ပစိဖိတ္သမုဒၵရာ ထဲက ၀ုိင္ယီကြ်န္းစု အေၾကာင္း

Posted on

ဟာဝိုင္ယီကၽြန္းစု သည္ပစိဖိတ္သမုဒၵရာတြင္း၌ တည္ရွိ၍ အေမရိကန္ႏုိင္ငံ၏ ျပည္နယ္တစ္ခုလည္းျဖစ္သည္။ အေရွ႕ဘက္ရွိေျမာက္အေမရိကတိုက္မွလည္းေကာင္း၊ အေနာက္ဘက္ရွိ အာရွတိုက္မွလည္းေကာင္း၊ မိုင္၂ဝဝဝ ေက်ာ္စီကြာေဝးသည္။ ဟာဝိုင္ယီကၽြန္းစုတြင္ ကၽြန္းေပါင္း ၂ဝေက်ာ္ပါဝင္ေသာ္လည္း လူေနအိမ္ေျခရွိ၍ အႀကီးမားဆုံးေသာကၽြန္းမ်ားမွာ ရွစ္ကၽြန္းသာျဖစ္သည္။ ယင္းကၽြန္းႀကီးရွစ္ကၽြန္း၏ အမည္ႏွင့္အက်ယ္အဝန္းမွာ ေအာက္ပါအတိုင္းျဖစ္သည္။

ဟာဝိုင္ယီကၽြန္း ၄ဝ၃ဝ စတုရန္းမိုင္။
မာအူးအီးကၽြန္း ၇၂၈ စတုရန္းမိုင္။
အိုအာဟူးကၽြန္း ၆ဝ၄ စတုရန္းမိုင္။
ကာအူးအီးကၽြန္း ၅၅၅ စတုရန္းမိုင္။

မိုလိုကာအီးကၽြန္း ၂၆ဝ စတုရန္းမိုင္။
လာနာအီးကၽြန္း ၁၄၁ စတုရန္းမိုင္။
နီအီးဟအူးကၽြန္း ၇၂ စတုရန္းမိုင္။
ကာဟူးလာဝီးကၽြန္း ၄၅ စတုရန္းမိုင္။

က်န္ကၽြန္းမ်ားမွာ အေနာက္ေျမာက္ဘက္ရွိ မစ္ဒေဝးကၽြန္း၊နီးဟိုးအားကၽြန္း၊ နကၠာကၽြန္း၊ ေလစန္ကၽြန္း၊ ကူးေရးကၽြန္း၊ စသည္တို႔ႏွင့္ ေတာင္ဘက္ ရိပယ္မိုင္းရားကၽြန္းႏွင့္ ဂၽြန္စတန္ကၽြန္းတို႔ျဖစ္ၾကသည္။ ကၽြန္းႀကီးရွစ္ကၽြန္း၏ ေျမျပင္အက်ယ္အဝန္းမွာ ၆၄၃၅ စတုရန္းမိုင္ရွိ၍က်န္ကၽြန္းမ်ား ၏ အက်ယ္အဝန္းမွာ သုံးစတုရန္းမိုင္ပင္မျပည့္ေခ်။ ထို႔ေၾကာင့္ ဟာဝိုင္းယီကၽြန္း၏ စုစုေပါင္းအက်ယ္အဝန္းသည္ ၆၄၃၈ စတုရန္းမိုင္ရွိ၍ ေတာင္ငူခ႐ိုင္ႏွင့္ ဟံသာဝတီခ႐ိုင္ႏွစ္ရပ္ေပါင္း၏ အက်ယ္အဝန္းခန္႔ရွိေလသည္။ ဟာဝိုင္ယီကၽြန္းမ်ားကိုသိပၸံပညာရွင္မ်ားက အစုသုံးစုခြဲၾက သည္။

အေရွ႕ေတာင္ဘက္ရွိ ကၽြန္းမႀကီး ရွစ္ကၽြန္း ၊ အလယ္ပိုင္းရွိ ေက်ာက္ေဆာင္ အတိျဖစ္ေသာကၽြန္းကေလးမ်ား၊ အေနာက္ေျမာက္ဘက္ရွိ သႏၲာႏွင့္သဲကၽြန္းမ်ားျဖစ္သည္။ ကြ်န္းအားလုံးသည္ သမုဒၵရာျပင္ထက္ ထိုးတက္လာေသာမီးေတာင္မ်ား ျဖစ္သည္ဟုလည္း ဆုိၾက၍ သမုဒၵရာေရစီးေၾကာင္းမ်ား၊ လႈိင္းတံပိုးမ်ား႐ိုက္ခတ္တိုက္စားသျဖင့္ အခ်ိဳ႕ေတာင္မ်ားသည္ သႏၲာကၽြန္းေခြႏွင့္ေက်ာက္ခက္တန္းမ်ားသဖြယ္ သမုဒၵရာေရျပင္ေပၚတြင္ေပါေလာေပၚလၽွက္ရွိၾကသည္။

ဟာဝိုင္ယီကၽြန္းစု၌ ဦးစြာေနထိုင္ၾကသူမ်ားသည္ ခရစ္ႏွစ္ ၅ဝဝခန္႔ကစ၍ ဆမိုးဝါးကၽြန္းမွ ေျပာင္းေ႐ႊ႕လာေရာက္ေနထိုင္ၾကသူမ်ားျဖစ္သည္ဟုဆိုသည္။ ပထမဆုံးလာေရာက္ေနထိုင္သူမွာဟာဝိုင္ယီ လိုအားဆိုသူ ျဖစ္ေၾကာင္းျဖင့္ေျပာၾကသည္။ သူ၏အမည္ကိုယူ၍ ဟာဝိုင္ယီကၽြန္းမ်ား အနက္အ ႀကီးဆုံးကၽြန္းကို ဟာဝိုင္ယီကၽြန္းဟု မွည့္ေခၚသည္ဟုလည္းဆိုၾကေလသည္။ ဟာဝိုင္ယီကၽြန္းစုကို စပိန္လူမ်ိဳးဟြန္ဂေအးတာႏိုးက ခရစ္၁၅၅၅ ခုႏွစ္တြင္ စတင္ေတြ႕ရွိသည္ဟု အခ်ိဳ႕သမိုင္းဆရာတို႔ကဆိုၾကသည္။ သို႔ရာတြင္သမိုင္းသုေတသီ အေတာ္မ်ားမ်ားကမူ ၁၇၇၈ ခုႏွစ္ဇန္နဝါရီလတြင္မွ ကက္ပတိန္ဂ်ိမ္းကြတ္ဆိုသူ အဂၤလိပ္လူမ်ိဳးစူးစမ္းရွာေဖြသူက ေတြ႕ရွိ၍ သူ၏ေက်းဇူးရွင္ဆင္းဒဝစ္ကို ဂုဏ္ျပဳေသာအားျဖင့္ထိုကၽြန္းမ်ားကို ဆင္းဒဝစ္ကၽြန္း ဟူ၍ မွည့္ ေခၚခဲ့သည္ဟု ယူဆၾကသည္။

