စိတ္ညစ္ေနတဲ့ သင့္အတြက္ ေပ်ာ္ရႊင္ေစနည္း ၂၁ ခ်က္

Posted on

Via : Messenger News

လူတိုင္း စိတ္ခ်မ္းသာ ခ်င္ၾကသည္။ ေပ်ာ္ရႊင္ခ်င္ ၾကသည္။ ေပ်ာ္ရႊင္မႈ သာရမယ္ ဆို ဘာပဲ ေပးရ ေပးရ ေပးပါရဲ႕လို႔ ေျပာဖူးၾက သူခ်ည္း ျဖစ္သည္။ သို႔ျဖစ္သည္ တိုင္ ေပ်ာ္ရႊင္မႈ ကို ပ်က္ျပား ေစေသာ အမူအက်င့္ မ်ားကို ကၽြႏု္ပ္တို႔ လုပ္ေနမိ ၾကဆဲျဖစ္သည္။ ေပ်ာ္ရႊင္မႈ ေဆာင္ ၾကဥ္းဖို႔ အေကာင္းဆံုး နည္းလမ္းမွာ မေပ်ာ္ရႊင္ ေစသည့္ အမူ အက်င့္မ်ားကို ေပ်ာ္ရႊင္ေစ သည့္ အမူ အက်င့္မ်ားျဖင့္ အစားထိုးဖို႔ ျဖစ္သည္။ ေပ်ာ္ရႊင္မႈ ရွိၾကေစ ဖို႔ရာ ေအာက္ပါ အခ်က္မ်ားကို ဆင္ျခင္ၾကည့္ ၾကပါစို႔လို႔ တိုက္တြန္း ပါရေစ။

၁။ မရေသး တာမ်ား အတြက္ တဗ်စ္ ေတာက္ေတာက္ လုပ္မေန ပါနဲ႔။ လက္ရွိ လုပ္စရာ ရွိတာကို အေကာင္း ဆံုးလုပ္ျခင္း ျဖင့္သာ မရေသးတာ မ်ား ရလာမည္ကို သတိရပါ။

၂။ တစ္ကိုယ္ တည္း မေနပါနဲ႔။ ရင္ထဲၿမိဳသိပ္ ထားရ သည္မ်ားကို ခ်စ္သူ ခင္သူမ်ား ထံ ရင္ဖြင့္ပါ။

၃။ ကိုယ့္ကိုယ္ ကို သူမ်ားေတြ နဲ႔ တစ္ခ်ိန္လံုး လိုက္ႏိႈင္း ယွဥ္ မေနပါနဲ႔။ ထိုသို႔ လုပ္ပါက မည္သည့္ အခါမွ် စိတ္ ခ်မ္းသာ ရမည္မဟုတ္။ ကိုယ္ အစြမ္းထက္ သည့္ အပိုင္း မွာ ပိုအစြမ္းထက္ လာေအာင္ ႀကိဳးစားဖို႔ သာျဖစ္သည္။

၄။ လူအျမင္ ကတ္ေလာက္ ေအာင္ ေ၀ဖန္ေျပာ ဆိုတာမ်ဳိး ေရွာင္ပါ။ ကိုယ္လည္း အလံုးစံု မျပည့္စံု ႏုိင္သလို၊ အျခား သူမ်ား လည္း လိုအပ္ခ်က္ ကိုယ္စီ ရွိၾကသူ ခ်ည္းျဖစ္ ေၾကာင္းကို လက္ခံပါ။

၅။ အတိတ္က ၀မ္းနည္း စရာ ေဒါသ ထြက္စရာ မ်ား ႏွင့္ခ်ည္း လံုးေထြး ရစ္ပတ္ မေနပါနဲ႔။ မိမိကိုယ္ ကိုလည္း ခြင့္လႊတ္ ႏုိင္ေအာင္ ႀကိဳးစားပါ။ မိမိကို နာက်င္ ေစခဲ့ သူမ်ားကို လည္း ခြင့္လႊတ္ၿပီး လန္းဆန္း သည့္စိတ္ျဖင့္ အနာဂတ္ ကို ဆက္လွမ္း ပါ။

