အဂၤလိပ္ဘာသာစကား ေပၚေပါက္လာခဲ့ပုံ သမုိင္းေၾကာင္း

Posted on

Via: Phyu Sin Thu

ၿဗိတိန္အေပၚ က်ေရာက္ခဲ့ေသာ က်ဳးေက်ာ္သိမ္းပိုက္မႈအခ်ဳိ႕မွ အဂၤလိပ္ဘာသာစကား ေပၚေပါက္ထြန္းကား လာခဲ့သည္။ ၿဗိတိန္အား ပထမဆံုးက်ဳးေက်ာ္သိမ္းပိုက္သူမ်ားမွာ အင္ဂဲလ္စ္ ၊ ဂ်ဳ႕စ္ ႏွင့္ ဆက္ဆြန္ စေသာလူမ်ဳိးစု သံုးစုျဖစ္သည္။ ၎လူမ်ဳိးစုမ်ား၏ကိုယ္ပိုင္ဘာသာစကားမ်ား ေရာေႏွာေပါင္းစပ္သြားရာမွ အင္ဂလိုဆက္ဆြန္ ဘာသာစကား ေပၚထြက္လာသည္။ ၎အင္ဂလိုဆက္ဆြန္ဘာသာစကားသည္ ေရွးေခတ္ အဂၤလိပ္ဘာသာ စကား ျဖစ္သည္။

ေရွးေခတ္အဂၤလိပ္ဘာသာစကားသည္ ဂ်ာမနီဘာသာစကားႏွင့္ အလြန္တူသည္။ ဒိန္းမတ္၊ ေနာ္ေ၀းႏွင့္ ဆီြဒင္တို႔မွလာေသာ ဗိုက္ကင္းမ်ားသည္ ( ၈ရာစုႏွင့္ ၁၀ ရာစုကာလအတြင္းတြင္ ေပၚေပါက္ခဲ့ေသာ ကုန္သည္ ပင္လယ္ဓားျပ) ၿဗိတိန္အားေရာက္ရွိၿပီး ပထမက်ဴးေက်ာ္မႈျပဳလုပ္ခဲ့သည္။ ၁၀၆၆ ခုႏွစ္တြင္ ေနာ္မန္ဒီေဒသမွ စစ္ဘုရင္၀ီလီယံဦးေဆာင္ေသာျပင္သစ္တပ္မ်ားက ၿဗိတိန္အား ဒုတိယအႀကိမ္ က်ဴးေက်ာ္ခဲ့သည္။ ေနာ္မန္အုပ္ခ်ဳပ္သူမ်ားက ေရွးေခတ္အဂၤလိပ္ဘာသာစကားအား စကားလံုးအသစ္မ်ား ထပ္မံျဖည့္စြက္ခဲ့သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် မတူညီေသာဘာသာစကားမ်ား ေပါင္းစပ္ျပဳျပင္မႈျဖင့္ အလယ္ေခတ္ အဂၤလိပ္ဘာသာ စကားျဖစ္လာခဲ့သည္။

၀ီလီယံကက္စတန္

အလယ္ေခတ္ အဂၤလိပ္ဘာသာစကား၏ အသံသည္ ဂ်ာမနီႏွင့္အနည္းငယ္တူၿပီး ယခုေခတ္သံုးအဂၤလိပ္စကားႏွင့္ ပုိ၍ဆင္တူလာခဲ့သည္။ အလယ္ေခတ္အဂၤလိပ္ဘာသာစကားသည္ ၁၄၇၈ ခုႏွစ္တြင္ ၀ီလီယံကက္စတန္ ဆိုသူသည္ ေဟာ္လန္ႏွင့္ ဥေရာပႏိုင္ငံမ်ားသို႕ လွည့္လည္ခဲ့ၿပီး ၿဗိတိန္သို႕ ျပန္လည္ေရာက္ရွိလာေသာအခါ အဂၤလိပ္စကားသည္ ပိုမိုက်ယ္ျပန္႔လာသည္။ သူသည္ ဥေရာပႏိုင္ငံမ်ားမွ ပံုႏွိပ္အတတ္ပညာကို သင္ယူလာခဲ့သည့္အျပင္ ပံုႏွိပ္စက္တစ္လံုးလည္း ယူေဆာင္လာခဲ့သည္။ ထို႕ေၾကာင့္ လူတိုင္းသည္ ၎တို႕လိုအပ္ေသာစာအုပ္တိုင္းကို ရႏိုင္လာၿပီး ပညာေရးႏွင့္ အဂၤလိပ္ဘာသာစကားတို႔သည္ ပ်ံ႕ႏွံခဲ့သည္။

