စစ္ဘုရင္ႀကီး မဟာ အလက္ဇႏၵား ဆုိသည္မွာ

Posted on

Alexander the Great

Alexander ဆိုသည္မွာ ဂရိ ဘာသာျဖင့္ ကာကြယ္ျခင္း၊ ကူညီျခင္း ဟုတြင္ၿပီး aner မွာ လူ ကို ဆိုလိုသည္။ ထို႔ေၾကာင့္ ကာကြယ္ ေစာင့္ေရွာက္ ႏိုင္စြမ္းသူ ဟု ဖြင့္ဆိုႏိုင္ေပမည္။ ၎သည္ ေရွးဂရိႏိုင္ငံ ေျမာက္ပိုင္း မက္စီဒိုးနီးယားမွ ဘုရင္ တစ္ပါး ျဖစ္သည္။ ဘီစီ ၃၅၆ တြင္ Pella (မက္စီဒိုးနီးယား အလယ္ပိုင္း)တြင္ ဖြားျမင္ခဲ့ၿပီး အရစၥတိုတယ္ ထံတြင္ အသက္ ၁၆ ႏွစ္ထိ ပညာသင္ၾကားခဲ့သည္။

အသက္ (၃၀) တြင္ အႀကီးမားဆုံး အင္ပါယာ တစ္ခုကို ခ်ဲ႕ထြင္ႏိုင္ခဲ့ၿပီး ၎၏ အင္ပါယာ သည္ Ionian Sea မွ Himalayas ထိက်ယ္ျပန္႔ခဲ့သည္။ ၎လက္ထက္တိုက္ခဲ့ေသာ တိုက္ပြဲမ်ားတြင္ ႐ႈံးနိမ့္ခဲ့ျခင္း မရွိေသာေၾကာင့္ စစ္သမိုင္း တြင္ အေအာင္ျမင္ဆုံးေသာ စစ္ေခါင္းေဆာင္အျဖစ္ အတူမရွိ ထင္ရွားသူျဖစ္သည္။၎၏ အင္ ပါယာသည္ မ်က္ေမွာက္ေခတ္တြင္ ဂရိ မွ ပါကစ္စတန္ ထိ က်ယ္ျပန္႔ ေပသည္။

အလက္ဇႏၵား သည္ ဖခမည္းေတာ္ မက္စီဒိုးနီးယားဘုရင္ ဖိလစ္ႏွင့္ မယ္ေတာ္ အိုလံပီယာမွ ဖြားျမင္သည့္သား ျဖစ္သည္။ ေမြးဖြားၿပီးေနာက္တြင္ ဖခမည္းေတာ္ဖိလစ္မွာ မက္စီဒိုးနီးယားမွ ေျမာက္ဖက္နယ္ အနည္းငယ္ႏွင့္ ေတာင္ဖက္ ဂရိႏိုင္ငံမ်ားကို သိမ္းယူၿပီးျဖစ္သည္။ ငယ္စဥ္ကပင္ ထက္ျမက္သည့္အေလၽွာက္ အသက္ ၁၃ ႏွစ္တြင္ ဆရာျဖစ္သူ အရစၥတိုတယ္၏ သြန္သင္ျပသမႈမ်ားကို ခံယူၿပီး အသက္ ၂၀ တြင္(ဘီစီ ၃၃၆) တြင္ ဘုရင္ဖိလစ္လုပ္ႀကံခံရသျဖင့္ ဂရိတို႔၏ဘုရင္ ျဖစ္လာေတာ့သည္။ နန္းတက္စတြင္ လက္ေအာက္ခံမ်ားက မက္စီဒိုးနီးယား၏ အုပ္ခ်ဳပ္မႈေအာက္မွ လြတ္ေျမာက္ရန္ အႀကံျဖင့္ ပုန္ကန္ၾကသည္။ သို႔ေသာ္ ငယ္႐ြယ္သည့္ အလက္ဇႏၵားသည္ အဆိုပါ တြန္းလွန္မႈမ်ားကို ရက္စက္စြာ ႏွိမ္ႏွင္းျပျခင္းျဖင့္ ၿငိမ္ဝပ္ေစခဲ့သည္။