၆။ ေနရာ တကာ အသိ အမွတ္ျပဳ အေလးေပး ခံခ်င္စိတ္ကို ေဖ်ာက္ပါ။ ထိုစိတ္ရွိေန သေရြ႕ ျပည့္ျပည့္ ၀၀ စိတ္ခ်မ္း သာႏုိင္မည္ မဟုတ္။ ကိုယ့္ ကိုယ္ကို ယံုၾကည္ပါ။ ကိုယ့္ ကို စိတ္ခ်မ္းသာ ေစေသာ အလုပ္မ်ားကို လုပ္ပါ။ ဒါဆို လံုေလာက္ ပါၿပီ။

၇။ ကိုယ္ မေအာင္ျမင္တာ သူမ်ားေၾကာင့္ လို႔ လိုက္ အျပစ္ မတင္ပါနဲ႔။ ကိုယ့္ဟာ ကိုယ့္ဘ၀ ဇာတ္ ဆရာပါ။ တကယ္ လုပ္သင့္ သည္မွာ ကိုယ္လိုခ်င္ သည့္ဘ၀ကို သြားမည့္ ခရီးစဥ္ ေျမပံု သတ္မွတ္ၿပီး ကိုယ္တိုင္ ေလွ်ာက္ လွမ္းဖို႔ ျဖစ္သည္။

၈။ အမွား လုပ္မိ သည့္အခါ ကိုယ့္ကိုယ္ ကို ျပစ္တင္ ကဲ့ရဲ႕ျခင္းတစ္ခု တည္းျဖင့္ အခ်ိန္မကုန္ ပါေစနဲ႔။ အမွားကို သင္ခန္းစာ ယူ၍ ေရွ႕ဆက္ပါ။

၉။ အက်င့္ဆိုး မ်ားထဲမွာ လည္မေနပါနဲ႔။ကိုယ့္ကို ေအာင္ ျမင္ေပ်ာ္ရႊင္ ေစမည့္ အက်င့္ေကာင္း မ်ားေမြးျမဴ က်င့္သံုးပါ။

၁၀။ ကိုယ့္ဘ၀ အခ်ိန္ေတြ ကို ေဖ့စ္ဘြတ္ခ္ နဲ႔ခ်ည္း တီဗီနဲ႔ ခ်ည္း မကုန္ပါ ေစနဲ႔။ ကိုယ့္ ဘ၀ကိုပို အဓိပၸာယ္ ရွိေစမည့္ အလုပ္ တစ္ ခုခု အတြက္ အခ်ိန္ပို ေပးပါ။

၁၁။ သူမ်ား ျဖစ္ေစခ်င္ သည့္ ပံုစံနဲ႔ ခ်ည္း မေနပါနဲ႔။ ကိုယ့္ဘ၀ ကို ကိုယ္ျဖစ္ခ်င္ သည့္ ပံုစံ အတိုင္း ေနႏိုင္မွသာ စိတ္ခ်မ္း သာမည္ ကို မေမ့ႏွင့္။

၁၂။ ေလာေလာ ေလာေလာ မလုပ္ပါနဲ႔။ ဘ၀ဆိုတာ တိုတိုပါ။ ရတုန္း အခ်ိန္ေလး မွာ အခ်ိန္တိုင္း ကို အဓိပၸာယ္ ျပည့္၀ စြာ ျဖတ္သန္း ပါ။

၁၃။ တစ္ခ်ိန္လံုး စိုးရိမ္ ပူပန္ စိတ္ ဖိစီးေန တာ မ်ဳိးမျဖစ္ ပါေစနဲ႔။ စိတ္ကို ရွင္းထားပါ။ ဒါမွ ဘ၀၏သာ ယာမႈ ေလးမ်ားကို ဖမ္းယူ ႏိုင္မည္။

၁၄။ လုပ္ခ်င္ တာ ျဖစ္ခ်င္တာ မလုပ္ရ မျဖစ္ရလို႔ ပူညံပူညံ မလုပ္ ပါနဲ႔။ ကိုယ္လုပ္ ခ်င္တာ ျဖစ္ခ်င္ တာကို ေသခ်ာ ေရြးခ်ယ္ပါ။ မေအာင္ျမင္ မခ်င္းအား သြန္လုပ္ပါ။

၁၅။ လူတိုင္း ကို လိုက္ထိန္းခ်ဳပ္ ဖို႔ မႀကိဳးစား ပါနဲ႔။ လူတိုင္း ကိုယ္စီ တန္ဖိုး ရွိၾကတာကို အသိအမွတ္ ျပဳပါ။ တစ္ပါး သူမ်ား၏ အရည္ အခ်င္းကို ေလးစားပါ၊ ယံုၾကည္ပါ။

