လူသားတုိ႔လေပၚသုိ႔ ေျခခ်ရန္အတြက္ ပံ့ပိုးေပးခဲ့တဲ့ ပညာရွင္ မာဂရက္ဟာမီလ္တန္

Posted on

လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀ခန္႔ ဇူလုိင္လ ၂၀ရက္ ၊ ၁၉၆၉ခုႏွစ္တြင္ လူသားတုိ႔သည္ အပိုလုိ ၁၁ ခရီးစဥ္အတြင္း လေပၚသုိ႔ ပထမဆုံးေျခခ်ႏုိင္ခဲ့ၾကသည္။ ေျခခ်ခဲ့ေသာ အာကာသယဥ္မွဴးမ်ားမွာ Neil Armstrong ႏွင့္ Buzz Aldrin တုိ႔ျဖစ္သည္။ ဒီမတုိင္ခင္ကတည္းက ဆုိဗီယက္ရုရွားႏွင့္ အေမရိကန္တုိ႔သည္ လေပၚသုိ႔ ေျခခ်ရန္အႀကိမ္ႀကိမ္ႀကဳိးစားခဲ့ေသာ္လည္း လူမဲ့(စက္ရုပ္) ယာဥ္မ်ားသာေရာက္ရွိခဲ့ၿပီး လူအစစ္မ်ားေျခခ်ရန္အတြက္မႈ ေအာင္ျမင္မႈမရခဲ့ၾကေပ။ အပုိလုိ ၁၁ ခရီးစဥ္မွေအာင္ျမင္ခဲ့ၿပီးေနာက္ လေပၚမွ ေျမသားနမူနာ ၄၇.၅ေပါင္(၂၁.၅) ကီလုိဂရမ္ကို ေလ့လာရန္အတြက္ ယူေဆာင္ႏုိင္ခဲ့ၾကသည္။

အပုိလုိ ၁၁ ခရီးစဥ္ေအာင္ျမင္ၿပီး လေပၚသုိ႔ေျခခ်ႏုိင္ရန္အတြက္ ပညာရွင္တစ္ေယာက္၏ အကူအညီမပါလွ်င္မႈ ျဖစ္ႏုိင္ဖုိ႔မရွိေခ်။ ထုိပညာရွင္မွာ ခရီးစဥ္အတြက္ ကုဒ္မ်ားကုိေရးေပးခဲ့သည့္ အမ်ဳိးသမီး ေဆာ့၀ဲအင္ဂ်င္နီယာ မာဂရက္ဟာမီလ္တန္ ျဖစ္သည္။ သူမကုိ ၁၉၃၆ခုႏွစ္ ၾသဂုတ္လ ၁၇ရက္ေန႔တြင္ အေမရိကန္ အင္ဒီယားနားျပည္နယ္ Paoli ၿမဳိ႕၌ ေမြးဖြားခဲ့သည္။ ၁၉၅၄ခုႏွစ္တြင္ Hancock အထက္တန္းေက်ာင္းမွေအာင္ျမင္ၿပီးေနာက္ Earlham ေကာလိပ္တြင္တက္ေရာက္ၿပီး သခၤ်ာဘြဲ႔ ကိုရရွိခဲ့သည္။ ငယ္စဥ္မွ ဘြဲ႔ရသည့္အခ်ိန္အထိ သူမသည္ သာမန္သာျဖစ္သည္။ သူမကုိယ္ သူမလည္း ပါရမီရွင္တစ္ေယာက္မွန္း သတိမထားမိခဲ့ပါ။

