အတုမရွိေက်ာင္းေတာ္ႀကီး သမုိင္း နဲ႔ ရွားပါးပုံရိပ္တခ်ဳိ႕

Posted on

ေရးသားသူ – Ko Aung Pyae Phyo

မဟာအတုလေ၀ယန္(အတုမရွိ) ေက်ာင္းေတာ္ႀကီးသည္ မႏၱေလးၿမိဳ႕၊ ေအာင္ေျမသာစံ ၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္၊ မဟာအတုလ၀ိဇယာရာမတုိက္၏ မဟာရံတံတိုင္း ႏွစ္ထပ္အတြင္း ေရႊနန္းေတာ္ ေက်ာင္း (အျခား post တြင္ဖတ္ပါ) ႏွင့္ ကပ္လွ်ပ္တြင္ရွိပါသည္။ မင္းတုန္းမင္းႀကီး၏ ၿမိဳ႕တည္နန္းတည္ သတၱဌာနတြင္ တစ္ခုအပါအ၀င္ျဖစ္ၿပီး၊ ၁၈၅၉ ခုႏွစ္တြင္ စတင္၍ ေယာအတြင္း၀န္ ဦးဘိုးလႈိင္အား ဦးစီးတည္ေဆာက္ေစခဲ့ရာ (၁၈) ႏွစ္ေက်ာ္ၾကာၿပီးေနာက္ ၁၈၇၇ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့ပါသည္။ ေငြဒဂၤါးက်ပ္ (၅) သိန္းခန္႕ကုန္က်ခဲ့ပါသည္။

မင္းတုန္းမင္းႀကီးလက္ထက္တြင္ ေရႊၿမိဳ႕ေတာ္ေလးျပင္ေလးရပ္ရွိ ေက်ာင္းတိုက္ေပါင္း (၁၁၄) တိုက္တို႕ထက္ သာလြန္ျမင့္ျမတ္ခန္႕ညားထည္၀ါေသာ တုႏႈိင္းဖြယ္မရွိသည့္ ေက်ာင္းေတာ္ႀကီးျဖစ္၍ “အတုမရွိ” ဟုတင္စားေခၚေ၀ၚ၍ ေက်ာင္းေတာ္ႀကီး၏ ဂုဏ္ျဒပ္ႏွင့္အညီ လူသိမ်ားထင္ရွားေက်ာ္ေဇာခဲ့ပါသည္။ အုတ္အဂၤေတျဖင့္ ေဆာက္လုပ္ခဲ့ေသာ ဘံုငါးဆင့္အေဆာက္အဦျဖစ္ၿပီး၊ ေရွးရိုးအစဥ္အလာ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ တည္ေဆာက္ပံုမတူဘဲ ေဇတ၀န္တစ္ေဆာင္တည္းျဖင့္ တည္ေဆာက္ထားေသာ ေက်ာင္းႀကီးျဖစ္ပါသည္။

aက်ာင္းေတာ္ႀကီးသည္ အေရွ႕- အေနာက္ေလွကားအဆံုး (၃၃၉)ေပ၊ ေတာင္-ေျမာက္ (၂၈၁)ေပ က်ယ္၀န္းၿပီး အေျမင့္ေပ (၁၀၀) ရွိပါသည္။ အုတ္အဂၤေတျဖင့္ ရံထားေသာ ကၽြန္းတိုင္ေပါင္း (၂၄၆)တိုင္ျဖင့္ တည္ေဆာက္ခဲ့ပါသည္။ ဘံုအဆင့္မ်ားကိုလည္း အလယ္ေထာက္တိုင္မပါဘဲ တစ္မူထူးျခားခန္႕နားစြာ တည္ေဆာက္ထားသည္ကိုလည္း ေတြ႕ျမင္ရပါသည္။ အခ်င္းအရာကိုႀကည့္ျခင္းအားျဖင့္ ျမန္မာ့ဗိသုကာ ပညာရပ္ထြန္းကားမႈကိုလည္း ျမင္ေတြ႕ႏုိင္ပါသည္။

ကၽြန္းသစ္မ်ားျဖင့္ ေဆာက္လုပ္ထားကာ အဂၤေတအႏုအမြမ္းမ်ားျဖင့္ အျပင္မွ တန္ဆာဆင္ထားၿပီး တမူထူးျခားေသာလက္ရာအျဖစ္ ျမန္မာမူျပႆဒ္ကို အဆင့္ဆင့္ အခၽြန္းပုံစံျဖင့္ တက္မသြားပဲ စတုရန္းပုံ ေလေထာင့္စပ္စပ္ျဖင့္ အဆင့္ဆင့္ ငါးဆင့္တက္ကာ ေဆာက္လုပ္ထားသည္။ ကြန္းစင္တနုင္အျမင့္ (၆၇)ေတာင္ ျမင့္ၿပီး ျမန္မာမႈ ပန္းေတာ့ အုတ္အဂၤေတလက္ရာ “မကရ္း ေလွကားႀကီး” (၆) စင္းျဖင့္ တည္ေဆာက္ထားပါသည္။ နံရံမွ တိုင္မ်ားတြင္ ဖရံုေျမွာင့္ခံစုလစ္၊ မြန္းခၽြန္းမ်ား၊ အမႊမ္းပန္းမ်ား၊ ျမန္မာ ဥေဒါင္းရုပ္ႏွင့္ အဂၤေတကႏႈတ္ပန္းလက္ရာမ်ား၊ ရတနာပံုေခတ္ သစ္သားတံခါးမႀကီးမ်ားမွာလည္း ဂုဏ္ယူ၀င့္ၾကြားဖြယ္ရာစံနမူနာျပ လက္ရာမ်ားျဖစ္ပါသည္။