၁၆။ ကိုယ့္သာ သိကိုယ္သာ တတ္ စိတ္ႀကီးကို ေဖ်ာက္ပါ။ လူတိုင္း ကိုယ္စီ တစ္မ်ဳိးစီ စြမ္းၾကသည္။ အားလံုးနဲ႔ ပူးေပါင္း ေဆာင္ရြက္ တတ္ေအာင္ ေနထိုင္ျခင္း ျဖင့္ သာယာ ေသာဘ၀ တစ္ခုျဖစ္ လာမည္။

၁၇။ သူမ်ား အထင္ႀကီး ေအာင္ တမင္ မလုပ္ပါနဲ႔။ ကိုုယ္႔ ပံုစံ အတိုင္းေနပါ။ ကိုယ့္ပံုစံ အတိုင္းကိုပဲ အမ်ားက လက္ခံ ခ်စ္ခင္ လာေအာင္ ေနထိုင္ပါ။

၁၈။ ကိုယ့္ကို အဆိုးျမင္သူ ေတြနဲ႔ ေ၀းေ၀း ေနပါ။ ကိုယ့္ကို အေကာင္းျမင္သူ အားေပးသူမ်ား အၾကား ေနႏိုင္ ေအာင္ ႀကိဳးစားပါ။ ဒါမွ တက္ႂကြေသာ စိတ္၏ တြန္းအားေၾကာင့္ ေနေပ်ာ္ ေသာ ဘ၀တစ္ခု ပိုင္ဆိုင္ မည္။

၁၉။ သူမ်ား ေျပာတိုင္း အားနာၿပီး ေခါင္းမညိတ္ ပါနဲ႔။ ကိုယ္႔ကိုယ္ ကို တန္ဖိုးထားပါ။ ျငင္းစရာ ႀကံဳလာ လွ်င္ အခင္မင္ မပ်က္ေအာင္ ျငင္းတတ္ ပါေစ။

၂၀။ ထိပ္ဆံုး ေအာင္ျမင္မႈရ လိုေဇာျဖင့္ မၿပိဳင္ ဆိုင္ပါနဲ႔။ ကမၻာႀကီး သည္ ႀကိဳးစားသူ တိုင္းအတြက္ ထိုက္တန္ ေသာ ေနရာကို အလံု အေလာက္ ေပးႏုိင္သည္ ကို သတိရပါ။

၂၁။ အသစ္ အသစ္မ်ား စမ္းသပ္ ဖို႔ရာ ပထမဆံုး ေျခလွမ္း စလွမ္းဖို႔ မေၾကာက္ ပါနဲ႔။ မိမိစိတ္ထဲ ေတြးေၾကာက္ ေန ေသာ အဆိုးျမင္ စိတ္ေလာက္ ျပင္ပ ေလာကႀကီးက ေၾကာက္ စရာ မေကာင္း သည္ကို သတိ ရပါ။


စိတ်ညစ်နေတဲ့ သင့်အတွက် ပျော်ရွှင်စေနည်း ၂၁ ချက် (unicode)

Via : Messenger News

လူတိုင်း စိတ်ချမ်းသာ ချင်ကြသည်။ ပျော်ရွှင်ချင် ကြသည်။ ပျော်ရွှင်မှု သာရမယ် ဆို ဘာပဲ ပေးရ ပေးရ ပေးပါရဲ့လို့ ပြောဖူးကြ သူချည်း ဖြစ်သည်။ သို့ဖြစ်သည် တိုင် ပျော်ရွှင်မှု ကို ပျက်ပြား စေသော အမူအကျင့် များကို ကျွန်ုပ်တို့ လုပ်နေမိ ကြဆဲဖြစ်သည်။ ပျော်ရွှင်မှု ဆောင် ကြဉ်းဖို့ အကောင်းဆုံး နည်းလမ်းမှာ မပျော်ရွှင် စေသည့် အမူ အကျင့်များကို ပျော်ရွှင်စေ သည့် အမူ အကျင့်များဖြင့် အစားထိုးဖို့ ဖြစ်သည်။ ပျော်ရွှင်မှု ရှိကြစေ ဖို့ရာ အောက်ပါ အချက်များကို ဆင်ခြင်ကြည့် ကြပါစို့လို့ တိုက်တွန်း ပါရစေ။