အဲဒီေနာက္ေတာ့ သူမပညာေရးခရီးကို မဆက္ႏုိင္ေတာ့ပဲ အထက္တန္းျပ ဆရာမတစ္ေယာက္အျဖစ္ ၀င္ေရာက္လုပ္ကုိင္ခဲ့ရသည္။ အေၾကာင္းမွာ ဟားဗတ္တကၠသုိလ္၌ ဥပေဒပညာသင္ေနေသာ ခင္ပြန္းသည္အား ပံ့ပုိးလုိ၍ ျဖစ္သည္။ ထုိ႔ေနာက္သူမသည္ Brandeis တကၠသုိလ္မွ အဆင့္ျမင့္သခၤ်ာဘြဲ႔တစ္ဘြဲ႔ကို ထပ္ယူရန္အတြက္ ေဘာ္စတြန္သုိ႔ ေျပာင္းေရႊ႕ခဲ့သည္။ ၁၉၆၀ တြင္ မန္ဆာခ်ဴးဆက္ နည္းပညာတကၠသုိလ္(MIT) သုိ႔ဆက္သြယ္ခဲ့ၿပီး မုိးေလ၀သခန္႔မွန္းမႈ ႏွင့္ ရန္သူ႔ေလယာဥ္ေထာက္လွမ္းမႈ ေဆာ့၀ဲဌာနတြင္ အလုပ္လုပ္ခဲ့သည္။ တစ္ႏွစ္ၾကာၿပီးတဲ့ေနာက္ SAGE (ေလယာဥ္တန္ျပန္ကာကြယ္ေရး) ပေရာဂ်က္ ရဲ႕ ဒီဇုိင္နာမ်ားထဲမွ တစ္ေယာက္ျဖစ္လာခဲ့သည္။ ထုိဌာနသည္ စစ္ဘက္ဆုိင္ရာကုိ အဓိကပံ့ပိုးေပးသည့္ ဌာနျဖစ္သည္။

SAGE တြင္ ၂ႏွစ္ၾကာအလုပ္လုပ္ခဲ့ၿပီးေနာက္ အထူးခြ်န္ဆုံး ပရုိဂရမ္မာတစ္ေယာက္ျဖစ္ေၾကာင္း သက္ေသျပႏုိင္ခဲ့သည္။ ထုိအခါမွ သူမသည္ ပါရမီရွင္တစ္ေယာက္ ျဖစ္မွန္းအားလုံးသိသြားခဲ့ၾကသည္။ ထုိ႔ေၾကာင့္သူမအား အပုိလုိ ၁၁ မစ္ရွင္တြင္ပါ၀င္သည့္ MIT အဖြဲ႔မွ ဖိတ္ေခၚခဲ့သည္။ ထို႔ေနာက္တြင္ေတာ့ သူမသည္ Apollo ႏွင့္ Skylab ပေရာဂ်က္မ်ားတြင္ Supervisor တစ္ေယာက္အျဖစ္၀င္ေရာက္လုပ္ကုိင္ခဲ့သည္။ ထုိအတြင္းတြင္ ကြန္ပ်ဴတာ ႏွင့္ အင္ဂ်င္နီယာပညာရပ္ကုိေပါင္းစပ္၍ computer engineering ဟူေသာ စာလုံးကို သူမက စတင္သုံးစြဲခဲ့သည္။ ယေန႔ေခတ္တြင္ေတာ့ ထုိအသုံးအႏႈန္းကို ကမာၻအ၀ွမ္းသုံးေနၾကၿပီျဖစ္သည္။

မာဂရက္စတင္ေရာက္ရွိခ်ိန္က နာဆာတြင္ အပိုလုိအတြက္ ျပည့္္စုံေသာေဆာ့၀ဲမရွိခဲ့ပါ။ သူမရဲ႕အခ်ိန္အားလုံးနီးပါးကုိ အလုပ္ခန္းတြင္ကုန္ဆုံးေစခဲ့ၿပီး ကုဒ္မ်ားကုိ ေရးသားခဲ့သည္။ အလုပ္ကို၀ါသနာႀကီးလြန္းသျဖင့္ သမီးျဖစ္သူကိုပင္ ၾကည့္ရႈ႕ေပးမည့္သူမရွိသည့္အတြက္ အလုပ္ကုိေခၚလာခဲ့သည္။ သမီးငယ္သည္ ေဆာ့ရင္းေမာပန္းေသာအခါ မာဂရက္ အလုပ္ခန္း၏ ၾကမ္းျပင္တြင္အိပ္ေပ်ာ္သြားတတ္သည္။ မာဂရက္ကေတာ့ သူမ၏ လူ ၄၀၀ ပါ၀င္ေသာ ေဆာ့၀ဲအဖြဲ႔ႏွင့္အတူ ကုဒ္မ်ားကုိ မေမာမပန္းႏုိင္ ဦးေဆာင္ ေရးသားဆဲ။ တစ္ေန႔လွ်င္ နာရီေပါင္း ၁၈နာရီခန္႔ ၃ႏွစ္ခန္႔ လုပ္ခဲ့သည္ ဟုသိရသည္။

