တရုတ္ႏုိင္ငံမွာ ပထမဆုံး တည္ေဆာက္ခဲ့တဲ့ ေလယာဥ္တင္သေဘၤာႀကီး

Posted on

Type 001A လုိ႔အမည္ေပးထားတဲ့ ေလယာဥ္တင္သေဘၤာဟာ တရုတ္ႏုိင္ငံမွာ ကုိယ္ပုိင္ေဆာက္လုပ္ခဲ့တဲ့ သေဘၤာျဖစ္ၿပီး တရုတ္အတြက္ေတာ့ ဒုတိယေျမာက္ ပုိင္ဆုိင္တဲ့ ေလယာဥ္တင္သေဘၤာျဖစ္ပါတယ္။ ပထမတစ္စီးကေတာ့ ယူကရိန္းကေန၀ယ္ယူထားတဲ့ Liaoning ဆုိတဲ့ ဆုိဗီယက္လုပ္သေဘၤာျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ စတင္အသုံးျပဳခဲ့ပါတယ္။ လက္ရွိမွာလည္း တည္ေဆာက္ၿပီးစီးခဲ့တဲ့ type 001A အျပင္ တည္ေဆာက္ေနဆဲ type 002A နဲ႔ အစီအစဥ္ထားရွိတဲ့ type 003A ၊ type 004A တုိ႔ေၾကာင့္ မၾကာခင္ႏွစ္အနည္းငယ္မွာ တရုတ္ဟာ ေလယာဥ္တင္သေဘၤာ ငါးစင္းအထိ ပုိင္ဆုိင္လာမွာျဖစ္ပါတယ္။

တရုတ္ႏုိင္ငံရဲ႕ ပထမဆုံးျပည္တြင္းစစ္ေလယာဥ္တင္သေဘၤာႀကီး Type 001 A ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ပင္လယ္ျပင္စမ္းသပ္ေမာင္းႏွင္မႈကိုျပဳလုပ္ခဲ့ပါတယ္။ ဒီသေဘၤာႀကီးကုိ ၂၀၂၀ခုႏွစ္ေလာက္မွာ ေတာင္တရုတ္ပင္လယ္ နဲ႔ ထုိင္၀မ္ေရပုိင္နက္ထဲမွာ ထားရွိၿပီး လႈပ္ရွားေစမယ္လုိ႔သိရပါတယ္။ Type 001 ေလယာဥ္တင္သေဘၤာကို တလ်န္ၿမိဳ႕မွာ China Shipbuilding Industry Corporation မွ တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ကနဦးေရယာဥ္တည္ေဆာက္မႈကို ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက စတင္ခဲ့တာျဖစ္ၿပီး သေဘၤာကိုယ္ထည္ကိုေတာ့ မတ္လ ၂၀၁၅ တြင္ စတင္တည္ေဆာက္ခဲ့ပါတယ္။ သေဘၤာလုပ္ငန္းခြင္ကေန တက္လာတဲ့ ဓာတ္ပုံမ်ားေၾကာင့္သာ သေဘၤာႀကီးတစ္စင္း တည္ေဆာက္ေနတယ္ဆုိတာ သိရေပမယ့္ ဘာသေဘၤာတည္ေဆာက္ေနမွန္း အတိအက်မသိခဲ့ၾကပါဘူး။

တရုတ္အစုိးရဟာ သေဘၤာတည္ေဆာက္ေနမႈကုိ တရား၀င္ထုတ္ေဖာ္ေၾကျငာျခင္းမရွိပဲ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာမွ တရုတ္ကာကြယ္ေရး၀န္ႀကီးဌာနကေန ထုိသေဘၤာမွာ ေလယာဥ္တင္သေဘၤာႀကီးျဖစ္တယ္ၿပီး တည္ေဆာက္ေနဆဲလုိ႔ အတည္ျပဳခဲ့ပါတယ္။ သေဘၤာရဲ႕ ဒီဇုိင္းကေတာ့ အသစ္မဟုတ္ပဲ ဆုိဗီယက္ Kuznetsov သေဘၤာအမ်ဳိးအစားျဖစ္တဲ့ ယူကရိန္းက၀ယ္ယူထားတဲ့ Liaoning သေဘၤာကုိ အဆင့္ျမွင့္တင္ထားတဲ့ သေဘၤာျဖစ္ပါတယ္။

