ယေန႔ေခတ္ လူငယ္မ်ားႏွင့္ အလွမ္းေ၀းသြားၿပီျဖစ္တဲ့ တုံးေမာင္း ၊ အုံးေမာင္း ၊ ကလတက္ တို႔အေၾကာင္း

Posted on

မူရင္းဓာတ္ပုံပုိင္ရွင္ မိတ္ေဆြမ်ားအား ေက်းဇူးတင္ပါတယ္ 

တုံးေမာင္း ၊ အုံးေမာင္း ၊ ကလတက္ ၊ သစ္စည္ တုိ႔ အဓိပၸါယ္မွာ အတူတူျဖစ္ၿပီး ေနရာေဒသအလုိက္ အမ်ဳိးမ်ဳိးေခၚၾကသည္။
တခ်ိန္ကေတာ့ ထုိအရာသည္ ျမန္မာတုိ႔အတြက္ အခ်ိန္ကို အသိေပးသည့္ မရွိမျဖစ္အရာမ်ားျဖစ္ခဲ့ၾကသည္။ သုိ႔ေသာ္ ေခတ္တုိးတက္လာသည္ႏွင့္ အမွ် ထုိအရာမ်ားသည္ တျဖည္းျဖည္းေပ်ာက္ကြယ္လာၿပီျဖစ္ၿပီ ၿမဳိ႕မ်ားတြင္လုံး၀ မေတြ႔ရေတာ့သေလာက္ျဖစ္သည္။ အခ်ဳိ႕နယ္မ်ားတြင္သာ အနည္းအက်ဥ္းမွ်ရွိေတာ့သည္။

‘အုန္းေမာင္း’ ၏ အနက္ကို ဆင္ျခင္ေသာ္ ‘အုန္း’ ၏ အနက္ ‘မိုးရြာထစ္အုန္း၊ အုန္းျငာၿခိမ့္သဲ၊ အုန္းညံၿခိမ့္ေႂကြး၊ အုန္းအုန္းအင္းအင္း’ စသည္တို႔၌ မည္သံ၊ ဟိန္းသံ၊ ျမည္သည္၊ ဟိန္းသည္ဟုရ၏။

‘ေမာင္း’ ၏ အနက္ ‘ႀကိမ္းေမာင္း၊ ၿခိမ္းေမာင္း၊ တီးယြန္းၿခိမ့္ေမာင္း၊ ေမာင္းမဲ၊ ေမာင္းႏွင္’ စသည္တို႔၌ ေအာ္သည္၊ ျမည္သည္၊ ေအာ္သံ၊ မည္သံ၊ ေအာ္မည္၍ ႏွင္သည္၊ ေအာ္မည္၍ ေျခာက္လွန္႔သည္ဟု ရ၏။

ထို႔ေၾကာင့္ အုန္းေမာင္း၏ အနက္မွာ အသံက်ယ္ေလာင္စြာ ျမည္ဟိန္းသည့္တီးစရာ၊ ေက်းငွက္တိရစာၦန္မ်ားကို ေျခာက္လွန္႔ေမာင္းႏွင္စရာဟု အဓိပၸာယ္ရေပသည္။

အဂၤလိပ္-ျမန္မာစစ္ပြဲမ်ားတြင္ ကုလားစစ္တပ္မ်ား၏ လႈပ္ရွားမႈကို အခ်က္ေပးရန္ အုန္းေမာင္းမ်ားကို အသံုးျပဳလာၾကသည္။ ထိုအခါ အုန္းေမာင္းကို ကုလားတတ္ ေခၚၾကရာမွ ကလတက္္(ကလဒက္) ျဖစ္ခဲ့ေလသည္။

ေရွးလူႀကီးမ်ားက စာေၾကာင္းခ်ံဳ႕လို၍ ‘ကႅတက္’ ဟု ‘က’ ႏွင့္ ‘လ’ ကိုဆင့္၍ ေရးတတ္ၾကသျဖင့္ ဘုန္းႀကီးေက်ာင္းသားမ်ားက “ကႀကီးလေပၚတက္ ကလတက္” ဟူ၍ ျပက္ရယ္ျပဳ၍ ဆိုၾကေသးသည္။

