ကမာၻ႔သမုိင္းမွာ အဆုိးရြားဆုံးေသာ ဆည္က်ဳိးေပါက္မႈႀကီး

Posted on

ေရးသားသူ – Ko Kyaw Min Aung

၁၉၇၆ခုႏွစ္က တရုပ္ႏိုင္ငံဟီနန္ျပည္နယ္ အေနာက္ပိုင္းမွာ ကမာၻေပၚမွာျဖစ္ခဲ့ဖူးသမွ် သမိုင္းတေလ်ွာက္ အဆိုး၀ါးဆံုးေသာ ဆည္က်ိဳးေပါက္မူႀကီးျဖစ္ပြားခဲ႔ပါတယ္။ လူေပါင္း တစ္သိန္းခြဲေလာက္ အသက္ဆံုးရံွဳးခဲ႔ၿပီး အိုးအိမ္ ဆယ္သန္းေက်ာ္ပ်က္စီးခဲ႔ပါတယ္။ ဆည္ကထုတ္လုပ္ေပးေနတဲ့ လ်ွပ္စစ္ဓါတ္အား ၁၈၀၀၀ မဂၢါဝပ္ ျပတ္ေတာက္ဆံုးရံွဳးသြားခဲ႔ပါတယ္။

Banqiao Dam ကို ရူျမစ္ေပၚမွာ ၁၉၅၀ျပည္႔ႏွစ္အေစာပိုင္းကာလေတြမွာ စတင္တည္ေဆာက္ခဲ႔ပါတယ္။ ျမစ္ဝါျမစ္ဝွမ္းေရလႊမ္းမိုးမူ ကာကြယ္ေရးနဲ႔ လၽွပ္စစ္ဓါတ္အားထုပ္လုပ္ေရး အစီအစဥ္ရဲ႕ အစိတ္အပိုင္းတခုအေနနဲ႔ တည္ေဆာက္ခဲ႔တာျဖစ္ပါတယ္။ ေရကာတာအျမင္႔ဟာ ၃၈၇ ေပ ရွိၿပီး ေရပမာဏထုထည္ ၁၇.၅ ဘီလီယံကုဗေပ သိုေလွာင္ႏိုင္ပါတယ္။ ဒီဆည္ႀကီးဟာ အႏွစ္တစ္ေထာင္မွာ တစ္ႀကိမ္ေလာက္သာျဖစ္တန္စြမ္းတဲ႔ အဆိုးဆံုးေသာေရႀကီးမူဒဏ္ကိုခံႏိုင္တယ္လို႔ တရုတ္အစိုးရကေျပာခဲ့ပါတယ္။

ဒါေပမယ့္ကံဆိုးစြာနဲ႔ပဲ အႏွစ္ ၂၀၀၀ မွာတႀကိမ္ေလာက္သာႀကံဳရႏိုင္တဲ႔ ေရႀကီးမူကို ၁၉၇၆ခုႏွစ္ၾသဂုတ္လအေစာပိုင္းမွာ ႀကံဳေတြ႔လိုက္ရပါေတာ့တယ္။ တိုင္ဖြန္းမုန္တိုင္း နီနာေႀကာင္႔ မိုးသည္းထန္စြာရြာသြန္းၿပီး ပထမတရက္ထဲမွာပဲ ရြာလိုက္တဲ့မိုးက လက္မ ၄၀ေက်ာ္ပါတယ္ ဒါဟာဒီေဒသမွာ ပံုမွန္တႏွစ္ပတ္လံုးရြာတဲ႔ စုစုေပါင္းမိုးေရခ်ိန္ ထက္မ်ားပါတယ္။ ဒီလိုပံုစံမ်ိဳးနဲ႔ သံုးရက္ဆက္တိုက္ရြာပါတယ္။

