ဆရာေအာင္သင္းေျပာတဲ့ သမုိင္းထဲက ဆင္နဲ႔ လူရဲ႕ သံေယာဇဥ္

Posted on

တာဝန္ယူဝံ့ျခင္းသည္ သတၱိ ဆုိတဲ့ အေၾကာင္းကို ေရးရင္း အင္းဝ ဘုရင္ မင္းေခါင္နဲ႔ မြန္ဘုရင္ ရာဇာဓိရာဇ္ တုိ႔ေခတ္က တုိက္ဆင္ႀကီး ဗကမတ္ နဲ႔ ဦးစီးငပ်ံ တုိ႔အေၾကာင္း ကုိေရးဖို႔စကားခံခဲ့ပါတယ္။ အဲဒီလုိ စကားခံရင္းက ေခ်ာ္ေတာေငါ့ၿပီး စစ္ေခြးေလ့က်င့္ေရးအေၾကာင္း၊ ေခြး နဲ႔လူ (ေလ့က်င့္ေပးတဲ့သူတုိ႔) ဆက္ ဆံေရးအေၾကာင္းကုိ ေရးခဲ့တယ္။ အသက္ႀကီးလာလုိ႔ပဲလား မေျပာ တတ္ဘူး စကားစပ္မိစပ္ရာကုိ လွ်ာ ရွည္ခ်င္တာ သဘာဝပဲ ထင္ပါရဲ႕ ကြယ္။ ဒီေတာ့ မင္းတုိ႔လဲ အဘုိးႀကီး တစ္ေယာက္ရဲ႕ စကားေၾကာကုိသည္းခံၿပီးဖတ္ၾကေပေတာ့။

ဆင္အေၾကာင္းကုိ ေျပာေနရင္း ေခြးအေၾကာင္းေရာက္သြားခဲ့တယ္။ စစ္ေခြးေတြဟာ အလြန္ကုိ လိမၼာေရး ျခားရွိတယ္။ ႐ုပ္ရွင္ကားေတြထဲမွာေထာက္လွမ္းေရးေခြးေတြရဲ႕လိမၼာကြၽမ္းက်င္ပုံကုိမင္းတုိ႔လဲေတြ႕ဖူးၾကပါလိမ့္မယ္။ စစ္ေခြးေတြရဲ႕ကြၽမ္းက်င္လိမၼာမႈကုိသ႐ုပ္ျပတဲ့အခါမွာသတိထားလုိက္မိတာကအားလုံးအယ္လ္ေဇး ရွင္းေခြးေတြခ်ည္းျဖစ္ေနတာကုိေတြ႕ရတယ္။ အဲဒါနဲ႔ ဗုိလ္ႀကီးခ်စ္ေမာင္ကုိေမးၾကည့္မိတယ္။

”ဗုိလ္ႀကီးခ်စ္ေမာင္၊ ခင္ဗ်ားတုိ႔ သ႐ုပ္ျပပြဲမွာၾကည့္လုိက္ေတာ့ အား လုံးက အယ္လ္ေဇးရွင္းေတြခ်ည္းပဲ။ က်ဳပ္တုိ႔ ျမန္မာေခြးေတြကုိေလ့က်င့္သင္ၾကားေပးလုိ႔မရႏုိင္ဘူးလား”
”ရသမွ သိပ္ရတာေပါ့ဦးေအာင္သင္းရာ။ တခ်ဳိ႕ေခြးေတြဆုိရင္ အယ္လ္ေဇးရွင္းေတြထက္ေတာင္ပါးနပ္ေသးတယ္”

”ဒါျဖင့္ ခင္ဗ်ားတုိ႔ ျမန္မာေခြး ေတြကုိ ဘာေၾကာင့္ စစ္တပ္ထဲမွာ မသုံးတာလဲ”
”အဲဒါကုိေတာ့ ေျပာရတာ ခပ္ခက္ခက္ပဲ။ ျမန္မာေခြးေတြက နား လည္တယ္။ လုပ္လဲလုပ္တတ္တယ္။ ဒါေပမယ့္ ျမန္မာေခြးေတြက ျမန္မာ ေတြအတုိင္းပါပဲ။ လုပ္တတ္ေပမယ့္ စိတ္ကူးမေပါက္ရင္ မလုပ္ဘူးဗ်။ ဒီ တုိင္းေပခံေနတာ။ ခင္ဗ်ားသိတဲ့ အတုိင္း စစ္ေျမျပင္ဆုိတာ တာဝန္က် လာၿပီဆုိရင္ လုပ္မွျဖစ္မွာေပါ့။ စိတ္ ကူးေပါက္မွ ထလုပ္တာမ်ဳိးျဖစ္ေနလုိ႔ ရတာမွမဟုတ္ဘဲ။ ဒီေတာ့ ျမန္မာေခြး ေတြက ကြၽမ္းက်င္ပါ၏။ သုံးလုိ႔မရ ဆုိတာမ်ဳိးျဖစ္ေနတာေပါ့”