၁၈၉၈ ခုႏွစ္တြင္ ဟာဝိုင္ယီကၽြန္းမ်ားကို အေမရိကန္ျပည္ ေထာင္စုအတြင္းသို႔နယ္တစ္နယ္အျဖစ္သြတ္သြင္းသိမ္းယူ လိုက္သည္။ သို႔ရာတြင္ ျပည္နယ္အျဖစ္သို႔ကား မေရာက္ရွိေသးေခ်။ ထိုအခ်ိန္မွစ၍ ဟာဝိုင္ယီကၽြန္း၏ဘုရင္ခံ၊ တရားဝန္ႀကီးစသည္တို႔ ကိုအေမရိကန္သမတက ေ႐ြးခ်ယ္ခန္႔ထားေလသည္။ ၁၉၄၁ ခုႏွစ္ဒီဇင္ဘာလ ၇ ရက္ေန႔တြင္ ဂ်ပန္တို႔သည္မည္သို႔မၽွစစ္မေၾကညာဘဲ ဟာဝိုင္ယီကြ်န္းရွိ အေမရိကန္ ေရတပ္စခန္းျဖစ္ေသာ ပုလဲဆိပ္ကမ္းကို ႐ုတ္တရက္ဗုံးႀကဲတိုက္ခိုက္သျဖင့္အႀကီးအက်ယ္ ပ်က္စီးခဲ့ရသည္။

ဟုိႏုိလူလူ ပုလဲဆိပ္ကမ္းမွ USS Arizona Memorial

၁၉၅၉ ခုႏွစ္ မတ္လ ၁၂ရက္ေန႔တြင္ ဟာဝိုင္ယီကၽြန္းစုကိုအေမရိကန္ျပည္ေထာင္စု၏ ၅ဝ ေျမာက္ ျပည္နယ္အျဖစ္ အသိအမွတ္ျပဳသည့္ ဥပေဒၾကမ္းကို အေမရိကန္လႊတ္ေတာ္က အတည္ျပဳ ျပဌာန္းလိုက္ေလသည္။ ထိုႏွစ္မတ္လ ၁၈ ရက္ေန႔တြင္အေမရိကန္သမၼတအိုက္ဆင္ေဟာင္ဝါက ထိုဥပေဒၾကမ္းကို လက္မွတ္ေရးထိုး၍ ဩဂုတ္လ ၂၁ ရက္ေန႔တြင္တရားဝင္ ေၾကညာခဲ့ေလသည္။

ဟာဝိုင္ယီကၽြန္းစုတြင္မီးေတာင္ ၄ဝ ခန္႔ရွိသည့္အနက္ မာအူးနားလိုအား ႏွင့္ ကီလာအူးအား ေခၚမီးရွင္ေတာင္ႏွစ္လုံးရွိသည္။ မီးေတာင္ႏွစ္လုံးစလုံး ဟဝိုင္းအီးကၽြန္းေပၚတြင္ရွိ၍ ႏွစ္အနည္း ငယ္မၽွသာျခားလ်က္ မၾကာမၾကာေပါက္ကြဲေလ့ရွိသည္။ ယင္းသို႔မီးေတာင္ေပါက္၍ ေခ်ာ္ရည္မ်ားသမုဒၵရာထဲစီးဆင္းျခင္းျဖင့္ ကၽြန္းသည္လည္း တျဖည္းျဖည္းတိုးတက္က်ယ္ဝန္းလာသည္။ မာအူးနားလိုအား မီးေတာင္သည္ ကမၻာေပၚတြင္ အႀကီးဆုံးမီးေတာင္ႏွင့္ ထုထည္အႀကီးဆုံးေတာင္ျဖစ္သည္။ ကီလာအူးလားမီးေတာင္မူကား ကမာၻေပၚတြင္ မီေတာင္ထိပ္ဝအခ်ိဳင့္အႀကီးဆုံး မီးေတာင္ျဖစ္သည္။ မာအူးအီးကၽြန္းေပၚရွိ ဟာလီအာကာလာ မီးေတာင္မွာမူ မီးေသေတာင္ျဖစ္၍ မီးေတာင္ထိပ္ဝသည္ စတုရန္းမိုင္ ၂ဝက်ယ္ရကားကမာၻေပၚရွိ မီးေသေတာင္မ်ားအနက္အႀကီးဆုံး ထိပ္ဝခ်ိဳင့္ရွိေသာ မီးေသေတာင္ ျဖစ္သည္။

မာအူးအီးကၽြန္းေပၚရွိ ဟာလီအာကာလာ မီးေတာင္
မာအူးနားလိုအား

ဟာဝိုင္ယီကၽြန္းမ်ားသည္ ပင္လယ္ ေရမ်က္ႏွာျပင္ေအာက္ ေပ ၁၅ဝဝဝမွ ေပ ၁၈ဝဝဝ အထိရွိေသာေအာက္ေျခတြင္ မီးေတာင္မ်ားအဆင့္ဆင့္ ေပါက္ကြဲစတင္ျဖစ္ေပၚလာ၍ ကၽြန္းေျမျပင္ မ်ားသည္လည္းေတာင္ထူထပ္သည္။ အျမင့္ဆုံးေတာင္ထိပ္မွာ မာအူးနားကီးအားေတာင္ျဖစ္၍ ၁၃၈၀၃ေပ ျမင့္သည္။ ေျမမ်က္ႏွာျပင္သည္ ေခ်ာ္ေျမျဖင့္ၿပီးရကား ႏိုက္ထ႐ိုဂ်င္ဓာတ္ေပါႂကြယ္ဝသည္။ သို႔ရာတြင္ ေက်ာက္မီးေသြးစေသာ ဓာတ္သတၱဳမ်ားကိုကားမေတြ႕ရေခ်။ ကၽြန္းအေတာ္မ်ားမ်ား၏ကမ္း႐ိုးတန္းမ်ားတစ္ေလၽွာက္ တြင္ သႏၲာေက်ာက္တန္းမ်ားျဖစ္ေပၚေနသျဖင့္ ဟိုႏိုလူလူ ႏွင့္ ပါးလဟာဗာၿမိဳ႕မ်ားမွတစ္ပါးအျခား သေဘၤာဆိပ္ၿမိဳ႕ ေကာင္းေကာင္းမရွိေခ်။ ကမ္း႐ိုးတန္းႏွင့္ေတာင္တန္းမ်ား ၾကားတြင္ ေျမဩဇာေကာင္းေသာ ကမ္းေျမာင္ေဒသမ်ားရွိသည္။ ယင္းေဒသမ်ားတြင္စိုက္ခင္းမ်ား၊ ေမြးျမဴေရးၿခံမ်ား ျပဳလုပ္ၾကသည္။

