ကိုယ္ပိုင္လုပ္ငန္းေလးတစ္္ခု လုပ္မယ္ဆိုရင္ေလ

Posted on

ကုိရဲမင္းဦး

ကိုယ္ပိုင္လုပ္ငန္းေလးတစ္္ခု လုပ္မယ္ဆိုေတာ့ အရင္ဆံုးစဥ္းစားရမွာက ကိုယ့္မွာ ဘာေတြရွိသလဲဆိုတာပါပဲ။

၁။ ေနရာရွိသလား။
၂။ အတတ္ပညာရွိိသလား။
၃။ လူရွိသလား။
၄။ ေငြရွိသလား။

ေက်ာင္းမွာသင္ရတာေတာ့ Land, Labor, Capital ေပါ့။

၁။ ေနရာ

ကၽြန္ေတာ့္မွာ ရံုးခန္းဖြင့္ေလာက္တဲ့ ေနရာမရွိဘူး။ လက္ရွိေနတာကလည္း ရန္ကင္းတိုက္ခန္းျဖစ္ေနတယ္။ ေလးလႊာဆိုေတာ့ ရံုးခန္းဖြင့္ဖို႔မျဖစ္ႏိုင္။ မိသားစုနဲ႕ေနတာဆိုေတာ့ ပိုဆိုးတယ္။ ဒီေတာ့ ေနရာက မျဖစ္ေန ရွာကိုရွာရမယ္။ မဝယ္ႏိုင္မွာေသခ်ာေတာ့ ငွားဖို႕ရွာရမွာေပါ့။

၂။ အတတ္ပညာ

အတတ္ပညာအေနနဲ႕ ဘာေတြတတ္သလဲဆိုရင္ အသံုးတည့္တာ တိတိပပ ဘာမွ မတတ္ဘူးလို႕ပဲ ေျပာရမယ္။ ပံုျပင္တစ္ပုဒ္ ဖတ္ဖူးတယ္။ မိုးေခါင္ေရရွားနယ္တစ္ခုက စာေတာ္တဲ့လူငယ္တစ္ေယာက္ကို ရြာကလူေတြ ေငြစုၿပီး ၿမိဳ႕ကို ပညာသင္လႊတ္တယ္။ ပညာေတြတတ္ၿပီး ရြာျပန္လာေတာ့ အားလံုးက အားကိုးၾကတာေပါ့။ ဘာေတြသင္လာသလဲေပါ့။ လူငယ္ေလးက သေဘၤာေဆာက္တဲ့ပညာသင္လာခဲ့တယ္။ သိပ္ကၽြမ္းဆိုပဲ။ ခက္တာက သူတို႕ဆီမွာ ေခ်ာင္းေတာင္မရွိဘူး။ အဲဒါနဲ႕ပဲ အဲဒီ ပညာတတ္ႀကီးကို တစ္ရြာလံုးက ထမင္းတင္ေကၽြးထားရသတဲ့။ ငါတို႕ရြာက ပညာတတ္ႀကီးကြဆိုၿပီးေတာ့လည္း ဂုဏ္ယူရတာေပါ့ေလ။

ကၽြန္ေတာ္လည္း အဲလိုပဲ။ ဘာေတြတတ္သလဲဆိုရင္ မစားရဝခမန္း ေျပာစရာေတြအမ်ားႀကီး။ ေလေၾကာင္းလိုင္းအေၾကာင္း နည္းနည္းသိတယ္။ ဘဏ္အေၾကာင္းနည္းနည္းသိတယ္။ ေကာ္ပိုေရးရွင္းႀကီးေတြ ဘယ္လိုအလုပ္လုပ္ရတယ္ နည္းနည္းသိတယ္။ အသံလႊင့္လုပ္ငန္းအေၾကာင္း နည္းနည္းသိတယ္။ ေဖာင္ေဒးရွင္းတစ္ခုဘယ္လို အလုပ္လုပ္ရတယ္ နည္းနည္းသိတယ္။ အဲဒါေတြက ကၽြန္ေတာ့္အတြက္ေတာ့ သေဘၤာေဆာက္တဲ့ပညာေတြျဖစ္ေနခဲ့တယ္။ အဲဒါမ်ဳိးေတြကို ကိုယ္ပိုင္လုပ္ႏိုင္ဖို႕ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ဘူးေလ။

၃။ လူ

အဲဒီေတာ့ ဘာလုပ္ငန္းလုပ္မလဲဆိုတာကို စဥ္းစားဖို႕လိုလာတယ္။ ကိုိယ္တတ္ႏိုင္တာပဲျဖစ္ရမယ္။ လုပ္တတ္တိုင္း လုပ္လို႕မရပါ။
လူရွိသလားဆိုေတာ့ ရွိသလိုလိုနဲ႕ မရွိဘူး။ ကၽြန္ေတာ္နဲ႔ အလုပ္တြဲလုပ္ခဲ့ဖူးတဲ့ ဝန္ထမ္းေတြအမ်ားႀကီး။ ဒါေပမယ့္ သူတို႔ကို ကၽြန္ေတာ္ေခၚလို႔မရဘူး။ ပထမတစ္ခ်က္က လုပ္ငန္းအသစ္တစ္ခုအေနနဲ႕ သူတို႕ရထားတဲ့ လစာကို ကၽြန္ေတာ္ေပးႏိုင္ဖို႔ ခက္တယ္။ ဒုတိယတစ္ခ်က္က က်င့္ဝတ္အရ ကၽြမ္းက်င္တတ္ေျမာက္ၿပီးသား ဝန္ထမ္းေတြကို အလုပ္ေဟာင္းကေန အတင္းဆြဲထုတ္တာမ်ဳိး ကၽြန္ေတာ္မလုပ္ခ်င္ဘူး။ ဒီေတာ့ လူသစ္ေတြရွာရမယ္။

