ဗုိလ္ခ်ဳပ္၏ ပါရမီျဖည့္ဖက္ (သုိ႔) ျမန္မာ့ပထမဆုံးအမ်ဳိးသမီးသံအမတ္

Posted on

ေရးသားသူ – သန္း၀င္းလႈိင္

ေနႏွင့္လေ႐ႊႏွင့္ျမပမာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ေဒၚခင္ၾကည္တို႔ ဇနီးေမာင္ႏွံမွာ လိုက္ဖက္လွသည္။ ယခုအခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္း က်ဆုံးခဲ့သည္မွာ ႏွစ္ေပါင္း ၇၀ျပည့္ခဲ့ၿပီ ျဖစ္ေသာ္လည္း၊ ယေန႔တိုင္ ျပည္သူလူထု တစ္ရပ္လုံးက လြမ္းဆြတ္တသ သတိရေနဆဲ ျဖစ္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား သတိရေလတုိင္း ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ကိုလည္း သတိတရ ႐ွိၾကေလသည္။ ေဒၚခင္ၾကည္သည္ ၁၉၈၈ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ ကြယ္လြန္ခဲ့ရာ ယခုဆိုလွ်င္ အႏွစ္ ၃၀ ျပည့္ေတာ့မည္ျဖစ္သည္။

အမ်ိဳးသားေခါင္္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ဂဠဳန္ဦးေစာ၏ ေစခိုင္းခ်က္အရ မသမာသူတို႔၏ လုပ္ႀကံခံရမႈေၾကာင့္ က်ဆုံးသြားသည္ ဟူေသာ သတင္းကို ၾကားလွ်င္ၾကားျခင္း ပထမဆုံး ေသာကမီးေတာက္ေလာင္ျခင္း ခံရသူမွာ ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ပင္ ျဖစ္သည္။ ေဒၚခင္ၾကည္သည္ မိမိခင္ပြန္း၏ ရုပ္အေလာင္းကို ေနအိမ္သုိ႔ ယူလာေသာအခါ ခင္ပြန္းသည္အား ျမန္မာ့ဂါရဝတရားအတိုင္း ဦးသုံးႀကိမ္ခ်ေလသည္။ သူ၏ မ်က္စိတြင္ ဝမ္းနည္းမႈေၾကာင့္ မ်က္ရည္စမ်ား အမ်ားနည္းတူ ေတြ႔ေကာင္း ေတြ႔ရေပလိမ့္မည္။ သို႔ေသာ္ ေဒၚခင္ၾကည္သည္ စိတ္မာန္ကိုတင္း၍ မိမိကိုယ္ကိုမိမိ ခ်ဳပ္တည္းႏိုင္ေသာ အမ်ိဳးသမီးျဖစ္ေလသည္။

သူသည္ ခင္ပြန္းသည္ က်ဆုံးၿပီးေနာက္ ဇူလိုင္လ ၂၅ ရက္ ေသာၾကာေန႔ ညပိုင္းအခ်ိန္တြင္ “တိုင္းျပည္သုိ႔ မွာၾကားခ်က္” ကို အသံလႊင့္႐ုံမွတဆင့္ ေျပာဆိုခဲ့ေသးသည္။
“ကၽြန္မ၏ ခင္ပြန္းသည္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ လူမ်ိဳးအတြက္ ႀကိဳးပမ္းရင္း လမ္းခုလတ္မွာပဲ အခုေတာ့ က်ဆုံးသြား႐ွာပါၿပီ။ ဒီေတာ့ကာ က်ဆုံးသြားရတဲ့ လူေတြလည္း က်ဆုံးသြားၾကၿပီ ျဖစ္တဲ့အတြက္ ခ်ဲ႕ထြင္လု႔ိလည္း မေျပာလိုေတာ့ပါဘူး။ က်ဆုံးတဲ့ပုဂၢိဳလ္မ်ားကို ခ်စ္ၾကည္ေလးစားၾကရင္ျဖင့္ သူတို႔ရည္႐ြယ္ထားတဲ့ ပန္းတုိင္အဝင္ေရာက္ ေအာင္ ခ်မွတ္တဲ့ လမ္းစဥ္အတိုင္း လိုက္နာေဆာင္႐ြက္ၾကပါလို႔ ေျပာပါရေစေတာ့။ ကြ်န္မမွာေတာ့ ႀကီးေလးတဲ့ တာဝန္ေတြကို ေ႐ွ႕ေဆာင္ေ႐ွ႕႐ြက္အျဖစ္နဲ႔ မလုပ္ႏိုင္ေသးလို႔ ေနာက္ကေနၿပီးေတာ့ပဲ ဗိုလ္ခ်ဳပ္ခ်မွတ္ခဲ့တဲ့ လမ္းစဥ္မ်ားကို တနည္းတဖုံ ျပဳစုအားေပးၿပီး သူ႔ရဲ႕ရင္ႏွစ္ျဖစ္တဲ့ ကေလးမ်ားကို သူတို႔ရဲ႕ ဖခင္ေသြးပီပီ ဖခင္လို ျဖစ္ထြန္းလာေစဖို႔ ျပဳစုပ်ိဳးေထာင္ေပးေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးပါၿပီ။

ကၽြန္မနည္းတူ ကၽြန္မႏွင့္ ကံတူအက်ိဳးေပး ျဖစ္ၾကရတဲ့ က်ဆုံးသြားၾကတဲ့ ေခါင္းေဆာင္ႀကီးမ်ားရဲ႕ ဇနီးသည္မ်ားမွာလည္းဝမ္းနည္းပက္လက္ ျဖစ္ၾကေပလိမ့္မယ္လို႔သိပါရဲ႕။ဒါေပမဲ့ ကၽြန္မ ေျပာလိုတာကေတာ့ သူတို႔ကို တကယ္ခ်စ္႐ိုးမွန္ရင္ျဖင့္ သူတို႔ခ်မွတ္ထားခဲ့တဲ့ လမ္းစဥ္ကို လိုက္ၾကေစလိုပါတယ္။ ဒါမွပဲ သူတို႔ကို ခ်စ္ရာခင္ရာ ေရာက္ပါလိမ့္မယ္။ ဒီေတာ့ ကၽြန္မတို႔က အေကာင္အထည္ေပၚေအာင္ ဝိုင္းဝန္းၿပီး အားေပးၾကဖို႔ လိုပါတယ္။ ကၽြန္မတို႔ တိုင္းသူျပည္သားမ်ားကလည္း က်ဆုံးသြားတဲ့ ပုဂၢိဳလ္ႀကီးမ်ားကို ေလးစားတဲ့အေနနဲ႔ ေဒါသေ႐ွ႕ထားၿပီး စိတ္လိုက္မာန္ပါ မျပဳလုပ္ၾကဘဲ၊ ကြယ္လြန္တဲ့ ပုဂၢိဳလ္မ်ားရဲ႕ ခ်မွတ္ထားခဲ့တဲ့ လမ္းစဥ္အတိုင္း တသေဝမတိမ္း လိုက္နာေဆာင္႐ြက္ဖို႔ လိုပါတယ္။ ဖဆပလ အဖြဲ႔ႀကီးနဲ႔၊ ဖဆပလ အစိုးရအဖြဲ႔ကို အားလုံးေထာက္ခံၾကၿပီး ကြယ္လြန္႐ွာၾကတဲ့ ေခါင္းေဆာင္မ်ားရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ လုံးဝလြတ္လပ္ေရး မရမေန ႀကိဳးစားအားထုတ္ ၾကပါလို႔သာ တိုင္းျပည္အား အၿပီးတိုင္မွာၾကားခဲ့ပါတယ္” ဟူ၍ ေျပာၾကားသြားခဲ့ေလသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ က်ဆုံးစဥ္က ကိုယ္ေတြ႔ႀကဳံခဲ့ေသာ စာေရးဆရာမႀကီး ခင္မ်ိဳးခ်စ္ကလည္း “ေၾသာ္ ဗိုလ္ခ်ဳပ္” ေခါင္းစဥ္ျဖင့္ “တိုင္းရင္းသူ” ဂ်ာနယ္ အတြဲ ၁ ၊ အမွတ္ ၁၇ (၁၉၄၇ ၾသဂုတ္လထုတ္) တြင္ ဤသို႔ ဝမ္းနည္းေၾကကြဲဖြယ္ တင္ျပထားပါသည္-