မွ်တေသာ ရာသီဥတုရွိသည္။ တစ္ႏွစ္ပတ္လုံးလည္း အသီးအႏွံမ်ားကိုစိုက္ပ်ိဳးႏိုင္သည္။ ဟာဝိုင္ယီကၽြန္းတြင္ ကမာၻေပၚ၌မိုးအမ်ားဆုံး႐ြာေသာ ေဒသလည္းရွိသည္။ ယင္းမွာ အာအူးအီးကၽြန္းရွိ ဝါအာလီအာလီေတာင္ ျဖစ္၍ ပ်မ္းမၽွျခင္းအားျဖင့္ တစ္ႏွစ္လၽွင္မိုးေရခ်ိန္လက္မ ၄ဝဝေက်ာ္႐ြာသည္။ တစ္ခါတစ္ရံလက္မ ၆ဝဝ ေက်ာ္႐ြာေသာႏွစ္မ်ားပင္ရွိခဲ့သည္။ သို႔ရာတြင္ထိုေတာင္ႏွင့္ ၁၅ မိုင္သာေဝးေသာေဒသတြင္မူ တစ္ႏွစ္ လၽွင္မိုးေရခ်ိန္လက္မ ၂ဝခန္႔သာ႐ြာသည္။ ဟာဝိုင္ယီကၽြန္းမ်ားသည္ သမုဒၵရာအတြင္းမွ ကၽြန္းမ်ား ျဖစ္ေသာ္လည္း အျခားကြ်န္းမ်ားကဲ့သို႔ ဟာရီကိန္းေခၚေခါင္ေလၾကမ္း၊ ေတာနာဒိုေခၚ ေလဆင္ႏွာေမာင္းတို႔ က်ေရာက္ျခင္း မရွိေခ်။ ေျမငလ်င္မူကားလူတို႔သိသာေလာက္ေအာင္ ျပင္းထန္ စြာလႈပ္ျခင္းမ်ိဳးအလြန္နည္းေသာ္လည္း မၾကာခဏ လႈပ္တတ္သည္။

ဟာ၀ုိင္ယီပင္လယ္ေအာ္

ဟာဝိုင္ယီကၽြန္းရွိ ေျမအားလုံး၏ ၄ဝ ရာခိုင္ႏႈန္းကိုေမြးျမဴေရးအတြက္အသုံးျပဳထား၍ ၂၅ ရာခိုင္ႏႈန္းသည္ သစ္ေတာႀကိဳးဝိုင္းမ်ားျဖစ္သည္။ ခုနစ္ရာခိုင္ႏႈန္းသည္ စိုက္ခင္းမ်ားျဖစ္ေလသည္။ မီးေတာင္မ်ားမွထြက္ေသာ ေခ်ာ္မ်ားေၾကာင့္ ေျမဩဇာေကာင္းရကား ပန္းပင္မ်ား၊ သီးပင္မ်ား အလြန္ျဖစ္ထြန္းသည္။ ေတာင္ေစာင္းမ်ား၌ အပူပိုင္းေဒသသစ္ေတာမ်ားေပါက္ေရာက္လ်က္ရွိသည္။ စႏၵကူး၊ ကရမက္စေသာအေမႊးနံ႔သာပင္တို႔ အမ်ားအျပားေပါက္သည္။ ၁၇၉၂ ခုႏွစ္မွ ၁၈၃ဝ ျပည့္ႏွစ္အထိ အေမႊးနံ႔သာပင္မ်ားကိုခုတ္လွဲကာတ႐ုတ္ႏိုင္ငံသို႔တင္ပို႔ ေရာင္းခ်ခဲ့ရာ ထိုစဥ္က ဟဝိုင္းယန္းကၽြန္းမ်ားေပၚသို႔ မ်က္ႏွာျဖဴ လူမ်ိဳးမ်ား မေရာက္မီကပင္ဟာဝိုင္ယီကၽြန္း၏ အဓိက စိုက္ပင္ျဖစ္ေသာႀကံပင္ကိုစိုက္ပ်ိဳးခဲ့ၾကသည္။ ႀကံစိုက္ခင္းသည္ လယ္ယာေျမ၏၃/၄ခန္႔ရွိသည္။ ဟာဝိုင္ယီကၽြန္းမွတႏွစ္လၽွင္ ႀကံတန္ခ်ိန္တစ္သန္းေက်ာ္ထြက္သည္။

နာနတ္ပင္ စိုက္ပ်ိဳးျခင္းသည္ ဟာဝိုင္ယီကၽြန္း၏ ဒုတိယအႀကီးဆုံး လုပ္ငန္းျဖစ္သည္။ ေျမဧကေပါင္း ၇ဝဝဝဝေက်ာ္ကိုနာနတ္ ပင္စိုက္ပ်ိဳးရာ၌စိုက္ခင္းအျဖစ္အသုံးျပဳ၍ တစ္ႏွစ္လၽွင္ နာနတ္သီးေပါင္း ၂၅ သန္းေက်ာ္ထြက္ သည္။ တတိယအႀကီးက်ယ္ဆုံး ေငြအဝင္ဆုံးလုပ္ငန္းမွာ ႏိုင္ငံျခားခရီးသည္မ်ားအတြက္ဧည့္ႀကိဳ လုပ္ငန္းျဖစ္သည္။ ဟာဝိုင္ယီကၽြန္းသည္႐ႈခင္းသာ႐ုံမက ရာသီဥတု ေကာင္းသျဖင့္တစ္ႏွစ္လၽွင္ ႏိုင္ငံျခားဧည့္သည္ ေျခာက္ေသာင္းထက္မနည္းလာေရာက္ေလသည္။