ေက်ာင္းေတာ္ႀကီးအတြင္းတြင္ သီဟိုဠ္မွ ဆက္သလာေသာ မဟာေဗာဓိသားရုပ္ပြားေတာ္တစ္ဆူအျပင္ မင္းတုန္းမင္းႀကီး၏ ၀တ္လဲေတာ္မ်ားကို ျပာခ်၍ သစ္ေစးသရိုးျဖင့္ ျပဳလုပ္ထားေသာ (၁၈)ေတာင္ရွိသည့္ မံဆင္းတုေတာ္ႀကီးကို ထားရွိကာ ဆင္းတုေတာ္၏ ဥဏလံုေမြးရွင္ေတာ္ေနရာတြင္ (၃၂) ရတီရွိ စိန္ႀကီးတစ္လုံး(ဘိုးေတာ္ဘုရားအား ရခိုင္နယ္စား မဟာေနာ္ရထာ ဆက္သခဲ့သည့္)တပ္ဆပ္ပူေဇာ္လွဴဒါန္းထားခဲ့သည္။

၁၈၈၅ ခုႏွစ္တြင္ သီေပါမင္းပါေတာ္မူခဲ့ၿပီး နယ္ခ်ဲ႕လက္ေအာက္က်ေရာက္ၿပီးေနာက္ ၿဗိတိသွ်စစ္တန္းလ်ား ျဖစ္ခဲ့ရၿပီး၊ ၁၈၉၂ ခုႏွစ္တြင္ ေက်ာင္းေဆာင္တစ္ခုလုံးမီးခခဲ့ရၿပီး အဆုိပါ (၃၂) ရတီရွိ စိန္ႀကီးမွာလည္း ေပ်ာက္ဆံုးခဲ့ရၿပီး၊ ၃၀ ေပ  ဉာဏ္ေတာ္အျမင့္ရွိေသာ မတ္ရပ္႐ုပ္ပြားေတာ္ႀကီးအပါအ၀င္ ျမန္မာ့ယဥ္ေက်းမႈ ဗိသုကာလက္ရာ အေမြအႏွစ္မ်ား ပ်က္စီးဆံုးရံႈးခဲ့ရပါသည္။ ၁၉၉၆ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ ေရွးေဟာင္းသုေတသနဌာနမွ အက်ဥ္းသားလုပ္သားမ်ားျဖင့္ မူလအတိုင္း ျပန္လည္ေဆာက္လုပ္ခဲ့ၾကသည္။

Aung Pyae Phyo


အတုမရှိကျောင်းတော်ကြီး သမိုင်း နဲ့ ရှားပါးပုံရိပ်တချို့ (unicode)

ရေးသားသူ – Ko Aung Pyae Phyo

မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးသည် မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇယာရာမတိုက်၏ မဟာရံတံတိုင်း နှစ်ထပ်အတွင်း ရွှေနန်းတော် ကျောင်း (အခြား post တွင်ဖတ်ပါ) နှင့် ကပ်လျှပ်တွင်ရှိပါသည်။ မင်းတုန်းမင်းကြီး၏ မြို့တည်နန်းတည် သတ္တဌာနတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ ၁၈၅၉ ခုနှစ်တွင် စတင်၍ ယောအတွင်းဝန် ဦးဘိုးလှိုင်အား ဦးစီးတည်ဆောက်စေခဲ့ရာ (၁၈) နှစ်ကျော်ကြာပြီးနောက် ၁၈၇၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ငွေဒင်္ဂါးကျပ် (၅) သိန်းခန့်ကုန်ကျခဲ့ပါသည်။

