အေမရိကန္ ျပည္တြင္းစစ္နဲ႔ ဂတ္တီးစ္ဘာ့ဂ္တိုက္ပြဲ အေၾကာင္း

Posted on

အေမရိကန္ ျပည္တြင္းစစ္ (၁၈၆၁ – ၁၈၆၅) ကို ျပည္နယ္အခ်င္းခ်င္း ျဖစ္ေသာ စစ္ပြဲဟုလည္း ေခၚဆိုၾကၿပီး အေမရိကန္ျပည္ေထာင္စုတြင္ ျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္ ျဖစ္သည္။ ေတာင္ဘက္ ကြ်န္ပိုင္ရွင္ ျပည္နယ္ ၁၁ နယ္မွ အေမရိကန္ျပည္ေထာင္စုမွ ႏႈတ္ထြက္သည္ဟု ေၾကျငာခဲ့ၿပီး သူတို႔က အေမရိကန္ျပည္ေထာင္စုမွ ခြဲထြက္လိုသည္ဟု ေျပာၾကားၾကသည္။

ထို႔ေနာက္ အေမရိကန္ ကြန္ဖက္ဒရိတ္ ျပည္နယ္မ်ား (သို႔) ကြန္ဖက္ဒေရစီ ကို တည္ေထာင္ၾကသည္။ ဂ်က္ဖာဆန္ ေဒးဗစ္က ကြန္ဖက္ဒရိတ္ ျပည္နယ္မ်ားကို ဦးေဆာင္ၿပီး အေမရိကန္ ျပည္ေထာင္စုကို တိုက္ခိုက္ခဲ့ၾကသည္။ ျပည္ေထာင္စုနယ္မ်ား သို႔မဟုတ္ ေျမာက္ဖက္ပိုင္းမွ ျပည္နယ္မ်ားတြင္ ကြ်န္စနစ္ကို တရားမဝင္ေၾကာင္း ေၾကျငာခဲ့ၿပီး နယ္စပ္ျပည္နယ္ ငါးခုတြင္မူ ကၽြန္စနစ္သည္ တရားဝင္ ျဖစ္ေနေသးခဲ့သည္။

၁၈၆၀ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲ အတြင္းတြင္ ေအဘရာဟမ္ လင္ကြန္း ဦးေဆာင္ေသာ ရီပတ္ဘလစ္ကင္ ပါတီမွ ကၽြန္စနစ္ရွိၿပီးသား ျပည္နယ္မ်ားမွ အျခားျပည္နယ္မ်ားသို႔ ခ်ဲ႕ထြင္ျခင္းကို ဆန္႔က်င္၍ မဲဆြယ္ခဲ့သည္။ ရီပတ္ဘလစ္ကင္ ပါတီ၏ ေအာင္ပြဲကို တုံ႔ျပန္သည့္ အေနႏွင့္ ျပည္နယ္ခုႏွစ္ခုတို႔က လင္ကြန္း သမၼတျဖစ္ေသာ ၁၈၆၁ ခုႏွစ္ မတ္လ ၄ ရက္ေန႔မတိုင္မီတြင္ ျပည္ေထာင္စုမွ ႏႈတ္ထြက္ေၾကာင္း ေၾကျငာခဲ့ၾကသည္။

သမၼတ ရာထူးၿပီးဆုံးသြားေသာ ဂ်ိမ္းစ္ ဘြတ္ခ္နန္ အစိုးရ ႏွင့္ သမၼတရာထူး ဆက္လက္ရယူမည့္ လင္ကြန္း၏ အစိုးရ ႏွစ္ခုစလုံးတို႔က ႏႈတ္ထြက္ျခင္းကို တရားမဝင္ေၾကာင္း ကန္႔ကြက္ခဲ့ၾကၿပီး ပုန္ကန္မႈ အျဖစ္မွတ္ယူခဲ့ၾကသည္။ အျခားေသာ ကၽြန္စနစ္ က်င့္သုံးေသာ ျပည္နယ္မ်ားကလည္း ႏႈတ္ထြက္ျခင္းကို ကန္႔ကြက္ခဲ့ၾကသည္။ မည္သည့္ႏိုင္ငံကမွ ကြန္ဖက္ဒရိတ္ျပည္နယ္မ်ားအား ႏိုင္ငံတစ္ခု အျဖစ္ အသိအမွတ္ မျပဳခဲ့ၾကေပ။

ကြန္ဖက္ဒရိတ္ျပည္နယ္မ်ားက သူတို႔ပိုင္နယ္ေျမ အျဖစ္ေၾကျငာထားေသာ နယ္အတြင္းမွ ျပည္ေထာင္စု၏ ဆမ္တာခံတပ္ကို တိုက္ခိုက္ရာမွ တိုက္ပြဲ စတင္ခဲ့သည္။ စစ္ပြဲမ်ားမွာ အမ်ားအားျဖင့္ ေတာင္ဖက္ပိုင္းတြင္ ျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္စလုံးမွာ အေမရိကန္မ်ားပင္ ျဖစ္သည္။ အေမရိကန္ သမိုင္းတြင္ ေသေၾကမႈ အမ်ားဆုံးျဖစ္သည္။