ကလတက္မွ ကလဒက္သို႔။

သံဃာေတာ္အရွင္ျမတ္တို႔သည္ ၀ိနည္း ေဒသနာေတာ္ အရ ေန႔လြဲညစာ ဘုဥ္းမေပးရေသာေၾကာင့္ အ႐ုဏ္ဆြမ္း ဘုဥ္းေပးရန္ ခြင့္ျပဳေတာ္မူခဲ့ေပသည္။ ထို႔ေၾကာင့္ ဆြမ္းခ်က္ရန္ ဆြမ္းပို႔ရန္ကာလ ေရာက္ၿပီဟု အခ်က္ေပးရန္အတြက္ တစ္ရြာလံုး ၾကားေလာက္သည့္ အခ်က္ေပး ကိရိယာ လုိအပ္လာသည္။ ထိုကိရိယာကို လံုးပတ္သံုးေပ အလ်ားငါးေပ ေလာက္ရွိေသာ သစ္တံုးကို အလ်ားလိုက္ အေခါင္းထြင္းၿပီး တင္းပုတ္ႏွင့္ ထုေသာ အခါ တစ္ရြာလံုးၾကားေအာင္ ျမည္ဟိန္းလာသည္။

အခ်ိန္ကာလကို ေဖၚျပရန္ ပစၥည္း ျဖစ္၍ ကာလတက္ေခၚရာမွ ကလဒက္ ျဖစ္လာသည္။ အတိုႀကိဳက္သူမ်ားက တံုးဟုေခၚၾကသည္။ သစ္တံုးကို ျပဳလုပ္ထားေသာ ပစၥည္းကို တံုးဟုေခၚသည္မွာ ေခၚထိုက္လွေပသည္။ အခ်ိဳ႕ ေက်ာင္းမ်ားက နံနက္ သံုးနာရီ၊ တံုးေခါက္သည္။ အခ်ိဳ႕က သံုးနာရီခြဲ၊ အခ်ိဳ႕ ကေလးနာရီ တစ္ေက်ာင္း တစ္ဂါထာ၊ တစ္ရြာ တစ္ပုဒ္ဆန္းေလေတာ့သည္။

တံုးကို အခ်ိဳ႕ေက်ာင္းမ်ားက ေဒါင္လိုက္ ႀကိဳးႏွင့္ဆြဲထား၍ အခ်ိဳ႕ေက်ာင္းမ်ားက တံုးလံုး စင္တင္၍ ထားသည္။ သည္ဟာသည္လည္း တစ္ေက်ာင္းတစ္ဂါထာ တစ္ရြာ တစ္ပုဒ္ဆန္းပင္ ျဖစ္ေပလိမ့္မည္။ သို႔ေသာ္ တံုးေခါက္ပံုမွာ တညီ တၫြတ္တည္း ျဖစ္ၾကပါသည္။

တံုး​ေမာင္​းထြင္​းနည္​းစနစ္​

တံုးေမာင္းကို စနစ္တက် ထြင္းေဖာက္ရသည္။ သို႔မွသာ အသံေကာင္းကို အေ၀းေျပးမည္ ျဖစ္ပါသည္။ ထြင္းနည္းမက်လွ်င္ အသံမေကာင္းေသာ တံုးေမာင္း-အအႀကီး အမ်ဳိးအစား ျဖစ္တတ္ပါသည္။ သို႔အတြက္ စနစ္တက် ျဖစ္ေစရန္ ေရွးဆရာေတာ္ႀကီးမ်ားက တံုးေမာင္းထြင္းနည္း ေဆာင္ပုဒ္တစ္ခုကို ေရးစပ္၍ ထားေတာ္မူခဲ့ၾကပါသည္။

