အဂၤလန္ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

အဂၤလန္သည္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ယူႏိုက္တက္ ကင္းဒမ္း၏ တစ္စိတ္တစ္ေဒသ ျဖစ္သည္။ အဂၤလန္သည္ ေျမာက္ဘက္တြင္ စေကာ့တလန္ႏိုင္ငံ၊ အေနာက္ဘက္တြင္ ေဝလႏိုင္ငံတို႔ႏွင့္ ကုန္းေျမျခင္း ထိစပ္လ်က္ ရွိၿပီး အေနာက္ေျမာက္ဘက္တြင္ အိုင္းရစ္ရွ္ပင္လယ္၊ အေနာက္ေတာင္ဘက္တြင္ ဆဲလ္တစ္ ပင္လယ္၊ အေရွ႕ဘက္တြင္ ေျမာက္ပင္လယ္ တို႔ႏွင့္ ထိစပ္လ်က္ ရွိသည္။ အေရွ႕ဘက္တြင္မူ ဥေရာပတိုက္ႏွင့္ အဂၤလိပ္ေရလက္ၾကား ျခားနားလ်က္ တည္ရွိသည္။

အက်ယ္အ၀န္းအားျဖင့္ စတုရန္းမုိင္ေပါင္း ၅၀၃၀၁မုိင္သာရွိၿပီး အေမရိကန္ထက္ ၇၄ဆ ေသးငယ္သည္။ အဂၤလန္ႏိုင္ငံ၏ အစိတ္အပိုင္း အေတာ္မ်ားမ်ားသည္ ေျမာက္အတၱလႏၲိတ္ သမုဒၵရာ အတြင္းရွိ ဂရိတ္ ၿဗိတိန္ကၽြန္း၏ ေတာင္ပိုင္းႏွင့္ အလယ္ပိုင္းေဒသ တို႔တြင္ တည္ရွိသည္။ ထို႔ျပင္ စီလီကၽြန္းစုမ်ား ႏွင့္ ဝိုက္ကၽြန္းစုမ်ား အစရွိသည့္ ကၽြန္းငယ္ အမ်ားအျပားလည္း ပါဝင္သည္။

ယခုအခ်ိန္တြင္ အဂၤလန္ဟု ေခၚဆိုၾကေသာ ေနရာမွာ လူသားတို႔ ေက်ာက္ေခတ္ေဟာင္း ေခတ္ေႏွာင္း (Upper Palaeolithic period) ကာလကပင္ အေျခခ် ေနထိုင္ခဲ့ၾကသည္။ သို႔ေသာ္လည္း ႏိုင္ငံ၏ အမည္မွာ ၅ ရာစုႏွင့္ ၆ ရာစု မ်ားအတြင္း အေျခခ် ေနထိုင္ခဲ့ၾကသည့္ ဂ်ာမန္လူမ်ိဳးစု တစ္စုျဖစ္ေသာ အိန္ဂ်ယ္လ္ လူမ်ိဳးစု၏ အမည္ကို ယူထားျခင္း ျဖစ္သည္။ ခရစ္မေပၚမီ ႏွစ္ေပါင္းမ်ားစြာကပင္ ဂရိ၊ ဖီနီရွန္းႏွင့္ ကားေသ့လူမ်ိဳးမ်ားသည္ အဂၤလန္ျပည္သို႔ လာေရာက္ေနထိုင္ၾကသည္။ ဘီစီ ၁,ဝဝဝ ခန္႔က ကဲ့လူမ်ိဳးမ်ား စတင္ဝင္ေရာက္ ေနထိုင္ၾကသည္။ ဘီစီ ၅၅ ခုႏွစ္ခန္႔တြင္ ဂ်ဴးလယပ္ဆီဇာက ဝင္ေရာက္သိမ္းပိုက္သည္။ ထိုအခ်ိန္မွစ၍ ေရာမယဥ္ေက်းမႈသည္ အဂၤလန္ျပည္၌ ထြန္းကားလာသည္။ လမ္းမ်ား၊ ေရသြယ္ေျမာင္းမ်ားတည္ေဆာက္ျခင္း၊ ၿမိဳ႕ကြက္မ်ားျပဳလုပ္ျခင္း၊ ခရစ္ယာန္အယူဝါဒ ဝင္ေရာက္လာျခင္းတို႔ျဖစ္လာသည္။

သို႔ရာတြင္ ငါးရာစုႏွစ္ခန္႔၌ ေရာမတပ္မ်ား ျပန္လည္႐ုပ္သိမ္းသြားေသာအခါ ဂ်ဳ၊ ဆက္ဆြန္၊ အန္းဂဲလူမ်ိဳးမ်ား ဝင္ေရာက္သိမ္းပိုက္ ေနထိုင္ၾကျပန္သည္။ အန္းဂဲႏွင့္ ဆက္ဆြန္လူမ်ိဳးတို႔သည္ ၈၂၇ ခုႏွစ္တိုင္ အၿမဲတိုက္ခိုက္ခဲ့ၾကသည္။ ထိုႏွစ္တြင္ ဝက္ဆက္ဘုရင္ အဂၢဗတ္က တစ္ျပည္လုံးကိုသိမ္းပိုက္လိုက္ကာ အန္းဂဲလန္းဟု မွည့္ေခၚလိုက္သည္။ ဤသည္ကစ၍ အဂၤလန္ျပည္ဟု လူသိမ်ားလာသည္။ အဂၤလန္ႏိုင္ငံသည္ ေအဒီ ၉၂၇ ခုႏွစ္တြင္ တစ္စုတစ္စည္းတည္း ျဖစ္ခဲ့ၿပီး စူးစမ္း ရွာေဖြေရးေခတ္ (Age of Discovery) ဟုေခၚသည့္ ၁၅ ရာစုႏွစ္တြင္ယဥ္ေက်းမႈပိုင္းဆိုင္ရာႏွင့္ ဥပေဒပိုင္းဆိုင္ရာအားျဖင့္ တစ္ကမၻာလုံးသို႔ ဩဇာလႊမ္းမိုးမႈ ရွိခဲ့သည္။

အဂၤလိပ္ဘာသာ၊ အဂၤလိကန္ဘုရားေက်ာင္းႏွင့္ တစ္ကမၻာလုံးရွိ ႏိုင္ငံအေတာ္မ်ားမ်ားရွိ တရားဥပေဒ စနစ္ အေတာ္မ်ားမ်ား၏ အေျခခံ ျဖစ္ေသာ အဂၤလိပ္ ဥပေဒတို႔ကို အဂၤလန္တြင္ တီထြင္ေဖာ္ထုတ္ခဲ့ျခင္း ျဖစ္သည္။ အဂၤလန္ႏိုင္ငံ အစိုးရ၏ ပါလီမန္စနစ္ ပုံစံကိုလည္း ႏိုင္ငံ အေတာ္မ်ားမ်ားတြင္ က်င့္သုံးလ်က္ ရွိၾကသည္။ စက္မႈေတာ္လွန္ေရးသည္ အဂၤလန္တြင္ ၁၈ ရာစု၌ စတင္ျဖစ္ပြားခဲ့ၿပီး လူ႕အဖြဲ႕အစည္းကို ကမၻာေပၚတြင္ ပထမဆုံး စက္မႈထြန္းကားေသာ ႏိုင္ငံ အျဖစ္သို႔ ေျပာင္းလဲ ေပးခဲ့သည္။ အဂၤလန္ရွိ ေတာ္ဝင္အဖြဲ႕အစည္းသည္ ေခတ္သစ္ သိပၸံစမ္းသပ္မႈမ်ား၏ အေျခခံ အုတ္ျမစ္ကို ခ်ေပးခဲ့သည္။

