လူ ၁၃ေယာက္ရဲ႕ အသက္ကုိ ကယ္ခဲ့တဲ့ သူရဲေကာင္းေခြးကေလး

Posted on

ေခြးကေလးရဲ႕နာမည္ကေတာ့ Bingjie ျဖစ္ၿပီး အခုေတာ့ အသက္ ၁၁ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူ႔ကို လူ ၁၃ေယာက္ရဲ႕အသက္ကုိ ကယ္ခဲ့တဲ့
သူရဲေကာင္းေခြးကေလးျဖစ္ သိၾကပါတယ္။ တရုတ္ျပည္ စီခြ်မ္ျပည္နယ္မွာ ၂၀၀၈ခုႏွစ္က ျဖစ္ခဲ့တဲ့ ငလွ်င္အႏၱရာယ္ၾကားမွာ လူေတြရဲ႕အသက္ကုိ ကယ္ခဲ့တာျဖစ္ပါတယ္။

အဲဒီတုန္းက သူ႔ရဲ႕အသက္က ၁ႏွစ္သားပဲ ရွိပါေသးတယ္။ ဒီေခြးေလးရဲ႕အသက္ ၁၁ႏွစ္ဆုိတာ လူ႔အသက္ ႏွစ္ ၇၀ေလာက္နဲ႔ ညီပါတယ္။ ဒါေပမယ့္ သူဟာ သူ႔တာ၀န္ကို ထမ္းေဆာင္ေနတုန္းပါပဲ။ လုိ႔ အေမႊးရွည္အမဲလုိက္ေခြးေလး Bingjie ကုိပြတ္သပ္ရင္း သူ႔သခင္က ဆုိပါတယ္။

၂၀၀၈ခုႏွစ္ ေမလ ၁၂ရက္မွာ ျဖစ္ခဲ့တဲ့ ဒီငလွ်င္ေၾကာင့္ တရုတ္ျပည္ေတာင္ပုိင္းက လူေထာင္းေပါင္းမ်ားစြာ အသက္ေဘးနဲ႔ႀကဳံခဲ့ရပါတယ္။ ဒီအခ်ိန္မွာ Bingjie အပါအ၀င္ အျခားေခြးကေလး ၆ေကာင္ နဲ႔ မီးသတ္သမား ၁၀၀ခန္႔ဟာ အဲဒီေနရာက လူေတြကုိကယ္ဆယ္ဖုိ႔သြားေရာက္ခဲ့တာျဖစ္ပါတယ္။

ဒီငလွ်င္ကယ္ဆယ္ေရးဟာ အသက္ ၂၄ႏွစ္အရြယ္ Ouyang နဲ႔ အသက္ ၁ႏွစ္သာရွိေသးတဲ့ ေခြးကေလး Bingjie တုိ႔အတြက္
ပထမဆုံးအေတြ႔အႀကဳံျဖစ္ပါတယ္။

အေဆာက္အအုံေတြအလြန္္ပ်က္စီးေနၿပီး ေၾကာက္လန္႔တၾကားေအာ္ဟစ္သံေတြကို ေနရာေပါင္းစုံကၾကားေနရတယ္။ အဲဒီမွာ Bingjie ကလည္း ပတ္ပတ္လည္ကုိေျပးၿပီး ရွာေဖြေရးကို မနားမေနစလုပ္ပါတယ္ လုိ႔သူက ဆက္ေျပာပါတယ္။ သူတုိ႔ကယ္ဆယ္ေရးလုပ္ငန္းရဲ႕ ေနာက္တစ္ေန႔မွာေတာ့ Bingjie ဟာ သူရဲေကာင္းတစ္ဦးသဖြယ္ သူ႔တာ၀န္ေတြကုိထမ္းေဆာင္ခဲ့ပါတယ္။