ဇူလိုင္လ ၂၁ ရက္ တနလၤာေန႔တြင္ ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ဆီသို႔ သြားခဲ့သည္။ ဗိုလ္ခ်ဳပ္၏ အိမ္ႀကီးကို ျမင္ရလွ်င္ပင္ ကၽြႏု္ပ္မွာ စိတ္မေကာင္းမ်က္ရည္ကို ႏိုင္ေအာင္သုတ္ပစ္ၿပီး ေဒၚခင္ၾကည္ႏွင့္ ေတြ႔ခဲ့သည္။ သူ႔ချမာကား ငိုေတာ့ မငို၊ အိေျႏၵရစြာ ထိုေန႔က အျဖစ္အပ်က္ေတြကို ျပန္ေျပာျပ႐ွာသည္။ ကၽြႏု္ပ္ကား သူေျပာသမွ်ကို နားေထာင္၍ ႏွစ္သိမ့္စကားပင္ မေျပာႏိုင္ေတာ့ပါ။ ေျပာရန္လည္း မလိုေတာ့ၿပီ။ ဤမွ်ေလာက္ႀကီးေလးေသာ ပရိေဒဝကို ဘယ္လိုစကားႏွင့္ ႏွစ္သိမ့္ရပါမည္နည္း။

ေဒၚခင္ၾကည္ကို ျမင္ရေသာအခါ အဂၤလိပ္စာဆိုေတာ္ႀကီး တင္နီဆင္ (F.Tennyson Jesse) ေရးဖြဲ႔သည့္ကဗ်ာတစ္ပုဒ္ကို သြားသတိရမိသည္။ ထိုကဗ်ာမွာ “က်ဆုံးေသာ စစ္သူႀကီးကို အိမ္သို႔ယူေဆာင္လာၾကသည္” ဟူေသာ ဝါက်ႏွင့္အစခ်ီထားသည္။ ထိုကဗ်ာတြင္ စစ္သူႀကီး၏ ဇနီးသည္ မ်က္ရည္တစ္စက္မွ မက်ဘဲ အေလာင္းကို စိုက္ၾကည့္ေနပုံမွာ ယခု ေဒၚခင္ၾကည္၏ အျဖစ္ႏွင့္ တူလွေတာ့သည္။ ေဒၚခင္ၾကည္ႏွင့္အတူ အမျဖစ္ေသာ ဦးသိန္းလွ၏ ဇနီး ေဒၚခင္တင့္ႏွင့္ သခင္သန္းထြန္း၏ ဇနီး ေဒၚခင္ႀကီး၊ ညီမ မအမာတို႔ကို ေတြ႔ရသည္။ သူတို႔သုံးေယာက္မွာ ေဒၚခင္ၾကည္ ဧည့္သည္မ်ားႏွင့္ စကားေျပာေနစဥ္ တဘက္ခန္းတြင္ မ်က္ရည္စက္လက္ႏွင့္ ထိုေန႔က အေၾကာင္းကို ေျပာေနၾကသည္။

ေသရင္ေတာ့ ေအာ္ငိုမွာပဲ

ဦးသိန္းလွ၏ဇနီးျဖစ္သူ အမႀကီး ေဒၚခင္တင့္က ဗိုလ္ခ်ဳပ္တို႔ ေသနတ္ပစ္ခံရသည္ၾကား၍ ေဆး႐ုံသို႔ လိုက္သြားရာ ေဒၚခင္ၾကည္မွာ ဗိုလ္ခ်ဳပ္႐ွိသည့္အခန္းထဲသို႔ ဝင္သြားသျဖင့္ အျပင္က ေစာင့္ကာ “ေသရင္ေတာ့သူေအာ္ငိုမွာပဲ” ဟုေအာက္ေမ့ၿပီး သူနားေထာင္ေနသည္။ သို႔ေသာ္ ေဒၚခင္ၾကည္ငိုသံကုိကား မၾကားရ၍ ေတာ္႐ုံထိတာ ျဖစ္သည္ဟု ထင္ေနဆဲတြင္ ဆရာဝန္တစ္္ဦး ထြက္လာၿပီး ဗိုလ္ခ်ဳပ္ ဆုံးေၾကာင္း ေျပာမွ သိရေတာ့သည္ဟု ကၽြႏ္ုပ္အား ေျပာျပ၏။ ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္၏ အေလာင္းကို သူကိုယ္တိုင္ေပြ႔၍ အိမ္သို႔ကားႏွင့္ ယူလာရာ ကားဟြန္းသံၾကားလွ်င္ ကေလးမ်ားက ေဖေဖျပန္လာၿပီဟု ျမဴးတူးဆင္းႀကိဳၾကသည္ကို အစ္မႀကီး ေဒၚခင္တင့္က သူ႔စိတ္ကို မနည္းပင္ ထိန္းထားရသည္ဟု ေျပာေသာအခါ ၾကားရသူအားလုံးပင္ ေၾကကြဲခဲ့ရသည္။

ဂ်ဴဗလီေဟာသို႔ မယူမီ ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္၏ အေလာင္းကို သူကိုယ္တိုင္ စစ္ယူနီေဖာင္း အျပည့္အစုံ ဝတ္ေပးသည္။ “က်မစိတ္ထဲမွာ ႐ုံးသြားခါနီး အဝတ္အစား လဲေပးရသလိုပဲ” ဟု ကၽြႏု္ပ္ကို ေျပာေသးသည္။ ကေလးေတြကား သူ႔ဖခင္၏ အျဖစ္ဆိုးကို မသိ႐ွာၾကေပ။ ဗိုလ္ခ်ဳပ္အေလာင္းကို ဂ်ဴဗလီသို႔ ပို႔ၿပီးေနာက္ “ေဖေဖ ဂ်ဴဗလီကို အစည္းအေဝးသြားတာ ျပန္မလာေသးဘူးလား” ေမးေသးသည္။