၁။ မရသေး တာများ အတွက် တဗျစ် တောက်တောက် လုပ်မနေ ပါနဲ့။ လက်ရှိ လုပ်စရာ ရှိတာကို အကောင်း ဆုံးလုပ်ခြင်း ဖြင့်သာ မရသေးတာ များ ရလာမည်ကို သတိရပါ။

၂။ တစ်ကိုယ် တည်း မနေပါနဲ့။ ရင်ထဲမြိုသိပ် ထားရ သည်များကို ချစ်သူ ခင်သူများ ထံ ရင်ဖွင့်ပါ။

၃။ ကိုယ့်ကိုယ် ကို သူများတွေ နဲ့ တစ်ချိန်လုံး လိုက်နှိုင်း ယှဉ် မနေပါနဲ့။ ထိုသို့ လုပ်ပါက မည်သည့် အခါမျှ စိတ် ချမ်းသာ ရမည်မဟုတ်။ ကိုယ် အစွမ်းထက် သည့် အပိုင်း မှာ ပိုအစွမ်းထက် လာအောင် ကြိုးစားဖို့ သာဖြစ်သည်။

၄။ လူအမြင် ကတ်လောက် အောင် ဝေဖန်ပြော ဆိုတာမျိုး ရှောင်ပါ။ ကိုယ်လည်း အလုံးစုံ မပြည့်စုံ နိုင်သလို၊ အခြား သူများ လည်း လိုအပ်ချက် ကိုယ်စီ ရှိကြသူ ချည်းဖြစ် ကြောင်းကို လက်ခံပါ။

၅။ အတိတ်က ဝမ်းနည်း စရာ ဒေါသ ထွက်စရာ များ နှင့်ချည်း လုံးထွေး ရစ်ပတ် မနေပါနဲ့။ မိမိကိုယ် ကိုလည်း ခွင့်လွှတ် နိုင်အောင် ကြိုးစားပါ။ မိမိကို နာကျင် စေခဲ့ သူများကို လည်း ခွင့်လွှတ်ပြီး လန်းဆန်း သည့်စိတ်ဖြင့် အနာဂတ် ကို ဆက်လှမ်း ပါ။

၆။ နေရာ တကာ အသိ အမှတ်ပြု အလေးပေး ခံချင်စိတ်ကို ဖျောက်ပါ။ ထိုစိတ်ရှိနေ သရွေ့ ပြည့်ပြည့် ၀၀ စိတ်ချမ်း သာနိုင်မည် မဟုတ်။ ကိုယ့် ကိုယ်ကို ယုံကြည်ပါ။ ကိုယ့် ကို စိတ်ချမ်းသာ စေသော အလုပ်များကို လုပ်ပါ။ ဒါဆို လုံလောက် ပါပြီ။

၇။ ကိုယ် မအောင်မြင်တာ သူများကြောင့် လို့ လိုက် အပြစ် မတင်ပါနဲ့။ ကိုယ့်ဟာ ကိုယ့်ဘ၀ ဇာတ် ဆရာပါ။ တကယ် လုပ်သင့် သည်မှာ ကိုယ်လိုချင် သည့်ဘဝကို သွားမည့် ခရီးစဉ် မြေပုံ သတ်မှတ်ပြီး ကိုယ်တိုင် လျှောက် လှမ်းဖို့ ဖြစ်သည်။

၈။ အမှား လုပ်မိ သည့်အခါ ကိုယ့်ကိုယ် ကို ပြစ်တင် ကဲ့ရဲ့ခြင်းတစ်ခု တည်းဖြင့် အချိန်မကုန် ပါစေနဲ့။ အမှားကို သင်ခန်းစာ ယူ၍ ရှေ့ဆက်ပါ။

၉။ အကျင့်ဆိုး များထဲမှာ လည်မနေပါနဲ့။ကိုယ့်ကို အောင် မြင်ပျော်ရွှင် စေမည့် အကျင့်ကောင်း များမွေးမြူ ကျင့်သုံးပါ။

၁၀။ ကိုယ့်ဘ၀ အချိန်တွေ ကို ဖေ့စ်ဘွတ်ခ် နဲ့ချည်း တီဗီနဲ့ ချည်း မကုန်ပါ စေနဲ့။ ကိုယ့် ဘဝကိုပို အဓိပ္ပာယ် ရှိစေမည့် အလုပ် တစ် ခုခု အတွက် အချိန်ပို ပေးပါ။

