လူ႔သမိုင္​းတ​ေလ်ွာက္​လံုးမွာ စြမ္​းအားအႀကီးဆံုး​​ေသာလက္နက္ႀကီး

Posted on

Tsar Bomba ( ဗံုးတို႔၏ဧကရာဇ္)

ေရးသားသူ – Ko Kyaw Min Aung

ကမ႓ာေပၚမွာေဖါက္ခြဲခဲ႔သမ်ွဗံုးေတြထဲမွာ အင္အားအျပင္းထန္ဆံုးျဖစ္တဲ႔ Tsar Bomba လို႔အမည္ေပးထားတဲ႔ သာမိုႏ်ဴကလီးယားဗံုးႀကီးကို ဆိုဗီယက္ယူနီယံ (ယခုရုရွား) က ၁၉၆၁ ခုနွစ္ ေအာက္တိုဘာလ ၃၀ရက္ေန႔မွာ အာတိတ္စက္ဝိုင္းအတြင္းရိွ ႏ်ဴကလီးယားစမ္းသပ္ရာ Novaya Zemlya ကြ်န္းဆြယ္ မွာစမ္းသပ္ေဖာက္ခြဲခဲ႔ပါတယ္။

စစ္​​ေအးတိုက္​ပြဲျပင္​းထန္​​ေနတဲ့ ကာလအတြင္​း ဆိုဗီယက္​ ​ေခါင္​း​ေဆာင္​ နီကီတာခရူးရွက္​က ရန္သူေတာ္အ​ေမရိကန္တို႔ထက္ ​ရုရွားတို႔က စြမ္းရည္သာလြန္​​ေၾကာင္​းျပႏိုင္​ရန္​ ကမ႓ာမွာ စြမ္​းအားအႀကီးမားဆံုး​ေသာ ႏ်ဴကလီးယားဗံုးႀကီး တည္​​ေဆာက္​ဖို႔ ႏ်ဴကလီးယားသိပၸံပညာရွင္ Andrei Sakharov ကိုတာဝန္ေပးခဲ့ပါတယ္။ အဲဒီေနာက္ မဟာစီမံကိန္းႀကီးစတင္ခဲ႔ရာ တိုေတာင္းတဲ႔ ေလးလတာကာလအတြင္းမွာပဲ ၿပိဳင္ဖက္ကင္း ဗံုးဘုရင္ႀကီးကိုတည္ေဆာက္ၿပီးစီးသြားခဲ႔ပါတယ္။

Tzar Bomba စမ္​းသပ္​​ေဖာက္​ခြဲရာ ဆိုဗီယက္​ယူနီယံအာတိတ္​စက္​ဝိုင္​းအတြင္​းရိွက်ြန္​းဆြယ္​(အနီစက္​ျပထားရာ​​ေန​ရာ)

အဲဒီႏွစ္​မွာ က်င္​းပတဲ့ ကုလသမဂၢအေထြေထြညီလာခံမွာ ခရူးရွက္က ‘Kuskina mat’ ‘မင္းတို႔ အေမရိကန္ေတြကို ငါျပစရာရိွတယ္’ လို႔ေျပာခဲ႔ပါတယ္။  သူေျပာၿပီး သိပ္မၾကာခင္မွာပဲ ကမာၻ႔စြမ္းအားအႀကီးဆံုး ဟိုင္ဒရိုဂ်င္ဗံုးႀကီးကို အခုလိုစမ္​းသပ္​​ေဖာက္ခြဲျပခဲ့တာျဖစ္​ပါတယ္​။ဒီဗံုးႀကီးရဲ႕ေပါက္ကြဲမႈစြမ္းအားဟာ ဒုတိယကမ႓ာစစ္အတြင္းအသံုးျပဳခဲ႔သမ်ွ ဗံုးအားလံုးေပါင္းထားတာထက္ေတာင္ ဆယ္ဆပိုပါသတဲ႔။