ဂတ္တီးစ္ဘာ့ဂ္တိုက္ပြဲ

ဂတ္တီးစ္ဘာ့ဂ္တိုက္ပြဲ သည္ စစ္ကာလၾကာရွည္ေနေသာ၊ ႏွစ္ဖက္အထိနာေနေသာ အေမရိကန္ ျပည္တြင္းစစ္ႀကီးအတြက္ အဆုံးသတ္အေျဖကို ထင္ထင္ရွားရွားေပးေသာ တိုက္ပြဲျဖစ္သည္။ ေငြေၾကးအင္အား၊ လူအင္အား အေနအထားအရ ေရရွည္စစ္ကို ဆင္ႏႊဲရန္ မျဖစ္ႏိုင္သည့္ ေတာင္ပိုင္းတပ္မ်ားအား ေျမာက္ပိုင္းကို အခ်ိန္တိုအတြင္းအႏိုင္ရရန္အတြက္ အဆုံးအျဖတ္တိုက္ရန္ ဆုံးျဖတ္ခ်ိန္ႏွင့္ မရည္႐ြယ္ဘဲ ေျမာက္ပိုင္းသမၼတ လင္ကြန္းကလည္း ဘက္စုံထိုးစစ္ျဖင့္ အဆုံးအျဖတ္ယူရန္အတြက္ တိုက္စစ္ျမႇင့္တင္ခ်ိန္တို႔ လာေရာက္တိုက္ဆိုင္ကာ ဂတ္တီးစ္ေဘာ့ဂ္တိုက္ပြဲႀကီး ျဖစ္ပြားလာသည္။

စစ္ပြဲကာလရွည္ၾကာလာသည္ႏွင့္အမၽွ ေတာင္ပိုင္းမွႏိုင္ငံေရးေခါင္းေဆာင္မ်ားသည္ ေျမာက္ပိုင္းအားအႏိုင္သိမ္း၊ အရယူရန္အတြက္ ၎တို႔၏ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး Robert E. Lee အားဖိအားေပးလာသည္။ ထို႔အတူ ထိုးစစ္ျမႇင့္တင္လာသည့္ အေမရိကန္သမၼတ လင္ကြန္းႏွင့္ ၎၏တပ္မ်ားကလည္း ဘက္စုံထိုးစစ္ဆင္ႏႊဲကာ ေတာင္ပိုင္းတပ္မ်ားအေပၚ အသာရစျပဳလာသည္။ သို႔ႏွင့္ ေျမာက္ပိုင္းၿမိဳ႕ေတာ္ ဝါရွင္တန္ ဒီစီ သို႔ခ်ီတက္လာသည့္ ဗိုလ္ခ်ဳပ္ႀကီး Robert E. Lee ၏ တပ္မ်ားႏွင့္ ေျမာက္ပိုင္းဗိုလ္ခ်ဳပ္ႀကီးမိဒ္ (George C. Meade)တို႔သည္ ဂတ္တီးစ္ဘာ့ဂ္ၿမိဳ႕တြင္ ရင္ဆိုင္ေတြ႕ၾကသည္။

ဗိုလ္ခ်ဳပ္ႀကီး Robert E. Lee သည္ ၁၈၆၃၊ ဇြန္လတြင္းကပင္ ၎၏တပ္မ်ားကို ကက္ရွ္ေတာင္း(Cash Town)သို႔ တဖြဲဖြဲလႊတ္ကာ အနီးရွိ ဂတ္တီးစ္ဘာ့ဂ္ၿမိဳ႕တြင္ တပ္စြဲထားသည့္ ေျမာက္ပိုင္းတပ္မ်ားအား ရင္ဆိုင္ရန္ အသင့္ျပင္လ်က္ရွိသည္။ သို႔ျဖင့္ ေတာင္ပိုင္းတပ္မွ အင္အား ၇၆၀၀၀သည္ ကက္ရွ္ေတာင္းသို႔ လာေရာက္တပ္စြဲထားၿပီး ျဖစ္ကာ ေျမာက္ပိုင္းတပ္မွ စစ္သည္ ၁၁၅၀၀၀လည္း ဂတ္တီးစ္ဘာ့ဂ္ၿမိဳ႕တြင္ တိုက္ပြဲအတြက္ အသင့္ျဖစ္ေနေလသည္။ ေတာင္ပိုင္းတပ္မ်ားက ဂတ္တီးစ္ဘာ့ဂ္ၿမိဳ႕သို႔ အျပင္းခ်ီတက္လာၿပီး ၿမိဳ႕ျပင္ရွိ ေျမာက္ပိုင္းကင္းေထာက္တပ္မ်ားႏွင့္ အျခားတပ္မ်ားအား တလၾကမ္းတိုက္ခိုက္ရာ ေျမာက္ပိုင္းတပ္မ်ား ၿမိဳ႕တြင္းသို႔ ဆုပ္ခြာဝင္ေရာက္ရသည္။ ဇူလိုင္လ၊ ၁ရက္ေန႔အေရာက္တြင္ ေတာင္ပိုင္းတပ္မ်ားမွ ထပ္မံ၍ အျပင္းအထန္တိုက္ျပန္သျဖင့္ ေျမာက္ပိုင္းတပ္မ်ားၿမိဳ႕ျပင္ရွိ ေတာင္ကုန္းမ်ားေပၚသို႔ ဆုပ္ခြာေပးရျပန္သည္။

