ကမာၻ႔သစၥာအရွိဆုံး ေခြးေလး ၄ေကာင္အေၾကာင္း

Posted on

ေခြးေတြဟာလူေတြရဲ႕အေကာင္းဆံုးမိတ္ေဆြေတြဆုိရင္ အားလံုးလက္ခံၾကပါလိမ့္မယ္။ တစ္ခ်ိဳ႕လူေတြကေတာ့ ေၾကာင္ေလးေတြကုိပုိခ်စ္ၾကပါတယ္။ဒါေပမယ့္ သင့္အေပၚ အသက္ရွင္ေနစဥ္မွာတင္မကပဲ ေသသြားသည့္တုိင္ေအာင္ အျမဲဂရုတစုိက္ခ်စ္ခင္ေနမဲ့သူကုိလုိခ်င္ရင္ေတာ့ ေခြးေမြးပါလုိ႕အၾကံေပးခ်င္ပါတယ္။

သူတုိ႔ေတြရရဲ႕သစၥာရွိမႈဟာဆုိရင္ သင့္ရဲ႕ေနာက္ဆံုးအခ်ိန္ျဖစ္တဲ့ သင္ေသသြားတဲ့အခ်ိန္ထိတုိင္ေအာင္ မပ်က္ျပယ္ပဲရွိေနမွာပဲျဖစ္ပါတယ္။ အခုေျပာျပမယ့္ေခြးေလး ၄ေကာင္ အေၾကာင္းကုိ ဖတ္ၾကည့္လုိက္ရင္ သူတုိ႔ဘယ္ေလာက္ထိသခင္ေတြအေပၚသစၥာရွိရွိခ်စ္သြားၾကလဲဆုိတာျမင္ေတြ႕ၾကရမွာပါ။

၄။ Shep

၁၉၃၆ခုႏွစ္ကျဖစ္ခဲ့တာပါ။ အေမရိကန္ မြန္တားနားျပည္နယ္မွာ ေနထုိင္တဲ့ shepherdဆုိသူက တစ္ေန့မွာဖ်ားနာတဲ့အတြက္ ေဆးရံုကုိသြားခဲ့ပါတယ္။ ေဆးရံုကုိသူ႕ရဲ႕ေခြး Shep လဲအတူလုိက္ပါလာပါတယ္။ သူ႕သခင္ေဆးရံုတက္ေနစဥ္အေတာအတြင္းမွာေတာ့ သူ႕ကုိ အဲ့ဒီမွာရွိတဲ့ သီလရွင္တပါးကေကြ်းေမြးထားတာေၾကာင့္ သူဟာ သူ႕သခင္ရဲ႕ အခန္းနားမွာအျမဲေစာင့္ၾကည့္ရင္းေနထုိင္ေနခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႕ပဲ သူ႕သခင္ဟာ ေဆးရံုေပၚမွာပဲဆံုးပါးသြားပါေတာ့တယ္။

သူ႕သခင္ရဲ႕အေလာင္းကုိ သူ႕ေနရပ္ျပန္ပုိ႕ဖုိ႕သယ္လာတဲ့အခါ Shep လဲပါလာပါတယ္။ ရထားေပၚအေလာင္းတင္လုိက္တဲ့အခါ ေခြးေလးရဲ႕ဝမ္းနည္းပက္လက္ အူသံကုိ အလုပ္သမားေတြဟာသတိထားမိလုိက္ၿပီး မၾကာခင္မွာပဲ ရထားဟာ Shep ရဲ႕အေဝးကုိထြက္သြားပါေတာ့တယ္။ Shep ဟာ ၅ႏွစ္လံုးလံုး ရထားသံလမ္းေတြေပၚက်င္လည္ေနခဲ့ၿပီး တစ္ေန႕ကုိ ၄ၾကိမ္ေလာက္ဆုိက္ေနတဲ့ ရထားေတြတုိင္းက ဆင္းလာတဲ့လူတုိင္းကုိ စူးစမ္းကာ သူ႕သခင္သူ႕ကုိျပန္လာေခၚလိမ့္ႏုိးႏုိး ရွာေဖြေနပါေတာ့တယ္။

