ကမာၻ႔အႀကီဆုံး နဲ႔ အေလးဆုံး ေငြေၾကး သုံးစြဲၾကသူမ်ား

Posted on

ကမာၻေပၚက လူအားလုံးနီးပါးဟာ အေၾကေစ့ေတြ ေငြစကၠဴေတြကုိ သတၱဳ ၊ စကၠဴ ၊ ပလတ္စတစ္ တုိ႔ျပဳလုပ္ၿပီးသုံးၾကပါတယ္။ ဒါေပမယ့္  ကြ်န္းငယ္ေလးတစ္ကြ်န္းျဖစ္တဲ့ Micronesian မွာေနထုိင္တဲ့ Yap လူမ်ဳိးေတြကေတာ့ တမ်ဳိးတဖုံ ထူးျခားပါတယ္။ Micronesian ကြ်န္းက Yap လူမ်ဳိးေတြရဲ႕အေၾကာင္းကုိ သိရွိသူနည္းမယ္ထင္ပါတယ္။

Micronesian ကြ်န္းဆုိတာ ပစိဖိတ္သမုဒၵရာထဲက မာရွယ္ကြ်န္းစုမွာပါတဲ့ ကြ်န္းတစ္ကြ်န္းျဖစ္ပါတယ္။ ဒီကြ်န္းမွာေနထုိင္တဲ့ လူမ်ဳိးေတြရဲ႕ထူးျခားခ်က္ကေတာ့ သူတုိ႔ပိုက္ဆံအျဖစ္ အသုံးျပဳတဲ့အရာဟာ အလြန္ႀကီးမားေလးလံတဲ့ ထုံးေက်ာက္ျပားႀကီးေတြ ကုိ သုံးစြဲခဲ့ျခင္းပါ။ ဒီလုိ ေက်ာက္ျပားႀကီးေတြကုိ ေငြေၾကးအျဖစ္ သုံးစြဲလာခဲ့တာ လြန္ခဲ့ေသာႏွစ္ရာေပါင္းမ်ားစြာကေန ယေန႔တုိင္သုံးစြဲေနၾကေသးပါတယ္။

ယေန႔ Micronesian ကြ်န္းမွာ ပစၥည္းပစၥယေတြ၀ယ္ဖုိ႔အတြက္ အေမရိကန္ေဒၚလာကုိ သူတုိ႔ရဲ႕တရား၀င္ေငြေၾကးအျဖစ္သုံးပါတယ္။ ဒါေပမယ့္ ေက်ာက္ျပားႀကီးေတြကုိေတာ့ ေရႊထက္ေတာင္တန္ဖုိးထားၿပီး လက္ထပ္ပြဲေတြ ၊ ကေလးေမြးေန႔ပြဲေတြ နဲ႔ ရြာအခ်င္းခ်င္း ျပႆနာတက္လုိ႔ေျဖရွင္းတဲ့အခါေတြမွာ သုံးၾကပါတယ္။  ဒီကြ်န္းေပၚမွာ ဒီလုိေက်ာက္ျပားႀကီး ေတြဟာ ေနရာအႏွံ႔မွာရွိေနတတ္ပါတယ္။

ဟုိတယ္အျပင္ဘက္ေတြမွာ ၊ သစ္ေတာေတြထဲမွာပါေတြ႔ရေပမယ့္ အမ်ားဆုံးရွိတဲ့ေနရာကေတာ့ ေက်းရြာတုိင္းရဲ႕ ေက်ာက္တုံးဘဏ္လို႔သတ္မွတ္ထားတဲ့ေနရာေတြမွာ ျဖစ္ပါတယ္။ ခန္႔မွန္းေျခအားျဖင့္ စုစုေပါင္း ေက်ာက္ျပားႀကီးေပါင္း ၁၃၀၀၀ ခန္႔ရွိေနပါတယ္။ ဒီအထဲက တန္ဖုိးႀကီးဆုံးေက်ာက္ျပားကေတာ့ အခ်င္း ၁၁ေပခြဲ ရွိတဲ့ေက်ာက္ျပားႀကီးပဲ ျဖစ္ပါတယ္။

