ၾကက္တုိက္ပြဲ ဆုိသည္မွာ

Posted on

လူတို႔သည္ ရံဖန္ရံခါ အသင္းအဖြဲ႕ႏွင့္ ယွဉ္ၿပိဳင္ရေသာ ပြဲမ်ားကို ၾကည့္လိုၾက၍ ရံဖန္ရံခါ တစ္ဦးခ်င္း ယွဉ္ၿပိဳင္ရေသာပြဲမ်ားကို ၾကည့္ရႈလိုၾကသည္။ ထို႔ေၾကာင့္္ လူလူခ်င္း ယွဉ္ၿပိဳင္ရေသာ ပြဲမ်ားကိုသာမက ႏြားတိုက္ပြဲ၊ ကၽြဲတိုက္ပြဲ၊ ၾကက္တိုက္ပြဲ စေသာ တိရိစာၦန္ တိုက္ပြဲမ်ားကိုလည္း ျပဳလုပ္က်င္းပေလ့ရွိကာ ေပ်ာ္ရႊင္မႈွုကို ရွာေဖြၾကံဖန္ယူတတ္ၾကသည္။ တိရိစာၦန္တိုက္ပြဲမ်ားအနက္ ၾကက္တိုက္ပြဲကို နိုင္ငံတကာတိုင္းမွာလိုပင္ ျပဳလုပ္ေလ့ရွိသည္မွာ ၾကက္သည္ အတိုက္အခြပ္သန္၍ အလြယ္တကူရရွိနိုင္ေသာ အိမ္ေမြးတိရိစာၦန္မ်ိဳးျဖစ္ေသာေၾကာင့္္ဟု ေတြးထင္ရသည္။

ကမာၻေပၚတြင္ ၾကက္တိုက္ပြဲမ်ား မည္သည့္အခ်ိန္က စတင္ေပၚေပါက္ခဲ့သည္ကို အတိအက် မသိရွိရေသာ္လည္း လူတို႔သည္ ၾကက္ကို စတင္ေမြးျမဴသည့္ အခ်ိန္မွစ၍ ၾကက္တိုက္ပြဲမ်ား စတင္ ခဲ့သည္ဟု ထင္ရသည္။ ၾကက္တိုက္ျခင္းသည္ ျမန္မာလူမ်ိဳးမ်ား၏ မ်ိဳးရိုးစရိုက္ ေပ်ာ္ရႊင္မႈွုတစ္ခုျဖစ္၍ မင္းညီမင္းသားမွအစ သူဆင္းရဲမ်ားအထိ ၾကက္တိုက္ခဲ့ၾကသည္။ တိုက္ၾကက္မွာ အတိုက္အခြပ္ သန္ေသာ ၾကက္မ်ိဳးမွ သီးသန္႔ ေဖာက္ယူရရွိေသာ ၾကက္မ်ိဳးျဖစ္၍ သာမန္ၾကက္မ်ားထက္ သန္မာျပီးလွ်င္ ဇြဲရွိသျဖင့္ အတိုက္အခြပ္ေကာင္းေလသည္။ တိုက္ၾကက္မ်ားကို အေမြးအေရာင္ အလိုက္ အမည္ေပးေလ့ရွိသည္။ အနီေရာင္ ေပၚလြင္လွ်င္ နီဟူ၍လည္းေကာင္း၊ ဘုတ္ေမြးေရာင္ ရွိလွ်င္ ေဖာင္းဟူ၍လည္းေကာင္း၊ စသည္ျဖင့္ ေခၚေဝၚၾကသည္။

တိုက္ၾကက္ေကာင္း၏ လကၡဏာမ်ား မွာ ဘုတ္ငွက္အေရာင္ကဲ့သို႔ အေမြးမ်ိဳးရင္မွာ သက္ရမည္။ အတက္နက္၍ အေမာက္ခၽြန္းရမည္။ ေျခေထာက္မွ အေၾကးဖတ္မွ ၃ဝ ရွိရမည္ဟု ဆိုေလသည္။ ထို႔ေၾကာင့္္ ‘ဘုတ္ေမြးရင္သက္၊ တက္နက္ေမာက္ခၽြန္း၊ ျမီးစြန္းထင္းစည္း၊ ေမာက္လုံးႀကီး ႏွင့္၊ ေျခေၾကးသုံးဆယ္၊ ဝိုင္းႀကီးပယ္၊’ဟု တိုက္ၾကက္လကၡဏာမ်ားကို ေဖာ္ျပထားေလ သည္။ ေျခေၾကးပတ္ ၃ဝ ကို ေရတြက္ပုံမွာ ေျခခလယ္ အေၾကးပတ္မွ အတက္ႏွင့္တည့္တည့္ အေၾကးပတ္ အထိ အေၾကးပတ္ေပါင္း ၃ဝ ရွိရမည္ဟု ဆိုလိုသည္။