ဖိလစ္ေသဆုံးၿပီး ေနာက္ အလက္ဇႏၵားသည္ ဖခင္သိမ္းပိုက္ခဲ့ေသာ အင္ပါယာႏွင့္ တိုက္ရည္ခိုက္ရည္ျပည့္၀ၿပီး ျဖစ္ေသာ စစ္တပ္ကို အေမြရရွိ ခဲ့သည္။ ၎သည္ ဂရိစစ္ေသနာပတိခ်ဳပ္ ရာထူးကိုခန္႔အပ္ခံရၿပီးေနာက္ ဖခင္လက္ထက္ နယ္ေျမခ်ဲ႕ ထြင္ေရး စီမံခ်က္ကို ဆက္လက္ ေဆာင္႐ြက္ခဲ့သည္။ ဘီစီ ၃၃၄ တြင္ Achaemenid အင္ပါယာအား က်ဴးေက်ာ္သိမ္းပိုက္ၿပီးေနာက္ Asia Minor အား အုပ္ခ်ဳပ္သည့္ အခ်ိန္မွစ၍ ၁၀ ႏွစ္ခန္႔ထိ စစ္ပြဲမ်ားဆက္တိုက္ ဆင္ႏြဲခဲ့ရသည္။ Issus တိုက္ပြဲ Gaugamela တိုက္ပြဲတို႔ျဖင့္ Persia တို႔၏ ဩဇာကို ခ်ိဳးဖဲ့ခဲ့သည္။ ထို႔ေနာက္ပိုင္းတြင္ Persia ဘုရင္ Darius III ကိုေအာင္ႏိုင္ကာ Persia အင္ပါယာ၏ အရွင္သခင္ျဖစ္လာခဲ့ သည္။ မ်က္ေမွာက္ေခတ္တြင္ Adriatic ပင္လယ္ မွ Indus ျမစ္ထိ က်ယ္ဝန္းသည္။

ဘီစီ ၃၃၄ မွစကာ အလက္ဇႏၵား၏ နယ္ပယ္ခ်ဲ႕ထြင္မႈကို မရပ္မနား စတင္ေတာ့သည္။ ေရွးဦးစြာ တပ္အနည္းငယ္ကိုသာ ဂရိတြင္ အေစာင့္အေနျဖင့္ ခ်န္ထားၿပီး စစ္သည္ ၃၅၀၀၀ ျဖင့္ ပါရွန္းအင္ပါယာကို ထိုးစစ္ဆင္သည္။ ထိုစဥ္က အာရွမွ ႏွစ္ ၂၀၀ သက္တမ္းရွိ ပါရွန္းအင္ပါယာ (အီဂ်စ္မွ အိႏၵိယထိ) မွာ ဂရိတို႔နယ္ေျမႏွင့္ ႏႈိင္းယွဥ္လၽွင္ အလြန္႔အလြန္မွ ႀကီးက်ယ္လွသျဖင့္ ငယ္႐ြယ္သည့္ အလက္ဇႏၵား၏ အင္အားမွာ ပ်က္ရယ္ျပဳဖြယ္ အဆင့္ပင္ျဖစ္ေနသည္။

သို႔ေသာ္ အမွန္တကယ္ တိုက္ခိုက္သည္ႏွင့္ ပါရွားတို႔ သိလာသည္မွာ ဖိလစ္ဘုရင္က သားျဖစ္သူအတြက္ အေမြခ်န္ရစ္ေပးခဲ့ေသာ ဂရိ-မက္စီဒုံ တပ္ေပါင္းတို႔၏ စစ္ေရးစြမ္းရည္မွာ အနယ္နယ္အရပ္ရပ္မွ စုစည္းထားသည့္ ပါရွန္းအင္ပါယာ၏ တပ္ထက္ မ်ားစြာသာလြန္ေၾကာင္းပင္ျဖစ္သည္။ သို႔ျဖင့္ ပါရွန္းအင္ပါယာ၏ အေနာက္ဖက္မ်က္ႏွာစာ အာရွမိုင္းနားေဒသမ်ားျဖစ္သည့္ ယေန႔ ဆီးရီးယား၊ လက္ဘႏြန္၊ အစၥေရး၊ ပါလက္စတိုင္း၊ ဂါဇာ၊ အီဂ်စ္တို႔မွာ အလက္ဇႏၵား၏ လက္ေအာက္ကို အခ်ိန္တိုအတြင္း က်ေရာက္ၿပီးေနာက္ အီဂ်စ္မွ ရဟန္းမ်ားက သူ႕အား ဖာ႐ိုဘြဲ႕ျဖင့္ ပူေဇာ္ကာ နတ္ဘုရားတစ္ပါးအျဖစ္ သတ္မွတ္ေၾကညာေပးသည္။

ထိုတိုက္ပြဲစဥ္မ်ားအတြင္း ခက္ခဲသည့္ တိုက္ပြဲဟူ၍ ဖီနီစီယမ္ကၽြန္းမွ တိုင္ရာၿမိဳ႕ခံတပ္ကို ၇ လၾကာ တိုက္ရသည္သာရွိသည္။ ထိုစဥ္က ပါရွန္းဧကရာဇ္ ဒ႐ိုင္းယပ္စ္-၃ က ပါရွားနယ္ တစ္ဝက္ေပးကာ စစ္ေျပၿငိမ္းရန္ ကမ္းလွမ္းေသာ္လည္း လက္မခံခဲ့ေပ။ ထိုကိစၥႏွင့္ ပတ္သတ္၍ စစ္သူႀကီး ပါမီနီယိုက “ငါသာ အလက္ဇႏၵားျဖစ္ရင္ ဒီကမ္းလွမ္းခ်က္ကို လက္ခံမိမယ္။”ဟု ဆိုသည္ကို အလက္ဇႏၵားကလည္း “ငါသာ ပါေမနီယိုဆိုရင္လည္း ဒီကမ္းလွမ္းခ်က္ကို လက္ခံတာေပါ့။” ဟုျပန္လည္ေခ်ပခဲ့သည္။