[၁]ထိပ္၀တစ္ၿပန္ အနားခ်န္ ေလးၿပန္ အလယ္ထား။

[၂]ထိပ္၀ေၿခာက္ခ်ိဳး ပယ္ငါးခ်ိဳး တစ္ခ်ိဳး အေပါက္ထား။

[၃]လက္ေလးသစ္ေအာက္၊ ကား၍ေဖါက္ ေတာင္ေၿမာက္ အေ၀ၾကား။

[၄]တီးလိုက္တဲ့ခါ အသံမွာ လြန္စြာ နာေပ်ာ္သား။

[၅]လက္ရိုက္ကတ္ကင္း ရန္ေဘးရွင္း သတင္းေက်ာ္ထင္ရွား ။ ဟူ၍ၿဖစ္သည္။

ဥပမာ ။ ။ ထိပ္၀အခ်င္း ၉-လကၼရွိေသာ သစ္တံုးတစ္ခုကို တံုးေမာင္းထြင္းမည္ဆိုပါက ထိပ္၀အခ်င္း ၉-လကၼရွိသည့္အတြက္ အေပၚနား ေအာက္နား ၉-လကၼစီ ထားၿပီး အလယ္က ၉-လကၼ ၄-ျပန္ ထားရမည္ ျဖစ္ပါသည္။ တဖန္ ထိပ္၀အခ်င္း ၉-လကၼကို ၅-ခ်ဳိးခ်ဳိးၿပီး ၄-ခ်ဳိး နက္ေအာင္ထြင္းရမည္ ဆို​ေသာေၾကာင့္ အနက္မွာ ၇.၂-လကၼ ရွိေပလိမ့္မည္။

တံုးေမာင္း၏ ပါးစပ္ေခၚေသာ အေပါက္ကိုမူ ထိပ္၀အခ်င္း ၉-လကၼကို ၆-ခ်ဳိးခ်ဳိးၿပီး တစ္ခ်ဳိးကိုသာ ထားရမည္ဆို၍ ၁.၅-လကၼ ရွိပါမည္။
ထို႔​ေၾကာင္​့ စုစုေပါင္း အရွည္ ၄-ေပ ၆-လကၼ ရွိမည္ျဖစ္ပါသည္။ ဤကား ေရွးဆရာေတာ္ႀကီးမ်ား၏ တံုးေမာင္းထြင္းနည္းစနစ္ တစ္ခုျဖစ္ပါသည္။

အုန္းေမာင္းေခါက္စနစ္

[၁] ခ်က္ၾကီးသံ
[၁] ေမ်ာသံ
[၃] ပိတ္သံ ဟု (၃) မ်ိဳး ရွိ၏။

[၁] အစ ပထမဦးဆံုး တစ္ခ်က္ၿခင္း ေလးေလးမွန္မွန္[၉]ခ်က္ တီးတာကို ခ်က္ၾကီးသံ ဟု ​ေခၚ၏။

[၂] ၉-ခ်က္ ျပည္​့သြားၿပီးေနာက္္ ခပ္​ျမန္ျမန္ အသံခ်င္း ဆက္လုမတတ္ ဒရစပ္ ​တီးေခါက္တာကို ​ေမ်ာသံ ဟု ေခၚ၏။
[ေျဖးေျဖးမွန္မွန္ တစ္ခ်က္ခ်င္း ၂၄-ခ်က္]

[၃] ဒီေနာက္ တစ္ခ်က္ၿဖစ္ေစ ႏွစ္ခ်က္ၿဖစ္ေစ သံုးခ်က္ၿဖစ္ေစ တုံးသံေပး၍ ရပ္နားၿခင္းကို ပိတ္သံ ဟု ​ေခၚ၏။
[တံုးသံပိတ္ရာ၌ တနဂၤေႏြ-တစ္ခ်က္၊ တနလၤာ-ႏွစ္ခ်က္ စသည္ျဖင့္ ေန႔အလိုက္ပိတ္၏]
ဥပမာ..တနဂၤေႏြေန႔ ၁-ခ်က္၊ တနလၤာေန႔ ၂-ခ်က္။