”ဘာေၾကာင့္ ဒီလုိျဖစ္ေနတာ လဲ”
”က်ဳပ္တုိ႔ လူေတြေၾကာင့္ ေပါ့ ဗ်ာ”

”ဟုတ္လား၊ ေျပာစမ္းပါဦး”
”က်ဳပ္တုိ႔ျမန္မာေတြက ေခြး ေတြကုိဆက္ဆံတဲ့အခါမွာ ႏွိမ္ခ်ၿပီး ဆက္ဆံတယ္ဗ်ာ။ ေခြးခုံတက္မွာ ေန၊ လူေတြ စားလုိ႔ၿပီးမွ အၾကြင္း အက်န္ကုိစား။ လူေတြနားကုိ သိပ္ ကပ္မလာနဲ႔ဆုိတာမ်ဳိး ႏွိမ္ခ်ဆက္ဆံ ေတာ့ ေခြးေတြရဲ႕ စိတ္ေနစ႐ုိက္ကလဲ အလုိလုိနိမ့္က်သြားတာေပါ့။ သူတုိ႔ ကုိယ္သူတုိ႔လဲ တန္ဖုိးမထားတတ္ ၾကေတာ့ဘူးေပါ့။ ဒီေတာ့ တာဝန္သိ စိတ္လဲ နည္းသြားေတာ့ တာေပါ့”

”သိပ္ကုိစိတ္ဝင္စားဖုိ႔ေကာင္း တာပဲဗ်ာ။ ဆက္ၿပီးေမးပါရေစဦးဗ်ာ။ က်ဳပ္တုိ႔ကေခြးကို လူရာသြင္းၿပီး ဆက္ဆံရင္ေကာ သူတုိ႔ရဲ႕ အေျခခံ စ႐ုိက္တုိးတက္မလာႏုိင္ဘူးလား”

ဗုိလ္ႀကီးခ်စ္ေမာင္က ရယ္လုိက္ ၿပီး-
”ဦးေအာင္သင္းရ၊ ဒါမ်ဳိးဆုိတာ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္နဲ႔ ႏွစ္ေယာက္ တည္းလုပ္လုိ႔ရတာမ်ဳိးမွမဟုတ္ဘဲ။ ျမန္မာ့လူ႔အဖြဲ႕အစည္းႀကီး တစ္ခုလုံး က လူနဲ႔ေခြးဆက္ဆံေရး ေျပာင္းလဲ လာမွ ျဖစ္ႏုိင္တာမ်ဳိး။ ဒါေတာင္မွ မ်ဳိးဆက္ တစ္ခုႏွစ္ခုနဲ႔ ၿပီးႏိုင္တာ မ်ဳိးမဟုတ္ဘူး။ မ်ဳိးဆက္ဆယ္ခု ေလာက္၊ အဲ-ႏွစ္ေပါင္း ၉ဝ၊ ၁ဝဝ ေလာက္ရွိလာမွ ေခြးေတြရဲ႕ စိတ္ေန စ႐ုိက္သြင္ျပင္ေျပာင္းလာမွာ။ စိတ္ ကူးယဥ္လုိ႔ ေကာင္း႐ုံရွိမွာေပါ့ဗ်ာ”

သူေျပာတာလဲ ဟုတ္ေပသားပဲ လုိ႔ ေအာက္ေမ့လုိက္မိတယ္။ ဒါေပ မယ့္ ဆက္စဥ္းစားေနမိတာက လူ ေတြရဲ႕ မိဘ၊ သား၊ သမီးဆက္ဆံေရး၊ ဆရာ၊ တပည့္ဆက္ဆံေရးအေၾကာင္း ပါပဲ။ ကေလးေတြကို လူရာသြင္းေပး ၿပီးအေရးတယူလုပ္ရင္ စိတ္ဓာတ္ ေရးရာ စာရိတၱျမင့္မားလာမႈ၊ တာဝန္ သိတတ္မႈပုိၿပီး တုိးတက္လာမယ္လုိ႔ ထင္ေနမိပါတယ္။ ကဲ- ထားလုိက္ပါေတာ့။ မင္း တုိ႔စိတ္ဝင္စားရင္ ဆက္ၿပီးေတြးေတာ ဆင္ျခင္ႏုိင္ေအာင္ ေရးလုိက္ရတာ ပါ။ ဆင္ႀကီးဗကမတ္နဲ႔ ဆင္ဦးစီး ငပ်ံတုိ႔အေၾကာင္းေကာက္ရေအာင္။