ေဖာင္းအမ်ိဳးအစားထဲမွ ၾကက္ေကာင္းလကၡဏာမွာ ေက်ာႏွင့္ ေနရာမ်ားတြင္ ေဖာင္းေရာင္သက္ ရမည္။ အဖီေမြး၊ ေခ်းခံေမြး၊ ဒူးကြပ္ေမြးမ်ားမွလည္း ေဖာင္းေရာင္ရွိရမည္။ ထို႔ျပင္ ႏႈတ္သီးအေရာင္ႏွင့္ ေျခေထာက္ အေရာင္တို႔ တူရမည္ ဟု ဆိုေလသည္။

တိုက္ၾကက္ကို အိပ္တန္းသီးသန္႔ထားေပးရသည္။ နံနက္တိုင္း အစာေၾက မေၾကသိရန္ စလုတ္ကို ဂရုစိုက္၍ ၾကည့္ရႈ ရသည္။ ၾကက္ေခ်းမာလွ်င္ ၾကက္က်န္းမာေနသည္ဟု သိရသည္။ ၾကက္ကို နံနက္တိုင္းေရ ဝဝ တိုက္ေပးရသည္။ ထို႔ေနာက္ ေျခေထာက္ကို ဒူးဆစ္အထိ ေရစိမ္ေပးျပီးလွ်င္ ေတာင္ပံကို ေရမစြတ္ေစဘဲ ရင္အုပ္ႏွင့္ ေပါင္တံမ်ားကို ဆုပ္နယ္ေပးရသည္။

ထို႔ျပင္ ၾကက္ေကာင္းႀကိဳးမကြာ ဆိုသည့္စကားအတိုင္း ၾကက္မမ်ားႏွင့္ ေရာေႏွာမေနေစရန္ ငုတ္စိုက္၍ ႀကိဳးျဖင့္ တည္းထားရသည္။ အေနာက္နိုင္ငံမ်ားတြင္လည္း ၾကက္ဝါသနာအိုးမ်ားသည္ ေငြေၾကးအကုန္အက်ခံကာ ေဆးဝါးအကူအညီျဖင့္ တိုက္ၾကက္မ်ားကို ေမြးျမဴၾက၏။ အေနာက္နိုင္ငံမ်ား၌ ေခတ္စားေသာ တိုက္ၾကက္မ်ိဳးမ်ားမွာ ပလိုင္းေမာက္ေရာခ့္(Plymouth Rock)၊ ဝိုင္ယန္ေဒါ့(Wyandotte)၊ ဂ်ာစီဂ်ိဳင္းယင့္(Jersey Giant)၊ ရုတ္ဒ္ကၽြန္း အနီ(Rhode Island Red)၊ နယူဟမ္ရိႈင္းယာ(New Hampshire)၊ ေအာပန္တန္(Orpington) စသည္တို႔ ျဖစ္ၾကသည္။

“စည္းကမ္းခ်က္မ်ား”

ၾကက္တိုက္ပြဲ စည္းကမ္းခ်က္မ်ားမွာ တစ္ေနရာႏွင့္ တစ္ေနရာမတူၾကေခ်။ ဥပမာ၊ ျမန္မာနိုင္ငံ၌ တိုက္ၾကက္မ်ားကို နဂိုမူလအတက္ႏွင့္ တိုက္ေလ့ရွိသည္။ အိန္ဒိယနိုင္ငံ၌ ၾကက္ အတက္တြင္ ဓါးသြားငယ္မ်ား တပ္၍ တိုက္ေလ့ရွိသည္။ ျမန္မာနိုင္ငံ၌ ၾကက္ပြဲက်င္းပပုံမွာ ေရွးဦးစြာ ၾကက္ပြဲ စည္းမ်ဉ္းမ်ားကို နားလည္သူတစ္ဦးအား ဒိုင္ခန္႔ရသည္။ ထို႔ျပင္ ၾကက္မ်ားကို ကုသရန္အတြက္ ၾကက္ဆြဲနွစ္ဦးကိုလည္း ခန္႔ထားရသည္။