ၾသဂုတ္လ ၈ ရက္ေန႔မွာေတာ့ ဆည္ဟာက်ိဳးေပါက္သြားၿပီး ၃၃ေပ အျမင္႔ရိွတဲ႔ ေရလံုးႀကီးေတြဟာ ဆည္အနီးဝန္းက်င္ အနိမ္႔ပိုင္းေဒသေတြကို တစ္နာရီမိုင္ ၃၀ ေလာက္အလ်င္နဲ႔ အရိွန္အဟုန္ျပင္းစြာ ေျပးဝင္လာေတာ့တယ္။ ဆည္ေအာက္ပိုင္းမွာ ကပ္လွ်က္ရိွတဲ့ Daowenchenဆိုတဲ့ ၿမဳိ႕ကေလးဟာ ေရလံုးေတြရဲ႕ေအာက္မွာခ်က္ခ်င္းဆိုသလိုပဲ ေပ်ာက္ကြယ္သြားၿပီး အဲဒီမွာေနထိုင္ၾကတဲ့ ၿမိဳ႕သူၿမိဳ႕သား ၉၆၀၀ စလံုးအသက္ဆံုးရံွဳးသြားပါတယ္။

အဲဒီတေန႔တည္းမွာပဲ တိုင္ဖြန္းမုန္တိုင္းနဲ႔ ဆက္စပ္ေရလႊမ္းမူ ဒဏ္ေတြေႀကာင္႔အဲဒီေဒသက အျခားဆည္နဲဲ႔ေရကာတာ ၆၁ ခုလည္း Banqiao Dam လိုပဲ က်ိဳးေပါက္သြားၾကပါတယ္။ ေရလႊမ္းမိုးမူေႀကာင္႔ ေသတဲ႔သူက ၂၆၀၀၀ ေလာက္ရိွၿပီး ဆက္စပ္ၿဖစ္ပြားတဲ့ အစာေရစာျပတ္လပ္မူ၊ ေရာဂါဘယေတြ ေၾကာင့္ေသတဲ့သူက တစ္သိန္းခြဲေလာက္ရွိပါတယ္။ ၾကိဳတင္သတိေပးစနစ္မရိွတာ၊ ဆက္သြယ္ေရး စနစ္ေတြ မေကာင္းမြန္တာနဲ႔ ေရႊ႕ေျပာင္းမႈေတြ ႀကဳိတင္မလုပ္ႏိုင္ခဲ့တာေတြက ဆံုးရံွဳးမႈကိုႀကီးမားသြားေစတာျဖစ္ပါတယ္။

ဒီဆည္တည္ေဆာက္တဲ့ အခ်ိန္တုန္းက အဲဒီစီမံကိန္းမွာ Chen Xing ဆိုတဲ့ သူ႔ေခတ္သူ႔အခါကထင္ရွားတဲ့ hydrologist ပညာရွင္တစ္ေယာက္ ပါပါတယ္။ အာဏာပိုင္ေတြဟာ သူေပးတဲ႔အၾကံဥာဏ္ေတြကို မယူပဲ ကုန္က်စရိတ္သက္သာေအာင္ ေဘးအႏၱရာယ္ကင္းရွင္းေရးအတိုင္းအတာေတြကို ေလွ်ာ႔ခ်တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ဥပမာအားျဖင္႔သူက ေရတံခါး ၁၂ ခုထားဖို႔ တင္ျပေပမယ္႔ အာဏာပိုင္ေတြက ၅ခုသာထားခဲ့ပါတယ္။

Chen Xing ဟာ ေနာက္ပိုင္းမွာ ဆည္တည္ေဆာက္ေရး Project ကေနႏႈတ္ထြက္သြားပါတယ္။ ဒါေပမယ္႔ဆည္က်ိဳးေပါက္မူႀကီးျဖစ္ၿပီးေနာက္ပိုင္း ဆည္ေတြကို ျပန္ျပဳျပင္တဲ႔အခါမွာေတာ့ အစိုးရက သူ႔ကိုျပန္ေခၚခဲ့ရပါတယ္။ ဒီျဖစ္ရပ္ဆိုးႀကီးဟာ ပညာရွင္ေတြရဲ႕ တင္ျပခ်က္ကိုအေလးမထား ငါတေကာ ေကာၿပီး ထင္ရာလုပ္တတ္တဲ႔အာဏာပိုင္ေတြေၾကာင့္ အသက္ေပါင္းမ်ားစြာ ပ်က္စီးဆံုးရွႈံးခဲ႔ရတဲဲ့ အေကာင္းဆံုးသာဓကတခုလည္း ျဖစ္ပါတယ္။