ဗိုလ္ခ်ဳပ္တသက္တာ အေပ်ာ္ဆုံးအခ်ိန္

ေၾသာ္… ေဒၚခင္ၾကည္၊ ေဒၚခင္ၾကည္။ ဗိုလ္ခ်ဳပ္ကို ျပဳစုယုယတာေတြ ကၽြႏ္ုပ္တို႔ မ်က္ျမင္မို႔ ပို၍ စိတ္မေကာင္း ျဖစ္မိသည္။ ဗိုလ္ခ်ဳပ္သည္ လူထုေခါင္းေဆာင္ႀကီး၊ ဧရာမလူႀကီး ျဖစ္ေသာ္လည္း ေဒၚခင္ၾကည္ႏွင့္က်လွ်င္ ကေလးဆိုးႀကီး ျဖစ္သည္။ ေဒၚခင္ၾကည္ကိုယ္တိုင္ ကေလးကို ေရခ်ိဳး၊ အဝတ္လဲေပးသည္အထိ ျပဳစုယုယသည္ကိုေျပာလွ်င္ ယုံဖြယ္မ႐ွိ။ တကယ္မ်က္ျမင္ကိုယ္ေတြ႔ျမင္ရမွ အံ့ၾသမိသည္။ ဗိုလ္ခ်ဳပ္၏ တသက္တာတြင္ ေဒၚခင္ၾကည္ႏွင့္ ေနထိုင္ရေသာ ရက္မ်ားမွာ အေပ်ာ္႐ႊင္ အေအးခ်မ္းဆုံး ျဖစ္ေပလိမ့္မည္။ ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္အား မည္သူမွ် မေပးႏိုင္ေသာ စိတ္ခ်မ္းသာမႈကို ေပးႏိုင္ခဲ့ေလသည္။

အီဗရာဟင္လင္ကြန္း လုပ္ႀကံခံရစဥ္က

ဗိုလ္ခ်ဳပ္အတြက္ကား အေမရိကန္သမၼတ အီဗရာဟင္လင္ကြန္း လုပ္ႀကံခံရစဥ္္က သူ၏ ရဲဘက္ေတာ္တစ္ဦးက ေျပာေသာ စကားႏွင့္ ကိုက္ညီေနေတာ့သည္။ ထိုစကားကား “သစ္ပင္ႀကီး အတိုင္း အ႐ွည္ကို ေျမသို႔ ဘုံးဘုံးလဲက်သည့္ အခါတြင္ ေကာင္းစြာ သိရသည္” ဟူေသာ စကားပင္ ျဖစ္၏။ ဗိုလ္ခ်ဳပ္သည္ လူထုေခါင္းေဆာင္အျဖစ္ႏွင့္ ျမင့္ျမင့္မားမားႀကီး ရပ္တည္ေနစဥ္က ဗိုလ္ခ်ဳပ္၏ ဂုဏ္ရည္ကို တင္းျပည့္မခန္႔မွန္းႏိုင္ေသာ္လည္း ယခုအခါ လူယုတ္မာတို႔၏ လက္ခ်က္ျဖင့္ ေျမသို႔ ဘုံးဘုံးလဲက်သည့္ အခါတြင္ ေကာင္းစြာသိရေလၿပီ။
“ေၾသာ္ ဗိုလ္ခ်ဳပ္… ဗိုလ္ခ်ဳပ္။ အ႐ိုးေဆြးသည္အထိ လြတ္လပ္ေရးအတြက္ တိုက္ပါမည္ဟူ၍ မ်ား ဆုပန္ခဲ့ေလသလား”

ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္က်ဆုံးၿပီးေနာက္ ခင္ပြန္းသည္ ခ်မွတ္ခဲ့ေသာ တိုင္းျပဳျပည္ျပဳ လုပ္ငန္းမ်ားကို အမ်ိဳးသားေရး ရည္မွန္းခ်က္မ်ားကို ဆက္လက္ထိန္းသိမ္း ေဆာင္႐ြက္ခဲ့သည္။ သို႔ကလို ၎၏ ဘဝတေလွ်ာက္လုံးတြင္ တိုင္းျပည္အက်ိဳးကို ရည္စူး၍ ျမင့္ျမတ္ေသာ အက်င့္သိကၡာ ၊ ကိုယ္က်ိဳးစြန္႔လႊတ္မႈႏွင့္ ႐ိုးသားတည္ၾကည္ ေျဖာင့္မတ္မႈတို႔ကို အၿမဲတေစ ဦးထိပ္ထား အေရးေပးခဲ့ေသာ ေဒၚခင္ၾကည္ကို ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕နယ္၌ အဖ ျပည္သူ႔လုပ္ငန္းဌာန၀န္ထမ္း ဦးဖိုးညွင္း၊ အမိ ေဒၚဖြားစုတို႔မွ ၁၉၁၂ ခုႏွစ္ ဧၿပီလ ၁၆ ရက္ေန႔ အဂၤါေန႔တြင္ ဖြားျမင္ခဲ့သည္။ ေမြးခ်င္း (၉) ဦး အနက္ သတၱမေျမာက္ ျဖစ္သည္။ ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္ထက္ ၃ ႏွစ္ၾကီးေလသည္။

ေဒၚခင္ၾကည္သည္ ငယ္စဥ္က ေျမာင္းျမၿမိဳ႕တြင္ သတၱမတန္းအထိ ပညာသင္ခဲ့သည္။ ယင္းေနာက္ ရန္ကုန္ၿမိဳ႕၊ ၾကည္ျမင့္တိုင္ ေအဘီအမ္ (အေမရိကန္သာသနာျပဳေက်ာင္း) မိန္းကေလးေက်ာင္းတြင္ ပညာဆည္းပူးခဲ့ၿပီးေနာက္ ေမာ္လၿမိဳင္ ေမာ္တင္လိန္း ဆရာအတတ္သင္ေက်ာင္းသို႔ တက္ေရာက္ခဲ့သည္။ ထို႔ေနာက္ ေျမာင္းျမၿမိဳ႕ အမ်ိဳးသားေက်ာင္း၌ ေစတနာ့ဝန္ထမ္း ဆရာမအျဖစ္ႏွင့္ ႏွစ္အနည္းငယ္ၾကာ အမႈထမ္းခဲ့ၿပီး မိမိ၏ ဗီဇပါရမီႏွင့္ ကိုက္ညီေသာ သူနာျပဳ ဆရာမအလုပ္ကို လုပ္ကိုင္ႏိုင္ရန္ ရန္ကုန္ေဆး႐ုံႀကီးႏွင့္ ဒပ္ဖရင့္ေဆး႐ုံ (ယခုဗဟိုအမ်ိဳးသမီးေဆး႐ုံ) တို႔တြင္ သူနာျပဳ ဆရာမသင္တန္းကို တက္ေရာက္သင္ၾကားခဲ့သည္။