ဒိုင္လုပ္သူက သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားကို ၾကက္ရွင္မ်ားက ေက်နပ္လွ်င္ ၾကက္မ်ားကို ဆိုင္ေပး၍ ၾကက္တိုက္ပြဲ စေလေတာ့၏။ ထိုသို႔ တိုက္ရာတြင္ တစ္ေကာင္ေကာင္ ပိုင္းပိုင္းလဲလွ်င္လည္းေကာင္း၊ ျပားျပားကပ္ အရႈံးခံလွ်င္ လည္းေကာင္း၊ စည္းဝိုင္းအျပင္ဖက္သို႔ ထြက္ေျပးလွ်င္လည္းေကာင္း၊ ၾကက္ပြဲျပီးေလသည္။ အင္အားခ်င္းမ်ွ၊ စြမ္းရည္ခ်င္းတူေသာ ၾကက္မ်ား ခြပ္ၾကလွ်င္ တစ္ခါတစ္ရံ ၂ နာရီနီးပါး ၾကာတတ္ၾကသည္။

အျခားစည္းကမ္းခ်က္ အခ်ိဳ႕မွာ-
– ၾကက္ ၂ ေကာင္ ခြပ္ေနစဉ္ ဝိုင္းအတြင္းမွ ၾကက္ကိုလည္း မထူရ။
– ၾကက္ႏႈတ္သီး၌ ၾကက္ေမြးမ်ား အကယ္၍ ကပ္ေနလွ်င္လည္း မဖယ္ရေခ်။
– ေရဖြာမႈတ္၍ မကူရ၊ ေလကိုသာ မႈတ္၍ ကူေပးနိုင္၏။

– ၾကက္၌ရရွိေသာ ဒဏ္ရာမ်ားကို ဆီးျဖဴသီးေျခာက္၊ ဖန္ခါးသီးေျခာက္ စသည့္ ေသြးတိတ္ေဆးမ်ားျဖင့္ မကုသရ။ ၾကက္ဝိုင္းအတြင္းမွရေသာ ဖုံမႈန္ေျမမႈန္႔၊ ၾကက္ေမြးတို႔ကိုသာ အသုံးျပဳနိုင္သည္။
– သတ္မွတ္ထားေသာ စည္းေပၚသို႔ အျမီးေထာက္မွ ေကာက္ယူရမည္။
– စည္းဝိုင္းအတြင္း၌ ၾကက္ ၂ ေကာင္ အခြပ္ ရပ္ဆိုင္းေနလွ်င္ ၃ ခါစီ ေလျဖင့္မႈတ္ေပးနိုင္သည္။

သို႔ျဖင့္ မခြပ္ေသးလွ်င္ ဒိုင္ကခြင့္ျပဳေသာ္ ၾကက္ဆြဲမ်ားက ေကာက္ယူကုသနိုင္သည္။ ကုသပုံမွာ ၾကက္၏ အာေခါင္တြင္းမွ ခၽြဲမ်ားကို ၾကက္ေတာင္ျဖင့္က်ပ္၍ထုတ္ပစ္ျခင္း၊ ၾကက္ကို ေရျဖင့္ မႈတ္ေပးျခင္း၊ လက္ပူတိုက္ျခင္း၊ အေညာင္းဆန္႔ေပး ျခင္းမ်ား ျဖစ္သည္။ အခ်ိဳ႕ၾကက္မ်ားသည္ ပြဲဦးထြက္စ၌ အသင့္အတင့္ မ်ွသာ ခြပ္ျပီးလွ်င္ တစ္ေရ နွစ္ေရ ထိုးျပီးေသာအခါမွ အထူး အခြပ္ေကာင္း လာတတ္ေလသည္။

အကယ္၍ ၾကက္မ်ားသည္ တစ္ေကာင္ႏွင့္တစ္ေကာင္ ခုန္ပ်ံ၍ မခြပ္နိုင္ၾကေသာအေျခအေနသို႔ ေရာက္ေနလွ်င္ ဒိုင္က တစ္ေတာင္ပတ္လည္ စည္းဝိုင္းေရးေပးေလသည္။ ၾကက္မ်ားကို ထိုစည္း အတြင္းသို႔ အသာအယာ လက္ဆုပ္ေျဖလႊတ္ကာ ေတ့ဆိုင္ေပးရသည္။ ၾကက္မ်ား အကယ္၍ စည္း အျပင္ဖက္သို႔ ေရာက္သြားလွ်င္ ခ်က္ျခင္းေကာက္ယူ၍ ကုသျခင္းမျပဳဘဲ စည္းဝိုင္းထဲသို႔ လႊတ္ေပး ရသည္။ ထိုကဲ့သို႔ ၃ ခါ ေကာက္ ယူျပီးမွ တစ္ခါကုသနိုင္သည္။