၄။ အရင္းအႏွီး

အရင္းအႏွီးရွိသလား။ တစ္သက္လံုး ဝန္ထမ္းလုပ္လာတဲ့သူမို႕ စုထားေဆာင္းထားတာ သိပ္မရွိပါ။ ျဖစ္ခ်င္ေတာ့ ေတာင္ဥကၠလာမွာ အဖြားရဲ႕ေျမကြက္(ေပ ၄၀ × ေပ ၆၀) ကို ဦးေလးဆီကေန တစ္ျခမ္းအေမြရထားတဲ့အတြက္ အိမ္ေဆာက္ေနတာ တန္းလန္းျဖစ္ေနတယ္။ စုထားေဆာင္းထားတာမွန္သမွ် အဲဒီထဲမွာ အကုန္ဝင္ေနၿပီ။ ရွိစုမဲ့စုနဲ႔ ေဆာက္ရတာဆိုေတာ့ အိမ္က ႏွစ္ႏွစ္ရွိၿပီ။ ခုထိ မၿပီးေသးဘူး။ ပိုက္ဆံစုလိုက္။ တစ္ခုၿပီးေအာင္လုပ္လိုက္နဲ႔ ေဆာက္ေနတာ။ ဦးေလးမိသားစုနဲ႔က တြဲလ်က္ေဆာက္ရတာမို႕ မိသားစုေလးစုရွိတဲ့ ဦးေလးနဲ႔ တစ္ေယာက္တစ္ျခမ္းအျဖစ္ ဦးေလးအဆင္ေျပေအာင္ အိမ္က ကန္ထရိုက္တိုက္လို ေလးထပ္ေဆာက္ရေတာ့ ပိုၾကာသြားတယ္။ ဒီအတြက္ အလုပ္လုပ္မယ္ဆိုေတာ့ ေျပာပေလာက္ေအာင္ ေငြမရွိဘူး။ လုပ္ငန္းသစ္တစ္ခုအတြက္ လံုေလာက္တဲ့ ေငြေၾကးအရင္းအႏွီးမရွိဘူးလို႕ပဲ ေျပာရမယ္။

လုပ္ငန္းအသစ္ဘယ္လိုစခဲ့သလဲဆိုလို႔ သာပါ။ ေပးခ်က္ေတြကို သိေအာင္ ေျပာျပျခင္းသာ။ အဲဒီေပးခ်က္ေတြေပၚမွာ ဒီပုစာၦကို အေျဖထြက္ေအာင္ တြက္ခဲ့ရပါတယ္။ အလုပ္ထြက္ၿပီးႏွစ္လေလာက္ အိမ္မွာပဲ ေနပါတယ္။ တက္စရာရံုးလည္းမရွိ။ လုပ္စရာအလုပ္လည္း မရွိပါဘူး။ မိတ္ေဆြအေပါင္းအသင္းေတြက ေတြ႕ခ်င္တယ္လို႔ ဆက္သြယ္လာရင္ နီးရာ ေကာ္ဖီဆိုင္မွာ ခ်ိန္းေတြ႕ပါတယ္။ ရင္းႏွီးတဲ့ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားကလည္း ေတြ႕ခ်င္တယ္ဆိုရင္ သူတို႕ရံုးကိုသြားၿပီး ေတြ႕ဆံုစကားေျပာျဖစ္ပါတယ္။ အဲဒီမွာ လုပ္ငန္းအတူလုပ္ခ်င္တဲ့ လူေတာ္ေတာ္မ်ားမ်ားကို ဆံုရပါတယ္။

ထူးျခားတာက အမ်ားစုက ကၽြန္ေတာ့္ကို ဝန္ထမ္းသက္ရွည္ၾကာခဲ့တဲ့သူမို႕ ဝန္ထမ္းေကာင္းအျဖစ္ပဲ ျမင္ၾကပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕ လုပ္ငန္းေတြမွာ ဝန္ထမ္းလုပ္ဖို႕အတြက္ပဲ အမ်ားဆံုးကမ္းလွမ္းၾကပါတယ္။ လုပ္ငန္းစပ္တူလုပ္ဖို႕ ကမ္းလွမ္းခဲ့တာ ဦးတင္လတ္(Chindwin College)နဲ႕ ကၽြန္ေတာ့္သူငယ္ခ်င္း စတီဗင္(Duwon)ပဲရွိခဲ့တယ္။ ကၽြန္ေတာ့္အေနနဲ႕က ကိုယ္ဘာလုပ္တတ္သလဲေတြကို အရင္ေမ့ပစ္ရတယ္။ ကိုယ္ဘာလုပ္ႏိုင္မလဲကို ဦးစားေပးစဥ္းစားရတယ္။ ေငြေၾကးအေထာက္အပံ့ဘယ္က ရႏိုင္မလဲကိုလည္း တြက္ခ်က္ရတယ္။ ကၽြန္ေတာ့္မွာ ဘဏ္ကိုေပါင္စရာ ေျမေလာက္ေလာက္လားလားမရွိဘူး။