အီဂ်စ္မွ အာရွဖက္သို႔ ျပန္လွည့္ၿပီး ဘီစီ ၃၃၁ တြင္ ေဂါဂါမီလာတိုက္ပြဲ၌ မိမိထက္အင္အားမ်ားစြာ သာလြန္သည့္ ပါရွန္းတပ္မႀကီးကို အျပတ္အသတ္ ႏိုင္သျဖင့္ ေဘဘီလုံသို႔ ဆက္လက္ခ်ီတက္သည္။ ေနာက္ ပါရွန္းၿမိဳ႕ေတာ္မ်ားျဖစ္သည့္ စုစု ႏွင့္ ပါစီပိုလစ္ တို႔ဆီ ခ်ီတက္သည္။ ထိုအခ်ိန္တြင္ပဲ ပါရွန္းဧကရာဇ္ ဒ႐ိုင္းယပ္စ္-၃ က လက္နက္ခ်ရန္ ႀကံရာ သူ၏ ေနာက္လိုက္မ်ားက သတ္ျဖတ္လိုက္ၾကသည့္အတြက္ အီရန္ (ပါရွန္း) တို႔အင္အားမွာ ၿပိဳကြဲျခင္းသို႔ေရာက္ေလသည္။ ဘီစီ ၃၃၀ မွ သုံးႏွစ္အတြင္း ပါရွန္းတပ္ အႂကြင္းအက်န္မ်ားကို ႏွိမ္ႏွင္းၿပီး အီရန္အေရွ႕ဖက္ျခမ္းကို သိမ္းယူသည္။

ေနာက္ဆုံး အခ်ိန္ကာလမ်ား

တစ္ႏွစ္နီးပါးမၽွ ပါရွားတြင္အေျခခ်ကာ တည္ၿငိမ္ေရးကို ေဆာင္႐ြက္ၿပီး အိႏၵိယေျမာက္ပိုင္းသို႔ ခ်ီတက္သိမ္းသြင္းျပန္သည္။ သို႔ေသာ္ ဆိုးဝါးလွသည့္ အိႏၵိယေတာေတာင္ႏွင့္ ရာသီဥတုဒဏ္ေၾကာင့္ လည္းေကာင္း၊ မိမိတပ္သားမ်ားက အိမ္ျပန္ရန္ ဆႏၵျပင္းျပသည္ေၾကာင့္ လည္းေကာင္း ဂရိသို႔လွည့္ျပန္ရသည္။ ထိုမတိုင္မွီက အာရွမွ ပါရွန္းမ်ားသည္ မိမိတို႔ ဂရိမ်ားထင္သကဲ့သို႔ အ႐ိုင္းအစိုင္းမ်ား မဟုတ္ေၾကာင္း၊ ပါရွန္းတို႔တြင္လည္း ထူးခၽြန္သည့္ အရည္အေသြးမ်ား ကိုယ္စီရွိေၾကာင္း နားလည္ၿပီး မိမိ၏ ဂရိ-မက္စီဒုံ စစ္သည္မ်ားကို ပါရွန္းသူမ်ားႏွင့္ လက္ထပ္ေစသည္။ မိမိကိုယ္တိုင္လည္း ဒ႐ိုင္းယပ္စ္၏ သမီးေတာ္ႏွင့္ လက္ထပ္သည္။

ထိုသို႔ ဂရိ-မက္စီဒုံ-ပါရွန္း ဗဟုယဥ္ေက်းမႈ အင္ပါယာကို တည္ေထာင္ကာ မိမိကအုပ္စိုးရန္ ႀကံ႐ြယ္ခဲ့သည္။ ဘီစီ ၃၂၃ ဇြန္လဦးကာလ ၊ ေနာက္တစ္ႀကိမ္ အိႏၵိယသို႔ ခ်ီတက္ရန္ စစ္ျပင္စဲ ေဘဘီလုံၿမိဳ႕ေတာ္တြင္ ႐ုတ္တရက္ အျပင္းဖ်ားနာကာ ၁၀ ရက္အၾကာတြင္ အသက္ ၃၃ ႏွစ္သာရွိေသးသည့္ စစ္ဘုရင္ႀကီး မဟာအလက္ဇႏၵား နတ္႐ြာစံေလသည္။ ၎နတ္႐ြာစံသည္ႏွင့္ ၎၏အင္ပါယာမွာလည္း ၿပိဳကြဲေလသည္။ အေၾကာင္းမွာ မည္သူ႕အား နန္းဆက္ခံရန္ မိန္႔မွာဖူးသည္ မရွိသျဖင့္ ၎၏ပိုင္နက္မ်ားကို စစ္သူႀကီးမ်ားက အပိုင္းပိုင္း ခြဲယူသြားၾကျခင္းေၾကာင့္ ျဖစ္သည္။ ထိုနယ္ေျမလုပြဲတြင္ မိခင္၊ မိဖုရားမ်ားႏွင့္ သာသမီးမ်ားမွာ ဓါးစာခံအျဖစ္ အသတ္ခံရၾကရွာသည္။