ဒီလုိျမွင့္တင္ရာမွာ ေရဒါမ်ားအဆင့္ျမွင့္တင္ျခင္း ၊ လက္နက္ခဲယမ္း ႏွင့္ ေလာင္စာဆီပမာဏ သုိေလာင္ႏုိင္မႈျမွင့္တင္ျခင္း ၊ ေလယာဥ္အစီးေရပုိမုိသယ္ေဆာင္ႏုိင္ခြင့္ရွိျခင္း စတာေတြျဖစ္ပါတယ္။ ဒီသေဘၤာႀကီးကုိ ၂၀၁၇ခုႏွစ္ ဧၿပီမွာ ပထမဆုံးအႀကိမ္ေရခ်ခဲ့ေပမယ့္ အခမ္းအနားျပဳလုပ္ခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ သေဘၤာႀကီးရဲ႕အမည္ကုိ ျပည္နယ္ရဲ႕နာမည္ျဖစ္တဲ့ Shandong ေပးခဲ့တယ္လုိ႔ အေစာပုိင္းသတင္းေတြအရ သိရပါတယ္။ ၂၀၁၇ခုႏွစ္မွာေရခ်ခဲ့ေပမယ့္ အလုံးစုံၿပီးစီးခဲ့တာကေတာ့ ၂၀၁၈ ဧၿပီမွာမွျဖစ္ပါတယ္။

သေဘၤာႀကီးဟာ အလ်ား ၁၀၃၃ေပ ၊ အနံ ၂၄၆ေပ ရွိၿပီး သေဘၤာရဲ႕တင္ေဆာင္ႏုိင္စြမ္းမွာ ၅၅၀၀၀တန္ျဖစ္ပါတယ္။ steam turbine ၄လုံးတပ္ဆင္ထားၿပီး တစ္နာရီကုိ ၃၆မိုင္အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ႏုိင္ပါတယ္။ ေလယာဥ္အစီးအေရ ၃၈စီးမွ ၄၀စီး အထိတင္ေဆာင္ႏုိင္တဲ့သေဘၤာႀကီးျဖစ္ပါတယ္။ သေဘၤာတြင္ ေလယာဥ္မ်ားပ်ံတက္ရန္အတြက္ အေပၚသို႔ ေကြးထားေသာ ဆင္ေျခေလၽွာသဏၭာန္ အသုံးျပဳပ်ံသန္းျခင္း(Ski-jump) ျဖင့္ ပ်ံသန္းရန္ ျပဳလုပ္ထားၿပီး ထိုသို႔ေသာ ပ်ံတက္ျခင္းသည္ ရဟတ္ယာဥ္မ်ားႏွင့္ Shenyang J-15 တိုက္ခိုက္ေရးေလယာဥ္မ်ားသာ ပ်ံတက္ႏိုင္ရန္ ကန္႔သတ္ထားပါတယ္။

ေနာက္ တ႐ုတ္ေလယာဥ္တင္သေဘၤာမ်ားအား ပိုမိုႀကီးမားေသာ ေလယာဥ္မ်ား ပ်ံသန္းႏိုင္ရန္ ရည္႐ြယ္၍ ေလာက္လြဲမ်ား(catapult) အသုံးျပဳေဆာက္လုပ္သြားမယ္လုိ႔ သိရပါတယ္။ ဒါအျပင္ ဒီသေဘၤာႀကီးမွာ အနီးကပ္တုိက္ခုိက္ေရးအတြက္ CIWS လက္နက္စနစ္ ၃ခုကိုထားရွိၿပီး HQ-10 (18 Cell Missile system) လက္နက္ ၃ခုလည္းပါရွိပါေသးတယ္။