လက္ရွိအေမြရထားတဲ့ေျမကလည္း ေဆာက္လုပ္လက္စႀကီးဆိုေတာ့ ေခ်းေငြယူလို႕ မ်ားမ်ားမရႏိုင္။ ၿပီးေတာ့ နာမည္က ဦးေလးအမည္ေပါက္။ ခင္မင္သူေတြဆီက ေငြေခ်းမယ္ဆိုေတာ့လည္း ေပးရမယ့္ အတိုးက လုပ္ငန္းသစ္တစ္ခုအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ႏိုင္တယ္။ ေနာက္ဆံုးအေျဖက အရင္းအႏွီးအမ်ားအျပား မရႏိုင္တာ ေသခ်ာတယ္ဆိုတဲ့ အေျဖပဲ။ ေငြေၾကးအရင္းအႏွီးမရွိရင္ လူကိုပဲ ရင္းႏွီးရမယ္ဆိုတာကို အေသအခ်ာ သေဘာေပါက္သြားတဲ့ေနာက္မွာ အၾကံေပးလုပ္ငန္းေလးတစ္ခုကို အရင္စမယ္လို႔ ဆံုးျဖတ္လိုက္ရတယ္။ စိတ္ထဲမွာရွိေနတဲ့ အိပ္မက္ႀကီးႀကီးမားမားေတြကို ႏွစ္အလိုက္ခ်ေရးလိုက္တယ္။ ဒီႏွစ္က်ရင္ ဒါျဖစ္ေအာင္လုပ္မယ္ေပါ့။ ဒါေပမယ့္ လက္ရွိကေတာ့ လက္ေတြ႕က်တာကိုပဲ ေရြးလုိက္တယ္။

လုပ္ငန္းအမ်ဳိးအစားရေတာ့ ေနရာရွာတယ္။ အသင့္ေတာ္ဆံုးရံုးခန္းကို သူငယ္ခ်င္းကိုႏိုင္ေဇာ္(Blue Line Travel & Tours)ဆီကရတယ္။ သူ႕လက္ရွိိရံုးခန္းကို တစ္ျခမ္းယူလိုက္တဲ့နည္းပါပဲ။ သူ႕ကူညီမႈေၾကာင့္ ရံုးခန္းေနရာေလးကို သင့္ေတာ္တဲ့ေစ်းနဲ႕ ကၽြန္ေတာ္ရတယ္။ ေအာင္ဆန္းကြင္းနားမွာ။ အထက္ပန္းဆိုးတန္းမေပၚက ပထမထပ္တိုက္ခန္းေလး။ သူက တစ္ျခမ္းကို ခရီးသြားလုပ္ငန္းဖြင့္ထားတယ္။ ကၽြန္ေတာ္က တစ္ျခမ္းကို အၾကံေပးလုပ္ငန္းေလးလုပ္မယ္လို႕ ျပင္ဆင္လိုက္တယ္။

အဲဒီလိုလုပ္ေနတုန္းမွာ ေနာက္ထပ္ မိတ္ေဆြတစ္ေယာက္နဲ႕ ဆက္သြယ္မိတယ္။ သူက ကိုနႏၵာ။ သူက ရွမ္းျပည္မွာ တန္ဖိုးနည္းအိမ္ရာတစ္ခုကို အေကာင္အထည္ေဖာ္ဖို႕ အစိုးရဆီကေန ခြင့္ျပဳခ်က္ရထားတယ္။ ေလးခန္းတြဲ ငါးထပ္တိုက္ေတြေပါ့။ သူရထားတဲ့အထဲကေန ကၽြန္ေတာ္ေဆာက္ခ်င္ရင္ တခ်ဳိ႕ကို ေပးေဆာက္မယ္လို႕ သူက ကမ္းလွမ္းလာတယ္။ ကၽြန္ေတာ္က ၂၀၀၈ကတည္းက ေဆာက္လုုပ္ေရးလုပ္ငန္းတခ်ဳိ႕ကို ဦးစီးခဲ့ရဖူးတဲ့ အေတြ႕အၾကံဳရွိတယ္။ တဆင့္ခံလုပ္ငန္းျဖစ္တဲ့အတြက္ အျမတ္အမ်ားႀကီးမရႏိုင္ေပမယ့္ အရင္ဝန္ထမ္းဘဝမွာ ရခဲ့တဲ့ လစာထက္ေတာ့ ပိုရႏိုင္တယ္လို႕ ကၽြန္ေတာ္တြက္ခ်က္မိတယ္။ ဒါနဲ႕ သူ႕ကမ္းလွမ္းခ်က္ကို လက္ခံၿပီး ရွမ္းျပည္မွာ ေဆာက္လုပ္ေရးတစ္ခုလည္း လုပ္မယ္လို႕ ဆံုးျဖတ္လိုက္တယ္။