အလက္ဇႏၵား ပုံရုိက္ႏွိပ္ထားသည့္ ဒဂၤါးျပား

အရည္အခ်င္းမ်ား

မဟာအလက္ဇႏၵားသည္ အသက္ ၂၀ နန္းတက္ၿပီး အသက္ ၃၃ နတ္႐ြာစံသည္ထိ တိုက္သမၽွစစ္ ႐ႈံးဖူးသည္မရွိေခ်။ ထိုသို႔ျဖစ္ရသည္မွာ-

ဖခမည္းေတာ္ဖိလစ္ဘုရင္ အေမြေပးခဲ့သည့္ စစ္တပ္မွာ အလြန္အရည္အေသြး၊ တိုက္ခိုက္ႏိုင္စြမ္း ေကာင္းလြန္းသည္။ ေျခလ်င္တပ္က လွံတံရွည္မ်ားကို အားျပဳကာ စနစ္တက် တိုက္ခိုက္တတ္ၿပီး ေနာက္မွ ျမင္းတပ္ကလည္း ေသနဂၤဗ်ဴဟာကို အေကာင္းဆုံး ပုံေဖာ္ႏိုင္သည္။

မဟာအလက္ဇႏၵား၏ အလြန္ရဲရင့္သည့္ ပင္ကိုယ္စိတ္ျဖစ္သည္။ အႏိုင္တိုက္ရန္ ဆုံးျဖတ္သည္ႏွင့္ မိမိကိုယ္တိုင္ ျမင္းတပ္ကို ဦးေဆာင္ကာ ေရွ႕ဆုံးမွတိုက္ေလ့ရွိသည္။ ထို႔ေၾကာင့္ စစ္သည္တို႔လည္း “မိမိတို႔ဘုရင္သည္ သူမလုပ္ဝံ့ဘဲ ငါတို႔ကို မခိုင္း။” ဟုနားလည္ၿပီး ၎ႏွင့္အတူ တိုက္ပြဲဝင္သည္။ စစ္ပြဲကို ကိုယ္တိုင္ ဦးေဆာင္တိုက္သျဖင့္ မၾကာခဏဆိုသလို ေသေဘးႏွင့္ ႀကဳံေလ့ရွိသည္။ သို႔ေသာ္ စစ္ပြဲတိုင္းကို ကိုယ္တိုင္ဦးေဆာင္ၿမဲျဖစ္သည္။ (စစ္တိုက္ရာတြင္ သူမတူေအာင္ အလြန္အမင္း ရဲရင့္ခက္ထန္ေသာ္လည္း၊ စစ္ပြဲကာလမဟုတ္လၽွင္ ရန္သူႏွင့္ပင္ျဖစ္ေစ မိမိကိုယ္ႏွင့္မျခား ၾကင္နာစြာျဖင့္၊ ေလးစားသမႈေပးကာ ဆက္ဆံတတ္သည္။ အလြန္ဆက္ဆံေရးေျပျပစ္သူအျဖစ္ ရန္သူမ်ားကပင္ ခ်ီးက်ဴးၾကသည္။)

ေနာက္တစ္ေၾကာင္းမွာ ေခတ္အဆက္ဆက္တြင္ သူသာအေတာ္ဆုံး စစ္ဗိုလ္ခ်ဳပ္၊ စစ္ဘုရင္ဟု ဆိုရေလာက္ေအာင္ပင္ ထူးခၽြန္လွသည့္ စစ္ေခါင္းေဆာင္ျဖစ္သည္။ မိမိထက္ အင္အား အလြန္သာလြန္သည့္ ပါရွန္းတပ္မ်ားကို အင္အားနည္းနည္းျဖင့္ ဆက္ကာဆက္ကာ ေအာင္ႏိုင္သည္ကို ၾကည့္လၽွင္ အလက္ဇႏၵား၏ စစ္ေရးေသနဂၤ နည္းဗ်ဴဟာတြင္ တစ္ဖက္ကမ္းခတ္ ပိုင္ႏိုင္ပုံကို သိႏိုင္ပါသည္။

သို႔ေသာ္ မၾကာခဏ ေသေဘးႏွင့္ ႀကဳံရသည့္တိုင္ စစ္ဘုရင္ႀကီးမွာ ေသေဘးႏွင့္နီးသည္ဟု မိမိကိုယ္ကို အသိမဝင္ပဲ နန္းလ်ာ မသတ္မွတ္သျဖင့္ ၎၏လက္နက္ႏိုင္ငံမွာ အလြယ္တကူပင္ ၿပိဳလဲရျခင္းမွာ အလြန္မွ အံ့ဖြယ္ေကာင္းလွသည္။ အေသမေစာလၽွင္ ကမၻာ့သမိုင္းကို ယခုထက္ ေျပာင္းလဲခဲ့ဦးမည္သာျဖစ္သည္။ တိုက္စရာ နယ္ပယ္ က်န္သေ႐ြ႕ကို တိုက္ဦးမည္သာျဖစ္သည္။ အိႏၵိယကိုရလၽွင္ စစ္တပ္ကို အေနာက္ဖက္လွည့္ၿပီး အာဖရိကႏွင့္ ေျမထဲပင္လယ္ ကမ္းေျခမ်ားကိုပါ သိမ္းယူရန္ ဆႏၵရွိေသးသည္ ဟုဆိုၾကသည္။