တုိက္ဆင္ႀကီး ဗကမတ္ ရန္သူ႔ လက္ပါသြားေတာ့ ရာဇာဓိရာဇ္ဟာ ေနမထိထုိင္မသာျဖစ္ေနတယ္။ ေနာက္ေတာ့ ဗကမတ္ရဲ႕ ဦးစီးငပ်ံ ကုိဆင့္ေခၚၿပီး ရန္သူဆင္တပ္ထဲ ကိုဝင္။ ဗကမတ္ရဲ႕ ေျခေထာက္ကုိ မယ္နႏွက္ေခ်လုိ႔ ေစခုိင္းတယ္။ မယ္နဆုိတာ သံမႈိပါပဲ။ ေျခလက္ကုိ သံမႈိႏွက္လုိက္ရင္ တုိက္ပြဲ မဝင္ႏုိင္ ေတာ့ဘူးေပါ့။ ငပ်ံလဲ ေကာင္းပါၿပီ လုိ႔ ဝန္ခံၿပီး ႀကံ႐ုိးေလးတစ္ေခ်ာင္း၊ ႏွစ္ေခ်ာင္းဆြဲၿပီး ထြက္သြားတယ္။ ဆင္တင္းကုပ္ေတြဆီကုိ ေရာက္သြား လုိက္ေတာ့ သူက ဗကမတ္ကုိ ခ်က္ခ်င္းမွတ္မိတယ္။ ဗကမတ္က လဲ သူ႔သခင္ရဲ႕ အနံ႔ကုိ ရလုိက္တာ ေၾကာင့္ နားရြက္ေပေနတယ္ (နား ရြက္မခတ္ေတာ့ဘူး)၊ အသာေစာင့္ ၾကည့္ေနတာေပါ့။

ေနာက္မွ ငပ်ံေပးတဲ့ ႀကံေတြကုိ စားတယ္။ ငပ်ံက မယ္နႏွက္ရမွာ ဝန္ေလးေနတယ္။ သူ႔သားႀကီးကို အလြန္ခ်စ္တယ္မဟုတ္လား။ ေနာက္ ေတာ့သူက မယ္နေတြကိုျပၿပီး တီးတုိးစကားဆုိတယ္။ ”ဗကမတ္ သားႀကီး မင္းရဲ႕ ေျခေတြကို မယ္န ႏွက္ဖုိ႔ ငါလာခဲ့ရတာ။ ဒါေပမယ့္ ငါ ဘယ္လုိႏွက္ရမွာလဲ”လုိ႔ ေျပာၿပီး ငုိ တယ္။ ဗကမတ္လဲ မ်က္ရည္ေတြ ေတြဆင္းလာတယ္။ ေနာက္ေတာ့ ငပ်ံ က စိတ္ကုိတင္းၿပီး-
”သားႀကီးနက္ျဖန္က်လုိ႔ စစ္ျပင္ရင္ ငါတုိ႔ဆီကုိ ျပန္လာခဲ့ပါ။ သား ႀကီးျပန္မလာရင္ ငါလဲ အသတ္ခံရ မယ္။ မင့္အေမေရာ၊ အစ္ကုိေတြပါ ေသၾကရမွာပဲ။ ဒီေတာ့ သားႀကီး ျပန္လာျဖစ္ေအာင္ လာခဲ့ပါ”လုိ႔ ငုိယုိ ၿပီးေျပာတယ္။ ဗကမတ္ ကလဲ မ်က္ ရည္ေတြေတြက်ၿပီး နားရြက္ေပေန တယ္။

ငပ်ံ လဲ ဆင္တင္းကုပ္ထဲက လွစ္ခနဲ ထြက္ၿပီး မြန္တပ္မေတာ္ဆီ ျပန္လာခဲ့တယ္။ ရာဇာဓိရာဇ္ကလဲ ငပ်ံျပန္အလာကုိ ေစာင့္ေနတယ္။ ည ၉ နာရီေလာက္ထိ စက္ရာမဝင္ဘူး။ ငပ်ံျပန္ေရာက္လာၿပီဆုိေတာ့ သူေျပာ တဲ့အတုိင္း လုပ္ခဲ့ၿပီလားလုိ႔ ေမးတယ္။ ငပ်ံက မလုပ္ရက္လုိ႔ မလုပ္ခဲ့ ေၾကာင္း။ သုိ႔ေသာ္လဲ သူ႔သားႀကီးကုိ ေသခ်ာမွာၾကားခဲ့ေၾကာင္း ေျပာျပေတာ့ ရာဇာဓိရာဇ္ဟာ သိပ္ေဒါသျဖစ္သြား ၿပီး ”နင္ေျပာသလုိ ဗကမတ္ျပန္လာ ရင္လာ၊ မလာရင္ေတာ့ နင္တုိ႔မိသား စု ေသၾကေပေတာ့”ဆုိၿပီး မိသားစု တစ္စုလံုးကုိ အက်ဥ္းတုိက္သြင္း ထားလုိက္တယ္။ ငပ်ံတုိ႔မိသားစုတစ္ခုလုံး ဘယ္ ေလာက္မ်ားထိတ္လန္႔တုန္လႈပ္ေလ မလဲဆုိတာကုိ မွန္းလုိ႔သာၾကည့္ၾက ေပေရာ့။