အၾကံေပးလုပ္ငန္းက စပဲထားေသးတာ။ အလုပ္မရွိေသးဘူး။ ေဆာက္လုပ္ေရးက စလုပ္ရေတာ့မယ္။ ေဆာက္လုပ္ေရးက အရင္းအႏွီးအနည္းအပါးေတာ့ လိုတယ္။ ကိုယ္က အရင္စိုက္ေဆာက္ရမယ္။ ၿပီးစီိးမႈေပၚမူတည္ၿပီး ပိုက္ဆံက ရမွာဆိုေတာ့ ကနဦးစိုက္ထုတ္စရာလိုတယ္။ အဲဒီေငြအတြက္ ႀကိဳးစားေနတုန္း အရင္အလုပ္အတူလုပ္ခဲ့တဲ့ သူငယ္ခ်င္းေတြက ကၽြန္ေတာ့္ကို ဆက္သြယ္လာတယ္။ အဲဒီထဲက တစ္ေယာက္က ကိုေက်ာ္သီဟေပါ့။(အရင္ထူးက ဒုဥကၠ႒ေဟာင္း)။ သူလည္း အလုပ္ထြက္လိုက္ၿပီ။ အလုပ္ေပါင္းလုပ္ရေအာင္လို႕ ကမ္းလွမ္းလာတယ္။ သူလည္း ကၽြန္ေတာ့္လို တစ္သက္လံုး ဝန္ထမ္းလုပ္လာသူဆိုေတာ့ လက္ထဲမွာ စုထားေဆာင္းထားတာ သိပ္မရွိဘူး။ ဒါေပမယ့္ သူ႕မိဘေတြက စီးပြားေရးလုပ္ငန္းရွင္ေတြမို႕ အရင္းအႏွီးအမ်ားႀကီးမဟုတ္ေတာင္ ပမာဏတစ္ခုေတာ့ သူ႕ကို ေထာက္ပံံ့ေပးႏိုင္ၾကတယ္။

အဲဒါနဲ႕စဖို႕ ကၽြန္ေတာ္တို႕ဆံုးျဖတ္လိုက္တယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ကို အလုပ္အတူလုပ္ရေအာင္လို႕ ကမ္းလွမ္းထားသူႏွစ္ဦးကို ဒီထက္ႀကီးတဲ့ လုပ္ငန္းက်မွ အတူလုပ္မယ္လို႕ ကၽြန္ေတာ္စဥ္းစားလိုက္တယ္။ လက္ရွိလုပ္ရမယ့္အလုပ္က အျမတ္နည္းတယ္။ သူတို႕က အလုပ္ႀကီးႀကီးလုပ္ခ်င္တဲ့သူေတြ။ ဒီေတာ့ အလုပ္ႀကီးႀကီးေတြကို ႏွစ္အလိုက္လုပ္ဖို႕ခ်ေရးထားတဲ့အတိုင္း သူတိုိ႕နဲ႕ အဲဒီက်မွ လုပ္ေတာ့မယ္လို႕ ဆံုးျဖတ္ရျပန္တယ္။

ဒီအခ်ိန္မွာပဲ ကိုေသာင္းစုၿငိမ္း(7day)ကတဆင့္ အန္ကယ္ဦးရန္ဝင္း(A1 Construction)က ဆက္သြယ္လာတယ္။ ျမန္မာ့ခရီးသြားဘဏ္ဆိုၿပီး ဘဏ္တစ္ခု တည္ေထာင္ဖို႕အတြက္ပါ။ ဝန္ထမ္းလုပ္ဖို႕ကို ကၽြန္ေတာ္ ျငင္းလိုက္တယ္။ ဘဏ္အမ္ဒီဆိုတာ ကၽြန္ေတာ္ထြက္ခဲ့တဲ့ရာထူးေလ။ ဘဏ္ေထာင္တာကိုေတာ့ အၾကံေပးအျဖစ္ လုပ္ေပးနိုင္ပါတယ္လို႕ အေၾကာင္းျပန္လိုက္တယ္။ အန္ကယ္က သေဘာတူတာနဲ႕ ကၽြန္ေတာ့္ရဲ႕ အၾကံေပးလုပ္ငန္းအတြက္ အလုပ္ရသြားတယ္။

တၿပိဳင္တည္းမွာပဲ သူငယ္ခ်င္းျဖစ္တဲ့ ကိုေနေနလႊမ္းမိုး(ဧရာဟသၤာ)က ဆက္သြယ္လာတယ္။ ဧရာဝတီတိုင္းေဒသႀကီးအစိုးရက အမ်ားပိုင္ဘဏ္တစ္ခု လုပ္ဖို႕ရွိတယ္။ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရးဘဏ္တဲ့။ အဲဒီမွာလည္း ဒီလိုပဲ။ အမ္ဒီေတာ့ ကၽြန္ေတာ္မလုပ္ခ်င္ေတာ့ပါ။ အၾကံေပးဆိုရင္ေတာ့ လုပ္ေပးပါ့မယ္ဆိုတာကို သူတို႕ကလည္း သေဘာတူတယ္။ ဒီလိုနဲ႕ပဲ ကၽြန္ေတာ့္ရဲ႕ အၾကံေပးလုပ္ငန္းေလးနဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းေလးက စတင္အသက္ဝင္လာပါတယ္။