သူ႕ေက်းဇူးေၾကာင့္ ယခင္က ဂရိတို႔မသိခဲ့၊ မျမင္ခဲ့သည့္ အေရွ႕တိုင္း ယဥ္ေက်းမႈကို ျမည္းစမ္းသုံးစြဲခြင့္ရၿပီး အေရွ႕၊ အေနာက္ ယဥ္ေက်းမႈျခင္း ဖလွယ္ၾကသျဖင့္ မ်ားစြာအက်ိဳးျဖစ္ထြန္းသည္ ဟုဆိုႏိုင္သည္။ ဤဆက္ဆံေရးတို႔ေၾကာင့္ ၎နတ္႐ြာစံၿပီး ေနာင္ႏွစ္ေပါင္း ရာခ်ီအတြင္း ဟယ္လင္နစ္ေခတ္ ယဥ္ေက်းမႈ ေပၚထြန္းကာ ဂရိတို႔ တိုးတက္လာရသည္။ အဆိုပါ ဟယ္လင္နစ္ ယဥ္ေက်းမႈမွာ ဂရိမွ ေရာမ သို႔ဆက္လက္စီးဆင္းၿပီး ေနာင္ ဥေရာပ တစ္ဝန္းပ်ံ႕ႏွံ႔ေသးသျဖင့္ သူ႕ေက်းဇူးမွာ ဥေရာပအေပၚတြင္လည္း ရွိေသးသည္ ဟုဆိုႏိုင္ပါသည္။ ထို႔ျပင္ အိႏၵိယတြင္လည္း ေရွးကမရွိခဲ့သည့္ ဘာသာေရးဆိုင္ရာ ႐ုပ္တုမ်ားကို ဂရိယဥ္ေက်းမႈ အေငြ႕အသက္မ်ား ျဖင့္ထုလုပ္လာၾကသည္။

ရည္ၫႊန္းကိုးကား
ေက်ာ္စြာ(၁၀၀)-ေဒါက္တာသန္းထြန္း
ျမန္မာ့စြယ္စုံက်မ္း


စစ်ဘုရင်ကြီး အလက်ဇန္ဒားသယ်ဂရိတ် ဆိုသည်မှာ (unicode)

Alexander ဆိုသည်မှာ ဂရိ ဘာသာဖြင့် ကာကွယ်ခြင်း၊ ကူညီခြင်း ဟုတွင်ပြီး aner မှာ လူ ကို ဆိုလိုသည်။ ထို့ကြောင့် ကာကွယ် စောင့်ရှောက် နိုင်စွမ်းသူ ဟု ဖွင့်ဆိုနိုင်ပေမည်။ ၎င်းသည် ရှေးဂရိနိုင်ငံ မြောက်ပိုင်း မက်စီဒိုးနီးယားမှ ဘုရင် တစ်ပါး ဖြစ်သည်။ ဘီစီ ၃၅၆ တွင် Pella (မက်စီဒိုးနီးယား အလယ်ပိုင်း)တွင် ဖွားမြင်ခဲ့ပြီး အရစ္စတိုတယ် ထံတွင် အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။

အသက် (၃၀) တွင် အကြီးမားဆုံး အင်ပါယာ တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်း၏ အင်ပါယာ သည် Ionian Sea မှ Himalayas ထိကျယ်ပြန့်ခဲ့သည်။ ၎င်းလက်ထက်တိုက်ခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် စစ်သမိုင်း တွင် အအောင်မြင်ဆုံးသော စစ်ခေါင်းဆောင်အဖြစ် အတူမရှိ ထင်ရှားသူဖြစ်သည်။၎င်း၏ အင် ပါယာသည် မျက်မှောက်ခေတ်တွင် ဂရိ မှ ပါကစ်စတန် ထိ ကျယ်ပြန့် ပေသည်။