ၿဗိတိန္ျပတုိက္မွာ ျပသထားတဲ့ ေက်ာက္တုံးေငြေၾကး

ဒီေက်ာက္ျပားႀကီးေတြရဲ႕ သမုိင္းအစကိုေတာ့ ဘယ္သူမွသိရွိျခင္း မရွိပါဘူး။ ဒါေပမယ့္ အစပထမတုန္းကေတာ့ ေက်ာက္ျပားႀကီးေတြကို ေ၀လငါးပုံစံထြင္းထုၿပီး လက္ေဆာင္ေပးရာကေန ၊ ေနာက္ပိုင္းမွာ အ၀ုိင္းအျဖစ္ပုံစံေျပာင္းၿပီး ေငြေၾကးအျဖစ္သုံးစြဲခဲ့ၾကတယ္လုိ႔ ေဒသခံေတြ က ဆုိပါတယ္။ ဒီေက်ာက္ျပားႀကီးေတြကိုေတာ့ ‘Rai’ လုိ႔ေခၚပါတယ္။

ဒီထုံးေက်ာက္ျပားႀကီးေတြကုိ ဘယ္ေလာက္ ဘယ္ပမာဏ ေငြေၾကးသတ္မွတ္ၿပီး သုံးစြဲတယ္ဆုိတာ ရွင္းရွင္းလင္းလင္း မသိရေပမယ့္ ေအာ္ရီဂြန္တကၠသုိလ္က သုေတသနပညာရွင္ ေဒါက္တာ Scott Fitzpatrick ရဲ႕ေျပာၾကားခ်က္အရဆုိရင္ေတာ့ ပစၥည္းေတြကို ဒီေက်ာက္ျပားႀကီးေတြနဲ႔ ၀ယ္ယူလုိ႔ရပါတယ္။ သယ္ယူတဲ့အခါမွာေတာ့ အ၀ိုင္းပုံေက်ာက္ျပားရဲ႕အလယ္မွာ သစ္သားေခ်ာင္းတစ္ေခ်ာင္းကို ထိုးၿပီးသယ္ယူပါသတဲ့။

ဒါေပမယ့္ တခ်ဳိ႕အလြန္ႀကီးမားတဲ့ေက်ာက္ျပားႀကီးေတြကုိေတာ့ သယ္ယူဖုိ႔အလြန္ခက္ပါတယ္။ ဒီလုိအခါမ်ဳိးမွာဆုိရင္ေတာ့ မသယ္ေတာ့ပဲ ပုိင္ရွင္အမည္ကိုသာ ေျပာင္းလဲမွတ္သားရပါတယ္။ ေက်ာက္တုံးတစ္တုံးခ်င္းစီမွာ သူတုိ႔ရဲ႕ပိုင္ဆုိင္မႈ တရား၀င္မွတ္တမ္းေတြရွိပါတယ္။တခါတုန္းက သေဘၤာသားတစ္ေယာက္ယူလာတဲ့ ေက်ာက္ျပားႀကီးတစ္ခုကုိ ကြ်န္းသားေတြရယူဖုိ႔ႀကဳိးစားရာကေန လူေပါင္းမ်ားစြာေသဆုံးခဲ့ဖူးတဲ့ အျဖစ္ေတြရွိခဲ့ဖူးတယ္လုိ႔ ဆုိပါတယ္။

၁၈၀၀ ျပည့္ႏွစ္ေနာက္ပုိင္းမွာေတာ့ ဂ်ာမန္ နဲ႔ အေမရိကန္သေဘၤာသားေတြဟာ ဒီကြ်န္းကိုေရာက္ရွိလာခဲ့ၿပီး ကြ်န္းသားေတြကုိ ကူညီခဲ့ပါတယ္။ ကြ်န္းသားမ်ားရဲ႕ေလွေတြေနရာမွာ သေဘၤာေတြအစားထုိးဖုိ႔နဲ႔ ေက်ာက္လက္နက္ကိရိယာေတြေနရာမွာ ပုိေကာင္းတဲ့သတၱဳနဲ႔ျပဳလုပ္ထားတဲ့လက္နက္ကိရိယာေတြကုိ အစားထုိးဖုိ႔ပါ။ ဂ်ာမန္ ေတြ အေမရိကန္ေတြနဲ႔ ပတ္သတ္ၿပီးတဲ့ေနာက္မွာ ေက်ာက္ျပားႀကီးေတြကို ေငြေၾကးအျဖစ္သုံးစြဲမႈဟာလည္း တျဖည္းျဖည္းပေပ်ာက္လာခဲ့ၿပီး ေက်ာက္ျပားေနရာမွာ ေဒၚလာေတြက ၀င္ေရာက္လာပါေတာ့တယ္။