အခုေနာက္ပိုင္းေတာ့ တျခားအလုပ္အသစ္ကေလးေတြ ထပ္တိုးလာသလို အဲဒီအလုပ္ေတြအတြက္လည္း ကူညီေပးသူေတြရွိလာပါတယ္။ အထူးသျဖင့္ ကၽြန္ေတာ္တို႕ထပ္ခ်ဲ႕မယ့္လုပ္ငန္းေတြအတြက္ ကေမာၻဇဘဏ္က ကူညီမႈေတြအမ်ားႀကီး ထပ္ေပးခဲ့တယ္။ ရိုးသားသူေတြ၊ ႀကိဳးစားသူေတြအတြက္ ကူညီမယ့္သူဆိုတာ ရွိေနတတ္တာပါပဲ။ ျမန္မာဆိုရိုးတစ္ခုလိုေပါ့ဗ်ာ။ ဘုရားေတာင္အမီရွိမွပြင့္တယ္ဆိုတာေလး။ အေတာ္မ်ားမ်ားက ဥပမာေပးေျပာတတ္ၾကေလ့ရွိတယ္။

လုပ္ငန္းအသစ္တစ္ခုအတြက္ ဒီလိုမ်ဳိး ကလ်ာဏမိတၱေတြဟာ အေပၚကေျပာထားတဲ့ Land, Labor, Capital လိုပဲ အေရးႀကီးတယ္ဆိုတာကို ကၽြန္ေတာ္တို႕ သေဘာေပါက္ရပါမယ္။ ဒါေၾကာင့္ နံပါတ္ (၅)ကို ထပ္ထည့္ခ်င္ပါတယ္။

၅။ မိတ္ေကာင္းေဆြေကာင္းရွိသလား။

ကုိရဲမင္းဦး


ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်မယ်ဆိုရင် (unicode)

ကိုရဲမင်းဦး

ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်မယ်ဆိုတော့ အရင်ဆုံးစဉ်းစားရမှာက ကိုယ့်မှာ ဘာတွေရှိသလဲဆိုတာပါပဲ။

၁။ နေရာရှိသလား။
၂။ အတတ်ပညာရှိသလား။
၃။ လူရှိသလား။
၄။ ငွေရှိသလား။

ကျောင်းမှာသင်ရတာတော့ Land, Labor, Capital ပေါ့။ ကျွန်တော့်မှာ ရုံးခန်းဖွင့်လောက်တဲ့ နေရာမရှိဘူး။ လက်ရှိနေတာကလည်း ရန်ကင်းတိုက်ခန်းဖြစ်နေတယ်။ လေးလွှာဆိုတော့ ရုံးခန်းဖွင့်ဖို့မဖြစ်နိုင်။ မိသားစုနဲ့နေတာဆိုတော့ ပိုဆိုးတယ်။ ဒီတော့ နေရာက မဖြစ်နေ ရှာကိုရှာရမယ်။ မဝယ်နိုင်မှာသေချာတော့ ငှားဖို့ရှာရမှာပေါ့။

အတတ်ပညာအနေနဲ့ ဘာတွေတတ်သလဲဆိုရင် အသုံးတည့်တာ တိတိပပ ဘာမှ မတတ်ဘူးလို့ပဲ ပြောရမယ်။ ပုံပြင်တစ်ပုဒ် ဖတ်ဖူးတယ်။ မိုးခေါင်ရေရှားနယ်တစ်ခုက စာတော်တဲ့လူငယ်တစ်ယောက်ကို ရွာကလူတွေ ငွေစုပြီး မြို့ကို ပညာသင်လွှတ်တယ်။ ပညာတွေတတ်ပြီး ရွာပြန်လာတော့ အားလုံးက အားကိုးကြတာပေါ့။ ဘာတွေသင်လာသလဲပေါ့။ လူငယ်လေးက သင်္ဘောဆောက်တဲ့ပညာသင်လာခဲ့တယ်။ သိပ်ကျွမ်းဆိုပဲ။ ခက်တာက သူတို့ဆီမှာ ချောင်းတောင်မရှိဘူး။ အဲဒါနဲ့ပဲ အဲဒီ ပညာတတ်ကြီးကို တစ်ရွာလုံးက ထမင်းတင်ကျွေးထားရသတဲ့။ ငါတို့ရွာက ပညာတတ်ကြီးကွဆိုပြီးတော့လည်း ဂုဏ်ယူရတာပေါ့လေ။

ကျွန်တော်လည်း အဲလိုပဲ။ ဘာတွေတတ်သလဲဆိုရင် မစားရဝခမန်း ပြောစရာတွေအများကြီး။ လေကြောင်းလိုင်းအကြောင်း နည်းနည်းသိတယ်။ ဘဏ်အကြောင်းနည်းနည်းသိတယ်။ ကော်ပိုရေးရှင်းကြီးတွေ ဘယ်လိုအလုပ်လုပ်ရတယ် နည်းနည်းသိတယ်။ အသံလွှင့်လုပ်ငန်းအကြောင်း နည်းနည်းသိတယ်။ ဖောင်ဒေးရှင်းတစ်ခုဘယ်လို အလုပ်လုပ်ရတယ် နည်းနည်းသိတယ်။ အဲဒါတွေက ကျွန်တော့်အတွက်တော့ သင်္ဘောဆောက်တဲ့ပညာတွေဖြစ်နေခဲ့တယ်။ အဲဒါမျိုးတွေကို ကိုယ်ပိုင်လုပ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ။