မင်းတုန်းမင်းကြီးလက်ထက်တွင် ရွှေမြို့တော်လေးပြင်လေးရပ်ရှိ ကျောင်းတိုက်ပေါင်း (၁၁၄) တိုက်တို့ထက် သာလွန်မြင့်မြတ်ခန့်ညားထည်ဝါသော တုနှိုင်းဖွယ်မရှိသည့် ကျောင်းတော်ကြီးဖြစ်၍ “အတုမရှိ” ဟုတင်စားခေါ်ဝေါ်၍ ကျောင်းတော်ကြီး၏ ဂုဏ်ဒြပ်နှင့်အညီ လူသိများထင်ရှားကျော်ဇောခဲ့ပါသည်။ အုတ်အင်္ဂတေဖြင့် ဆောက်လုပ်ခဲ့သော ဘုံငါးဆင့်အဆောက်အဦဖြစ်ပြီး၊ ရှေးရိုးအစဉ်အလာ ဘုန်းကြီးကျောင်းများနှင့် တည်ဆောက်ပုံမတူဘဲ ဇေတဝန်တစ်ဆောင်တည်းဖြင့် တည်ဆောက်ထားသော ကျောင်းကြီးဖြစ်ပါသည်။

aကျာင်းတော်ကြီးသည် အရှေ့- အနောက်လှေကားအဆုံး (၃၃၉)ပေ၊ တောင်-မြောက် (၂၈၁)ပေ ကျယ်ဝန်းပြီး အမြေင့်ပေ (၁၀၀) ရှိပါသည်။ အုတ်အင်္ဂတေဖြင့် ရံထားသော ကျွန်းတိုင်ပေါင်း (၂၄၆)တိုင်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ဘုံအဆင့်များကိုလည်း အလယ်ထောက်တိုင်မပါဘဲ တစ်မူထူးခြားခန့်နားစွာ တည်ဆောက်ထားသည်ကိုလည်း တွေ့မြင်ရပါသည်။ အချင်းအရာကိုကြည့်ခြင်းအားဖြင့် မြန်မာ့ဗိသုကာ ပညာရပ်ထွန်းကားမှုကိုလည်း မြင်တွေ့နိုင်ပါသည်။

ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ အင်္ဂတေအနုအမွမ်းများဖြင့် အပြင်မှ တန်ဆာဆင်ထားပြီး တမူထူးခြားသောလက်ရာအဖြစ် မြန်မာမူပြဿဒ်ကို အဆင့်ဆင့် အချွန်းပုံစံဖြင့် တက်မသွားပဲ စတုရန်းပုံ လေထောင့်စပ်စပ်ဖြင့် အဆင့်ဆင့် ငါးဆင့်တက်ကာ ဆောက်လုပ်ထားသည်။ ကွန်းစင်တနုင်အမြင့် (၆၇)တောင် မြင့်ပြီး မြန်မာမှု ပန်းတော့ အုတ်အင်္ဂတေလက်ရာ “မကရ်း လှေကားကြီး” (၆) စင်းဖြင့် တည်ဆောက်ထားပါသည်။ နံရံမှ တိုင်များတွင် ဖရုံမြှောင့်ခံစုလစ်၊ မွန်းချွန်းများ၊ အမွှမ်းပန်းများ၊ မြန်မာ ဥဒေါင်းရုပ်နှင့် အင်္ဂတေကနှုတ်ပန်းလက်ရာများ၊ ရတနာပုံခေတ် သစ်သားတံခါးမကြီးများမှာလည်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာစံနမူနာပြ လက်ရာများဖြစ်ပါသည်။

ကျောင်းတော်ကြီးအတွင်းတွင် သီဟိုဠ်မှ ဆက်သလာသော မဟာဗောဓိသားရုပ်ပွားတော်တစ်ဆူအပြင် မင်းတုန်းမင်းကြီး၏ ဝတ်လဲတော်များကို ပြာချ၍ သစ်စေးသရိုးဖြင့် ပြုလုပ်ထားသော (၁၈)တောင်ရှိသည့် မံဆင်းတုတော်ကြီးကို ထားရှိကာ ဆင်းတုတော်၏ ဥဏလုံမွေးရှင်တော်နေရာတွင် (၃၂) ရတီရှိ စိန်ကြီးတစ်လုံး(ဘိုးတော်ဘုရားအား ရခိုင်နယ်စား မဟာနော်ရထာ ဆက်သခဲ့သည့်)တပ်ဆပ်ပူဇော်လှူဒါန်းထားခဲ့သည်။

၁၈၈၅ ခုနှစ်တွင် သီပေါမင်းပါတော်မူခဲ့ပြီး နယ်ချဲ့လက်အောက်ကျရောက်ပြီးနောက် ဗြိတိသျှစစ်တန်းလျား ဖြစ်ခဲ့ရပြီး၊ ၁၈၉၂ ခုနှစ်တွင် ကျောင်းဆောင်တစ်ခုလုံးမီးခခဲ့ရပြီး အဆိုပါ (၃၂) ရတီရှိ စိန်ကြီးမှာလည်း ပျောက်ဆုံးခဲ့ရပြီး၊ ၃၀ ပေ  ဉာဏ်တော်အမြင့်ရှိသော မတ်ရပ်ရုပ်ပွားတော်ကြီးအပါအဝင် မြန်မာ့ယဉ်ကျေးမှု ဗိသုကာလက်ရာ အမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ အကျဉ်းသားလုပ်သားများဖြင့် မူလအတိုင်း ပြန်လည်ဆောက်လုပ်ခဲ့ကြသည်။

Leave a Reply