ဒါေပမယ့္ သမုိင္းနဲ႔ ဆုိင္တဲ့ ဒီေက်ာက္ျပားႀကီးေတြေၾကာင့္ Micronesian ကြ်န္းငယ္ေလးဟာ ၂၀၁၇ခုႏွစ္မွာ ယူနက္စကုိရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ခံခဲ့ရတာကေတာ့ ကြ်န္းသူကြ်န္္းသားေတြအတြက္ ဂုဏ္ယူစရာပဲ ျဖစ္ပါေတာ့တယ္။

VIDEO


ကမ္ဘာ့အကြီဆုံး နဲ့ အလေးဆုံး ငွေကြေး သုံးစွဲကြသူများ (unicode)

ကမ္ဘာပေါ်က လူအားလုံးနီးပါးဟာ အကြေစေ့တွေ ငွေစက္ကူတွေကို သတ္တု ၊ စက္ကူ ၊ ပလတ်စတစ် တို့ပြုလုပ်ပြီးသုံးကြပါတယ်။ ဒါပေမယ့်  ကျွန်းငယ်လေးတစ်ကျွန်းဖြစ်တဲ့ Micronesian မှာနေထိုင်တဲ့ Yap လူမျိုးတွေကတော့ တမျိုးတဖုံ ထူးခြားပါတယ်။ Micronesian ကျွန်းက Yap လူမျိုးတွေရဲ့အကြောင်းကို သိရှိသူနည်းမယ်ထင်ပါတယ်။

Micronesian ကျွန်းဆိုတာ ပစိဖိတ်သမုဒ္ဒရာထဲက မာရှယ်ကျွန်းစုမှာပါတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာနေထိုင်တဲ့ လူမျိုးတွေရဲ့ထူးခြားချက်ကတော့ သူတို့ပိုက်ဆံအဖြစ် အသုံးပြုတဲ့အရာဟာ အလွန်ကြီးမားလေးလံတဲ့ ထုံးကျောက်ပြားကြီးတွေ ကို သုံးစွဲခဲ့ခြင်းပါ။ ဒီလို ကျောက်ပြားကြီးတွေကို ငွေကြေးအဖြစ် သုံးစွဲလာခဲ့တာ လွန်ခဲ့သောနှစ်ရာပေါင်းများစွာကနေ ယနေ့တိုင်သုံးစွဲနေကြသေးပါတယ်။

ယနေ့ Micronesian ကျွန်းမှာ ပစ္စည်းပစ္စယတွေဝယ်ဖို့အတွက် အမေရိကန်ဒေါ်လာကို သူတို့ရဲ့တရားဝင်ငွေကြေးအဖြစ်သုံးပါတယ်။ ဒါပေမယ့် ကျောက်ပြားကြီးတွေကိုတော့ ရွှေထက်တောင်တန်ဖိုးထားပြီး လက်ထပ်ပွဲတွေ ၊ ကလေးမွေးနေ့ပွဲတွေ နဲ့ ရွာအချင်းချင်း ပြဿနာတက်လို့ဖြေရှင်းတဲ့အခါတွေမှာ သုံးကြပါတယ်။  ဒီကျွန်းပေါ်မှာ ဒီလိုကျောက်ပြားကြီး တွေဟာ နေရာအနှံ့မှာရှိနေတတ်ပါတယ်။

ဟိုတယ်အပြင်ဘက်တွေမှာ ၊ သစ်တောတွေထဲမှာပါတွေ့ရပေမယ့် အများဆုံးရှိတဲ့နေရာကတော့ ကျေးရွာတိုင်းရဲ့ ကျောက်တုံးဘဏ်လို့သတ်မှတ်ထားတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ကျောက်ပြားကြီးပေါင်း ၁၃၀၀၀ ခန့်ရှိနေပါတယ်။ ဒီအထဲက တန်ဖိုးကြီးဆုံးကျောက်ပြားကတော့ အချင်း ၁၁ပေခွဲ ရှိတဲ့ကျောက်ပြားကြီးပဲ ဖြစ်ပါတယ်။