ဇူလိုင္လ၊ ၁ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ႀကီးမိဒ္သည္ တိုက္ပြဲေနရာသို႔ ကိုယ္တိုင္လာေရာက္ဦးေဆာင္ေနၿပီျဖစ္ၿပီး ေနာက္တစ္ေန႔တြင္ ႏွစ္ဖက္တပ္တို႔အေနျဖင့္ အဆုံးအျဖတ္တိုက္ပြဲႀကီး ဆင္ႏႊဲေတာ့မည္ျဖစ္ေၾကာင္း သိနားလည္လိုက္ၾကသည္။ ဇူလိုင္လ၊ ၂ရက္ေန႔ နံနက္တြင္ ေျမာက္ပိုင္းတပ္မ်ားသည္ ဂတ္တီးစ္ဘာ့ဂ္ၿမိဳ႕ျပင္ရွိ-
ညာဖက္တြင္ ကပ္စ္ေတာင္ကုန္း(Culps Hill)
အလယ္တြင္ သခ်ႋဳင္းေတာင္ကုန္းတန္း (Cemetery Hill)
ဘယ္ဖက္တြင္ Little Round Top ေတာင္ကုန္းမ်ားေပၚသို႔ တက္ေရာက္ကာ ေနရာယူထားၾကသည္။

ေတာင္ပိုင္းတပ္မ်ားက ေတာင္ကုန္းမ်ားေအာက္ဖက္ရွိ ေျမျပန္႔တြင္ ေနရာယူထားၾကၿပီး တိုက္ပြဲစသည္ႏွင့္ တၿပိဳင္နက္ ကပ္စ္ေတာင္ကုန္းေပၚရွိ ေျမာက္ပိုင္းတပ္မ်ားထံ ဦးတည္၍ တိုက္သည္။ သို႔ေသာ္ ထိုထိုးစစ္မွာ ေယာင္ျပသာလၽွင္ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ႀကီးလီး၏ အဓိကရည္႐ြယ္ခ်က္မွာ Little Round Top ေတာင္ကုန္းမ်ားေပၚမွ အားနည္းေသာ ေျမာက္ပိုင္း၏ ဘယ္ေတာင္ပံတပ္မ်ားကို ၿဖိဳခ်လိုျခင္းျဖစ္သည္။

ေတာင္ပိုင္းတပ္မ်ားက အေျမာက္မ်ားျဖင့္ စုၿပဳံပစ္ခတ္ၿပီး တိုက္ခိုက္ကာ အျပာေရာင္စစ္ဝတ္စုံဝတ္ေတာင္ပိုင္းတပ္မ်ားသည္ Little Round Top ေတာင္ကုန္းမ်ားေပၚရွိ ေျမာက္ပိုင္းတပ္မ်ား၏ ဘယ္ေတာင္ပံကို ဆက္လက္တိုက္ခိုက္ၾကသည္။ ေတာင္ပိုင္းတပ္အခ်ိဳ႕ Little Round Top ေတာင္ကုန္း၏အခ်ိဳ႕ေနရာမ်ားကို ဝင္ေရာက္တပ္တည္ႏိုင္ခ်ိန္တြင္ ကပ္စ္ေတာင္ကုန္းေပၚတြင္ သူတစ္ျပန္ကိုယ္တစ္ျပန္ျဖင့္ အႀကိတ္အနယ္တိုက္ခိုက္ေနၾကစဲ ျဖစ္သျဖင့္ ဗိုလ္ခ်ဳပ္ႀကီးမိဒ္မွ စစ္ကူမေပးႏိုင္ျဖစ္ေနသည္။