ဤသို႕ျဖင့္ ၁၅၀၀ ျပည့္ႏွစ္အတြင္းမွာပင္ အလယ္ေခတ္အဂၤလိပ္ဘာသာစကားသည္ ယေန႔ေခတ္ သံုးစဲြေနေသာ ေမာ္ဒန္အဂၤလိပ္ဘာသာစကား ျဖစ္လာခဲ့သည္။ ယေန႔ အဂၤလိပ္စကားေျပာသူမ်ားသည္ ၁၆ ရာစု ေႏွာင္းပိုင္းတြင္ ေနထိုင္ခဲ့ေသာလူမ်ားႏွင့္ စကားေျပာဆိုဆက္ဆံႏိုင္သည္။ အဂၤလိပ္စာဆုိႀကီး ၀ီလီယံရွိတ္စပီးယားသည္ ၁၆ ရာစုေႏွာင္းပိုင္းတြင္ ေပၚေပါက္လာခဲ့သည္။ ရွိတ္စပီးယားမကြယ္လြန္မီ ကိုးႏွစ္တြင္ အဂၤလိပ္ဘာသာ စကား၏ဖံြ႕ၿဖိဳးတိုးတက္မႈတစ္ေလွ်ာက္တြင္ အင္မတန္ႀကီးမားေသာ ေျခလွမ္းတစ္ခုကို လွမ္းႏိုင္ခဲ့သည္။

အဂၤလိပ္စာဆုိႀကီး ၀ီလီယံရွိတ္စပီးယား

ၿဗိတိန္သေဘၤာငယ္ (၃) စင္းသည္ ၁၆၀၇ ခုႏွစ္တြင္ အတၲလႏိၲတ္သမုဒၵရာကို ျဖတ္ၿပီး ယခု အေမရိကန္ ျပည္ေထာင္စုေတာင္ပိုင္းရွိ ဗာဂ်ီးနီးယားသို႕ ေရာက္ရွိလာရာမွ ဂ်ိမ္းစ္ေတာင္းသည္ ၿဗိတိန္၏ပထမဆံုးေသာ အေမရိကန္ကိုလိုနီၿမိဳ႕ျဖစ္လာခဲ့သည္။ အေမရိကကိုလိုနီေဒသတြင္ ေနထိုင္ေသာၿဗိတိန္လူမ်ဳိးမ်ားသည္ ၎တို႔ေရာက္ရွိေသာေဒသမ်ားကို နာမည္ေပးေသာအခါ အေမရိကန္ေဒသခံ အင္ဒီးယန္းလူမ်ဳိးမ်ား၏ ဘာသာစကားမွ စကားလံုးမ်ားကို ယူငင္သံုးစဲြခဲ့ၾကသည္။ ထိုမွ်မက အျခားတိုင္းတစ္ပါး ႏိုင္ငံမ်ားမွ စကားလံုးမ်ားကိုလည္း ငွားယူသံုးစဲြခဲ့ၾကသည္။

ၿဗိတိန္သေဘၤာငယ္ (၃) စင္း  ဂ်ိမ္းစ္ေတာင္း သုိ႔ေရာက္လာစဥ္

ဥပမာ-Wednesday, Thursday and Friday ဆိုပါေတာ့။ ေျမာက္ဥေရာပမွ လူမ်ဳိးမ်ားသည္ Odin, Thor ႏွင့္ Freya ဟူေသာနတ္သံုးပါးကို တစ္ပတ္တစ္ခါ ရက္သတ္မွတ္ၿပီး ပူေဇာ္ၾကသည္။ ထို႔ေၾကာင့္ Odinအား ပူေဇာ္ေသာေန႕ကို အဂၤလိပ္ဘာသာစကားတြင္ Wednesday ဟုလည္းေကာင္း၊ Thorအား ပူေဇာ္ေသာေန႕ကို Thursday ဟုလည္းေကာင္း Freya အား ပူေဇာ္ေသာေန႕ကို Friday ဟုလည္းေကာင္းေခၚဆိုၾကသည္။