ေနထုိင္တာၾကာလာတာနဲ့အမ်ွ ဘူတာရံုက ဝန္ထမ္းေတြရဲ႕ေကြ်းေမြးမႈနဲ႕အတူ သူ႕ရဲ႕ဝမ္းနည္းစရာ အျဖစ္ကုိ လည္း လူသိမ်ားလာပါေတာ့တယ္။ ဒီလုိနဲ႕ အခ်ိန္ေတြကုန္ၿပီး သူအသက္ၾကီးလာတဲ့အခါမွာ နားေတြဟာေကာင္းေကာင္းအလုပ္မလုပ္ေတာ့ပဲ ရထားလာတဲ့ အသံကုိမေၾကားေတာ့တာေၾကာင့္ ရထားတုိက္ခံရၿပီး ေသဆံုးသြားပါေတာ့တယ္။ သူဟာသူမေသခင္အထိ သူ႕သခင္တစ္ေန႕လာေခၚမယ္ဆုိတဲ့ေမ်ွာ္လင့္ခ်က္နဲဲ႕ေစာင့္ေနခဲ့တာပါ။ ဘယ္ေတာ့မွျပန္မလာေတာ့မယ့္သခင္ကုိ အခ်ိန္အၾကာႀကီးေစာင့္ေနခဲ့တဲ့ေခြးေလး Shep အတြက္ ဂုဏ္ျပဳတဲ့အေနနဲ႕ ထုထားတဲ့ေၾကးရုပ္တုကုိ မြန္တားနားက Fort Benton မွာ ယေန့တုိင္ျမင္ေတြ႕ၾကရမွာပဲျဖစ္ပါတယ္။

၃။ Capitan

Manuel Guzman ဆုိသူဟာ ၂၀၀၆ခုႏွစ္မွာဆံုးသြားခဲ့ပါတယ္။ သူဆံုးသြားၿပီးေနာက္ပုိင္း သူ႕ရဲ႕အခ်စ္ဆံုးေခြးေလး Capitan ဟာလည္းအိမ္ကေန ေပ်ာက္သြားပါေတာ့တယ္။ တစ္ပတ္ေလာက္ၾကာတဲ့အခါမွာေတာ့ သူ႕သခင္ရွိတဲ့အုတ္ဂူမွာ သူ႕ကုိအမွတ္မထင္ေတြ႕လုိက္ၾကေတာ့အားလံုးဟာအံ့ၾသကုန္ၾကပါေတာ့တယ္။ဘာေၾကာင့္လဲဆုိေတာ့ Guzman ရဲ႕ အုတ္ဂူကုိ Capitan ကုိတစ္ခါမွေခၚမလာဖူးလုိ႕ပါပဲ။

Guzmanရဲ႕မိသားစုေတြဟာ အပတ္စဥ္တနဂၤေႏြေန့တုိင္းမွာ Guzmanအုတ္ဂူရွိရာ သခၤ်ဳိင္းကုိသြားေလ့ရွိပါတယ္။ အဲ့လုိသြားတဲ့အခါတုိင္းမွာလဲ Capitan ကုိ အိမ္ျပန္ေခၚဖုိ႕အႀကိမ္ႀကိမ္ၾကိဳးစားခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။ Capitanဟာ ေန႕ဘက္ေတြမွာ ဟုိနားဒီနားေလွ်ာက္သြားတတ္ၿပီး ညေန ၆နာရီေက်ာ္တာနဲ႕ သူသခင္အုတ္ဂူနားကမခြာေတာ့ဘူးလုိ႕ အေစာင့္ေတြကေျပာျပပါတယ္။ သခၤ်ဳိင္းမွာရွိတဲ့ အေစာင့္ေတြဟာလည္း သနားစရာေကာင္းတဲ့ Capitanေလးကုိ အစာမေကြ်းပဲမေနႏုိင္ၾကေတာ့ပါဘူး။