ဆည္က်ဳိးေပါက္မႈျဖစ္ရပ္ကုိ ျပန္လည္ရုိက္ကူးထားတဲ့ 999Dam ဇာတ္ကားမွ ျပက္ကြက္တစ္ခု

Kyaw Min Aung
(က်ြန္ေတာ္၂၀၁၄ ေအာက္တိုဘာလက တင္ခဲ့တဲ့post ကိုျပန္လည္တင္ျပတာပါ)


ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံးသော ဆည်ကျိုးပေါက်မှုကြီး (unicode)

ရေးသားသူ – Ko Kyaw Min Aung
၁၉၇၆ခုနှစ်က တရုပ်နိုင်ငံဟီနန်ပြည်နယ် အနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာဖြစ်ခဲ့ဖူးသမျှ သမိုင်းတလျှောက် အဆိုးဝါးဆုံးသော ဆည်ကျိုးပေါက်မူကြီးဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း တစ်သိန်းခွဲလောက် အသက်ဆုံးရှုံးခဲ့ပြီး အိုးအိမ် ဆယ်သန်းကျော်ပျက်စီးခဲ့ပါတယ်။ ဆည်ကထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓါတ်အား ၁၈၀၀၀ မဂ္ဂါဝပ် ပြတ်တောက်ဆုံးရှုံးသွားခဲ့ပါတယ်။

Banqiao Dam ကို ရူမြစ်ပေါ်မှာ ၁၉၅၀ပြည့်နှစ်အစောပိုင်းကာလတွေမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ မြစ်ဝါမြစ်ဝှမ်းရေလွှမ်းမိုးမူ ကာကွယ်ရေးနဲ့ လျှပ်စစ်ဓါတ်အားထုပ်လုပ်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရေကာတာအမြင့်ဟာ ၃၈၇ ပေ ရှိပြီး ရေပမာဏထုထည် ၁၇.၅ ဘီလီယံကုဗပေ သိုလှောင်နိုင်ပါတယ်။ ဒီဆည်ကြီးဟာ အနှစ်တစ်ထောင်မှာ တစ်ကြိမ်လောက်သာဖြစ်တန်စွမ်းတဲ့ အဆိုးဆုံးသောရေကြီးမူဒဏ်ကိုခံနိုင်တယ်လို့ တရုတ်အစိုးရကပြောခဲ့ပါတယ်။

ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ အနှစ် ၂၀၀၀ မှာတကြိမ်လောက်သာကြုံရနိုင်တဲ့ ရေကြီးမူကို ၁၉၇၆ခုနှစ်ဩဂုတ်လအစောပိုင်းမှာ ကြုံတွေ့လိုက်ရပါတော့တယ်။ တိုင်ဖွန်းမုန်တိုင်း နီနာကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပထမတရက်ထဲမှာပဲ ရွာလိုက်တဲ့မိုးက လက်မ ၄၀ကျော်ပါတယ် ဒါဟာဒီဒေသမှာ ပုံမှန်တနှစ်ပတ်လုံးရွာတဲ့ စုစုပေါင်းမိုးရေချိန် ထက်များပါတယ်။ ဒီလိုပုံစံမျိုးနဲ့ သုံးရက်ဆက်တိုက်ရွာပါတယ်။