အနီးကပ္လက္တစ္ကမ္းတိုက္ပြဲမ်ား အသုတ္လိုက္အသုတ္လိုက္ ေရလႈိင္းမ်ားသဖြယ္ ျဖစ္ပြားေနၿပီး Little Round Top ေတာင္ကုန္းမ်ားေပၚတြင္ ေျမာက္ပိုင္းတပ္မ်ားက အင္အားမမၽွေသာ မ်ားျပားလွသည့္ ေတာင္ပိုင္းတပ္မ်ားအား ခုခံေနရသည္။ က်ည္ကုန္လၽွင္ လွံစြပ္ထိုး၊ လွံစြပ္မရွိေတာ့လၽွင္ ေသနတ္ျဖင့္႐ိုက္ႏွက္ၿပီး ေနာက္ဆုံးတြင္ လက္သီးျခင္းထိုးေသာ အေျခအေနအထိျပင္းထန္ေနသည္။ ထိုသို႔ ႐ႊပ္႐ႊပ္ခၽြံခၽြံခုခံသည့္ ေျမာက္ပိုင္းသားမ်ား၏ ခံစစ္အစြမ္းကို ေတာင္ပိုင္းသားမ်ား မယွဥ္ႏိုင္ေတာ့ဘဲ Little Round Top ေတာင္ကုန္းမ်ားေပၚမွ ျပန္လည္ဆုပ္ခြာၾကရသည္။ အျခားေတာင္ကုန္းမ်ားေပၚမွ ေတာင္ပိုင္းတပ္မ်ားကလည္း ေတာင္ေျခမ်ားရွိ မူလတပ္တည္ရာသို႔ ျပန္လည္ ဆုပ္ခြာလာၾကသည္။ ထိုအခ်ိန္တြင္မွ ေတာင္ပိုင္းျမင္းတပ္သည္ တိုက္ပြဲေနရာသို ေရာက္ရွိ၍လာသည္။

ေတာင္ပံမ်ားတြင္ အေျခမလွျဖစ္လာေသာအခါ ဗိုလ္ခ်ဳပ္ႀကီး Robert E. Lee သည္ ေန႔လယ္တစ္နာရီမွစကာ အေျမာက္မ်ားျဖင့္ ေတာင္ကုန္းမ်ားေပၚသို႔ ပစ္ခတ္ၿပီး ၂နာရီတိတိတြင္ လူအင္အား ၁၅၀၀၀ျဖင့္ ဗိုလ္ခ်ဳပ္ႀကီးမိဒ္ရွိရာ အလယ္ဗဟိုရွိ သခ်ႋဳင္းေတာင္ကုန္းသို႔ ထိုးစစ္ဆင္သည္။ ရည္႐ြယ္ခ်က္မွာ ေျမာက္ပိုင္းတပ္မ်ား ႏွစ္ပိုင္းကြဲထြက္သြားရန္ျဖစ္ေသာ္လည္း ေျမာက္ပိုင္းတပ္မ်ား၏ ခုခံပုံေၾကာင့္ အရာမထင္ခဲ့ေပ။ ဗိုလ္ခ်ဳပ္ႀကီးမိဒ္က ေတာင္ပိုင္းတပ္မ်ား၏ ထိုးစစ္ပုံစံကို ရိပ္မိသျဖင့္ ေျမာက္ပိုင္းတပ္မ်ားကို က်ည္ကြယ္ရာေက်ာက္ေတာင္ကုန္းမ်ားေနာက္သို႔ ေ႐ႊ႕ထားၿပီး အေျမာက္မ်ားကိုလည္း အလားတူပင္ ဝွက္ထားခဲ့သည္။

ေတာင္ပိုင္းအေျမာက္မ်ား အပစ္ရပ္၍ စစ္သည္မ်ားက ေတာင္ကုန္းမ်ားေပၚသို႔ တက္လာခ်ိန္မွ ေျမာက္ပိုင္းတပ္မ်ား ပုန္းေအာင္းေနရာမွ ထြက္လာကာ ေသနတ္မ်ား၊အေျမာက္မ်ားျဖင့္ အေပၚစီးမွ ပစ္ခတ္တိုက္ခိုက္ၾကသည္။ တစ္ခ်ိန္တည္းမွာပင္ မိဒ္အေနျဖင့္ အသင့္ထားရွိေသာ အရံတပ္မ်ားကိုပါ ခ်ိန္ကိုက္ထုတ္သုံးႏိုင္ျပန္သျဖင့္ ေတာင္ပိုင္းတပ္မ်ားမွာ ရဲရဲဝံ့ဝံ့တိုက္စစ္ဆင္ေသာ္လည္း အက်အဆုံးမ်ားစြာျဖင့္ ျပန္လည္ဆုတ္ခြာေပးခဲ့ရသည္။ ေတာင္ကုန္းမ်ားေပၚတြင္လည္း ေတာင္ပိုင္းတပ္သားမ်ား၏ အေလာင္းမ်ားျမင္မေကာင္းေလာက္ေအာင္ပင္ ျပန္႔က်ဲေနခဲ့ရသည္။