ဟာဝိုင္ယီကၽြန္းမ်ားပတ္လည္ရွိ ေရျပင္တြင္ လင္းပိုင္စေသာေရနက္ပိုင္း၌ေနေသာငါးမ်ားႏွင့္ အေရာင္အေသြးအလြန္လွပေသာ ငါးကေလးေပါင္း အမ်ိဳး ၆၅ဝ ခန္႔ေတြ႕ရသည္။ ကၽြန္းမ်ားေပၚ၌အေမႊးအေတာင္အေရာင္အဆင္း လွပေသာ အပူပိုင္းေဒသငွက္မ်ိဳးစုံကို ေတြ႕ႏိုင္သည္။ ေရွးေခတ္ဟာဝိုင္ယီတိုင္းရင္းသားမ်ားသည္ငွက္ေမြးငွက္ေတာင္ မ်ားကိုအဆင္တန္ဆာ အျဖစ္အသုံးျပဳခဲ့ၾကသည္။ ငွက္မ်ားကိုအေမြးအေတာင္အလို႔ငွာသတ္ျဖတ္ၾကသျဖင့္ ငွက္မ်ိဳးအေတာ္ မ်ားမ်ားျပဳန္းခဲ့ရသည္။

ဟုိႏုိလူလူၿမဳိ႕

၂၀၁၆ စာရင္းအရ ဟာဝိုင္ယီကၽြန္းစု၏ စုစုေပါင္းလူဦးေရသည္ ၁.၄သန္း ျဖစ္သည္။ အမ်ားစုမွာ ဂ်ပန္ႏွင့္ ေကာ့ေကးရွပ္ လူမ်ိဳးမ်ားျဖစ္သည္။ အိုအားဟူး ကၽြန္းေတာင္ဘက္ကမ္းေျခေပၚ၌တည္ရွိေသာ ဟိုႏိုလူလူၿမိဳ႕သည္ ၿမိဳ႕ေတာ္ျဖစ္၍ ဟာဝိုင္ယီကၽြန္း အေနာက္ဘက္ကမ္းေပၚရွိ မီလိုၿမိဳ႕သည္သေဘၤာဆိပ္ၿမိဳ႕ႀကီးျဖစ္သည္။ ဟိုႏိုလူလူၿမိဳ႕တြင္လူဦးေရ ၃၃၇၂၅၆ ေယာက္ရွိ၍မီလိုၿမိဳ႕တြင္ ၄၃၂၆၃ ေယာက္ရွိသည္။ ဟာဝိုင္ယီကၽြန္းစုမွ တိုင္းရင္းသားမ်ားသည္ အသားညဳိ၍ မ်က္လုံးနက္ၿပီးျပဴးသည္။ မ်က္ႏွာ ေပါက္ပါးပါးလ်ားလ်ားမရွိ။ အရပ္အေမာင္းျမင့္၍ အသားအေရဆူၿဖိဳးေလ့ရွိၾကသည္။

ဟာဝိုင္ယီကၽြန္းမ်ားေပၚရွိ လူအားလုံးလိုလိုပင္ အဂၤလိပ္ဘာသာ စကားကိုေျပာဆိုၾကသည္။ သို႔ရာတြင္ဟာဝိုင္ယီဘာသာစကားကိုပါၫွပ္၍ ေျပာဆိုေလ့ရွိ ၾကသည္။ ဟာဝိုင္ယီအကၡရာစဥ္တြင္ ေအ၊ အီး၊ အိပ္ခ်၊ အိုင္၊ ေက၊ အယ္၊ အမ္၊ အန္၊ အို၊ ပီ၊ ယူ၊ ဒဗလ်ဴစေသာအကၡရာ ၁၂လုံးသာပါသည္။ စကားလုံးတိုင္းသရသံျဖင့္ဆုံးသည္။ မ်က္ႏွာျဖဴလူမ်ိဳးမ်ားလာေရာက္မေနထိုင္မီက တိုင္းရင္းသားလူမ်ိဳးမ်ားသည္ေယာက္်ားမ်ားက မာလိုေခၚနံငယ္ကိုဝတ္၍ မိန္းမမ်ားကပါ အူးေခၚသင္တိုင္းတိုကေလးမ်ားကိုဝတ္ဆင္ၾကသည္။ ယခုမူအမ်ိဳးသမီးမ်ားက ညဥ့္ဝတ္႐ုံကဲ့သို႔ေသာ ပြပြရွည္ရွည္ဂါဝန္မ်ားကိုဝတ္၍ အမ်ိဳးသားမ်ားက ေရာင္ စုံရက္လုပ္ထားေသာစပို႔ရွပ္အက်ႌကို ေဗာင္းဗီအျပင္ထုတ္၍ဝတ္ၾကသည္။ ယင္းသို႔ေဗာင္းဗီအျပင္ ထုတ္ဝတ္ၾကေသာအက်ႌပုံစံကိုပင္ ကြ်ႏ္ုပ္တို႔ျမန္မာႏိုင္ငံ၌ ဟာဝိုင္ယီရွပ္ဟုေခၚတြင္လ်က္ရွိ ေလသည္။

ဟူလာအက

ဟာဝိုင္ယီကၽြန္းစု၏ကူးသန္းသြားလာေရးတြင္ ေလေၾကာင္းခရီးကိုအဓိကထား၍အသုံးျပဳၾကသည္။ ကၽြန္းတစ္ကြ်န္းမွတစ္ကၽြန္းသို႔ကူးသန္းသြားလာရာ၌ ကမ္း႐ိုးတစ္ေလၽွာက္သႏၲာေက်ာက္တန္းမ်ားေၾကာင့္ အသြားအလာမလြယ္သျဖင့္ အျမန္ဆုံး ခရီးအတြင္ဆုံးေလေၾကာင္းခရီးကိုပင္အသုံးျပဳၾကေလသည္။ ကၽြန္းတြင္းသြားလာရာ၌ ကတၱရာလမ္းမိုင္ ၁,၃ဝဝ ခန္႔ေဖာက္လုပ္ထား၍ ေမာ္ေတာ္ကား၊ ထေရာ္လီကားတို႔ကိုအသုံးျပဳၾကသည္။ မီးရထားလမ္းကိုမူ ၁၈ဝဝ ျပည့္ႏွစ္ေက်ာ္ေက်ာ္က အိုအားဟူးကြ်န္းတြင္ စတင္ေဖာက္လုပ္ခဲ့ေသာ္လည္းယခုအခါလုံးဝအသုံးမျပဳေတာ့ေခ်။