သုသာန္ေစာင့္ရဲ႕ ေျပာၾကားခ်က္အရ ေခြးကေလးဟာ ညစဥ္ ၆ နာရီထုိးတာနဲ႔ သူ႔သခင္ရဲ႕ ဂူမွာ လာအိပ္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ သခင္အေပၚသံေယာဇဥ္ႀကီးတဲ့ ေခြးေလးဟာ  ဒီေန့ထိတုိင္ေအာင္ Capitanေလးဟာ သူ႕သခင္ကုိေစာင့္ေနတုန္းပါပဲတဲ့။

၂။ Fido

ေခြးအမ်ားစုဟာ သူတုိ႕သခင္ေတြေသဆံုးသြားေပမယ့္သစၥာရွိရွိေစာင့္ေနၾကလုို႕နာမည္ေက်ာ္ၾကတာျဖစ္ပါတယ္။ အခုေျပာျပမယ့္ေနာက္ထပ္ေခြးေလးကေတာ့ Fido အမည္ရတဲ့ အီတလီႏုိင္ငံကေခြးေလးျဖစ္ပါတယ္။ သူ႕နာမည္ရဲ႕အဓိပၸာယ္က Faithful ပဲျဖစ္ပါတယ္။သူ႕ရဲ႕ဘဝတစ္ေလ်ွာက္မွာ ျပဳမူခဲ့တဲ့ေလးစားဖြယ္အခ်က္ေလးေတြေၾကာင့္ ဒီအမည္တြင္ခဲ့ျခင္းျဖစ္ပါတယ္။ ပံုမွာျမင္ရတာကေတာ့ သူ႕ကုိဂုဏ္ျပဳထားတဲ့ သူ႕ပံုစံတူေၾကးရုပ္ထုေလးပဲျဖစ္ပါတယ္။

သူ႕အေၾကာင္းကေတာ့ လမ္းေဘးေခြးေလလြင့္ဘဝကေနၿပီး ၁၉၄၁ခုႏွစ္မွာ သခင္ Carlo Soriani ရဲ႕ေကာက္ယူေမြးျခင္းခံခဲ့ရပါတယ္။ သူ႕ကုိေတြ႕ခါစက ေရေျမာင္းတစ္ခုမွာပိတ္မိေနတာေၾကာင့္ကယ္ဆယ္ခဲ့တာပဲျဖစ္ပါတယ္။အဲဒီအခ်ိန္ကစၿပီး Fidoေလးဟာ သူ႕နာမည္နဲ႕လုိက္ေအာင္ပဲ သခင္နားက တဖ၀ါးမွမခြာပဲ လုိက္ေနခဲ့ပါတယ္။ မနက္တုိင္း သခင္အလုပ္သြားတဲ့ Bus ကားဂိတ္ကုိလုိက္ပုိ႕ၿပီး သခင္ျပန္လာတဲ့အထိကုိထုိင္ေစာင့္ေနတတ္ပါတယ္။

၁၉၄၃ ဒီဇင္ဘာလမွာ သခင္ျဖစ္သူ Soriani ဟာ သူ႕ရဲ႕စက္ရံုမွာအလုပ္လုပ္ရင္း မေတာ္တဆေပါက္ကြဲမႈတစ္ခုေၾကာင့္ေသဆံုးသြားခဲ့ပါေတာ့တယ္။သနားစရာ Fidoေလးဟာ သခင္ျပန္မလာေတာ့တာမသိပဲ ေစာင့္ၿမဲအတိုင္းထုိင္ေစာင့္ခဲ့ပါတယ္။ သခင္ကုိမေတြ႕တဲ့ေနာက္ဆံုး အိမ္ကုိသူဟာသူျပန္သြားေပမယ့္ ေနာက္ေန႔ညေနေတြေရာက္တုိင္း ၁၄ႏွစ္ၾကာတဲ့အထိ သခင္ျပန္လာ မယ္ဆုိတဲ့ေမ်ွာ္လင့္ခ်က္နဲ႔ အၿမံဲလာေစာင့္ေနပါေတာ့တယ္။ သူ႕ရဲ႕သစၥာရွိမႈကုိ ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ ေၾကးရုပ္တုေလး ထုလုပ္ေပးထားတာပဲျဖစ္ပါတယ္။