ထိုတိုက္ပြဲသည္ ေတာင္ပိုင္းတပ္မ်ားအေနျဖင့္ ေအာင္ပြဲႏွင့္အနီးစပ္ဆုံး လွမ္းႏိုင္ခဲ့သည့္ပြဲျဖစ္ၿပီး ေနာင္ပိုင္းျပည္တြင္းစစ္ႀကီးၿပီးခ်ိန္ထိ ထိုကဲ့သို႔ေသာ နီးစပ္မႈမ်ိဳးကို ထပ္မရရွိၾကေတာ့ေပ။ စစ္ပြဲႀကီးအတြင္း လူေပါင္း ၆၁၈၀၀၀ ခန္႔ေသေၾကပ်က္စီးခဲ့ေလသည္။ ထုိအေရအတြက္သည္ ပထမကမာၻစစ္ ၊ ဒုတိယကမာၻစစ္ ၊ ကိုရီးယားစစ္ပြဲ ၊ ဗီယက္နမ္စစ္ပြဲစုစုေပါင္းတြင္ေသဆုံးခဲ့ေသာ အေမရိကန္စစ္သားအေရအတြက္ထက္ ပုိမ်ားခဲ့သည္။ တိုက္ပြဲအၿပီး ၄လအၾကာတြင္ သမၼတလင္ကြန္း တိုက္ပြဲေနရာသို႔ေရာက္လာၿပီး “ဒီမိုကေရစီအစိုးရဆိုသည္မွာ ျပည္သူ႕ထံမွ- ျပည္သူ႕အတြက္- ျပည္သူ႕ထံသို႔” ဟူသည့္ စာသားမ်ားပါသည့္ နာမည္ေက်ာ္ ဂတ္တီးစ္ဘာ့ဂ္မိန္႔ခြန္းႀကီးကို ေျပာၾကားခဲ့သည္။

ေအဗရာဟမ္လင္ကြန္း၏ ဂတ္တီးစ္ဘာ့ဂ္မိန္႔ခြန္း

ေနာင္ႏွစ္ႏွစ္အၾကာတြင္ ေတာင္ပိုင္းျပည္နယ္မ်ား လက္နက္ခ်ၿပီး ျပည္တြင္းစစ္ႀကီးၿပီးေလသည္။ ျပည္ေထာင္စုက စစ္ပြဲကို ေအာင္ႏိုင္ခဲ့ၿပီး အဆုံးသတ္ ရလာဒ္ အျဖစ္ အေမရိကန္ ျပည္ေထာင္စုတြင္ ကၽြန္စနစ္ကို ဖ်က္သိမ္းခဲ့ၾကသည္။

စစ္မျဖစ္မီ ႏွင့္ စစ္ျဖစ္ၿပီး ေအဗရာဟမ္လင္ကြန္း
အေမရိကန္ ျပည္တြင္းစစ္အထိမ္းအမွတ္ရုပ္တု

ျမန္မာ့စြယ္စုံက်မ္း
စစ္သမိုင္းတစ္ေလၽွာက္ အႀကီးက်ယ္ဆုံး ဂႏၴဝင္တိုက္ပြဲမ်ား – ေသာင္းထိုက္


အမေရိကန် ပြည်တွင်းစစ်နဲ့ ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ အကြောင်း (unicode)

အမေရိကန် ပြည်တွင်းစစ် (၁၈၆၁ – ၁၈၆၅) ကို ပြည်နယ်အချင်းချင်း ဖြစ်သော စစ်ပွဲဟုလည်း ခေါ်ဆိုကြပြီး အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ဖြစ်သည်။ တောင်ဘက် ကျွန်ပိုင်ရှင် ပြည်နယ် ၁၁ နယ်မှ အမေရိကန်ပြည်ထောင်စုမှ နှုတ်ထွက်သည်ဟု ကြေငြာခဲ့ပြီး သူတို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု ပြောကြားကြသည်။

ထို့နောက် အမေရိကန် ကွန်ဖက်ဒရိတ် ပြည်နယ်များ (သို့) ကွန်ဖက်ဒရေစီ ကို တည်ထောင်ကြသည်။ ဂျက်ဖာဆန် ဒေးဗစ်က ကွန်ဖက်ဒရိတ် ပြည်နယ်များကို ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ကြသည်။ ပြည်ထောင်စုနယ်များ သို့မဟုတ် မြောက်ဖက်ပိုင်းမှ ပြည်နယ်များတွင် ကျွန်စနစ်ကို တရားမဝင်ကြောင်း ကြေငြာခဲ့ပြီး နယ်စပ်ပြည်နယ် ငါးခုတွင်မူ ကျွန်စနစ်သည် တရားဝင် ဖြစ်နေသေးခဲ့သည်။

၁၈၆၀ ခုနှစ် သမ္မတရွေးကောက်ပွဲ အတွင်းတွင် အေဘရာဟမ် လင်ကွန်း ဦးဆောင်သော ရီပတ်ဘလစ်ကင် ပါတီမှ ကျွန်စနစ်ရှိပြီးသား ပြည်နယ်များမှ အခြားပြည်နယ်များသို့ ချဲ့ထွင်ခြင်းကို ဆန့်ကျင်၍ မဲဆွယ်ခဲ့သည်။ ရီပတ်ဘလစ်ကင် ပါတီ၏ အောင်ပွဲကို တုံ့ပြန်သည့် အနေနှင့် ပြည်နယ်ခုနှစ်ခုတို့က လင်ကွန်း သမ္မတဖြစ်သော ၁၈၆၁ ခုနှစ် မတ်လ ၄ ရက်နေ့မတိုင်မီတွင် ပြည်ထောင်စုမှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ကြသည်။