ေနာက္တစ္ေန႔ မနက္ေစာ ေရာက္ေတာ့ စစ္ေရးျပင္ၾကၿပီ။ မင္းေခါင္ရဲ႕ တပ္က စစ္ျပင္တဲ့အခုိက္မွာ ဗကမတ္ပြဲၾကမ္း ေတာ့တာပဲ။ သူ႔ကုိယ္ ေပၚမွာ ေပါင္းေတြ၊ ကႀကဳိးေတြ အတင္မခံဘဲလာသမွ်ကို ရန္လုပ္လုိ႔ တပ္တပ္တစ္တပ္လုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတယ္။ အဲဒီအခ်ိန္က်ေတာ့မွ ဗကမတ္ က မြန္တပ္ရွိရာဆီ ဒလေဟာေျပး ေတာ့တာပဲ။ ဆင္ေျပးတာဟာ အလြန္ကို ျမန္တယ္။ ေျမညီမွာဆုိရင္ ဘယ္လုိလူမွ ဆင္လုိက္တာကုိ လြတ္ ေအာင္မေျပးႏုိင္ဘူး။ လ်ားခနဲ၊ လ်ား ခနဲေနေအာင္ေျပးတာ။ ဗကမတ္ေျပးလာတာကုိ ကင္း လင့္စင္ေပၚက ရဲမက္က ျမင္လုိက္ ေတာ့ ”ဗကမတ္ တပ္ဆီကုိ ျပန္ေျပးလာတယ္”လုိ႔ ေအာ္ေျပာတာ ေပါ့။ ဒီေတာ့မွ ရာဇာဓိရာဇ္က ”ငပ်ံ ကုိ လႊတ္ေပးလုိက္။ သူ႔သားႀကီးကုိ သြားႀကဳိပေစ”လုိ႔ အမိန္႔ေပးလုိက္ တယ္။

”ဗကမတ္ တပ္ဆီကုိ ျပန္ ငပ်ံ ကလဲ အခ်ဳပ္အေႏွာင္က လႊတ္လုိက္တာနဲ႔ တစ္ၿပဳိင္နက္ ဗကမတ္ဆီကုိ ေျပးထြက္ သြားတယ္။ ဆင္ေရာလူပါ တစ္ေယာက္ရွိရာ တစ္ ေယာက္ ေျပးသြားလုိက္ၾကတာ အခ်င္းခ်င္းေတြ႕လုိက္ၾကေတာ့ ဗကမတ္က ငပ်ံကုိ သူ႔ႏွာေမာင္းနဲ႔ ေပြ႕ ခ်ီၿပီး ဦးကင္းေပၚတင္လုိက္ရင္း တပ္ထဲကုိ ေျပးဝင္လာၾကတယ္။ ငါ့မွာေလ အဲဒီအခန္းကုိ ကေလးသာသာမွာ ဖတ္လုိက္ရေတာ့ ဗကမတ္ႀကီးလုိ မ်က္ရည္မ်ား ေတာင္လည္ခဲ့မိပါတယ္။ ခုလည္းပဲ ေဟာလိဝုဒ္လုိ ႐ုပ္ရွင္ၿမဳိ႕ေတာ္ႀကီး တစ္ခုကမ်ား ႐ုပ္ရွင္႐ုိက္လုိက္ရရင္ ဗကမတ္ ေျပးလာတာ၊ ငပ်ံက ေျပး သြားတာေတြကို အေဝး႐ုိက္၊ အနီး ႐ုိက္ ႐ုိက္ခ်က္ေတြနဲ႔ ျပလုိက္ရင္ ဆုိတာမ်ဳိး စိတ္ကူးယဥ္ေတြးေနမိ တတ္ပါတယ္။