အဂၤလိပ္ဘာသာစကားတြင္ စကားလံုးမည္မွ်ရွိသနည္းဟု လူအမ်ားက မၾကာခဏေမးၾကသည္။ ဒုတိယႀကိမ္ထုတ္ Oxford English Dictionary တြင္ ယေန႔သုံးစြဲေနေသာ စကားလံုးေပါင္း ၁၇၁၄၇၆လုံး ရွိၿပီး မသုံးျဖစ္ေတာ့ပဲ တိမ္ေကာသြားေသာ စကားလုံးေပါင္းမွာ ၄၇၁၅၆ လုံး ရွိသည္ဟု သိရသည္။ သို႔ရာတြင္ သိပံၸပညာနယ္ပယ္မွ ထြက္လာေသာ စကားလံုးအသစ္မ်ားေၾကာင့္ စကားလံုး (၁) သန္းနီးပါးျဖစ္လာသည္။ ထိုသို႔စကားလံုးမ်ား ေရတြက္ရာတြင္ ျပႆနာရွိသည္။ ၎မွာ စကားလံုးတစ္လံုးတည္းကို အဓိပၸါယ္ ႏွစ္မ်ဳိး သံုးမ်ဳိးျဖင့္ သံုးစဲြျခင္းျဖစ္သည္။

မည္သို႔ပင္ဆိုေစကာမူ အဂၤလိပ္ဘာသာစကားသည္ ယခုအခါ တစ္ကမာၻလံုး၏ ဘံုဘာသာစကားတစ္ခု ျဖစ္လာၿပီး တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ဆက္သြယ္ေျပာဆိုရာတြင္ လြန္စြာအသံုး၀င္ေသာ ဘာသာစကားတစ္ခု ျဖစ္ေပသည္။ အဂၤလိပ္ဘာသာစကားအားတတ္ကြ်မ္းလွ်င္ တကမာၻလံုးနီးပါးကို လည္ပတ္သြားလာႏိုင္ရုံမက ဘာသာရပ္ဆုိင္ရာအသီးသီးကိုေလ့လာႏုိင္ေသာေၾကာင့္ အဂၤလိပ္ဘာသာစကားသည္ အလြန္အေရးပါေသာ ဘာသာစကားတစ္ခုအျဖစ္ ရပ္တည္ႏိုင္သည္။ ထုိ႔ေၾကာင့္ ကြၽႏု္ပ္တို႔ျမန္မာလူမ်ဳိးမ်ားအေနျဖင့္လည္း ထိုသို႔အေရးပါေသာဘာသာစကားအား ကြၽမ္းက်င္စြာေျပာဆိုႏိုင္ရန္ ႀကိဳးစားရေပမည္။ သို႔ရာတြင္ အဂၤလိပ္လူမ်ဳိးမ်ားႏွင့္ ၎တို႔၏ယဥ္ေက်းမႈကို အထင္ႀကီး အားက်ရန္မလိုအပ္ေပ။

ေမာင္ေဒး၏ ဘာသာျပန္ဆိုမႈအား ကိုးကားပါသည္။


အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်လာခဲ့ပုံ သမိုင်းကြောင်း (unicode)

Via: Phyu Sin Thu

ဗြိတိန်အပေါ် ကျရောက်ခဲ့သော ကျုးကျော်သိမ်းပိုက်မှုအချို့မှ အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်ထွန်းကား လာခဲ့သည်။ ဗြိတိန်အား ပထမဆုံးကျုးကျော်သိမ်းပိုက်သူများမှာ အင်ဂဲလ်စ် ၊ ဂျု့စ် နှင့် ဆက်ဆွန် စသောလူမျိုးစု သုံးစုဖြစ်သည်။ ၎င်းလူမျိုးစုများ၏ကိုယ်ပိုင်ဘာသာစကားများ ရောနှောပေါင်းစပ်သွားရာမှ အင်ဂလိုဆက်ဆွန် ဘာသာစကား ပေါ်ထွက်လာသည်။ ၎င်းအင်ဂလိုဆက်ဆွန်ဘာသာစကားသည် ရှေးခေတ် အင်္ဂလိပ်ဘာသာ စကား ဖြစ်သည်။