သမ္မတ ရာထူးပြီးဆုံးသွားသော ဂျိမ်းစ် ဘွတ်ခ်နန် အစိုးရ နှင့် သမ္မတရာထူး ဆက်လက်ရယူမည့် လင်ကွန်း၏ အစိုးရ နှစ်ခုစလုံးတို့က နှုတ်ထွက်ခြင်းကို တရားမဝင်ကြောင်း ကန့်ကွက်ခဲ့ကြပြီး ပုန်ကန်မှု အဖြစ်မှတ်ယူခဲ့ကြသည်။ အခြားသော ကျွန်စနစ် ကျင့်သုံးသော ပြည်နယ်များကလည်း နှုတ်ထွက်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ မည်သည့်နိုင်ငံကမှ ကွန်ဖက်ဒရိတ်ပြည်နယ်များအား နိုင်ငံတစ်ခု အဖြစ် အသိအမှတ် မပြုခဲ့ကြပေ။

ကွန်ဖက်ဒရိတ်ပြည်နယ်များက သူတို့ပိုင်နယ်မြေ အဖြစ်ကြေငြာထားသော နယ်အတွင်းမှ ပြည်ထောင်စု၏ ဆမ်တာခံတပ်ကို တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ခဲ့သည်။ စစ်ပွဲများမှာ အများအားဖြင့် တောင်ဖက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အမေရိကန်များပင် ဖြစ်သည်။ အမေရိကန် သမိုင်းတွင် သေကြေမှု အများဆုံးဖြစ်သည်။

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ သည် စစ်ကာလကြာရှည်နေသော၊ နှစ်ဖက်အထိနာနေသော အမေရိကန် ပြည်တွင်းစစ်ကြီးအတွက် အဆုံးသတ်အဖြေကို ထင်ထင်ရှားရှားပေးသော တိုက်ပွဲဖြစ်သည်။ ငွေကြေးအင်အား၊ လူအင်အား အနေအထားအရ ရေရှည်စစ်ကို ဆင်နွှဲရန် မဖြစ်နိုင်သည့် တောင်ပိုင်းတပ်များအား မြောက်ပိုင်းကို အချိန်တိုအတွင်းအနိုင်ရရန်အတွက် အဆုံးအဖြတ်တိုက်ရန် ဆုံးဖြတ်ချိန်နှင့် မရည်ရွယ်ဘဲ မြောက်ပိုင်းသမ္မတ လင်ကွန်းကလည်း ဘက်စုံထိုးစစ်ဖြင့် အဆုံးအဖြတ်ယူရန်အတွက် တိုက်စစ်မြှင့်တင်ချိန်တို့ လာရောက်တိုက်ဆိုင်ကာ ဂတ်တီးစ်ဘော့ဂ်တိုက်ပွဲကြီး ဖြစ်ပွားလာသည်။

စစ်ပွဲကာလရှည်ကြာလာသည်နှင့်အမျှ တောင်ပိုင်းမှနိုင်ငံရေးခေါင်းဆောင်များသည် မြောက်ပိုင်းအားအနိုင်သိမ်း၊ အရယူရန်အတွက် ၎င်းတို့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Robert E. Lee အားဖိအားပေးလာသည်။ ထို့အတူ ထိုးစစ်မြှင့်တင်လာသည့် အမေရိကန်သမ္မတ လင်ကွန်းနှင့် ၎င်း၏တပ်များကလည်း ဘက်စုံထိုးစစ်ဆင်နွှဲကာ တောင်ပိုင်းတပ်များအပေါ် အသာရစပြုလာသည်။ သို့နှင့် မြောက်ပိုင်းမြို့တော် ဝါရှင်တန် ဒီစီ သို့ချီတက်လာသည့် ဗိုလ်ချုပ်ကြီး Robert E. Lee ၏ တပ်များနှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီးမိဒ် (George C. Meade)တို့သည် ဂတ်တီးစ်ဘာ့ဂ်မြို့တွင် ရင်ဆိုင်တွေ့ကြသည်။

ဗိုလ်ချုပ်ကြီး Robert E. Lee သည် ၁၈၆၃၊ ဇွန်လတွင်းကပင် ၎င်း၏တပ်များကို ကက်ရှ်တောင်း(Cash Town)သို့ တဖွဲဖွဲလွှတ်ကာ အနီးရှိ ဂတ်တီးစ်ဘာ့ဂ်မြို့တွင် တပ်စွဲထားသည့် မြောက်ပိုင်းတပ်များအား ရင်ဆိုင်ရန် အသင့်ပြင်လျက်ရှိသည်။ သို့ဖြင့် တောင်ပိုင်းတပ်မှ အင်အား ၇၆၀၀ဝသည် ကက်ရှ်တောင်းသို့ လာရောက်တပ်စွဲထားပြီး ဖြစ်ကာ မြောက်ပိုင်းတပ်မှ စစ်သည် ၁၁၅၀၀ဝလည်း ဂတ်တီးစ်ဘာ့ဂ်မြို့တွင် တိုက်ပွဲအတွက် အသင့်ဖြစ်နေလေသည်။ တောင်ပိုင်းတပ်များက ဂတ်တီးစ်ဘာ့ဂ်မြို့သို့ အပြင်းချီတက်လာပြီး မြို့ပြင်ရှိ မြောက်ပိုင်းကင်းထောက်တပ်များနှင့် အခြားတပ်များအား တလကြမ်းတိုက်ခိုက်ရာ မြောက်ပိုင်းတပ်များ မြို့တွင်းသို့ ဆုပ်ခွာဝင်ရောက်ရသည်။ ဇူလိုင်လ၊ ၁ရက်နေ့အရောက်တွင် တောင်ပိုင်းတပ်များမှ ထပ်မံ၍ အပြင်းအထန်တိုက်ပြန်သဖြင့် မြောက်ပိုင်းတပ်များမြို့ပြင်ရှိ တောင်ကုန်းများပေါ်သို့ ဆုပ်ခွာပေးရပြန်သည်။