ဟာဝိုင္ယီကၽြန္းစုသည္ပတ္ဝန္းက်င္တြင္႐ႈေမၽွာ္ခင္း လွပသျဖင့္ ထိုကၽြန္းသူကၽြန္းသားတို႔၏ အႏုပညာလက္ရာမ်ားသည္လည္း လွပသည္။လက္ရာေျမာက္ကၽြမ္းက်င္ေသာအႏုပညာသည္ အမ်ားအျပားလည္း ထိုကၽြန္းမ်ားမွထြက္သည္။ ဟာဝိုင္ယီကၽြန္းသူကၽြန္းသားမ်ားသည္ သစ္ပန္းပုထုျခင္း၊ ေတာင္းရက္ျခင္း၊ ဖန္ထည္ပန္းေဖၚျခင္း၊ တိုင္းရင္းထြက္ သစ္ျဖင့္ပရိေဘာဂလုပ္ျခင္း၊ အထည္ပန္းဆင္ျပင္ျခင္းစေသာပညာ တို႔၌ကၽြမ္းက်င္ၾကသည္။ ဟာဝိုင္ယီကၽြန္းသူကၽြန္းသားမ်ား၏ ဟူလာအကသည္ ကမၻာေက်ာ္သည္။ ဟာဝိုင္ယီကၽြန္းစုတြင္ ကမာၻေပၚ၌ ထင္ရွား၍ လူၾကည္ၫိုမ်ားေသာ အယူဝါဒတိုင္းလိုလို သက္ဝင္ယုံၾကည္သူ အနည္းႏွင့္အမ်ားဆိုသလို ရွိသည့္အနက္ ေရာမကက္သလစ္ဂိုဏ္းဝင္ ႏွင့္ ဗုဒၶဘာသာမွာအမ်ားဆုံးျဖစ္သည္။

VIDEO

အနက္ေရာင္သဲေတြရွိရာ Punaluu ကမ္းေျခ

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၃)


ကမ္ဘာကျော် ဟာဝိုင်ယီကျွန်းစု အကြောင်း သိကောင်းစရာ (unicode)

ဟာဝိုင်ယီကျွန်းစု သည်ပစိဖိတ်သမုဒ္ဒရာတွင်း၌ တည်ရှိ၍ အမေရိကန်ပြည်ထောင်စုဝင်ပြည်နယ် တစ်နယ်လည်းဖြစ်သည်။ အရှေ့ဘက်ရှိမြောက်အမေရိကတိုက်မှလည်းကောင်း၊ အနောက်ဘက်ရှိ အာရှတိုက်မှလည်းကောင်း၊ မိုင်၂ဝဝဝ ကျော်စီကွာဝေးသည်။ ဟာဝိုင်ယီကျွန်းစုတွင် ကျွန်းပေါင်း ၂ဝကျော်ပါဝင်သော်လည်း လူနေအိမ်ခြေရှိ၍ အကြီးမားဆုံးသောကျွန်းများမှာ ရှစ်ကျွန်းသာဖြစ်သည်။ ယင်းကျွန်းကြီးရှစ်ကျွန်း၏ အမည်နှင့်အကျယ်အဝန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဟာဝိုင်ယီကျွန်း ၄ဝ၃ဝ စတုရန်းမိုင်။
မာအူးအီးကျွန်း ၇၂၈ စတုရန်းမိုင်။
အိုအာဟူးကျွန်း ၆ဝ၄ စတုရန်းမိုင်။
ကာအူးအီးကျွန်း ၅၅၅ စတုရန်းမိုင်။

မိုလိုကာအီးကျွန်း ၂၆ဝ စတုရန်းမိုင်။
လာနာအီးကျွန်း ၁၄၁ စတုရန်းမိုင်။
နီအီးဟအူးကျွန်း ၇၂ စတုရန်းမိုင်။
ကာဟူးလာဝီးကျွန်း ၄၅ စတုရန်းမိုင်။

ကျန်ကျွန်းများမှာ အနောက်မြောက်ဘက်ရှိ မစ်ဒဝေးကျွန်း၊နီးဟိုးအားကျွန်း၊ နက္ကာကျွန်း၊ လေစန်ကျွန်း၊ ကူးရေးကျွန်း၊ စသည်တို့နှင့် တောင်ဘက် ရိပယ်မိုင်းရားကျွန်းနှင့် ဂျွန်စတန်ကျွန်းတို့ဖြစ်ကြသည်။ ကျွန်းကြီးရှစ်ကျွန်း၏ မြေပြင်အကျယ်အဝန်းမှာ ၆၄၃၅ စတုရန်းမိုင်ရှိ၍ကျန်ကျွန်းများ ၏ အကျယ်အဝန်းမှာ သုံးစတုရန်းမိုင်ပင်မပြည့်ချေ။ ထို့ကြောင့် ဟာဝိုင်းယီကျွန်း၏ စုစုပေါင်းအကျယ်အဝန်းသည် ၆၄၃၈ စတုရန်းမိုင်ရှိ၍ တောင်ငူခရိုင်နှင့် ဟံသာဝတီခရိုင်နှစ်ရပ်ပေါင်း၏ အကျယ်အဝန်းခန့်ရှိလေသည်။ ဟာဝိုင်ယီကျွန်းများကိုသိပ္ပံပညာရှင်များက အစုသုံးစုခွဲကြ သည်။

အရှေ့တောင်ဘက်ရှိ ကျွန်းမကြီး ရှစ်ကျွန်း ၊ အလယ်ပိုင်းရှိ ကျောက်ဆောင် အတိဖြစ်သောကျွန်းကလေးများ၊ အနောက်မြောက်ဘက်ရှိ သန္တာနှင့်သဲကျွန်းများဖြစ်သည်။ ကျွန်းအားလုံးသည် သမုဒ္ဒရာပြင်ထက် ထိုးတက်လာသောမီးတောင်များ ဖြစ်သည်ဟုလည်း ဆိုကြ၍ သမုဒ္ဒရာရေစီးကြောင်းများ၊ လှိုင်းတံပိုးများရိုက်ခတ်တိုက်စားသဖြင့် အချို့တောင်များသည် သန္တာကျွန်းခွေနှင့်ကျောက်ခက်တန်းများသဖွယ် သမုဒ္ဒရာရေပြင်ပေါ်တွင်ပေါလောပေါ်လျှက်ရှိကြသည်။