ေပါက္ကြဲမူအဆင့္သံုးဆင့္ရိွတဲ႔ Tzar Bomba ဟာ အ​ေလးခ်ိန္အားျဖင္​့ ၂၇တန္​ပဲ ရိွ​ေပမယ္​့ ​ယမ္းဘီလူးတန္ခ်ိန္ သန္းတစ္ရာ(100Megaton) နဲ႔ညီမ်ွတဲ႔ ေပါက္ကြဲအားရိွပါတယ္​။ ဒါဟာ ဟီရိုရီွးမားနဲ႔နာဂါဆာကီၿမဳိ႕ေတြေပၚႀကဲခ်ခဲ့တဲ့ ႏ်ဴကလီးယားဗံုးႏွစ္လံုးေပါင္းထက္ အဆေပါင္း ၁၅၀၀ ပိုျပင္းထန္တာျဖစ္ပါတယ္။

tsar bomb ေပါက္ကြဲမႈကုိ က်န္ဗုံးေပါက္ကြဲမႈမ်ားႏွင့္ ႏႈိင္းယွသ္ာထားစဥ္

ဒါေပမယ့္စမ္းသပ္တဲ႔အခါမွာေတာ႔ ေပါက္ကြဲမူအဆင့္ႏွစ္ဆင့္ အထိပဲ စမ္းသပ္ခဲ့ၿပီး ေပါက္ကြဲအားကို တဝက္အထိေလ်ွာ့ခ်ခဲ႔ပါတယ္။တကယ္လို႔သာ စြမ္းအားျပည့္ ေဖာက္ခြဲစမ္းသပ္ခဲ႔မယ္ဆိုရင္ စမ္းသပ္တဲ႔ေနရာနဲ႔အနီးဝန္းက်င္ေဒသေတြဟာ ႏ်ဴကလီးယားအဆိပ္သင့္မူကိုဆိုးဆိုး႐ြား႐ြား က်ိန္းေသခံရမွာျဖစ္ပါတယ္။ မိုင္​ရာ​ေပါင္​းမ်ားစြာအထိလည္​း ဓာတ္​ျပာ​ေတြ ျပန္​႔လြင္​့က်ဆင္​းႏုိင္​သလို ႏ်ဴကလီးယား ဓာတ္​​ေရာင္​ျခည္​သင္​့နိုင္​တဲ့ ဧရိယာပမာဏကလည္​း မ​ေမွ်ာ္​မွန္​းနိုင္​​ေအာင္​ႀကီးမားက်ယ္​ျပန္​႔ႏိုင္​ပါတယ္​။

ဒါ့အျပင္ ႏ်ဴကလီးယားဗံုးႀကဲခ်လိုက္တဲ႔ေလယာဥ္ဟာ ေပါက္ကြဲမူစက္ကြင္းက လြတ္ေအာင္ေရွာင္ထြက္နိုင္မွာ မဟုတ္ပါဘူး။ အခုျပင္​းအားတဝက္ေလ်ွာ့ခ်ထားတာေတာင္ ေပါက္ကြဲမူစက္ကြင္းကေန ေလယာဥ္ရဲ႕ လြတ္ေျမာက္နိုင္စြမ္းဟာ ၅၀%ေလာက္ပဲရိွနိုင္​မယ္​လို႔စီမံကိန္​း​ေဖာ္​​ေဆာင္​သူ​ေတြက သံုးသပ္​ၿပီး ေျမျပင္ေပၚက်လာမယ့္ဗံုးရဲ႕အျမန္ႏႈန္းကို ေလ်ွာ့ခ်ဖို႔ေလထီးကိုအသံုးျပဳခဲ႔ပါတယ္။ ေပါက္​ကြဲမႈက ထြက္​​ေပၚလာမယ္႔​့အပူဟပ္တဲ့ဒဏ္​ခံနိုင္​ဖို႔​ေလယာဥ္​ကို အထူးစီမံထားတဲ့ အပူဒဏ္​ခံ​ေဆးတမ်ိဳးသုတ္​ထားပါတယ္​။