အဲဒီတော့ ဘာလုပ်ငန်းလုပ်မလဲဆိုတာကို စဉ်းစားဖို့လိုလာတယ်။ ကိုယ်တတ်နိုင်တာပဲဖြစ်ရမယ်။ လုပ်တတ်တိုင်း လုပ်လို့မရပါ။
လူရှိသလားဆိုတော့ ရှိသလိုလိုနဲ့ မရှိဘူး။ ကျွန်တော်နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတွေအများကြီး။ ဒါပေမယ့် သူတို့ကို ကျွန်တော်ခေါ်လို့မရဘူး။ ပထမတစ်ချက်က လုပ်ငန်းအသစ်တစ်ခုအနေနဲ့ သူတို့ရထားတဲ့ လစာကို ကျွန်တော်ပေးနိုင်ဖို့ ခက်တယ်။ ဒုတိယတစ်ချက်က ကျင့်ဝတ်အရ ကျွမ်းကျင်တတ်မြောက်ပြီးသား ဝန်ထမ်းတွေကို အလုပ်ဟောင်းကနေ အတင်းဆွဲထုတ်တာမျိုး ကျွန်တော်မလုပ်ချင်ဘူး။ ဒီတော့ လူသစ်တွေရှာရမယ်။
အရင်းအနှီးရှိသလား။ တစ်သက်လုံး ဝန်ထမ်းလုပ်လာတဲ့သူမို့ စုထားဆောင်းထားတာ သိပ်မရှိပါ။ ဖြစ်ချင်တော့ တောင်ဥက္ကလာမှာ အဖွားရဲ့မြေကွက်(ပေ ၄၀ × ပေ ၆၀) ကို ဦးလေးဆီကနေ တစ်ခြမ်းအမွေရထားတဲ့အတွက် အိမ်ဆောက်နေတာ တန်းလန်းဖြစ်နေတယ်။ စုထားဆောင်းထားတာမှန်သမျှ အဲဒီထဲမှာ အကုန်ဝင်နေပြီ။ ရှိစုမဲ့စုနဲ့ ဆောက်ရတာဆိုတော့ အိမ်က နှစ်နှစ်ရှိပြီ။ ခုထိ မပြီးသေးဘူး။ ပိုက်ဆံစုလိုက်။ တစ်ခုပြီးအောင်လုပ်လိုက်နဲ့ ဆောက်နေတာ။ ဦးလေးမိသားစုနဲ့က တွဲလျက်ဆောက်ရတာမို့ မိသားစုလေးစုရှိတဲ့ ဦးလေးနဲ့ တစ်ယောက်တစ်ခြမ်းအဖြစ် ဦးလေးအဆင်ပြေအောင် အိမ်က ကန်ထရိုက်တိုက်လို လေးထပ်ဆောက်ရတော့ ပိုကြာသွားတယ်။ ဒီအတွက် အလုပ်လုပ်မယ်ဆိုတော့ ပြောပလောက်အောင် ငွေမရှိဘူး။ လုပ်ငန်းသစ်တစ်ခုအတွက် လုံလောက်တဲ့ ငွေကြေးအရင်းအနှီးမရှိဘူးလို့ပဲ ပြောရမယ်။

လုပ်ငန်းအသစ်ဘယ်လိုစခဲ့သလဲဆိုလို့ သာပါ။ ပေးချက်တွေကို သိအောင် ပြောပြခြင်းသာ။ အဲဒီပေးချက်တွေပေါ်မှာ ဒီပုစ္ဆာကို အဖြေထွက်အောင် တွက်ခဲ့ရပါတယ်။ အလုပ်ထွက်ပြီးနှစ်လလောက် အိမ်မှာပဲ နေပါတယ်။ တက်စရာရုံးလည်းမရှိ။ လုပ်စရာအလုပ်လည်း မရှိပါဘူး။ မိတ်ဆွေအပေါင်းအသင်းတွေက တွေ့ချင်တယ်လို့ ဆက်သွယ်လာရင် နီးရာ ကော်ဖီဆိုင်မှာ ချိန်းတွေ့ပါတယ်။ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း တွေ့ချင်တယ်ဆိုရင် သူတို့ရုံးကိုသွားပြီး တွေ့ဆုံစကားပြောဖြစ်ပါတယ်။ အဲဒီမှာ လုပ်ငန်းအတူလုပ်ချင်တဲ့ လူတော်တော်များများကို ဆုံရပါတယ်။

ထူးခြားတာက အများစုက ကျွန်တော့်ကို ဝန်ထမ်းသက်ရှည်ကြာခဲ့တဲ့သူမို့ ဝန်ထမ်းကောင်းအဖြစ်ပဲ မြင်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ငန်းတွေမှာ ဝန်ထမ်းလုပ်ဖို့အတွက်ပဲ အများဆုံးကမ်းလှမ်းကြပါတယ်။ လုပ်ငန်းစပ်တူလုပ်ဖို့ ကမ်းလှမ်းခဲ့တာ ဦးတင်လတ်(Chindwin College)နဲ့ ကျွန်တော့်သူငယ်ချင်း စတီဗင်(Duwon)ပဲရှိခဲ့တယ်။ ကျွန်တော့်အနေနဲ့က ကိုယ်ဘာလုပ်တတ်သလဲတွေကို အရင်မေ့ပစ်ရတယ်။ ကိုယ်ဘာလုပ်နိုင်မလဲကို ဦးစားပေးစဉ်းစားရတယ်။ ငွေကြေးအထောက်အပံ့ဘယ်က ရနိုင်မလဲကိုလည်း တွက်ချက်ရတယ်။ ကျွန်တော့်မှာ ဘဏ်ကိုပေါင်စရာ မြေလောက်လောက်လားလားမရှိဘူး။