ဒီကျောက်ပြားကြီးတွေရဲ့ သမိုင်းအစကိုတော့ ဘယ်သူမှသိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် အစပထမတုန်းကတော့ ကျောက်ပြားကြီးတွေကို ဝေလငါးပုံစံထွင်းထုပြီး လက်ဆောင်ပေးရာကနေ ၊ နောက်ပိုင်းမှာ အဝိုင်းအဖြစ်ပုံစံပြောင်းပြီး ငွေကြေးအဖြစ်သုံးစွဲခဲ့ကြတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။ ဒီကျောက်ပြားကြီးတွေကိုတော့ ‘Rai’ လို့ခေါ်ပါတယ်။

ဒီထုံးကျောက်ပြားကြီးတွေကို ဘယ်လောက် ဘယ်ပမာဏ ငွေကြေးသတ်မှတ်ပြီး သုံးစွဲတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အော်ရီဂွန်တက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ Scott Fitzpatrick ရဲ့ပြောကြားချက်အရဆိုရင်တော့ ပစ္စည်းတွေကို ဒီကျောက်ပြားကြီးတွေနဲ့ ဝယ်ယူလို့ရပါတယ်။ သယ်ယူတဲ့အခါမှာတော့ အဝိုင်းပုံကျောက်ပြားရဲ့အလယ်မှာ သစ်သားချောင်းတစ်ချောင်းကို ထိုးပြီးသယ်ယူပါသတဲ့။

ဒါပေမယ့် တချို့အလွန်ကြီးမားတဲ့ကျောက်ပြားကြီးတွေကိုတော့ သယ်ယူဖို့အလွန်ခက်ပါတယ်။ ဒီလိုအခါမျိုးမှာဆိုရင်တော့ မသယ်တော့ပဲ ပိုင်ရှင်အမည်ကိုသာ ပြောင်းလဲမှတ်သားရပါတယ်။ ကျောက်တုံးတစ်တုံးချင်းစီမှာ သူတို့ရဲ့ပိုင်ဆိုင်မှု တရားဝင်မှတ်တမ်းတွေရှိပါတယ်။တခါတုန်းက သင်္ဘောသားတစ်ယောက်ယူလာတဲ့ ကျောက်ပြားကြီးတစ်ခုကို ကျွန်းသားတွေရယူဖို့ကြိုးစားရာကနေ လူပေါင်းများစွာသေဆုံးခဲ့ဖူးတဲ့ အဖြစ်တွေရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

၁၈၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဂျာမန် နဲ့ အမေရိကန်သင်္ဘောသားတွေဟာ ဒီကျွန်းကိုရောက်ရှိလာခဲ့ပြီး ကျွန်းသားတွေကို ကူညီခဲ့ပါတယ်။ ကျွန်းသားများရဲ့လှေတွေနေရာမှာ သင်္ဘောတွေအစားထိုးဖို့နဲ့ ကျောက်လက်နက်ကိရိယာတွေနေရာမှာ ပိုကောင်းတဲ့သတ္တုနဲ့ပြုလုပ်ထားတဲ့လက်နက်ကိရိယာတွေကို အစားထိုးဖို့ပါ။ ဂျာမန် တွေ အမေရိကန်တွေနဲ့ ပတ်သတ်ပြီးတဲ့နောက်မှာ ကျောက်ပြားကြီးတွေကို ငွေကြေးအဖြစ်သုံးစွဲမှုဟာလည်း တဖြည်းဖြည်းပပျောက်လာခဲ့ပြီး ကျောက်ပြားနေရာမှာ ဒေါ်လာတွေက ဝင်ရောက်လာပါတော့တယ်။

ဒါပေမယ့် သမိုင်းနဲ့ ဆိုင်တဲ့ ဒီကျောက်ပြားကြီးတွေကြောင့် Micronesian ကျွန်းငယ်လေးဟာ ၂၀၁၇ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာကတော့ ကျွန်းသူကျွန်းသားတွေအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတော့တယ်။

 

Leave a Reply