Tsar Bomba ႏ်ဴကလီးယားဗံုး​ေဖာက္​ခြဲရာကထြက္​​ေပၚလာတဲ့ မီး​ေဘာလံုးႀကီး။
အခ်င္​းငါးမိုင္​ရိွၿပီး ​ေလယာဥ္​ဗံုးခ်ခဲ့တဲ့အျမင္​့ထိ​ေရာက္​သည္​ ဗံုး​ေပါက္​ကြဲရာက ထြက္​လာတဲ့​ တုန္​ခါလိူင္​း​ေတြက​ မီးေဘာလံုးႀကီးကို ေျမႀကီးနဲ႔ မထိ​ေအာင္​ ပင့္မထားသည္​

​ေလယာဥ္ဟာ အျမင္​့​၆မိုင္​ခြဲအ​ေရာက္​မွာ ဗံုးကိုႀကဲခ်ခဲ့ၿပီး ႀကိဳတင္​စီမံထားတဲ့အတိုင္​းပဲ ​ေျမျပင္​အထက္​ ၂မိုင္​ခြဲ​ေလာက္​မွာ ႏ်ဴကလီးယား​ဗုံးဟာ​ေပါက္​ကြဲခဲ့ပါတယ္​။ ဗံုးေပါက္ကြဲတဲ႔အခါ ေပါက္ကြဲမူအရိွန္က ဗံုးခ်ခဲ့တဲ့​ေနရာနဲ႔ ၂၆ မိုင္​အကြာကို​ ေရာက္​​ေနၿပီျဖစ္​တဲ့ တီယူ-95 ဗံုးႀကဲေလယာဥ္ကို ေပ၃၀၀၀ေလာက္ ​ေအာ​က္ကိုရုတ္ခ်ည္း ဆြဲခ်ခဲ႔ပါ​ေသးတယ္။

ဗံုးတို႔ရဲ႕ဘုရင္ Tsar Bomb ​ေပါက္​ကြဲရာက အခ်င္​း ငါးမိုင္​​ေလာက္​ရိွတဲ့ ဧရာမ မီး​ေဘာလံုးႀကီး ထြက္​​ေပၚလာပါတယ္​။ မီးေဘာလံုးႀကီးရဲ႕ အျမင့္က ​ေလယာဥ္​ ဗံုးႀကဲခ်ခဲ႔တဲ႔အျမင့္ထိေအာင္ ေရာက္ပါတယ္။ ဒီမီး​ေဘာလံုးႀကီးကို မိုင္​၆၀၀ အကြာအ​ေဝးက ပ်ံသန္​း​ေနတဲ့​ေလယာဥ္​​ေပၚကလူ​ေတြ​​ေတာင္ ​လွမ္​းျမင္လိုက္​ရပါတယ္​တဲ့။ အဲဒီေနာက္ မီးေဘာလံုးႀကီးနဲ႔အတူ မိုင္ေလးဆယ္အျမင့္ (ဧဝရက္ေတာင္အျမင္႔ထက္ ကိုးဆခန္႔) ရိွတဲ႔ ဧရာမ မိႈပြင့္ပံုစံ တိမ္တိုက္ႀကီး​ဟာ ေျမျပင္​က​ေန​ေကာင္​းကင္​ကိုထိုးထြက္​လာပါတယ္။

မိူပြင္​့ပံုစံ ညဴကလီးယားတိမ္​တိုက္​ႀကီး။အျမင္​့မိုင္​​ေလးဆယ္​ရိွၿပီး မိုင္​​ေပါင္​းမ်ားစြာအကြာအ​ေဝးက
ဒီမိူပြင္​့ႀကီးကိုလွမ္​းျမင္​ရသည္​။ အခုပံုက ကီလိုမီတာ၁၆၀ (မိုင္​၁၀၀)အကြာက လွမ္​းျမင္​ရတဲ့ပံုျဖစ္​ပါသည္​

