ေတာင္ငူေခတ္က မထင္ေပၚခဲ့ေသာ သူရဲေကာင္းတစ္ဦး (သုိ႔) စစ္ကိုင္းစည္သူေက်ာ္ထင္

Posted on

ေရးသားသူ – Min Htet Kyaw Swar (ပဥၥမံေၾကာင္)

ျမန္မာႏိုင္ငံ၏ ပုဂံ၊ ပင္းယ၊ အင္းဝ၊ ေတာင္ငူ၊ ေညာင္ရမ္း ကုန္းေဘာင္ ဟူေသာ ပေဒသရာဇ္ ေခတ္အစဥ္အရ စည္သူေက်ာ္ထင္သည္ အင္းဝေခတ္ ပ်က္သုဥ္းကာနီး ေတာင္ငူေခတ္ နိဒါန္းကာလတြင္ ေပၚေပါက္ခဲ့သည့္ ထီးေဆာင္းမင္းတစ္ပါး ျဖစ္သည္။ စည္သူေက်ာ္ထင္ကို ရာဇဝင္မ်ား၌ စစ္တိုက္ရာတြင္ က်င္လည္သူ၊ ၾကင္နာတတ္သူ၊ ျပည္သူမ်ားအေပၚ သနားညႇာတာတတ္သူ၊ ဘာသာတရားကိုင္းရွိုင္းသူ အျဖစ္ေဖာ္ျပၾကသည္။

ေတာင္ငူဘုရင္ တပင္ေ႐ႊထီးမင္းႏွင့္ ေယာက္ဖေတာ္ ဘုရင့္ေနာင္တို႔က ဒုတိယျမန္မာႏိုင္ငံေတာ္အျဖစ္ စုစည္းတည္ေထာင္ရန္ ႀကိဳးပမ္းေနစဥ္တြင္ စည္သူေက်ာ္ထင္သည္ စလင္းၿမိဳ႕၌ မင္းအျဖစ္ စိုးစံေနသည္။ တပင္ေ႐ႊထီး၏ တပ္မ်ား စလင္းၿမိဳ႕သို႔ လာေရာက္တိုက္ခိုက္သည့္အခါ စည္သူေက်ာ္ထင္သည္ အညံ့မခံဘဲ ခုခံတိုက္ခိုက္ခဲ့သည္။ သို႔ရာတြင္ အင္အားခ်င္းမမွ်သျဖင့္ စည္သူေက်ာ္ထင္သည္ ဆင္တစ္စီးျဖင့္ အလြတ္ဆုတ္ခြာထြက္ေျပးခဲ့သည္။

ေလာင္းရွည္ေၾကာင္းအတိုင္း ျမန္မာျပည္အထက္ပိုင္းသို႔ ထြက္ေျပးရာ ခရီးၾကမ္းလွသည္။ (ထိုစဥ္က ျမန္မာျပည္အထက္ပိုင္း အင္းဝ ႏွင့္ မိုးညင္းတို႔တြင္ ရွမ္းမင္းမ်ား သီးျခားအုပ္ခ်ဳပ္ေနသျဖင့္ စစ္ကူရရွိရန္ သြားေရာက္ဟန္တူသည္။) လမ္းခရီးတြင္ ေရငတ္သျဖင့္ ဆင္ေပၚမွဆင္းကာ ေရအိုင္တစ္ခုတြင္ ေရေသာက္သည္။ ထိုသုိ႔ ေရေသာက္ေနစဥ္ စီးေတာ္ဆင္သည္ ရုတ္တရက္ မုန္ယိုကာ စည္သူေက်ာ္ထင္ကို လိုက္ေဝွ႔သျဖင့္ ဝါးရံုေတာသို္႔ ေျပးကာ ဝါးရံုပင္ၾကားထဲ ဝင္ေနရသည္။ ထို႔ေနာက္ ဆင္သည္ ေတာထဲသို႔ ဝင္သြားေတာ့သည္။

စစ္ရွံုးရသည့္အထဲ စီးေတာ္ဆင္ကပါ လိုက္ေဝွ႔ေသာ ကံဆိုးရွာသူ စည္သူေက်ာ္ထင္သည္ စိတ္မပ်က္ဘဲ ေျခက်င္ျဖင့္ ျမန္မာျပည္အထက္ပိုင္းသို႔ ဆက္သြားရာ မ်က္စိလည္လမ္းမွား၍ ခ်င္းေတာင္ဘက္သို႔ ေရာက္ရွိသြားၿပီး ခ်င္းလူမ်ိဳးမ်ား၏ ဝိုင္းဝန္း ဖမ္းဆီးျခင္းကို ခံရျပန္သည္။ သို႔ရာတြင္ ထိုသို႔ ဖမ္းဆီးခံရသည္မွာ အဆိုးထဲမွ အေကာင္းျဖစ္သည္။ အေၾကာင္းမွာ ခ်င္းလူမ်ိဳးမ်ားက စည္သူေက်ာ္ထင္ကို မိုးညင္းမင္း စလံုထံ ေခၚေဆာင္သြားေသာေၾကာင့္ ျဖစ္သည္။