၁။ Hachiko

ကမာၻေပၚက ေခြးေတြထဲမွာေတာ့ ဒီေခြးေလးဟာ လူသိအမ်ားဆုံး ျဖစ္ပါလိမ့္မယ္။ ဂ်ပန္ႏိုင္ငံမွာ စုိက္ပ်ိဳးေရးဆုိင္ရာဘာသာရပ္ကုိသင္ေပးတဲ့ ပေရာ္ဖက္ဆာ Hidesaburo Ueno ဟာ ရွားပါးမ်ိဳးစိတ္ျဖစ္တဲ့ Akita ေခြးတစ္ေကာင္ကုိလိုခ်င္ခဲ့တာၾကာပါၿပီ။ ေနာက္ဆံုးမွာေတာ့ Hachiko ဆုိတဲ့ေခြးေလးတစ္ေကာင္ကုိ ၁၉၂၄ခုႏွစ္မွာ ေတြ႕ရွိခဲ့ၿပီး ေမြးခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲသူတုိ႔ေတြဟာသိပ္ကုိ ခင္မင္ရင္းႏွီးသြားၾကပါတယ္။

ေန႔တုိင္းေန႕တုိင္း Hachiko နဲ႔ Ueno တုိ႕ဟာ ဘူတာရံုကုိလမ္းေလ်ွာက္ေလ့ရွိၾကပါတယ္။ညေနဘက္ဆုိရင္ Hachiko ဟာ သူ႕သခင္စာသင္ၿပီးျပန္အလာကုိ ဘူတာရံုကုိလာၿပီး အျမဲထုိင္ေစာင့္လ်က္ရွိပါတယ္။ တစ္ႏွစ္ေလာက္အၾကာမွာေတာ့ Ueno ဟာ စာသင္ေနရင္းန႔ဲ ဦးေႏွာက္ေသြးေၾကာေပါက္ကာ ရုတ္တရက္ ေသဆံုးသြားပါေတာ့တယ္။ အဲဒီေန႔မွာ Hachi ေလးထုိင္ေစာင့္ေနေပမယ့္ သူသခင္ကျပန္မလာႏုိင္ေတာ့ပါဘူး။ ညေန ၅နာရီအခ်ိန္တုိင္း မုိးရြာရြာေနပူပူ သခင္ကုိ လာေစာင့္ေနတဲ့ Hachi ေလးကုိ လူေတြက သတိထားမိလာၾကၿပီး အစာေတြလာလာ ခ်ေကြ်းၾကပါတယ္။

ေခြးေလးရဲ႕အေၾကာင္းဟာ တစ္ၿမိဳ႕လံုးကုိပ်ံ႕ႏွံ႕သြားၿပီး သူ႕ရဲ႕သံေယာဇဥ္ႀကီးမႈကုိ လူအမ်ားက ခ်ီးက်ဴးလာၾကပါတယ္။ သူ႕ရဲ႕ပံုတူရုပ္ထုထြင္းထုၿပီး Shibuya ဘူတာေ႐ွ႕မွာ ၁၉၃၄ခုႏွစ္က ဖြင့္ပြဲနဲ႕ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၃၅ခုႏွစ္မွာ ေတာ့ သခင္ကိုေန႔စဥ္ ၉ႏွစ္ ၉လ ၁၅ရက္တိတိတုိင္ ဘူတာရုံေရွ႕က အုတ္ခုံအ၀ုိင္းေလးေပၚကေန ေစာင့္ေမွ်ာ္ေနတတ္တဲ့ ဟာခ်ီကုိေလးေသဆံုးခဲ့ပါတယ္။ သူေသဆံုးသြားေတာ့ ေပါင္းမ်ားစြာ ဝမ္းနည္းငုိေၾကြးခဲ့ၾကတာကုိ ပံုထဲမွာျမင္ေတြ႕ၾကမွာပါ။