အလက်ဇန္ဒား သည် ဖခမည်းတော် မက်စီဒိုးနီးယားဘုရင် ဖိလစ်နှင့် မယ်တော် အိုလံပီယာမှ ဖွားမြင်သည့်သား ဖြစ်သည်။ မွေးဖွားပြီးနောက်တွင် ဖခမည်းတော်ဖိလစ်မှာ မက်စီဒိုးနီးယားမှ မြောက်ဖက်နယ် အနည်းငယ်နှင့် တောင်ဖက် ဂရိနိုင်ငံများကို သိမ်းယူပြီးဖြစ်သည်။ ငယ်စဉ်ကပင် ထက်မြက်သည့်အလျှောက် အသက် ၁၃ နှစ်တွင် ဆရာဖြစ်သူ အရစ္စတိုတယ်၏ သွန်သင်ပြသမှုများကို ခံယူပြီး အသက် ၂၀ တွင်(ဘီစီ ၃၃၆) တွင် ဘုရင်ဖိလစ်လုပ်ကြံခံရသဖြင့် ဂရိတို့၏ဘုရင် ဖြစ်လာတော့သည်။ နန်းတက်စတွင် လက်အောက်ခံများက မက်စီဒိုးနီးယား၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် အကြံဖြင့် ပုန်ကန်ကြသည်။ သို့သော် ငယ်ရွယ်သည့် အလက်ဇန္ဒားသည် အဆိုပါ တွန်းလှန်မှုများကို ရက်စက်စွာ နှိမ်နှင်းပြခြင်းဖြင့် ငြိမ်ဝပ်စေခဲ့သည်။

ဖိလစ်သေဆုံးပြီး နောက် အလက်ဇန္ဒားသည် ဖခင်သိမ်းပိုက်ခဲ့သော အင်ပါယာနှင့် တိုက်ရည်ခိုက်ရည်ပြည့်၀ပြီး ဖြစ်သော စစ်တပ်ကို အမွေရရှိ ခဲ့သည်။ ၎င်းသည် ဂရိစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ခံရပြီးနောက် ဖခင်လက်ထက် နယ်မြေချဲ့ ထွင်ရေး စီမံချက်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီစီ ၃၃၄ တွင် Achaemenid အင်ပါယာအား ကျူးကျော်သိမ်းပိုက်ပြီးနောက် Asia Minor အား အုပ်ချုပ်သည့် အချိန်မှစ၍ ၁၀ နှစ်ခန့်ထိ စစ်ပွဲများဆက်တိုက် ဆင်နွဲခဲ့ရသည်။ Issus တိုက်ပွဲ Gaugamela တိုက်ပွဲတို့ဖြင့် Persia တို့၏ ဩဇာကို ချိုးဖဲ့ခဲ့သည်။ ထို့နောက်ပိုင်းတွင် Persia ဘုရင် Darius III ကိုအောင်နိုင်ကာ Persia အင်ပါယာ၏ အရှင်သခင်ဖြစ်လာခဲ့ သည်။ မျက်မှောက်ခေတ်တွင် Adriatic ပင်လယ် မှ Indus မြစ်ထိ ကျယ်ဝန်းသည်။

ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂရိတွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် ပါရှန်းအင်ပါယာကို ထိုးစစ်ဆင်သည်။ ထိုစဉ်က အာရှမှ နှစ် ၂၀၀ သက်တမ်းရှိ ပါရှန်းအင်ပါယာ (အီဂျစ်မှ အိန္ဒိယထိ) မှာ ဂရိတို့နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်မှ ကြီးကျယ်လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား၏ အင်အားမှာ ပျက်ရယ်ပြုဖွယ် အဆင့်ပင်ဖြစ်နေသည်။

သို့သော် အမှန်တကယ် တိုက်ခိုက်သည်နှင့် ပါရှားတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူအတွက် အမွေချန်ရစ်ပေးခဲ့သော ဂရိ-မက်စီဒုံ တပ်ပေါင်းတို့၏ စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်းအင်ပါယာ၏ တပ်ထက် များစွာသာလွန်ကြောင်းပင်ဖြစ်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဖက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂါဇာ၊ အီဂျစ်တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။

ထိုတိုက်ပွဲစဉ်များအတွင်း ခက်ခဲသည့် တိုက်ပွဲဟူ၍ ဖီနီစီယမ်ကျွန်းမှ တိုင်ရာမြို့ခံတပ်ကို ၇ လကြာ တိုက်ရသည်သာရှိသည်။ ထိုစဉ်က ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က ပါရှားနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသော်လည်း လက်မခံခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်သူကြီး ပါမီနီယိုက “ငါသာ အလက်ဇန္ဒားဖြစ်ရင် ဒီကမ်းလှမ်းချက်ကို လက်ခံမိမယ်။”ဟု ဆိုသည်ကို အလက်ဇန္ဒားကလည်း “ငါသာ ပါမေနီယိုဆိုရင်လည်း ဒီကမ်းလှမ်းချက်ကို လက်ခံတာပေါ့။” ဟုပြန်လည်ချေပခဲ့သည်။