မိုးညင္းစလံုသည္ စလင္းစည္သူေက်ာ္ထင္ကို ခင္မင္ရင္းစြဲ ရွိသူျဖစ္သျဖင့္ ေတြ႕ေတြ႕ခ်င္းပင္ –

စလံု -“ေသြးေသာက္ အဘယ္ေၾကာင့္ တစ္ပါးတည္း ေရာက္လာသနည္း”
စည္သူ – “စစ္ပ်က္၍ ေရာက္လာသည္ ေသြးေသာက္၊ လမ္းခရီးတြင္ ဆင္ေတာ္ကလည္း ေဖာက္ျပန္ကာ လိုက္ေဝွ႔သည္၊ ထို႔ေနာက္ သည္ေနာင္ႀကီးမ်ားဖမ္းေခၚလာ၍ ေသြးေသာက္ထံ ေရာက္ေတာ့သည္”

စလံု – “မစိုးရိမ္လင့္ ေသြးေသာက္၊ ငါ အင္းဝကို လုပ္ႀကံ၍ သင့္ကို နန္းတင္ေပးမည္၊ အင္းဝဘုရင္ အုန္းေဘာင္ခုံမႈိင္းသည္ အင္အားႀကီးလွသည္၊ ငါတို႔ ရုတ္တရက္ တိုက္၍ မရႏိုင္၊ သို႔ေၾကာင့္ စစ္ကိုင္းကို အေျချပဳ၍ လူစုပါ၊ ထို႔ေနာက္မွ အင္းဝကို လုပ္ႀကံၾကမည္”
စည္သူ – “ေသြးေသာက္ ဆင္ျမင္း အလံုးအရင္းသာ ငါ့ကိုေပးေလာ့၊ သင့္အႀကံအတိုင္း စစ္ကိုင္းကို အရပ္အေနျပဳကာ အင္းဝကို လုပ္ႀကံမည္။”

ထို႔ေနာက္ မိုးညင္းစလံုက စည္သူေက်ာ္ထင္ကို ဆင္ ၆၀၊ ျမင္း ၈၀၀၊ သူရဲ ငါးေသာင္းေပးအပ္သည္။

ေအဒီ ၁၅၄၅ တြင္ စည္သူေက်ာ္ထင္သည္ စစ္ကိုင္းကို ၿမိဳ႕သစ္တည္ေထာင္၍ မင္းျပဳသည္။ ထိုအခါ စလင္းစည္သူေက်ာ္ထင္မွသည္ စစ္ကိုင္းစည္သူေက်ာ္ထင္ဟု တြင္သည္။ ထိုႏွစ္တြင္ အင္းဝ၌ အုန္းေဘာင္ခံုမွိုင္း အနိစၥေရာက္သျဖင့္ သားေတာ္ မိုးၿဗဲနရပတိက ဆက္ခံသည္။ ေျခာက္ႏွစ္ခန္႔အၾကာ ေအဒီ ၁၅၅၁တြင္ စစ္ကိုင္းစည္သူေက်ာ္ထင္သည္ အင္းဝကို ဝင္ေရာက္တိုက္ခိုက္ရာ မိုးၿဗဲနရပတိ မခံႏိုင္ဘဲ ျပည္ၿမိဳ႕သို႔ ထြက္ေျပးသည္။ သို႔ျဖင့္ ထိုႏွစ္မွာပင္ စစ္ကိုင္းစည္သူေက်ာ္ထင္သည္ နရပတိဘြဲ႕ခံ၍ အင္းဝကို မင္းျပဳသည္။

စစ္ကိုင္းစည္သူေက်ာ္ထင္သည္ အင္းဝတြင္ သံုးႏွစ္သာ နန္းစံလိုက္ရသည္။ အေၾကာင္းမွာ ေအဒီ ၁၅၅၄ တြင္ ဟံသာဝတီဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္မင္းႀကီးက အင္းဝကို ေရအားၾကည္းအားျဖင့္ ခ်ီတက္သိမ္းယူခဲ့ေသာေၾကာင့္ ျဖစ္သည္။ ဘုရင့္ေနာင္မင္းႀကီးသည္ စည္သူေက်ာ္ထင္၏ အရည္အခ်င္းကို ေရွးယခင္ကပင္ သိသျဖင့္ ကြပ္မ်က္ျခင္း၊ အက်ဥ္းခ်ျခင္း မျပဳဘဲ သစၥာေပးကာ ဟံသာဝတီသို႔ ေခၚေဆာင္သြားသည္။ ဟံသာဝတီ ေဒတမဥယ်ာဥ္အေရွ႕တြင္ စေၾကာသံုးထပ္အိမ္ေတာ္ျဖင့္ အလုပ္အေကြၽး ၃၀ ေပးကာ ေကာင္းစြာထားသည္။