ကြ်န္ေတာ္တုိ႔ Beichuan မူႀကဳိေက်ာင္းအပ်က္အစီးေတြထဲေရာက္ရွိၿပီး နာရီ၀က္ေလာက္ၾကာတဲ့အထိ ဘာမွရွာမေတြ႔ခ်ိန္မွာ Bingjie ရုတ္တရက္ ထေဟာင္ပါတယ္။ ကြ်န္ေတာ္တုိ႔ဘက္ကုိ လွည့္ၿပီး သူ႔ေနာက္ကုိလုိက္ဖုိ႔ေျပာေနသေယာင္ စူးစူး၀ါး၀ါးေဟာင္တာပါ။ ဒါနဲ႔ ကြ်န္ေတာ္တုိ႔သူ႔ေနာက္ကို လုိက္သြားေတာ့ အားေလ်ာ့ေနတဲ့ ကေလးငုိသံသဲ့သဲ့ၾကားရပါတယ္။ အသံၾကားေပမယ့္ ရွာလုိ႔မေတြ႔ပါဘူး။ Bingjie ကေတာ့ အပ်က္အစီးပုံၾကားထဲကုိ ထုိးေဟာင္ေနတဲ့။ သူေဟာင္ေနတဲ့ေနရာက ဘိလပ္ေျမတုံးေတြကုိ တစ္ခုစီ ဂရုစုိက္ၿပီးဖယ္ရွားလုိက္တဲ့အခါမွာေတာ့ အသက္ ၆ႏွစ္အရြယ္ကေလးမေလးတစ္ေယာက္ကုိ သူမရဲ႕ဆရာျဖစ္သူနဲ႔အတူ ေတြ႔လုိက္ရပါတယ္။ စိတ္မေကာင္းစရာကေတာ့ ကေလးမေလးရဲ႕ ဆရာဟာ အသက္မရွိေတာ့ပါဘူး။

အဲဒီကေလးမေလးရဲ႕နာမည္ကေတာ့ Ren Siyu ျဖစ္ၿပီး ယေန႔ အထက္တန္းေက်ာင္းတက္ေနၿပီျဖစ္ပါတယ္။ Bingjie ဟာ ဆက္တုိက္ဆုိသလုိ ကြ်န္ေတာ္တုိ႔ရွာေဖြဖုိ႔မလြယ္ကူတဲ့ ပိတ္မိေနတဲ့ လူေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ထပ္ရွာေပးခဲ့ပါတယ္။သူတုိ႔မီးသတ္တစ္ဖြဲ႔လုံးဟာ  အပ်က္အစီးေတြၾကားမွာ ပိတ္မိေနတဲ့လူေပါင္း ၃၉ေယာက္ကုိ ကယ္တင္ႏုိင္ခဲ့ပါတယ္။ ဒီအထဲမွာ ေခြးကေလး Bingjie ေၾကာင့္ကယ္ႏုိင္ခဲ့တဲ့သူ ၁၃ေယာက္ပါ၀င္ပါတယ္။ တစ္ဖြဲ႔လုံးမွာ အစြမ္းေဆာင္ႏုိင္ဆုံးျဖစ္တဲ့အတြက္ ေခြးေလး Bingjie ကုိ သူရဲေကာင္းသဖြယ္သတ္မွတ္ၾကတာပါ။ သခင္ျဖစ္သူ နဲ႔ ေခြးကေလး Bingjie တုိ႔ဟာ အဲဒီေနရာမွာ တဲထုိးကာ ၁၀ရက္ေက်ာ္ေနထုိင္ၿပီး ကယ္ဆယ္ေရးေတြကုိ မနားမေနလုပ္ခဲ့ပါတယ္။

အသက္ႀကီးလာၿပီျဖစ္တဲ့ ေခြးေလး Bingjie ဟာ အခုေတာ့ က်န္းမာေရးမေကာင္းေတာ့ပါဘူး။ သူ႔ရဲ႕အနံခံအာရုံနဲ႔ ႏွလုံးဆုိင္ရာအစိတ္အပုိင္းေတြဟာ ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ပါဘူး။ ၿပီးေတာ့ သူ႔ရဲ႕ေနာက္ေျခေထာက္ေတြဟာလည္း ဒါဏ္ရာေတြနဲ႔ ျပည့္ေနၿပီး
လမ္းေကာင္းစြာမေလွ်ာက္ႏုိင္ေတာ့ပါဘူး။

ဒါေပမယ့္ ဒီ ၁၀ႏွစ္အတြင္းမွာ သူဟာ အမ်ဳိးမ်ဳိးေသာသဘာ၀ေဘးေၾကာင့္ျဖစ္လာတဲ့ ကယ္ဆယ္ေရးလုပ္ငန္းခြင္ေတြမွာ အႀကိမ္ေပါင္း ၅၀ခန္႔ ပါ၀င္ရင္း လူေပါင္းမ်ားစြာရဲ႕ အသက္ကုိ ကယ္တင္ခဲ့ၿပီးပါၿပီ။