၃ႏွစ္ၾကာၿပီးသည့္ေနာက္ မာဂရက္ဦးေဆာင္သည့္ ေဆာ့၀ဲအဖြဲ႔မွ အပုိလုိအာကာသယာဥ္အတြက္ ေဆာ့၀ဲကုိေရးသားၿပီးစီးခဲ့သည္။ နာဆာသည္ အပုိလုိ ၁၁ မတုိင္မီ အပုိလုိ ၈ ႏွင့္ အပုိလုိ ၁၀ တုိ႔ကုိ ၁၉၆၈ခုႏွစ္ ႏွင့္ ၁၉၆၉ခုႏွစ္တုိ႔တြင္ လေပၚသုိ႔လႊတ္တင္ခဲ့ဖူးသည္။ လပတ္လမ္းေၾကာင္းကုိသာ ပတ္ႏုိင္ခဲ့ၿပီး ကမာၻေပၚသုိ႔ျပန္လည္ဆင္းသက္ခဲ့ရသည္။ ၁၉၆၉ ဇူလုိင္လ ၂၀ ရက္သည္ နာဆာအတြက္ အႀကီးက်ယ္ဆုံးေန႔ျဖစ္ခဲ့သည္။ အပုိလုိ ၁၁ သည္ ကမာၻေျမမွထြက္ခြာၿပီး လသုိ႔ သြားခဲ့သည့္ေန႔ျဖစ္သည္။ ပ်ံသန္းေနစဥ္ အခက္အခဲမ်ားစြာ ႀကဳံေတြ႔ခဲ့ရသည္။ လမ်က္ႏွာျပင္ေပၚသုိ႔ မေရာက္မီ မိနစ္အနည္းငယ္တြင္ အဖြဲ႔အစည္းမွ ကြန္ပ်ဴတာမ်ားတြင္ သတိေပးခ်က္ alarm မ်ား ျမည္ခဲ့သည္။ အားလုံးက ဒီတစ္ႀကိမ္လည္း မေအာင္ျမင္ေတာ့ဟု ထင္မွတ္ခဲ့ၾကသည္။

သူမတုိ႔အဖြဲ႔ေရးသားခဲ့သည့္ ကုဒ္စာအုပ္မ်ားႏွင့္အတူ မာဂရက္အား ေတြ႔ရစဥ္

ထုိျပသနာတက္ရျခင္းမွာ ေဆာ့၀ဲေၾကာင့္မဟုတ္ပဲ lander’s radar သို႔ ပါ၀ါအားေပးသြင္းမႈ မမွန္ကန္မႈေၾကာင့္ဟု သိရသည္။ သုိ႔ေသာ္ ျပသနာစစ္ေဆးေျဖရွင္းျခင္း ႏွင့္ recovery program မ်ားစြာထည့္သြင္းေရးထားသည့္ အပိုလုိေဆာ့၀ဲက ထုိအခက္အခဲကိုကယ္တင္ခဲ့ၿပီး လူသားတုိ႔အား လေပၚသုိ႔ေအာင္ျမင္စြာ ဆင္းသက္ေစခဲ့ႏုိင္သည္။ ထုိ႔ေနာက္တြင္ေတာ့ မာဂရက္သည္ သိပၸံႏွင့္နည္းပညာ က႑တြင္ ေက်ာ္ၾကားသူတစ္ဦးျဖစ္လာခဲ့သည္။ ထုိအခ်ိန္က သူမ၏အသက္မွာ ၃၃ႏွစ္သာ ရွိေသးသည္။ ထုိအခ်ိန္က အမ်ဳိးသားမ်ားအတြက္သာ ျဖစ္ေနေသာ ထုိအလုပ္မ်ားတြင္ သူမသည္ ဦးေဆာင္သူတစ္ေယာက္ျဖစ္ခဲ့ၿပီး အေမရိကန္ သိပၸံ ႏွင့္ နည္းပညာက႑ အတြက္ အေရးႀကီးေသာေနရာမွ ပါ၀င္လာခဲ့သည္။