စည္သူေက်ာ္ထင္သည္ ဘုရင့္ေနာင္၏ ၾသဇာကို အာခံျခင္း မျပဳဘဲ စိတ္ေအးခ်မ္းသာစြာေနထိုင္ခဲ့သည္။ သို႔ေသာ္ ဘုရင့္ေနာင္ အေဝးေရာက္ခိုက္ ေပၚေပါက္လာေသာ သူပုန္ရန္ကိုႏွိမ္နင္းရာတြင္မူ စည္သူေက်ာ္ထင္သည္ ဘုရင့္ေနာင္ႏွင့္ ဟံသာဝတီအက်ိဳးအတြက္ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေပးခဲ့သည္။ ဘုရင့္ေနာင္မင္းႀကီး ဇင္းမယ္သို႔ စစ္ခ်ီေနစဥ္ ဟံသာဝတီ၌ သူပုန္ထၾကသည္။ (အဆိုပါ သူပုန္မ်ားမွာ ဘုရင့္ေနာင္မင္းႀကီး အနယ္နယ္အရပ္ရပ္မွ ဖမ္းယူလာေသာ သံု႔ပန္းမ်ားျဖစ္ၾကၿပီး သူပုန္ထသည့္ အေၾကာင္းရင္းမွာ ဆန္ရွားေသာေၾကာင့္ ျဖစ္သည္။)

သူပုန္မ်ားသည္ အႀကီးအက်ယ္ ေသာင္းက်န္းၾကသည္။ ေနျပည္ေတာ္ အနီးတဝိုက္ရွိ တန္ေဆာင္း ေက်ာင္းကန္မ်ားကို မီးရွို႔ ဖ်က္ဆီးၾကသည္။
ထိုအခါ ေနျပည္ေတာ္ ၿမိဳ႕ေစာင့္အျဖစ္ က်န္ရစ္ေသာ အမတ္ေလးဦးက ဘုရင့္ေနာင္၏ မိဖုရားမ်ားကို ေတာင္ငူသို႔ ပို႔ရန္ ႀကံစည္ၾကသည္။ သူပုန္ရန္ကို ေၾကာက္ေသာေၾကာင့္ ျဖစ္သည္။ ထို ၿမိဳ႕ေစာင့္အမတ္မ်ားအနက္ အငယ္ဆံုးျဖစ္ေသာ တာေနာအမတ္က –
“မင္းတရားႀကီး အမိန္႔မရဘဲ မိဖုရားမ်ားကို ေ႐ႊ႕ေျပာင္းလွ်င္ ရာဇဝတ္ေဘး မလြတ္ႏိုင္၊ အင္းဝဘုရင္ေဟာင္း စည္သူေက်ာ္ထင္ကို တိုင္ပင္မွ ျဖစ္မည္” ဟု ဆိုကာ စည္သူေက်ာ္ထင္ထံသြားေရာက္တိုင္ပင္သည္။

စစ္မတိုက္ရသည္မွာ ၾကာျမင့္ေနေသာ္လည္း စစ္ေသြးစစ္မာန္ ရွိေသာ စည္သူေက်ာ္ထင္သည္ “ယခု သူပုန္မ်ားသည္ အဆင့္နိမ့္ေသာ မုဒိန္းတႏၱမွ်သာ ရွိသည္။ သူပုန္အႀကီးစား မဟုတ္။” ဟုဆိုကာ ၿမိဳ႕ေစာင့္တပ္ကို ဦးေဆာင္၍ ေနျပည္ေတာ္အနီး ဝန္းရံထားေသာ သူပုန္မ်ားကို ဝင္တိုက္သည္။ၿမိဳ႕ပတ္လည္မွ သူပုန္မ်ားသည္ အစုစုကြဲကာ ပ်က္သည္။ အေသအေပ်ာက္မ်ားသလို အဖမ္းခံရသူလည္းမ်ားသည္။ သူပုန္မ်ားသည္ ယာယီသစ္တပ္မ်ားသို႔ ဝင္ေျပးသည္။ စည္သူေက်ာ္ထင္လည္း သစ္တပ္မ်ားကို ဆင္ျဖင့္ တိုက္ဖ်က္ကာ ဝင္ေရာက္ သတ္ျဖတ္သျဖင့္ သူပုန္မ်ား ေတာထဲသို႔ ဝင္ေျပးသည္။

ေတာထဲသို႔ ဝင္ေျပးေသာ္လည္း မလြတ္ေပ။ စည္သူေက်ာ္ထင္သည္ ေတာနင္းကာ လိုက္လံ တိုက္ခိုက္ျပန္သည္။ သူပုန္မ်ားသည္ ဒလသို႔ ထြက္ေျပးရသည္။ ထိုအခ်ိန္တြင္ ဘုရင့္ေနာင္မင္းႀကီး ဇင္းမယ္မွ ျပန္ေရာက္လာသည္။ ေနျပည္ေတာ္အနီးရွိ ဓမၼေစတီမင္းေကာင္းမႈေတာ္ ေစတီမ်ား၊ ေက်ာင္းကန္တန္ေဆာင္းမ်ား၊ သၾကၤန္ေရသဘင္ဆင္ႏႊဲရာ ျပသာဒ္မ်ားကို သူပုန္တို႔ မီးရွို႔ထားသည္ကို ျမင္လွ်င္ အမ်က္ႀကီးစြာ ထြက္ကာ ေနျပည္ေတာ္သို႔ မဝင္ေတာ့ဘဲ ဒလသို႔ ခ်ီသည္။ သူပုန္ေခါင္းေဆာင္ ၃၀ ႏွင့္ငယ္သားမ်ားကို လက္ရဖမ္းမိသည္။

