,ဝဝဝ ပါဝင်သည့် စာကြည့်တိုက်ကို ပြည်ထောင်စု အစိုးရ သို့ အဖိုးငွေ ၂၃,၉၅ဝ ဒေါ်လာဖြင့် ရောင်းချ၍ဆပ်ရလေသည်။ မိမိစည်းစိမ်များကို နိုင်ငံအတွက် လိုအပ်သည့်နေရာများအတွက် အသုံးချခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် သမ္မတလစာကိုလည်း တပြားတချပ်မှ မယူခဲ့ချေ။ မိမိတစ်ဘဝလုံးကို နိုင်ငံအကျိုးအတွက်ပေးဆပ်ခဲ့သည့် ရှာမှရှားသော သမ္မတဖြစ်သည်။ ဂျက်ဖာဆန်မှာ ဆွေမျိုးသားချင်း မိတ်သင်္ဂဟပေါများသူဖြစ်၍ အိမ်တွင် ဧည့်သည်မပြတ်ရှိရာ စာကြည့်တိုက် ရောင်းရငွေမှာလည်း မကြာမီပင် ကုန်လေတော့သည်။ ထိုကြောင့် အိမ် ကလေးတစ်လုံးဆောက်ကာ တိမ်းရှောင်နေရသည်ဟုပင် အချို့ က ဆိုကြသည်။

သို့သော် ပြည်ထောင်စုအစိုးရထံမှ အထောက် အပံ့အဖြစ် စုဆောင်း၍ ပေးသောငွေ ၁၆,၅ဝဝ ဒေါ်လာရရှိသောကြောင့်သာလျှင် ဂျက်ဖာဆန်မှာ အနည်းငယ်ခံသာသည်။ သို့ နှင့်လည်း ထောက်ပံ့ငွေရပြီး မကြာမီ သူပိုင်ပစ္စည်းများဖြစ်သော အိမ်ထောင်ခမ်းနား၊ ငွေထည်ပစ္စည်း၊ ပန်းချီကားများနှင့်တကွ ဗာဂျီးနီးယားနယ် ရှားလော့စဗီးမြို့ရှိ သူပိုင် မွန်တီစယ်လို အိမ်နှင့် ဝင်းခြံကို ရောင်းချ၍ အကြွေးများ ပေးဆပ်ရသေး၏။ သမ္မတရာထူး ၂ ကြိမ်တိုင်တိုင် ဆက်ယူပြီးနောက် တတိယအကြိမ် အရွေးမခံတော့ဘဲ အနားယူလိုက်တော့သည်။

ပညာရေးဆိုင်ရာ စွမ်းဆောင်ချက်များ

ဗာဂျီးနီးယား တက္ကသိုလ်

ပညာရေးနှင့်ပတ်သက်ပြီး ဂျက်ဖာဆင်က လူတိုင်းမူလတန်းပညာကို သင်ကြားထားရမည်။ အရည်အသွေး ရှိသူများကို တက္ကသိုလ်များတွင် ပညာသင်ကြားစေရမည်။ ထိုသို့ သင်ကြားနိုင်ရန် ထောက်ပံ့ရေး ရန်ပုံငွေ ထားရှိရမည်ဟု ဗာဂျီးနီးယား လွှတ်တော်တွင် အကြံပြုသည်။ ထိုအကြံပြုချက်ကို အစက လက်မခံကြသော်လည်း နောင်တွင် ဗာဂျီးနီးယားပြည်နယ်သာမက အမေရိကန် တစ်နိုင်ငံလုံး ကျင့်သုံးကြသည်။
၁၈၁၉ တွင် အစိုးရနှင့် စီမံကိန်းစာချုပ်ချုပ်ဆိုပြီး ဗာဂျီးနီးယားတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ထိုအချက်မှာလည်း အလွန်အကျိုးရှိပြီး အရေးပါသည့် ဆောင်ရွက်ချက်ဖြစ်သည်။

ဥပဒေရေးဆိုင်ရာ စွမ်းဆောင်ချက်များ

ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်ဘဝက အုပ်ချုပ်ရေးနှင့် ခရစ်ကျောင်းတော်တို့ကို ရောထွေးမထားပဲ သီသန့်ခွဲခြားထားရန်၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရန် တင်ပြခဲ့သည်။ ထိုစဉ်က ကန့်ကွက်မှုများကြားမှ အတည်ပြုခဲ့ပြီး နောင်တွင် အမေရိကန်၏ အခြားပြည်နယ်များသာမက၊ အမေရိကန်ပြည်ထောင်စု အနေဖြင့်ပါ ထိုအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲခဲ့ကြသည်။

ငွေကြေး၊ အလေးချိန်နှင့် အတိုင်းအတာ စနစ်များတွင် ဆယ်လီစနစ် (၁၀ x ၁၀) ကို ကျင့်သုံးရန် တင်ပြခဲ့သည်။ ငွေကြေးစနစ်အတွက် ဥပဒေအတည်ပြုနိုင်သော်လည်း ကျန်အလေးချိန်နှင့် အတိုင်းအတာစနစ်များတွင်မူ နောင်မှ အတည်ပြုနိုင်သည်။ နောက်တိုးပြည်နယ်သစ်များတွင် ကျွန်စနစ်ကို ကျင့်သုံးခွင့်မပေးရန်အဆိုမှာ တစ်မဲအလိုဖြင့် ကပ်ပြီးရှုံးနှိမ့်ခဲ့ရသည်။