ေနာက္ၿပီး ငပ်ံရဲ႕ တာဝန္ယူ ဝ့ံေသာ သတၱိဟာလဲ အံ့ၾသစရာ မေကာင္းဘူးလား။ သူ႔သားႀကီး ဗကမတ္ ကို အသက္အပ္ၿပီး ယုံၾကည္ စြာ တာဝန္ယူဝံ့တာကုိ အံ့ၾသလုိ႔ မဆုံး ဘူး။ သူ႔အသက္တစ္ေခ်ာင္းသာ မဟုတ္ဘူးေနာ္၊ မိသားစု အသက္ ကုိပါပုံအပ္ၿပီး တာဝန္ယူလုိက္တာ။ အသက္ကုိႏွင္းၿပီး တာဝန္ယူခဲ့ သူေတြအေၾကာင္းကုိ ဖတ္ခဲ့ရဖူးလွ ပါၿပီ။ ၾကားခဲ့ရဖူးလွပါၿပီ။ ဒါေပမယ့္ ဗကမတ္ နဲ႔ ငပ်ံတုိ႔ ရဲ႕ ဇာတ္လမ္းကေတာ့ အဆန္းတၾကယ္ စြန္႔စားခန္းမုိ႔ စြဲလမ္းေနတာေၾကာင့္ ထုတ္ျပလုိက္ ရတာပါ။

ေနာက္ၿပီးမင္းတုိ႔တစ္ေတြကုိ ရာဇာဓိရာဇ္အေရးေတာ္ပုံလုိ စာအုပ္ မ်ဳိးေတြကုိ ဖတ္ၾကည့္ေစခ်င္တဲ့ ေစတနာလဲ ပါသေပါ့ကြယ္။

ေအာင္သင္း


ဆရာအောင်သင်းပြောတဲ့ သမိုင်းထဲက ဆင်နဲ့ လူရဲ့ သံယောဇဉ် (unicode)

တာဝန်ယူဝံ့ခြင်းသည် သတ္တိ ဆိုတဲ့ အကြောင်းကို ရေးရင်း အင်းဝ ဘုရင် မင်းခေါင်နဲ့ မွန်ဘုရင် ရာဇာဓိရာဇ် တို့ခေတ်က တိုက်ဆင်ကြီး ဗကမတ် နဲ့ ဦးစီးငပျံ တို့အကြောင်း ကိုရေးဖို့စကားခံခဲ့ပါတယ်။ အဲဒီလို စကားခံရင်းက ချော်တောငေါ့ပြီး စစ်ခွေးလေ့ကျင့်ရေးအကြောင်း၊ ခွေး နဲ့လူ (လေ့ကျင့်ပေးတဲ့သူတို့) ဆက် ဆံရေးအကြောင်းကို ရေးခဲ့တယ်။ အသက်ကြီးလာလို့ပဲလား မပြော တတ်ဘူး စကားစပ်မိစပ်ရာကို လျှာ ရှည်ချင်တာ သဘာဝပဲ ထင်ပါရဲ့ ကွယ်။ ဒီတော့ မင်းတို့လဲ အဘိုးကြီး တစ်ယောက်ရဲ့ စကားကြောကိုသည်းခံပြီးဖတ်ကြပေတော့။

ဆင်အကြောင်းကို ပြောနေရင်း ခွေးအကြောင်းရောက်သွားခဲ့တယ်။ စစ်ခွေးတွေဟာ အလွန်ကို လိမ္မာရေး ခြားရှိတယ်။ ရုပ်ရှင်ကားတွေထဲမှာထောက်လှမ်းရေးခွေးတွေရဲ့လိမ္မာကျွမ်းကျင်ပုံကိုမင်းတို့လဲတွေ့ဖူးကြပါလိမ့်မယ်။ စစ်ခွေးတွေရဲ့ကျွမ်းကျင်လိမ္မာမှုကိုသရုပ်ပြတဲ့အခါမှာသတိထားလိုက်မိတာကအားလုံးအယ်လ်ဇေး ရှင်းခွေးတွေချည်းဖြစ်နေတာကိုတွေ့ရတယ်။ အဲဒါနဲ့ ဗိုလ်ကြီးချစ်မောင်ကိုမေးကြည့်မိတယ်။

”ဗိုလ်ကြီးချစ်မောင်၊ ခင်ဗျားတို့ သရုပ်ပြပွဲမှာကြည့်လိုက်တော့ အား လုံးက အယ်လ်ဇေးရှင်းတွေချည်းပဲ။ ကျုပ်တို့ မြန်မာခွေးတွေကိုလေ့ကျင့်သင်ကြားပေးလို့မရနိုင်ဘူးလား”
”ရသမှ သိပ်ရတာပေါ့ဦးအောင်သင်းရာ။ တချို့ခွေးတွေဆိုရင် အယ်လ်ဇေးရှင်းတွေထက်တောင်ပါးနပ်သေးတယ်”