ဘုရင့္ေနာင္မင္းႀကီးသည္ သူပုန္ရန္ကို ႏွိမ္နင္းေပးေသာ စည္သူေက်ာ္ထင္ကို မ်ားစြာ ခ်ီးက်ဴးသည္။ ေ႐ႊအတိၿပီးေသာ ဆင္က ၊ ျမင္းက မ်ားကို ဆုလာဘ္အျဖစ္ ခ်ီးျမႇင့္သည္။ ေအဒီ ၁၅၆၈ မတ္လ ၁၆ ရက္ေန႔တြင္က်င္းပေသာ ကေမၻာဇသာဒီ နန္းသစ္တက္ပြဲ၌ သစၥာေတာ္ခံသံု႔ပန္းဘုရင္ ေလးပါးကို ဂုဏ္ျပဳရာတြင္ အင္းဝဘုရင္ စည္သူေက်ာ္ထင္သည္ အျခား သံု႔ပန္းမင္းမ်ားျဖစ္ေသာ မိုးၿဗဲနရပတိ၊ ဇင္းမယ္ဘုရင္ ေမကုတိ၊ ယိုးဒယားဘုရင္ မဟာခ်ကၠရာဖတ္ တို႔ႏွင့္အတူ ပါဝင္ခဲ့သည္။

စည္သူေက်ာ္ထင္သည္ ထက္ျမက္ေသာ္လည္း သမိုင္းမွတ္တမ္းတြင္ မထင္မရွား ျဖစ္ရျခင္းမွာ ေတာင္ငူဘုရင္ တပင္ေ႐ႊထီးႏွင့္ ဘုရင့္ေနာင္တို႔ ႏွင့္ ေခတ္ၿပိဳင္ ေပၚေပါက္ခဲ့ေသာေၾကာင့္ျဖစ္သည္။ ထိုမင္းႏွစ္ပါးသည္ ဒုတိယျမန္မာႏိုင္ငံေတာ္ႀကီးကို စုစည္း တည္ေထာင္ရာတြင္ အဓိကပါဝင္ခဲ့သူမ်ားျဖစ္သျဖင့္ ေႏွာင္းလူမ်ား၏ အထင္ကရ မွတ္တမ္းတင္ျခင္းကို ခံရသည္။

ေနာက္ဆက္တြဲ

စည္သူေက်ာ္ထင္၏ သေဘာထားႀကီးမႈမ်ား

– စစ္ကိုင္းတြင္ နန္းစံေနစဥ္ ရန္သူျဖစ္ေသာ အင္းဝဘုရင္ခံုမွိုင္းက မုေနာလင္ပန္းျဖင့္ ပို႔ေသာ ထမင္းပြဲကို သံသယမရွိဘဲ စားေတာ္ေခၚသည္။ (မွဴးမတ္မ်ားက ေျပာသည့္အခါ “စစ္တိုက္သည့္အခါ တိုက္ေသာ္လည္း ခ်စ္ခင္မႈျဖင့္ ေပးလာသည့္အခါ မျငင္းစေကာင္း”ဟု မိန္႔သည္)

– အင္းဝခံုမွိူင္းႏွင့္ စစ္တိုက္ရင္း ရန္သူသံု႔ပန္းဖမ္းမိသည့္အခါ ဒဏ္ရာမ်ားကို ေဆးကုေပးၿပီး ျပန္လႊတ္သည္။ ( နီးရာဓား ေၾကာက္ရသည့္ ေဒသခံမ်ားကို စာနာေသာေၾကာင့္ျဖစ္သည္။)

– အင္းဝတြင္ နန္းစံေနစဥ္ ႐ြာသူမတစ္ဦးက ယကၠန္းစင္ေဆာက္ရန္ တြင္းတူးရာ ေ႐ႊအိုးရသျဖင့္ နန္းေတာ္သို႔ လာဆက္သည္။ (စည္သူေက်ာ္ထင္သည္ ဘာသာတရားကိုင္းရွိုင္းသူျဖစ္ၿပီး ေန႔စဥ္ နံနက္ပိုင္း၌ ဥေဒတယံ ဂါထာ တစ္ေထာင္၊ ညေနပိုင္း၌ အေပတယံ ဂါထာ တစ္ေထာင္ ႐ြတ္ေလ့ရွိရာ ႐ြာသူမ ေ႐ႊအိုးလာဆက္ခ်ိန္၌ ဂါထာ႐ြတ္ေနခ်ိန္ႏွင့္ ဆံုကာ ေတြ႕ခြင့္မရလိုက္ေပ) မွဴးမတ္မ်ားက ေ႐ႊတစ္ဝက္ယူထားၿပီး တစ္ဝက္ကို ျပန္ေပးလိုက္သည္။ စည္သူေက်ာ္ထင္ ဂါထာ႐ြတ္ၿပီးမွ ေလွ်ာက္တင္သည့္အခါ ေ႐ႊမ်ားကို မယူဘဲ ႐ြာသူမကို အားလံုးေပးလိုက္သည္။ (သူမ၏ ကုသိုလ္ကံေၾကာင့္ ရသည္ျဖစ္၍ မယူသင့္၊ ၿမိဳ႕ရိုးပတ္လည္ က်င္းတစ္ေထာင္ တူးေသာ္လည္း ကုသိုလ္ကံမရွိလွ်င္ မရႏိုင္ ဟု မွဴးမတ္မ်ားကို မိန္႔သည္)