ျမန္မာေဗဒင္ပညာနည္းအတိုင္း ကလတက္​ ျပဳလုပ္​ပံု

ျမန္မာေဗဒင္ပညာနည္းအတိုင္း ကလတက္ဆိုတာ စေနနံ၊ အဲဒါေၾကာင့္ နံတူထပ္က အေသရ ဆိုတဲ့အတိုင္း ကလတက္ကို ေခါက္ဖို႔ စေနေန႔ ထန္းသီးဆန္ အေျခာက္ျဖစ္ေအာင္ လုပ္ရမယ္။ ထန္းပင္ေပၚက ခုတ္ခ်တဲ့ ထန္းသီး မျဖစ္ေစရပါ။ အပင္ေပၚက ထန္းသီးရင့္ရင့္ကိုရွာျပီး အပင္ေအာက္ကို ယူလာခိုင္းရမယ္။ ပစ္ခ်ရင္ အသံ မေကာင္း ျဖစ္တတ္တယ္။ ထိုရထားတဲ့ ထန္းသီးဆန္တခုကို ေရႏွစ္ပုလင္းခန္႔နဲ႔ အရက္မီးေတာက္ ပုလင္းထက္ဝက္ခန္႔ ထပ္ျပီး ေရာထည့္ပါ။

ထပ္ျပီး ေရဆူေအာင္က်ိဳပါ။ အဲဒီေနာက္ ထိုအဆန္ကို စပါးပုတ္ထဲမွာ သံုးလခန္႔ျမႇဳပ္ပါ၊ ထိုအဆန္ကို အရိုးလုပ္ဖို႔အတြက္ ကလတက္ စေနနံရဲ႕ ဓာတ္ရန္ျဂိဳဟ္ျဖစ္တဲ့ (ေတာသူ) သီးသား (သို႔မဟုတ္) သံသတ္သားကို ရွာျပီး အရိုးျပဳလုပ္ပါ။ ထိုအခါ တီးခတ္တဲ့အခါ အလြန္ျမည္၊ အလြန္အသံသာတဲ့ ကလတက္သံ ၾကားရပါမယ္။

ကလတက္​ အႀကိမ္​​ေရႏွင္​့ အဓိပၸါယ္​

ထိုကလတက္သံကို အလွမ္းကြာတဲ့ အရပ္ေဒသမ်ားကပင္ ၾကားရပါတယ္။

၁။ ကလတက္ကို အႀကိမ္ဆက္ကာဆက္ကာ ေခါက္ရင္ ရြာထဲကဒကာအခ်ိဳ႕ ေက်ာင္းကိုေရာက္ေအာင္ သြားရတယ္။ အေၾကာင္းရွိတယ္၊ ေျပာစရာ အေရးႀကီးေနတယ္လို႔ သေဘာေပါက္ၾကတယ္။

၂။ ကိုးခ်က္ေခါက္တယ္ဆိုရင္ ေန႔လယ္ ေက်ာင္းမွာ အစည္းအေဝး ရွိတယ္၊ ဒကာေတြ ေက်ာင္းကို လာရမယ္လို႔ သေဘာေပါက္ၾကတယ္။

၃။ တစ္​ခ်က္ ေခါက္ရင္ ကပၸိယ လာရမယ္​။

၄။ ႏွစ္ခ်က္ေခါက္ရင္ ေက်ာင္းသား လာရမယ္​။

၅ သံုးခ်က္ေခါက္ရင္ ကိုရင္ လာရမယ္ ဆိုတာ သိေနတဲ့အတိုင္း ဘုန္းေတာ္ႀကီးထံကို ေရာက္ေအာင္ သြားၾကရတယ္။

ဆရာႀကီး တမၸဝတီ ဦးဝင္းေမာင္ ၏ စာစု ႏွင့္ ဥႆာဆရာအို ၏ စာစုကို ေပါင္း၍ မွ်ေ၀ျခင္းျဖစ္ပါသည္။


ယနေ့ခေတ် လူငယ်များနှင့် အလှမ်းဝေးသွားပြီဖြစ်တဲ့ တုံးမောင်း ၊ အုံးမောင်း ၊ ကလတက် တို့အကြောင်း (unicode)

တုံးမောင်း ၊ အုံးမောင်း ၊ ကလတက် ၊ သစ်စည် တို့ အဓိပ္ပါယ်မှာ အတူတူဖြစ်ပြီး နေရာဒေသအလိုက် အမျိုးမျိုးခေါ်ကြသည်။
တချိန်ကတော့ ထိုအရာသည် မြန်မာတို့အတွက် အချိန်ကို အသိပေးသည့် မရှိမဖြစ်အရာများဖြစ်ခဲ့ကြသည်။ သို့သော် ခေတ်တိုးတက်လာသည်နှင့် အမျှ ထိုအရာများသည် တဖြည်းဖြည်းပျောက်ကွယ်လာပြီဖြစ်ပြီ မြို့များတွင်လုံး၀ မတွေ့ရတော့သလောက်ဖြစ်သည်။ အချို့နယ်များတွင်သာ အနည်းအကျဉ်းမျှရှိတော့သည်။