ရှေးခေတ်အင်္ဂလိပ်ဘာသာစကားသည် ဂျာမနီဘာသာစကားနှင့် အလွန်တူသည်။ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်တို့မှလာသော ဗိုက်ကင်းများသည် ( ၈ရာစုနှင့် ၁၀ ရာစုကာလအတွင်းတွင် ပေါ်ပေါက်ခဲ့သော ကုန်သည် ပင်လယ်ဓားပြ) ဗြိတိန်အားရောက်ရှိပြီး ပထမကျူးကျော်မှုပြုလုပ်ခဲ့သည်။ ၁၀၆၆ ခုနှစ်တွင် နော်မန်ဒီဒေသမှ စစ်ဘုရင်ဝီလီယံဦးဆောင်သောပြင်သစ်တပ်များက ဗြိတိန်အား ဒုတိယအကြိမ် ကျူးကျော်ခဲ့သည်။ နော်မန်အုပ်ချုပ်သူများက ရှေးခေတ်အင်္ဂလိပ်ဘာသာစကားအား စကားလုံးအသစ်များ ထပ်မံဖြည့်စွက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မတူညီသောဘာသာစကားများ ပေါင်းစပ်ပြုပြင်မှုဖြင့် အလယ်ခေတ် အင်္ဂလိပ်ဘာသာ စကားဖြစ်လာခဲ့သည်။

အလယ်ခေတ် အင်္ဂလိပ်ဘာသာစကား၏ အသံသည် ဂျာမနီနှင့်အနည်းငယ်တူပြီး ယခုခေတ်သုံးအင်္ဂလိပ်စကားနှင့် ပို၍ဆင်တူလာခဲ့သည်။ အလယ်ခေတ်အင်္ဂလိပ်ဘာသာစကားသည် ၁၄၇၈ ခုနှစ်တွင် ဝီလီယံကက်စတန်ဆိုသူသည် ဟော်လန်နှင့် ဥရောပနိုင်ငံများသို့ လှည့်လည်ခဲ့ပြီး ဗြိတိန်သို့ ပြန်လည်ရောက်ရှိလာသောအခါ အင်္ဂလိပ်စကားသည် ပိုမိုကျယ်ပြန့်လာသည်။ သူသည် ဥရောပနိုင်ငံများမှ ပုံနှိပ်အတတ်ပညာကို သင်ယူလာခဲ့သည့်အပြင် ပုံနှိပ်စက်တစ်လုံးလည်း ယူဆောင်လာခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် ၎င်းတို့လိုအပ်သောစာအုပ်တိုင်းကို ရနိုင်လာပြီး ပညာရေးနှင့် အင်္ဂလိပ်ဘာသာစကားတို့သည် ပျံ့နှံခဲ့သည်။

ဤသို့ဖြင့် ၁၅၀၀ ပြည့်နှစ်အတွင်းမှာပင် အလယ်ခေတ်အင်္ဂလိပ်ဘာသာစကားသည် ယနေ့ခေတ် သုံးစွဲနေသော မော်ဒန်အင်္ဂလိပ်ဘာသာစကား ဖြစ်လာခဲ့သည်။ ယနေ့ အင်္ဂလိပ်စကားပြောသူများသည် ၁၆ ရာစု နှောင်းပိုင်းတွင် နေထိုင်ခဲ့သောလူများနှင့် စကားပြောဆိုဆက်ဆံနိုင်သည်။ အင်္ဂလိပ်စာဆိုကြီး ဝီလီယံရှိတ်စပီးယားသည် ၁၆ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။ ရှိတ်စပီးယားမကွယ်လွန်မီ ကိုးနှစ်တွင် အင်္ဂလိပ်ဘာသာ စကား၏ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်တွင် အင်မတန်ကြီးမားသော ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့သည်။