– စိတ္သေဘာထားႏူးညံ့သျဖင့္ မိဖုရားက စားေတာ္ထမင္းတြင္ စပါးေစ့မ်ား တမင္ထည့္ခ်က္ေစသည္။ စပါးလံုးမ်ားသည္ဟု မင္းႀကီးက ညည္းသည့္အခါ မိဖုရားက စားေတာ္ကဲကို ကြပ္မ်က္သင့္သည္ ဟုဟန္ေဆာင္ ေလွ်ာက္သည္။ ထိုအခါ စည္သူေက်ာ္ထင္က “မသတ္ပါလင့္၊ အမႈထမ္းဟူသည္ အရွင္မ်က္ႏွာရေအာင္သာ ျပဳလိုၾကသည္။ ဆန္အနီးတြင္ ၾကက္မ်ားယက္၍ သာျဖစ္မည္” ဟုဆိုကာ သည္းခံေတာ္မူသည္။

က်မ္းကိုး
မင္းယုေဝ၏ အေနာ္ရထာႏွင့္တို႔ဘိုးဘြားမ်ား

Min Htet Kyaw Swar (ပဥၥမံေၾကာင္)


တောင်ငူခေတ်က မထင်ပေါ်ခဲ့သော သူရဲကောင်းတစ်ဦး (သို့) စစ်ကိုင်းစည်သူကျော်ထင် (unicode)

ရေးသားသူ – Min Htet Kyaw Swar (ပဥ္စမံကြောင်)

မြန်မာနိုင်ငံ၏ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ကုန်းဘောင် ဟူသော ပဒေသရာဇ် ခေတ်အစဉ်အရ စည်သူကျော်ထင်သည် အင်းဝခေတ် ပျက်သုဉ်းကာနီး တောင်ငူခေတ် နိဒါန်းကာလတွင် ပေါ်ပေါက်ခဲ့သည့် ထီးဆောင်းမင်းတစ်ပါး ဖြစ်သည်။ စည်သူကျော်ထင်ကို ရာဇဝင်များ၌ စစ်တိုက်ရာတွင် ကျင်လည်သူ၊ ကြင်နာတတ်သူ၊ ပြည်သူများအပေါ် သနားညှာတာတတ်သူ၊ ဘာသာတရားကိုင်းရှိုင်းသူ အဖြစ်ဖော်ပြကြသည်။

တောင်ငူဘုရင် တပင်ရွှေထီးမင်းနှင့် ယောက်ဖတော် ဘုရင့်နောင်တို့က ဒုတိယမြန်မာနိုင်ငံတော်အဖြစ် စုစည်းတည်ထောင်ရန် ကြိုးပမ်းနေစဉ်တွင် စည်သူကျော်ထင်သည် စလင်းမြို့၌ မင်းအဖြစ် စိုးစံနေသည်။ တပင်ရွှေထီး၏ တပ်များ စလင်းမြို့သို့ လာရောက်တိုက်ခိုက်သည့်အခါ စည်သူကျော်ထင်သည် အညံ့မခံဘဲ ခုခံတိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အင်အားချင်းမမျှသဖြင့် စည်သူကျော်ထင်သည် ဆင်တစ်စီးဖြင့် အလွတ်ဆုတ်ခွာထွက်ပြေးခဲ့သည်။

လောင်းရှည်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်းသို့ ထွက်ပြေးရာ ခရီးကြမ်းလှသည်။ (ထိုစဉ်က မြန်မာပြည်အထက်ပိုင်း အင်းဝ နှင့် မိုးညင်းတို့တွင် ရှမ်းမင်းများ သီးခြားအုပ်ချုပ်နေသဖြင့် စစ်ကူရရှိရန် သွားရောက်ဟန်တူသည်။) လမ်းခရီးတွင် ရေငတ်သဖြင့် ဆင်ပေါ်မှဆင်းကာ ရေအိုင်တစ်ခုတွင် ရေသောက်သည်။ ထိုသို့ ရေသောက်နေစဉ် စီးတော်ဆင်သည် ရုတ်တရက် မုန်ယိုကာ စည်သူကျော်ထင်ကို လိုက်ဝှေ့သဖြင့် ဝါးရုံတောသ်ို့ ပြေးကာ ဝါးရုံပင်ကြားထဲ ဝင်နေရသည်။ ထို့နောက် ဆင်သည် တောထဲသို့ ဝင်သွားတော့သည်။