ဟာဝိုင်ယီကျွန်းစု၌ ဦးစွာနေထိုင်ကြသူများသည် ခရစ်နှစ် ၅ဝဝခန့်ကစ၍ ဆမိုးဝါးကျွန်းမှ ပြောင်းရွှေ့လာရောက်နေထိုင်ကြသူများဖြစ်သည်ဟုဆိုသည်။ ပထမဆုံးလာရောက်နေထိုင်သူမှာဟာဝိုင်ယီ လိုအားဆိုသူ ဖြစ်ကြောင်းဖြင့်ပြောကြသည်။ သူ၏အမည်ကိုယူ၍ ဟာဝိုင်ယီကျွန်းများ အနက်အ ကြီးဆုံးကျွန်းကို ဟာဝိုင်ယီကျွန်းဟု မှည့်ခေါ်သည်ဟုလည်းဆိုကြလေသည်။ ဟာဝိုင်ယီကျွန်းစုကို စပိန်လူမျိုးဟွန်ဂအေးတာနိုးက ခရစ်၁၅၅၅ ခုနှစ်တွင် စတင်တွေ့ရှိသည်ဟု အချို့သမိုင်းဆရာတို့ကဆိုကြသည်။ သို့ရာတွင်သမိုင်းသုတေသီ အတော်များများကမူ ၁၇၇၈ ခုနှစ်ဇန်နဝါရီလတွင်မှ ကက်ပတိန်ဂျိမ်းကွတ်ဆိုသူ အင်္ဂလိပ်လူမျိုးစူးစမ်းရှာဖွေသူက တွေ့ရှိ၍ သူ၏ကျေးဇူးရှင်ဆင်းဒဝစ်ကို ဂုဏ်ပြုသောအားဖြင့်ထိုကျွန်းများကို ဆင်းဒဝစ်ကျွန်း ဟူ၍ မှည့် ခေါ်ခဲ့သည်ဟု ယူဆကြသည်။

၁၈၉၈ ခုနှစ်တွင် ဟာဝိုင်ယီကျွန်းများကို အမေရိကန်ပြည် ထောင်စုအတွင်းသို့နယ်တစ်နယ်အဖြစ်သွတ်သွင်းသိမ်းယူ လိုက်သည်။ သို့ရာတွင် ပြည်နယ်အဖြစ်သို့ကား မရောက်ရှိသေးချေ။ ထိုအချိန်မှစ၍ ဟာဝိုင်ယီကျွန်း၏ဘုရင်ခံ၊ တရားဝန်ကြီးစသည်တို့ ကိုအမေရိကန်သမတက ရွေးချယ်ခန့်ထားလေသည်။ ၁၉၄၁ ခုနှစ်ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်တို့သည်မည်သို့မျှစစ်မကျေညာဘဲ ဟာဝိုင်ယီကျွန်းရှိ အမေရိကန် ရေတပ်စခန်းဖြစ်သော ပါးလဟာဗာမြို့ကို ရုတ်တရက်ဗုံးကြဲတိုက်ခိုက်သဖြင့်အကြီးအကျယ် ပျက်စီးခဲ့ရသည်။

၁၉၅၉ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် ဟာဝိုင်ယီကျွန်းစုကိုအမေရိကန်ပြည်ထောင်စု၏ ၅ဝ မြောက် ပြည်နယ်အဖြစ် အသိအမှတ်ပြုသည့် ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်လေသည်။ ထိုနှစ်မတ်လ ၁၈ ရက်နေ့တွင်အမေရိကန်သမ္မတအိုက်ဆင်ဟောင်ဝါက ထိုဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဩဂုတ်လ ၂၁ ရက်နေ့တွင်တရားဝင် ကြေညာခဲ့လေသည်။

ဟာဝိုင်ယီကျွန်းစုတွင်မီးတောင် ၄ဝ ခန့်ရှိသည့်အနက် မာအူးနားလိုအားနှင့်ကီလာအူးအား ခေါ်မီးရှင်တောင်နှစ်လုံးရှိသည်။ မီးတောင်နှစ်လုံးစလုံး ဟဝိုင်းအီးကျွန်းပေါ်တွင်ရှိ၍ နှစ်အနည်း ငယ်မျှသာခြားလျက် မကြာမကြာပေါက်ကွဲလေ့ရှိသည်။ယင်းသို့မီးတောင်ပေါက်၍ ချော်ရည်များသမုဒ္ဒရာထဲစီးဆင်းခြင်းဖြင့် ကျွန်းသည်လည်း တဖြည်းဖြည်းတိုးတက်ကျယ်ဝန်းလာသည်။ မာအူးနားလိုအား မီးတောင်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးမီးတောင်နှင့် ထုထည်အကြီးဆုံးတောင်ဖြစ်သည်။ ကီလာအူးလားမီးတောင်မူကား ကမ္ဘာပေါ်တွင် မီတောင်ထိပ်ဝအချိုင့်အကြီးဆုံး မီးတောင်ဖြစ်သည်။ မာအူးအီးကျွန်းပေါ်ရှိဟာလီအာကာလာမီးတောင်မှာမူ မီးသေတောင်ဖြစ်၍ မီးတောင်ထိပ်ဝသည် စတုရန်းမိုင် ၂ဝကျယ်ရကားကမ္ဘာပေါ်ရှိ မီးသေတောင်များအနက်အကြီးဆုံး ထိပ်ဝချိုင့်ရှိသော မီးသေတောင် ဖြစ်သည်။