လက်ရှိအမွေရထားတဲ့မြေကလည်း ဆောက်လုပ်လက်စကြီးဆိုတော့ ချေးငွေယူလို့ များများမရနိုင်။ ပြီးတော့ နာမည်က ဦးလေးအမည်ပေါက်။ ခင်မင်သူတွေဆီက ငွေချေးမယ်ဆိုတော့လည်း ပေးရမယ့် အတိုးက လုပ်ငန်းသစ်တစ်ခုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တယ်။ နောက်ဆုံးအဖြေက အရင်းအနှီးအများအပြား မရနိုင်တာ သေချာတယ်ဆိုတဲ့ အဖြေပဲ။ ငွေကြေးအရင်းအနှီးမရှိရင် လူကိုပဲ ရင်းနှီးရမယ်ဆိုတာကို အသေအချာ သဘောပေါက်သွားတဲ့နောက်မှာ အကြံပေးလုပ်ငန်းလေးတစ်ခုကို အရင်စမယ်လို့ ဆုံးဖြတ်လိုက်ရတယ်။ စိတ်ထဲမှာရှိနေတဲ့ အိပ်မက်ကြီးကြီးမားမားတွေကို နှစ်အလိုက်ချရေးလိုက်တယ်။ ဒီနှစ်ကျရင် ဒါဖြစ်အောင်လုပ်မယ်ပေါ့။ ဒါပေမယ့် လက်ရှိကတော့ လက်တွေ့ကျတာကိုပဲ ရွေးလိုက်တယ်။

လုပ်ငန်းအမျိုးအစားရတော့ နေရာရှာတယ်။ အသင့်တော်ဆုံးရုံးခန်းကို သူငယ်ချင်းကိုနိုင်ဇော်(Blue Line Travel & Tours)ဆီကရတယ်။ သူ့လက်ရှိရုံးခန်းကို တစ်ခြမ်းယူလိုက်တဲ့နည်းပါပဲ။ သူ့ကူညီမှုကြောင့် ရုံးခန်းနေရာလေးကို သင့်တော်တဲ့ဈေးနဲ့ ကျွန်တော်ရတယ်။ အောင်ဆန်းကွင်းနားမှာ။ အထက်ပန်းဆိုးတန်းမပေါ်က ပထမထပ်တိုက်ခန်းလေး။ သူက တစ်ခြမ်းကို ခရီးသွားလုပ်ငန်းဖွင့်ထားတယ်။ ကျွန်တော်က တစ်ခြမ်းကို အကြံပေးလုပ်ငန်းလေးလုပ်မယ်လို့ ပြင်ဆင်လိုက်တယ်။

အဲဒီလိုလုပ်နေတုန်းမှာ နောက်ထပ် မိတ်ဆွေတစ်ယောက်နဲ့ ဆက်သွယ်မိတယ်။ သူက ကိုနန္ဒာ။ သူက ရှမ်းပြည်မှာ တန်ဖိုးနည်းအိမ်ရာတစ်ခုကို အကောင်အထည်ဖော်ဖို့ အစိုးရဆီကနေ ခွင့်ပြုချက်ရထားတယ်။ လေးခန်းတွဲ ငါးထပ်တိုက်တွေပေါ့။ သူရထားတဲ့အထဲကနေ ကျွန်တော်ဆောက်ချင်ရင် တချို့ကို ပေးဆောက်မယ်လို့ သူက ကမ်းလှမ်းလာတယ်။ ကျွန်တော်က ၂၀၀၈ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတချို့ကို ဦးစီးခဲ့ရဖူးတဲ့ အတွေ့အကြုံရှိတယ်။ တဆင့်ခံလုပ်ငန်းဖြစ်တဲ့အတွက် အမြတ်အများကြီးမရနိုင်ပေမယ့် အရင်ဝန်ထမ်းဘဝမှာ ရခဲ့တဲ့ လစာထက်တော့ ပိုရနိုင်တယ်လို့ ကျွန်တော်တွက်ချက်မိတယ်။ ဒါနဲ့ သူ့ကမ်းလှမ်းချက်ကို လက်ခံပြီး ရှမ်းပြည်မှာ ဆောက်လုပ်ရေးတစ်ခုလည်း လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အကြံပေးလုပ်ငန်းက စပဲထားသေးတာ။ အလုပ်မရှိသေးဘူး။ ဆောက်လုပ်ရေးက စလုပ်ရတော့မယ်။ ဆောက်လုပ်ရေးက အရင်းအနှီးအနည်းအပါးတော့ လိုတယ်။ ကိုယ်က အရင်စိုက်ဆောက်ရမယ်။ ပြီးစိးမှုပေါ်မူတည်ပြီး ပိုက်ဆံက ရမှာဆိုတော့ ကနဦးစိုက်ထုတ်စရာလိုတယ်။ အဲဒီငွေအတွက် ကြိုးစားနေတုန်း အရင်အလုပ်အတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို ဆက်သွယ်လာတယ်။ အဲဒီထဲက တစ်ယောက်က ကိုကျော်သီဟပေါ့။(အရင်ထူးက ဒုဥက္ကဋ္ဌဟောင်း)။ သူလည်း အလုပ်ထွက်လိုက်ပြီ။ အလုပ်ပေါင်းလုပ်ရအောင်လို့ ကမ်းလှမ်းလာတယ်။ သူလည်း ကျွန်တော့်လို တစ်သက်လုံး ဝန်ထမ်းလုပ်လာသူဆိုတော့ လက်ထဲမှာ စုထားဆောင်းထားတာ သိပ်မရှိဘူး။ ဒါပေမယ့် သူ့မိဘတွေက စီးပွားရေးလုပ်ငန်းရှင်တွေမို့ အရင်းအနှီးအများကြီးမဟုတ်တောင် ပမာဏတစ်ခုတော့ သူ့ကို ထောက်ပံ့ပေးနိုင်ကြတယ်။