တစ္ခါကုသလွ်င္ လက္ပူ ၃ ခါသာ ထိုးရသည္။ ၃ ခါ လႊတ္ျပီး သည့္ ေနာက္ပိုင္း၌ တစ္ေကာင္ ၃ ခ်က္ဆိတ္၍ က်န္တစ္ေကာင္က ျပန္ မဆိတ္နိုင္လွ်င္ ထိုျပန္မဆိတ္ ႏိုင္ေသာၾကက္သည္ ရႈံးျပီဟု ဒိုင္က ေၾကညာေလသည္။ ျမန္မာႏိုင္ငံတြင္ ၾကက္ပြဲမ်ားကို စပါးေပၚခ်ိန္ ေဆာင္းရာသီမ်ားတြင္ က်င္းပေလ့ရွိသည္။ ပြဲရေသာ ၾကက္မ်ား ပါဝင္ေသာ ခြပ္ပြဲႀကီးမ်ားသည္ အထူးစည္ကား၍ အေလာင္းအစားျပဳရာတြင္လည္း ေၾကးပါလွ၏။ တိုက္ၾကက္မ်ား မိမိရရခြပ္ပုံမွာ ၾကည့္ရႈ၍ေကာင္းလွသည္။

ထို႔ေၾကာင့္္ ျမန္မာလူမ်ိဳးတို႔သည္ ၾကက္ခြပ္ျခင္းကို စကားတင္စား ေျပာဆိုေရးသားၾကသည္။ ဥပမာ၊ စကားႀကီး ၁ဝ ခြန္း တြင္ ၾကက္ဆုတ္ခြပ္ပစ္ ဟူ၍လည္းေကာင္း၊ ျမန္မာစကားပုံတြင္ ေၾကြတစ္လက္၊ ၾကက္တစ္ခုန္ဟူ၍လည္းေကာင္း၊ ေျပာဆိုေရးသားၾကသည္။ ေရသည္ ျပဇာတ္တြင္မူ ‘သို႔ေသာ္လဲ ေယာက္်ား၊ ကံေရွ႕သြား၊ ကံထားရာဟဲ့၊ မနုန္႔နဲ႔ပါဘူး၊ အလွဲ႔သင့္ခ်က္ပိုင္၊ ၾကက္ကန္းခြပ္လို႔၊ ပြဲကၽြတ္ေအာင္ ႏိုင္ေသးသပ’ဟု ဦးပုညက ဖြဲ႕ဆိုခဲ့သည္။ ေရွးအခါက ျမန္မာလုလင္ပ်ိဳမ်ား တိုက္ၾကက္ႏွင့္ ေစာင္းမ်ား ခင္တြယ္ပုံကို ေရွးေဟာင္းအိုင္းခ်င္း တစ္ပုဒ္၌ ‘မဲလီပင္ ႏွင့္ ဒန္းပင္ႏြဲ႕ေနာင္း၊ ရွက္ကာငယ္ေပါင္း၊ ကင္းေၾကာင္းဆိပ္ဝယ္၊ ထိုးဝါးငယ္ဝယ္၊ တကယ္စုန္ျဖစ္မလားေတာ္။ စုန္မယ္ဆို၊ စုန္မဲ့ရက္ ဆက္ဆက္မစုန္၊ တီးသည့္ေစာင္းႏွင့္ ေလာင္းသည့္ၾကက္ကို၊ ပိုက္လို႔ငယ္ငို၊ ေမာင့္ကိုကုန္သြားထည့္ သလားေတာ္’ စသျဖင့္ စပ္ဆိုဖြဲ႕ႏြဲ႕ထားေလသည္။

“ၾကက္ခြပ္တမ္း”

ၾကက္မ်ားခြပ္သည္ကို အတုယူ၍ မိန္းကေလးမ်ားက ၾကက္ခြပ္တမ္းကစားေလ့ရွိၾကသည္။ “ၾကက္ဖတိန္ညင္၊ ေတာကိုဝင္၊ ေမာင္ရင္လာမွ ေလးနဲ႔ပစ္” အစခ်ီေသာ ၾကက္ခြပ္သီခ်င္းမွာ လူသိ အမ်ားဆုံး ကေလးသီခ်င္းတစ္ပုဒ္ ျဖစ္၏။ ၾကက္ခြပ္တမ္းတြင္လည္း ၾကက္တိုက္ပြဲလိုပင္ လဲသူ အရံႈးျဖစ္သည္။ ၾကက္မ်ားကဲ့သို႔ မ်က္ႏွာျခင္းဆိုင္ကာ ဒူးေကြးထိုင္ခ်ၿပီး အျပင္ေဘးသို႔ ေျခမ်ားထုတ္ကာ ၾကက္ယက္သကဲ့သို႔ျပဳမူ၍ ကစားသည့္ ျမန္မာကစားနည္း တစ္မ်ိဳးျဖစ္သည္။