ေနာ္မန္ဒီရွိ နယ္ပယ္အခ်ိဳ႕ကိစၥမွစ၍ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ ၁၃၃၈ ခုႏွစ္မွ ၁၄၅၃ ခုႏွစ္အတြင္း ႏွစ္တစ္ရာစစ္ပြဲႀကီးျဖစ္ပြားခဲ့ၾကသည္။ ထိုစစ္ပြဲသည္ တတိယအက္ဒြပ္ဘုရင္လက္ထက္မွစ၍ မင္းငါးဆက္တိုင္သည္။ ထိုစစ္ပြဲေၾကာင့္အဂၤလိပ္တို႔သည္ျပင္သစ္ႏိုင္ငံရွိ နယ္ေျမအားလုံးကို ဆုံး႐ႈံးခဲ့ရ႐ုံမက စစ္ေၾကာင့္ ျပည္သူတို႔ ဆင္းရဲငတ္မြတ္ေခါင္းပါး၍က်န္ခဲ့သည္။ ၁၃၄၈-၄၉ ခုႏွစ္တြင္ျဖစ္ပြားေသာ ပလိပ္ကပ္ေရာဂါေၾကာင့္ အဂၤလန္ျပည္လူဦးေရ သုံးပုံတစ္ပုံ ပ်က္စီးခဲ့ရျပန္ရာ အဂၤလန္ျပည္သည္ ထိုအခ်ိန္၌ ဒုကၡပင္လယ္ေဝလ်က္ရွိသည္။ ထိုသို႔ျဖစ္၍မၽွ အေတာမသတ္ေသးမီတြင္ မႉးမတ္အခ်င္းခ်င္း အာဏာလုေသာ ႏွင္းဆီစစ္ပြဲ(၁၄၅၅-၈၅) ျဖစ္ပြားလာျပန္သည္။ ထိုစစ္ပြဲ၌ အဂၤလန္ျပည္ကို အုပ္စိုးေသာဘုရင္အား ဒုကၡေပးတတ္သည့္ မႉးႀကီးမတ္ငယ္တို႔သည္ မ်ားစြာက်ဆုံးပ်က္စီးၾကေလသည္။

ထို႔ေၾကာင့္ ဘုရင္အား ေတာ္လွန္ႏိုင္ေလာက္ေသာ တန္ခိုးအင္အားႀကီးမားသည့္ မႉးမတ္ဟူ၍ မ်ားစြာမက်န္ေတာ့ေခ်။ ေသဆုံးသူမႉးမတ္မ်ားႏွင့္ က်န္ရစ္၍ဘုရင္အား ပုန္ကန္ရန္ ႀကိဳးစားသျဖင့္ ဖမ္းဆီးသတ္ျဖတ္ျခင္း ခံရေသာ မႉးမတ္မ်ား၏ နယ္ေျမေပါင္းမ်ားစြာကို ဘုရင္ကျပန္လည္ရရွိရာ စတုတၳ အက္ ဒြပ္ဘုရင္သည္ တန္ခိုးအာဏာသာမက ေငြေၾကးအင္အားလည္း အလြန္ႀကီးလာေလသည္။ ထို႔ေၾကာင့္ ေငြေၾကးေတာင္းခံရန္အတြက္ ပါလီမန္အစည္းေဝးကို ေခၚဖို႔မလိုခဲ့ေခ်။ ပါလီမန္ကို မွီခိုအားထားျခင္းမျပဳ၊ စည္းစိမ္ရစ္၍သာေနသျဖင့္ အဂၤလန္ျပည္သည္ တိုးတက္လာသည္ဟူ၍ မရွိေခ်။

အ႒မဟင္နရီဘုရင္၏သမီးေတာ္ ၁၅၅၈ ခုႏွစ္တြင္ နန္းတက္ေသာ ပထမအယ္လစ္ဇဘက္ဘုရင္မ လက္ထက္တြင္ အဂၤလန္ျပည္သည္ ဖြံ႕ၿဖိဳးတိုးတက္လာ၍ အဂၤလန္ျပည္သည္ တန္ခိုးႀကီးႏိုင္ငံ ျဖစ္လာေလသည္။ ပထမအယ္လစ္ဇဘက္ဘုရင္မ နတ္႐ြာစံၿပီးေနာက္ စေကာ့တလန္ဘုရင္ ဆ႒ဂ်ိမ္းသည္ အဂၤလန္ျပည္၏ ပထမဂ်ိမ္းဘုရင္အျဖစ္ ထီးနန္းဆက္ခံေသာေၾကာင့္ စေကာ့တလန္ႏွင့္ အဂၤလန္ျပည္သည္ ဘုရင္တစ္ဦးတည္းလက္ေအာက္သို႔ က်ေရာက္ခဲ့သည္။

၁၆၈၉ ခုႏွစ္တြင္ ဝီလ်ံဘုရင္ႏွင့္ ေမရီမိဖုရားတို႔ နန္း တက္သည္မွစ၍ အေျခခံစည္းမ်ဥ္းဥပေဒႏွင့္ ပါလီမန္ႏွင့္ အုပ္ ခ်ဳပ္ေသာအစိုးရ ျပန္လည္ေပၚေပါက္လာသည္။ ျပင္သစ္ႏိုင္ငံ ႏွင့္လည္း စစ္ျဖစ္ေလသည္။ ဝီလ်ံဘုရင္နတ္႐ြာစံၿပီးေနာက္ ဒုတိယဂ်ိမ္းဘုရင္၏သမီးေတာ္ အန္းဘုရင္မ (၁၇ဝ၂-၁၇၁၄) ထီးနန္းဆက္ခံေသာအခါ အဂၤလန္ျပည္သည္ စပိန္ထီးနန္း ဆက္ခံေရးစစ္ပြဲႀကီးတြင္ ေအာင္ပန္းဆြတ္ခူးႏိုင္ခဲ့သည္။ အဂၤလန္ ႏွင့္ စေကာ့တလန္ျပည္တို႔သည္ အန္းဘုရင္မလက္ထက္ ၁၇ဝ၇ ခုႏွစ္တြင္မွ ပူးေပါင္းေရးအက္ဥပေဒအရ တစ္ခုတည္းေသာ အစိုးရလက္ေအာက္တြင္ တစ္ခုတည္းေသာတိုင္းျပည္အျဖစ္သို႔ ေရာက္ရွိခဲ့ေလသည္။ အဂၤလန္ျပည္၊ စေကာ့တလန္ျပည္ႏွင့္ ေဝလျပည္တို႔ ပူေပါင္းထားေသာႏိုင္ငံကို ထိုအခ်ိန္မွစ၍ ဂရိတ္ၿဗိတိန္ဟုေခၚသည္။ တစ္ဖန္ ၁၈ဝ၂ ခုႏွစ္၊ ဇန္နဝါရီလ တစ္ရက္ေန႔တြင္ ဂရိတ္ၿဗိတိန္ႏွင့္ အိုင္ယာလန္ ပူးေပါင္းေရးဥပေဒ အတည္ျဖစ္သြားေသာအခါ ထိုေလးျပည္ေထာင္ေပါင္းကို ယူႏိုက္တက္ကင္းဒမ္းဟု မွည့္ေခၚၾကေလသည္။