အီဂျစ်မှ အာရှဖက်သို့ ပြန်လှည့်ပြီး ဘီစီ ၃၃၁ တွင် ဂေါဂါမီလာတိုက်ပွဲ၌ မိမိထက်အင်အားများစွာ သာလွန်သည့် ပါရှန်းတပ်မကြီးကို အပြတ်အသတ် နိုင်သဖြင့် ဘေဘီလုံသို့ ဆက်လက်ချီတက်သည်။ နောက် ပါရှန်းမြို့တော်များဖြစ်သည့် စုစု နှင့် ပါစီပိုလစ် တို့ဆီ ချီတက်သည်။ ထိုအချိန်တွင်ပဲ ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က လက်နက်ချရန် ကြံရာ သူ၏ နောက်လိုက်များက သတ်ဖြတ်လိုက်ကြသည့်အတွက် အီရန် (ပါရှန်း) တို့အင်အားမှာ ပြိုကွဲခြင်းသို့ရောက်လေသည်။ ဘီစီ ၃၃၀ မှ သုံးနှစ်အတွင်း ပါရှန်းတပ် အကြွင်းအကျန်များကို နှိမ်နှင်းပြီး အီရန်အရှေ့ဖက်ခြမ်းကို သိမ်းယူသည်။

နောက်ဆုံး အချိန်ကာလများ

တစ်နှစ်နီးပါးမျှ ပါရှားတွင်အခြေချကာ တည်ငြိမ်ရေးကို ဆောင်ရွက်ပြီး အိန္ဒိယမြောက်ပိုင်းသို့ ချီတက်သိမ်းသွင်းပြန်သည်။ သို့သော် ဆိုးဝါးလှသည့် အိန္ဒိယတောတောင်နှင့် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ မိမိတပ်သားများက အိမ်ပြန်ရန် ဆန္ဒပြင်းပြသည်ကြောင့် လည်းကောင်း ဂရိသို့လှည့်ပြန်ရသည်။ ထိုမတိုင်မှီက အာရှမှ ပါရှန်းများသည် မိမိတို့ ဂရိများထင်သကဲ့သို့ အရိုင်းအစိုင်းများ မဟုတ်ကြောင်း၊ ပါရှန်းတို့တွင်လည်း ထူးချွန်သည့် အရည်အသွေးများ ကိုယ်စီရှိကြောင်း နားလည်ပြီး မိမိ၏ ဂရိ-မက်စီဒုံ စစ်သည်များကို ပါရှန်းသူများနှင့် လက်ထပ်စေသည်။ မိမိကိုယ်တိုင်လည်း ဒရိုင်းယပ်စ်၏ သမီးတော်နှင့် လက်ထပ်သည်။

ထိုသို့ ဂရိ-မက်စီဒုံ-ပါရှန်း ဗဟုယဉ်ကျေးမှု အင်ပါယာကို တည်ထောင်ကာ မိမိကအုပ်စိုးရန် ကြံရွယ်ခဲ့သည်။ ဘီစီ ၃၂၃ ဇွန်လဦးကာလ ၊ နောက်တစ်ကြိမ် အိန္ဒိယသို့ ချီတက်ရန် စစ်ပြင်စဲ ဘေဘီလုံမြို့တော်တွင် ရုတ်တရက် အပြင်းဖျားနာကာ ၁၀ ရက်အကြာတွင် အသက် ၃၃ နှစ်သာရှိသေးသည့် စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒား နတ်ရွာစံလေသည်။ ၎င်းနတ်ရွာစံသည်နှင့် ၎င်း၏အင်ပါယာမှာလည်း ပြိုကွဲလေသည်။ အကြောင်းမှာ မည်သူ့အား နန်းဆက်ခံရန် မိန့်မှာဖူးသည် မရှိသဖြင့် ၎င်း၏ပိုင်နက်များကို စစ်သူကြီးများက အပိုင်းပိုင်း ခွဲယူသွားကြခြင်းကြောင့် ဖြစ်သည်။ ထိုနယ်မြေလုပွဲတွင် မိခင်၊ မိဖုရားများနှင့် သာသမီးများမှာ ဓါးစာခံအဖြစ် အသတ်ခံရကြရှာသည်။

အရည်အချင်းများ

မဟာအလက်ဇန္ဒားသည် အသက် ၂၀ နန်းတက်ပြီး အသက် ၃၃ နတ်ရွာစံသည်ထိ တိုက်သမျှစစ် ရှုံးဖူးသည်မရှိချေ။ ထိုသို့ဖြစ်ရသည်မှာ-

ဖခမည်းတော်ဖိလစ်ဘုရင် အမွေပေးခဲ့သည့် စစ်တပ်မှာ အလွန်အရည်အသွေး၊ တိုက်ခိုက်နိုင်စွမ်း ကောင်းလွန်းသည်။ ခြေလျင်တပ်က လှံတံရှည်များကို အားပြုကာ စနစ်တကျ တိုက်ခိုက်တတ်ပြီး နောက်မှ မြင်းတပ်ကလည်း သေနင်္ဂဗျူဟာကို အကောင်းဆုံး ပုံဖော်နိုင်သည်။