သူနာျပဳသင္တန္းဆင္းၿပီး ေ႐ွးဦးစြာ ရန္ကုန္ေဆး႐ုံႀကီး၌ သူနာျပဳဆရာမ အျဖစ္ တာ၀န္ထမ္းေဆာင္ ခဲ့ေလသည္။ ထိုစဥ္အတြင္း ဒုတိယကမၻာစစ္ႀကီး (၁၉၃၉-၄၅) ျဖစ္ပြားခဲ့ရာ၊ ကာလကတၱားသို႔ လူနာအခ်ိဳ႕အား ေျပာင္းေ႐ႊ႕ေပးေသာ အဖြဲ႔၌ ေစတနာဝန္ထမ္းအျဖစ္ ပါဝင္ခဲ့ၿပီး စစ္ႀကီးမျဖစ္မီ အိႏိၵယႏိုင္ငံမွ ေနာက္ဆုံးသေဘၤာျဖင့္ ျပန္လည္လိုက္ပါလာခဲ့သည္။ ေဒၚခင္ၾကည္သည္ ၁၉၄၂ ခုႏွစ္ စစ္ႀကီးအတြင္း ရန္ကုန္ၿမိဳ႕ ေဂၚရာကုန္း ဒိုင္အိုစီဇင္ မိန္းကေလး ေက်ာင္း၌ ေဒါက္တာဘသန္း ဦးေဆာင္၍ ျမန္မာႏိုင္ငံ၌ ပထမဆုံး ေဆး႐ုံကို ဖြင့္လွစ္ခဲ့ေသာ ဘီဒီေအ ေဆး႐ုံႀကီး၌ အစ္မျဖစ္သူ ေဒၚခင္ႀကီးႏွင့္အတူ သူနာျပဳအျဖစ္ အေစာဆုံး ေဆာင္႐ြက္ခဲ့သည္။ ထို႔ေနာက္ ဂ်ပန္ေခတ္ ဘီဒီေအ ေဆး႐ုံႀကီး (ေနာင္ စစ္႐ုံးခ်ဳပ္၊ ယခုႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္) တြင္ သူနာျပဳခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ေနစဥ္ လူနာအျဖစ္ ေဆး႐ုံတက္လာေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ေတြ႔ဆုံေမတၱာမွ်ခဲ့သည္။

ထို႔ေနာက္ ၁၉၄၂ ခုႏွစ္ စက္တင္ဘာလ ၆ ရက္ တနဂၤေႏြေန႔တြင္ ဂ်ပန္ေခတ္ ဘီဒီေအ ေဆး႐ုံႀကီး အေရႇ႕ဘက္ အစြန္ဆုံး ခန္းမေဆာင္တြင္ လက္ထပ္ထိမ္းျမွားခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ သားေအာင္ဆန္းဦး၊ ေအာင္ဆန္းလင္းနွင့္ သမီး ေအာင္ဆန္းစုၾကည္ တို႔ ထြန္းကားခဲ့သည္။ ၁၉၄၆ စက္တင္ဘာ ၂၂ ရက္ တနဂၤေႏြေန႔တြင္ ေအာင္ဆန္းခ်စ္ဟူေသာ သမီးေထြးတစ္ေယာက္ ထပ္မံထြန္းကားခဲ့ေသာ္လည္း ေမြးၿပီး ငါးရက္ေျမာက္ေန႔ (စက္တင္ဘာလ ၂၇ ရက္) တြင္ ကြယ္လြန္သြားခဲ့ေလသည္။

ထုိသတင္းကုိ ၾကားၾကားခ်င္း ဗုိလ္ခ်ဳပ္တေယာက္ တခ်က္မွ် ငုိင္သြားကာ ……
”အင္း …အိမ္ေထာင္က်တဲ့ ၄ႏွစ္ေက်ာ္အတြင္း ကေလးေလးေယာက္ရလုိ႔ မ်ားလွတယ္ဆုိျပီး စိတ္ေတာ့ ညစ္မိပါတယ္။ ဒါေပမယ့္ ရျပီးမွေတာ့ ကေလးကုိ မေသေစခ်င္ဘူး …သိပ္ႏွေျမာတာပဲဗ်ာ” ဟု ညည္းရွာေလသည္။ ႏုိင္ငံေရးကိစၥ အ၀၀ေတြေၾကာင့္ အလြန္အလုပ္မ်ားလွ်က္ ရွိေသာ သူ၏ခႏၶာကုိယ္အတြင္းရွိ ႏွလုံးသားထဲမွ ဖခင္တုိ႔၏ ခ်စ္ျခင္းေမတၱာအဟုန္လည္း ေပါက္ကြဲထြက္လာေလသည္။ တဖန္ သားလတ္ ေအာင္ဆန္းလင္းမွာ ဗဟန္းၿမိဳ႕နယ္ အမွတ္ ၂၅ တာဝါလိန္းလမ္းေနအိမ္ (ယခု ဗိုလ္ခ်ဳပ္ ျပတိုက္) ႐ွိ ေရကန္တြင္ ကစားေနရင္း ဖိနပ္ဆယ္ရာမွ ၁၉၅၃ ဇန္နဝါရီလ ၁၆ ရက္ေန႔တြင္ ေရနစ္ေသဆုံးသြားခဲ့ရ ျပန္သည္။

ေဒၚခင္ၾကည္သည္ လူမႈေရး အဖြဲ႔အစည္းမ်ား ၊ အမ်ားအက်ိဳးႏွင့္ဆုိင္ေသာ အဖြဲ႔အစည္းမ်ားတြင္ ပါ၀င္ေဆာင္႐ြက္ခဲ့သူ တစ္ဦးျဖစ္၍ မိခင္ႏွင့္ ကေလး ေစာင့္ေ႐ွာက္ေရး အဖြဲ႔ ညႊန္ၾကားေရးဝန္ (၁၉၄၇-၅၃)၊ လူမႈေရးဝန္ထမ္းေကာ္မ႐ွင္ဥကၠဌ (၁၉၅၃-၅၈)၊ျပည္ေထာင္စုျမန္မာႏိုင္ငံလူမႈ၀န္ထမ္းေကာင္စီဥကၠဌ ၊ မိခင္ႏွင့္ကေလးေစာင့္ေ႐ွာက္ေရး ဥကၠဌ၊ ကေလးသူငယ္ေစာင့္ေ႐ွာက္ေရး ေကာင္စီဥကၠဌ၊ က်န္းမာေရးႏွင့္ ျပည္ေရးျပည္ရာအဖြဲ႔ဥကၠဌ၊ ဒီမိုကေရစီသေဘာတရား တိုးတက္ျပန္႔ပြားေရးအသင္း ဥကၠဌ၊ ျမန္မာႏိုင္ငံ အမ်ိဳးသမီး ကင္းေထာက္အသင္း၏ ကင္းေထာက္ခ်ဳပ္၊ ရာမာခရစ္႐ွ္နာ သာသနာျပဳေဆး႐ုံႏွင့္ စာၾကည့့္တိုက္ ဒုတိယဥကၠဌ ၊ ျမန္မာႏိုင္ငံသူနာတင္ကား တပ္ဖြဲ႔တြင္ အုပ္ခ်ဳပ္ေရးမွဴး စသည့္ လူမႈဝန္ထမ္း လုပ္ငန္းမ်ားကို ထမ္းေဆာင္ခဲ့သည္။ ျမန္မာႏိုင္ငံတြင္ သာသနာျပဳလုပ္ငန္းမ်ားကို မြန္ျမတ္ေသာ လုပ္ငန္းအျဖစ္ အမ်ားက စိတ္ဝင္စား၍ ခံယူလာရန္ ေ႐ွးဦးစြာ စည္း႐ုံးခဲ့သူ တစ္ဦးလည္း ျဖစ္သည္။