အဂၤလန္ဟူေသာအမည္သည္ အန္းဂဲလူမ်ိဳးတို႔၏ေျမဟု အဓိပၸာယ္ရေသာ အန္းဂဲလန္းဆိုေသာစကားမွ ျဖစ္ေပၚလာျခင္း ျဖစ္သည္။ အန္းဂဲလူမ်ိဳးတို႔သည္ ခရစ္ေပၚၿပီး ၄ဝဝ ႏွင့္ ၅ဝဝ ျပည့္ႏွစ္မ်ားအတြင္းက ထိုေဒသကို ဝင္ေရာက္တိုက္ခိုက္ေနထိုင္ ၾကေသာေၾကာင့္ျဖစ္သည္။ အဂၤလန္ျပည္၏ ကမ္း႐ိုးတန္းသည္ မိုင္ ၁၈ဝဝ ရွည္ သည္။ အထူးသျဖင့္ အေနာက္ဘက္ကမ္း႐ိုးတန္းသည္ အေကြ႕ အေကာက္မ်ား၍ ျမစ္ဝမ်ားစြာရွိသည္။ ျမင့္မား၍ ေက်ာက္ ထူထပ္ေသာ ကမ္းေစာက္ႀကီးမ်ားရွိသည္။ ေရထဲသို႔ ထိုးထြက္ ေနေသာေက်ာက္ေဆာင္ႀကီးမ်ားလည္း အမ်ားအျပားရွိသည္။ အေနာက္ဘက္ကမ္းတြင္ ေဆာ္လေဝျမစ္ဝ၊ ဖတ္ျမစ္၊ မိုးကမ္း ပင္လယ္ေအာ္ႏွင့္ ဗရစၥတိုေရလက္ၾကား၊ ရစ္ဗယ္၊ မာဆီႏွင့္ ဒီးျမစ္ဝငယ္တို႔ျဖစ္သည္။

အဂၤလန္ရဲ႕ နာမည္ေက်ာ္ သိမ္းျမစ္

အဂၤလန္ျပည္၏ ထင္ရွားေသာျမစ္ႀကီးမ်ားမွာ တြိ၊ တိုင္း၊ တင္း၊ ဟမ္းဗား၊ မာစီ၊ သိမ္း ႏွင့္ ေအဗြန္ျမစ္တို႔ ျဖစ္သည္။ အိုင္ဟူ၍ ႀကီးႀကီးက်ယ္က်ယ္ မရွိ ေသာ္လည္း စတုရန္းမိုင္ ၃ဝ အတြင္း အိုင္ေပါင္း ၁၆ အိုင္ ခန္႔ရွိေသာ လိတ္ဒိစႀတိတ္ေခၚ အိုင္ေဒသဟူ၍ သီးသန္႔ရွိသည္။ ဝီလ်ံဝပ္ဇဝပ္ကဲ့သို႔ေသာ အဂၤလိပ္စာဆိုေတာ္ႀကီးမ်ား၏ အမႊန္း တင္စပ္ဆို ေရးသားမႈေၾကာင့္ ထိုအိုင္ေဒသႏွင့္အိုင္မ်ားသည္ အလြန္ထင္ရွားသည္။

အဂၤလန္ျပည္တြင္ ထင္ရွားေသာကၽြန္းတို႔မွာဗိုက္ကၽြန္း၊ ဖန္းကၽြန္း၊ ဟိုးလီးကၽြန္း၊ ကိုေကး ကၽြန္း၊ ေဖာင္းလနက္ကၽြန္း၊ ေဝါလေနကၽြန္း၊ လြန္ေဒကၽြန္း၊ ဆီလီကၽြန္းႏွင့္ မင္းကၽြန္းတို႔ ျဖစ္သည္။ မင္းကၽြန္းသည္ သူ႕အစိုးရႏွင့္ သူ႕တရားဥပေဒျဖင့္ သီးသန္႔အုပ္ခ်ဳပ္သျဖင့္ အဂၤလန္ျပည္ထဲ၌ လုံးဝပါဝင္သည္ ဟူ၍ကား မဆိုႏိုင္ေခ်။ အဂၤလန္ျပည္၏ လူဦးေရသည္ ၂၀၁၆ခုႏွစ္ စာရင္းအရ ၅၅သန္းျဖစ္သည္။ ပ်မ္းမၽွျခင္းအားျဖင့္ စတုရန္းတစ္မိုင္လၽွင္ လူ ၁၁၀၀ခန္႔ ေနထိုင္ေသာတိုင္းျပည္ ျဖစ္ေလသည္။

အဂၤလန္ျပည္သည္ အီေကြတာမွ ၅ဝ° ေက်ာ္မၽွ ေဝးကြာေသာ္လည္း အျခားထိုမၽွအကြာအေဝးတူ ေဒသမ်ားထက္ ရာသီဥတုမၽွတညီၫြတ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ပင္လယ္ေရျပင္ႀကီး ပတ္လည္ဝိုင္းေနသည္ကတစ္ေၾကာင္း၊ ေႏြးေသာေရစီးေၾကာင္းကပ္၍ စီးသြားသည္ကတစ္ေၾကာင္း ေၾကာင့္ျဖစ္သည္။ အဂၤလန္ျပည္ အေနာက္ေတာင္ပိုင္းတြင္ ေဆာင္းရာသီ၌ အေအးလြန္ကဲျခင္းမရွိဘဲ ႏွင္းလည္းမက်ေခ်။ အလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမူကား အေနာက္ပိုင္းထက္ပို၍ေအးသည္။ တစ္ျပည္လုံးတြင္အေအးဆုံးလျဖစ္ေသာ ဇန္နဝါရီလ၌ ပ်မ္းမၽွအပူခ်ိန္ ဖာရင္ဟိုက္ ၄ဝ°ရွိ၍ အပူဆုံးလျဖစ္ေသာ ဇူလိုင္လတြင္ ပ်မ္းမၽွအပူခ်ိန္ ဖာရင္ဟိုက္ ၆၁.၅°ရွိသည္။

အဂၤလန္ျပည္၏ ရာသီဥတုတြင္ ႏွင္းပိတ္မ်ား က်ျခင္းသည္ ထူးျခားေသာအခ်က္တစ္ရပ္ျဖစ္သည္။ တစ္ခါတစ္ရံ မည္မၽွ ထူထဲစြာက်သနည္းဟူမူ ေမာ္ေတာ္ကားမ်ားသြား၍မရ၊ လူမ်ားလမ္းေလၽွာက္၍မရေအာင္ တစ္ဦးႏွင့္တစ္ဦး မျမင္ရသည့္အေျခအထိ ျဖစ္သည္။ အထူးသျဖင့္ လန္ဒန္ၿမိဳ႕တြင္ အဆိုးဆုံးျဖစ္ရာ၊ စက္႐ုံႀကီးမ်ားမွ မီးခိုးမ်ားႏွင့္ေရာကာ မဲေမွာင္ပိတ္ဖုံး၍ ေနတတ္ေလသည္။

လန္ဒန္ၿမဳိ႕

အဂၤလန္ျပည္၏ အေရးႀကီးဆုံးေသာ သဘာဝဓာတ္သတၱဳမ်ားမွာ သံႏွင့္ေက်ာက္မီးေသြးျဖစ္သည္။ ထို႔ေၾကာင့္လည္း အဂၤလန္ျပည္သည္ စက္မႈႏိုင္ငံႀကီးအျဖစ္ ထင္ရွားျခင္း ျဖစ္သည္။ သံႏွင့္ ေက်ာက္မီးေသြးကို ပင္းႏိုင္းေတာင္တန္းတြင္ အမ်ားဆုံးရရွိသည္။ တစ္ႏွစ္တစ္ႏွစ္လၽွင္ ေက်ာက္မီးေသြး တန္ခ်ိန္ သန္း ၂၆ဝ ေက်ာ္တူးေဖာ္ရရွိသည္။ ေက်ာက္မီးေသြးတြင္း ေဒသမ်ားအနီးတြင္ သံႏွင့္ထုံးေက်ာက္ မ်ားစြာထြက္ေသာ ေဒသမ်ားရွိသျဖင့္ အဂၤလန္ျပည္အလယ္ပိုင္းသည္ သံႏွင့္ဆိုင္သည့္ စက္မႈလုပ္ငန္းထြန္းကားရာ အရပ္ျဖစ္ေနေလသည္။ ခဲႏွင့္သံျဖဴကိုလည္း ေက်ာက္ေတာင္ထူထပ္ေသာ ဒက္ဗြန္ႏွင့္ ကြန္းေဝါ ခ႐ိုင္တို႔တြင္ ေတြ႕ရွိရသည္။ ေၾကးနီ၊ သြပ္၊ ဆား၊ ဂ်စ္ပဆမ္မ်ားလည္း အနည္းငယ္စီထြက္သည္။