စစ်ရှုံးရသည့်အထဲ စီးတော်ဆင်ကပါ လိုက်ဝှေ့သော ကံဆိုးရှာသူ စည်သူကျော်ထင်သည် စိတ်မပျက်ဘဲ ခြေကျင်ဖြင့် မြန်မာပြည်အထက်ပိုင်းသို့ ဆက်သွားရာ မျက်စိလည်လမ်းမှား၍ ချင်းတောင်ဘက်သို့ ရောက်ရှိသွားပြီး ချင်းလူမျိုးများ၏ ဝိုင်းဝန်း ဖမ်းဆီးခြင်းကို ခံရပြန်သည်။ သို့ရာတွင် ထိုသို့ ဖမ်းဆီးခံရသည်မှာ အဆိုးထဲမှ အကောင်းဖြစ်သည်။ အကြောင်းမှာ ချင်းလူမျိုးများက စည်သူကျော်ထင်ကို မိုးညင်းမင်း စလုံထံ ခေါ်ဆောင်သွားသောကြောင့် ဖြစ်သည်။

မိုးညင်းစလုံသည် စလင်းစည်သူကျော်ထင်ကို ခင်မင်ရင်းစွဲ ရှိသူဖြစ်သဖြင့် တွေ့တွေ့ချင်းပင် –

စလုံ -“သွေးသောက် အဘယ်ကြောင့် တစ်ပါးတည်း ရောက်လာသနည်း”
စည်သူ – “စစ်ပျက်၍ ရောက်လာသည် သွေးသောက်၊ လမ်းခရီးတွင် ဆင်တော်ကလည်း ဖောက်ပြန်ကာ လိုက်ဝှေ့သည်၊ ထို့နောက် သည်နောင်ကြီးများဖမ်းခေါ်လာ၍ သွေးသောက်ထံ ရောက်တော့သည်”

စလုံ – “မစိုးရိမ်လင့် သွေးသောက်၊ ငါ အင်းဝကို လုပ်ကြံ၍ သင့်ကို နန်းတင်ပေးမည်၊ အင်းဝဘုရင် အုန်းဘောင်ခုံမှိုင်းသည် အင်အားကြီးလှသည်၊ ငါတို့ ရုတ်တရက် တိုက်၍ မရနိုင်၊ သို့ကြောင့် စစ်ကိုင်းကို အခြေပြု၍ လူစုပါ၊ ထို့နောက်မှ အင်းဝကို လုပ်ကြံကြမည်”
စည်သူ – “သွေးသောက် ဆင်မြင်း အလုံးအရင်းသာ ငါ့ကိုပေးလော့၊ သင့်အကြံအတိုင်း စစ်ကိုင်းကို အရပ်အနေပြုကာ အင်းဝကို လုပ်ကြံမည်။”

ထို့နောက် မိုးညင်းစလုံက စည်သူကျော်ထင်ကို ဆင် ၆၀၊ မြင်း ၈၀၀၊ သူရဲ ငါးသောင်းပေးအပ်သည်။

အေဒီ ၁၅၄၅ တွင် စည်သူကျော်ထင်သည် စစ်ကိုင်းကို မြို့သစ်တည်ထောင်၍ မင်းပြုသည်။ ထိုအခါ စလင်းစည်သူကျော်ထင်မှသည် စစ်ကိုင်းစည်သူကျော်ထင်ဟု တွင်သည်။ ထိုနှစ်တွင် အင်းဝ၌ အုန်းဘောင်ခုံမှိုင်း အနိစ္စရောက်သဖြင့် သားတော် မိုးဗြဲနရပတိက ဆက်ခံသည်။ ခြောက်နှစ်ခန့်အကြာ အေဒီ ၁၅၅၁တွင် စစ်ကိုင်းစည်သူကျော်ထင်သည် အင်းဝကို ဝင်ရောက်တိုက်ခိုက်ရာ မိုးဗြဲနရပတိ မခံနိုင်ဘဲ ပြည်မြို့သို့ ထွက်ပြေးသည်။ သို့ဖြင့် ထိုနှစ်မှာပင် စစ်ကိုင်းစည်သူကျော်ထင်သည် နရပတိဘွဲ့ခံ၍ အင်းဝကို မင်းပြုသည်။

စစ်ကိုင်းစည်သူကျော်ထင်သည် အင်းဝတွင် သုံးနှစ်သာ နန်းစံလိုက်ရသည်။ အကြောင်းမှာ အေဒီ ၁၅၅၄ တွင် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီးက အင်းဝကို ရေအားကြည်းအားဖြင့် ချီတက်သိမ်းယူခဲ့သောကြောင့် ဖြစ်သည်။ ဘုရင့်နောင်မင်းကြီးသည် စည်သူကျော်ထင်၏ အရည်အချင်းကို ရှေးယခင်ကပင် သိသဖြင့် ကွပ်မျက်ခြင်း၊ အကျဉ်းချခြင်း မပြုဘဲ သစ္စာပေးကာ ဟံသာဝတီသို့ ခေါ်ဆောင်သွားသည်။ ဟံသာဝတီ ဒေတမဥယျာဉ်အရှေ့တွင် စကြောသုံးထပ်အိမ်တော်ဖြင့် အလုပ်အကျွေး ၃၀ ပေးကာ ကောင်းစွာထားသည်။