MIT မွ သူမထြက္ၿပီးေနာက္ Higher Order ေဆာ့၀ဲကုမၸဏီကုိ ပူးေပါင္းတည္ေထာင္ခဲ့ၿပီး ထုိကုမၸဏီတြင္ ၁၉၇၆ခုႏွစ္မွ ၁၉၈၄ခုႏွစ္အထိ CEO ရာထူးကုိ ထမ္းေဆာင္ခဲ့သည္။ ထုိ ကုမၸဏီသည္ သိပၸံနည္း နည္းပညာ အႀကံဥာဏ္ေပးျခင္း ၊ error မ်ားေျဖရွင္းေပးျခင္း ႏွင့္ အေမရိကန္အစိုးရဌာနမ်ားတြင္ အသုံးျပဳရန္ ေဆာ့၀ဲမ်ားစြာထုတ္လုပ္ေပးျခင္း တုိ႔ကုိ ေဆာင္ရြက္ခဲ့သည့္ ကုမၸဏီျဖစ္သည္။ ၁၉၈၅တြင္ေတာ့ ထုိကုမၸဏီမွ ထြက္ခြာခဲ့သည့္ မာဂရက္သည္ နည္းပညာကုမၸဏီတစ္ခုျဖစ္သည့္ Hamilton Technologies ကိုတည္ေထာင္ခဲ့သည္။ သူမလုပ္ေဆာင္ခဲ့သည့္ ပေရာဂ်က္စုစုေပါင္း ၇၀ခန္႔ ရွိသည္။

၂၀၀၃ခုႏွစ္တြင္ နာဆာမွ သူမအား အပိုလုိေဆာ့၀ဲအတြက္ ဂုဏ္ျပဳဆုခ်ီးျမွင့္ခဲ့သည္။ ၂၀၁၆တြင္ ေဆာ့၀ဲအင္ဂ်င္နီယာပညာရပ္အတြက္ သမၼတအုိဘားမားမွ ခ်ီးျမွင့္သည့္ အေမရိကန္ႏုိင္ငံသားတုိ႔အတြက္အျမင့္ဆုံးဆုျဖစ္သည့္ ဂုဏ္ထူးေဆာင္ႏုိင္ငံသားဆု ၊ ၂၀၁၇တြင္ ကြန္ပ်ဴတာသမုိင္းအတြက္ Museum Fellow ဆု ၊ ၂၀၁၇တြင္ နာဆာမွ ထပ္မံခ်ီးျမွင့္သည့္ Women of NASA ဆု စသည္ျဖင့္ ဂုဏ္ျပဳဆုမ်ားကို ရရွိခဲ့သည္။

လက္ရွိအခ်ိန္တြင္ေတာ့ မာဂရက္သည္ အသက္ ၈၁ႏွစ္ အရြယ္သို႔ေရာက္ေနၿပီျဖစ္ၿပီး အေမရိကန္တြင္ ေအးခ်မ္းစြာေနထုိင္လွ်က္ရွိသည္။ သုိ႔ေသာ္ သူမ၏ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ လူသားတုိ႔သမုိင္းအတြက္ အေရးႀကီးေသာေနရာမွ ပါ၀င္ခဲ့သည့္ အမ်ဳိးသမီးတစ္ေယာက္အျဖစ္ယေန႔တုိင္ ခ်ီးက်ဴးေနၾကဆဲျဖစ္ေလသည္။

“အျခားသူေတြကုိ အားက်ၿပီး ထုိင္ၾကည့္မေနနဲ႔ ၊ ေ၀ဖန္ၿပီးေတာ့ အခ်ိန္ေတြ မျဖဳန္းနဲ႔ ၊ ဘာအတြက္နဲ႔မွ မသိမ္ငယ္နဲ႔ ၊ ကြ်န္မတုိ႔ မိန္းမသားေတြမွာလည္း အကန္႔အသတ္မဲ့စြမ္းရည္ေတြပါလာၿပီးသားပါ ၊ ယုံယုံၾကည္ၾကည္ နဲ႔ တစုိက္မတ္မတ္သာလုပ္ရင္ ေအာင္ျမင္မႈဆုိတာရရွိလာမွာပါ”


လူသားတို့လပေါ်သို့ ခြေချရန်အတွက် ပံ့ပိုးပေးခဲ့တဲ့ ပညာရှင် မာဂရက်ဟာမီလ်တန် (unicode)