၁၁။ သူများ ဖြစ်စေချင် သည့် ပုံစံနဲ့ ချည်း မနေပါနဲ့။ ကိုယ့်ဘ၀ ကို ကိုယ်ဖြစ်ချင် သည့် ပုံစံ အတိုင်း နေနိုင်မှသာ စိတ်ချမ်း သာမည် ကို မမေ့နှင့်။

၁၂။ လောလော လောလော မလုပ်ပါနဲ့။ ဘဝဆိုတာ တိုတိုပါ။ ရတုန်း အချိန်လေး မှာ အချိန်တိုင်း ကို အဓိပ္ပာယ် ပြည့်၀ စွာ ဖြတ်သန်း ပါ။

၁၃။ တစ်ချိန်လုံး စိုးရိမ် ပူပန် စိတ် ဖိစီးနေ တာ မျိုးမဖြစ် ပါစေနဲ့။ စိတ်ကို ရှင်းထားပါ။ ဒါမှ ဘ၀၏သာ ယာမှု လေးများကို ဖမ်းယူ နိုင်မည်။

၁၄။ လုပ်ချင် တာ ဖြစ်ချင်တာ မလုပ်ရ မဖြစ်ရလို့ ပူညံပူညံ မလုပ် ပါနဲ့။ ကိုယ်လုပ် ချင်တာ ဖြစ်ချင် တာကို သေချာ ရွေးချယ်ပါ။ မအောင်မြင် မချင်းအား သွန်လုပ်ပါ။

၁၅။ လူတိုင်း ကို လိုက်ထိန်းချုပ် ဖို့ မကြိုးစား ပါနဲ့။ လူတိုင်း ကိုယ်စီ တန်ဖိုး ရှိကြတာကို အသိအမှတ် ပြုပါ။ တစ်ပါး သူများ၏ အရည် အချင်းကို လေးစားပါ၊ ယုံကြည်ပါ။

၁၆။ ကိုယ့်သာ သိကိုယ်သာ တတ် စိတ်ကြီးကို ဖျောက်ပါ။ လူတိုင်း ကိုယ်စီ တစ်မျိုးစီ စွမ်းကြသည်။ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် တတ်အောင် နေထိုင်ခြင်း ဖြင့် သာယာ သောဘ၀ တစ်ခုဖြစ် လာမည်။

၁၇။ သူများ အထင်ကြီး အောင် တမင် မလုပ်ပါနဲ့။ ကိုယ့် ပုံစံ အတိုင်းနေပါ။ ကိုယ့်ပုံစံ အတိုင်းကိုပဲ အများက လက်ခံ ချစ်ခင် လာအောင် နေထိုင်ပါ။

၁၈။ ကိုယ့်ကို အဆိုးမြင်သူ တွေနဲ့ ဝေးဝေး နေပါ။ ကိုယ့်ကို အကောင်းမြင်သူ အားပေးသူများ အကြား နေနိုင် အောင် ကြိုးစားပါ။ ဒါမှ တက်ကြွသော စိတ်၏ တွန်းအားကြောင့် နေပျော် သော ဘဝတစ်ခု ပိုင်ဆိုင် မည်။

၁၉။ သူများ ပြောတိုင်း အားနာပြီး ခေါင်းမညိတ် ပါနဲ့။ ကိုယ့်ကိုယ် ကို တန်ဖိုးထားပါ။ ငြင်းစရာ ကြုံလာ လျှင် အခင်မင် မပျက်အောင် ငြင်းတတ် ပါစေ။

၂၀။ ထိပ်ဆုံး အောင်မြင်မှုရ လိုဇောဖြင့် မပြိုင် ဆိုင်ပါနဲ့။ ကမ္ဘာကြီး သည် ကြိုးစားသူ တိုင်းအတွက် ထိုက်တန် သော နေရာကို အလုံ အလောက် ပေးနိုင်သည် ကို သတိရပါ။

၂၁။ အသစ် အသစ်များ စမ်းသပ် ဖို့ရာ ပထမဆုံး ခြေလှမ်း စလှမ်းဖို့ မကြောက် ပါနဲ့။ မိမိစိတ်ထဲ တွေးကြောက် နေ သော အဆိုးမြင် စိတ်လောက် ပြင်ပ လောကကြီးက ကြောက် စရာ မကောင်း သည်ကို သတိ ရပါ။

Leave a Reply