စည်သူကျော်ထင်သည် ဘုရင့်နောင်၏ ဩဇာကို အာခံခြင်း မပြုဘဲ စိတ်အေးချမ်းသာစွာနေထိုင်ခဲ့သည်။ သို့သော် ဘုရင့်နောင် အဝေးရောက်ခိုက် ပေါ်ပေါက်လာသော သူပုန်ရန်ကိုနှိမ်နင်းရာတွင်မူ စည်သူကျော်ထင်သည် ဘုရင့်နောင်နှင့် ဟံသာဝတီအကျိုးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သည်။ ဘုရင့်နောင်မင်းကြီး ဇင်းမယ်သို့ စစ်ချီနေစဉ် ဟံသာဝတီ၌ သူပုန်ထကြသည်။ (အဆိုပါ သူပုန်များမှာ ဘုရင့်နောင်မင်းကြီး အနယ်နယ်အရပ်ရပ်မှ ဖမ်းယူလာသော သုံ့ပန်းများဖြစ်ကြပြီး သူပုန်ထသည့် အကြောင်းရင်းမှာ ဆန်ရှားသောကြောင့် ဖြစ်သည်။)

သူပုန်များသည် အကြီးအကျယ် သောင်းကျန်းကြသည်။ နေပြည်တော် အနီးတဝိုက်ရှိ တန်ဆောင်း ကျောင်းကန်များကို မီးရှို့ ဖျက်ဆီးကြသည်။
ထိုအခါ နေပြည်တော် မြို့စောင့်အဖြစ် ကျန်ရစ်သော အမတ်လေးဦးက ဘုရင့်နောင်၏ မိဖုရားများကို တောင်ငူသို့ ပို့ရန် ကြံစည်ကြသည်။ သူပုန်ရန်ကို ကြောက်သောကြောင့် ဖြစ်သည်။ ထို မြို့စောင့်အမတ်များအနက် အငယ်ဆုံးဖြစ်သော တာနောအမတ်က –
“မင်းတရားကြီး အမိန့်မရဘဲ မိဖုရားများကို ရွှေ့ပြောင်းလျှင် ရာဇဝတ်ဘေး မလွတ်နိုင်၊ အင်းဝဘုရင်ဟောင်း စည်သူကျော်ထင်ကို တိုင်ပင်မှ ဖြစ်မည်” ဟု ဆိုကာ စည်သူကျော်ထင်ထံသွားရောက်တိုင်ပင်သည်။

စစ်မတိုက်ရသည်မှာ ကြာမြင့်နေသော်လည်း စစ်သွေးစစ်မာန် ရှိသော စည်သူကျော်ထင်သည် “ယခု သူပုန်များသည် အဆင့်နိမ့်သော မုဒိန်းတန္တမျှသာ ရှိသည်။ သူပုန်အကြီးစား မဟုတ်။” ဟုဆိုကာ မြို့စောင့်တပ်ကို ဦးဆောင်၍ နေပြည်တော်အနီး ဝန်းရံထားသော သူပုန်များကို ဝင်တိုက်သည်။မြို့ပတ်လည်မှ သူပုန်များသည် အစုစုကွဲကာ ပျက်သည်။ အသေအပျောက်များသလို အဖမ်းခံရသူလည်းများသည်။ သူပုန်များသည် ယာယီသစ်တပ်များသို့ ဝင်ပြေးသည်။ စည်သူကျော်ထင်လည်း သစ်တပ်များကို ဆင်ဖြင့် တိုက်ဖျက်ကာ ဝင်ရောက် သတ်ဖြတ်သဖြင့် သူပုန်များ တောထဲသို့ ဝင်ပြေးသည်။

တောထဲသို့ ဝင်ပြေးသော်လည်း မလွတ်ပေ။ စည်သူကျော်ထင်သည် တောနင်းကာ လိုက်လံ တိုက်ခိုက်ပြန်သည်။ သူပုန်များသည် ဒလသို့ ထွက်ပြေးရသည်။ ထိုအချိန်တွင် ဘုရင့်နောင်မင်းကြီး ဇင်းမယ်မှ ပြန်ရောက်လာသည်။ နေပြည်တော်အနီးရှိ ဓမ္မစေတီမင်းကောင်းမှုတော် စေတီများ၊ ကျောင်းကန်တန်ဆောင်းများ၊ သင်္ကြန်ရေသဘင်ဆင်နွှဲရာ ပြသာဒ်များကို သူပုန်တို့ မီးရှို့ထားသည်ကို မြင်လျှင် အမျက်ကြီးစွာ ထွက်ကာ နေပြည်တော်သို့ မဝင်တော့ဘဲ ဒလသို့ ချီသည်။ သူပုန်ခေါင်းဆောင် ၃၀ နှင့်ငယ်သားများကို လက်ရဖမ်းမိသည်။