ဒီ ႏ်ဴကလီးယားမိူပြင့္တိမ္တိုက္ႀကီးကို မိုင္​ရာ​ေပါင္​းမ်ားစြာအကြာက​​ေတာင္​ လွမ္းျမင္ရပါတယ္။ ဗံုးေပါက္ကြဲမႈက ထြက္လာတဲ့ အပူဟပ္တာကိုလည္​း မိုင္ရာေပါင္းမ်ားစြာအကြာအေဝးက လူေတြ​ေတာင္​ ခံစားသိရိွရပါတယ္။ ဗံုး​ေပါက္​ကြဲရာ​ေနရာ(ground zero) က​ေန ၂၂မိုင္​အခ်င္​းဝက္​ရိွတဲ့ ဧရိယာတခုလံုးမွာ ရိွရိွသမ်ွ အလံုးစံုပ်က္စီး ကြယ္ေပ်ာက္ ​သြားပါတယ္​။ ground zero က​ေန ၃၅ မိုင္​အကြာမွာရိွတဲ့ လူသူ​ေနထိုင္​ျခင္​းမရိွတဲ့႐ြာ​ေဟာင္​းတခုက အ​ေဆာက္​အဦအားလံုး​ေျမႀကီး​ေပၚျပားျပားဝပ္​သြားပါတယ္​။ ဗံုးေပါက္ကြဲတဲ့​ေနရာနဲ႔ မိုင္ရာေပါင္းမ်ားစြာေဝးတဲ႔ ဖင္​လန္​နိုင္​ငံကအိမ္ျပဴတင္းမွန္ေတြ​ေတာင္​ ကြဲအက္ကုန္ပါတယ္။

Tsar Bomba ပံုစံတူကို ျပတိုက္​၌ ျပသထားစဥ္​
Tsar Bomba နဲ႔ အ​ေမရိကန္​က​ေဖာက္​ခြဲစမ္​းသပ္​ခဲ့တဲ့အႀကီးဆံုးဗံုးမ်ား(Castle Bravo and B-53)၊ ဟီရိုရီွမားနဲ႔ နာဂါဆာကီကိုႀကဲခ်ခဲ့တဲ့ဗံုးမ်ား(Fatman and Little boy)စြမ္​းအားခ်င္​းနိူင္​းယွဥ္​ျပထားပံု

တကယ္လို႔သာဒီဗံုးႀကီးကို ေျမေအာက္မွာစမ္းသပ္ခဲ႔မယ္ဆိုရင္ ရစ္တာစေကး ၈.၁ ရိွမယ့္ငလ်င္လိူင္းေတြကို ထြက္ေပၚေစမွာျဖစ္ပါတယ္။ အခုလိုေျမျပင္အထက္သံုးမိုင္အျမင့္ေလာက္မွာ ေပါက္ကြဲေစခဲ႔တာေတာင္ ျပင္းအားပမာဏ၅အထက္ ရိွတဲ႔ငလ်င္လိူင္းေတြ ထြက္ေပၚေစခဲ႔ပါေသးတယ္။ ေပါက္ကြဲမူက ထြက္ေပၚလာတဲ့ တုန္ခါလိူင္းေတြဟာ ဘယ္​​ေလာက္​​ေတာင္​စြမ္​းအားႀကီးလဲဆိုရင္​ ကမ႓ာကို သံုးႀကိမ္ပတ္ၿပီးတဲ႔တိုင္​​ေအာင္​ အာရုံခံကိရိယာေတြက တိုင္းတာသိရိွေနခဲ႔ပါတယ္တဲ႔။

ဒီ Tsar Bomba ႀကီးဟာ လူ႔သမိုင္​းတ​ေလ်ွာက္​လံုးမွာ စြမ္​းအားအႀကီးဆံုး​​ေသာ လက္​နက္​အျဖစ္​ မွတ္​တမ္​းဝင္​ခဲ့ပါတယ္​။