ဟာခ်ီကိုေလးအေၾကာင္းကို သတင္းေတြမွာ မၾကခဏထည့္ေရးရာကေန ဘုရင့္ဆီေရာက္သြားခဲ့ပါတယ္။ ဂ်ပန္ဧကရာဇ္ကလည္း ဟာခ်ီကုိေလးကုိ တုိင္းျပည္ရဲ႕ သစၥာရွိမႈ ျပယုဂ္အျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ဟာခ်ီကုိေလး အၿမဲေစာင့္ေနတတ္တဲ့ ဂိတ္ေပါက္ကုိ ဟာခ်ီဂိတ္ေပါက္လုိ႔ေခၚၾကပါတယ္။ ႏွစ္စဥ္ ဟာခ်ီကုိေလး ေသဆုံးသြားတဲ့ေနေရာက္တုိင္းမွာ ဂ်ပန္က ေခြးခ်စ္သူေတြဟာ အဲဒီေနရာကိုလာေရာက္ေလ့ရွိၿပီး ဟာခ်ီေလးအတြက္ ဆုေတာင္းပြဲေလးေတြ က်င္းပေနၾကဆဲပါ။ ၂၀၁၅ခုႏွစ္မွာေတာ့ ေခြးေလး နဲ႔ သခင္ျဖစ္သူတုိ႔ ျပန္လည္ဆုံဆည္းသြားေလဟန္ ရုပ္တုေလးထပ္မံ ထုလုပ္ေပးခဲ့ပါတယ္။


ကမ္ဘာ့သစ္စာအရှိဆုံး ခွေးလေး ၄ကောင်အကြောင်း (unicode)

ခွေးတွေဟာလူတွေရဲ့အကောင်းဆုံးမိတ်ဆွေတွေဆိုရင် အားလုံးလက်ခံကြပါလိမ့်မယ်။ တစ်ချို့လူတွေကတော့ ကြောင်လေးတွေကိုပိုချစ်ကြပါတယ်။ဒါပေမယ့် သင့်အပေါ် အသက်ရှင်နေစဉ်မှာတင်မကပဲ သေသွားသည့်တိုင်အောင် အမြဲဂရုတစိုက်ချစ်ခင်နေမဲ့သူကိုလိုချင်ရင်တော့ ခွေးမွေးပါလို့အကြံပေးချင်ပါတယ်။

သူတို့တွေရရဲ့သစ္စာရှိမှုဟာဆိုရင် သင့်ရဲ့နောက်ဆုံးအချိန်ဖြစ်တဲ့ သင်သေသွားတဲ့အချိန်ထိတိုင်အောင် မပျက်ပြယ်ပဲရှိနေမှာပဲဖြစ်ပါတယ်။ အခုပြောပြမယ့်ခွေးလေး ၄ကောင် အကြောင်းကို ဖတ်ကြည့်လိုက်ရင် သူတို့ဘယ်လောက်ထိသခင်တွေအပေါ်သစ္စာရှိရှိချစ်သွားကြလဲဆိုတာမြင်တွေ့ကြရမှာပါ။

၄။ Shep

၁၉၃၆ခုနှစ်ကဖြစ်ခဲ့တာပါ။ အမေရိကန် မွန်တားနားပြည်နယ်မှာ နေထိုင်တဲ့ shepherdဆိုသူက တစ်နေ့မှာဖျားနာတဲ့အတွက် ဆေးရုံကိုသွားခဲ့ပါတယ်။ ဆေးရုံကိုသူ့ရဲ့ခွေး Shep လဲအတူလိုက်ပါလာပါတယ်။ သူ့သခင်ဆေးရုံတက်နေစဉ်အတောအတွင်းမှာတော့ သူ့ကို အဲ့ဒီမှာရှိတဲ့ သီလရှင်တပါးကကျွေးမွေးထားတာကြောင့် သူဟာ သူ့သခင်ရဲ့ အခန်းနားမှာအမြဲစောင့်ကြည့်ရင်းနေထိုင်နေခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့သခင်ဟာ ဆေးရုံပေါ်မှာပဲဆုံးပါးသွားပါတော့တယ်။