အဂၤလန္ကမ္းေျခအလြန္ ေျမာက္ပင္လယ္ထဲတြင္ ကြန္တီနင္တယ္ရွဲ႕ေခၚ ေရအလြန္တိမ္သည့္ေဒသရွိရာ ငါးမ်ားေပါက္ ဖြားခိုလႈံရန္ အလြန္ေကာင္းသျဖင့္ အဂၤလန္ကမ္း႐ိုးတန္း တစ္ေလၽွာက္တြင္ တံငါလုပ္ငန္းကို အႀကီးအက်ယ္လုပ္ကိုင္ၾကသည္။ ေနရာအက်ယ္အဝန္းႏွင့္မလိုက္ေအာင္ ထူထပ္မ်ားျပား ေသာ အဂၤလန္လူဦးေရအတြက္ ကမ္းလြန္ေရတိမ္ေဒသမွ မ်ားျပားစြာရေသာငါးအမ်ိဳးမ်ိဳးက စားေရရိကၡာဖူလုံေစသည္။ အမ်ားဆုံးရရွိေသာငါးမ်ိဳးမွာ ဟက္ဒဂ္၊ ဟဲရင္း၊ မက္ကရဲငါးမ်ား ျဖစ္သည္။ ဟား၊ ဟားေမာက္ႏွင့္ ဂရင္းစဗီးၿမိဳ႕မ်ားသည္ တံငါလုပ္ငန္း အႀကီးအက်ယ္လုပ္ကိုင္ရာၿမိဳ႕ႀကီးမ်ားျဖစ္သည္။ ထိုၿမိဳ႕ မ်ားမွတစ္ဆင့္ ကမၻာ့အႀကီးဆုံးေသာ ငါးေဈးၿမိဳ႕ႀကီးျဖစ္သည့္ လန္ဒန္ၿမိဳ႕သို႔ တင္ပို႔ၾကေလသည္။ အဂၤလန္ျပည္တြင္ သစ္ေတာ အတန္ငယ္ရွိေသာ္လည္း၊ သစ္လုပ္ငန္းကို ႀကီးအက်ယ္ မလုပ္ကိုင္ၾကေခ်။

အဂၤလန္ျပည္၏စီးပြားေရးသည္ စက္မႈလုပ္ငန္းေပၚ၌ အဓိကတည္ေနသည္။ စက္မႈလုပ္ငန္းမ်ားသည္ သံႏွင့္ ေက်ာက္မီးေသြးထြက္ရာ အဂၤလန္ျပည္အလယ္ပိုင္း၌ မ်ားေသာအားျဖင့္ ရွိၾကသည္။ ဗာမင္ဂမ္ၿမိဳ႕တြင္ အဂၤလန္ျပည္၏ သံမဏိစက္႐ုံႀကီးမ်ား အမ်ားဆုံးတည္ရွိသည္။
ဘာမင္ဂမ္ ၿမိဳ႕၏ေျမာက္ဘက္ အိုင္းရစ္ပင္လယ္ႏွင့္ ေျမာက္ပင္လယ္ၾကား အလယ္ဗဟိုခန္႔တြင္တည္ရွိေသာ ရွက္ဖီးၿမိဳ႕သည္လည္း သံမဏိ လုပ္ငန္းၿမိဳ႕ႀကီးျဖစ္သည္။ အထူးသျဖင့္ ဓား၊ ကပ္ေၾကး စေသာ သံမဏိထည္မ်ားအတြက္ ရွက္ဖီးၿမိဳ႕သည္ေက်ာ္ၾကားသည္။

ရွက္ဖီးၿမိဳ႕ေျမာက္ဘက္နားရွိ လိၿမိဳ႕သည္ သိုးေမြးထည္ လုပ္ငန္း၌လည္းေကာင္း၊ ရွက္ဖီးၿမိဳ႕ အေနာက္ေျမာက္ရွိ မန္ခ်က္စတာၿမိဳ႕သည္ ခ်ည္ထည္လုပ္ငန္း၌လည္းေကာင္း၊ လိၿမိဳ႕အနီးရွိ ဗရက္ဒဖို႔ၿမိဳ႕သည္ ခ်ည္ထည္ႏွင့္ပိုးထည္လုပ္ငန္းမ်ား အတြက္လည္းေကာင္း၊ လန္ဒန္ၿမိဳ႕ အေနာက္ဘက္၌တည္ရွိေသာ ဗရစၥတိုၿမိဳ႕သည္ ဖန္ထည္၊ ဓာတုေဗဒပစၥည္း၊ ဆပ္ျပာ၊ သၾကား စေသာလုပ္ငန္းမ်ားအတြက္လည္းေကာင္း ေက်ာ္ၾကားသည္။ လစ္ဗာပူၿမိဳ႕တြင္ သေဘၤာတည္သည့္လုပ္ငန္း အႀကီးအက်ယ္ လုပ္ကိုင္သည္။

အဂၤလန္ျပည္တြင္ လယ္ယာလုပ္ငန္းသည္ စက္မႈလုပ္ငန္း၏ ငါးပုံတစ္ပုံခန္႔သာရွိေသာ္လည္း အေရးႀကီးေသာ လုပ္ငန္းဟုကား ဆိုရေပမည္။ အထူးသျဖင့္ ဂ်ဳံ၊ မုေယာ၊ ျမင္းစားဂ်ဳံ၊ အာလူးတို႔ကို အဓိကစိုက္ပ်ိဳးၾကသည္။ အဂၤလန္ျပည္သည္ မိုးအလြန္မ်ား၍ ျမက္ေပါသျဖင့္ ႏြား၊ သိုး၊ ဝက္ စေသာတိရစၧာန္မ်ားကို အႀကီးအက်ယ္ေမြးျမဴၾကသည္။

အဂၤလန္ႏုိင္ငံံရဲ႕ စိတ္၀င္စားဖြယ္ အခ်က္တခ်ဳိ႕

အဂၤလန္ႏုိင္ငံရဲ႕ၿမဳိ႕ေတာ္မွာ လန္ဒန္ၿမဳိ႕ျဖစ္ၿပီး လူဦးေရ ၈.၈သန္းခန္႔ ေနထုိင္သည္။ အျခားထင္ရွားေသာ ၿမဳိ႕ႀကီးမ်ားမွာ ဘာမင္ဂမ္ ၊ မန္ခ်က္စတာ ၊ နယ္သာလန္ ၊ ရွက္ဖီး ၊ နယူးကတ္ဆဲလ္ နဲ႔ လိဒ္ တုိ႔ျဖစ္သည္။

ေအဒီ ၁၁ရာစုမွ ၁၄ရာစုအတြင္းတြင္ ျပင္သစ္ဘာသာစကားသည္ အဂၤလန္တရား၀င္ဘာသာစကားအျဖစ္ ႏွစ္ေပါင္း ၃၀၀ေက်ာ္ ျဖစ္ခဲ့ဖူးသည္။