‘အုန်းမောင်း’ ၏ အနက်ကို ဆင်ခြင်သော် ‘အုန်း’ ၏ အနက် ‘မိုးရွာထစ်အုန်း၊ အုန်းငြာခြိမ့်သဲ၊ အုန်းညံခြိမ့်ကြွေး၊ အုန်းအုန်းအင်းအင်း’ စသည်တို့၌ မည်သံ၊ ဟိန်းသံ၊ မြည်သည်၊ ဟိန်းသည်ဟုရ၏။

‘မောင်း’ ၏ အနက် ‘ကြိမ်းမောင်း၊ ခြိမ်းမောင်း၊ တီးယွန်းခြိမ့်မောင်း၊ မောင်းမဲ၊ မောင်းနှင်’ စသည်တို့၌ အော်သည်၊ မြည်သည်၊ အော်သံ၊ မည်သံ၊ အော်မည်၍ နှင်သည်၊ အော်မည်၍ ခြောက်လှန့်သည်ဟု ရ၏။

ထို့ကြောင့် အုန်းမောင်း၏ အနက်မှာ အသံကျယ်လောင်စွာ မြည်ဟိန်းသည့်တီးစရာ၊ ကျေးငှက်တိရစ္ဆာန်များကို ခြောက်လှန့်မောင်းနှင်စရာဟု အဓိပ္ပာယ်ရပေသည်။

အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ကုလားစစ်တပ်များ၏ လှုပ်ရှားမှုကို အချက်ပေးရန် အုန်းမောင်းများကို အသုံးပြုလာကြသည်။ ထိုအခါ အုန်းမောင်းကို ကုလားတတ် ခေါ်ကြရာမှ ကလတက်(ကလဒက်) ဖြစ်ခဲ့လေသည်။

ရှေးလူကြီးများက စာကြောင်းချုံ့လို၍ ‘က္လတက်’ ဟု ‘က’ နှင့် ‘လ’ ကိုဆင့်၍ ရေးတတ်ကြသဖြင့် ဘုန်းကြီးကျောင်းသားများက “ကကြီးလပေါ်တက် ကလတက်” ဟူ၍ ပြက်ရယ်ပြု၍ ဆိုကြသေးသည်။

ကလတက်မှ ကလဒက်သို့။

သံဃာတော်အရှင်မြတ်တို့သည် ဝိနည်း ဒေသနာတော် အရ နေ့လွဲညစာ ဘုဉ်းမပေးရသောကြောင့် အရုဏ်ဆွမ်း ဘုဉ်းပေးရန် ခွင့်ပြုတော်မူခဲ့ပေသည်။ ထို့ကြောင့် ဆွမ်းချက်ရန် ဆွမ်းပို့ရန်ကာလ ရောက်ပြီဟု အချက်ပေးရန်အတွက် တစ်ရွာလုံး ကြားလောက်သည့် အချက်ပေး ကိရိယာ လိုအပ်လာသည်။ ထိုကိရိယာကို လုံးပတ်သုံးပေ အလျားငါးပေ လောက်ရှိသော သစ်တုံးကို အလျားလိုက် အခေါင်းထွင်းပြီး တင်းပုတ်နှင့် ထုသော အခါ တစ်ရွာလုံးကြားအောင် မြည်ဟိန်းလာသည်။ အချိန်ကာလကို ဖေါ်ပြရန် ပစ္စည်း ဖြစ်၍ ကာလတက်ခေါ်ရာမှ ကလဒက် ဖြစ်လာသည်။ အတိုကြိုက်သူများက တုံးဟုခေါ်ကြသည်။ သစ်တုံးကို ပြုလုပ်ထားသော ပစ္စည်းကို တုံးဟုခေါ်သည်မှာ ခေါ်ထိုက်လှပေသည်။ အချို့ ကျောင်းများက နံနက် သုံးနာရီ၊ တုံးခေါက်သည်။ အချို့က သုံးနာရီခွဲ၊ အချို့ ကလေးနာရီ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းလေတော့သည်။