ကမာၻအရပ္ရပ္တြင္ ၾကက္တိုက္ပြဲမ်ားကို နွစ္ေပါင္းမ်ားစြာကပင္ သာသနာေရးဖက္ႏွင့္ အျခားတိရိစာၦန္ကာကြယ္ေရးအသင္းအဖြဲ႕မ်ားက အျပင္းအထန္ ကန္႔ကြက္ခဲ့ၾကေသာ္လည္း ၾကက္တိုက္ပြဲမ်ားမွာ ယခုတိုင္ ျပဳလုပ္ၿမဲ ျပဳလုပ္ေနၾကေသး သည္။ အဂၤလန္ႏိုင္ငံႏွင့္ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံမ်ားတြင္ ၁၈၅ဝ ခုနွစ္ကပင္ ၾကက္ပြဲမ်ားကို တားဆီးပိတ္ပင္ႏိုင္ေသာ ဥပေဒမ်ား ထုတ္ျပန္ခဲ့သည္။ ျမန္မာႏိုင္ငံတြင္လည္း ၁၈၉၉ ခုနွစ္ ဧျပီလတြင္ ျပဌာန္းခဲ့ေသာ ျမန္မာျပည္ ေလာင္းကစားမႈ အက္ဥပေဒအရ ၾကက္တိုက္ေလာင္းတမ္း ကစားျခင္း ကို အေရးယူခဲ့သည့္ အတိုင္း ယခုအခါ အေပ်ာ္သက္သက္ ၾကက္တိုက္ပြဲအခ်ိဳ႕ေလာက္သာ က်န္ရွိေနေတာ့သည္။

ျမန္မာ့စြယ္စံုက်မ္း၊
Myanmar Wikipedia


ကြက်တိုက်ပွဲ ဆိုသည်မှာ (unicode)

လူတို့သည် ရံဖန်ရံခါ အသင်းအဖွဲ့နှင့် ယှဉ်ပြိုင်ရသော ပွဲများကို ကြည့်လိုကြ၍ ရံဖန်ရံခါ တစ်ဦးချင်း ယှဉ်ပြိုင်ရသောပွဲများကို ကြည့်ရှုလိုကြသည်။ ထို့ကြောင့်္ လူလူချင်း ယှဉ်ပြိုင်ရသော ပွဲများကိုသာမက နွားတိုက်ပွဲ၊ ကျွဲတိုက်ပွဲ၊ ကြက်တိုက်ပွဲ စသော တိရိစ္ဆာန် တိုက်ပွဲများကိုလည်း ပြုလုပ်ကျင်းပလေ့ရှိကာ ပျော်ရွှင်မှုကို ရှာဖွေကြံဖန်ယူတတ်ကြသည်။ တိရိစ္ဆာန်တိုက်ပွဲများအနက် ကြက်တိုက်ပွဲကို နိုင်ငံတကာတိုင်းမှာလိုပင် ပြုလုပ်လေ့ရှိသည်မှာ ကြက်သည် အတိုက်အခွပ်သန်၍ အလွယ်တကူရရှိနိုင်သော အိမ်မွေးတိရိစ္ဆာန်မျိုးဖြစ်သောကြောင့်္ဟု တွေးထင်ရသည်။

ကမ္ဘာပေါ်တွင် ကြက်တိုက်ပွဲများ မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မသိရှိရသော်လည်း လူတို့သည် ကြက်ကို စတင်မွေးမြူသည့် အချိန်မှစ၍ ကြက်တိုက်ပွဲများ စတင် ခဲ့သည်ဟု ထင်ရသည်။ ကြက်တိုက်ခြင်းသည် မြန်မာလူမျိုးများ၏ မျိုးရိုးစရိုက် ပျော်ရွှင်မှုတစ်ခုဖြစ်၍ မင်းညီမင်းသားမှအစ သူဆင်းရဲများအထိ ကြက်တိုက်ခဲ့ကြသည်။ တိုက်ကြက်မှာ အတိုက်အခွပ် သန်သော ကြက်မျိုးမှ သီးသန့် ဖောက်ယူရရှိသော ကြက်မျိုးဖြစ်၍ သာမန်ကြက်များထက် သန်မာပြီးလျှင် ဇွဲရှိသဖြင့် အတိုက်အခွပ်ကောင်းလေသည်။ တိုက်ကြက်များကို အမွေးအရောင် အလိုက် အမည်ပေးလေ့ရှိသည်။ အနီရောင် ပေါ်လွင်လျှင် နီဟူ၍လည်းကောင်း၊ ဘုတ်မွေးရောင် ရှိလျှင် ဖောင်းဟူ၍လည်းကောင်း၊ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။