လွန်ခဲ့သောနှစ်ပေါင်း ၅ဝခန့် ဇူလိုင်လ ၂ဝရက် ၊ ၁၉၆၉ခုနှစ်တွင် လူသားတို့သည် အပိုလို ၁၁ ခရီးစဉ်အတွင်း လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့ကြသည်။ ခြေချခဲ့သော အာကာသယဉ်မှူးများမှာ Neil Armstrong နှင့် Buzz Aldrin တို့ဖြစ်သည်။ ဒီမတိုင်ခင်ကတည်းက ဆိုဗီယက်ရုရှားနှင့် အမေရိကန်တို့သည် လပေါ်သို့ ခြေချရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း လူမဲ့(စက်ရုပ်) ယာဉ်များသာရောက်ရှိခဲ့ပြီး လူအစစ်များခြေချရန်အတွက်မှု အောင်မြင်မှုမရခဲ့ကြပေ။ အပိုလို ၁၁ ခရီးစဉ်မှအောင်မြင်ခဲ့ပြီးနောက် လပေါ်မှ မြေသားနမူနာ ၄၇.၅ပေါင်(၂၁.၅) ကီလိုဂရမ်ကို လေ့လာရန်အတွက် ယူဆောင်နိုင်ခဲ့ကြသည်။

အပိုလို ၁၁ ခရီးစဉ်အောင်မြင်ပြီး လပေါ်သို့ခြေချနိုင်ရန်အတွက် ပညာရှင်တစ်ယောက်၏ အကူအညီမပါလျှင်မှု ဖြစ်နိုင်ဖို့မရှိချေ။ ထိုပညာရှင်မှာ ခရီးစဉ်အတွက် ကုဒ်များကိုရေးပေးခဲ့သည့် အမျိုးသမီး ဆော့ဝဲအင်ဂျင်နီယာ မာဂရက်ဟာမီလ်တန် ဖြစ်သည်။ သူမကို ၁၉၃၆ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့တွင် အမေရိကန် အင်ဒီယားနားပြည်နယ် Paoli မြို့၌ မွေးဖွားခဲ့သည်။ ၁၉၅၄ခုနှစ်တွင် Hancock အထက်တန်းကျောင်းမှအောင်မြင်ပြီးနောက် Earlham ကောလိပ်တွင်တက်ရောက်ပြီး သင်္ချာဘွဲ့ ကိုရရှိခဲ့သည်။ ငယ်စဉ်မှ ဘွဲ့ရသည့်အချိန်အထိ သူမသည် သာမန်သာဖြစ်သည်။ သူမကိုယ် သူမလည်း ပါရမီရှင်တစ်ယောက်မှန်း သတိမထားမိခဲ့ပါ။

အဲဒီနောက်တော့ သူမပညာရေးခရီးကို မဆက်နိုင်တော့ပဲ အထက်တန်းပြ ဆရာမတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ အကြောင်းမှာ ဟားဗတ်တက္ကသိုလ်၌ ဥပဒေပညာသင်နေသော ခင်ပွန်းသည်အား ပံ့ပိုးလို၍ ဖြစ်သည်။ ထို့နောက်သူမသည် Brandeis တက္ကသိုလ်မှ အဆင့်မြင့်သင်္ချာဘွဲ့တစ်ဘွဲ့ကို ထပ်ယူရန်အတွက် ဘော်စတွန်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀ တွင် မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT) သို့ဆက်သွယ်ခဲ့ပြီး မိုးလေဝသခန့်မှန်းမှု နှင့် ရန်သူ့လေယာဉ်ထောက်လှမ်းမှု ဆော့ဝဲဌာနတွင် အလုပ်လုပ်ခဲ့သည်။ တစ်နှစ်ကြာပြီးတဲ့နောက် SAGE (လေယာဉ်တန်ပြန်ကာကွယ်ရေး) ပရောဂျက် ရဲ့ ဒီဇိုင်နာများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဌာနသည် စစ်ဘက်ဆိုင်ရာကို အဓိကပံ့ပိုးပေးသည့် ဌာနဖြစ်သည်။