သူ့သခင်ရဲ့အလောင်းကို သူ့နေရပ်ပြန်ပို့ဖို့သယ်လာတဲ့အခါ Shep လဲပါလာပါတယ်။ ရထားပေါ်အလောင်းတင်လိုက်တဲ့အခါ ခွေးလေးရဲ့ဝမ်းနည်းပက်လက် အူသံကို အလုပ်သမားတွေဟာသတိထားမိလိုက်ပြီး မကြာခင်မှာပဲ ရထားဟာ Shep ရဲ့အဝေးကိုထွက်သွားပါတော့တယ်။ Shep ဟာ ၅နှစ်လုံးလုံး ရထားသံလမ်းတွေပေါ်ကျင်လည်နေခဲ့ပြီး တစ်နေ့ကို ၄ကြိမ်လောက်ဆိုက်နေတဲ့ ရထားတွေတိုင်းက ဆင်းလာတဲ့လူတိုင်းကို စူးစမ်းကာ သူ့သခင်သူ့ကိုပြန်လာခေါ်လိမ့်နိုးနိုး ရှာဖွေနေပါတော့တယ်။

နေထိုင်တာကြာလာတာနဲ့အမျှ ဘူတာရုံက ဝန်ထမ်းတွေရဲ့ကျွေးမွေးမှုနဲ့အတူ သူ့ရဲ့ဝမ်းနည်းစရာ အဖြစ်ကို လည်း လူသိများလာပါတော့တယ်။ ဒီလိုနဲ့ အချိန်တွေကုန်ပြီး သူအသက်ကြီးလာတဲ့အခါမှာ နားတွေဟာကောင်းကောင်းအလုပ်မလုပ်တော့ပဲ ရထားလာတဲ့ အသံကိုမကြေားတော့တာကြောင့် ရထားတိုက်ခံရပြီး သေဆုံးသွားပါတော့တယ်။ သူဟာသူမသေခင်အထိ သူ့သခင်တစ်နေ့လာခေါ်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့စောင့်နေခဲ့တာပါ။ ဘယ်တော့မှပြန်မလာတော့မယ့်သခင်ကို အချိန်အကြာကြီးစောင့်နေခဲ့တဲ့ခွေးလေး Shep အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ထုထားတဲ့ကြေးရုပ်ထုကို မွန်တားနားက Fort Benton မှာ ယနေ့တိုင်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။

၃။ Capitan

Manuel Guzman ဆိုသူဟာ ၂၀၀၆ခုနှစ်မှာဆုံးသွားခဲ့ပါတယ်။ သူဆုံးသွားပြီးနောက်ပိုင်း သူ့ရဲ့အချစ်ဆုံးခွေးလေး Capitan ဟာလည်းအိမ်ကနေ ပျောက်သွားပါတော့တယ်။ တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ သူ့သခင်ရှိတဲ့အုတ်ဂူမှာ သူ့ကိုအမှတ်မထင်တွေ့လိုက်ကြတော့အားလုံးဟာအံ့ဩကုန်ကြပါတော့တယ်။ဘာကြောင့်လဲဆိုတော့ Guzman ရဲ့ အုတ်ဂူကို Capitan ကိုတစ်ခါမှခေါ်မလာဖူးလို့ပါပဲ။

Guzmanရဲ့မိသားစုတွေဟာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ Guzmanအုတ်ဂူရှိရာ သင်္ချိုင်းကိုသွားလေ့ရှိပါတယ်။ အဲ့လိုသွားတဲ့အခါတိုင်းမှာလဲ Capitan ကို အိမ်ပြန်ခေါ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ Capitanဟာ နေ့ဘက်တွေမှာ ဟိုနားဒီနားလျှောက်သွားတတ်ပြီး ညနေ ၆နာရီကျော်တာနဲ့ သူသခင်အုတ်ဂူနားကမခွာတော့ဘူးလို့ အစောင့်တွေကပြောပြပါတယ်။ သင်္ချိုင်းမှာရှိတဲ့ အစောင့်တွေဟာလည်း သနားစရာကောင်းတဲ့ Capitanလေးကို အစာမကျွေးပဲမနေနိုင်ကြတော့ပါဘူး။