အဲဒါနဲ့စဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို အလုပ်အတူလုပ်ရအောင်လို့ ကမ်းလှမ်းထားသူနှစ်ဦးကို ဒီထက်ကြီးတဲ့ လုပ်ငန်းကျမှ အတူလုပ်မယ်လို့ ကျွန်တော်စဉ်းစားလိုက်တယ်။ လက်ရှိလုပ်ရမယ့်အလုပ်က အမြတ်နည်းတယ်။ သူတို့က အလုပ်ကြီးကြီးလုပ်ချင်တဲ့သူတွေ။ ဒီတော့ အလုပ်ကြီးကြီးတွေကို နှစ်အလိုက်လုပ်ဖို့ချရေးထားတဲ့အတိုင်း သူတို့နဲ့ အဲဒီကျမှ လုပ်တော့မယ်လို့ ဆုံးဖြတ်ရပြန်တယ်။

ဒီအချိန်မှာပဲ ကိုသောင်းစုငြိမ်း(7day)ကတဆင့် အန်ကယ်ဦးရန်ဝင်း(A1 Construction)က ဆက်သွယ်လာတယ်။ မြန်မာ့ခရီးသွားဘဏ်ဆိုပြီး ဘဏ်တစ်ခု တည်ထောင်ဖို့အတွက်ပါ။ ဝန်ထမ်းလုပ်ဖို့ကို ကျွန်တော် ငြင်းလိုက်တယ်။ ဘဏ်အမ်ဒီဆိုတာ ကျွန်တော်ထွက်ခဲ့တဲ့ရာထူးလေ။ ဘဏ်ထောင်တာကိုတော့ အကြံပေးအဖြစ် လုပ်ပေးနိုင်ပါတယ်လို့ အကြောင်းပြန်လိုက်တယ်။ အန်ကယ်က သဘောတူတာနဲ့ ကျွန်တော့်ရဲ့ အကြံပေးလုပ်ငန်းအတွက် အလုပ်ရသွားတယ်။

တပြိုင်တည်းမှာပဲ သူငယ်ချင်းဖြစ်တဲ့ ကိုနေနေလွှမ်းမိုး(ဧရာဟင်္သာ)က ဆက်သွယ်လာတယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရက အများပိုင်ဘဏ်တစ်ခု လုပ်ဖို့ရှိတယ်။ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်တဲ့။ အဲဒီမှာလည်း ဒီလိုပဲ။ အမ်ဒီတော့ ကျွန်တော်မလုပ်ချင်တော့ပါ။ အကြံပေးဆိုရင်တော့ လုပ်ပေးပါ့မယ်ဆိုတာကို သူတို့ကလည်း သဘောတူတယ်။ ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ အကြံပေးလုပ်ငန်းလေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလေးက စတင်အသက်ဝင်လာပါတယ်။

အခုနောက်ပိုင်းတော့ တခြားအလုပ်အသစ်ကလေးတွေ ထပ်တိုးလာသလို အဲဒီအလုပ်တွေအတွက်လည်း ကူညီပေးသူတွေရှိလာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ထပ်ချဲ့မယ့်လုပ်ငန်းတွေအတွက် ကမ္ဘောဇဘဏ်က ကူညီမှုတွေအများကြီး ထပ်ပေးခဲ့တယ်။ ရိုးသားသူတွေ၊ ကြိုးစားသူတွေအတွက် ကူညီမယ့်သူဆိုတာ ရှိနေတတ်တာပါပဲ။ မြန်မာဆိုရိုးတစ်ခုလိုပေါ့ဗျာ။ ဘုရားတောင်အမီရှိမှပွင့်တယ်ဆိုတာလေး။ အတော်များများက ဥပမာပေးပြောတတ်ကြလေ့ရှိတယ်။

လုပ်ငန်းအသစ်တစ်ခုအတွက် ဒီလိုမျိုး ကလျာဏမိတ္တတွေဟာ အပေါ်ကပြောထားတဲ့ Land, Labor, Capital လိုပဲ အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ရပါမယ်။
ဒါကြောင့် နံပါတ် (၅)ကို ထပ်ထည့်ချင်ပါတယ်။

၅။ မိတ်ကောင်းဆွေကောင်းရှိသလား။

ကိုရဲမင်းဦး

Leave a Reply