မဟာအလက်ဇန္ဒား၏ အလွန်ရဲရင့်သည့် ပင်ကိုယ်စိတ်ဖြစ်သည်။ အနိုင်တိုက်ရန် ဆုံးဖြတ်သည်နှင့် မိမိကိုယ်တိုင် မြင်းတပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှတိုက်လေ့ရှိသည်။ ထို့ကြောင့် စစ်သည်တို့လည်း “မိမိတို့ဘုရင်သည် သူမလုပ်ဝံ့ဘဲ ငါတို့ကို မခိုင်း။” ဟုနားလည်ပြီး ၎င်းနှင့်အတူ တိုက်ပွဲဝင်သည်။ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်တိုက်သဖြင့် မကြာခဏဆိုသလို သေဘေးနှင့် ကြုံလေ့ရှိသည်။ သို့သော် စစ်ပွဲတိုင်းကို ကိုယ်တိုင်ဦးဆောင်မြဲဖြစ်သည်။ (စစ်တိုက်ရာတွင် သူမတူအောင် အလွန်အမင်း ရဲရင့်ခက်ထန်သော်လည်း၊ စစ်ပွဲကာလမဟုတ်လျှင် ရန်သူနှင့်ပင်ဖြစ်စေ မိမိကိုယ်နှင့်မခြား ကြင်နာစွာဖြင့်၊ လေးစားသမှုပေးကာ ဆက်ဆံတတ်သည်။ အလွန်ဆက်ဆံရေးပြေပြစ်သူအဖြစ် ရန်သူများကပင် ချီးကျူးကြသည်။)

နောက်တစ်ကြောင်းမှာ ခေတ်အဆက်ဆက်တွင် သူသာအတော်ဆုံး စစ်ဗိုလ်ချုပ်၊ စစ်ဘုရင်ဟု ဆိုရလောက်အောင်ပင် ထူးချွန်လှသည့် စစ်ခေါင်းဆောင်ဖြစ်သည်။ မိမိထက် အင်အား အလွန်သာလွန်သည့် ပါရှန်းတပ်များကို အင်အားနည်းနည်းဖြင့် ဆက်ကာဆက်ကာ အောင်နိုင်သည်ကို ကြည့်လျှင် အလက်ဇန္ဒား၏ စစ်ရေးသေနင်္ဂ နည်းဗျူဟာတွင် တစ်ဖက်ကမ်းခတ် ပိုင်နိုင်ပုံကို သိနိုင်ပါသည်။

သို့သော် မကြာခဏ သေဘေးနှင့် ကြုံရသည့်တိုင် စစ်ဘုရင်ကြီးမှာ သေဘေးနှင့်နီးသည်ဟု မိမိကိုယ်ကို အသိမဝင်ပဲ နန်းလျာ မသတ်မှတ်သဖြင့် ၎င်း၏လက်နက်နိုင်ငံမှာ အလွယ်တကူပင် ပြိုလဲရခြင်းမှာ အလွန်မှ အံ့ဖွယ်ကောင်းလှသည်။ အသေမစောလျှင် ကမ္ဘာ့သမိုင်းကို ယခုထက် ပြောင်းလဲခဲ့ဦးမည်သာဖြစ်သည်။ တိုက်စရာ နယ်ပယ် ကျန်သရွေ့ကို တိုက်ဦးမည်သာဖြစ်သည်။ အိန္ဒိယကိုရလျှင် စစ်တပ်ကို အနောက်ဖက်လှည့်ပြီး အာဖရိကနှင့် မြေထဲပင်လယ် ကမ်းခြေများကိုပါ သိမ်းယူရန် ဆန္ဒရှိသေးသည် ဟုဆိုကြသည်။

သူ့ကျေးဇူးကြောင့် ယခင်က ဂရိတို့မသိခဲ့၊ မမြင်ခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှုကို မြည်းစမ်းသုံးစွဲခွင့်ရပြီး အရှေ့၊ အနောက် ယဉ်ကျေးမှုခြင်း ဖလှယ်ကြသဖြင့် များစွာအကျိုးဖြစ်ထွန်းသည် ဟုဆိုနိုင်သည်။ ဤဆက်ဆံရေးတို့ကြောင့် ၎င်းနတ်ရွာစံပြီး နောင်နှစ်ပေါင်း ရာချီအတွင်း ဟယ်လင်နစ်ခေတ် ယဉ်ကျေးမှု ပေါ်ထွန်းကာ ဂရိတို့ တိုးတက်လာရသည်။ အဆိုပါ ဟယ်လင်နစ် ယဉ်ကျေးမှုမှာ ဂရိမှ ရောမ သို့ဆက်လက်စီးဆင်းပြီး နောင် ဥရောပ တစ်ဝန်းပျံ့နှံ့သေးသဖြင့် သူ့ကျေးဇူးမှာ ဥရောပအပေါ်တွင်လည်း ရှိသေးသည် ဟုဆိုနိုင်ပါသည်။ ထို့ပြင် အိန္ဒိယတွင်လည်း ရှေးကမရှိခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများကို ဂရိယဉ်ကျေးမှု အငွေ့အသက်များ ဖြင့်ထုလုပ်လာကြသည်။

ရည်ညွှန်းကိုးကား
ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း

Leave a Reply