ထင္ရွားေသာ အဂၤလန္သိပၸံ ႏွင့္ ရုပေဗဒပညာရွင္ႀကီးမ်ားမွာ ခ်ားလ္ဒါ၀င္ ၊ မုိက္ကယ္ဖာရာေဒး ၊ နယူတန္ ႏွင့္ စတီဖင္ေဟာ့ဖ္ကင္း တုိ႔ျဖစ္ၾကသည္။

အဂၤလန္ႏုိင္ငံ၏ အရွည္ဆုံးျမစ္မွာ သိမ္းျမစ္ျဖစ္ၿပီး မုိင္ေပါင္း ၂၁၅မုိင္ ရွည္လ်ားသည္။

အဂၤလန္ႏုိင္ငံ၏ အႀကီးဆုံးေရကန္မွာ Windermere ျဖစ္သည္။

အျမင့္ဆုံးေတာင္မွာ Scafell Pike ေတာင္ျဖစ္ၿပီး အျမင့္ေပ ၃၂၀၉ေပ ျမင့္မားသည္။

ကမာၻ႔စီးပြားေရးအားအေကာင္းဆုံးႏုိင္ငံမ်ားစာရင္းတြင္ပါ၀င္ၿပီး ေပါင္စတာလင္ ေငြေၾကးကို အသုံးျပဳသည္။

အဂၤလိပ္ပညာရွင္ Tim Berners-Lee က ယေန႔အင္တာနက္၏ အစျဖစ္သည့္ World Wide Web ကုိ တီထြင္ဖန္တီးခဲ့သည္။

အဂၤလိပ္လူမ်ဳိးမ်ားသည္ ကမာၻေပၚတြင္ လက္ဖက္ရည္အေသာက္ဆုံးလူမ်ဳိးမ်ားျဖစ္ၿပီး ဂ်ပန္လူမ်ဳိးမ်ားထက္ပင္ ၂ဆခြဲခန္႔ ပုိေသာက္ေလ့ရွိသည္။

ကမာၻေပၚတြင္ အတုိဆုံးစစ္ပြဲမွာ ၁၈၉၆ခုႏွစ္က အဂၤလန္ ႏွင့္ ဇန္ဇီးဘားႏုိင္ငံတုိ႔ တုိက္ခိုက္ခဲ့ေသာစစ္ပြဲျဖစ္ၿပီး ၃၈မိနစ္သာ ၾကာျမင့္သည္။

အဂၤလန္တစ္ႏုိင္ငံတည္းတြင္ ဂြ်န္စမစ္ ဟူေသာအမည္ေပးထားသူေပါင္း ၃ေသာင္းခန္႔ရွိသည္။

ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၅
England Country facts


အင်္ဂလန်နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

အင်္ဂလန်သည် နိုင်ငံတစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ အင်္ဂလန်သည် မြောက်ဘက်တွင် စကော့တလန်နိုင်ငံ၊ အနောက်ဘက်တွင် ဝေလနိုင်ငံတို့နှင့် ကုန်းမြေခြင်း ထိစပ်လျက် ရှိပြီး အနောက်မြောက်ဘက်တွင် အိုင်းရစ်ရှ်ပင်လယ်၊ အနောက်တောင်ဘက်တွင် ဆဲလ်တစ် ပင်လယ်၊ အရှေ့ဘက်တွင် မြောက်ပင်လယ် တို့နှင့် ထိစပ်လျက် ရှိသည်။ အရှေ့ဘက်တွင်မူ ဥရောပတိုက်နှင့် အင်္ဂလိပ်ရေလက်ကြား ခြားနားလျက် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၅၀၃၀၁မိုင်သာရှိပြီး အမေရိကန်ထက် ၇၄ဆ သေးငယ်သည်။
အင်္ဂလန်နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ဂရိတ် ဗြိတိန်ကျွန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ တို့တွင် တည်ရှိသည်။ ထို့ပြင် စီလီကျွန်းစုများ နှင့် ဝိုက်ကျွန်းစုများ အစရှိသည့် ကျွန်းငယ် အများအပြားလည်း ပါဝင်သည်။

ယခုအချိန်တွင် အင်္ဂလန်ဟု ခေါ်ဆိုကြသော နေရာမှာ လူသားတို့ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Palaeolithic period) ကာလကပင် အခြေချ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံ၏ အမည်မှာ ၅ ရာစုနှင့် ၆ ရာစု များအတွင်း အခြေချ နေထိုင်ခဲ့ကြသည့် ဂျာမန်လူမျိုးစု တစ်စုဖြစ်သော အိန်ဂျယ်လ် လူမျိုးစု၏ အမည်ကို ယူထားခြင်း ဖြစ်သည်။ ခရစ်မပေါ်မီ နှစ်ပေါင်းများစွာကပင် ဂရိ၊ ဖီနီရှန်းနှင့် ကားသေ့လူမျိုးများသည် အင်္ဂလန်ပြည်သို့ လာရောက်နေထိုင်ကြသည်။ ဘီစီ ၁,ဝဝဝ ခန့်က ကဲ့လူမျိုးများ စတင်ဝင်ရောက် နေထိုင်ကြသည်။ ဘီစီ ၅၅ ခုနှစ်ခန့်တွင် ဂျူးလယပ်ဆီဇာက ဝင်ရောက်သိမ်းပိုက်သည်။ ထိုအချိန်မှစ၍ ရောမယဉ်ကျေးမှုသည် အင်္ဂလန်ပြည်၌ ထွန်းကားလာသည်။ လမ်းများ၊ ရေသွယ်မြောင်းများတည်ဆောက်ခြင်း၊ မြို့ကွက်များပြုလုပ်ခြင်း၊ ခရစ်ယာန်အယူဝါဒ ဝင်ရောက်လာခြင်းတို့ဖြစ်လာသည်။

သို့ရာတွင် ငါးရာစုနှစ်ခန့်၌ ရောမတပ်များ ပြန်လည်ရုပ်သိမ်းသွားသောအခါ ဂျု၊ ဆက်ဆွန်၊ အန်းဂဲလူမျိုးများ ဝင်ရောက်သိမ်းပိုက် နေထိုင်ကြပြန်သည်။ အန်းဂဲနှင့် ဆက်ဆွန်လူမျိုးတို့သည် ၈၂၇ ခုနှစ်တိုင် အမြဲတိုက်ခိုက်ခဲ့ကြသည်။ ထိုနှစ်တွင် ဝက်ဆက်ဘုရင် အဂ္ဂဗတ်က တစ်ပြည်လုံးကိုသိမ်းပိုက်လိုက်ကာ အန်းဂဲလန်းဟု မှည့်ခေါ်လိုက်သည်။ ဤသည်ကစ၍ အင်္ဂလန်ပြည်ဟု လူသိများလာသည်။ အင်္ဂလန်နိုင်ငံသည် အေဒီ ၉၂၇ ခုနှစ်တွင် တစ်စုတစ်စည်းတည်း ဖြစ်ခဲ့ပြီး စူးစမ်း ရှာဖွေရေးခေတ် (Age of Discovery) ဟုခေါ်သည့် ၁၅ ရာစုနှစ်တွင်ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာအားဖြင့် တစ်ကမ္ဘာလုံးသို့ ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။