Kyaw Min Aung

VIDEO


လူ့သမိုင်​းတ​လျှောက်​လုံးမှာ စွမ်​းအားအကြီးဆုံး​​သောလက်နက်ကြီး (unicode)

Tsar Bomba ( ဗုံးတို့၏ဧကရာဇ်)

ရေးသားသူ – Ko Kyaw Min Aung

ကမ႓ာပေါ်မှာဖေါက်ခွဲခဲ့သမျှဗုံးတွေထဲမှာ အင်အားအပြင်းထန်ဆုံးဖြစ်တဲ့ Tsar Bomba လို့အမည်ပေးထားတဲ့ သာမိုနျူကလီးယားဗုံးကြီးကို ဆိုဗီယက်ယူနီယံ (ယခုရုရှား) က ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၃ဝရက်နေ့မှာ အာတိတ်စက်ဝိုင်းအတွင်းရှိ နျူကလီးယားစမ်းသပ်ရာ Novaya Zemlya ကျွန်းဆွယ် မှာစမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။

စစ်​​အေးတိုက်​ပွဲပြင်​းထန်​​နေတဲ့ ကာလအတွင်​း ဆိုဗီယက်​ ​ခေါင်​း​ဆောင်​ နီကီတာခရူးရှက်​က ရန်သူတော်အ​မေရိကန်တို့ထက် ​ရုရှားတို့က စွမ်းရည်သာလွန်​​ကြောင်​းပြနိုင်​ရန်​ ကမ႓ာမှာ စွမ်​းအားအကြီးမားဆုံး​သော နျူကလီးယားဗုံးကြီး တည်​​ဆောက်​ဖို့ နျူကလီးယားသိပ္ပံပညာရှင် Andrei Sakharov ကိုတာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် မဟာစီမံကိန်းကြီးစတင်ခဲ့ရာ တိုတောင်းတဲ့ လေးလတာကာလအတွင်းမှာပဲ ပြိုင်ဖက်ကင်း ဗုံးဘုရင်ကြီးကိုတည်ဆောက်ပြီးစီးသွားခဲ့ပါတယ်။

အဲဒီနှစ်​မှာ ကျင်​းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ခရူးရှက်က ‘Kuskina mat’ ‘မင်းတို့ အမေရိကန်တွေကို ငါပြစရာရှိတယ်’ လို့ပြောခဲ့ပါတယ်။  သူပြောပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာ့စွမ်းအားအကြီးဆုံး ဟိုင်ဒရိုဂျင်ဗုံးကြီးကို အခုလိုစမ်​းသပ်​​ဖောက်ခွဲပြခဲ့တာဖြစ်​ပါတယ်​။ဒီဗုံးကြီးရဲ့ပေါက်ကွဲမှုစွမ်းအားဟာ ဒုတိယကမ႓ာစစ်အတွင်းအသုံးပြုခဲ့သမျှ ဗုံးအားလုံးပေါင်းထားတာထက်တောင် ဆယ်ဆပိုပါသတဲ့။

ပေါက်ကွဲမူအဆင့်သုံးဆင့်ရှိတဲ့ Tzar Bomba ဟာ အ​လေးချိန်အားဖြင်​့ ၂၇တန်​ပဲ ရှိ​ပေမယ်​့ ​ယမ်းဘီလူးတန်ချိန် သန်းတစ်ရာ(100Megaton) နဲ့ညီမျှတဲ့ ပေါက်ကွဲအားရှိပါတယ်​။ ဒါဟာ ဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တွေပေါ်ကြဲချခဲ့တဲ့ နျူကလီးယားဗုံးနှစ်လုံးပေါင်းထက် အဆပေါင်း ၁၅၀၀ ပိုပြင်းထန်တာဖြစ်ပါတယ်။