တုံးကို အချို့ကျောင်းများက ဒေါင်လိုက် ကြိုးနှင့်ဆွဲထား၍ အချို့ကျောင်းများက တုံးလုံး စင်တင်၍ ထားသည်။ သည်ဟာသည်လည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် တုံးခေါက်ပုံမှာ တညီ တညွတ်တည်း ဖြစ်ကြပါသည်။

တုံး​မောင်​းထွင်​းနည်​းစနစ်​

တုံးမောင်းကို စနစ်တကျ ထွင်းဖောက်ရသည်။ သို့မှသာ အသံကောင်းကို အဝေးပြေးမည် ဖြစ်ပါသည်။ ထွင်းနည်းမကျလျှင် အသံမကောင်းသော တုံးမောင်း-အအကြီး အမျိုးအစား ဖြစ်တတ်ပါသည်။ သို့အတွက် စနစ်တကျ ဖြစ်စေရန် ရှေးဆရာတော်ကြီးများက တုံးမောင်းထွင်းနည်း ဆောင်ပုဒ်တစ်ခုကို ရေးစပ်၍ ထားတော်မူခဲ့ကြပါသည်။

[၁]ထိပ်ဝတစ်ပြန် အနားချန် လေးပြန် အလယ်ထား။

[၂]ထိပ်၀ခြောက်ချိုး ပယ်ငါးချိုး တစ်ချိုး အပေါက်ထား။

[၃]လက်လေးသစ်အောက်၊ ကား၍ဖေါက် တောင်မြောက် အဝေကြား။

[၄]တီးလိုက်တဲ့ခါ အသံမှာ လွန်စွာ နာပျော်သား။

[၅]လက်ရိုက်ကတ်ကင်း ရန်ဘေးရှင်း သတင်းကျော်ထင်ရှား ။ ဟူ၍ဖြစ်သည်။

ဥပမာ ။ ။ ထိပ်ဝအချင်း ၉-လက္မရှိသော သစ်တုံးတစ်ခုကို တုံးမောင်းထွင်းမည်ဆိုပါက ထိပ်ဝအချင်း ၉-လက္မရှိသည့်အတွက် အပေါ်နား အောက်နား ၉-လက္မစီ ထားပြီး အလယ်က ၉-လက္မ ၄-ပြန် ထားရမည် ဖြစ်ပါသည်။ တဖန် ထိပ်ဝအချင်း ၉-လက္မကို ၅-ချိုးချိုးပြီး ၄-ချိုး နက်အောင်ထွင်းရမည် ဆို​သောကြောင့် အနက်မှာ ၇.၂-လက္မ ရှိပေလိမ့်မည်။

တုံးမောင်း၏ ပါးစပ်ခေါ်သော အပေါက်ကိုမူ ထိပ်ဝအချင်း ၉-လက္မကို ၆-ချိုးချိုးပြီး တစ်ချိုးကိုသာ ထားရမည်ဆို၍ ၁.၅-လက္မ ရှိပါမည်။
ထို့​ကြောင်​့ စုစုပေါင်း အရှည် ၄-ပေ ၆-လက္မ ရှိမည်ဖြစ်ပါသည်။ ဤကား ရှေးဆရာတော်ကြီးများ၏ တုံးမောင်းထွင်းနည်းစနစ် တစ်ခုဖြစ်ပါသည်။

အုန်းမောင်းခေါက်စနစ်

[၁] ချက်ကြီးသံ
[၁] မျောသံ
[၃] ပိတ်သံ ဟု (၃) မျိုး ရှိ၏။

[၁] အစ ပထမဦးဆုံး တစ်ချက်ခြင်း လေးလေးမှန်မှန်[၉]ချက် တီးတာကို ချက်ကြီးသံ ဟု ​ခေါ်၏။

[၂] ၉-ချက် ပြည်​့သွားပြီးနောက် ခပ်​မြန်မြန် အသံချင်း ဆက်လုမတတ် ဒရစပ် ​တီးခေါက်တာကို ​မျောသံ ဟု ခေါ်၏။
[ဖြေးဖြေးမှန်မှန် တစ်ချက်ချင်း ၂၄-ချက်]