လက္ရွိတရုတ္တုိ႔ ပုိင္ဆုိင္ထားတဲ့ ေလယာဥ္တင္သေဘၤာေတြဟာ ႏ်ဴကလီးယားစြမ္းအင္သုံး သေဘၤာမ်ားမဟုတ္တာေၾကာင့္ ရုရွား ၊ အေမရိကန္ နဲ႔ ၿဗိတိန္တုိ႔ကုိ မယွဥ္ႏုိင္ေသးပါဘူး။ ဒါေပမယ့္ ကုိယ္တုိင္တည္ေဆာက္လာႏုိင္တဲ့အတြက္ ေနာက္တစ္ခ်ိန္မွာ ဒီထက္ပုိေကာင္းတဲ့ ေလယာဥ္တင္ သေဘၤာမ်ားကုိ ထပ္မံတည္ေဆာက္ၿပီး ေရတပ္စြမ္းအားကုိ ျမွင့္တင္မယ္လုိ႔ သိရပါတယ္။


တရုတ်နိုင်ငံမှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောကြီး (unicode)

Type 001A လို့အမည်ပေးထားတဲ့ လေယာဉ်တင်သင်္ဘောဟာ တရုတ်နိုင်ငံမှာ ကိုယ်ပိုင်ဆောက်လုပ်ခဲ့တဲ့ သင်္ဘောဖြစ်ပြီး တရုတ်အတွက်တော့ ဒုတိယမြောက် ပိုင်ဆိုင်တဲ့ လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ ပထမတစ်စီးကတော့ ယူကရိန်းကနေဝယ်ယူထားတဲ့ Liaoning ဆိုတဲ့ ဆိုဗီယက်လုပ်သင်္ဘောဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာလည်း တည်ဆောက်ပြီးစီးခဲ့တဲ့ type 001A အပြင် တည်ဆောက်နေဆဲ type 002A နဲ့ အစီအစဉ်ထားရှိတဲ့ type 003A ၊ type 004A တို့ကြောင့် မကြာခင်နှစ်အနည်းငယ်မှာ တရုတ်ဟာ လေယာဉ်တင်သင်္ဘော ငါးစင်းအထိ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းစစ်လေယာဉ်တင်သင်္ဘောကြီး Type 001 A ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုကိုပြုလုပ်ခဲ့ပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၂ဝခုနှစ်လောက်မှာ တောင်တရုတ်ပင်လယ် နဲ့ ထိုင်ဝမ်ရေပိုင်နက်ထဲမှာ ထားရှိပြီး လှုပ်ရှားစေမယ်လို့သိရပါတယ်။ Type 001 လေယာဉ်တင်သင်္ဘောကို တလျန်မြို့မှာ China Shipbuilding Industry Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကနဦးရေယာဉ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်္ဘောကိုယ်ထည်ကိုတော့ မတ်လ ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့ပါတယ်။ သင်္ဘောလုပ်ငန်းခွင်ကနေ တက်လာတဲ့ ဓာတ်ပုံများကြောင့်သာ သင်္ဘောကြီးတစ်စင်း တည်ဆောက်နေတယ်ဆိုတာ သိရပေမယ့် ဘာသင်္ဘောတည်ဆောက်နေမှန်း အတိအကျမသိခဲ့ကြပါဘူး။

တရုတ်အစိုးရဟာ သင်္ဘောတည်ဆောက်နေမှုကို တရားဝင်ထုတ်ဖော်ကြေငြာခြင်းမရှိပဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာမှ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကနေ ထိုသင်္ဘောမှာ လေယာဉ်တင်သင်္ဘောကြီးဖြစ်တယ်ပြီး တည်ဆောက်နေဆဲလို့ အတည်ပြုခဲ့ပါတယ်။ သင်္ဘောရဲ့ ဒီဇိုင်းကတော့ အသစ်မဟုတ်ပဲ ဆိုဗီယက် Kuznetsov သင်္ဘောအမျိုးအစားဖြစ်တဲ့ ယူကရိန်းကဝယ်ယူထားတဲ့ Liaoning သင်္ဘောကို အဆင့်မြှင့်တင်ထားတဲ့ သင်္ဘောဖြစ်ပါတယ်။