သူ႔ကုိ ပထမဆုံး ကြ်န္ေတာ့္ရဲ႕အနံကုိမွတ္မိေအာင္ေလ့က်င့္ေပးတယ္။ ၿပီးေတာ့ ေသတၱာေတြထဲပုန္းေနတဲ့သူေတြကုိရွာခုိင္းတယ္။ ဒါမွလည္း  ကယ္ဆယ္ေရးလုပ္တဲ့အခါ လူေတြကုိကယ္တင္ႏုိင္မွာမလား။ ကယ္ဆယ္ေရးေခြးေတြဟာ တစ္ေန႔ကုိ ဒီလုိေလ့က်င့္ခန္းေပါင္း ၄ခါ လုပ္ရၿပီး ၆လၾကာတဲ့တုိင္ေအာင္ သူတုိ႔ကုိေလ့က်င့္ေပးရပါတယ္။ သူတုိ႔ရဲ႕အနံ႔ခံအာရုံ နဲ႔ အၾကားအားရုံက လူေတြထက္ အဆေပါင္းမ်ားစြာပိုေကာင္းေတာ့ ကယ္ဆယ္ေရးလုပ္တဲ့အခါ အပ်က္အစီးေတြၾကားကလူေတြကို ရွာေဖြတဲ့အခါ အရမ္းအားကုိးရတယ္ လုိ႔ ေခြးေလးရဲ႕သခင္ Ouyang က ဆုိပါတယ္။

ကယ္ဆယ္ေရးေခြးအမ်ဳိးအစားေတြကေတာ့ အစုံရွိပါတယ္။ ဒီအထဲမွာ German Sheperd ၊ Belgian Malinois နဲ႔ English Springer Spaniel တုိ႔က အေကာင္းဆုံးအမ်ဳိးအစားေတြျဖစ္ပါတယ္။ English Springer Spaniel ေတြကေတာ့ အေကာင္ေသးၿပီး သြက္လက္တဲ့အတြက္ ပိုအဆင္ေျပပါတယ္။ Bingjie က ဒီအမ်ဳိးအစားျဖစ္ပါတယ္။

ကယ္ဆယ္ေရးေခြးေတြဟာ သူတုိ႔ရဲ႕တာ၀န္ကုိ ၁၀ႏွစ္ခန္႔အထိ ထမ္းေဆာင္ၾကပါတယ္။ Wenchuan ကယ္ဆယ္ေရးလုပ္ငန္းမွာ ပါ၀င္ခဲ့တဲ့ ေခြးအားလုံးနီးပါးေသဆုံးသြားပါၿပီ။ Bingjie ကေတာ့ ေနာက္ဆုံးက်န္တဲ့အေကာင္ပါ။ သူကေတာ့ ေကာင္းေကာင္းမက်န္းမာေပမယ့္ ေလ့က်င့္ခန္းေတြကို လုပ္ေနဆဲပါ။ ကြ်န္္ေတာ္တုိ႔ကေတာ့ မက်န္ေတာ့တဲ့ သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္ေတြကို ေပ်ာ္ရႊင္စြာျဖတ္သန္းသြားေစခ်င္ပါတယ္ လုိ႔ Ouyang က ထပ္ေျပာပါတယ္။

VIDEO


လူ ၁၃ယောက်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ သူရဲကောင်းခွေးကလေး (unicode)

ခွေးကလေးရဲ့နာမည်ကတော့ Bingjie ဖြစ်ပြီး အခုတော့ အသက် ၁၁နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ကို လူ ၁၃ယောက်ရဲ့အသက်ကို ကယ်ခဲ့တဲ့
သူရဲကောင်းခွေးကလေးဖြစ် သိကြပါတယ်။ တရုတ်ပြည် စီချွမ်ပြည်နယ်မှာ ၂၀၀၈ခုနှစ်က ဖြစ်ခဲ့တဲ့ ငလျှင်အန္တရာယ်ကြားမှာ လူတွေရဲ့အသက်ကို ကယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက သူ့ရဲ့အသက်က ၁နှစ်သားပဲ ရှိပါသေးတယ်။ ဒီခွေးလေးရဲ့အသက် ၁၁နှစ်ဆိုတာ လူ့အသက် နှစ် ၇၀လောက်နဲ့ ညီပါတယ်။ ဒါပေမယ့် သူဟာ သူ့တာဝန်ကို ထမ်းဆောင်နေတုန်းပါပဲ။ လို့ အမွှေးရှည်အမဲလိုက်ခွေးလေး Bingjie ကိုပွတ်သပ်ရင်း သူ့သခင်က ဆိုပါတယ်။