အင်္ဂလိပ်ဘာသာ၊ အင်္ဂလိကန်ဘုရားကျောင်းနှင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံအတော်များများရှိ တရားဥပဒေ စနစ် အတော်များများ၏ အခြေခံ ဖြစ်သော အင်္ဂလိပ် ဥပဒေတို့ကို အင်္ဂလန်တွင် တီထွင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံ အစိုးရ၏ ပါလီမန်စနစ် ပုံစံကိုလည်း နိုင်ငံ အတော်များများတွင် ကျင့်သုံးလျက် ရှိကြသည်။ စက်မှုတော်လှန်ရေးသည် အင်္ဂလန်တွင် ၁၈ ရာစု၌ စတင်ဖြစ်ပွားခဲ့ပြီး လူ့အဖွဲ့အစည်းကို ကမ္ဘာပေါ်တွင် ပထမဆုံး စက်မှုထွန်းကားသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ ပေးခဲ့သည်။ အင်္ဂလန်ရှိ တော်ဝင်အဖွဲ့အစည်းသည် ခေတ်သစ် သိပ္ပံစမ်းသပ်မှုများ၏ အခြေခံ အုတ်မြစ်ကို ချပေးခဲ့သည်။

နော်မန်ဒီရှိ နယ်ပယ်အချို့ကိစ္စမှစ၍ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ၁၃၃၈ ခုနှစ်မှ ၁၄၅၃ ခုနှစ်အတွင်း နှစ်တစ်ရာစစ်ပွဲကြီးဖြစ်ပွားခဲ့ကြသည်။ ထိုစစ်ပွဲသည် တတိယအက်ဒွပ်ဘုရင်လက်ထက်မှစ၍ မင်းငါးဆက်တိုင်သည်။ ထိုစစ်ပွဲကြောင့်အင်္ဂလိပ်တို့သည်ပြင်သစ်နိုင်ငံရှိ နယ်မြေအားလုံးကို ဆုံးရှုံးခဲ့ရရုံမက စစ်ကြောင့် ပြည်သူတို့ ဆင်းရဲငတ်မွတ်ခေါင်းပါး၍ကျန်ခဲ့သည်။ ၁၃၄၈-၄၉ ခုနှစ်တွင်ဖြစ်ပွားသော ပလိပ်ကပ်ရောဂါကြောင့် အင်္ဂလန်ပြည်လူဦးရေ သုံးပုံတစ်ပုံ ပျက်စီးခဲ့ရပြန်ရာ အင်္ဂလန်ပြည်သည် ထိုအချိန်၌ ဒုက္ခပင်လယ်ဝေလျက်ရှိသည်။ ထိုသို့ဖြစ်၍မျှ အတောမသတ်သေးမီတွင် မှူးမတ်အချင်းချင်း အာဏာလုသော နှင်းဆီစစ်ပွဲ(၁၄၅၅-၈၅) ဖြစ်ပွားလာပြန်သည်။ ထိုစစ်ပွဲ၌ အင်္ဂလန်ပြည်ကို အုပ်စိုးသောဘုရင်အား ဒုက္ခပေးတတ်သည့် မှူးကြီးမတ်ငယ်တို့သည် များစွာကျဆုံးပျက်စီးကြလေသည်။

ထို့ကြောင့် ဘုရင်အား တော်လှန်နိုင်လောက်သော တန်ခိုးအင်အားကြီးမားသည့် မှူးမတ်ဟူ၍ များစွာမကျန်တော့ချေ။ သေဆုံးသူမှူးမတ်များနှင့် ကျန်ရစ်၍ဘုရင်အား ပုန်ကန်ရန် ကြိုးစားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသော မှူးမတ်များ၏ နယ်မြေပေါင်းများစွာကို ဘုရင်ကပြန်လည်ရရှိရာ စတုတ္ထ အက် ဒွပ်ဘုရင်သည် တန်ခိုးအာဏာသာမက ငွေကြေးအင်အားလည်း အလွန်ကြီးလာလေသည်။ ထို့ကြောင့် ငွေကြေးတောင်းခံရန်အတွက် ပါလီမန်အစည်းဝေးကို ခေါ်ဖို့မလိုခဲ့ချေ။ ပါလီမန်ကို မှီခိုအားထားခြင်းမပြု၊ စည်းစိမ်ရစ်၍သာနေသဖြင့် အင်္ဂလန်ပြည်သည် တိုးတက်လာသည်ဟူ၍ မရှိချေ။

အဋ္ဌမဟင်နရီဘုရင်၏သမီးတော် ၁၅၅၈ ခုနှစ်တွင် နန်းတက်သော ပထမအယ်လစ်ဇဘက်ဘုရင်မ လက်ထက်တွင် အင်္ဂလန်ပြည်သည် ဖွံ့ဖြိုးတိုးတက်လာ၍ အင်္ဂလန်ပြည်သည် တန်ခိုးကြီးနိုင်ငံ ဖြစ်လာလေသည်။ ပထမအယ်လစ်ဇဘက်ဘုရင်မ နတ်ရွာစံပြီးနောက် စကော့တလန်ဘုရင် ဆဋ္ဌဂျိမ်းသည် အင်္ဂလန်ပြည်၏ ပထမဂျိမ်းဘုရင်အဖြစ် ထီးနန်းဆက်ခံသောကြောင့် စကော့တလန်နှင့် အင်္ဂလန်ပြည်သည် ဘုရင်တစ်ဦးတည်းလက်အောက်သို့ ကျရောက်ခဲ့သည်။

၁၆၈၉ ခုနှစ်တွင် ဝီလျံဘုရင်နှင့် မေရီမိဖုရားတို့ နန်း တက်သည်မှစ၍ အခြေခံစည်းမျဉ်းဥပဒေနှင့် ပါလီမန်နှင့် အုပ် ချုပ်သောအစိုးရ ပြန်လည်ပေါ်ပေါက်လာသည်။ ပြင်သစ်နိုင်ငံ နှင့်လည်း စစ်ဖြစ်လေသည်။ ဝီလျံဘုရင်နတ်ရွာစံပြီးနောက် ဒုတိယဂျိမ်းဘုရင်၏သမီးတော် အန်းဘုရင်မ (၁၇ဝ၂-၁၇၁၄) ထီးနန်းဆက်ခံသောအခါ အင်္ဂလန်ပြည်သည် စပိန်ထီးနန်း ဆက်ခံရေးစစ်ပွဲကြီးတွင် အောင်ပန်းဆွတ်ခူးနိုင်ခဲ့သည်။ အင်္ဂလန် နှင့် စကော့တလန်ပြည်တို့သည် အန်းဘုရင်မလက်ထက် ၁၇ဝ၇ ခုနှစ်တွင်မှ ပူးပေါင်းရေးအက်ဥပဒေအရ တစ်ခုတည်းသော အစိုးရလက်အောက်တွင် တစ်ခုတည်းသောတိုင်းပြည်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ အင်္ဂလန်ပြည်၊ စကော့တလန်ပြည်နှင့် ဝေလပြည်တို့ ပူပေါင်းထားသောနိုင်ငံကို ထိုအချိန်မှစ၍ ဂရိတ်ဗြိတိန်ဟုခေါ်သည်။ တစ်ဖန် ၁၈ဝ၂ ခုနှစ်၊ ဇန်နဝါရီလ တစ်ရက်နေ့တွင် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် ပူးပေါင်းရေးဥပဒေ အတည်ဖြစ်သွားသောအခါ ထိုလေးပြည်ထောင်ပေါင်းကို ယူနိုက်တက်ကင်းဒမ်းဟု မှည့်ခေါ်ကြလေသည်။