တိုက်ကြက်ကောင်း၏ လက္ခဏာများ မှာ ဘုတ်ငှက်အရောင်ကဲ့သို့ အမွေးမျိုးရင်မှာ သက်ရမည်။ အတက်နက်၍ အမောက်ချွန်းရမည်။ ခြေထောက်မှ အကြေးဖတ်မှ ၃ဝ ရှိရမည်ဟု ဆိုလေသည်။ ထို့ကြောင့်္ ‘ဘုတ်မွေးရင်သက်၊ တက်နက်မောက်ချွန်း၊ မြီးစွန်းထင်းစည်း၊ မောက်လုံးကြီး နှင့်၊ ခြေကြေးသုံးဆယ်၊ ဝိုင်းကြီးပယ်၊’ဟု တိုက်ကြက်လက္ခဏာများကို ဖော်ပြထားလေ သည်။ ခြေကြေးပတ် ၃ဝ ကို ရေတွက်ပုံမှာ ခြေခလယ် အကြေးပတ်မှ အတက်နှင့်တည့်တည့် အကြေးပတ် အထိ အကြေးပတ်ပေါင်း ၃ဝ ရှိရမည်ဟု ဆိုလိုသည်။

ဖောင်းအမျိုးအစားထဲမှ ကြက်ကောင်းလက္ခဏာမှာ ကျောနှင့် နေရာများတွင် ဖောင်းရောင်သက် ရမည်။ အဖီမွေး၊ ချေးခံမွေး၊ ဒူးကွပ်မွေးများမှလည်း ဖောင်းရောင်ရှိရမည်။ ထို့ပြင် နှုတ်သီးအရောင်နှင့် ခြေထောက် အရောင်တို့ တူရမည် ဟု ဆိုလေသည်။

တိုက်ကြက်ကို အိပ်တန်းသီးသန့်ထားပေးရသည်။ နံနက်တိုင်း အစာကြေ မကြေသိရန် စလုတ်ကို ဂရုစိုက်၍ ကြည့်ရှု ရသည်။ ကြက်ချေးမာလျှင် ကြက်ကျန်းမာနေသည်ဟု သိရသည်။ ကြက်ကို နံနက်တိုင်းရေ ဝဝ တိုက်ပေးရသည်။ ထို့နောက် ခြေထောက်ကို ဒူးဆစ်အထိ ရေစိမ်ပေးပြီးလျှင် တောင်ပံကို ရေမစွတ်စေဘဲ ရင်အုပ်နှင့် ပေါင်တံများကို ဆုပ်နယ်ပေးရသည်။

ထို့ပြင် ကြက်ကောင်းကြိုးမကွာ ဆိုသည့်စကားအတိုင်း ကြက်မများနှင့် ရောနှောမနေစေရန် ငုတ်စိုက်၍ ကြိုးဖြင့် တည်းထားရသည်။ အနောက်နိုင်ငံများတွင်လည်း ကြက်ဝါသနာအိုးများသည် ငွေကြေးအကုန်အကျခံကာ ဆေးဝါးအကူအညီဖြင့် တိုက်ကြက်များကို မွေးမြူကြ၏။ အနောက်နိုင်ငံများ၌ ခေတ်စားသော တိုက်ကြက်မျိုးများမှာ ပလိုင်းမောက်ရောခ့်(Plymouth Rock)၊ ဝိုင်ယန်ဒေါ့(Wyandotte)၊ ဂျာစီဂျိုင်းယင့်(Jersey Giant)၊ ရုတ်ဒ်ကျွန်း အနီ(Rhode Island Red)၊ နယူဟမ်ရှိုင်းယာ(New Hampshire)၊ အောပန်တန်(Orpington) စသည်တို့ ဖြစ်ကြသည်။

“စည်းကမ်းချက်များ”

ကြက်တိုက်ပွဲ စည်းကမ်းချက်များမှာ တစ်နေရာနှင့် တစ်နေရာမတူကြချေ။ ဥပမာ၊ မြန်မာနိုင်ငံ၌ တိုက်ကြက်များကို နဂိုမူလအတက်နှင့် တိုက်လေ့ရှိသည်။ အိန်ဒိယနိုင်ငံ၌ ကြက် အတက်တွင် ဓါးသွားငယ်များ တပ်၍ တိုက်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ ကြက်ပွဲကျင်းပပုံမှာ ရှေးဦးစွာ ကြက်ပွဲ စည်းမျဉ်းများကို နားလည်သူတစ်ဦးအား ဒိုင်ခန့်ရသည်။ ထို့ပြင် ကြက်များကို ကုသရန်အတွက် ကြက်ဆွဲနှစ်ဦးကိုလည်း ခန့်ထားရသည်။