SAGE တွင် ၂နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် အထူးချွန်ဆုံး ပရိုဂရမ်မာတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ထိုအခါမှ သူမသည် ပါရမီရှင်တစ်ယောက် ဖြစ်မှန်းအားလုံးသိသွားခဲ့ကြသည်။ ထို့ကြောင့်သူမအား အပိုလို ၁၁ မစ်ရှင်တွင်ပါဝင်သည့် MIT အဖွဲ့မှ ဖိတ်ခေါ်ခဲ့သည်။ ထို့နောက်တွင်တော့ သူမသည် Apollo နှင့် Skylab ပရောဂျက်များတွင် Supervisor တစ်ယောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအတွင်းတွင် ကွန်ပျူတာ နှင့် အင်ဂျင်နီယာပညာရပ်ကိုပေါင်းစပ်၍ computer engineering ဟူသော စာလုံးကို သူမက စတင်သုံးစွဲခဲ့သည်။ ယနေ့ခေတ်တွင်တော့ ထိုအသုံးအနှုန်းကို ကမ္ဘာအဝှမ်းသုံးနေကြပြီဖြစ်သည်။

မာဂရက်စတင်ရောက်ရှိချိန်က နာဆာတွင် အပိုလိုအတွက် ပြည့်စုံသောဆော့ဝဲမရှိခဲ့ပါ။ သူမရဲ့အချိန်အားလုံးနီးပါးကို အလုပ်ခန်းတွင်ကုန်ဆုံးစေခဲ့ပြီး ကုဒ်များကို ရေးသားခဲ့သည်။ အလုပ်ကိုဝါသနာကြီးလွန်းသဖြင့် သမီးဖြစ်သူကိုပင် ကြည့်ရှု့ပေးမည့်သူမရှိသည့်အတွက် အလုပ်ကိုခေါ်လာခဲ့သည်။ သမီးငယ်သည် ဆော့ရင်းမောပန်းသောအခါ မာဂရက် အလုပ်ခန်း၏ ကြမ်းပြင်တွင်အိပ်ပျော်သွားတတ်သည်။ မာဂရက်ကတော့ သူမ၏ လူ ၄၀၀ ပါဝင်သော ဆော့ဝဲအဖွဲ့နှင့်အတူ ကုဒ်များကို မမောမပန်းနိုင် ဦးဆောင် ရေးသားဆဲ။ တစ်နေ့လျှင် နာရီပေါင်း ၁၈နာရီခန့် ၃နှစ်ခန့် လုပ်ခဲ့သည် ဟုသိရသည်။

၃နှစ်ကြာပြီးသည့်နောက် မာဂရက်ဦးဆောင်သည့် ဆော့ဝဲအဖွဲ့မှ အပိုလိုအာကာသယာဉ်အတွက် ဆော့ဝဲကိုရေးသားပြီးစီးခဲ့သည်။ နာဆာသည် အပိုလို ၁၁ မတိုင်မီ အပိုလို ၈ နှင့် အပိုလို ၁၀ တို့ကို ၁၉၆၈ခုနှစ် နှင့် ၁၉၆၉ခုနှစ်တို့တွင် လပေါ်သို့လွှတ်တင်ခဲ့ဖူးသည်။ လပတ်လမ်းကြောင်းကိုသာ ပတ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်သို့ပြန်လည်ဆင်းသက်ခဲ့ရသည်။ ၁၉၆၉ ဇူလိုင်လ ၂၀ ရက်သည် နာဆာအတွက် အကြီးကျယ်ဆုံးနေ့ဖြစ်ခဲ့သည်။ အပိုလို ၁၁ သည် ကမ္ဘာမြေမှထွက်ခွာပြီး လသို့ သွားခဲ့သည့်နေ့ဖြစ်သည်။ ပျံသန်းနေစဉ် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ လမျက်နှာပြင်ပေါ်သို့ မရောက်မီ မိနစ်အနည်းငယ်တွင် အဖွဲ့အစည်းမှ ကွန်ပျူတာများတွင် သတိပေးချက် alarm များ မြည်ခဲ့သည်။ အားလုံးက ဒီတစ်ကြိမ်လည်း မအောင်မြင်တော့ဟု ထင်မှတ်ခဲ့ကြသည်။