ေဒၚခင္ၾကည္သည္ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳ၍ ကမၻာ့ႏိုင္ငံအသီးသီး၌ က်င္းပခဲ့ေသာ ကမၻာ့က်န္းမာေရး ညီလာခံမ်ားသို႔လည္း ျမန္မာကိုယ္စားလွယ္အဖြဲ႔ကို ဦးေဆာင္၍ တက္ေရာက္ ေဆြးေႏြးခဲ့သည္။ ၁၉၅၈ တြင္ ဖဆပလ အဖြဲ႔ႀကီး ႏွစ္ျခမ္းကြဲၿပီးေနာက္ သန္႔႐ွင္းဖဆပလ (ျပည္ေထာင္စုပါတီ) ၏ စည္း႐ုံးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးခဲ့သည္။ ထို႔ေနာက္ ၁၉၆ဝ ျပည့္ႏွစ္ ေမလ ၁၉ ရက္ေန႔တြင္ ပထစ အစိုးရက ေဒၚခင္ၾကည္အား အိႏိၵယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ခန္႔အပ္ခဲ့သည္။ ယင္းေနာက္ ဇြန္လတြင္ နီေပါႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ပူးတြဲခန္႔အပ္ခဲ့သည္။ ေဒၚခင္ၾကည္သည္ ယေန႔အခ်ိန္အထိ ျမန္မာအမ်ိဳးသမီး ေလာကတြင္ သံအမတ္ႀကီးအျဖစ္ တာဝန္ေပးအပ္ခံရသည့္ တစ္ဦးတည္းေသာ အမ်ိဳးသမီးႀကီးျဖစ္သည္။ သံအမတ္ႀကီးအျဖစ္ ၇ ႏွစ္တာဝန္ထမ္း႐ြက္ခဲ့ၿပီးေနာက္ ၁၉၆၇ ခုနွစ္တြင္အၿငိမ္းစားယူခဲ့သည္။ အၿငိမ္းစား ယူၿပီးေနာက္ မိမိေနအိမ္ၿခံထဲက ဥယ်ာဥ္ကေလးတြင္ ပန္းပင္ကေလးမ်ား စိုက္ပ်ိဳးကာ ေလာကဓံ တရားကို ႀကံ့ႀကံ့ခံေနထုိင္ခဲ့ေလသည္။

မဟာသီရိသုဓမၼ ေဒၚခင္ၾကည္သည္ ၁၉၈၆ တြင္ မ်က္စိတိမ္ ခြဲစိတ္ကုသရန္ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕သို႔ သြားေရာက္ ကုသခ့ဲသည္။ ၁၉၈၈ ခုႏွစ္၊ မတ္လ ၂၈ရက္တြင္ ေလျဖတ္ျခင္း ေဝဒနာကို ခံစားေနရေသာ္လည္း၊ ရန္ကုန္ၿမိဳ႕တြင္ ျဖစ္ပြားေနသည့္ ဒီမိုကေရစီ တိုက္ပြဲ ဆင္ႏြဲေနၾကေသာ အျဖစ္အပ်က္မ်ားကို ေကာင္းစြာ သိရွိခဲ့သည္။ ရန္ကုန္စက္မႈတကၠသိုလ္ မွ ကိုဖုန္းေမာ္ ေသဆုံးရျခင္းကို ၾကားသိရေသာအခါ လြန္စြာဝမ္းနည္းျခင္း ျဖစ္ခဲ့သည္။ သူ၏ဒုတိယအႀကိမ္ ေလျဖတ္ျခင္း ေဝဒနာကို ခံစားရၿပီးေနာက္၊ ၁၉၈၈ ဒီဇင္ဘာလ ၂၇ ရက္နံနက္ ၇ နာရီ ၁၇ မိနစ္တြင္ ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းေနအိမ္တြင္ သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္၏လက္ေပၚ၌ပင္ ကြယ္လြန္အနိစၥေရာက္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၆ ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္သည္။ သူ႕အား ေ႐ႊတိဂုံဘုရား ေတာင္ဘက္မုခ္အနီး တြင္သၿဂိဳဟ္ခဲ့သည္။ ထိုေနရာတြင္ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ဦးသန္႔ ၊ စုဖုရားလတ္ႏွင့္ ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္း တို႔၏ အုတ္ဂူမ်ားလည္း တည္ရွိသည္။

ေဒၚခင္ၾကည္သည္ ၁၉၅ဝ ျပည့္ႏွစ္ အေမရိကန္ျပည္ေထာင္စုမွ အပ္ႏွင္းခဲ့ေသာ ျမန္မာမိခင္ဘြဲ႔ကို လည္းေကာင္း၊ ၁၉၅၁ တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္အစိုးရမွ ခ်ီးျမွင့္ေပးခဲ့ေသာ မဟာသီရိသုဓမၼ ဘြဲ႔ကိုလည္းေကာင္း၊ ၁၉၅၅ တြင္ ယူဂိုစလားဗီးယားႏိုင္ငံ သမၼတႀကီး မာ႐ွယ္တီးတိုးက အပ္ႏွင္းေသာ ယူဂိုစလားဗီးယား ၾကယ္တာရာဘြဲ႔တံဆိပ္ (ဒုတိယဆင့္) ႏွင့္ ထိုင္းႏိုင္ငံအစိုးရက အပ္ႏွင္းေသာ Noble Order ေခၚ ျမင့္ျမတ္ေသာ ဘုရင့္သရဖူ ဂုဏ္ထူးေဆာင္ ဘြဲ႔တံဆိပ္တို႔ကို ရ႐ွိခဲ့သည္။

၁၉၆၅ခုႏွစ္တြင္ စင္ကာပူေခါင္းေဆာင္ လီကြမ္ယုႏွင့္ ေတြ႔ဆုံစဥ္
အိႏၵိယေခါင္းေဆာင္ ေနရူးႏွင့္ေတြ႔ဆုံခဲ့စဥ္ ၊ ၁၉၄၉ခုႏွစ္
ဗုိလ္ခ်ဴပ္ကေတာ္ေဒၚခင္ၾကည္၏ စာေလးတေစာင္ Photo : Han Kyaw