၂၀၀၈ခုနှစ် မေလ ၁၂ရက်မှာ ဖြစ်ခဲ့တဲ့ ဒီငလျှင်ကြောင့် တရုတ်ပြည်တောင်ပိုင်းက လူထောင်းပေါင်းများစွာ အသက်ဘေးနဲ့ကြုံခဲ့ရပါတယ်။ ဒီအချိန်မှာ Bingjie အပါအဝင် အခြားခွေးကလေး ၆ကောင် နဲ့ မီးသတ်သမား ၁၀ဝခန့်ဟာ အဲဒီနေရာက လူတွေကိုကယ်ဆယ်ဖို့သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒီငလျှင်ကယ်ဆယ်ရေးဟာ အသက် ၂၄နှစ်အရွယ် Ouyang နဲ့ အသက် ၁နှစ်သာရှိသေးတဲ့ ခွေးကလေး Bingjie တို့အတွက်
ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။

အဆောက်အအုံတွေအလွန်ပျက်စီးနေပြီး ကြောက်လန့်တကြားအော်ဟစ်သံတွေကို နေရာပေါင်းစုံကကြားနေရတယ်။ အဲဒီမှာ Bingjie ကလည်း ပတ်ပတ်လည်ကိုပြေးပြီး ရှာဖွေရေးကို မနားမနေစလုပ်ပါတယ် လို့သူက ဆက်ပြောပါတယ်။ သူတို့ကယ်ဆယ်ရေးလုပ်ငန်းရဲ့ နောက်တစ်နေ့မှာတော့ Bingjie ဟာ သူရဲကောင်းတစ်ဦးသဖွယ် သူ့တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ Beichuan မူကြိုကျောင်းအပျက်အစီးတွေထဲရောက်ရှိပြီး နာရီဝက်လောက်ကြာတဲ့အထိ ဘာမှရှာမတွေ့ချိန်မှာ Bingjie ရုတ်တရက် ထဟောင်ပါတယ်။ ကျွန်တော်တို့ဘက်ကို လှည့်ပြီး သူ့နောက်ကိုလိုက်ဖို့ပြောနေသယောင် စူးစူးဝါးဝါးဟောင်တာပါ။ ဒါနဲ့ ကျွန်တော်တို့သူ့နောက်ကို လိုက်သွားတော့ အားလျော့နေတဲ့ ကလေးငိုသံသဲ့သဲ့ကြားရပါတယ်။ အသံကြားပေမယ့် ရှာလို့မတွေ့ပါဘူး။ Bingjie ကတော့ အပျက်အစီးပုံကြားထဲကို ထိုးဟောင်နေတဲ့။ သူဟောင်နေတဲ့နေရာက ဘိလပ်မြေတုံးတွေကို တစ်ခုစီ ဂရုစိုက်ပြီးဖယ်ရှားလိုက်တဲ့အခါမှာတော့ အသက် ၆နှစ်အရွယ်ကလေးမလေးတစ်ယောက်ကို သူမရဲ့ဆရာဖြစ်သူနဲ့အတူ တွေ့လိုက်ရပါတယ်။ စိတ်မကောင်းစရာကတော့ ကလေးမလေးရဲ့ ဆရာဟာ အသက်မရှိတော့ပါဘူး။

အဲဒီကလေးမလေးရဲ့နာမည်ကတော့ Ren Siyu ဖြစ်ပြီး ယနေ့ အထက်တန်းကျောင်းတက်နေပြီဖြစ်ပါတယ်။ Bingjie ဟာ ဆက်တိုက်ဆိုသလို ကျွန်တော်တို့ရှာဖွေဖို့မလွယ်ကူတဲ့ ပိတ်မိနေတဲ့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် ထပ်ရှာပေးခဲ့ပါတယ်။သူတို့မီးသတ်တစ်ဖွဲ့လုံးဟာ  အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့လူပေါင်း ၃၉ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ခွေးကလေး Bingjie ကြောင့်ကယ်နိုင်ခဲ့တဲ့သူ ၁၃ယောက်ပါဝင်ပါတယ်။ တစ်ဖွဲ့လုံးမှာ အစွမ်းဆောင်နိုင်ဆုံးဖြစ်တဲ့အတွက် ခွေးလေး Bingjie ကို သူရဲကောင်းသဖွယ်သတ်မှတ်ကြတာပါ။ သခင်ဖြစ်သူ နဲ့ ခွေးကလေး Bingjie တို့ဟာ အဲဒီနေရာမှာ တဲထိုးကာ ၁ဝရက်ကျော်နေထိုင်ပြီး ကယ်ဆယ်ရေးတွေကို မနားမနေလုပ်ခဲ့ပါတယ်။