အင်္ဂလန်ဟူသောအမည်သည် အန်းဂဲလူမျိုးတို့၏မြေဟု အဓိပ္ပာယ်ရသော အန်းဂဲလန်းဆိုသောစကားမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အန်းဂဲလူမျိုးတို့သည် ခရစ်ပေါ်ပြီး ၄ဝဝ နှင့် ၅ဝဝ ပြည့်နှစ်များအတွင်းက ထိုဒေသကို ဝင်ရောက်တိုက်ခိုက်နေထိုင် ကြသောကြောင့်ဖြစ်သည်။ အင်္ဂလန်ပြည်၏ ကမ်းရိုးတန်းသည် မိုင် ၁၈ဝဝ ရှည် သည်။ အထူးသဖြင့် အနောက်ဘက်ကမ်းရိုးတန်းသည် အကွေ့ အကောက်များ၍ မြစ်ဝများစွာရှိသည်။ မြင့်မား၍ ကျောက် ထူထပ်သော ကမ်းစောက်ကြီးများရှိသည်။ ရေထဲသို့ ထိုးထွက် နေသောကျောက်ဆောင်ကြီးများလည်း အများအပြားရှိသည်။ အနောက်ဘက်ကမ်းတွင် ဆော်လဝေမြစ်ဝ၊ ဖတ်မြစ်၊ မိုးကမ်း ပင်လယ်အော်နှင့် ဗရစ္စတိုရေလက်ကြား၊ ရစ်ဗယ်၊ မာဆီနှင့် ဒီးမြစ်ဝငယ်တို့ဖြစ်သည်။

အင်္ဂလန်ပြည်၏ ထင်ရှားသောမြစ်ကြီးများမှာ တွိ၊ တိုင်း၊ တင်း၊ ဟမ်းဗား၊ မာစီ၊ သိမ်း နှင့် အေဗွန်မြစ်တို့ ဖြစ်သည်။ အိုင်ဟူ၍ ကြီးကြီးကျယ်ကျယ် မရှိ သော်လည်း စတုရန်းမိုင် ၃ဝ အတွင်း အိုင်ပေါင်း ၁၆ အိုင် ခန့်ရှိသော လိတ်ဒိစတြိတ်ခေါ် အိုင်ဒေသဟူ၍ သီးသန့်ရှိသည်။ ဝီလျံဝပ်ဇဝပ်ကဲ့သို့သော အင်္ဂလိပ်စာဆိုတော်ကြီးများ၏ အမွှန်း တင်စပ်ဆို ရေးသားမှုကြောင့် ထိုအိုင်ဒေသနှင့်အိုင်များသည် အလွန်ထင်ရှားသည်။

အင်္ဂလန်ပြည်တွင် ထင်ရှားသောကျွန်းတို့မှာဗိုက်ကျွန်း၊ ဖန်းကျွန်း၊ ဟိုးလီးကျွန်း၊ ကိုကေး ကျွန်း၊ ဖောင်းလနက်ကျွန်း၊ ဝေါလနေကျွန်း၊ လွန်ဒေကျွန်း၊ ဆီလီကျွန်းနှင့် မင်းကျွန်းတို့ ဖြစ်သည်။ မင်းကျွန်းသည် သူ့အစိုးရနှင့် သူ့တရားဥပဒေဖြင့် သီးသန့်အုပ်ချုပ်သဖြင့် အင်္ဂလန်ပြည်ထဲ၌ လုံးဝပါဝင်သည် ဟူ၍ကား မဆိုနိုင်ချေ။ အင်္ဂလန်ပြည်၏ လူဦးရေသည် ၂၀၁၆ခုနှစ် စာရင်းအရ ၅၅သန်းဖြစ်သည်။ ပျမ်းမျှခြင်းအားဖြင့် စတုရန်းတစ်မိုင်လျှင် လူ ၁၁၀ဝခန့် နေထိုင်သောတိုင်းပြည် ဖြစ်လေသည်။

အင်္ဂလန်ပြည်သည် အီကွေတာမှ ၅ဝ° ကျော်မျှ ဝေးကွာသော်လည်း အခြားထိုမျှအကွာအဝေးတူ ဒေသများထက် ရာသီဥတုမျှတညီညွတ်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေပြင်ကြီး ပတ်လည်ဝိုင်းနေသည်ကတစ်ကြောင်း၊ နွေးသောရေစီးကြောင်းကပ်၍ စီးသွားသည်ကတစ်ကြောင်း ကြောင့်ဖြစ်သည်။ အင်္ဂလန်ပြည် အနောက်တောင်ပိုင်းတွင် ဆောင်းရာသီ၌ အအေးလွန်ကဲခြင်းမရှိဘဲ နှင်းလည်းမကျချေ။ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသမူကား အနောက်ပိုင်းထက်ပို၍အေးသည်။ တစ်ပြည်လုံးတွင်အအေးဆုံးလဖြစ်သော ဇန်နဝါရီလ၌ ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၄ဝ°ရှိ၍ အပူဆုံးလဖြစ်သော ဇူလိုင်လတွင် ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၆၁.၅°ရှိသည်။

အင်္ဂလန်ပြည်၏ ရာသီဥတုတွင် နှင်းပိတ်များ ကျခြင်းသည် ထူးခြားသောအချက်တစ်ရပ်ဖြစ်သည်။ တစ်ခါတစ်ရံ မည်မျှ ထူထဲစွာကျသနည်းဟူမူ မော်တော်ကားများသွား၍မရ၊ လူများလမ်းလျှောက်၍မရအောင် တစ်ဦးနှင့်တစ်ဦး မမြင်ရသည့်အခြေအထိ ဖြစ်သည်။ အထူးသဖြင့် လန်ဒန်မြို့တွင် အဆိုးဆုံးဖြစ်ရာ၊ စက်ရုံကြီးများမှ မီးခိုးများနှင့်ရောကာ မဲမှောင်ပိတ်ဖုံး၍ နေတတ်လေသည်။

အင်္ဂလန်ပြည်၏ အရေးကြီးဆုံးသော သဘာဝဓာတ်သတ္တုများမှာ သံနှင့်ကျောက်မီးသွေးဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလန်ပြည်သည် စက်မှုနိုင်ငံကြီးအဖြစ် ထင်ရှားခြင်း ဖြစ်သည်။ သံနှင့် ကျောက်မီးသွေးကို ပင်းနိုင်းတောင်တန်းတွင် အများဆုံးရရှိသည်။ တစ်နှစ်တစ်နှစ်လျှင် ကျောက်မီးသွေး တန်ချိန် သန်း ၂၆ဝ ကျော်တူးဖော်ရရှိသည်။ ကျောက်မီးသွေးတွင်း ဒေသများအနီးတွင် သံနှင့်ထုံးကျောက် များစွာထွက်သော ဒေသများရှိသဖြင့် အင်္ဂလန်ပြည်အလယ်ပိုင်းသည် သံနှင့်ဆိုင်သည့် စက်မှုလုပ်ငန်းထွန်းကားရာ အရပ်ဖြစ်နေလေသည်။ ခဲနှင့်သံဖြူကိုလည်း ကျောက်တောင်ထူထပ်သော ဒက်ဗွန်နှင့် ကွန်းဝေါ ခရိုင်တို့တွင် တွေ့ရှိရသည်။ ကြေးနီ၊ သွပ်၊ ဆား၊ ဂျစ်ပဆမ်များလည်း အနည်းငယ်စီထွက်သည်။