”ဒါဖြင့် ခင်ဗျားတို့ မြန်မာခွေး တွေကို ဘာကြောင့် စစ်တပ်ထဲမှာ မသုံးတာလဲ”
”အဲဒါကိုတော့ ပြောရတာ ခပ်ခက်ခက်ပဲ။ မြန်မာခွေးတွေက နား လည်တယ်။ လုပ်လဲလုပ်တတ်တယ်။ ဒါပေမယ့် မြန်မာခွေးတွေက မြန်မာ တွေအတိုင်းပါပဲ။ လုပ်တတ်ပေမယ့် စိတ်ကူးမပေါက်ရင် မလုပ်ဘူးဗျ။ ဒီ တိုင်းပေခံနေတာ။ ခင်ဗျားသိတဲ့ အတိုင်း စစ်မြေပြင်ဆိုတာ တာဝန်ကျ လာပြီဆိုရင် လုပ်မှဖြစ်မှာပေါ့။ စိတ် ကူးပေါက်မှ ထလုပ်တာမျိုးဖြစ်နေလို့ ရတာမှမဟုတ်ဘဲ။ ဒီတော့ မြန်မာခွေး တွေက ကျွမ်းကျင်ပါ၏။ သုံးလို့မရ ဆိုတာမျိုးဖြစ်နေတာပေါ့”

”ဘာကြောင့် ဒီလိုဖြစ်နေတာ လဲ”
”ကျုပ်တို့ လူတွေကြောင့် ပေါ့ ဗျာ”

”ဟုတ်လား၊ ပြောစမ်းပါဦး”
”ကျုပ်တို့မြန်မာတွေက ခွေး တွေကိုဆက်ဆံတဲ့အခါမှာ နှိမ်ချပြီး ဆက်ဆံတယ်ဗျာ။ ခွေးခုံတက်မှာ နေ၊ လူတွေ စားလို့ပြီးမှ အကြွင်း အကျန်ကိုစား။ လူတွေနားကို သိပ် ကပ်မလာနဲ့ဆိုတာမျိုး နှိမ်ချဆက်ဆံ တော့ ခွေးတွေရဲ့ စိတ်နေစရိုက်ကလဲ အလိုလိုနိမ့်ကျသွားတာပေါ့။ သူတို့ ကိုယ်သူတို့လဲ တန်ဖိုးမထားတတ် ကြတော့ဘူးပေါ့။ ဒီတော့ တာဝန်သိ စိတ်လဲ နည်းသွားတော့ တာပေါ့”

”သိပ်ကိုစိတ်ဝင်စားဖို့ကောင်း တာပဲဗျာ။ ဆက်ပြီးမေးပါရစေဦးဗျာ။ ကျုပ်တို့ကခွေးကို လူရာသွင်းပြီး ဆက်ဆံရင်ကော သူတို့ရဲ့ အခြေခံ စရိုက်တိုးတက်မလာနိုင်ဘူးလား”

ဗိုလ်ကြီးချစ်မောင်က ရယ်လိုက် ပြီး-
”ဦးအောင်သင်းရ၊ ဒါမျိုးဆိုတာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ နှစ်ယောက် တည်းလုပ်လို့ရတာမျိုးမှမဟုတ်ဘဲ။ မြန်မာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး က လူနဲ့ခွေးဆက်ဆံရေး ပြောင်းလဲ လာမှ ဖြစ်နိုင်တာမျိုး။ ဒါတောင်မှ မျိုးဆက် တစ်ခုနှစ်ခုနဲ့ ပြီးနိုင်တာ မျိုးမဟုတ်ဘူး။ မျိုးဆက်ဆယ်ခု လောက်၊ အဲ-နှစ်ပေါင်း ၉ဝ၊ ၁ဝဝ လောက်ရှိလာမှ ခွေးတွေရဲ့ စိတ်နေ စရိုက်သွင်ပြင်ပြောင်းလာမှာ။ စိတ် ကူးယဉ်လို့ ကောင်းရုံရှိမှာပေါ့ဗျာ”

သူပြောတာလဲ ဟုတ်ပေသားပဲ လို့ အောက်မေ့လိုက်မိတယ်။ ဒါပေ မယ့် ဆက်စဉ်းစားနေမိတာက လူ တွေရဲ့ မိဘ၊ သား၊ သမီးဆက်ဆံရေး၊ ဆရာ၊ တပည့်ဆက်ဆံရေးအကြောင်း ပါပဲ။ ကလေးတွေကို လူရာသွင်းပေး ပြီးအရေးတယူလုပ်ရင် စိတ်ဓာတ် ရေးရာ စာရိတ္တမြင့်မားလာမှု၊ တာဝန် သိတတ်မှုပိုပြီး တိုးတက်လာမယ်လို့ ထင်နေမိပါတယ်။ ကဲ- ထားလိုက်ပါတော့။ မင်း တို့စိတ်ဝင်စားရင် ဆက်ပြီးတွေးတော ဆင်ခြင်နိုင်အောင် ရေးလိုက်ရတာ ပါ။ ဆင်ကြီးဗကမတ်နဲ့ ဆင်ဦးစီး ငပျံတို့အကြောင်းကောက်ရအောင်။