၁၉၅၆ ခုႏွစ္ ကမာၻေအးလုိဏ္ဂူေတာ္ တြင္ျပဳလုပ္ေသာ ဆဌသံဃာယနာတင္ပဲြ မွ ေဒၚခင္ၾကည္(ညာ-စြန္)
၀န္ႀကီးခ်ဳပ္ဦးႏုေခါင္းေဆာင္ေသာအဖြဲ႔ႏွင့္ အတူ အဂၤလန္္သုိ႔ေရာက္ရွိစဥ္ ၊ ၁၉၅၀
အာဇာနည္ဗိမာန္သို႔ တက္ေရာက္ဂါရ၀ျပဳစဥ္
ေျမးမ်ားကို ရွင္ျပဳေပးခဲ့တဲ့ ေဒၚခင္ၾကည္
ေဒၚခင္ၾကည္ စ်ာပနျမင္ကြင္း Photo : Thaw Wai Aung မွ
ေဒၚခင္ၾကည္ စ်ာပနျမင္ကြင္း

မဟာသီရိသုဓမၼ ေဒၚခင္ၾကည္ အုတ္ဂူ ၊
Photo : Tint Te Hlyan Wai

သန္း၀င္းလႈိင္(မုိးမခဂ်ာနယ္)


ဗိုလ်ချုပ်၏ ပါရမီဖြည့်ဖက် (သို့) မြန်မာ့ပထမဆုံးအမျိုးသမီးသံအမတ် (unicode)

ရေးသားသူ – သန်းဝင်းလှိုင်

နေနှင့်လရွှေနှင့်မြပမာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့ ဇနီးမောင်နှံမှာ လိုက်ဖက်လှသည်။ ယခုအခါ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၇၀ပြည့်ခဲ့ပြီ ဖြစ်သော်လည်း၊ ယနေ့တိုင် ပြည်သူလူထု တစ်ရပ်လုံးက လွမ်းဆွတ်တသ သတိရနေဆဲ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအား သတိရလေတိုင်း ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုလည်း သတိတရ ရှိကြလေသည်။ ဒေါ်ခင်ကြည်သည် ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ယခုဆိုလျှင် အနှစ် ၃၀ ပြည့်တော့မည်ဖြစ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဂဠုန်ဦးစော၏ စေခိုင်းချက်အရ မသမာသူတို့၏ လုပ်ကြံခံရမှုကြောင့် ကျဆုံးသွားသည် ဟူသော သတင်းကို ကြားလျှင်ကြားခြင်း ပထမဆုံး သောကမီးတောက်လောင်ခြင်း ခံရသူမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပင် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် မိမိခင်ပွန်း၏ ရုပ်အလောင်းကို နေအိမ်သို့ ယူလာသောအခါ ခင်ပွန်းသည်အား မြန်မာ့ဂါရဝတရားအတိုင်း ဦးသုံးကြိမ်ချလေသည်။ သူ၏ မျက်စိတွင် ဝမ်းနည်းမှုကြောင့် မျက်ရည်စများ အများနည်းတူ တွေ့ကောင်း တွေ့ရပေလိမ့်မည်။ သို့သော် ဒေါ်ခင်ကြည်သည် စိတ်မာန်ကိုတင်း၍ မိမိကိုယ်ကိုမိမိ ချုပ်တည်းနိုင်သော အမျိုးသမီးဖြစ်လေသည်။

သူသည် ခင်ပွန်းသည် ကျဆုံးပြီးနောက် ဇူလိုင်လ ၂၅ ရက် သောကြာနေ့ ညပိုင်းအချိန်တွင် “တိုင်းပြည်သို့ မှာကြားချက်” ကို အသံလွှင့်ရုံမှတဆင့် ပြောဆိုခဲ့သေးသည်။
“ကျွန်မ၏ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်မှာပဲ အခုတော့ ကျဆုံးသွားရှာပါပြီ။ ဒီတော့ကာ ကျဆုံးသွားရတဲ့ လူတွေလည်း ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လို့လည်း မပြောလိုတော့ပါဘူး။ ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ကြည်လေးစားကြရင်ဖြင့် သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်အဝင်ရောက် အောင် ချမှတ်တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါလို့ ပြောပါရစေတော့။ ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့ မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတဖုံ ပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့ ကလေးများကို သူတို့ရဲ့ ဖခင်သွေးပီပီ ဖခင်လို ဖြစ်ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။

ကျွန်မနည်းတူ ကျွန်မနှင့် ကံတူအကျိုးပေး ဖြစ်ကြရတဲ့ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များမှာလည်းဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့သိပါရဲ့။ဒါပေမဲ့ ကျွန်မ ပြောလိုတာကတော့ သူတို့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။ ဒါမှပဲ သူတို့ကို ချစ်ရာခင်ရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းပြီး အားပေးကြဖို့ လိုပါတယ်။ ကျွန်မတို့ တိုင်းသူပြည်သားများကလည်း ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့အနေနဲ့ ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ မပြုလုပ်ကြဘဲ၊ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်များရဲ့ ချမှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဖဆပလ အဖွဲ့ကြီးနဲ့၊ ဖဆပလ အစိုးရအဖွဲ့ကို အားလုံးထောက်ခံကြပြီး ကွယ်လွန်ရှာကြတဲ့ ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေး မရမနေ ကြိုးစားအားထုတ် ကြပါလို့သာ တိုင်းပြည်အား အပြီးတိုင်မှာကြားခဲ့ပါတယ်” ဟူ၍ ပြောကြားသွားခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးစဉ်က ကိုယ်တွေ့ကြုံခဲ့သော စာရေးဆရာမကြီး ခင်မျိုးချစ်ကလည်း “ဪ ဗိုလ်ချုပ်” ခေါင်းစဉ်ဖြင့် “တိုင်းရင်းသူ” ဂျာနယ် အတွဲ ၁ ၊ အမှတ် ၁၇ (၁၉၄၇ ဩဂုတ်လထုတ်) တွင် ဤသို့ ဝမ်းနည်းကြေကွဲဖွယ် တင်ပြထားပါသည်-

ဇူလိုင်လ ၂၁ ရက် တနင်္လာနေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဆီသို့ သွားခဲ့သည်။ ဗိုလ်ချုပ်၏ အိမ်ကြီးကို မြင်ရလျှင်ပင် ကျွန်ုပ်မှာ စိတ်မကောင်းမျက်ရည်ကို နိုင်အောင်သုတ်ပစ်ပြီး ဒေါ်ခင်ကြည်နှင့် တွေ့ခဲ့သည်။ သူ့ခမြာကား ငိုတော့ မငို၊ အိန္ဒြေရစွာ ထိုနေ့က အဖြစ်အပျက်တွေကို ပြန်ပြောပြရှာသည်။ ကျွန်ုပ်ကား သူပြောသမျှကို နားထောင်၍ နှစ်သိမ့်စကားပင် မပြောနိုင်တော့ပါ။ ပြောရန်လည်း မလိုတော့ပြီ။ ဤမျှလောက်ကြီးလေးသော ပရိဒေဝကို ဘယ်လိုစကားနှင့် နှစ်သိမ့်ရပါမည်နည်း။