ဘုရင့်နောင်မင်းကြီးသည် သူပုန်ရန်ကို နှိမ်နင်းပေးသော စည်သူကျော်ထင်ကို များစွာ ချီးကျူးသည်။ ရွှေအတိပြီးသော ဆင်က ၊ မြင်းက များကို ဆုလာဘ်အဖြစ် ချီးမြှင့်သည်။ အေဒီ ၁၅၆၈ မတ်လ ၁၆ ရက်နေ့တွင်ကျင်းပသော ကမ္ဘောဇသာဒီ နန်းသစ်တက်ပွဲ၌ သစ္စာတော်ခံသုံ့ပန်းဘုရင် လေးပါးကို ဂုဏ်ပြုရာတွင် အင်းဝဘုရင် စည်သူကျော်ထင်သည် အခြား သုံ့ပန်းမင်းများဖြစ်သော မိုးဗြဲနရပတိ၊ ဇင်းမယ်ဘုရင် မေကုတိ၊ ယိုးဒယားဘုရင် မဟာချက္ကရာဖတ် တို့နှင့်အတူ ပါဝင်ခဲ့သည်။

စည်သူကျော်ထင်သည် ထက်မြက်သော်လည်း သမိုင်းမှတ်တမ်းတွင် မထင်မရှား ဖြစ်ရခြင်းမှာ တောင်ငူဘုရင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ နှင့် ခေတ်ပြိုင် ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။ ထိုမင်းနှစ်ပါးသည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို စုစည်း တည်ထောင်ရာတွင် အဓိကပါဝင်ခဲ့သူများဖြစ်သဖြင့် နှောင်းလူများ၏ အထင်ကရ မှတ်တမ်းတင်ခြင်းကို ခံရသည်။

နောက်ဆက်တွဲ

စည်သူကျော်ထင်၏ သဘောထားကြီးမှုများ

– စစ်ကိုင်းတွင် နန်းစံနေစဉ် ရန်သူဖြစ်သော အင်းဝဘုရင်ခုံမှိုင်းက မုနောလင်ပန်းဖြင့် ပို့သော ထမင်းပွဲကို သံသယမရှိဘဲ စားတော်ခေါ်သည်။ (မှူးမတ်များက ပြောသည့်အခါ “စစ်တိုက်သည့်အခါ တိုက်သော်လည်း ချစ်ခင်မှုဖြင့် ပေးလာသည့်အခါ မငြင်းစကောင်း”ဟု မိန့်သည်)

– အင်းဝခုံမှိူင်းနှင့် စစ်တိုက်ရင်း ရန်သူသုံ့ပန်းဖမ်းမိသည့်အခါ ဒဏ်ရာများကို ဆေးကုပေးပြီး ပြန်လွှတ်သည်။ ( နီးရာဓား ကြောက်ရသည့် ဒေသခံများကို စာနာသောကြောင့်ဖြစ်သည်။)

– အင်းဝတွင် နန်းစံနေစဉ် ရွာသူမတစ်ဦးက ယက္ကန်းစင်ဆောက်ရန် တွင်းတူးရာ ရွှေအိုးရသဖြင့် နန်းတော်သို့ လာဆက်သည်။ (စည်သူကျော်ထင်သည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး နေ့စဉ် နံနက်ပိုင်း၌ ဥဒေတယံ ဂါထာ တစ်ထောင်၊ ညနေပိုင်း၌ အပေတယံ ဂါထာ တစ်ထောင် ရွတ်လေ့ရှိရာ ရွာသူမ ရွှေအိုးလာဆက်ချိန်၌ ဂါထာရွတ်နေချိန်နှင့် ဆုံကာ တွေ့ခွင့်မရလိုက်ပေ) မှူးမတ်များက ရွှေတစ်ဝက်ယူထားပြီး တစ်ဝက်ကို ပြန်ပေးလိုက်သည်။ စည်သူကျော်ထင် ဂါထာရွတ်ပြီးမှ လျှောက်တင်သည့်အခါ ရွှေများကို မယူဘဲ ရွာသူမကို အားလုံးပေးလိုက်သည်။ (သူမ၏ ကုသိုလ်ကံကြောင့် ရသည်ဖြစ်၍ မယူသင့်၊ မြို့ရိုးပတ်လည် ကျင်းတစ်ထောင် တူးသော်လည်း ကုသိုလ်ကံမရှိလျှင် မရနိုင် ဟု မှူးမတ်များကို မိန့်သည်)

– စိတ်သဘောထားနူးညံ့သဖြင့် မိဖုရားက စားတော်ထမင်းတွင် စပါးစေ့များ တမင်ထည့်ချက်စေသည်။ စပါးလုံးများသည်ဟု မင်းကြီးက ညည်းသည့်အခါ မိဖုရားက စားတော်ကဲကို ကွပ်မျက်သင့်သည် ဟုဟန်ဆောင် လျှောက်သည်။ ထိုအခါ စည်သူကျော်ထင်က “မသတ်ပါလင့်၊ အမှုထမ်းဟူသည် အရှင်မျက်နှာရအောင်သာ ပြုလိုကြသည်။ ဆန်အနီးတွင် ကြက်များယက်၍ သာဖြစ်မည်” ဟုဆိုကာ သည်းခံတော်မူသည်။

ကျမ်းကိုး
မင်းယုဝေ၏ အနော်ရထာနှင့်တို့ဘိုးဘွားများ

Min Htet Kyaw Swar (ပဥ္စမံကြောင်)

Leave a Reply