ဇူလိုင်လ၊ ၁ရက်နေ့တွင် ဗိုလ်ချုပ်ကြီးမိဒ်သည် တိုက်ပွဲနေရာသို့ ကိုယ်တိုင်လာရောက်ဦးဆောင်နေပြီဖြစ်ပြီး နောက်တစ်နေ့တွင် နှစ်ဖက်တပ်တို့အနေဖြင့် အဆုံးအဖြတ်တိုက်ပွဲကြီး ဆင်နွှဲတော့မည်ဖြစ်ကြောင်း သိနားလည်လိုက်ကြသည်။ ဇူလိုင်လ၊ ၂ရက်နေ့ နံနက်တွင် မြောက်ပိုင်းတပ်များသည် ဂတ်တီးစ်ဘာ့ဂ်မြို့ပြင်ရှိ-
ညာဖက်တွင် ကပ်စ်တောင်ကုန်း(Culps Hill)
အလယ်တွင် သင်္ချိုင်းတောင်ကုန်းတန်း (Cemetery Hill)
ဘယ်ဖက်တွင် Little Round Top တောင်ကုန်းများပေါ်သို့ တက်ရောက်ကာ နေရာယူထားကြသည်။

တောင်ပိုင်းတပ်များက တောင်ကုန်းများအောက်ဖက်ရှိ မြေပြန့်တွင် နေရာယူထားကြပြီး တိုက်ပွဲစသည်နှင့် တပြိုင်နက် ကပ်စ်တောင်ကုန်းပေါ်ရှိ မြောက်ပိုင်းတပ်များထံ ဦးတည်၍ တိုက်သည်။ သို့သော် ထိုထိုးစစ်မှာ ယောင်ပြသာလျှင်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးလီး၏ အဓိကရည်ရွယ်ချက်မှာ Little Round Top တောင်ကုန်းများပေါ်မှ အားနည်းသော မြောက်ပိုင်း၏ ဘယ်တောင်ပံတပ်များကို ဖြိုချလိုခြင်းဖြစ်သည်။

တောင်ပိုင်းတပ်များက အမြောက်များဖြင့် စုပြုံပစ်ခတ်ပြီး တိုက်ခိုက်ကာ အပြာရောင်စစ်ဝတ်စုံဝတ်တောင်ပိုင်းတပ်များသည် Little Round Top တောင်ကုန်းများပေါ်ရှိ မြောက်ပိုင်းတပ်များ၏ ဘယ်တောင်ပံကို ဆက်လက်တိုက်ခိုက်ကြသည်။ တောင်ပိုင်းတပ်အချို့ Little Round Top တောင်ကုန်း၏အချို့နေရာများကို ဝင်ရောက်တပ်တည်နိုင်ချိန်တွင် ကပ်စ်တောင်ကုန်းပေါ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြင့် အကြိတ်အနယ်တိုက်ခိုက်နေကြစဲ ဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးမိဒ်မှ စစ်ကူမပေးနိုင်ဖြစ်နေသည်။

အနီးကပ်လက်တစ်ကမ်းတိုက်ပွဲများ အသုတ်လိုက်အသုတ်လိုက် ရေလှိုင်းများသဖွယ် ဖြစ်ပွားနေပြီး Little Round Top တောင်ကုန်းများပေါ်တွင် မြောက်ပိုင်းတပ်များက အင်အားမမျှသော များပြားလှသည့် တောင်ပိုင်းတပ်များအား ခုခံနေရသည်။ ကျည်ကုန်လျှင် လှံစွပ်ထိုး၊ လှံစွပ်မရှိတော့လျှင် သေနတ်ဖြင့်ရိုက်နှက်ပြီး နောက်ဆုံးတွင် လက်သီးခြင်းထိုးသော အခြေအနေအထိပြင်းထန်နေသည်။ ထိုသို့ ရွှပ်ရွှပ်ချွံချွံခုခံသည့် မြောက်ပိုင်းသားများ၏ ခံစစ်အစွမ်းကို တောင်ပိုင်းသားများ မယှဉ်နိုင်တော့ဘဲ Little Round Top တောင်ကုန်းများပေါ်မှ ပြန်လည်ဆုပ်ခွာကြရသည်။ အခြားတောင်ကုန်းများပေါ်မှ တောင်ပိုင်းတပ်များကလည်း တောင်ခြေများရှိ မူလတပ်တည်ရာသို့ ပြန်လည် ဆုပ်ခွာလာကြသည်။ ထိုအချိန်တွင်မှ တောင်ပိုင်းမြင်းတပ်သည် တိုက်ပွဲနေရာသို ရောက်ရှိ၍လာသည်။