ဒေါ်ခင်ကြည်ကို မြင်ရသောအခါ အင်္ဂလိပ်စာဆိုတော်ကြီး တင်နီဆင် (F.Tennyson Jesse) ရေးဖွဲ့သည့်ကဗျာတစ်ပုဒ်ကို သွားသတိရမိသည်။ ထိုကဗျာမှာ “ကျဆုံးသော စစ်သူကြီးကို အိမ်သို့ယူဆောင်လာကြသည်” ဟူသော ဝါကျနှင့်အစချီထားသည်။ ထိုကဗျာတွင် စစ်သူကြီး၏ ဇနီးသည် မျက်ရည်တစ်စက်မှ မကျဘဲ အလောင်းကို စိုက်ကြည့်နေပုံမှာ ယခု ဒေါ်ခင်ကြည်၏ အဖြစ်နှင့် တူလှတော့သည်။ ဒေါ်ခင်ကြည်နှင့်အတူ အမဖြစ်သော ဦးသိန်းလှ၏ ဇနီး ဒေါ်ခင်တင့်နှင့် သခင်သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီး၊ ညီမ မအမာတို့ကို တွေ့ရသည်။ သူတို့သုံးယောက်မှာ ဒေါ်ခင်ကြည် ဧည့်သည်များနှင့် စကားပြောနေစဉ် တဘက်ခန်းတွင် မျက်ရည်စက်လက်နှင့် ထိုနေ့က အကြောင်းကို ပြောနေကြသည်။

သေရင်တော့ အော်ငိုမှာပဲ

ဦးသိန်းလှ၏ဇနီးဖြစ်သူ အမကြီး ဒေါ်ခင်တင့်က ဗိုလ်ချုပ်တို့ သေနတ်ပစ်ခံရသည်ကြား၍ ဆေးရုံသို့ လိုက်သွားရာ ဒေါ်ခင်ကြည်မှာ ဗိုလ်ချုပ်ရှိသည့်အခန်းထဲသို့ ဝင်သွားသဖြင့် အပြင်က စောင့်ကာ “သေရင်တော့သူအော်ငိုမှာပဲ” ဟုအောက်မေ့ပြီး သူနားထောင်နေသည်။ သို့သော် ဒေါ်ခင်ကြည်ငိုသံကိုကား မကြားရ၍ တော်ရုံထိတာ ဖြစ်သည်ဟု ထင်နေဆဲတွင် ဆရာဝန်တစ်ဦး ထွက်လာပြီး ဗိုလ်ချုပ် ဆုံးကြောင်း ပြောမှ သိရတော့သည်ဟု ကျွန်ုပ်အား ပြောပြ၏။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင်ပွေ့၍ အိမ်သို့ကားနှင့် ယူလာရာ ကားဟွန်းသံကြားလျှင် ကလေးများက ဖေဖေပြန်လာပြီဟု မြူးတူးဆင်းကြိုကြသည်ကို အစ်မကြီး ဒေါ်ခင်တင့်က သူ့စိတ်ကို မနည်းပင် ထိန်းထားရသည်ဟု ပြောသောအခါ ကြားရသူအားလုံးပင် ကြေကွဲခဲ့ရသည်။

ဂျူဗလီဟောသို့ မယူမီ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ပေးသည်။ “ကျမစိတ်ထဲမှာ ရုံးသွားခါနီး အဝတ်အစား လဲပေးရသလိုပဲ” ဟု ကျွန်ုပ်ကို ပြောသေးသည်။ ကလေးတွေကား သူ့ဖခင်၏ အဖြစ်ဆိုးကို မသိရှာကြပေ။ ဗိုလ်ချုပ်အလောင်းကို ဂျူဗလီသို့ ပို့ပြီးနောက် “ဖေဖေ ဂျူဗလီကို အစည်းအဝေးသွားတာ ပြန်မလာသေးဘူးလား” မေးသေးသည်။

ဗိုလ်ချုပ်တသက်တာ အပျော်ဆုံးအချိန်

ဪ… ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြည်။ ဗိုလ်ချုပ်ကို ပြုစုယုယတာတွေ ကျွန်ုပ်တို့ မျက်မြင်မို့ ပို၍ စိတ်မကောင်း ဖြစ်မိသည်။ ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်ကြီး၊ ဧရာမလူကြီး ဖြစ်သော်လည်း ဒေါ်ခင်ကြည်နှင့်ကျလျှင် ကလေးဆိုးကြီး ဖြစ်သည်။ ဒေါ်ခင်ကြည်ကိုယ်တိုင် ကလေးကို ရေချိုး၊ အဝတ်လဲပေးသည်အထိ ပြုစုယုယသည်ကိုပြောလျှင် ယုံဖွယ်မရှိ။ တကယ်မျက်မြင်ကိုယ်တွေ့မြင်ရမှ အံ့ဩမိသည်။ ဗိုလ်ချုပ်၏ တသက်တာတွင် ဒေါ်ခင်ကြည်နှင့် နေထိုင်ရသော ရက်များမှာ အပျော်ရွှင် အအေးချမ်းဆုံး ဖြစ်ပေလိမ့်မည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အား မည်သူမျှ မပေးနိုင်သော စိတ်ချမ်းသာမှုကို ပေးနိုင်ခဲ့လေသည်။

အီဗရာဟင်လင်ကွန်း လုပ်ကြံခံရစဉ်က

ဗိုလ်ချုပ်အတွက်ကား အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်း လုပ်ကြံခံရစဉ်က သူ၏ ရဲဘက်တော်တစ်ဦးက ပြောသော စကားနှင့် ကိုက်ညီနေတော့သည်။ ထိုစကားကား “သစ်ပင်ကြီး အတိုင်း အရှည်ကို မြေသို့ ဘုံးဘုံးလဲကျသည့် အခါတွင် ကောင်းစွာ သိရသည်” ဟူသော စကားပင် ဖြစ်၏။ ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်အဖြစ်နှင့် မြင့်မြင့်မားမားကြီး ရပ်တည်နေစဉ်က ဗိုလ်ချုပ်၏ ဂုဏ်ရည်ကို တင်းပြည့်မခန့်မှန်းနိုင်သော်လည်း ယခုအခါ လူယုတ်မာတို့၏ လက်ချက်ဖြင့် မြေသို့ ဘုံးဘုံးလဲကျသည့် အခါတွင် ကောင်းစွာသိရလေပြီ။
“ဪ ဗိုလ်ချုပ်… ဗိုလ်ချုပ်။ အရိုးဆွေးသည်အထိ လွတ်လပ်ရေးအတွက် တိုက်ပါမည်ဟူ၍ များ ဆုပန်ခဲ့လေသလား”

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ကျဆုံးပြီးနောက် ခင်ပွန်းသည် ချမှတ်ခဲ့သော တိုင်းပြုပြည်ပြု လုပ်ငန်းများကို အမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ သို့ကလို ၎င်း၏ ဘဝတလျှောက်လုံးတွင် တိုင်းပြည်အကျိုးကို ရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ ၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ရိုးသားတည်ကြည် ဖြောင့်မတ်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခဲ့သော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၌ အဖ ပြည်သူ့လုပ်ငန်းဌာနဝန်ထမ်း ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ထက် ၃ နှစ်ကြီးလေသည်။