ဒါပေမယ့်စမ်းသပ်တဲ့အခါမှာတော့ ပေါက်ကွဲမူအဆင့်နှစ်ဆင့် အထိပဲ စမ်းသပ်ခဲ့ပြီး ပေါက်ကွဲအားကို တဝက်အထိလျှော့ချခဲ့ပါတယ်။တကယ်လို့သာ စွမ်းအားပြည့် ဖောက်ခွဲစမ်းသပ်ခဲ့မယ်ဆိုရင် စမ်းသပ်တဲ့နေရာနဲ့အနီးဝန်းကျင်ဒေသတွေဟာ နျူကလီးယားအဆိပ်သင့်မူကိုဆိုးဆိုးရွားရွား ကျိန်းသေခံရမှာဖြစ်ပါတယ်။ မိုင်​ရာ​ပေါင်​းများစွာအထိလည်​း ဓာတ်​ပြာ​တွေ ပြန်​႔လွင်​့ကျဆင်​းနိုင်​သလို နျူကလီးယား ဓာတ်​​ရောင်​ခြည်​သင်​့နိုင်​တဲ့ ဧရိယာပမာဏကလည်​း မ​မျှော်​မှန်​းနိုင်​​အောင်​ကြီးမားကျယ်​ပြန်​႔နိုင်​ပါတယ်​။

ဒါ့အပြင် နျူကလီးယားဗုံးကြဲချလိုက်တဲ့လေယာဉ်ဟာ ပေါက်ကွဲမူစက်ကွင်းက လွတ်အောင်ရှောင်ထွက်နိုင်မှာ မဟုတ်ပါဘူး။ အခုပြင်​းအားတဝက်လျှော့ချထားတာတောင် ပေါက်ကွဲမူစက်ကွင်းကနေ လေယာဉ်ရဲ့ လွတ်မြောက်နိုင်စွမ်းဟာ ၅၀%လောက်ပဲရှိနိုင်​မယ်​လို့စီမံကိန်​း​ဖော်​​ဆောင်​သူ​တွေက သုံးသပ်​ပြီး မြေပြင်ပေါ်ကျလာမယ့်ဗုံးရဲ့အမြန်နှုန်းကို လျှော့ချဖို့လေထီးကိုအသုံးပြုခဲ့ပါတယ်။ ပေါက်​ကွဲမှုက ထွက်​​ပေါ်လာမယ့်​့အပူဟပ်တဲ့ဒဏ်​ခံနိုင်​ဖို့​လေယာဉ်​ကို အထူးစီမံထားတဲ့ အပူဒဏ်​ခံ​ဆေးတမျိုးသုတ်​ထားပါတယ်​။

​လေယာဉ်ဟာ အမြင်​့​၆မိုင်​ခွဲအ​ရောက်​မှာ ဗုံးကိုကြဲချခဲ့ပြီး ကြိုတင်​စီမံထားတဲ့အတိုင်​းပဲ ​မြေပြင်​အထက်​ ၂မိုင်​ခွဲ​လောက်​မှာ နျူကလီးယား​ဗုံးဟာ​ပေါက်​ကွဲခဲ့ပါတယ်​။ ဗုံးပေါက်ကွဲတဲ့အခါ ပေါက်ကွဲမူအရှိန်က ဗုံးချခဲ့တဲ့​နေရာနဲ့ ၂၆ မိုင်​အကွာကို​ ရောက်​​နေပြီဖြစ်​တဲ့ တီယူ-95 ဗုံးကြဲလေယာဉ်ကို ပေ၃၀၀၀လောက် ​အော​က်ကိုရုတ်ချည်း ဆွဲချခဲ့ပါ​သေးတယ်။