အင်္ဂလန်ကမ်းခြေအလွန် မြောက်ပင်လယ်ထဲတွင် ကွန်တီနင်တယ်ရှဲ့ခေါ် ရေအလွန်တိမ်သည့်ဒေသရှိရာ ငါးများပေါက် ဖွားခိုလှုံရန် အလွန်ကောင်းသဖြင့် အင်္ဂလန်ကမ်းရိုးတန်း တစ်လျှောက်တွင် တံငါလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ကြသည်။ နေရာအကျယ်အဝန်းနှင့်မလိုက်အောင် ထူထပ်များပြား သော အင်္ဂလန်လူဦးရေအတွက် ကမ်းလွန်ရေတိမ်ဒေသမှ များပြားစွာရသောငါးအမျိုးမျိုးက စားရေရိက္ခာဖူလုံစေသည်။ အများဆုံးရရှိသောငါးမျိုးမှာ ဟက်ဒဂ်၊ ဟဲရင်း၊ မက်ကရဲငါးများ ဖြစ်သည်။ ဟား၊ ဟားမောက်နှင့် ဂရင်းစဗီးမြို့များသည် တံငါလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ရာမြို့ကြီးများဖြစ်သည်။ ထိုမြို့ များမှတစ်ဆင့် ကမ္ဘာ့အကြီးဆုံးသော ငါးဈေးမြို့ကြီးဖြစ်သည့် လန်ဒန်မြို့သို့ တင်ပို့ကြလေသည်။ အင်္ဂလန်ပြည်တွင် သစ်တော အတန်ငယ်ရှိသော်လည်း၊ သစ်လုပ်ငန်းကို ကြီးအကျယ် မလုပ်ကိုင်ကြချေ။

အင်္ဂလန်ပြည်၏စီးပွားရေးသည် စက်မှုလုပ်ငန်းပေါ်၌ အဓိကတည်နေသည်။ စက်မှုလုပ်ငန်းများသည် သံနှင့် ကျောက်မီးသွေးထွက်ရာ အင်္ဂလန်ပြည်အလယ်ပိုင်း၌ များသောအားဖြင့် ရှိကြသည်။ ဗာမင်ဂမ်မြို့တွင် အင်္ဂလန်ပြည်၏ သံမဏိစက်ရုံကြီးများ အများဆုံးတည်ရှိသည်။
ဘာမင်ဂမ် မြို့၏မြောက်ဘက် အိုင်းရစ်ပင်လယ်နှင့် မြောက်ပင်လယ်ကြား အလယ်ဗဟိုခန့်တွင်တည်ရှိသော ရှက်ဖီးမြို့သည်လည်း သံမဏိ လုပ်ငန်းမြို့ကြီးဖြစ်သည်။ အထူးသဖြင့် ဓား၊ ကပ်ကြေး စသော သံမဏိထည်များအတွက် ရှက်ဖီးမြို့သည်ကျော်ကြားသည်။

ရှက်ဖီးမြို့မြောက်ဘက်နားရှိ လိမြို့သည် သိုးမွေးထည် လုပ်ငန်း၌လည်းကောင်း၊ ရှက်ဖီးမြို့ အနောက်မြောက်ရှိ မန်ချက်စတာမြို့သည် ချည်ထည်လုပ်ငန်း၌လည်းကောင်း၊ လိမြို့အနီးရှိ ဗရက်ဒဖို့မြို့သည် ချည်ထည်နှင့်ပိုးထည်လုပ်ငန်းများ အတွက်လည်းကောင်း၊ လန်ဒန်မြို့ အနောက်ဘက်၌တည်ရှိသော ဗရစ္စတိုမြို့သည် ဖန်ထည်၊ ဓာတုဗေဒပစ္စည်း၊ ဆပ်ပြာ၊ သကြား စသောလုပ်ငန်းများအတွက်လည်းကောင်း ကျော်ကြားသည်။ လစ်ဗာပူမြို့တွင် သင်္ဘောတည်သည့်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်သည်။

အင်္ဂလန်ပြည်တွင် လယ်ယာလုပ်ငန်းသည် စက်မှုလုပ်ငန်း၏ ငါးပုံတစ်ပုံခန့်သာရှိသော်လည်း အရေးကြီးသော လုပ်ငန်းဟုကား ဆိုရပေမည်။ အထူးသဖြင့် ဂျုံ၊ မုယော၊ မြင်းစားဂျုံ၊ အာလူးတို့ကို အဓိကစိုက်ပျိုးကြသည်။ အင်္ဂလန်ပြည်သည် မိုးအလွန်များ၍ မြက်ပေါသဖြင့် နွား၊ သိုး၊ ဝက် စသောတိရစ္ဆာန်များကို အကြီးအကျယ်မွေးမြူကြသည်။

အင်္ဂလန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့

အင်္ဂလန်နိုင်ငံရဲ့မြို့တော်မှာ လန်ဒန်မြို့ဖြစ်ပြီး လူဦးရေ ၈.၈သန်းခန့် နေထိုင်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ဘာမင်ဂမ် ၊ မန်ချက်စတာ ၊ နယ်သာလန် ၊ ရှက်ဖီး ၊ နယူးကတ်ဆဲလ် နဲ့ လိဒ် တို့ဖြစ်သည်။

အေဒီ ၁၁ရာစုမှ ၁၄ရာစုအတွင်းတွင် ပြင်သစ်ဘာသာစကားသည် အင်္ဂလန်တရားဝင်ဘာသာစကားအဖြစ် နှစ်ပေါင်း ၃၀၀ကျော် ဖြစ်ခဲ့ဖူးသည်။

ထင်ရှားသော အင်္ဂလန်သိပ္ပံ နှင့် ရုပဗေဒပညာရှင်ကြီးများမှာ ချားလ်ဒါဝင် ၊ မိုက်ကယ်ဖာရာဒေး ၊ နယူတန် နှင့် စတီဖင်ဟော့ဖ်ကင်း တို့ဖြစ်ကြသည်။

အင်္ဂလန်နိုင်ငံ၏ အရှည်ဆုံးမြစ်မှာ သိမ်းမြစ်ဖြစ်ပြီး မိုင်ပေါင်း ၂၁၅မိုင် ရှည်လျားသည်။

အင်္ဂလန်နိုင်ငံ၏ အကြီးဆုံးရေကန်မှာ Windermere ဖြစ်သည်။

အမြင့်ဆုံးတောင်မှာ Scafell Pike တောင်ဖြစ်ပြီး အမြင့်ပေ ၃၂၀၉ပေ မြင့်မားသည်။

ကမ္ဘာ့စီးပွားရေးအားအကောင်းဆုံးနိုင်ငံများစာရင်းတွင်ပါဝင်ပြီး ပေါင်စတာလင် ငွေကြေးကို အသုံးပြုသည်။

အင်္ဂလိပ်ပညာရှင် Tim Berners-Lee က ယနေ့အင်တာနက်၏ အစဖြစ်သည့် World Wide Web ကို တီထွင်ဖန်တီးခဲ့သည်။

အင်္ဂလိပ်လူမျိုးများသည် ကမ္ဘာပေါ်တွင် လက်ဖက်ရည်အသောက်ဆုံးလူမျိုးများဖြစ်ပြီး ဂျပန်လူမျိုးများထက်ပင် ၂ဆခွဲခန့် ပိုသောက်လေ့ရှိသည်။

ကမ္ဘာပေါ်တွင် အတိုဆုံးစစ်ပွဲမှာ ၁၈၉၆ခုနှစ်က အင်္ဂလန် နှင့် ဇန်ဇီးဘားနိုင်ငံတို့ တိုက်ခိုက်ခဲ့သောစစ်ပွဲဖြစ်ပြီး ၃၈မိနစ်သာ ကြာမြင့်သည်။

အင်္ဂလန်တစ်နိုင်ငံတည်းတွင် ဂျွန်စမစ် ဟူသောအမည်ပေးထားသူပေါင်း ၃သောင်းခန့်ရှိသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅
England Country facts

Leave a Reply