ဒီလိုမြှင့်တင်ရာမှာ ရေဒါများအဆင့်မြှင့်တင်ခြင်း ၊ လက်နက်ခဲယမ်း နှင့် လောင်စာဆီပမာဏ သိုလောင်နိုင်မှုမြှင့်တင်ခြင်း ၊ လေယာဉ်အစီးရေပိုမိုသယ်ဆောင်နိုင်ခွင့်ရှိခြင်း စတာတွေဖြစ်ပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၁၇ခုနှစ် ဧပြီမှာ ပထမဆုံးအကြိမ်ရေချခဲ့ပေမယ့် အခမ်းအနားပြုလုပ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ သင်္ဘောကြီးရဲ့အမည်ကို ပြည်နယ်ရဲ့နာမည်ဖြစ်တဲ့ Shandong ပေးခဲ့တယ်လို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။ ၂၀၁၇ခုနှစ်မှာရေချခဲ့ပေမယ့် အလုံးစုံပြီးစီးခဲ့တာကတော့ ၂၀၁၈ ဧပြီမှာမှဖြစ်ပါတယ်။

သင်္ဘောကြီးဟာ အလျား ၁၀၃၃ပေ ၊ အနံ ၂၄၆ပေ ရှိပြီး သင်္ဘောရဲ့တင်ဆောင်နိုင်စွမ်းမှာ ၅၅၀၀ဝတန်ဖြစ်ပါတယ်။ steam turbine ၄လုံးတပ်ဆင်ထားပြီး တစ်နာရီကို ၃၆မိုင်အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ လေယာဉ်အစီးအရေ ၃၈စီးမှ ၄ဝစီး အထိတင်ဆောင်နိုင်တဲ့သင်္ဘောကြီးဖြစ်ပါတယ်။ သင်္ဘောတွင် လေယာဉ်များပျံတက်ရန်အတွက် အပေါ်သို့ ကွေးထားသော ဆင်ခြေလျှောသဏ္ဌာန် အသုံးပြုပျံသန်းခြင်း(Ski-jump) ဖြင့် ပျံသန်းရန် ပြုလုပ်ထားပြီး ထိုသို့သော ပျံတက်ခြင်းသည် ရဟတ်ယာဉ်များနှင့် Shenyang J-15 တိုက်ခိုက်ရေးလေယာဉ်များသာ ပျံတက်နိုင်ရန် ကန့်သတ်ထားပါတယ်။

နောက် တရုတ်လေယာဉ်တင်သင်္ဘောများအား ပိုမိုကြီးမားသော လေယာဉ်များ ပျံသန်းနိုင်ရန် ရည်ရွယ်၍ လောက်လွဲများ(catapult) အသုံးပြုဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါအပြင် ဒီသင်္ဘောကြီးမှာ အနီးကပ်တိုက်ခိုက်ရေးအတွက် CIWS လက်နက်စနစ် ၃ခုကိုထားရှိပြီး HQ-10 (18 Cell Missile system) လက်နက် ၃ခုလည်းပါရှိပါသေးတယ်။

လက်ရှိတရုတ်တို့ ပိုင်ဆိုင်ထားတဲ့ လေယာဉ်တင်သင်္ဘောတွေဟာ နျူကလီးယားစွမ်းအင်သုံး သင်္ဘောများမဟုတ်တာကြောင့် ရုရှား ၊ အမေရိကန် နဲ့ ဗြိတိန်တို့ကို မယှဉ်နိုင်သေးပါဘူး။ ဒါပေမယ့် ကိုယ်တိုင်တည်ဆောက်လာနိုင်တဲ့အတွက် နောက်တစ်ချိန်မှာ ဒီထက်ပိုကောင်းတဲ့ လေယာဉ်တင် သင်္ဘောများကို ထပ်မံတည်ဆောက်ပြီး ရေတပ်စွမ်းအားကို မြှင့်တင်မယ်လို့ သိရပါတယ်။

Leave a Reply