တိုက်ဆင်ကြီး ဗကမတ် ရန်သူ့ လက်ပါသွားတော့ ရာဇာဓိရာဇ်ဟာ နေမထိထိုင်မသာဖြစ်နေတယ်။ နောက်တော့ ဗကမတ်ရဲ့ ဦးစီးငပျံ ကိုဆင့်ခေါ်ပြီး ရန်သူဆင်တပ်ထဲ ကိုဝင်။ ဗကမတ်ရဲ့ ခြေထောက်ကို မယ်နနှက်ချေလို့ စေခိုင်းတယ်။ မယ်နဆိုတာ သံမှိုပါပဲ။ ခြေလက်ကို သံမှိုနှက်လိုက်ရင် တိုက်ပွဲ မဝင်နိုင် တော့ဘူးပေါ့။ ငပျံလဲ ကောင်းပါပြီ လို့ ဝန်ခံပြီး ကြံရိုးလေးတစ်ချောင်း၊ နှစ်ချောင်းဆွဲပြီး ထွက်သွားတယ်။ ဆင်တင်းကုပ်တွေဆီကို ရောက်သွား လိုက်တော့ သူက ဗကမတ်ကို ချက်ချင်းမှတ်မိတယ်။ ဗကမတ်က လဲ သူ့သခင်ရဲ့ အနံ့ကို ရလိုက်တာ ကြောင့် နားရွက်ပေနေတယ် (နား ရွက်မခတ်တော့ဘူး)၊ အသာစောင့် ကြည့်နေတာပေါ့။

နောက်မှ ငပျံပေးတဲ့ ကြံတွေကို စားတယ်။ ငပျံက မယ်နနှက်ရမှာ ဝန်လေးနေတယ်။ သူ့သားကြီးကို အလွန်ချစ်တယ်မဟုတ်လား။ နောက် တော့သူက မယ်နတွေကိုပြပြီး တီးတိုးစကားဆိုတယ်။ ”ဗကမတ် သားကြီး မင်းရဲ့ ခြေတွေကို မယ်န နှက်ဖို့ ငါလာခဲ့ရတာ။ ဒါပေမယ့် ငါ ဘယ်လိုနှက်ရမှာလဲ”လို့ ပြောပြီး ငို တယ်။ ဗကမတ်လဲ မျက်ရည်တွေ တွေဆင်းလာတယ်။ နောက်တော့ ငပျံ က စိတ်ကိုတင်းပြီး-
”သားကြီးနက်ဖြန်ကျလို့ စစ် ပြင်ရင် ငါတို့ဆီကို ပြန်လာခဲ့ပါ။ သား ကြီးပြန်မလာရင် ငါလဲ အသတ်ခံရ မယ်။ မင့်အမေရော၊ အစ်ကိုတွေပါ သေကြရမှာပဲ။ ဒီတော့ သားကြီး ပြန်လာဖြစ်အောင် လာခဲ့ပါ”လို့ ငိုယို ပြီးပြောတယ်။ ဗကမတ် ကလဲ မျက် ရည်တွေတွေကျပြီး နားရွက်ပေနေ တယ်။

ငပျံ လဲ ဆင်တင်းကုပ်ထဲက လှစ်ခနဲ ထွက်ပြီး မွန်တပ်မတော်ဆီ ပြန်လာခဲ့တယ်။ ရာဇာဓိရာဇ်ကလဲ ငပျံပြန်အလာကို စောင့်နေတယ်။ ည ၉ နာရီလောက်ထိ စက်ရာမဝင်ဘူး။ ငပျံပြန်ရောက်လာပြီဆိုတော့ သူပြော တဲ့အတိုင်း လုပ်ခဲ့ပြီလားလို့ မေးတယ်။ ငပျံက မလုပ်ရက်လို့ မလုပ်ခဲ့ ကြောင်း။ သို့သော်လဲ သူ့သားကြီးကို သေချာမှာကြားခဲ့ကြောင်း ပြောပြတော့ ရာဇာဓိရာဇ်ဟာ သိပ်ဒေါသဖြစ်သွား ပြီး ”နင်ပြောသလို ဗကမတ်ပြန်လာ ရင်လာ၊ မလာရင်တော့ နင်တို့မိသား စု သေကြပေတော့”ဆိုပြီး မိသားစု တစ်စုလုံးကို အကျဉ်းတိုက်သွင်း ထားလိုက်တယ်။ ငပျံတို့မိသားစုတစ်ခုလုံး ဘယ် လောက်များထိတ်လန့်တုန်လှုပ်လေ မလဲဆိုတာကို မှန်းလို့သာကြည့်ကြ ပေရော့။