ဒိုင်လုပ်သူက သတ်မှတ်ထားသော စည်းကမ်းချက်များကို ကြက်ရှင်များက ကျေနပ်လျှင် ကြက်များကို ဆိုင်ပေး၍ ကြက်တိုက်ပွဲ စလေတော့၏။ ထိုသို့ တိုက်ရာတွင် တစ်ကောင်ကောင် ပိုင်းပိုင်းလဲလျှင်လည်းကောင်း၊ ပြားပြားကပ် အရှုံးခံလျှင် လည်းကောင်း၊ စည်းဝိုင်းအပြင်ဖက်သို့ ထွက်ပြေးလျှင်လည်းကောင်း၊ ကြက်ပွဲပြီးလေသည်။ အင်အားချင်းမျှ၊ စွမ်းရည်ချင်းတူသော ကြက်များ ခွပ်ကြလျှင် တစ်ခါတစ်ရံ ၂ နာရီနီးပါး ကြာတတ်ကြသည်။

အခြားစည်းကမ်းချက် အချို့မှာ-
– ကြက် ၂ ကောင် ခွပ်နေစဉ် ဝိုင်းအတွင်းမှ ကြက်ကိုလည်း မထူရ။
– ကြက်နှုတ်သီး၌ ကြက်မွေးများ အကယ်၍ ကပ်နေလျှင်လည်း မဖယ်ရချေ။
– ရေဖွာမှုတ်၍ မကူရ၊ လေကိုသာ မှုတ်၍ ကူပေးနိုင်၏။

– ကြက်၌ရရှိသော ဒဏ်ရာများကို ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက် စသည့် သွေးတိတ်ဆေးများဖြင့် မကုသရ။ ကြက်ဝိုင်းအတွင်းမှရသော ဖုံမှုန်မြေမှုန့်၊ ကြက်မွေးတို့ကိုသာ အသုံးပြုနိုင်သည်။
– သတ်မှတ်ထားသော စည်းပေါ်သို့ အမြီးထောက်မှ ကောက်ယူရမည်။
– စည်းဝိုင်းအတွင်း၌ ကြက် ၂ ကောင် အခွပ် ရပ်ဆိုင်းနေလျှင် ၃ ခါစီ လေဖြင့်မှုတ်ပေးနိုင်သည်။

သို့ဖြင့် မခွပ်သေးလျှင် ဒိုင်ကခွင့်ပြုသော် ကြက်ဆွဲများက ကောက်ယူကုသနိုင်သည်။ ကုသပုံမှာ ကြက်၏ အာခေါင်တွင်းမှ ချွဲများကို ကြက်တောင်ဖြင့်ကျပ်၍ထုတ်ပစ်ခြင်း၊ ကြက်ကို ရေဖြင့် မှုတ်ပေးခြင်း၊ လက်ပူတိုက်ခြင်း၊ အညောင်းဆန့်ပေး ခြင်းများ ဖြစ်သည်။ အချို့ကြက်များသည် ပွဲဦးထွက်စ၌ အသင့်အတင့် မျှသာ ခွပ်ပြီးလျှင် တစ်ရေ နှစ်ရေ ထိုးပြီးသောအခါမှ အထူး အခွပ်ကောင်း လာတတ်လေသည်။

အကယ်၍ ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် ခုန်ပျံ၍ မခွပ်နိုင်ကြသောအခြေအနေသို့ ရောက်နေလျှင် ဒိုင်က တစ်တောင်ပတ်လည် စည်းဝိုင်းရေးပေးလေသည်။ ကြက်များကို ထိုစည်း အတွင်းသို့ အသာအယာ လက်ဆုပ်ဖြေလွှတ်ကာ တေ့ဆိုင်ပေးရသည်။ ကြက်များ အကယ်၍ စည်း အပြင်ဖက်သို့ ရောက်သွားလျှင် ချက်ခြင်းကောက်ယူ၍ ကုသခြင်းမပြုဘဲ စည်းဝိုင်းထဲသို့ လွှတ်ပေး ရသည်။ ထိုကဲ့သို့ ၃ ခါ ကောက် ယူပြီးမှ တစ်ခါကုသနိုင်သည်။

တစ်ခါကုသလျှင် လက်ပူ ၃ ခါသာ ထိုးရသည်။ ၃ ခါ လွှတ်ပြီး သည့် နောက်ပိုင်း၌ တစ်ကောင် ၃ ချက်ဆိတ်၍ ကျန်တစ်ကောင်က ပြန် မဆိတ်နိုင်လျှင် ထိုပြန်မဆိတ် နိုင်သောကြက်သည် ရှုံးပြီဟု ဒိုင်က ကြေညာလေသည်။ မြန်မာနိုင်ငံတွင် ကြက်ပွဲများကို စပါးပေါ်ချိန် ဆောင်းရာသီများတွင် ကျင်းပလေ့ရှိသည်။ ပွဲရသော ကြက်များ ပါဝင်သော ခွပ်ပွဲကြီးများသည် အထူးစည်ကား၍ အလောင်းအစားပြုရာတွင်လည်း ကြေးပါလှ၏။ တိုက်ကြက်များ မိမိရရခွပ်ပုံမှာ ကြည့်ရှု၍ကောင်းလှသည်။