သုသာန်စောင့်ရဲ့ ပြောကြားချက်အရ ခွေးကလေးဟာ ညစဉ် ၆ နာရီထိုးတာနဲ့ သူ့သခင်ရဲ့ ဂူမှာ လာအိပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သခင်အပေါ်သံယောဇဉ်ကြီးတဲ့ ခွေးလေးဟာ  ဒီနေ့ထိတိုင်အောင် Capitanလေးဟာ သူ့သခင်ကိုစောင့်နေတုန်းပါပဲတဲ့။

၂။Fido

ခွေးအများစုဟာ သူတို့သခင်တွေသေဆုံးသွားပေမယ့်သစ္စာရှိရှိစောင့်နေကြလို့နာမည်ကျော်ကြတာဖြစ်ပါတယ်။ အခုပြောပြမယ့်နောက်ထပ်ခွေးလေးကတော့ Fido အမည်ရတဲ့ အီတလီနိုင်ငံကခွေးလေးဖြစ်ပါတယ်။ သူ့နာမည်ရဲ့အဓိပ္ပာယ်က Faithful ပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝတစ်လျှောက်မှာ ပြုမူခဲ့တဲ့လေးစားဖွယ်အချက်လေးတွေကြောင့် ဒီအမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ ပုံမှာမြင်ရတာကတော့ သူ့ကိုဂုဏ်ပြုထားတဲ့ သူ့ပုံစံတူကြေးရုပ်ထုလေးပဲဖြစ်ပါတယ်။

သူ့အကြောင်းကတော့ လမ်းဘေးခွေးလေလွင့်ဘဝကနေပြီး ၁၉၄၁ခုနှစ်မှာ သခင် Carlo Soriani ရဲ့ကောက်ယူမွေးခြင်းခံခဲ့ရပါတယ်။ သူ့ကိုတွေ့ခါစက ရေမြောင်းတစ်ခုမှာပိတ်မိနေတာကြောင့်ကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီအချိန်ကစပြီး Fidoလေးဟာ သူ့နာမည်နဲ့လိုက်အောင်ပဲ သခင်နားက တဖဝါးမှမခွာပဲ လိုက်နေခဲ့ပါတယ်။ မနက်တိုင်း သခင်အလုပ်သွားတဲ့ Bus ကားဂိတ်ကိုလိုက်ပို့ပြီး သခင်ပြန်လာတဲ့အထိကိုထိုင်စောင့်နေတတ်ပါတယ်။

၁၉၄၃ ဒီဇင်ဘာလမှာ သခင်ဖြစ်သူ Soriani ဟာ သူ့ရဲ့စက်ရုံမှာအလုပ်လုပ်ရင်း မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့်သေဆုံးသွားခဲ့ပါတော့တယ်။သနားစရာ Fidoလေးဟာ သခင်ပြန်မလာတော့တာမသိပဲ စောင့်မြဲအတိုင်းထိုင်စောင့်ခဲ့ပါတယ်။ သခင်ကိုမတွေ့တဲ့နောက်ဆုံး အိမ်ကိုသူဟာသူပြန်သွားပေမယ့် နောက်နေ့ညနေတွေရောက်တိုင်း ၁၄နှစ်ကြာတဲ့အထိ သခင်ပြန်လာ မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အမြဲလာစောင့်နေပါတော့တယ်။ သူ့ရဲ့သစ္စာရှိမှုကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကြေးရုပ်တုလေး ထုလုပ်ပေးထားတာပဲဖြစ်ပါတယ်။