ဗြိတိန်သင်္ဘောငယ် (၃) စင်းသည် ၁၆၀၇ ခုနှစ်တွင် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ယခု အမေရိကန် ပြည်ထောင်စုတောင်ပိုင်းရှိ ဗာဂျီးနီးယားသို့ ရောက်ရှိလာရာမှ ဂျိမ်းစ်တောင်းသည် ဗြိတိန်၏ပထမဆုံးသော အမေရိကန်ကိုလိုနီမြို့ဖြစ်လာခဲ့သည်။ အမေရိကကိုလိုနီဒေသတွင် နေထိုင်သောဗြိတိန်လူမျိုးများသည် ၎င်းတို့ရောက်ရှိသောဒေသများကို နာမည်ပေးသောအခါ အမေရိကန်ဒေသခံ အင်ဒီးယန်းလူမျိုးများ၏ ဘာသာစကားမှ စကားလုံးများကို ယူငင်သုံးစွဲခဲ့ကြသည်။ ထိုမျှမက အခြားတိုင်းတစ်ပါး နိုင်ငံများမှ စကားလုံးများကိုလည်း ငှားယူသုံးစွဲခဲ့ကြသည်။

ဥပမာ-Wednesday, Thursday and Friday ဆိုပါတော့။ မြောက်ဥရောပမှ လူမျိုးများသည် Odin, Thor နှင့် Freya ဟူသောနတ်သုံးပါးကို တစ်ပတ်တစ်ခါ ရက်သတ်မှတ်ပြီး ပူဇော်ကြသည်။ ထို့ကြောင့် Odinအား ပူဇော်သောနေ့ကို အင်္ဂလိပ်ဘာသာစကားတွင် Wednesday ဟုလည်းကောင်း၊ Thorအား ပူဇော်သောနေ့ကို Thursday ဟုလည်းကောင်း Freya အား ပူဇော်သောနေ့ကို Friday ဟုလည်းကောင်းခေါ်ဆိုကြသည်။

အင်္ဂလိပ်ဘာသာစကားတွင် စကားလုံးမည်မျှရှိသနည်းဟု လူအများက မကြာခဏမေးကြသည်။ ဒုတိယကြိမ်ထုတ် Oxford English Dictionary တွင် ယနေ့သုံးစွဲနေသော စကားလုံးပေါင်း ၁၇၁၄၇၆လုံး ရှိပြီး မသုံးဖြစ်တော့ပဲ တိမ်ကောသွားသော စကားလုံးပေါင်းမှာ ၄၇၁၅၆ လုံး ရှိသည်ဟု သိရသည်။ သို့ရာတွင် သိပ္ပံပညာနယ်ပယ်မှ ထွက်လာသော စကားလုံးအသစ်များကြောင့် စကားလုံး (၁) သန်းနီးပါးဖြစ်လာသည်။ ထိုသို့စကားလုံးများ ရေတွက်ရာတွင် ပြဿနာရှိသည်။ ၎င်းမှာ စကားလုံးတစ်လုံးတည်းကို အဓိပ္ပါယ် နှစ်မျိုး သုံးမျိုးဖြင့် သုံးစွဲခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ်ဘာသာစကားသည် ယခုအခါ တစ်ကမ္ဘာလုံး၏ ဘုံဘာသာစကားတစ်ခု ဖြစ်လာပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ပြောဆိုရာတွင် လွန်စွာအသုံးဝင်သော ဘာသာစကားတစ်ခု ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာစကားအားတတ်ကျွမ်းလျှင် တကမ္ဘာလုံးနီးပါးကို လည်ပတ်သွားလာနိုင်ရုံမက ဘာသာရပ်ဆိုင်ရာအသီးသီးကိုလေ့လာနိုင်သောကြောင့် အင်္ဂလိပ်ဘာသာစကားသည် အလွန်အရေးပါသော ဘာသာစကားတစ်ခုအဖြစ် ရပ်တည်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့မြန်မာလူမျိုးများအနေဖြင့်လည်း ထိုသို့အရေးပါသောဘာသာစကားအား ကျွမ်းကျင်စွာပြောဆိုနိုင်ရန် ကြိုးစားရပေမည်။ သို့ရာတွင် အင်္ဂလိပ်လူမျိုးများနှင့် ၎င်းတို့၏ယဉ်ကျေးမှုကို အထင်ကြီး အားကျရန်မလိုအပ်ပေ။

မောင်ဒေး၏ ဘာသာပြန်ဆိုမှုအား ကိုးကားပါသည်။

Leave a Reply