ထို့ကြောင့်္ မြန်မာလူမျိုးတို့သည် ကြက်ခွပ်ခြင်းကို စကားတင်စား ပြောဆိုရေးသားကြသည်။ ဥပမာ၊ စကားကြီး ၁ဝ ခွန်း တွင် ကြက်ဆုတ်ခွပ်ပစ် ဟူ၍လည်းကောင်း၊ မြန်မာစကားပုံတွင် ကြွေတစ်လက်၊ ကြက်တစ်ခုန်ဟူ၍လည်းကောင်း၊ ပြောဆိုရေးသားကြသည်။ ရေသည် ပြဇာတ်တွင်မူ ‘သို့သော်လဲ ယောက်ျား၊ ကံရှေ့သွား၊ ကံထားရာဟဲ့၊ မနုန့်နဲ့ပါဘူး၊ အလှဲ့သင့်ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင် နိုင်သေးသပ’ဟု ဦးပုညက ဖွဲ့ဆိုခဲ့သည်။ ရှေးအခါက မြန်မာလုလင်ပျိုများ တိုက်ကြက်နှင့် စောင်းများ ခင်တွယ်ပုံကို ရှေးဟောင်းအိုင်းချင်း တစ်ပုဒ်၌ ‘မဲလီပင် နှင့် ဒန်းပင်နွဲ့နောင်း၊ ရှက်ကာငယ်ပေါင်း၊ ကင်းကြောင်းဆိပ်ဝယ်၊ ထိုးဝါးငယ်ဝယ်၊ တကယ်စုန်ဖြစ်မလားတော်။ စုန်မယ်ဆို၊ စုန်မဲ့ရက် ဆက်ဆက်မစုန်၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို၊ ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားထည့် သလားတော်’ စသဖြင့် စပ်ဆိုဖွဲ့နွဲ့ထားလေသည်။

“ကြက်ခွပ်တမ်း”

ကြက်များခွပ်သည်ကို အတုယူ၍ မိန်းကလေးများက ကြက်ခွပ်တမ်းကစားလေ့ရှိကြသည်။ “ကြက်ဖတိန်ညင်၊ တောကိုဝင်၊ မောင်ရင်လာမှ လေးနဲ့ပစ်” အစချီသော ကြက်ခွပ်သီချင်းမှာ လူသိ အများဆုံး ကလေးသီချင်းတစ်ပုဒ် ဖြစ်၏။ ကြက်ခွပ်တမ်းတွင်လည်း ကြက်တိုက်ပွဲလိုပင် လဲသူ အရှုံးဖြစ်သည်။ ကြက်များကဲ့သို့ မျက်နှာခြင်းဆိုင်ကာ ဒူးကွေးထိုင်ချပြီး အပြင်ဘေးသို့ ခြေများထုတ်ကာ ကြက်ယက်သကဲ့သို့ပြုမူ၍ ကစားသည့် မြန်မာကစားနည်း တစ်မျိုးဖြစ်သည်။

ကမ္ဘာအရပ်ရပ်တွင် ကြက်တိုက်ပွဲများကို နှစ်ပေါင်းများစွာကပင် သာသနာရေးဖက်နှင့် အခြားတိရိစ္ဆာန်ကာကွယ်ရေးအသင်းအဖွဲ့များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း ကြက်တိုက်ပွဲများမှာ ယခုတိုင် ပြုလုပ်မြဲ ပြုလုပ်နေကြသေး သည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံများတွင် ၁၈၅ဝ ခုနှစ်ကပင် ကြက်ပွဲများကို တားဆီးပိတ်ပင်နိုင်သော ဥပဒေများ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၈၉၉ ခုနှစ် ဧပြီလတွင် ပြဌာန်းခဲ့သော မြန်မာပြည် လောင်းကစားမှု အက်ဥပဒေအရ ကြက်တိုက်လောင်းတမ်း ကစားခြင်း ကို အရေးယူခဲ့သည့် အတိုင်း ယခုအခါ အပျော်သက်သက် ကြက်တိုက်ပွဲအချို့လောက်သာ ကျန်ရှိနေတော့သည်။

မြန်မာ့စွယ်စုံကျမ်း၊
Myanmar Wikipedia

Leave a Reply