ဩဂုတ်လ ၈ ရက်နေ့မှာတော့ ဆည်ဟာကျိုးပေါက်သွားပြီး ၃၃ပေ အမြင့်ရှိတဲ့ ရေလုံးကြီးတွေဟာ ဆည်အနီးဝန်းကျင် အနိမ့်ပိုင်းဒေသတွေကို တစ်နာရီမိုင် ၃၀ လောက်အလျင်နဲ့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာတော့တယ်။ ဆည်အောက်ပိုင်းမှာ ကပ်လျှက်ရှိတဲ့ Daowenchenဆိုတဲ့ မြို့ကလေးဟာ ရေလုံးတွေရဲ့အောက်မှာချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားပြီး အဲဒီမှာနေထိုင်ကြတဲ့ မြို့သူမြို့သား ၉၆၀၀ စလုံးအသက်ဆုံးရှုံးသွားပါတယ်။

အဲဒီတနေ့တည်းမှာပဲ တိုင်ဖွန်းမုန်တိုင်းနဲ့ ဆက်စပ်ရေလွှမ်းမူ ဒဏ်တွေကြောင့်အဲဒီဒေသက အခြားဆည်နဲ့ရေကာတာ ၆၁ ခုလည်း Banqiao Dam လိုပဲ ကျိုးပေါက်သွားကြပါတယ်။ ရေလွှမ်းမိုးမူကြောင့် သေတဲ့သူက ၂၆၀၀၀ လောက်ရှိပြီး ဆက်စပ်ဖြစ်ပွားတဲ့ အစာရေစာပြတ်လပ်မူ၊ ရောဂါဘယတွေ ကြောင့်သေတဲ့သူက တစ်သိန်းခွဲလောက်ရှိပါတယ်။ ကြိုတင်သတိပေးစနစ်မရှိတာ၊ ဆက်သွယ်ရေး စနစ်တွေ မကောင်းမွန်တာနဲ့ ရွှေ့ပြောင်းမှုတွေ ကြိုတင်မလုပ်နိုင်ခဲ့တာတွေက ဆုံးရှုံးမှုကိုကြီးမားသွားစေတာဖြစ်ပါတယ်။

ဒီဆည်တည်ဆောက်တဲ့ အချိန်တုန်းက အဲဒီစီမံကိန်းမှာ Chen Xing ဆိုတဲ့ သူ့ခေတ်သူ့အခါကထင်ရှားတဲ့ hydrologist ပညာရှင်တစ်ယောက် ပါပါတယ်။ အာဏာပိုင်တွေဟာ သူပေးတဲ့အကြံဥာဏ်တွေကို မယူပဲ ကုန်ကျစရိတ်သက်သာအောင် ဘေးအန္တရာယ်ကင်းရှင်းရေးအတိုင်းအတာတွေကို လျှော့ချတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့်သူက ရေတံခါး ၁၂ ခုထားဖို့ တင်ပြပေမယ့် အာဏာပိုင်တွေက ၅ခုသာထားခဲ့ပါတယ်။

Chen Xing ဟာ နောက်ပိုင်းမှာ ဆည်တည်ဆောက်ရေး Project ကနေနှုတ်ထွက်သွားပါတယ်။ ဒါပေမယ့်ဆည်ကျိုးပေါက်မူကြီးဖြစ်ပြီးနောက်ပိုင်း ဆည်တွေကို ပြန်ပြုပြင်တဲ့အခါမှာတော့ အစိုးရက သူ့ကိုပြန်ခေါ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးဟာ ပညာရှင်တွေရဲ့ တင်ပြချက်ကိုအလေးမထား ငါတကော ကောပြီး ထင်ရာလုပ်တတ်တဲ့အာဏာပိုင်တွေကြောင့် အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အကောင်းဆုံးသာဓကတခုလည်း ဖြစ်ပါတယ်။

Kyaw Min Aung
(ကျွန်တော်၂၀၁၄ အောက်တိုဘာလက တင်ခဲ့တဲ့post ကိုပြန်လည်တင်ပြတာပါ)

Leave a Reply