ဗုံးတို့ရဲ့ဘုရင် Tsar Bomb ​ပေါက်​ကွဲရာက အချင်​း ငါးမိုင်​​လောက်​ရှိတဲ့ ဧရာမ မီး​ဘောလုံးကြီး ထွက်​​ပေါ်လာပါတယ်​။ မီးဘောလုံးကြီးရဲ့ အမြင့်က ​လေယာဉ်​ ဗုံးကြဲချခဲ့တဲ့အမြင့်ထိအောင် ရောက်ပါတယ်။ ဒီမီး​ဘောလုံးကြီးကို မိုင်​၆၀၀ အကွာအ​ဝေးက ပျံသန်​း​နေတဲ့​လေယာဉ်​​ပေါ်ကလူ​တွေ​​တောင် ​လှမ်​းမြင်လိုက်​ရပါတယ်​တဲ့။ အဲဒီနောက် မီးဘောလုံးကြီးနဲ့အတူ မိုင်လေးဆယ်အမြင့်(ဧဝရက်တောင်အမြင့်ထက် ကိုးဆခန့်) ရှိတဲ့ ဧရာမ မှိုပွင့်ပုံစံ တိမ်တိုက်ကြီး​ဟာ မြေပြင်​က​နေ​ကောင်​းကင်​ကိုထိုးထွက်​လာပါတယ်။

ဒီနျူ ကလီးယားမိူပွင့်တိမ်တိုက်ကြီးကို မိုင်​ရာ​ပေါင်​းများစွာအကွာက​​တောင်​ လှမ်းမြင်ရပါတယ်။ ဗုံးပေါက်ကွဲမှုက ထွက်လာတဲ့ အပူဟပ်တာကိုလည်​း မိုင်ရာပေါင်းများစွာအကွာအဝေးက လူတွေ​တောင်​ ခံစားသိရှိရပါတယ်။ ဗုံး​ပေါက်​ကွဲရာ​နေရာ(ground zero) က​နေ ၂၂မိုင်​အချင်​းဝက်​ရှိတဲ့ ဧရိယာတခုလုံးမှာ ရှိရှိသမျှ အလုံးစုံပျက်စီး ကွယ်ပျောက် ​သွားပါတယ်​။ ground zero က​နေ ၃၅ မိုင်​အကွာမှာရှိတဲ့ လူသူ​နေထိုင်​ခြင်​းမရှိတဲ့ရွာ​ဟောင်​းတခုက အ​ဆောက်​အဦအားလုံး​မြေကြီး​ပေါ်ပြားပြားဝပ်​သွားပါတယ်​။ ဗုံးပေါက်ကွဲတဲ့​နေရာနဲ့ မိုင်ရာပေါင်းများစွာဝေးတဲ့ ဖင်​လန်​နိုင်​ငံကအိမ်ပြူတင်းမှန်တွေ​တောင်​ ကွဲအက်ကုန်ပါတယ်။

တကယ်လို့သာဒီဗုံးကြီးကို မြေအောက်မှာစမ်းသပ်ခဲ့မယ်ဆိုရင် ရစ်တာစကေး ၈.၁ ရှိမယ့်ငလျင်လိူင်းတွေကို ထွက်ပေါ်စေမှာဖြစ်ပါတယ်။ အခုလိုမြေပြင်အထက်သုံးမိုင်အမြင့်လောက်မှာ ပေါက်ကွဲစေခဲ့တာတောင် ပြင်းအားပမာဏ၅အထက် ရှိတဲ့ငလျင်လိူင်းတွေ ထွက်ပေါ်စေခဲ့ပါသေးတယ်။ ပေါက်ကွဲမူက ထွက်ပေါ်လာတဲ့ တုန်ခါလိူင်းတွေဟာ ဘယ်​​လောက်​​တောင်​စွမ်​းအားကြီးလဲဆိုရင်​ ကမ႓ာကို သုံးကြိမ်ပတ်ပြီးတဲ့တိုင်​​အောင်​ အာရုံခံကိရိယာတွေက တိုင်းတာသိရှိနေခဲ့ပါတယ်တဲ့။

ဒီ Tsar Bomba ကြီးဟာ လူ့သမိုင်​းတ​လျှောက်​လုံးမှာ စွမ်​းအားအကြီးဆုံး​​သော လက်​နက်​အဖြစ်​ မှတ်​တမ်​းဝင်​ခဲ့ပါတယ်​။

Kyaw Min Aung

Leave a Reply