တောင်ပံများတွင် အခြေမလှဖြစ်လာသောအခါ ဗိုလ်ချုပ်ကြီး Robert E. Lee သည် နေ့လယ်တစ်နာရီမှစကာ အမြောက်များဖြင့် တောင်ကုန်းများပေါ်သို့ ပစ်ခတ်ပြီး ၂နာရီတိတိတွင် လူအင်အား ၁၅၀၀၀ဖြင့် ဗိုလ်ချုပ်ကြီးမိဒ်ရှိရာ အလယ်ဗဟိုရှိ သင်္ချိုင်းတောင်ကုန်းသို့ ထိုးစစ်ဆင်သည်။ ရည်ရွယ်ချက်မှာ မြောက်ပိုင်းတပ်များ နှစ်ပိုင်းကွဲထွက်သွားရန်ဖြစ်သော်လည်း မြောက်ပိုင်းတပ်များ၏ ခုခံပုံကြောင့် အရာမထင်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးမိဒ်က တောင်ပိုင်းတပ်များ၏ ထိုးစစ်ပုံစံကို ရိပ်မိသဖြင့် မြောက်ပိုင်းတပ်များကို ကျည်ကွယ်ရာကျောက်တောင်ကုန်းများနောက်သို့ ရွှေ့ထားပြီး အမြောက်များကိုလည်း အလားတူပင် ဝှက်ထားခဲ့သည်။

တောင်ပိုင်းအမြောက်များ အပစ်ရပ်၍ စစ်သည်များက တောင်ကုန်းများပေါ်သို့ တက်လာချိန်မှ မြောက်ပိုင်းတပ်များ ပုန်းအောင်းနေရာမှ ထွက်လာကာ သေနတ်များ၊အမြောက်များဖြင့် အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မိဒ်အနေဖြင့် အသင့်ထားရှိသော အရံတပ်များကိုပါ ချိန်ကိုက်ထုတ်သုံးနိုင်ပြန်သဖြင့် တောင်ပိုင်းတပ်များမှာ ရဲရဲဝံ့ဝံ့တိုက်စစ်ဆင်သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ တောင်ကုန်းများပေါ်တွင်လည်း တောင်ပိုင်းတပ်သားများ၏ အလောင်းများမြင်မကောင်းလောက်အောင်ပင် ပြန့်ကျဲနေခဲ့ရသည်။

ထိုတိုက်ပွဲသည် တောင်ပိုင်းတပ်များအနေဖြင့် အောင်ပွဲနှင့်အနီးစပ်ဆုံး လှမ်းနိုင်ခဲ့သည့်ပွဲဖြစ်ပြီး နောင်ပိုင်းပြည်တွင်းစစ်ကြီးပြီးချိန်ထိ ထိုကဲ့သို့သော နီးစပ်မှုမျိုးကို ထပ်မရရှိကြတော့ပေ။ စစ်ပွဲကြီးအတွင်း လူပေါင်း ၆၁၈၀၀၀ ခန့်သေကြေပျက်စီးခဲ့လေသည်။ ထိုအရေအတွက်သည် ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ် ၊ ကိုရီးယားစစ်ပွဲ ၊ ဗီယက်နမ်စစ်ပွဲစုစုပေါင်းတွင်သေဆုံးခဲ့သော အမေရိကန်စစ်သားအရေအတွက်ထက် ပိုများခဲ့သည်။ တိုက်ပွဲအပြီး ၄လအကြာတွင် သမ္မတလင်ကွန်း တိုက်ပွဲနေရာသို့ရောက်လာပြီး “ဒီမိုကရေစီအစိုးရဆိုသည်မှာ ပြည်သူ့ထံမှ- ပြည်သူ့အတွက်- ပြည်သူ့ထံသို့” ဟူသည့် စာသားများပါသည့် နာမည်ကျော် ဂတ်တီးစ်ဘာ့ဂ်မိန့်ခွန်းကြီးကို ပြောကြားခဲ့သည်။

နောင်နှစ်နှစ်အကြာတွင် တောင်ပိုင်းပြည်နယ်များ လက်နက်ချပြီး ပြည်တွင်းစစ်ကြီးပြီးလေသည်။ ပြည်ထောင်စုက စစ်ပွဲကို အောင်နိုင်ခဲ့ပြီး အဆုံးသတ် ရလာဒ် အဖြစ် အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ကြသည်။

မြန်မာ့စွယ်စုံကျမ်း
စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ – သောင်းထိုက်

Leave a Reply