ဟာဝိုင်ယီကျွန်းများသည် ပင်လယ် ရေမျက်နှာပြင်အောက် ပေ ၁၅ဝဝဝမှ ပေ ၁၈ဝဝဝ အထိရှိသောအောက်ခြေတွင် မီးတောင်များအဆင့်ဆင့် ပေါက်ကွဲစတင်ဖြစ်ပေါ်လာ၍ ကျွန်းမြေပြင် များသည်လည်းတောင်ထူထပ်သည်။ အမြင့်ဆုံးတောင်ထိပ်မှာ မာအူးနားကီးအားတောင်ဖြစ်၍ ၁၃၈၀၃ပေ မြင့်သည်။ မြေမျက်နှာပြင်သည် ချော်မြေဖြင့်ပြီးရကား နိုက်ထရိုဂျင်ဓာတ်ပေါကြွယ်ဝသည်။ သို့ရာတွင် ကျောက်မီးသွေးစသော ဓာတ်သတ္တုများကိုကားမတွေ့ရချေ။ ကျွန်းအတော်များများ၏ကမ်းရိုးတန်းများတစ်လျှောက် တွင် သန္တာကျောက်တန်းများဖြစ်ပေါ်နေသဖြင့် ဟိုနိုလူလူ နှင့် ပါးလဟာဗာမြို့များမှတစ်ပါးအခြား သင်္ဘောဆိပ်မြို့ ကောင်းကောင်းမရှိချေ။ ကမ်းရိုးတန်းနှင့်တောင်တန်းများ ကြားတွင် မြေဩဇာကောင်းသော ကမ်းမြောင်ဒေသများရှိသည်။ ယင်းဒေသများတွင်စိုက်ခင်းများ၊ မွေးမြူရေးခြံများ ပြုလုပ်ကြသည်။

မျှတသော ရာသီဥတုရှိသည်။ တစ်နှစ်ပတ်လုံးလည်း အသီးအနှံများကိုစိုက်ပျိုးနိုင်သည်။ ဟာဝိုင်ယီကျွန်းတွင် ကမ္ဘာပေါ်၌မိုးအများဆုံးရွာသော ဒေသလည်းရှိသည်။ ယင်းမှာ အာအူးအီးကျွန်းရှိ ဝါအာလီအာလီတောင် ဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင်မိုးရေချိန်လက်မ ၄ဝဝကျော်ရွာသည်။ တစ်ခါတစ်ရံလက်မ ၆ဝဝ ကျော်ရွာသောနှစ်များပင်ရှိခဲ့သည်။ သို့ရာတွင်ထိုတောင်နှင့် ၁၅ မိုင်သာဝေးသောဒေသတွင်မူ တစ်နှစ် လျှင်မိုးရေချိန်လက်မ ၂ဝခန့်သာရွာသည်။ ဟာဝိုင်ယီကျွန်းများသည် သမုဒ္ဒရာအတွင်းမှ ကျွန်းများ ဖြစ်သော်လည်း အခြားကျွန်းများကဲ့သို့ ဟာရီကိန်းခေါ်ခေါင်လေကြမ်း၊ တောနာဒိုခေါ် လေဆင်နှာမောင်းတို့ ကျရောက်ခြင်း မရှိချေ။ မြေငလျင်မူကားလူတို့သိသာလောက်အောင် ပြင်းထန် စွာလှုပ်ခြင်းမျိုးအလွန်နည်းသော်လည်း မကြာခဏ လှုပ်တတ်သည်။

ဟာဝိုင်ယီကျွန်းရှိ မြေအားလုံး၏ ၄ဝ ရာခိုင်နှုန်းကိုမွေးမြူရေးအတွက်အသုံးပြုထား၍ ၂၅ ရာခိုင်နှုန်းသည် သစ်တောကြိုးဝိုင်းများဖြစ်သည်။ ခုနစ်ရာခိုင်နှုန်းသည် စိုက်ခင်းများဖြစ်လေသည်။ မီးတောင်များမှထွက်သော ချော်များကြောင့် မြေဩဇာကောင်းရကား ပန်းပင်များ၊ သီးပင်များ အလွန်ဖြစ်ထွန်းသည်။ တောင်စောင်းများ၌ အပူပိုင်းဒေသသစ်တောများပေါက်ရောက်လျက်ရှိသည်။ စန္ဒကူး၊ ကရမက်စသောအမွှေးနံ့သာပင်တို့ အများအပြားပေါက်သည်။ ၁၇၉၂ ခုနှစ်မှ ၁၈၃ဝ ပြည့်နှစ်အထိ အမွှေးနံ့သာပင်များကိုခုတ်လှဲကာတရုတ်နိုင်ငံသို့တင်ပို့ ရောင်းချခဲ့ရာ ထိုစဉ်က ဟဝိုင်းယန်းကျွန်းများပေါ်သို့ မျက်နှာဖြူ လူမျိုးများ မရောက်မီကပင်ဟာဝိုင်ယီကျွန်း၏ အဓိက စိုက်ပင်ဖြစ်သောကြံပင်ကိုစိုက်ပျိုးခဲ့ကြသည်။ ကြံစိုက်ခင်းသည် လယ်ယာမြေ၏၃/၄ခန့်ရှိသည်။ ဟာဝိုင်ယီကျွန်းမှတနှစ်လျှင် ကြံတန်ချိန်တစ်သန်းကျော်ထွက်သည်။

နာနတ်ပင် စိုက်ပျိုးခြင်းသည် ဟာဝိုင်ယီကျွန်း၏ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်သည်။ မြေဧကပေါင်း ၇ဝဝဝဝကျော်ကိုနာနတ် ပင်စိုက်ပျိုးရာ၌စိုက်ခင်းအဖြစ်အသုံးပြု၍ တစ်နှစ်လျှင် နာနတ်သီးပေါင်း ၂၅ သန်းကျော်ထွက် သည်။ တတိယအကြီးကျယ်ဆုံး ငွေအဝင်ဆုံးလုပ်ငန်းမှာ နိုင်ငံခြားခရီးသည်များအတွက်ဧည့်ကြို လုပ်ငန်းဖြစ်သည်။ ဟာဝိုင်ယီကျွန်းသည်ရှုခင်းသာရုံမက ရာသီဥတု ကောင်းသဖြင့်တစ်နှစ်လျှင် နိုင်ငံခြားဧည့်သည် ခြောက်သောင်းထက်မနည်းလာရောက်လေသည်။

ဟာဝိုင်ယီကျွန်းများပတ်လည်ရှိ ရေပြင်တွင် လင်းပိုင်စသောရေနက်ပိုင်း၌နေသောငါးများနှင့် အရောင်အသွေးအလွန်လှပသော ငါးကလေးပေါင်း အမျိုး ၆၅ဝ ခန့်တွေ့ရသည်။ ကျွန်းများပေါ်၌အမွှေးအတောင်အရောင်အဆင်း လှပသော အပူပိုင်းဒေသငှက်မျိုးစုံကို တွေ့နိုင်သည်။ ရှေးခေတ်ဟာဝိုင်ယီတိုင်းရင်းသားများသည်ငှက်မွေးငှက်တောင် များကိုအဆင်တန်ဆာ အဖြစ်အသုံးပြုခဲ့ကြသည်။ ငှက်များကိုအမွေးအတောင်အလို့ငှာသတ်ဖြတ်ကြသဖြင့် ငှက်မျိုးအတော် များများပြုန်းခဲ့ရသည်။