ဒေါ်ခင်ကြည်သည် ငယ်စဉ်က မြောင်းမြမြို့တွင် သတ္တမတန်းအထိ ပညာသင်ခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့၊ ကြည်မြင့်တိုင် အေဘီအမ် (အမေရိကန်သာသနာပြုကျောင်း) မိန်းကလေးကျောင်းတွင် ပညာဆည်းပူးခဲ့ပြီးနောက် မော်လမြိုင် မော်တင်လိန်း ဆရာအတတ်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ထို့နောက် မြောင်းမြမြို့ အမျိုးသားကျောင်း၌ စေတနာ့ဝန်ထမ်း ဆရာမအဖြစ်နှင့် နှစ်အနည်းငယ်ကြာ အမှုထမ်းခဲ့ပြီး မိမိ၏ ဗီဇပါရမီနှင့် ကိုက်ညီသော သူနာပြု ဆရာမအလုပ်ကို လုပ်ကိုင်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနှင့် ဒပ်ဖရင့်ဆေးရုံ (ယခုဗဟိုအမျိုးသမီးဆေးရုံ) တို့တွင် သူနာပြု ဆရာမသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

သူနာပြုသင်တန်းဆင်းပြီး ရှေးဦးစွာ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာမ အဖြစ် တာဝန်ထမ်းဆောင် ခဲ့လေသည်။ ထိုစဉ်အတွင်း ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၄၅) ဖြစ်ပွားခဲ့ရာ၊ ကာလကတ္တားသို့ လူနာအချို့အား ပြောင်းရွှေ့ပေးသော အဖွဲ့၌ စေတနာဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်ကြီးမဖြစ်မီ အိန္ဒိယနိုင်ငံမှ နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါလာခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၄၂ ခုနှစ် စစ်ကြီးအတွင်း ရန်ကုန်မြို့ ဂေါ်ရာကုန်း ဒိုင်အိုစီဇင် မိန်းကလေး ကျောင်း၌ ဒေါက်တာဘသန်း ဦးဆောင်၍ မြန်မာနိုင်ငံ၌ ပထမဆုံး ဆေးရုံကို ဖွင့်လှစ်ခဲ့သော ဘီဒီအေ ဆေးရုံကြီး၌ အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခုနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်) တွင် သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူနာအဖြစ် ဆေးရုံတက်လာသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တွေ့ဆုံမေတ္တာမျှခဲ့သည်။

ထို့နောက် ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက် တနင်္ဂနွေနေ့တွင် ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီး အရှေ့ဘက် အစွန်ဆုံး ခန်းမဆောင်တွင် လက်ထပ်ထိမ်းမြှားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည် တို့ ထွန်းကားခဲ့သည်။ ၁၉၄၆ စက်တင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့တွင် အောင်ဆန်းချစ်ဟူသော သမီးထွေးတစ်ယောက် ထပ်မံထွန်းကားခဲ့သော်လည်း မွေးပြီး ငါးရက်မြောက်နေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် ကွယ်လွန်သွားခဲ့လေသည်။

ထိုသတင်းကို ကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ ……
”အင်း …အိမ်ထောင်ကျတဲ့ ၄နှစ်ကျော်အတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ်မိပါတယ်။ ဒါပေမယ့် ရပြီးမှတော့ ကလေးကို မသေစေချင်ဘူး …သိပ်နှမြောတာပဲဗျာ” ဟု ညည်းရှာလေသည်။ နိုင်ငံရေးကိစ္စ အဝ၀တွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ ချစ်ခြင်းမေတ္တာအဟုန်လည်း ပေါက်ကွဲထွက်လာလေသည်။ တဖန် သားလတ် အောင်ဆန်းလင်းမှာ ဗဟန်းမြို့နယ် အမှတ် ၂၅ တာဝါလိန်းလမ်းနေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) ရှိ ရေကန်တွင် ကစားနေရင်း ဖိနပ်ဆယ်ရာမှ ၁၉၅၃ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရေနစ်သေဆုံးသွားခဲ့ရ ပြန်သည်။

ဒေါ်ခင်ကြည်သည် လူမှုရေး အဖွဲ့အစည်းများ ၊ အများအကျိုးနှင့်ဆိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်၍ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ ညွှန်ကြားရေးဝန် (၁၉၄၇-၅၃)၊ လူမှုရေးဝန်ထမ်းကော်မရှင်ဥက္ကဌ (၁၉၅၃-၅၈)၊ပြည်ထောင်စုမြန်မာနိုင်ငံလူမှုဝန်ထမ်းကောင်စီဥက္ကဌ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေး ကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ ရာမာခရစ်ရှ်နာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက် ဒုတိယဥက္ကဌ ၊ မြန်မာနိုင်ငံသူနာတင်ကား တပ်ဖွဲ့တွင် အုပ်ချုပ်ရေးမှူး စသည့် လူမှုဝန်ထမ်း လုပ်ငန်းများကို ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်းများကို မွန်မြတ်သော လုပ်ငန်းအဖြစ် အများက စိတ်ဝင်စား၍ ခံယူလာရန် ရှေးဦးစွာ စည်းရုံးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဒေါ်ခင်ကြည်သည် နိုင်ငံတော်ကို ကိုယ်စားပြု၍ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး ညီလာခံများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက် ဆွေးနွေးခဲ့သည်။ ၁၉၅၈ တွင် ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်းဖဆပလ (ပြည်ထောင်စုပါတီ) ၏ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ယင်းနောက် ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခဲ့သည်။ ဒေါ်ခင်ကြည်သည် ယနေ့အချိန်အထိ မြန်မာအမျိုးသမီး လောကတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးကြီးဖြစ်သည်။ သံအမတ်ကြီးအဖြစ် ၇ နှစ်တာဝန်ထမ်းရွက်ခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင်အငြိမ်းစားယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက် မိမိနေအိမ်ခြံထဲက ဥယျာဉ်ကလေးတွင် ပန်းပင်ကလေးများ စိုက်ပျိုးကာ လောကဓံ တရားကို ကြံ့ကြံ့ခံနေထိုင်ခဲ့လေသည်။

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၈၆ တွင် မျက်စိတိမ် ခွဲစိတ်ကုသရန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက် ကုသခဲ့သည်။ ၁၉၈၈ ခုနှစ်၊ မတ်လ ၂၈ရက်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသော်လည်း၊ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။ သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

ဒေါ်ခင်ကြည်သည် ၁၉၅ဝ ပြည့်နှစ် အမေရိကန်ပြည်ထောင်စုမှ အပ်နှင်းခဲ့သော မြန်မာမိခင်ဘွဲ့ကို လည်းကောင်း၊ ၁၉၅၁ တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ပေးခဲ့သော မဟာသီရိသုဓမ္မ ဘွဲ့ကိုလည်းကောင်း၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံ သမ္မတကြီး မာရှယ်တီးတိုးက အပ်နှင်းသော ယူဂိုစလားဗီးယား ကြယ်တာရာဘွဲ့တံဆိပ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံအစိုးရက အပ်နှင်းသော Noble Order ခေါ် မြင့်မြတ်သော ဘုရင့်သရဖူ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တို့ကို ရရှိခဲ့သည်။

သန်းဝင်းလှိုင်(မိုးမခဂျာနယ်)

Leave a Reply