နောက်တစ်နေ့ မနက်စော ရောက်တော့ စစ်ရေးပြင်ကြပြီ။ မင်းခေါင်ရဲ့ တပ်က စစ်ပြင်တဲ့အခိုက်မှာ ဗကမတ်ပွဲကြမ်း တော့တာပဲ။ သူ့ကိုယ် ပေါ်မှာ ပေါင်းတွေ၊ ကကြိုးတွေ အတင်မခံဘဲလာသမျှကို ရန်လုပ်လို့ တပ်တပ်တစ်တပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဲဒီအချိန်ကျတော့မှ ဗကမတ် က မွန်တပ်ရှိရာဆီ ဒလဟောပြေး တော့တာပဲ။ ဆင်ပြေးတာဟာ အလွန်ကို မြန်တယ်။ မြေညီမှာဆိုရင် ဘယ်လိုလူမှ ဆင်လိုက်တာကို လွတ် အောင်မပြေးနိုင်ဘူး။ လျားခနဲ၊ လျား ခနဲနေအောင်ပြေးတာ။ ဗကမတ်ပြေးလာတာကို ကင်း လင့်စင်ပေါ်က ရဲမက်က မြင်လိုက် တော့ ”ဗကမတ် တပ်ဆီကို ပြန်ပြေးလာတယ်”လို့ အော်ပြောတာ ပေါ့။ ဒီတော့မှ ရာဇာဓိရာဇ်က ”ငပျံ ကို လွှတ်ပေးလိုက်။ သူ့သားကြီးကို သွားကြိုပစေ”လို့ အမိန့်ပေးလိုက် တယ်။

”ဗကမတ် တပ်ဆီကို ပြန် ငပျံ ကလဲ အချုပ်အနှောင်က လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဗကမတ်ဆီကို ပြေးထွက် သွားတယ်။ ဆင်ရောလူပါ တစ်ယောက်ရှိရာ တစ် ယောက် ပြေးသွားလိုက်ကြတာ အချင်းချင်းတွေ့လိုက်ကြတော့ ဗကမတ်က ငပျံကို သူ့နှာမောင်းနဲ့ ပွေ့ ချီပြီး ဦးကင်းပေါ်တင်လိုက်ရင်း တပ်ထဲကို ပြေးဝင်လာကြတယ်။ ငါ့မှာလေ အဲဒီအခန်းကို ကလေးသာသာမှာ ဖတ်လိုက်ရတော့ ဗကမတ်ကြီးလို မျက်ရည်များ တောင်လည်ခဲ့မိပါတယ်။ ခုလည်းပဲ ဟောလိဝုဒ်လို ရုပ်ရှင်မြို့တော်ကြီး တစ်ခုကများ ရုပ်ရှင်ရိုက်လိုက်ရရင် ဗကမတ် ပြေးလာတာ၊ ငပျံက ပြေး သွားတာတွေကို အဝေးရိုက်၊ အနီး ရိုက် ရိုက်ချက်တွေနဲ့ ပြလိုက်ရင် ဆိုတာမျိုး စိတ်ကူးယဉ်တွေးနေမိ တတ်ပါတယ်။

နောက်ပြီး ငပျံရဲ့ တာဝန်ယူ ဝံ့သော သတ္တိဟာလဲ အံ့ဩစရာ မကောင်းဘူးလား။ သူ့သားကြီး ဗကမတ် ကို အသက်အပ်ပြီး ယုံကြည် စွာ တာဝန်ယူဝံ့တာကို အံ့ဩလို့ မဆုံး ဘူး။ သူ့အသက်တစ်ချောင်းသာ မဟုတ်ဘူးနော်၊ မိသားစု အသက် ကိုပါပုံအပ်ပြီး တာဝန်ယူလိုက်တာ။ အသက်ကိုနှင်းပြီး တာဝန်ယူခဲ့ သူတွေအကြောင်းကို ဖတ်ခဲ့ရဖူးလှ ပါပြီ။ ကြားခဲ့ရဖူးလှပါပြီ။ ဒါပေမယ့် ဗကမတ် နဲ့ ငပျံတို့ ရဲ့ ဇာတ်လမ်းကတော့ အဆန်းတ ကြယ်စွန့်စားခန်းမို့ စွဲလမ်းနေတာ ကြောင့် ထုတ်ပြလိုက် ရတာပါ။

နောက်ပြီးမင်းတို့တစ်တွေကို ရာဇာဓိရာဇ်အရေးတော်ပုံလို စာအုပ် မျိုးတွေကို ဖတ်ကြည့်စေချင်တဲ့ စေတနာလဲ ပါသပေါ့ကွယ်။

အောင်သင်း

Leave a Reply