၂၀၁၆ စာရင်းအရ ဟာဝိုင်ယီကျွန်းစု၏ စုစုပေါင်းလူဦးရေသည် ၁.၄သန်း ဖြစ်သည်။ အများစုမှာ ဂျပန်နှင့် ကော့ကေးရှပ် လူမျိုးများဖြစ်သည်။ အိုအားဟူး ကျွန်းတောင်ဘက်ကမ်းခြေပေါ်၌တည်ရှိသော ဟိုနိုလူလူမြို့သည် မြို့တော်ဖြစ်၍ ဟာဝိုင်ယီကျွန်း အနောက်ဘက်ကမ်းပေါ်ရှိ မီလိုမြို့သည်သင်္ဘောဆိပ်မြို့ကြီးဖြစ်သည်။ ဟိုနိုလူလူမြို့တွင်လူဦးရေ ၃၃၇၂၅၆ ယောက်ရှိ၍မီလိုမြို့တွင် ၄၃၂၆၃ ယောက်ရှိသည်။ ဟာဝိုင်ယီကျွန်းစုမှ တိုင်းရင်းသားများသည် အသားညို၍ မျက်လုံးနက်ပြီးပြူးသည်။ မျက်နှာ ပေါက်ပါးပါးလျားလျားမရှိ။ အရပ်အမောင်းမြင့်၍ အသားအရေဆူဖြိုးလေ့ရှိကြသည်။

ဟာဝိုင်ယီကျွန်းများပေါ်ရှိ လူအားလုံးလိုလိုပင် အင်္ဂလိပ်ဘာသာ စကားကိုပြောဆိုကြသည်။ သို့ရာတွင်ဟာဝိုင်ယီဘာသာစကားကိုပါညှပ်၍ ပြောဆိုလေ့ရှိ ကြသည်။ ဟာဝိုင်ယီအက္ခရာစဉ်တွင် အေ၊ အီး၊ အိပ်ချ၊ အိုင်၊ ကေ၊ အယ်၊ အမ်၊ အန်၊ အို၊ ပီ၊ ယူ၊ ဒဗလျူစသောအက္ခရာ ၁၂လုံးသာပါသည်။ စကားလုံးတိုင်းသရသံဖြင့်ဆုံးသည်။ မျက်နှာဖြူလူမျိုးများလာရောက်မနေထိုင်မီက တိုင်းရင်းသားလူမျိုးများသည်ယောက်ျားများက မာလိုခေါ်နံငယ်ကိုဝတ်၍ မိန်းမများကပါ အူးခေါ်သင်တိုင်းတိုကလေးများကိုဝတ်ဆင်ကြသည်။ ယခုမူအမျိုးသမီးများက ညဉ့်ဝတ်ရုံကဲ့သို့သော ပွပွရှည်ရှည်ဂါဝန်များကိုဝတ်၍ အမျိုးသားများက ရောင် စုံရက်လုပ်ထားသောစပို့ရှပ်အင်္ကျီကို ဗောင်းဗီအပြင်ထုတ်၍ဝတ်ကြသည်။ ယင်းသို့ဗောင်းဗီအပြင် ထုတ်ဝတ်ကြသောအင်္ကျီပုံစံကိုပင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ ဟာဝိုင်ယီရှပ်ဟုခေါ်တွင်လျက်ရှိ လေသည်။

ဟာဝိုင်ယီကျွန်းစု၏ကူးသန်းသွားလာရေးတွင် လေကြောင်းခရီးကိုအဓိကထား၍အသုံးပြုကြသည်။ ကျွန်းတစ်ကျွန်းမှတစ်ကျွန်းသို့ကူးသန်းသွားလာရာ၌ ကမ်းရိုးတစ်လျှောက်သန္တာကျောက်တန်းများကြောင့် အသွားအလာမလွယ်သဖြင့် အမြန်ဆုံး ခရီးအတွင်ဆုံးလေကြောင်းခရီးကိုပင်အသုံးပြုကြလေသည်။ ကျွန်းတွင်းသွားလာရာ၌ ကတ္တရာလမ်းမိုင် ၁,၃ဝဝ ခန့်ဖောက်လုပ်ထား၍ မော်တော်ကား၊ ထရော်လီကားတို့ကိုအသုံးပြုကြသည်။ မီးရထားလမ်းကိုမူ ၁၈ဝဝ ပြည့်နှစ်ကျော်ကျော်က အိုအားဟူးကျွန်းတွင် စတင်ဖောက်လုပ်ခဲ့သော်လည်းယခုအခါလုံးဝအသုံးမပြုတော့ချေ။

ဟာဝိုင်ယီကျွန်းစုသည်ပတ်ဝန်းကျင်တွင်ရှုမျှော်ခင်း လှပသဖြင့် ထိုကျွန်းသူကျွန်းသားတို့၏ အနုပညာလက်ရာများသည်လည်း လှပသည်။လက်ရာမြောက်ကျွမ်းကျင်သောအနုပညာသည် အများအပြားလည်း ထိုကျွန်းများမှထွက်သည်။ ဟာဝိုင်ယီကျွန်းသူကျွန်းသားများသည် သစ်ပန်းပုထုခြင်း၊ တောင်းရက်ခြင်း၊ ဖန်ထည်ပန်းဖေါ်ခြင်း၊ တိုင်းရင်းထွက် သစ်ဖြင့်ပရိဘောဂလုပ်ခြင်း၊ အထည်ပန်းဆင်ပြင်ခြင်းစသောပညာ တို့၌ကျွမ်းကျင်ကြသည်။ ဟာဝိုင်ယီကျွန်းသူကျွန်းသားများ၏ ဟူလာအကသည် ကမ္ဘာကျော်သည်။ ဟာဝိုင်ယီကျွန်းစုတွင် ကမ္ဘာပေါ်၌ ထင်ရှား၍ လူကြည်ညိုများသော အယူဝါဒတိုင်းလိုလို သက်ဝင်ယုံကြည်သူ အနည်းနှင့်အများဆိုသလို ရှိသည့်အနက် ရောမကက်သလစ်ဂိုဏ်းဝင် နှင့် ဗုဒ္ဓဘာသာမှာအများဆုံးဖြစ်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

Leave a Reply