အခြားစွမ်းဆောင်ချက်များ

ဘာသာစကားကျွမ်းကျင်ပြီး ဘာသာစကား ၆ မျိုးပြောနိုင်သည်။ သဘာ၀နှင့် သိပ္ပံပညာရပ်များကို ဝါသနာထုံပြီး ဗိသုကာ ပညာရပ်တွင်လည်း ကျွမ်းကျင်သည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း သိပ္ပံနည်းကျ စိုက်ပျိုးသူအဖြစ် နာမည်ရသည်။ ထို့ပြင် ပစ္စည်းကိရိယာ အသေးအဖွဲလေးများကိုလည်း တီထွင်ထုတ်လုပ်ခဲ့သေးသည်ဟု ဆိုပါသည်။ အထက်ပါ အချက်များကို ကြည့်လျှင် သောမတ်စ် ဂျက်ဖာဆင်သည် အလွန်ပင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး၊ ခေတ်ရှေ့ပြေးသူလည်း ဖြစ်ကြောင်း သိနိုင်သည်။

အနားယူပြီး ဘဝ

သမ္မတအဖြစ်မှ အနားယူပြီးသည့် အခါတွင် သူ၏ နေရပ်ဖြစ်သော ရှားလော့စဗီး၌ ဗာဂျီးနီးယားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ဆောင်ရန် လုံးပန်း ဆောင်ရွက်လေသည်။ တက္ကသိုလ်၏ အဆောက်အအုံ ကြီးများကို သူကိုယ်တိုင် စနစ်ပုံရေးဆွဲ၍ တည်ဆောက်ရာတွင်ကြပ်မတ် ကြည့်ရှုခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်၏ အမည်သည် အမေရိကန်နိုင်ငံရေးလောကတွင်သာမဟုတ် ဗိသုကာလောကတွင်လည်း ဥဒါန်းတွင်ရစ်ပေသည်။

ဂျက်ဖာဆန်သည် ပထဝီဝင်၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပါဏဗေဒတို့ကိုလည်း ဝါသနာအလျောက် လိုက်စားခဲ့သည်။ လယ်ယာစိုက်ပျိုးခြင်း၊ သစ်ပင် စိုက်ခြင်းတို့အပြင် ဆေးပညာ၊ ခွဲစိတ်ကုသခြင်းပညာနှင့် သင်္ချာဘာသာရပ်များတွင်လည်း အထူးပင် ဝါသနာထုံသူ ဖြစ်၏။ ထိုမျှသာမကသေး အယူဝါဒဆိုင်ရာဖက်တွင်လည်း မလစ်ဟင်း ခဲ့ချေ။ စာပေနှင့် ဝေါဟာရများကိုလည်း ဂရုစိုက်သည်။ အမေရိကန် ယထာဘူတပညာ အသင်းကြီးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့လေသည်။

မိသားစုဘဝနှင့် ဘဝနိဂုံး

၁၇၇၂ ခုနှစ်တွင် သောမတ်စ်ဂျက်ဖာဆန်သည် အသက် ၂၃ နှစ်အရွယ်ရှိ မုဆိုးမ မိန်းမချောလေး မာသာဝေးစကယ် လတန်နှင့် လက်ထပ်သည်။ သူတို့မောင်နှံစုံမှာ အလွန်ချစ်ခင် ပျော်ရွှင်စွာ မွန်တီစယ်လိုခေါ် တောင်ကုန်းအိမ်ကလေး၌ နေ ထိုင်ကြ၏။ မာသာနှင့် သားသမီး ၆ ယောက် မွေးဖွားသည့် အနက် မိန်းကလေး ၂ ယောက်သာ အဖတ်တင်သည်။ ဇနီးဖြစ်သူနှင့် နှစ်နှစ်ဆယ်ပေါင်းသင်းခဲ့ပြီး ၁၇၈၂ တွင် ဇနီးကွယ်လွန်ရာ မုဆိုးဖိုဘဝဖြင့် သက်ဆုံးတိုင် နေထိုင်သွားခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာသည့် နှစ် ၅၀ မြောက်နေ့ဖြစ်သည့် ၄၊ ဇူလိုင် ၊၁၈၂၆ တွင် အသက် ၈၃ နှစ် အရွယ်ရှိ ဂျက်ဖာဆင် ကွယ်လွန်သည်။ သူ၏ သင်္ချိုင်းအုပ်ဂူတွင်စိုက်ထူမည့် ကမ္ဗည်းကျောက်တိုင်ကို မကွယ်လွန်မှီကပင် ကိုယ်တိုင်ထွင်းထုထားခဲ့ပြီး ထိုကမ္ဗည်းကျောက်တိုင်တွင် သူ့အကြောင်း အမှတ်တရဖြစ်စေမည့် အချက်သုံးချက်ကိုသာ ထည့်သွင်းသွားခဲ့သည်။

“ဤနေရာသည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းရေးသားသူ၊ ဗာဂျီးနီးယားပြည်နယ်တွင် ဘာသာရေးလွတ်လပ်ခွင့်အတွက် မီးရှူးတန်ဆောင်နှင့် ဗာဂျီးနီးယားတက္ကသိုလ်၏ ဖခင်ကြီး (တည်ထောင်သူ) သောမတ်စ် ဂျက်ဖာဆင်အား မြုပ်နှံရာ အုတ်ဂူဖြစ်သည်။”

“ဧပြီလ ၊ ၂ရက်နေ့ ၊ ၁၇၄၃ တွင် မွေးဖွားပြီး ဇူလိုင်လ ၊ ၄ရက်နေ့ ၊ ၁၈၂၆ တွင် ကွယ်လွန်သည်။”

မိမိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းကိုမူ ထည့်သွင်းရေးသားခဲ့ခြင်း မရှိသည်မှာလည်း ထူးခြားလှပါသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
Myanmar Wikipedia

Leave a Reply