ထိုပြသနာတက်ရခြင်းမှာ ဆော့ဝဲကြောင့်မဟုတ်ပဲ lander’s radar သို့ ပါဝါအားပေးသွင်းမှု မမှန်ကန်မှုကြောင့်ဟု သိရသည်။ သို့သော် ပြသနာစစ်ဆေးဖြေရှင်းခြင်း နှင့် recovery program များစွာထည့်သွင်းရေးထားသည့် အပိုလိုဆော့ဝဲက ထိုအခက်အခဲကိုကယ်တင်ခဲ့ပြီး လူသားတို့အား လပေါ်သို့အောင်မြင်စွာ ဆင်းသက်စေခဲ့နိုင်သည်။ ထို့နောက်တွင်တော့ မာဂရက်သည် သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့သည်။ ထိုအချိန်က သူမ၏အသက်မှာ ၃၃နှစ်သာ ရှိသေးသည်။ ထိုအချိန်က အမျိုးသားများအတွက်သာ ဖြစ်နေသော ထိုအလုပ်များတွင် သူမသည် ဦးဆောင်သူတစ်ယောက်ဖြစ်ခဲ့ပြီး အမေရိကန် သိပ္ပံ နှင့် နည်းပညာကဏ္ဍ အတွက် အရေးကြီးသောနေရာမှ ပါဝင်လာခဲ့သည်။

MIT မှ သူမထွက်ပြီးနောက် Higher Order ဆော့ဝဲကုမ္ပဏီကို ပူးပေါင်းတည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီတွင် ၁၉၇၆ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ CEO ရာထူးကို ထမ်းဆောင်ခဲ့သည်။ ထို ကုမ္ပဏီသည် သိပ္ပံနည်း နည်းပညာ အကြံဥာဏ်ပေးခြင်း ၊ error များဖြေရှင်းပေးခြင်း နှင့် အမေရိကန်အစိုးရဌာနများတွင် အသုံးပြုရန် ဆော့ဝဲများစွာထုတ်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ၁၉၈၅တွင်တော့ ထိုကုမ္ပဏီမှ ထွက်ခွာခဲ့သည့် မာဂရက်သည် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hamilton Technologies ကိုတည်ထောင်ခဲ့သည်။ သူမလုပ်ဆောင်ခဲ့သည့် ပရောဂျက်စုစုပေါင်း ၇ဝခန့် ရှိသည်။

၂၀၀၃ခုနှစ်တွင် နာဆာမှ သူမအား အပိုလိုဆော့ဝဲအတွက် ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ၂၀၁၆တွင် ဆော့ဝဲအင်ဂျင်နီယာပညာရပ်အတွက် သမ္မတအိုဘားမားမှ ချီးမြှင့်သည့် အမေရိကန်နိုင်ငံသားတို့အတွက်အမြင့်ဆုံးဆုဖြစ်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု ၊ ၂၀၁၇တွင် ကွန်ပျူတာသမိုင်းအတွက် Museum Fellow ဆု ၊ ၂၀၁၇တွင် နာဆာမှ ထပ်မံချီးမြှင့်သည့် Women of NASA ဆု စသည်ဖြင့် ဂုဏ်ပြုဆုများကို ရရှိခဲ့သည်။

လက်ရှိအချိန်တွင်တော့ မာဂရက်သည် အသက် ၈၁နှစ် အရွယ်သို့ရောက်နေပြီဖြစ်ပြီး အမေရိကန်တွင် အေးချမ်းစွာနေထိုင်လျှက်ရှိသည်။ သို့သော် သူမ၏ လုပ်ဆောင်ချက်များကြောင့် လူသားတို့သမိုင်းအတွက် အရေးကြီးသောနေရာမှ ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ယောက်အဖြစ်ယနေ့တိုင် ချီးကျူးနေကြဆဲဖြစ်လေသည်။

“အခြားသူတွေကို အားကျပြီး ထိုင်ကြည့်မနေနဲ့ ၊ ဝေဖန်ပြီးတော့ အချိန်တွေ မဖြုန်းနဲ့ ၊ ဘာအတွက်နဲ့မှ မသိမ်ငယ်နဲ့ ၊ ကျွန်မတို့ မိန်းမသားတွေမှာလည်း အကန့်အသတ်မဲ့စွမ်းရည်တွေပါလာပြီးသားပါ ၊ ယုံယုံကြည်ကြည် နဲ့ တစိုက်မတ်မတ်သာလုပ်ရင် အောင်မြင်မှုဆိုတာရရှိလာမှာပါ”

Leave a Reply