[၃] ဒီနောက် တစ်ချက်ဖြစ်စေ နှစ်ချက်ဖြစ်စေ သုံးချက်ဖြစ်စေ တုံးသံပေး၍ ရပ်နားခြင်းကို ပိတ်သံ ဟု ​ခေါ်၏။
[တုံးသံပိတ်ရာ၌ တနင်္ဂနွေ-တစ်ချက်၊ တနင်္လာ-နှစ်ချက် စသည်ဖြင့် နေ့အလိုက်ပိတ်၏]
ဥပမာ..တနင်္ဂနွေနေ့ ၁-ချက်၊ တနင်္လာနေ့ ၂-ချက်။

ကလတက်​ ပြုလုပ်​ပုံ

မြန်မာဗေဒင်ပညာ နည်းအတိုင်း ကလတက်ဆိုတာ စနေနံ၊ အဲဒါကြောင့် နံတူထပ်က အသေရ ဆိုတဲ့အတိုင်း ကလတက်ကို ခေါက်ဖို့ စနေနေ့ ထန်းသီးဆန် အခြောက်ဖြစ်အောင် လုပ်ရမယ်။ ထန်းပင်ပေါ်က ခုတ်ချတဲ့ ထန်းသီး မဖြစ်စေရပါ။ အပင်ပေါ်က ထန်းသီးရင့်ရင့်ကိုရှာပြီး အပင်အောက်ကို ယူလာခိုင်းရမယ်။ ပစ်ချရင် အသံ မကောင်း ဖြစ်တတ်တယ်။ ထိုရထားတဲ့ ထန်းသီးဆန်တခုကို ရေနှစ်ပုလင်းခန့်နဲ့ အရက်မီးတောက် ပုလင်းထက်ဝက်ခန့် ထပ်ပြီး ရောထည့်ပါ။

ထပ်ပြီး ရေဆူအောင်ကျိုပါ။ အဲဒီနောက် ထိုအဆန်ကို စပါးပုတ်ထဲမှာ သုံးလခန့်မြှုပ်ပါ၊ ထိုအဆန်ကို အရိုးလုပ်ဖို့အတွက် ကလတက် စနေနံရဲ့ ဓာတ်ရန်ဂြိုဟ်ဖြစ်တဲ့ (တောသူ) သီးသား (သို့မဟုတ်) သံသတ်သားကို ရှာပြီး အရိုးပြုလုပ်ပါ။ ထိုအခါ တီးခတ်တဲ့အခါ အလွန်မြည်၊ အလွန်အသံသာတဲ့ ကလတက်သံ ကြားရပါမယ်။

ကလတက်​ အကြိမ်​​ရေနှင်​့ အဓိပ္ပါယ်​

ထိုကလတက်သံကို အလှမ်းကွာတဲ့ အရပ်ဒေသများကပင် ကြားရပါတယ်။

၁။ ကလတက်ကို အကြိမ်ဆက်ကာဆက်ကာ ခေါက်ရင် ရွာထဲကဒကာအချို့ ကျောင်းကိုရောက်အောင် သွားရတယ်။ အကြောင်းရှိတယ်၊ ပြောစရာ အရေးကြီးနေတယ်လို့ သဘောပေါက်ကြတယ်။

၂။ ကိုးချက်ခေါက်တယ်ဆိုရင် နေ့လယ် ကျောင်းမှာ အစည်းအဝေး ရှိတယ်၊ ဒကာတွေ ကျောင်းကို လာရမယ်လို့ သဘောပေါက်ကြတယ်။

၃။ တစ်​ချက် ခေါက်ရင် ကပ္ပိယ လာရမယ်​။

၄။ နှစ်ချက်ခေါက်ရင် ကျောင်းသား လာရမယ်​။

၅ သုံးချက်ခေါက်ရင် ကိုရင် လာရမယ် ဆိုတာ သိနေတဲ့အတိုင်း ဘုန်းတော်ကြီးထံကို ရောက်အောင် သွားကြရတယ်။

ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် ၏ စာစု နှင့် ဥဿာဆရာအို ၏ စာစုကို ပေါင်း၍ မျှဝေခြင်းဖြစ်ပါသည်။

Leave a Reply