အသက်ကြီးလာပြီဖြစ်တဲ့ ခွေးလေး Bingjie ဟာ အခုတော့ ကျန်းမာရေးမကောင်းတော့ပါဘူး။ သူ့ရဲ့အနံခံအာရုံနဲ့ နှလုံးဆိုင်ရာအစိတ်အပိုင်းတွေဟာ ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ ပြီးတော့ သူ့ရဲ့နောက်ခြေထောက်တွေဟာလည်း ဒါဏ်ရာတွေနဲ့ ပြည့်နေပြီး
လမ်းကောင်းစွာမလျှောက်နိုင်တော့ပါဘူး။

ဒါပေမယ့် ဒီ ၁၀နှစ်အတွင်းမှာ သူဟာ အမျိုးမျိုးသောသဘာ၀ဘေးကြောင့်ဖြစ်လာတဲ့ ကယ်ဆယ်ရေးလုပ်ငန်းခွင်တွေမှာ အကြိမ်ပေါင်း ၅ဝခန့် ပါဝင်ရင်း လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့ပြီးပါပြီ။

သူ့ကို ပထမဆုံး ကျွန်တော့်ရဲ့အနံကိုမှတ်မိအောင်လေ့ကျင့်ပေးတယ်။ ပြီးတော့ သေတ္တာတွေထဲပုန်းနေတဲ့သူတွေကိုရှာခိုင်းတယ်။ ဒါမှလည်း  ကယ်ဆယ်ရေးလုပ်တဲ့အခါ လူတွေကိုကယ်တင်နိုင်မှာမလား။ ကယ်ဆယ်ရေးခွေးတွေဟာ တစ်နေ့ကို ဒီလိုလေ့ကျင့်ခန်းပေါင်း ၄ခါ လုပ်ရပြီး ၆လကြာတဲ့တိုင်အောင် သူတို့ကိုလေ့ကျင့်ပေးရပါတယ်။ သူတို့ရဲ့အနံ့ခံအာရုံ နဲ့ အကြားအားရုံက လူတွေထက် အဆပေါင်းများစွာပိုကောင်းတော့ ကယ်ဆယ်ရေးလုပ်တဲ့အခါ အပျက်အစီးတွေကြားကလူတွေကို ရှာဖွေတဲ့အခါ အရမ်းအားကိုးရတယ် လို့ ခွေးလေးရဲ့သခင် Ouyang က ဆိုပါတယ်။

ကယ်ဆယ်ရေးခွေးအမျိုးအစားတွေကတော့ အစုံရှိပါတယ်။ ဒီအထဲမှာ German Sheperd ၊ Belgian Malinois နဲ့ English Springer Spaniel တို့က အကောင်းဆုံးအမျိုးအစားတွေဖြစ်ပါတယ်။ English Springer Spaniel တွေကတော့ အကောင်သေးပြီး သွက်လက်တဲ့အတွက် ပိုအဆင်ပြေပါတယ်။ Bingjie က ဒီအမျိုးအစားဖြစ်ပါတယ်။

ကယ်ဆယ်ရေးခွေးတွေဟာ သူတို့ရဲ့တာဝန်ကို ၁၀နှစ်ခန့်အထိ ထမ်းဆောင်ကြပါတယ်။ Wenchuan ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ခွေးအားလုံးနီးပါးသေဆုံးသွားပါပြီ။ Bingjie ကတော့ နောက်ဆုံးကျန်တဲ့အကောင်ပါ။ သူကတော့ ကောင်းကောင်းမကျန်းမာပေမယ့် လေ့ကျင့်ခန်းတွေကို လုပ်နေဆဲပါ။ ကျွန်တော်တို့ကတော့ မကျန်တော့တဲ့ သူ့ရဲ့နောက်ဆုံးအချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်းသွားစေချင်ပါတယ် လို့ Ouyang က ထပ်ပြောပါတယ်။

Leave a Reply