၁။ Hachiko

ကမ္ဘာပေါ်က ခွေးတွေထဲမှာတော့ ဒီခွေးလေးဟာ လူသိအများဆုံး ဖြစ်ပါလိမ့်မယ်။ ဂျပန်နိုင်ငံမှာ စိုက်ပျိုးရေးဆိုင်ရာဘာသာရပ်ကိုသင်ပေးတဲ့ ပရော်ဖက်ဆာ Hidesaburo Ueno ဟာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ Akita ခွေးတစ်ကောင်ကိုလိုချင်ခဲ့တာကြာပါပြီ။ နောက်ဆုံးမှာတော့ Hachiko ဆိုတဲ့ခွေးလေးတစ်ကောင်ကို ၁၉၂၄ခုနှစ်မှာ တွေ့ရှိခဲ့ပြီး မွေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲသူတို့တွေဟာသိပ်ကို ခင်မင်ရင်းနှီးသွားကြပါတယ်။

နေ့တိုင်းနေ့တိုင်း Hachiko နဲ့ Ueno တို့ဟာ ဘူတာရုံကိုလမ်းလျှောက်လေ့ရှိကြပါတယ်။ညနေဘက်ဆိုရင် Hachiko ဟာ သူ့သခင်စာသင်ပြီးပြန်အလာကို ဘူတာရုံကိုလာပြီး အမြဲထိုင်စောင့်လျက်ရှိပါတယ်။ တစ်နှစ်လောက်အကြာမှာတော့ Ueno ဟာ စာသင်နေရင်းနဲ့ ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက် သေဆုံးသွားပါတော့တယ်။ အဲဒီနေ့မှာ Hachi လေးထိုင်စောင့်နေပေမယ့် သူသခင်ကပြန်မလာနိုင်တော့ပါဘူး။ ညနေ ၅နာရီအချိန်တိုင်း မိုးရွာရွာနေပူပူ သခင်ကို လာစောင့်နေတဲ့ Hachi လေးကို လူတွေက သတိထားမိလာကြပြီး အစာတွေလာလာ ချကျွေးကြပါတယ်။

ခွေးလေးရဲ့အကြောင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပြီး သူ့ရဲ့သံယောဇဉ်ကြီးမှုကို လူအများက ချီးကျူးလာကြပါတယ်။ သူ့ရဲ့ပုံတူရုပ်ထုထွင်းထုပြီး Shibuya ဘူတာရှေ့မှာ ၁၉၃၄ခုနှစ်က ဖွင့်ပွဲနဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၅ခုနှစ်မှာ တော့ သခင်ကိုနေ့စဉ် ၉နှစ် ၉လ ၁၅ရက်တိတိတိုင် ဘူတာရုံရှေ့က အုတ်ခုံအဝိုင်းလေးပေါ်ကနေ စောင့်မျှော်နေတတ်တဲ့ ဟာချီကိုလေးသေဆုံးခဲ့ပါတယ်။ သူသေဆုံးသွားတော့ ပေါင်းများစွာ ဝမ်းနည်းငိုကြွေးခဲ့ကြတာကို ပုံထဲမှာမြင်တွေ့ကြမှာပါ။

ဟာချီကိုလေးအကြောင်းကို သတင်းတွေမှာ မကြခဏထည့်ရေးရာကနေ ဘုရင့်ဆီရောက်သွားခဲ့ပါတယ်။ ဂျပန်ဧကရာဇ်ကလည်း ဟာချီကိုလေးကို တိုင်းပြည်ရဲ့ သစ္စာရှိမှု ပြယုဂ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဟာချီကိုလေး အမြဲစောင့်နေတတ်တဲ့ ဂိတ်ပေါက်ကို ဟာချီဂိတ်ပေါက်လို့ခေါ်ကြပါတယ်။ နှစ်စဉ် ဟာချီကိုလေး သေဆုံးသွားတဲ့နေရောက်တိုင်းမှာ ဂျပန်က ခွေးချစ်သူတွေဟာ အဲဒီနေရာကိုလာရောက်လေ့ရှိပြီး ဟာချီလေးအတွက် ဆုတောင်းပွဲလေးတွေ ကျင်းပနေကြဆဲပါ။ ၂၀၁၅ခုနှစ်မှာတော့ ခွေးလေး နဲ့ သခင်ဖြစ်သူတို့ ပြန်လည်ဆုံဆည်းသွားလေဟန် ရုပ်တုလေးထပ်မံ ထုလုပ်ပေးခဲ့ပါတယ်။

Leave a Reply